အခန်း ၈၆၄
Vol. 58 Ch. 864
အခန်း (၈၆၄) အင်မော်တယ်ဘုရင် လင်းဖေး။
ချင်ယွင်၏ရင်ဘတ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု စုတ်ပြဲသွားပြီး၊ သူ၏ သွေးအသားစတွေက ဖြာထွက်သွားသည်။
ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းတစ်ခုနှင့် တူညီပြီ။ သို့သော်လည်း ဤလေဟာနယ်လှိုင်းလုံးကြီးက သူ၏ရင်ဘတ် ကို ကြေကွဲသွားစေနိုင်သည်။ ဤစွမ်းအားသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့် နိုင်ပါသည်။
ဘန်း…။
ချင်ယွင်သည် လေဟာနယ်ထဲသို့ တိုးဝင်ပြီး၊ သူ၏ခန္ဓာကိုယ်မှ ခွန်အားများကို ဖယ်ရှား လိုက်သည်။ ထို့နောက်၊ သူသည် ထက်ရှသော မျက်လုံးတစ်စုံဖြင့် စူးရှစွာ စိုက်ကြည့်သည်။
"အယ်…. မင်းက ငါ့ဆီက တိုက်ခိုက်မူကို ခံယူပြီးနောက် တကယ် မသေဘူးလား?" ထိုအချိန်တွင် လေဟာနယ်ထဲမှ အံ့ဩဟန် တိုးတိုးလေး ထွက်ပေါ်လာသည်။ သွယ်လျသော ခန္ဓာကိုယ်နှင့် ချောမောသော အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ ထွက်လာပြီး၊ ချင်ယွင်ကို ဆော့ကစားလိုသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
"ရှင်က ဘယ်သူလဲ?။ ကျွန်မတို့ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ရဲ့ မြင့်မြတ်နယ်မြေ ထဲမှာ ရှင်က ဘာကြောင့် ပေါ်လာရတာလဲ?။" လီရှန်းရှန်းသည် အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်နေသော်လည်း၊ သူမသည် ချောမောသော လူငယ်ကို အေးစက်စွာ အော်ပြောရင်း၊ သူမ၏ အမူအရာလည်း လျင်မြန်စွာ အေးစက်သွားခဲ့သည်။
ချင်ယွင်၏ အကြည့်များသည်လည်း ရုတ်ချည်းပေါ်လာသော လူငယ်ကို ကြည့်ရင်း၊ အေးစက်သွားသလို သူ၏မျက်လုံးများတွင် အေးစက်သည့်အရိပ်ယောင် တစွန်းတစ သယ်ဆောင်ထားပါသည်။
"ဟား….၊ ဟား…၊ ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်ထဲရဲ့ လီရှန်းရှန်းက နူးညံ့တဲ့ အပြင်ပန်းပုံစံနဲ့အတူ၊ အတွင်းပိုင်းမှာ ကြံ့ခိုင်တဲ့စိတ်ဓာတ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေး တစ်ယောက်လို့ ပြောကြတယ်။ ဒီနေ့ သူမကို မြင်လိုက်တာနဲ့ သူမက တကယ်ကို ရဲရင့်ပြီး ကြံ့ခိုင်တဲ့ပုံစံ ရှိနေတာပဲ။ ငါ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မိန်းမတွေနဲ့ ကစားရတာ ငြီးငွေ့လာပြီ။ ရံဖန်ရံခါ၊ ဒီခက်ထန်တဲ့ မိန်းမတစ်ယောက်ရဲ့ အရသာကို မြည်းစမ်း ကြည့်နိုင်ရင် ကောင်းလိမ့်မယ် ထင်တယ်။" လူငယ်သည် လီရှန်းရှန်းကို ကြည့်ကာ ရယ်မောလိုက်သည်။ သူ၏မျက်လုံးများက လီရှန်းရှန်း၏ သွယ်လျသော ခန္ဓာကိုယ်ကို တပ်မက်မှုနှင့်အတူ ဆော့ကစားလိုဟန် အပြည့်ဖြင့် အထက်အောက်ရွှေ့လျားကာ ကြည့်လိုက်လေသည်။
ထိုစကားကို ကြားတော့ လီရှန်းရှန်း၏ လှပသော မျက်လုံးတွေက ချက်ချင်းပင် အရိုးထဲစိမ့်သည့်အထိ အေးစက်သွားခဲ့သည်။ သူမ၏လက်ထဲတွင် ရေခဲလှံတစ်ချောင်း ပေါ်လာပြီး သူမသည် လှုပ်ရှားတော့မည်။
ဘန်း…။
သို့သော်၊ ဤအခိုက်အတန့်တွင် လက်တစ်ဖက်က လေဟာနယ်ထဲမှ ရုတ်တရက် ဆန့်ထွက်လာကာ လီရှန်ကျန်း၏လှံကို တိုက်ရိုက် ဖမ်းယူလိုက်လေသည်။ ထို့နောက်၊ လေဟာနယ်ထဲတွင် ရှိနေသေးသော လူငယ်သည် သူ၏နှုတ်ခမ်းပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုနှင့် သူမရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။
"မင်းရဲ့ဒေါသက တကယ်ကို ပေါက်ကွဲထွက်တတ်ပေမယ့် ငါတော့ ကြိုက်တယ်" လူငယ်သည် တခစ်ခစ်ရယ်ကာ လီရှန်းရှန်း၏ မျက်နှာကို ထိရန် လှမ်းလိုက်တော့မည်။
"ဖယ်စမ်း.. လီရှန်းရှန်းသည် ချက်ချင်း အော်လိုက်ပြီး လီရှန်းကျန်း၏ ခန္ဓာကိုယ်မှ အရိုးများ အေးစိမ့်လောက်သည့် အအေးစွမ်းအင်က ထွက်ပေါ်လာကာ လူငယ်အား ပြင်းပြင်း ထန်ထန် ရိုက်ချလိုက်လေသည်။
လူငယ်၏ ပါးစပ်ထောင့်စွန်းက နတ်ဆိုးဆန်ဆန် အပြုံးအဖြစ်သို့ တစ်ဖန် တွန့်ကွေးသွား ပြန်သည်။ ဖျတ်ခနဲ လှုပ်ရှားမူနှင့်အတူ သူသည် လီရှန်းရှန်း၏ နောက်တွင် ပေါ်လာသည်။ သူ၏နှာခေါင်းဖျာူက လီရှန်းရှန်း၏ ဆံပင်တွေကို ဖိထားရင်း အရူးမူး ရူးသွင်းလိုက်သည်။
လီရှန်းရှန်း၏ မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသများ ထွက်ပေါ်လာသည်။ သူမ၏ခန္ဓာကိုယ်ကို မည်သူ့မှ မထိမိခဲ့ပေ။ ယခုဆိုလျှင် ဤလူငယ်၏ လှုပ်ရှားမှုများသည် လီရှန်းရှန်း၏ စိတ်ပိုင်းဆိုင်ရာ တားမြစ်နယ်မြေကို ကျော်သွားခဲ့ပြီး၊ သူမအား ပြင်းထန်သော ရန်လိုမူကို ဖြစ်ပေါ်စေခဲ့သည်။
"ရှင်က သေခြင်းတရားကို တောင်းခံနေတာပဲ" လီရှန်းရှန်းက ကျယ်လောင်စွာ အော်လိုက်ပြီး၊ သူမလက်ဖဝါးကို ဓားတစ်ချောင်းကဲ့သို့ အသုံးပြုကာ၊ လူငယ်၏ လည်ပင်းဆီသို့ ခုတ်ပိုင်းလိုက်လေသည်။
"ဟမ့်၊ ငါလင်းဖေးရဲ့ရှေ့မှာ ဒေါသကြီးတဲ့ မြင်းတစ်ကောင်တောင်မှ ငါလင်းဖေးက ရအောင် စီးနိုင်သေးတယ်" လင်းဖေးက လှောင်ပြောင်ပြီး လီရှန်းကျန်း၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ရန် လက်တစ်ဖက်ကို ဆန့်ထုတ်ကာ၊ သူမ၏ တိုက်ခိုက်မှုအားလုံးကို တားဆီးရန် သူမ၏ခါဆီသို့ ရွေ့လျားလိုက်သည်။ ထို့နောက်၊ သူ၏လက်က လီရှန်းရှန်း၏ခါးကို ဖက်ထားလေသည်။
လီရှန်းရှန်းသည် သူမ၏ လက်ဖဝါးကို အသဲအသန် ဆွဲထုတ်ချင်သော်လည်း၊ ပြိုင်ဘက်၏ ခွန်အားသည် သူမထက်သာလွန်သည်။ သူမ မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ၊ ရုန်းကန်လို့ မရခဲ့ပါဘူး။ ပြိုင်ဘက်၏လက်သည် သူမ၏ မိုးမခပင်ပုံစံခါးဆီသို့ အမှန်တကယ် ရောက်ရှိနေသည်ကို သူမ သတိပြုမိသောအခါ သူမ၏ လှပသော မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။
"ကျွန်မ သေရင်တောင် ရှင် ကျွန်မခန္ဓာကိုယ်ကို မထိနိုင်ဘူး" လီရှန်းရှန်း၏ မျက်လုံးများ သည် ဆုံးဖြတ်ချက် ပြတ်သားမူနှင့်အတူ ဝင်းလက်တောက်ပလာပြီး သူမကိုယ်သူမ ဖောက်ခွဲပစ်တော့မည် ။
ဘုန်း…။
သို့သော် ဤအရေးကြီးသော အခိုက်အတန့်တွင် ချင်ယွင်၏ ရုပ်အသွင်သည် လင်းဖေး၏ ဘေးတွင် ထူးထူးခြားခြား ပေါ်လာပြီး၊ လင်းဖေးဆီသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် လက်သီးတစ်ချက် ပြင်းထန်စွာ ပစ်သွင်းလိုက်လေသည်။
ဤလက်သီးချက်တွင်ပါရှိသော စွမ်းအားကို ခံစားလိုက်ရသဖြင့်၊ လင်းဖေးသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ချင်ယွင်၏ လက်သီးချက်ကို ရှောင်တိမ်းလိုက်သည်။
လီရှန်းရှန်းသည် သူမ၏အနားတွင် လင်းဖေး ပျောက်ကွယ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး၊ သူမ၏ မျက်လုံးများသည် အံ့အားသင့်စရာ အရိပ်အယောင်များ ပေါ်လွင်လာသည်။ သူမသည် ချင်ယွင်၏ ရုပ်အသွင်က သူမဘေးတွင် ရှိနေသည်ကို တွေ့လိုက်ရသောအခါ၊ ချင်ယွင်သည် သူမအား ကယ်တင်ခဲ့ကြောင်း သူမ နားလည်သွားခဲ့ သည်။
"ကျေးဇူးတင်ပါတယ်”။ လီရှန်းရှန်းက ချင်ယွင်ကို ပြောသည်။ ချင်ယွင်က သူမကို ဒုတိယအကြိမ် ကယ်တင်ခဲ့ပြန်ပြီ။
ချင်ယွင်သည် လီရှန်းရှန်း၏ ကျေးဇူးတင်စကားကို ဂရုမစိုက်ပါ။ ယင်းအစား သူသည် အဝေးမှ လင်းဖေးကို လှည့်ကြည့်သည်။ သူ၏အကြည့်တွေက အလွန်စူးရှနေဆဲပင်။
"မင်းက လေဟာနယ်တော်ဝင်တာအိုဉပဒေသမှာ ကျွမ်းကျင်ပေမယ့်၊ မင်းရဲ့ခွန်အားနဲ့ဆို ရင်၊ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေရဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်စွမ်း မရှိမှာကို ငါ ကြောက်မိတယ်။ ပြောစမ်းပါဦး။ မင်းကို ဘယ်သူ စေလွှတ်လိုက်တာလဲ?။" ချင်ယွင်က လင်းဖေးကို အေးစက်စွာ မေးသည်။
လင်းဖေးသည် ချင်ယွင်က သူ၏ကောင်းမွန်သောအရာကို ယခုလေးတင် ဖျက်ဆီးလိုက် သည့်အတွက် ဒေါသထွက်နေလေသည်။ ချင်ယွင်၏ မေးခွန်းကိုကြားတော့၊ ချင်ယွင်ကို ကြည့်ပြီး၊ သတ်ချင်စိတ်တွေ ပြည့်နှက်လာခဲ့သည်။
"အရင်တုန်းကတော့ ဆရာက မင်းကိုသတ်ဖို့အတွက် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေကို ခိုးဝင်ဖို့ ငါ့ကို အမိန့်ပေးခဲ့တယ်။ ဒီအတွက် ဆရာ အစိုးရိမ်လွန်နေတာလို့ ငါ ထင်မိခဲ့တယ်။ အခု မင်းကိုကြည့်ရတာ မင်းက တကယ်ကို ခြိမ်းခြောက်မှုကြီးတစ်ခုလို့ ထင်ရတယ်။ မင်းဟာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်မှာ ရှင်းရှင်းလင်းလင်း ရှိနေပေမယ့်၊ တော်ဝင်တာအို စတုတ္ထအဆင့်မှာရှိတဲ့ အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ ခွန်အားနဲ့ ယှဉ်နိုင်နေပြီ။" လင်းဖေးက အေးစက်စွာ ပြောလိုက်သည်။
"ဆရာ၊ မင်းက ကျင်းရှန်ရဲ့တပည့်လား?။" ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘယ်လောက်တောင်မှ အတင့်ရဲ့လိုက်လဲ။ မင်းက ငါ့ဆရာကို ဘယ်လိုလုပ် နာမည်တိုက်ရိုက် ခေါ်ရတာလဲ?" လင်းဖေးက ချက်ချင်းပင် ကျယ်လောင်စွာ အော်လိုက်ပြီး၊ သူ၏မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်ရင်း၊ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်ဆန္ဒများ ပျံ့နှံ့လာခဲ့သည်။
"တကယ်ကို ကျင်းရှန်ပါလား?" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်မိသည်။ သူ နဂါး သွေးကြောကို ဝါးမျိုလိုက်ရင် ကျင်းရှန်က သူ့ကို လက်စားချေလိမ့်မည်ကို မျှော်လင့်ထား သော်လည်း၊ အခုလို မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ ထို့အပြင်၊ သူသည် သူ့ကိုသတ်ရန် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေသို့ပင် သူ၏လူကို စေလွှတ်ခဲ့သည်။
ကံကောင်းထောက်မစွာ၊ ၎င်းသည် ကျင်းရှန်ကိုယ်တိုင် သို့မဟုတ် အင်မော်တယ် ဧကရာဇ် အဆင့် ကျွမ်းကျင်သူတစ်ဦး မဟုတ်ခဲ့ပေ။ ထိုသို့မဟုတ်လျှင်၊ ချင်ယွင်သည် အသက်ရှင်နိုင် ရန် မျှော်လင့်ချက် မရှိပေ။
သေချာသည်မှာ၊ လင်းဖေသည် လေဟာနယ်တော်ဝင်တာအိုဉပဒေသ၏ တတိယ အဆင့်ကို ဆုပ်ကိုင်ထားနိုင်သူတစ်ဦးဖြစ်ပြီး၊ သူ့ကို အလွန်ဒုက္ခပေးနိုင်သော အပေါင်း အဖော်တစ်ဦးလည်း ဖြစ်သည်။ သူ၏စွမ်းအားသည် အစောပိုင်းက စွမ်းအင်သားရဲဘုရင် ထက် အများကြီး သာလွန်ပါသည်။
လီရှန်းရှန်းသည် သူတို့နှစ်ဦးကြား ပြောစကားတွေကို ကြားသောအခါတွင်၊ သူမရှေ့ရှိ လူငယ်၏ကိုယ်ရေးအချက်လက်ကို နားလည်သွားခဲ့သည်။ လင်းဖေးဟု ခေါ်သော ဤလူငယ်သည် မည်သူကို ပစ်မှတ်ထားသည်ကို သူမ သိပါသည်။
ထိုတခဏတွင်၊ လီရှန်းရှန်း၏အကြည့်တွေက ချင်ယွင်အပေါ် စူးစူးစိုက်စိုက် ကျရောက်နေ ရင်း၊ သူမသည် ပို၍ပင် စူးစမ်းမိလာသည်။ အင်မော်တယ်ဧကရာဇ်မင်းမြတ် တားချင်းပင် သတ်ပစ်ချင်သော ဤလူက မည်ကဲ့သို့လူစားမျိုးနည်း?။
"ချင်ယွင်၊ မင်းက ငါ့ဆရာကို ပြစ်မှားစော်ကားခဲ့တယ်။ ဒီနေ့ မင်း သေရမယ်။ လီရှန်းရှန်း၊ မင်းလည်း ငါ ချင်ယွင်ကို သတ်ပြီးတဲ့အထိ ငါ့ကို စောင့်နေဦး။ မင်းကို ကူညီဖို့ ဘယ်သူက ငါ့ကို တားနိုင်မလဲဆိုတာ ငါ ကြည့်ဦးမယ်။ အဲဒီအချိန်ရောက်ရင်၊ မင်းကို ငါရှေ့မှာ ဒူးထောက်ခိုင်းမယ်။ ပြီးရင် ငါ့ဆီကနေ သနားကြင်နာမူကို ငိုယိုပြီး တောင်းပန်ခိုင်းမယ်။" လင်းဖေးက ချင်ယွင်နှင့် လီရှန်းရှန်းကို ကြည့်ပြီး ပြောလိုက်သည်။
လင်းဖေးကို စက်ဆုပ်ရွံရှာစွာ စိုက်ကြည့်နေရင်း၊ လီရှန်းရှန်း၏ မျက်နှာက ဒေါသနှင့် ပြည့်နေခဲ့သည်။
ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အထင်သေးစွာ ပြောလိုက်သည် "ဟမ့်၊ တကယ်လို့ မင်းရဲ့ဆရာကိုယ်တိုင် ငါ့ကို တိုက်ခိုက်မယ်ဆိုရင် ငါက သုံးရာခိုင်နှုန်းလောက် ကြောက်နေဦးမယ်။ ဒါပေမယ့် မင်းကတော့ အရည်အချင်း မရှိသေးဘူး"
"မင်းက ကြွားလွန်းနေတာပဲ။ ဒီနေ့ မင်းရဲ့ ခွေးအသက်ကို ငါ ယူမယ်။ မင်း မာနကြီးရဲဦး မလား ငါ ကြည့်ချင်မိတယ်။" လင်းဖေးက ကျယ်လောင်စွာ အော်လိုက်ပြီး၊ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင်၊ လေဓားတစ်ချောင်းက လေဟာနယ်ကို ဖြတ်သန်းပြီး ချင်ယွင်ဆီသို့ ဖြတ်သန်းသွားသည်။
လေဓားသည် မမြင်နိုင်သလောက်နီးပါးပင် အရိပ်မဲ့နေခဲ့သည်။ ၎င်း၏အရှိန်ဟုန်သည် သရဲတစ္ဆေကဲ့သို့ မြန်ဆန်ပြီး ၎င်း၏စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။
ချင်ယွင်သည် သူ၏ပါးပြင်ပေါ်သို့ စူးရှသော လှိုင်းလုံးများ ဖိနှိပ်လာနေသည်ကို ခံစားလိုက် ရပြီး၊ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးများတွင် ပေါက်ကြားလာသည်။
ရှေးဟောင်းဖရိုဖရဲ တော်ဝင်တာအိုဉပဒေသ အင်မော်တယ်ဘုရင်ကိုယ်ပွားသည် ချင်ယွင် ၏ နောက်ကျောဘက်တွင် ချက်ချင်း ပေါ်လာသည်။ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို ဉပဒေသ၏ သူ၏ခန္ဓာကိုယ်ကို ပံ့ပိုးပေးမူနှင့်အတူ သူ၏လက်သီးကို တိုက်ရိုက် ထိုးလိုက် သည်။
"ဘုန်း….။"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်သည် သူ၏လက်သီးကို ကြောက်မက်ဖွယ်ကောင်းသော ဧရာမပုဆိန်ကြီးဖြင့် ပြင်းထန်စွာ ထုရိုက်လိုက်ရသလို ခံစားလိုက်ရသည်။ သူသည် မထိန်းနိုင်ဘဲ ခြေလှမ်းသုံးရာခန့် ဆုတ်ခွာလိုက်ရပြီး၊ ခြေလှမ်း တစ်လှမ်းစီသည် သူ၏အောက်ရှိ လေဟာနယ်ကို တစ်လက်မချင်စီး ထက်ခြမ်း ကွဲသွားစေ သည်။