အခန်း ၈၆၅
Vol. 58 Ch. 865
အခန်း (၈၆၅) လေဟာနယ်သတ်ဖြတ်ခြင်း။
ချင်ယွင်၏ မျက်လုံးများသည် လေးနက်မှု အရိပ်အယောင် ဖြစ်ပေါ်နေသည်။ လေဟာနယ် တော်ဝင်တာအိုသည် အဆုံးမရှိ လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ ပို၍ ကြောက်စရာ ကောင်းသည့်အရာက လေဟာနယ်လေဓားများ ဖြစ်ပါသည်။ လေဟာနယ်ကို ဖိနှိပ်၍ လေဟာနယ် လေဓားများကို ဖန်တီးခြင်းနည်းလမ်းသည် ထူးဆန်းရုံသာမက အလွန်မင်း အစွမ်းထက်လွန်းသည်။
ဘန်း…။
နောက်ထပ် လေဟာနယ် လှိုင်းလုံးကြီးတစ်ခု ရောက်ရှိလာသည်။ ချင်ယွင်သည် သူ၏ နောက်ကျောမှ အရိုးစိမ့်လောက်သည့် အေးစက်မူကို ချက်ချင်း ခံစားလိုက်ရသည်။ သူ၏ ကျောပြင်ရှိ အရေပြားသည် ဤစူးရှသော အငွေ့အသက်အောက်တွင် နာကျင်ကိုက်ခဲမှုကို ခံစားရသည်။
ချင်ယွင်၏ အကြည့်သည် ချက်ချင်းပင် ခက်ထန်လာပြီး၊ သူ၏ခွန်အားအားလုံးကို စုစည်းကာ သူ၏နောက်ကျောဘက်သို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
လက်သီးတစ်ချက်ဖြင့်၊ လေဟာနယ်သည် ကွဲအက်သွားပြီး၊ ဤလက်သီးချက်အောက်တွင် လေဓားများသည် လုံးလုံးလျားလျား ပေါက်ကွဲသွားသည်။
"ဟမ့်၊ မင်းရဲ့ ဓားတွေက ငါ့အတွက် အသုံးမဝင်ဘူး။ မင်းမှာ တခြားလှည့်ကွက်တွေ ရှိသေးတယ်ဆိုရင်၊ အဲဒါတွေကို အသုံးချလိုက်ပါ။" ချင်ယွင်က ခပ်လှမ်းလှမ်းမှာ ရပ်နေသော လင်းဖေးကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်တယ်။
"အရမ်းလည်း မာနကြီးမနေပါနဲ့လေ၊ နောက်တော့ လေဟာနယ်တော်ဝင်တာအိုရဲ့ အစစ်အမှန်အစွမ်းက ဘာလဲဆိုတာ ငါ မင်းကို ပြောပြမှာပါ။" လင်းဖေးက မောက်မာစွာ ပြောသည်။
လေဟာနယ်တော်ဝင်တာအိုသည် မူလကတည်းက အခြားသော တော်ဝင်တာအို ခုနစ်ခု ထက် သာလွန်ပါသည်။ ၎င်းသည် အချိန်တော်ဝင်တာအိုတစ်ခုအောက်သာ နိမ့်ကျသော တော်ဝင်တာအိုဉပဒေသ ဖြစ်ပါသည်။ လင်းဖေးသည် ဂုဏ်ယူဝင့်ကြွားမည်ဆိုရင်လည်း ဂုဏ်ယူဝင့်ကြွားလောက်စရာပင်။ ထို့ကြောင့်လည်း၊ ချင်ယွင် မည်မျှပင် ပါရမီ အရည်အချင်း ရှိစေကာမူ၊ သူက အထင်သေးနေခြင်း ဖြစ်ပါသည်။
"ဟူး….”။
ပြင်းထန်သော လေဟာနယ် အတက်အကျလှိုင်းတစ်ခုက ကောင်းကင်ယံမှ ထပ်မံ ထွက်ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပင်၊ လေဟာနယ်ထဲမှ လေဟာနယ် ဓားများစွာ ထွက်ပေါ်လာပါသည်။ ဓါးတစ်ချောင်းစီတွင်ပါရှိသော စွမ်းအင်အတက်အကျလှိုင်းများ သည် ယခင် လေဓါးနှစ်ချောင်းထက် သာလွန်ပါသည်။
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ ဓားမှထုတ်လွှတ်သော အငွေ့အသက်သည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ခံစားရစေ သည်။
ဘန်း…။
မြူနှင်းချောက်နက်ဓားသည် သူ၏လက်ထဲတွင် ချက်ချင်း ပေါ်လာပြီး တော်ဝင်တာအို ဉပဒေသ အင်မော်တယ်ဘုရင်ကိုယ်ပွားက သူ၏နောက်တွင် ပေါ်လာသည်။
ထို့နောက်၊ ချင်ယွင်သည် ပုံရိပ်ရှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး၊ ပုံရိပ်တစ်ခုချင်းစီက ဓားဖြင့် တစ်ပြိုင်နက် ခုတ်ပစ်လိုက်သည်။ ချင်ယွင်သည် ချက်ချင်းဆိုသလို ဓားရှစ်ချောင်း စလုံးကို ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။
"ဟမ့်၊ သေလိုက်တော့…။ လေဟာနယ်သတ်ဖြတ်ခြင်း”။ လင်းဖေးက အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ရုပ်အသွင်က ချင်ယွင်၏ အနားမှာ ထူးထူးခြားခြား ပေါ်လာ သည်။ ထို့အပြင်၊ သူ၏ရုပ်အသွင်သည် တစ်ခုတည်းမဟုတ်၊ သုံးခု ဖြစ်သည်။ လူသုံးယောက်သည် ဓားတစ်ချောင်းကို တပြိုင်နက်တည်း ထုတ်ကာ ချင်ယွင်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။
"ဟမ့်..”
ချင်ယွင်၏မျက်လုံးများသည် အေးစက်မှုအရိပ်အယောင်များဖြင့် တောက်ပလာရင်း ကျန် ရုပ်အသွင်နှစ်ခုကို လျစ်လျူရှုကာ၊ ဘယ်ဘက်မှာရှိနေသော လင်းဖေးဆီသို့ သူ၏လက်ထဲမှ ဓားကို ဝှေ့ယမ်းပြီး တိုက်ခိုက်လိုက်သည်။
"ဘုန်း…”
ချင်ယွင်၏ မြူနှင်းချောက်နက်ဓားသည် လင်းဖေး၏လက်ထဲမှ ဓားနှင့် အပြင်းအထန် တိုက်မိပြီး လှပသော မီးပွားမီးပန်းများ လွင့်ထွက်လာသည်။
“လေဟာနယ်ကြေးမှုံပုံရိပ်” ဤသည်မှာ လေဟာနယ်တော်ဝင်တာအို၏ နောက်ထပ် အသုံးဝင်မူတစ်ခု ဖြစ်သည်။ ၎င်းသည် လေဟာနယ်ပုံရိပ်ယောင်များကို ရောင်ပြန်ဟပ် အောင် ဖန်တီးနိုင်သည်။
ချင်ယွင်၏ အင်မော်တယ်စိတ်ဝိညာဉ်သည် အင်မော်တယ်ဘုရင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်နှင့် ယှဉ်နေနိုင်ပြီဖြစ်သောကြောင့် သူသည် လင်းဖေး၏ ခန္ဓာကိုယ် အစစ်အမှန်ကို ချက်ချင်း ဆုံးဖြတ်နိုင်သည်။
"ဘန်း…”
ချင်ယွင်၏ မြူနှင်းချောက်နက်ဓားသည် လင်းဖေး၏လက်ထဲရှိ ဓားနှင့် အပြင်းအထန် တိုက်မိသွားသည်။ ရှေးဟောင်းဖရို ဖရဲတော်ဝင်တာအို ဉပဒေသနှင့် လေဟာနယ် တော်ဝင် တာအို ဉပဒေသတို့၏ အတက်အကျလှိုင်းများသည် လေဟာနယ်တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခတ်သွားစေခဲ့သည်။
အဝေးတွင်၊ လီရှန်းရှန်းသည် သူတို့နှစ်ဦးကြားရှိ တိုက်ပွဲကို အံ့ဩစွာဖြင့် ကြည့်နေခဲ့သည်။ ဤတိုက်ပွဲမျိုးသည် သူမ ပါဝင်နိုင်သည့် အရာမဟုတ်တော့ပေ။ ၎င်းတို့နှစ်ဦး၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုသည် သူမ၏အရိုးများကို ကွဲကြေသွားစေလောက်အောင်ပင် ပြင်းထန်နေသည်။
ဘန်း…။
ထိုအချိန်တွင်၊ အင်မော်တယ်ဘုရင်ကိုယ်ပွားတစ်ခုသည် လင်းဖေး၏ နောက်တွင် ရုတ်တရက် ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ လေဟာနယ်စွမ်းအင် အတက်အကျလှိုင်း များသည် ချက်ချင်းပင် အနှိုင်းမဲ့ ထက်ရှလာခဲ့ပြီး သူ၏လက်ထဲရှိ လေဟာနယ်ဓား၏ စွမ်းအားသည် ချက်ချင်းပင် အနှိုင်းမဲ့ ကြီးမားလာသည်။
"ဘုန်း…”
လင်းဖေး၏လက်ထဲမှ ဓားသည် ချင်ယွင်၏ မြူနှင်းချောက်နက်ဓားအပေါ်သို့ ကျရောက် သွားသည်။ ချင်ယွင်ပင်လျှင် တောင့်ခံနိုင်စွမ်းမရှိသည့် အရိပ်အယောင်များ ပြသလာခဲ့ပြီး၊ ချင်ယွင်ကို ဆက်တိုက် နောက်ဆုတ်သွားရစေသည်။
အဝေးမှာရှိနေသော လီရှန်းရှန်းသည် ချင်ယွင် အခွင့်ရေးနည်းလာသည်ကို မြင်သောအခါ၊ သူမ၏မျက်ခုံးများသည် အနည်းငယ် တွန့်သွားခဲ့သည်။
ချင်ယွင်၏ အမူအရာလည်း အလွန်လေးနက်နေခဲ့သည်။ ဤလင်းဖေး၏ တိုက်ခိုက်မှုသည် ပို၍ပင် ပြင်းထန်လာသည်။ သူ၏တိုက်ခိုက်မူ ချင်ယွင်ကို ထိတွေ့လိုက်တိုင်း မြူနှင်း ချောက်နက်ဓားမှ ကြီးမားသော တွန်းကန်ထုတ်မူကို သူ ခံစားနိုင်သည်။ အကယ်၍၊ သူ၏ခန္ဓာကိုယ်သည် ဖင်းဂေါ့ဂ်နယ်ပယ်သို့ မရောက်ရှိခဲ့ပါက၊ ဤတွန်းကန်ထုတ်မူက သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေလောက်အောင်ပင် ဖြစ်နိုင်သည်။
"ဟမ့်၊ ဒီအတိုင်းဆို၊ မင်းရဲ့အင်အားက အရမ်းကို အားနည်းနေသေးတယ်။ ငါက မင်းကို မတန်တဆ တွက်မိသွားပုံရတယ်။ ဒီလိုဆိုမှတော့ ဆက်ပြီး တိုက်နေစရာ မလိုတော့ဘူး။ သေလိုက်တော့” လင်းဖေး၏ မျက်နှာသည် သရော်မှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ လက်ထဲမှ လေဟာနယ်ဓားသည် ချက်ချင်း အင်အားနှစ်ဆ တိုးမြှင့်လာခဲ့ပြီး သူ၏ စွမ်းအားက အဆပေါင်းများစွာ တိုးလာခဲ့သည်။
လင်းဖေးသည် နည်းနည်းလေးမှ စိတ်ကူးယဉ်မှုမျိုး မရှိတော့ဘဲ၊ ချင်ယွင်ကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ထို့အပြင်၊ သူ၏အစွမ်းသည် ကောင်းကင်ကို ဖြိုပြီး မြေကြီးကို အက်ကွဲစေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်။
ချင်ယွင်သည် ဓားလမ်းကြောင်းကို အလျင်အမြန် ပိတ်ဆို့လိုက်သော်လည်း၊ ဓားမှ တွန်းကန်အားက သူ့ကို ချက်ချင်းပင် လွင့်ပျံထွက်သွားစေပြီး၊ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ချလိုက်သည်။
"ဘန်ုး…”။
မြေပြင်တစ်ခုလုံး ပေါက်ကွဲသွားပြီး တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
"ချင်ယွင်..."
အဝေးက လီရှန်းရှန်းသည် သတိပေးသံဖြင့် အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးတွေထဲ စိုးရိမ်မှုအရိပ်မြွက် ပေါ်လွင်နေသည်။
ထိုအချိန်တွင် ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေသည်။
လေဟာနယ် စွမ်းအားကြောင့် ပျက်စီးမှုသည် ကြီးမားလှသည်။ သူသည် ဖင်းဂေါ့ဂ် စွမ်းအားကို ပိုင်ဆိုင်ထားသည်ဆိုလျှင်ပင်၊ သူသည် ချက်ချင်း ပြန်မထနိုင်တော့ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ဤတိုက်ခိုက်မှု၏ နာကျင်မှုကို ခံစားနေရသေးသည်။
ဘန်း…။
ချင်ယွင် အံတင်းတင်းကြိတ်လိုက်စဉ်မှာပင်၊ သူ၏အပေါ်ရှိ လေဟာနယ်ထဲကနေ နောက်ထပ် ကြောက်စရာကောင်းသည့် လေဟာနယ်အတက်အကျလှိုင်းတွေ ထွက်ပေါ် လာပြန်သည်။
လေဟာနယ်ဓားများသည် လေပြင်းများနှင့် မိုးသက်မုန်တိုင်းများကဲ့သို့ ပျံတက်သွားပြီး၊ သူရှိနေသော တွင်းနက်ကြီးထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
"ဘုန်း..”။
ရုတ်တရက် လေဟာနယ်တစ်ခုလုံး ပြင်းထန်သော တုန်ခါသံများ ထွက်ပေါ်လာသည်။ မြေပြင်တစ်ခုလုံးသည် ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းထားသည်။ လေဟာနယ်ဓားများက ထိုနေရာကို ကြီးမားသော လျှိုမြောင်ကြီးအဖြစ် ကွဲခြမ်းသွားခဲ့သည်။ လျှိုမြောင်ကြီး တစ်ခုစီသည် ပေရာနှင့်ချီရှည်လျားပြီး၊ လျှိုမြောင်ကြီး၏ အလယ်ဗဟိုသည် ချင်ယွင် ပြုတ်ကျခဲ့သည့် တွင်းနက်ကြီးနေရာ ဖြစ်လေသည်။
"ဟား…၊ ဟား…၊ ငါ မင်းကို လေဟာနယ်ဓား အများပြားနဲ့ ခုတ်ပိုင်းပစ်လိုက်ပြီ။ မင်း အသက်ရှင်နိုင်ဦးမယ်လို့ ငါ မယုံဘူး" လင်းဖေးသည် လေဟာနယ်ထဲတွင် ဂုဏ်ယူစွာ ရပ်နေရင်း သူ၏ခြေဖဝါးအောက်ရှိ ဖုန်မှုန့်များဖုံးလွှမ်းနေသော တွင်းနက်ဝကြီးကို ကြည့်ကာ သူ၏မျက်လုံးများက အထင်အမြင်သေးပြီး သရော်လှောင်ပြောင်နေသည့်ဟန် ပေါ်လွင်စေသည်။
လင်းဖေးသည် သူ၏ကုသိုလ်တော်စာအုပ်တွင် သူသတ်ခဲ့သော လူအားလုံးကို မှတ်တမ်း တင်ရသည်ကို သဘောကျသူ ဖြစ်သည်။ သူ၏အမြင်အရဆို၊ သူ၏ကုသိုလ်တော်စာအုပ် အပေါ်မှာ နောက်ထပ် လူသားဦးခေါင်းတံဆိပ်တစ်ခု ရှိလာပါတော့မည်။
"ဘုန်း…”
သို့သော်၊ ဤအခိုက်အတန့်တွင် အောက်ရှိ တွင်းနက်အဝကြီးထဲမှ ကျယ်လောင်သော ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်လာသည်။ ဖုန်မှုန့်များ ဖောက်ထွင်းဝင်ရောက်လာသော ပုံရိပ်တစ်ခုသည် လင်းဖေး၏ရှေ့မှာ ချက်ချင်း ပေါ်လာသည်။
ရုတ်တရက် ပေါ်လာသောပုံရိပ်မှာ ချင်ယွင်မှလွဲ၍ အခြားလူမဟုတ်မှန်း သိလိုက်ရသော ကြောင့် လင်းဖေး၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သို့သော်၊ ချမ်းယွင်၏ မျက်လုံးများသည် ထိုအခိုက်အတန့်တွင် အမှန်တကယ် ရွှေရောင်ဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရပြီး သူ၏ခန္ဓာကိုယ်သည် တန်ခိုးကြီးသော နဂါးတစ်ကောင်၏ ခံ့ညားထည်ဝါ သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်ကိုပါ တွေ့ရှိလိုက်ရခြင်း ဖြစ်သည်။
သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာ ချင်ယွင်၏ လက်သီးသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။
"ဘုန်ုး…”။
လက်သီးချက်က ကောင်းကင်ကိုပင် အက်ကွဲသွားစေနိုင်ပြီး၊ ကောင်းကင်နှင့် မြေကြီးပင် ပြိုကျသွားစေနိုင်ပါသည်။
လင်းဖေးသည် ပါးစပ်မှ သွေးများအန်ထုတ်လိုက်ရပြီး၊ အစောပိုင်းက ချင်ယွင်ကဲ့သို့ နောက်ပြန် လွင့်ထွက်သွားရသည်။
"ဟမ့်၊ ငါချင်ယွင်ကို သတ်ချင်တဲ့ ဘယ်သူမဆို အကုန်သတ်ပစ်မယ်။" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားပြီး သူရောက်နေသည့် နေရာကနေ ချက်ချင်း ပျောက်သွားခဲ့သည်။
သူပြန်ပေါ်လာချိန်မှာ၊ သူသည် လင်းဖေး၏ရှေ့မှာ ရှိနေပြီ။ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက သူလက်သီးချက်မှ ထွက်ပေါ်လာပြီး နဂါးနတ်ဘုရား၏ စွမ်းအင်အတက်အကျလှိုင်းက တစ်ဖန် ပြန်ပေါ်လာသည်။
"ဘုန်း..”
သို့သော်၊ ဤတစ်ကြိမ်တွင် ချင်ယွင်၏ လက်သီးသည် လင်းဖေး၏ ခန္ဓာကိုယ်ကို မထိခဲ့ပေ။ ယင်းအစား၊ ၎င်းသည် ထူထဲသိပ်သည်းသော လေဟာနယ် အတားအဆီးများပေါ်သာ ကျရောက်သွားသည်။
လင်းဖေးသည် နောက်ပြန် ပျံသန်းခြင်းကို ရပ်တန့်လိုက်သည်။ သူ၏ဆံပင်တွေက ပြန့်ကျဲနေပြီး ချင်ယွင်ကို ကြည့်ရင်း၊ သူ၏မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေ၏။
ချင်ယွင်သည်လည်း လေဟာနယ်ထဲတွင် ရပ်တန့်နေကာ လင်းဖေး၏ မျက်လုံးများကို ရင်ဆိုင်ကြည့်ရင်း၊ မျက်လုံးလေးလုံး၏ သတ်ဖြတ်လိုသည့်ဆန္ဒများက အံ့ဩဖွယ် အနေထားထိ မြင့်တက်နေခဲ့သည်။