← Chapters

အခန်း ၈၆၆

Vol. 58 Ch. 866

အခန်း ၈၆၆

Vol. 58 Ch. 866

အခန်း (၈၆၆) လက်သီးတစ်ချက်ဖြင့်ပေါက်ကွဲခြင်း။

ချင်ယွင်သည် လေဟာနယ်ထဲတွင် ရပ်နေ၏။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်မှ ကြီးမားလှသော ရွှေရောင်နဂါးစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။

နဂါးလက်သီးသိုင်း၏ ဆဋ္ဌမသိုင်းကွက် “ငါက အစစ်အမှန်နဂါးဖြစ်တယ်”။

ယခုအချိန်တွင် ချင်ယွင်သည် နဂါးနတ်ဘုရားလက်သီးကို အမြင့်ဆုံးထိ အသုံးပြုနေပြီ ဖြစ်သည်။ ပေါက်ကွဲထွက်ပေါ်လာသော တိုက်ခိုက်ရေးစွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။ သူလုပ်လိုက်သော လှုပ်ရှားမှုတိုင်းက လေဟာနယ်ကို ဖြိုခွဲပစ်ရန်ပင် လုံလောက်ပါသည်။

သို့သော်လည်း လင်းဖေး၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအားသည် ချင်ယွင်ထက် နိမ့်ကျခြင်း မရှိတော့ပေ။ တော်ဝင်တာအို၏ ကြောက်မက်ဖွယ် အတက်အကျလှိုင်း များကြောင့် သူ၏အနီးရှိ လေဟာနယ်သည်ပင် ကွဲအက်သွားရကာ သူ၏လက်ပေါ်တွင် ဧရာမသံမဏိတူကြီးတစ်ခု ပေါ်လာသည်။

ဤကြီးမားသော ဧရာမတူကြီးသည် လေဟာနယ်၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တွေကို ထုတ်လွှတ်နေသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းလွန်းပြီး၊ နှလုံးခုန် ရင်တုန်သွားစေသည်။ တူတစ်ချောင်းက လေဟာနယ်တစ်ခုလုံးကို ပြိုကျသွားစေ သလိုပင်။

"ဟမ့်၊ ချင်ယွင် မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ထူးထူးခြားခြား ဖြစ်တယ် ဆိုတာ ငါ ဝန်ခံပါတယ်။ မင်း တကယ်ပဲ ငါ့ကို ဒီအနေထားအထိ တွန်းပို့နိုင်ခဲ့တယ်။ ငါ့လက်ထဲက ဧရာမတူကြီးကို မင်းသိရဲ့လား?" လင်းဖေးသည် အရိုင်းဆန်စွာ ယိမ်းယိုင်လှုပ်ရှားနေရင်း၊ သူမျက်လုံးများက ဒီဇင်ဘာတွင် ကျဆင်းနေသော နှင်းများကဲ့သို့ အေးစက်နေ၏။ သူ၏နှုတ်ခမ်းထောင့်က အေးစက်စက် အပြုံးတစ်ခုလို တွန့်ကွေးနေပြီး၊ ထူးဆန်းပြီး နတ်ဆိုးအငွေ့အသက်ကို ထုတ်ဖော်နေသည်။

"ဖရိုဖရဲလေဟာနယ်တူလား?…" ချင်ယွင်က အေးစက်စွာ တုန့်ပြန်သည်။

"ဟား…၊ ဟား…၊ မင်း ဒါကိုသိနေမယ်ဖို့ ငါ မမျှော်လင့်ထားဘူး။ မင်း ဒါကို သိနေကတည်း က ဒါရဲ့စွမ်းအားကိုလည်း မင်း သိသင့်တယ်။ မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတုန်း လား?။" လင်းဖေးက ကျယ်လောင်စွာ ရယ်မောပြီး ချင်ယွင်ကို ငေးကြည့်ရင်း ကျီစားလိုဟန် ပေါ်လာပြန်သည်။

ထိုအချိန်တွင်၊ လီရှန်းရှန်းသည် သူမ၏ နှလုံးသားတစ်ခုလုံးကို ဆွဲထုတ်သလို ခံစားလိုက်ရ သည်။ ပထမတော့ လင်းဖေး၏လက်ထဲမှ ကြီးမားသည့် တူကြီးကို သူမ မသိသော် လည်း၊ ချင်ယွင်၏ စကားကို ကြားလိုက်ရစဉ်မှာ၊ ချက်ချင်းပင် သူမ မှတ်မိသွားသည်။ တစ်ချိန်တည်းမှာပင် သူမ၏ နှလုံးသားထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်မူက ပေါက်ကွဲ ထွက်လာသလို ခံစားလိုက်ရသည်။

ရှေးဟောင်းဖရိုဖရဲ လေဟာနယ်တူသည် ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာ အဆင့် တွင် နောက်ဆုံး ရတနာဖြစ်သည်၊ သို့သော် ၎င်းသည် နောက်ဆုံးဖြစ်ခဲ့လျှင်ပင်၊ ၎င်းသည် အနှိုင်းမဲ့ အစွမ်းထက်သော ရတနာတစ်ခုဖြစ်နေဆဲပင်။ တူတစ်ခုတည်းကပင် လေဟာနယ်ကို ဖြိုခွဲနိုင်ပြီး ၎င်း၏ စွမ်းအားဖြင့် လွှမ်းခြုံထားသည်။ ထို့အပြင်၊ လင်းဖေး သည် လေဟာနယ်တော်ဝင်တာအိုဉပဒေသကို ကျင့်ကြံထားသူ ဖြစ်သည်။ ယခု သူ့တွင် ဤရှေးဟောင်းဖရိုဖရဲ လေဟာနယ်တူ ရှိနေသောကြောင့်၊ သူသည် ပို၍ပင် အစွမ်းထက် လာလိမ့်မည်။

လီရှန်းရှန်းသည် စိတ်ပျက်အားငယ်လုနီးပါးဖြစ်မူကို ခံစားရပြီး၊ ချင်ယွင်သည် တိုက်ပွဲတွင် သေဆုံးသွားသည်နှင့် သူမသည် မိမိကိုယ်ကို ချက်ချင်း ဖောက်ခွဲပြီး၊ လင်းဖေး သူမကို ထိတွေ့ဖို့ အခွင့်အရေး အနည်းငယ်မျှ မပေးမိစေရန် သူမစိတ်ထဲတွင် စိတ်ပိုင်း ဖြတ်ထား လိုက်သည်။

"ဟမ့်၊ မင်းမှာပဲ ဖရိုဖရဲ ကောင်းကင်ရတနာရှိတယ်လို့ မင်း ထင်နေတာလား?" လင်းဖေးကို အထင်သေးရှုံ့ချရင်း ချင်ယွင်၏ မျက်လုံးများက တောက်ပလာသည်။

ဘန်း…။

ပြင်းထန်သော ဖရိုဖရဲ အငွေ့အသက်လှိုင်းတစ်ခု ရောက်ရှိလာပြီး၊ ချင်ယွင်၏ လက်ပေါ် တွင် ခရမ်းရောင်လက်အိတ်တစ်စုံ ဖုံးလွှမ်းသွားသည်။

လက်အိတ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ပြင်းထန်သော ဖရိုဖရဲ အငွေ့အသက်သည် လေဟာနယ်တစ်ခုလုံးမှ ထွက်ပေါ်လာသည်။

"အယ်၊ ဒါက ဘယ်လို ဖရိုဖရဲ ကောင်းကင်ရတနာအမျိုးစားလဲ?။" လင်းဖေးသည် ချင်ယွင်၏ လက်များပေါ်တွင် လက်အိတ်များ ထွက်ပေါ်လာနေသည်ကို မြင်သောအခါ၊ သူ၏ မျက်လုံးများက ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်သည် အချိန်အတော်ကြာကတည်းက သတ်မှတ်ထားခြင်း ဖြစ်သည်။ စုစုပေါင်း ၁၂ ခု ရှိသော်လည်း ဤဆယ့်နှစ်မျိုးတွင် လက်အိတ်လိုရတနာမျိုး မရှိခဲ့ပါ။

လီရှန်းရှန်းလည်း အံ့သြသွားသည်။ ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်တွင် လက်အိတ်များကဲ့သို့ ကောင်းကင်ရတနာများ အမှန်တကယ် မရှိခဲ့ပါ။

ချင်ယွင်သည် လင်းဖေး၏အမူအရာကို မြင်သောအခါ သူ မည်သည့်အရာတွေးနေမှန်း သိလိုက်သည်။ သူ၏မျက်လုံးများသည် ချက်ချင်းပင် အထင်သေးမူ အရိပ်အယောင် ပေါ်လွင်လာသည်။ အမှန်တကယ်လည်း ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာသည် ၁၂ ခု သာ ရှိပါသည်။

သို့ရာတွင်၊ ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာအဆင့်တွင် လက်အိတ်လိုရတနာမျိုး မပါဝင်ခဲ့သဖြင့် ၎င်းတို့မရှိဟု မဆိုလိုပါ။ အဘယ့်ကြောင့်လဲဆိုတော့ ထိုလက်အိတ်တွေကို မိုးပြာဧကရာဇ်၏ ကနဦးစကြာဝဠာထဲမှာ နေထိုင်သော ခရမ်းရောင်ဧကရာဇ်က ဖန်တီးပေးခြင်းကြောင့် ဖြစ်ပါသည်။ ခရမ်းရောင်ဧကရာဇ်၏ ဖရိုဖရဲစွမ်းအင် စုပ်ယူမှုနှင့် အတူ၊ သူမဖန်တီးထားသော ရတနာများသည် ဖရိုဖရဲ ကောင်းကင်ရတနာများအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ ဖရိုဖရဲကောင်းကင်ရတနာအဆင့်တွင် အဆင့်သတ်မှတ်ခံထားရ သော ထိပ်ဆုံး ဖရိုဖရဲ ကောင်းကင်ရတနာသုံးခု၏ အစွမ်းနှင့်ပင် နှိုင်းယှဉ်နိုင်ပါသည်။

လင်းဖေးသည် ဤအရာကို မည်သို့ ထင်မြင်နိုင်မည်နည်း?။

"ဒါက ဖရိုဖရဲ ကောင်းကင်ရတနာ လုံးဝ မဟုတ်ပါဘူး။ အဲဒါကို သာမန် ဖရိုဖရဲ ရတနာ တစ်ခုလို့ပဲ ယူဆလို့ရတယ်။ မင်း အစစ်အမှန် ဖရိုဖရဲ ကောင်းကင်ရတနာလို ဟန်ဆောင် ချင်နေတာပဲ။ ငါ့ ဖရိုဖရဲ လေဟာနယ်တူရှေ့မှာ မင်းရဲ့ရတနာက အမှိုက်သာသာပဲ" လင်းဖေးက ချက်ချင်း ရယ်မောလိုက်သည်။

ချင်ယွင်က ပြုံးပြီး လင်းဖေး၏ စကားကို လျစ်လျူရှုလိုက်သည်။ ယင်းအစား သူက သူ၏လက်ထဲက ခရမ်းရောင်လက်သီးဆီသို့ သတင်းစကား ပို့လိုက်သည် "စီနီယာ ခရမ်းရောင်ဧကရာဇ်၊ စီနီယာကို အမှိုက်လို့ ပြောနေတယ်"

"ဟမ့်၊ သူက ဒီလက်အိတ်ကို အမှိုက်လို့တောင် ပြောရဲတယ်ပေါ့။ သူ့ရဲ့ ဖရိုဖရဲ လေဟာနယ် တူ ငါ့ရှေ့မှာဆို သေမျိုးအဆင့်ထက်တောင် နိမ့်ကျသေးတယ်။ သူက မောက်မောက်မာမာ ပြောရဲမှတော့၊ ဒီနေ့၊ ဒီခရမ်းရောင်ဧကရာဇ်က ငါ့ခရမ်းရောင်ဧကရာဇ်ရဲ့ တန်ခိုးအစွမ်းကို ခံစားခွင့်ပြုရလိမ့်မယ်။ ကောင်စုတ်လေး၊ ရှေ့ဆက်ပြီး သူ့ရဲ့ ဖရိုဖရဲ လေဟာနယ်တူကြီးကို လုံးဝ ဖြိုခွဲပစ်လိုက်စမ်းပါ။" ခရမ်းရောင်ဧကရာဇ်၏ အေးစက်ပြီး မာနကြီးသော အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ခရမ်းရောင်ဧကရာဇ်၏အသံကို ကြားတော့ ချင်ယွင်က ချက်ချင်း ပြုံးလိုက်မိသည်။

ခရမ်းရောင်ဧကရာဇ်၏ ဒေါသကို သူ မည်သို့ မသိဘဲနေမည်နည်း။ သူမသည် လုံးဝ အနှိုင်းမဲ့ မာနကြီးသူ ဖြစ်သည်။ အခြားသူများက သူမကို ဤကဲ့သို့ အရှက်ခွဲရန် သူမက မည်သို့ ခွင့်ပြုနိုင်မည်နည်း?။ ထို့ကြောင့် ချင်ယွင်သည် ခရမ်းရောင်ဧကရာဇ်ကို အမျက် ဒေါသထွက်စေရန် တမင်တကာ ပြောခဲ့ခြင်းဖြစ်ပြီး၊ သူမ၏ ထူးကဲသော စွမ်းအားကို ပြသစေလိုခဲ့သည်။

"ကောင်းပြီလေ၊ စီနီယာခရမ်းရောင်ဧကရာဇ်ရဲ့ စကားကို နားထောင်ပြီး သူ့ရဲ့ လေဟာနယ် တူကြီးကို လုံးလုံးလျားလျား လွင့်ထုတ်ပစ်လိုက်မယ်။" ချင်ယွင်က သူရဲကောင်းဆန်စွာ ပြောသည်။ ထို့နောက်၊ လူတစ်​ကိုယ်​လုံး ချက်​ချင်း ပြေးထွက်​သွားပြီး လင်းဖေးဆီသို့ ​ပြေးသွားလိုက်​သည်​။

လင်းဖေးသည် ချင်ယွင် သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်သောအခါ သူ၏ မျက်လုံးများက မထီမဲ့မြင်ပြုသည့် အမူအရာ ချက်ချင်း ပေါ်လာသည်။ သူက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည် "ဟမ့်၊ မင်းက သေချင်နေတာပဲ။ ဒါဆိုလည်း မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ မင်းနဲ့ မင်းပြောပြောနေတဲ့ ဖရိုဖရဲ ကောင်းကင်ရတနာကို ငါ့ရဲ့ ရှေးဟောင်း ဖရိုဖရဲ လေဟာနယ်တူကြီးအောက်မှာ အပြီးအပိုင် ပေါက်ကွဲခွင့် ပေးလိုက် မယ်။"

"ငရဲကို သွားလိုက်တော့”။ လင်းဖေးသည် သူ၏လက်ထဲရှိ ရှေးဟောင်း ဖရိုဖရဲ လေဟာနယ် တူကို ဝှေ့ယမ်းပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် ထုရိုက်လိုက်ရင်း ကျယ်လောင်စွာ အော်လိုက်သည်။

တခဏအတွင်းမှာ၊ လေဟာနယ်တစ်ခုလုံးသည် လုံးဝ ကွဲအက်သွားမည့် အရိပ်အယောင် တွေ ပေါ်လာပါသည်။ အတွင်း၌ပါဝင်သော လေဟာနယ်အတက်အကျလှိုင်းများသည် ပို၍ ကြောက်စရာကောင်းပြီး ၎င်းတို့၏ စွမ်းအားသည် အရာအားလုံးကို ဖြိုခွဲရန် လုံလောက်ပါသည်။

"မင်းက သေရမယ့်လူပဲ" ချင်ယွင်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ ပြင်းထန်သော စွမ်းအင်အတက်အကျတစ်ခု ချက်ချင်းပင် သူ၏လက်သီးပေါ်မှာ စုစည်းလာသည်။ သူ၏ ခရမ်းရောင်လက်သီးမှ တုနှိုင်းမရလောက်အောင် ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ပြိုကျလုနီးပါးဖြစ်နေပြီဖြစ်သော လေဟာနယ်သည် ဤကြောက်စရာကောင်းသော စွမ်းအားအောက်တွင် လုံးဝ ပြိုကျသွားသည်။

"ဘုန်း..”။

ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ ပတ်ဝန်းကျင် လေဟာနယ်သည် ပင့်ကူမျှင် ကဲ့သို့ ကွဲအက်သွားသည်။ အဆုံးတွင် လေဟာနယ်တစ်ခုလုံး ပြိုကျသွားပြီး အနှိုင်းမဲ့ ကြီးမားသော လေဟာနယ်တွင်းနက်ကြီးတစ်ခု ပေါ်လာသည်။

ဤအခိုက်အတန့်တွင်၊ လင်းဖေးသည် သူ၏ ရှေးဟောင်း ဖရိုဖရဲ လေဟာနယ်တူပေါ်တွင် အမှန်တကယ် အက်ကွဲကြောင်းကို တွေ့ရှိလိုက်ရသောကြောင့် အလွန် ထိတ်လန့်တုန်လှုပ် သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ထို့နောက် ဤအက်ကွဲကြောင်းသည် ဆက်လက် ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် ဧရာမတူကြီးတစ်ခုလုံး အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ဘာလဲ?" လင်းဖေးသည် သူ၏မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်ရသည်။ သူ၏ ရှေးဟောင်း ဖရိုဖရဲ လေဟာနယ်တူသည် အမှန်တကယ် ကွဲအက်သွားခဲ့သည်။ ချင်ယွင်၏ လက်အိတ်တစ်စုံနှင့် သူ၏လက်သီးတစ်ခုလုံး ကွဲကြေသွားသင့်သည် မဟုတ်ပါလော?။

ထို့ကြောင့်၊ လင်းဖေးသည် ချင်ယွင်၏ လက်အိတ်များကို အမြန်ကြည့်လိုက်သည်။ သို့သော် ချင်ယွင်၏လက်သီးတွင် ခြစ်ရာပင်မကျန်ခဲ့ဘဲ အမှန်တကယ်ပင် တည်ရှိနေခဲ့သည်။

"မဖြစ်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး" လင်းဖေးသည် မယုံနိုင်ဟန်ဖြင့် ထပ်ခါတလဲလဲ ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ထိတ်လန့်သွားသည်။

အဝေးက လီရှန်းရှန်းလည်း ထိတ်လန့်သွားသည်။ ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာ အဆင့်ရှိ ရှေးဟောင်း ဖရိုဖရဲ လေဟာနယ်တူသည် အမှန်တကယ် ကွဲအက်သွားခဲ့သည်။ ထို့အပြင် ချင်ယွင်၏ လက်ချက်ကြောင့် ကြေကွဲသွားခြင်း ဖြစ်သည်။ သူမကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ဘူးဆိုရင်၊ လီရှန်းရှန်းသည် ဤအရာကို အမှန်တရားဟု ယုံကြည်မှာ မဟုတ်ပါဘူး။

"ဟမ့်၊ မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ မင်းက သေထိုက်တဲ့လူလို့ ငါ မင်းကို ပြောခဲ့သားပဲ" လင်းဖေး၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကိုမြင်တော့ ချင်ယွင်က လှောင်ပြောင်ဟန် ဖြင့် ပြောလိုက်သည်။ ထို့နောက် ခရမ်းရောင်လက်အိတ်များမှ ကြောက်မက်ဖွယ် လှိုင်းလုံးများ ထွက်လာပြီး လင်းဖေးဆီသို့ ပစ်လွှတ်လိုက်လေသည်။

လင်းဖေးသည် နောက်ဆုံးတွင် သူ၏အသိစိတ် ပြန်ဝင်လာသည်။ ဤအချိန်သည် တုန်လှုပ်နေရမည့် အချိန်အခါ မဟုတ်ပေ။ သို့သော် သူ ထွက်ပြေးခါနီးတွင် ချင်ယွင်၏ လက်သီးသည် သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်နေပြီ ဖြစ်သည်။

"ဘုန်း..”။

လင်းဖေးသည် ချင်ယွင်၏ ရက်စက်ကြမ်းကြုတ်သော လက်သီးဖြင့် မသေဆုံးမီတွင် ကြေကွဲဝမ်းနည်းဖွယ် အော်သံကိုပင် မအော်ဟစ်နိုင်ခဲ့ပါချေ။

All Chapters