အခန်း ၈၆၇
Vol. 58 Ch. 867
အခန်း (၈၆၇) လိုက်နေဖို့မလိုပါဘူး။
"ဖမ်း….။
ဧကရာဇ်မင်းမြတ်တာချင်း၏ အိပ်ခန်းထဲတွင်, ဧကရာဇ်မင်းမြတ်တာချင်းသည် ပလ္လင်ပေါ် တွင် တင်ပျဉ်ခွေထိုင်နေပြီး ကောင်းကင်တာအိုကို ဆင်ခြင်နေပါသည်။
ရုတ်တရက် ဧကရာဇ်မင်းမြတ်တာချင်းသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ တစ်ချိန် တည်းမှာပင် သူ၏လက်ဖဝါးပေါ်မှာ ကျောက်စိမ်းဆွဲသီးတစ်ခု ပေါ်လာသည်။ သို့သော် ဤကျောက်စိမ်းဆွဲသီးသည် အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ နဂိုက တောက်ပနေသည့် လင်းလက်မှုတွေလည်း အလွန်အရောင်မှိန်လာသည်။
"ခွေးကောင်၊ ဒါကို ဘယ်သူလုပ်တာလဲ?"
သူ၏လက်ထဲမှ ကျိုးပဲ့နေသော ကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်ရင်း၊ ဧကရာဇ်မင်းမြတ် တာချင်း၏ မျက်လုံးတွေက ချက်ချင်းဆိုသလို အမျက်ဒေါသတွေ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အငွေ့အသက်သည် သူ၏ ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့ပြီး၊ ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်အတွင်းရှိ လူတိုင်းပင် ဤကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်အငွေ့အသက်ကို ခံစားရနိုင်သည်။
ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်အတွင်း အင်မော်တယ်ကျွမ်းကျင်သူများသည် ၎င်းတို့၏ လည်ပင်းများကို ကျုံ့သွားစေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဧကရာဇ်မင်းမြတ် တာချင်း၏ နန်းတော်ဆီကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ဧကရာဇ်မင်းမြတ်တာချင်း ယခုလို ဒေါသအရမ်းထွက်နေသည်ကို တွေ့လိုက်ရတော့ သူတို့အားလုံး အံ့သြသွားကြပါ သည်။
ဤကျောက်စိမ်းဆွဲသီးသည် လင်းဖေး၏ မွေးရာပါစွမ်းရည်ပြအင်မော်တယ်အဆောင်မှ လွဲ၍ အခြားမဟုတ်ပေ။ လင်းဖေး သေဆုံးသွားသည်နှင့် ဤ မွေးရာပါစွမ်းရည်ပြ အင်မော်တယ်အဆောင်သည်လည်း ကွဲအက်သွားမည် ဖြစ်သည်။
ဘန်း…။
ဧကရာဇ်မင်းမြတ်တာချင်းသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ နှိုင်းစာ၍မရအောင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ထွက်ပေါ်လာသည်။ ထို့နောက် မူလကြေကွဲနေသော ကျောက်စိမ်းဆွဲသီးသည် လေထဲတွင် မြင်ကွင်းတစ်ခု အဖြစ် စုစည်းလာခဲ့သည်။
ဤမြင်ကွင်းသည် လင်းဖေးကို ချင်ယွင် သတ်ပစ်နေသည့် နောက်ဆုံး ဇာတ်ကွက် ဖြစ်သည်။ ဧကရာဇ်မင်းမြတ်တာချင်းသည် သူ၏နတ်ဘုရား စွမ်းရည်ဖြင့် စူးစမ်း လေ့လာလိုက်စဉ်မှာ လင်းဖေး မသေဆုံးခင်မှာ နောက်ဆုံးမြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်ပါသည်။
"ချင်ယွင်၊ တကယ်ပဲ မင်းပါလား?။
ဧကရာဇ်မင်းမြတ်တာချင်းသည် ဖန်သားပြင်ပေါ်မှ ရုပ်ပုံလွှာကို မြင်သောအခါတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာသည်။
ဤတစ်ကြိမ်တွင်၊ သူသည် ချင်ယွင်ကိုသတ်ရန် လင်းဖေးကို ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲသို့ စေလွှတ်ခဲ့သည်။ သေချာသည်ဟု သူထင်ခဲ့သော်လည်း နောက်ဆုံးတွင် လင်းဖေး သေဆုံးခဲ့ရသည်။
လင်းဖေးသည် အသန်မာဆုံးတပည့် မဟုတ်သော်လည်း၊ သူ၏ပါရမီအရည်အချင်းသည် ထိပ်တန်းသုံးဦးတွင် အဆင့်သတ်မှတ်ခံရနိုင်သည်။ ထို့အပြင်၊ သူသည် ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာ လေဟာနယ်တူကိုပင် ပေးခဲ့သေးသည်။ သူသည် တော်ဝင်တာအို အဆင့်ငါးရှိ ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်ဆိုလျှင်၊ ပြန်လည် တိုက်ခိုက်ဖို့ အခွင့်အရေး မရှိနိုင်သော်လည်း၊ အခုတော့ ချင်ယွင်၏ လက်ထဲမှာ သေဆုံးသွားခဲ့ပါပြီ။
'"ရှေးဟောင်းတာအို၊ ခင်ဗျားကြီးက တကယ့်ကို ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပုံရတယ်။ ခင်ဗျားကြီးလက်ထဲက ထွက်ပေါ်လာတဲ့ တပည့်တိုင်းက တစ်ယောက် ထက် ပိုပိုပြီး အစွမ်းထက်လာတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒီဂျူနီယာညီငယ်လေးကို ကြီးပြင်းဖို့အခွင့်အရေး ကျုပ် သေချာပေါက် မပေးဘူး။ ဟိုတုန်းက ဧကရာဇ်ယူမင်ကို လုပ်ခဲ့တဲ့အတိုင်းပေါ့။" ဧကရာဇ်မင်းမြတ်တာချင်းက အေးစက်စွာ ပြောလိုက်သည်။ သူ၏ လက်ထဲက ကျောက်စိမ်းဆွဲသီးသည် ဘာမှမရှိခဲ့ဖူးသလို ကြေမွသွားခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်သည် ကျန်းရှန်၏ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ကို လုံးလုံး လျားလျား လှုံ့ဆော်မိသွားပြီဖြစ်ကြောင်း မသိခဲ့ပါချေ။ အကယ်၍၊ သူ သိခဲ့လျှင်ပင်၊ မည်သည့်အတွေးမှ ရှိနိုင်မှာမဟုတ်ပါဘူး။ ထိုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပင်ပန်း နွမ်းနယ်နေလေသည်။ နဂါးလက်သီးသိုင်း၏ ဆဋ္ဌမမြောက်သိုင်းကွက်ကို အလွန်အကျွံ အသုံးချခြင်း၏ ဘေးထွက်ဆိုးကျိုးများကြောင့် သူသည် ခွန်အားအားလုံးကို ဆုံးရှုံးသွားခဲ့ရ သည်။
ချင်ယွင်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ ယခုအချိန်မှာ၊ သူသည် သူ၏ လက်ချောင်းတွေကို လှုပ်ဖို့တောင် ခွန်အားမရှိတော့ပါဘူး။ ခရမ်းရောင်ဧကရာဇ်သည် လည်း ချင်ယွင်၏ ကနဦးစကြာဝဠာထံသို့ ပြန်သွားခဲ့သည်။
အစောပိုင်းက ခရမ်းရောင်ဧကရာဇ် သူ့ကိုကူညီပေးဖို့ သဘောတူရသည့် အကြောင်းရင်းက သဘာဝအတိုင်း အလဲလှယ်လုပ်ထား၍ ဖြစ်ပါသည်။ ဤအခြေအနေကြောင့်သာ သူသည် သူမအား သူ၏ကိုယ်ပိုင် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ပြီး ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်ကို စုပ်ယူခွင့်ပြုခြင်း ဖြစ်ပါသည်။
ယခင်က ခရမ်းရောင်ဧကရာဇ်သည် ဤအခြေအနေကို အဆိုပြုသောအခါ၊ ချင်ယွင်က လည်း အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သဘောတူပေးခဲ့သည်။
ခရမ်းရောင်ဧကရာဇ်၏ ရှေးဟောင်းဖရိုဖရဲစွမ်းအင်ကို စုပ်ယူခြင်းက ချင်ယွင်၏ ကနဦး စကြဝဠာ အပြည့်အဝ ဖြစ်ပေါ်လာရန် ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမူ၏ အရှိန်ဟုန်ကို အတိုင်း အတာတစ်ခုအထိ သက်ရောက်မူရှိစေနိုင်သော်လည်း၊ ချင်ယွင်အတွက် လုံးလုံး အကျိုးမရှိ ခြင်းမျိုး မဟုတ်ခဲ့ပေ။ အားသာချက်မှာ ချင်ယွင်သည် ခရမ်းရောင်ဧကရာဇ်ကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်လိမ့်မည်။
အဆုံးမှာတော့၊ ဤစကြဝဠာကို ချင်ယွင်က ဖန်တီးထားခြင်း ဖြစ်သည်။ ခရမ်းရောင် ဧကရာဇ်သည် သူဖန်တီးခဲ့သော စကြဝဠာ၏ ရှေးဟောင်း ဖရိုဖရဲစွမ်းအင်ကို စုပ်ယူသွားပြီး သည်နှင့် သူမသည် သူ၏ ကနဦးစကြာဝဠာနှင့် သဘာဝအတိုင်း ဆက်သွယ်မှုရှိလာခဲ့ သည်။ ဤနည်းဖြင့် သူမနှင့် ချင်ယွင်ကြား ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာသည်။
ခရမ်းရောင်ဧကရာဇ်သည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ သူမသည် အနာဂတ်တွင် မိုးပြာဧကရာဇ်နှင့် နှိုင်းယှဉ်နိုင်သော အဆင့်အထိ ကြီးထွားလာနိုင်မည်ကို သိထားရမည် ဖြစ်သည်။
ဝှီး…။
ချင်ယွင်သည် လှုပ်ရှားရန် အလွန်မင်း ပင်ပန်းနေသဖြင့် လီရှန်းရှန်းသည် ချင်ယွင်ဆီသို့ ပျံသန်းလာခဲ့သည်။
လီရှန်းရှန်းသည် ချင်ယွင်၏ရှေ့မှာ ပေါ်လာပြီးနောက်၊ သူမသည် စကားမပြောတော့ပါ။ ယင်းအစား၊ သူမသည် ချင်ယွင်၏ရှေ့မှာ ထိုင်ချလိုက်ပြီး သူ့ကိုယ် စတင် စစ်ဆေး လိုက်သည်။
ချင်ယွင်၏ ယခင်က ပြသခဲ့သော စွမ်းဆောင်ရည်များက လီရှန်းရှန်းကို သိချင်စိတ် အလွန် ပြင်းပြလာစေသည်။ ထို့ကြောင့်၊ သူမသည် ချင်ယွင်ထံမှာ ပုန်းကွယ်နေသည့် လျှို့ဝှက်ချက် များကို ကောင်းစွာကြည့်ရှုရန် ဤအခွင့်အရေးကို ရယူလိုသည်။ သို့သော်လည်း၊ သူမ ပို၍ ကြည့်ရူလေ၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် တိမ်လွှာတွေ ဖုံးလွှမ်းနေသလိုသာ ပိုမြင်ရလေ ဖြစ်သည်။ မည်သို့ပင်ကြည့်စေကာမူ၊ သူမသည် မည်သည့်အရာကိုမှ ထွင်းဖောက် မမြင်နိုင်ပါချေ။
သူမ၏လုပ်ရပ်က မိုက်မဲသည့်လုပ်ရပ်မျိုး ဖြစ်သည်။ ကနဦးစကြဝဠာ၊ လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်၊ ဤလျှို့ဝှက်ချက်များသည် အင်မော်တယ် ဧကရာဇ်များပင် ရှာမတွေ့နိုင်သော လျှို့ဝှက်ချက်များ ဖြစ်သည်။ သူမလို အင်မော်တယ် ဘုရင်ငယ်လေးတစ်ယောက်က ၎င်းကို ဖြတ်ကျော်မြင်နိုင်သည်ဆိုလျှင်၊ ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုးအစွမ်း၏ ရှင်းလင်းသုတ်သင်ခြင်းကို ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
သို့သော် ချင်ယွင်သည် လီရှန်းရှန်း၏အကြည့်ကြောင့် စိတ်မသက်မသာ ဖြစ်နေဆဲ ဖြစ်သည်။ ခွန်အားအချို့ ပြန်လည်ရရှိလာပြီး သူ စကားပြန်ပြောနိုင်ပြီးနောက်၊ ချင်ယွင်က လီရှန်းရှန်းအား ပြောလိုက်သည် "မင်း ငါ့အကြောင်း မသိချင်စမ်းပါနဲ့"
"ဘာလို့လဲ?" လီရှန်းရှန်းသည် ချင်ယွင်၏ စကားကြောင့် သိသိသာသာ စိတ်ရှုပ်ထွေး သွားပြီး၊ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
"မင်း ငါ့အကြောင်းကို သိချင်တာနဲ့ မင်း ငါ့ကို ချစ်မိလိမ့်မယ်။ ငါ့မှာ အခုခုလောလောဆယ် ဇနီးမယား လေးယောက်ရှိနေပြီ။ ငါ့နှလုံးသားထဲမှာ နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မထည့်နိုင်တော့ဘူး" ချင်ယွင်က အမှန်တိုင်း ပြောလိုက်သည်။
"ရပ်စမ်း..” လီရှန်းရှန်းက အထင်သေးခြင်း အရိပ်အယောင်ကို ချက်ချင်း ထုတ်ဖော်လိုက် သည်။ သူမက မတ်တပ်ထရပ်ပြီး ခေါင်းကို လှည့်လိုက်သည်။ သူမသည် သူမကိုယ်သူမ အလွန်အမင်း အလေးထားသည့် အမူအရာမျိုး ရှိနေသည်။ သို့သော်လည်း၊ အကြောင်း တစ်ခုခုကြောင့် သူမ၏စိတ်နှလုံးထဲတွင် ဘာမမရှိသည့်အလား ဟာလာဟင်းလင်း ဗလာကျင်းသလို ဖြစ်နေသည်။ သူမသည် ရုတ်တရက် တစ်ခုခုကို ဆုံးရှုံးသွားသလိုပင်။ သူမသည် တဖက်သို့ လှည့်လိုက်ချိန်မှာ၊ သူမအနေဖြင့် ပထမနေရာ၌ ဘာတစ်ခုမှ မရရှိနိုင်သည်ကို တွေ့ရှိလိုက်ရသည်။ (သူမကိုယ်သူမ အလွန်အလေးထားသူ ဖြစ်သည့် အလျှောက် ပထမနေရာကို မရနိုင်ခြင်းကို ဆိုလိုချင်သလား? ကျွန်တော်လည်း မသဲကွဲပါ။ ကျွန်တော်လည်း ရှိသည့်အတိုင်းလား ပြန်ဆိုလိုက်ပါသည်)။
ချင်ယွင်သည် ပြောပြီးသည်နှင့် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။ ဤစကားတွေက ကိုယ့်ကိုယ်ကို အနည်းငယ် ကိုယ်ရေသွေးရာကျပေမယ့်၊ ဘာမှ မပြောသည်ထက်စာရင်၊ ပိုကောင်းပါသေးသည်။
တစ်စုံတစ်ခုအတွက် တစ်ခုခုဖြစ်လာဖို့ စောင့်စားနေရခြင်းက အရမ်းကို နောက်ကျနေပါ ပြီ။ သူ့မှာ မက်မွန်ပွင့်တွေနှင့်ပတ်သက်ပြီး အကြွေးတွေ လုံလောက်အောင် တင်ရှိနေပြီး ဖြစ်သည်။ ထို့ကြောင့်၊ လီရှန်းရှန်းက သူ၏အကြောင်းကို အတွေးမရောက်ခင် ဤပျိုးပင်ပေါက်လေးကို ကြိုတင်ငြိမ်းသတ်ပစ်ရလိမ့်မည်။ (သူ၏အမျိုးသမီးတွေအပေါ် မက်မွန်ပွင့်တွေနှင့် တင်စားပြောခြင်း ဖြစ်ပါသည်။
သေချာသည်မှာ၊ ချင်ယွင်သည် ထိုစကားများကို ပြီးသွားပြီးနောက် ပတ်ဝန်းကျင် လေထုက အနည်းငယ် အဆင်မပြေ ဖြစ်လာပါသည်။
ချင်ယွင်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့်၊ ပျော်ရွှင်သွားသည်။ ထို့ကြောင့်၊ သူသည် သူ၏ဒဏ်ရာတွေ ပြန်လည်ကောင်းလာဖို့ အာရုံစိုက်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်နှင့် သူ၏အသက်စွမ်းအား၏ သက်ရောက်မှုအောက်တွင် သူ၏ ဒဏ်ရာများသည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
လီရှန်းရှန်းသည် ခပ်ဝေးဝေး ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်နေသည်။ သူမသည် ချင်ယွင်ကို စွမ်းအင်သားရဲတစ်ကောင် ထွက်ပေါ်လာခြင်းမှ ကာကွယ်နေရင်း၊ သူမ ကိုယ်တိုင်လည်း ထုံထိုင်းနေပြီး ဘာတွေတွေးနေမှန်း မသိတော့ပါချေ။
တကယ်တော့၊ ချင်ယွင်သည် စွမ်းအင်သားရဲဘုရင်ကို သတ်ပြီးနောက်၊ လက်ကျန် စွမ်းအင်သားရဲများသည် ပုန်းအောင်းနေကြသည်မှာ အတော်ကြာပါပြီ။ ချင်ယွင်နှင့် လင်းဖေးတို့၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အတက်အကျလှိုင်းများသည် ထိုစွမ်းအင်သားရဲများကို အတော်လေး ထိတ်လန့်သွားစေခဲ့သည်။ ဤအခိုက်အတန့်တွင် သူတို့သည် မည်သို့ ပြန်ပေါ်လာနိုင်မည်နည်း။
ဘန်း..။
နှစ်နာရီခန့်ကြာသောအခါ၊ ချင်ယွင်သည် သူ၏မျက်လုံးများကို ပြန်ဖွင့်လာသည်။ ဤအခိုက်အတန့်တွင် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိသွားကာ ဖင်းဂေါ့ဂ်နယ်ပယ်၏ အလယ်အလတ်အဆင့်ကို ဖြတ်ကျော်မည့် အရိပ်အယောင်ပင် ရှိနေသည်။
ဤမသိမသာ ပြောင်းလဲမှုသည် ချင်ယွင်၏နှလုံးသားထဲတွင် ပျော်ရွှင်မှုကို ပေါက်ဖွားစေခဲ့ သည်။ ဖင်းဂေါ့ဂ်နယ်ပယ်သို့ ရောက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်သည် ပိုမိုမြင့်မားသော အဆင့်သို့ ဖြတ်ကျော်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ဤမသိမသာ ပြောင်းလဲမှု သည် ချင်ယွင်အတွက် ကောင်းမွန်သော တိုးတက်မှုတစ်ခုလည်း ဖြစ်ပါသည်။
"နဝမအလွှာကို ဝင်ဖို့ အချိန်ရောက်ပြီ" ချင်ယွင်သည် သူကိုယ်သူ သို့မဟုတ် လီရှန်းရှန်းနှင့် စကားပြောနေသကဲ့သို့ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"ဟုတ်တယ်။ ကျွန်မလည်း ကောင်းကင်ဘုံ ပထမအလွှာကို ပြန်သွားပြီး၊ အဲဒီတော်ဝင်တာအို ဉပဒေသ အပိုင်းအစ သုံးခုကို သန့်စင်ဖို့ စီစဉ်ထားတယ်။" ဤအခိုက်အတန့်တွင် လီရှန်းရှန်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီးနောက်၊ သူသည် အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွား ကာ နဝမအလွှာ၏ ဝင်ပေါက်ဆီသို့ ဦးတည်သွားလေသည်။
လီရှန်းရှန်းသည် ချင်ယွင် ထွက်ခွာသွားသည်ကို တိတ်တဆိတ်ကြည့်နေသည်။ အဆုံးတွင် သူမသည် ကောင်းကင်ဘုံ သတ္တမအလွှာ ဝင်ပေါက်ဆီသို့ ပြတ်ပြတ်သားသား ဦးတည်လိုက်ရင်း၊ သူမ၏ မျက်လုံးများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက် အရိပ်အယောင် ပေါ်လာသည်။
ချင်ယွင်၏ နောက်ကျောမှတဆင့်၊ သူမသည် အမှန်တရားတစ်ခုကို သိလိုက်ရပါပြီ။ သင်သည် လူအချို့ကို မှီမလိုက်နိုင်ဘူးဆိုတော့၊ ၎င်းတို့နောက်ကို လိုက်နေရန်လည်း မလိုအပ်တော့ပါ။