အခန်း ၈၆၈
Vol. 58 Ch. 868
အခန်း (၈၆၈) ကောင်းကင်ဘုံနယ်မြေ ပြန်လည်ပွင့်ခြင်း။
အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီ။ သုံးနှစ်တာအချိန်ကာလသည် အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြီ။ ယနေ့သည် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေ ပြန်လည် ဖွင့်လှစ်သည့် နေ့ဖြစ်ပါသည်။
လီရှန်းရှန်းသည် ကောင်းကင်ဘုံ ပထမအလွှာ၏ အဝင်ဝတွင် ရပ်နေပြီး၊ သူမ၏ အကြည့်တွေက တည်ငြိမ်နေပုံရသော်လည်း၊ အမှန်ဆို သေသေချာချာ သတိထားမိပါက သူမ၏ မျက်လုံးများတွင် အမှတ်မထင် ဆုံးရှုံးမှုကို သင် သတိပြုမိနိုင်ပါသေးသည်။
ချင်ယွင်နှင့် ခွဲခွာခဲ့ပြီး ၂ နှစ်အကြာပြီးအချိန်တွင် လီရှန်းရှန်းသည် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေ၏ ပထမအလွှာသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ယခင်က ရရှိထားခဲ့သော ရေစွမ်းရည် တော်ဝင်တာအို ဉပဒေသအပိုင်းအစများကို စတင်သန့်စင်ခဲ့သည်။
လီရှန်းရှန်းသည် မူလကတည်းက တော်ဝင်တာအိုနယ်ပယ် စတုတ္ထအဆင့် နှင့် အလှမ်း မဝေးလှသောကြောင့် ဤတော်ဝင်တာအိုအပိုင်းအစများကို သူမ သန့်စင်ပြီးသည်နှင့် သူမ၏ ကျင့်ကြံမှုအခြေခံသည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်သို့ ချောမွေ့စွာ ဖြတ်သွားကာ အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာခဲ့သည်။
သို့သော်လည်း၊ လီရှန်းရှန်းသည် အဆင့်ဖြတ်ကျော်ခြင်းအတွက် ပျော်ရွှင်မှုကို အနည်းငယ် မျှ မခံစားခဲ့ရပေ။ ယင်းအစား သူမသည် ဗလာကျင်းနေသလို ခံစားရနေရသည်။
"သူ ဘယ်အလွှာအထိ ရောက်သွားမလဲ ငါ သိချင်မိတယ်" လီရှန်းရှန်းသည် အဝေးကို လှမ်းကြည့်ကာ သူမကိုယ်သူမ ရေရွတ်လိုက်သည်။
သူမသည် ချင်ယွင်နှင့် ခွဲခွာလာခဲ့စဉ်က၊ ချင်ယွင်သည် ကောင်းကင်ဘုံ နဝမအလွှာသို့ သွားခဲ့သည်။ သို့သော် လီရှန်းရှန်း၏ အမြင်အရဆို၊ နဝမအလွှာသည် ချင်ယွင်၏ ကန့်သတ်ချက် မဖြစ်သင့်ပေ။ အဆုံးတွင်၊ သူသည် တော်ဝင်တာအိုနယ်ပယ် စတုတ္ထ အဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက်နှင့် နိုင်းယှဉ်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထား ပြီး၊ တော်ဝင်တာအို ဉပဒေသ အပိုင်းအစများကို ချက်ချင်း သန့်စင်နိုင်သည့် ပုံမှန်မဟုတ် သော စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားပြန်သည်။
ထို့ကြောင့်၊ ချင်ယွင်သည် ၁၂ အလွှာသို့ ရောက်သင့်သည်ဟု သူမ ခံစားခဲ့ရသည်။ ကောင်းကင်ဘုံ ၁၃ အလွှာအတွက်မူ နည်းနည်းတော့ ဝန်လေးမူဖြစ်သင့်ပါသည်။
အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သော်လည်း ချင်ယွင်၏ ရုပ်အသွင်က အစကနေ အဆုံးအထိ ပေါ်မလာခဲ့ပါဘူး။
အချိန်တွေကြာလာသည်နှင့်အမျှ လီရှန်းရှန်း၏ မျက်ခုံးတွေက နက်ရှိုင်းသထက် နက်ရှိုင်းစွာ ကြုတ်နေပါသည်။
ဘန်း..။
ထိုအချိန်တွင်၊ လီရှန်းရှန်း၏အနားရှိ လေဟာနယ်ထဲမှ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ လီရှန်းရှန်း၏ အနားတွင် ကျယ်ဝန်းသော တံခါးတစ်ခု ပွင့်လာခဲ့သည်။
လီရှန်းရှန်း၏ မျက်ခုံးများသည် တင်းကျပ်စွာ တွန့်သွားခဲ့သည် ။
လေဟာနယ်တံခါးသည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်သာ ကြာရှည်နိုင်ပါသည်။ အကယ်၍ ချင်ယွင်သည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အတွင်း မပေါ်လာပါက၊ သူသည် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲတွင် ပိတ်မိနေပေလိမ့်မည်။ အကယ်၍၊ သူ ပြန်ထွက်ချင်သည်ဆိုလျှင်၊ နောက်ထပ် အနှစ် ၁၀၀ စောင့်ရလိမ့်မည်။
အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်ဆိုသော အချိန်သည် မြန်မြန်ဆန်ဆန် ကုန်သွားခဲ့ သည်။ လီရှန်းရှန်းသည် အဝေးမှ လွင်ပြင်ကြီးကို လှမ်းကြည့်လိုက်ရာ ချင်ယွင်တစ်ယောက် မည်သည့်အခါမှ ပေါ်မလာသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများသည် စိတ်ပျက်သွားဟန် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူမသည် ခေါင်းကို အသာအယာ ယမ်းကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
အကယ်၍၊ သူမ မထွက်သွားဘူးဆိုရင် အထဲမှာ ပိတ်မိနေလိမ့်မည်။ ချင်ယွင်သည် ကောင်းကင်ဘုံ ပထမအလွှာသို့ ပြန်လာနေလျှင်ပင် လေဟာနယ်တံခါးသည် ပိတ်တော့မည် ဖြစ်သောကြောင့် နောက်ကျနေပေလိမ့်မည်။
ဘန်း…။
သို့သော်
လီရှန်းရှန်းသည် လေဟာနယ်တံခါးထဲသို့ လှမ်းဝင်ခါနီးတွင်၊ လီရှန်းရှန်း၏ ရှေ့တွင် သွယ်လျသော ရုပ်အသွင်တစ်ခု ပေါ်လာသည်။
"မင်းကို စောင့်ခိုင်းရလို့ တောင်းပန်ပါတယ်။" ချင်ယွင်က လီရှန်းရှန်းကို ပြုံးပြလိုက်သည်။
လီရှန်းရှန်းသည် တခဏလောက် မှင်သက်သွားခဲ့ပြီး, သူမ၏ လှပသော မျက်လုံးတွေက အံ့သြသွားသည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။ “ကောင်းလိုက်တာ၊ ရှင် မမီနိုင်တော့ဘူးလို့ ကျွန်မ ထင်နေတာ” သူမက ရယ်မောပြီး ပြောလိုက်ပါသည်။
ချင်ယွင်သည် လီရှန်းရှန်း၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို မြင်လိုက်ရလျှင်၊ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး "အရင်ထွက်ရ အောင်။ တံခါးပိတ်တော့မယ်။" ဟု ပြောလိုက်သည်။
လီရှန်းရှန်းသည် ချင်ယွင်၏ စကားကိုကြားသောအခါတွင်၊ သူမသည် တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သူမကိုယ်သူမ သိလိုက်ရသည်။ သူမသည် နားရွက်နားက ဆံပင်တွေကို ပွတ်သပ်ပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် လေဟာနယ်တံခါးမှ ထွက်ခွာကာ ပြင်ပကမ္ဘာသို့ ပြန်လည် ရောက်ရှိလာကြသည်။ ချင်ယွင်နှင့် အခြားလူများ ထွက်သွားပြီးသည်နှင့် တပြိုင်နက် သူတို့နောက်ကွယ်မှ တံခါးသည် ပိတ်သွားခဲ့သည် ။
ဤနေရာ၌ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ချင်ယွင် ပေါ်လာသည်ကိုမြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်သည်။
အဆုံးတွင်၊ ချင်ယွင်သည် သူမ၏ ဂျူနီယာမောင်လေး ဖြစ်သည်။ ကောင်းကင်ဘုံ ၃၆ ခု နယ်မြေတွင် ချင်ယွင်သည် မမျှော်လင့်ဘဲ တစ်စုံတစ်ရာဖြစ်ခဲ့ပါက၊ သူမသည် ဤအကြောင်းကို ရှေးဟောင်းတာအိုဆရာသခင်အား ရှင်းပြနိုင်မည် မဟုတ်တော့ပေ။
"သခင် အင်မော်တယ်ဧကရာဇ်…."
"စီနီယာအစ်မလျှို!"
လီရှန်းရှန်းနှင့် ချင်ယွင်တို့သည် အင်မော်တယ်ဧကရာဇ် လျှိုထန်းအား တချိန်တည်း ဦးညွှတ်ပြီး အရိုသေပေးလိုက်ကြသည်။
အင်မော်တယ်ဧကရာဇ် လျှိုထန်းက ခေါင်းညိတ်ပြကာ တုန့်ပြန်ပြီးနောက် ချင်ယွင်ကို မော့ကြည့်ရင်း မေးလိုက်ပါသည် "ဂျူနီယာမောင်လေးချင်၊ ဒီတစ်ကြိမ် ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲက တစ်ခုခုရလာခဲ့ရဲ့လား?"
"နည်းနည်းပါးပါးတော့ ရခဲ့ပါတယ်ဗျ။" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်သည် စီနီယာအစ်မ လျှိုထန်းကို သူ၏နှလုံးသားထဲမှ လေးစားမူရှိသည်။
ပထမဆုံး၊ လျှိုထန်း၏စွမ်းအားကို မပြောနှင့်၊ သူမ၏ အသက်သည် ချင်ယွင်ထက် အဆပေါင်း မည်မျှ များလိုက်မည်နည်း?။ နောက်ဆုံးတော့ သူမဟသည် အနှစ် ၁၀၀၀၀၀ ရှင်သန် နေထိုင်ခဲ့သော မွန်းစတာအိုကြီးတစ်ဦး ဖြစ်သည်။ ဟုတ်ပါသည်။ လျှိုထန်း၏ ရုပ်ရည်အသွင်အပြင်က အသက်သုံးဆယ်ကျော် လှပသော အမျိုးသမီးတစ်ယောက်နှင့် တူပါသည်။ သူမ၏ ရုပ်ရည်အရဖြစ်စေ၊ အသွင်အပြင်အရဖြစ်စေ၊ သူမသည် ဖော်မပြနိုင်သော ဆွဲဆောင်မှုကို ပိုင်ဆိုင်ထားသည်။
"အိုး..? ကောင်းကင်ဘုံ ၃၆ ခု နယ်မြေမှာ ဂျူနီယာမောင်လေး ချင်က ဘယ်အလွှာအထိ ရောက်ရှိခဲ့လဲ သိချင်လိုက်တာ။" လျှိုထန်းသည် ချင်ယွင်က ရိတ်သိမ်းမှု အနည်းငယ် ရရှိခဲ့သည်ဟု ကြားလိုက်သောအခါတွင်၊ စူးစမ်းချင်စိတ် အရိပ်အယောင် ပေါ်လာသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ဤ ဂျူနီယာမေင်လေးအပေါ် အထူး အကောင်း မြင်နေပုံရသည်။ သူသည် ဟိုတချိန်တုန်းက ပြိုင်ဘက်ကင်း ပါရမီအရည်အချင်းများကို ပိုင်ဆိုင်ဖူးသော ဧကရာဇ်ယူမင်ကိုပင် ယခုလိုမျိုး ဂရုမစိုက်ဖူးခဲ့ပေ။
လီရှန်းရှန်းလည်း ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ချင်ယွင်သည် ကောင်းကင်ဘုံ မည်သည့်အလွှာထိ ရောက်ရှိခဲ့လဲဆိုသည်ကို သူမလည်း သိချင်နေမိသည်။
"၁၆ အလွှာ။" ချင်ယွင် က နှာခေါင်းကို ပွတ်ပြီး ပြန်ဖြေသည်။
ချင်ယွင်၏ အဖြေကိုကြားတော့ လျှိုထန်းသည် အံ့သြသော အမူအရာ ပေါ်လာသည်။ သူမ၏ ဂျူနီယာမောင်လေးဖြစ်သူ ချင်ယွင်သည် နဝမအလွှာသာ ရောက်ရှိမည်ဟု သူမ ခန့်မှန်းထားခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ ကျင့်ကြံမှုအခြေခံမှာ အလွန်အားနည်းနေသေး သည်။ သူသည် ၁၆ အလွှာသို့ ရောက်ရှိနိုင်မည်ဟု သူမ မထင်ခဲ့ပေ။
ကောင်းကင်ဘုံ ၁၆ အလွှာ။ ယင်းက မည်သည့်အရာကို ဆိုလိုပါသနည်း?။ ၎င်းသည် တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့် ကျွမ်းကျင်သူနှင့် ညီမျှသည်ဟု ဆိုလိုပါသည်။ တော်ဝင်တာအိုနယ်ပယ် ဆဋ္ဌမအဆင့်အထိ ကျင့်ကြံနိုင်သည့် အစောပိုင်း လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင် တစ်ယောက်သည် ကြောက်စရာ ကောင်းသည့် အရာတစ်ခုပါသည်။
သို့သော်၊ ရှေးဟောင်းတာအိုဆရာသခင်က ချင်ယွင်ကို အလွန်တန်ဖိုးထားရသည်ဟူသော အတွေးက သူမအား စိတ်သက်သာရာရစေခဲ့သည် ။
သို့သော်လည်း လီရှန်းရှန်း၏ နှလုံးသားသည် မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ လှုပ်ခတ်သွားသည်။ အခြားသူများ မသိနိုင်သော်လည်း ချင်ယွင်သည် တော်ဝင်တာအို ဉပဒေသသုံးခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံထားသူဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။ သူသည် ၁၆ အလွှာသို့ ရောက်ရှိနိုင်ခြင်းကြောင့် သူ၏ ဥပဒေသ သုံးခုစလုံးသည် အနည်းဆုံး တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ ပြီဖြစ်သည်။
ချင်ယွင်သည် လျှိုထန်းနှင့် လီရှန်းရှန်းတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်နေသော အမူအရာများကို မြင်ပြီး ကူကယ်ရာမဲ့ ပြုံးလိုက်မိသည်။ အကယ်၍၊ သူရောက်ရှိခဲ့သော အလွှာအရေအတွက်ကို ပြောလိုက်မည်ဆိုရင်၊ သူမတို့ တုန်လှုပ်သွားမည်ကို သူသိထားသည့်အတွက် ရောက်ရှိခဲ့သည့် အလွှာအရေအတွက်အမှန်ကို တမင်တကာ ဖုံးကွယ်ပြီး ၁၆ အလွှာထိ ရောက်ရှိခဲ့သည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ သို့တိုင်၊ ယင်းကပင် အံ့အားသင့်မူတွေကို ဆက်တိုက်ဆွဲဆောင်နေလိမ့်ဦးမည်ဟု သူ မမျှော်လင့် ထားပါဘူး။
အကယ်၍၊ သူသာ အလွှာနှစ်ဆယ်ကို ရောက်ရှိခဲ့သည်ဟု ပြောလိုက်လျှင်၊ သူမတို့သည် ပို၍ပင် တုန်လှုပ်သွားမှာ မဟုတ်ပေဘူးလား?။
အမှန်တကယ်ဆို၊ အကယ်၍၊ ချင်ယွင်ကိုသာ နောက်ထပ် နှစ်အနည်းငယ် အချိန်ပေးလိုက်ရင်၊ သူသည် အလွှာ ၃၆ အထိ ရောက်နိုင်မည်ဟု ယုံကြည်ပါသည်။
"စီနီယာအစ်မ လျှို၊ ကျွန်တော်က ဒီတစ်ခါ မစ်ရှင်တစ်ခုအတွက် ထွက်လာခဲ့တာ။ အကယ်ဒမီက ပေးတဲ့အချိန်က ကုန်ခါနီးနေပြီ။ ကျွန်တော် ပြန်ဖို့ အချိန်ရောက်ပြီ။" ချင်ယွင်က လျှိုထန်းကို ပြောသည် ။
လျှိုထန်းက ခေါင်းညိတ်ပြီး ပြောသည် "မင်း ပြန်ထွက်လာတာနဲ့ ပြန်သွားမှာကို ဆရာကြီးက မျှော်လင့်ထားပြီးသားပါ။ ဒါကြောင့် ဒီတစ်ခါ မင်းနဲ့အတူ ပြန်မလိုက်တော့ဘူး ဆိုပြီး ပြောခိုင်းလိုက်တယ်။ တကယ်လို့ မင်းအနေနဲ့ ရှင်ခြင်းသေခြင်းဆေးပြားရရင် သူ့ကို လာရှာပါတဲ့။ ဒါက မင်းလိုချင်တဲ့ ကောင်းကင်ဘုံ နဂါးသစ်သီးပဲ။ ဒါကိုယူပြီး မင်းရဲ့မစ်ရှင် အတွက် ပေးလိုက်ပါ။ ပြီးတော့၊ ကျင်းရှန်ကိုလည်း သတိထားဖို့ မင်းကို ပြောခိုင်းလိုက် တယ်”။
ချင်ယွင်က ကောင်းကင်ဘုံနဂါးသစ်သီးကို ယူလိုက်ပြီး၊ လျှိုထန်းကို ခေါင်းညိတ်ပြကာ၊ ကျေးဇူးတင်စကား ဆိုလိုက်သည် "ကျေးဇူးတင်ပါတယ် စီနီယာအစ်မလျှို"
"တကယ်လို့၊ မင်းမှာ အခက်အခဲရှိရင် စီနီယာအစ်မကို လာရှာလို့ရတယ်။ ဒါက ငါ့ရဲ့ ဆက်သွယ်ရေး အင်မော်တယ်အဆောင်ပဲ။ သွားတော့။" လျှိုထန်းက ပါးစပ်ဖွင့်ပြီး ပြောလိုက်ပါသည်။ ထို့နောက်မှာတော့၊ သူမ၏လက်ထဲတွင် နောက်ထပ် အင်မော်တယ် အဆောင်တစ်ခု ပေါ်လာပါသည်။
ချင်ယွင်သည် အင်မော်တယ်ဧကရာဇ် လျှိုထန်းအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ ဆက်သွယ်ရေး အင်မော်တယ်အဆောင်ကို လက်ခံပြီးနောက်၊ သူသည် ချက်ချင်းဆိုသလို လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
လျှိုထန်းသည် ချင်ယွင် ထိုနေရာမှ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူမသည် ပြန်လှည့်လာပြီးနောက် အနီရောင်နှုတ်ခမ်းတွေကို သွေးထွက်အောင် ကိုက်ထားသည့် လီရှန်းရှန်းကို ကြည့်လိုက်မိသည်။ ထို့နောက်၊ သူမသည် ခေါင်းကို အသာအယာ ယမ်းပြီးနောက် ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
လီရှန်းရှန်းသည် ချင်ယွင် ထွက်ခွာသွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်ပြီး၊ စိတ်ရှုပ်ထွေးသော အမူအရာ ဖြစ်ပေါ်နေပါသည်။