အခန်း ၈၆၉
Vol. 58 Ch. 869
အခန်း (၈၆၉) ကြားဖြတ်အနှောင့်ယှက်ကြုံတွေ့ရခြင်း။
ချင်ယွင်သည် လီရှန်းရှန်းက သူ့အပေါ် အကောင်းမြင်နေပြီ ဖြစ်သည်ကို သိထားသော ကြောင့်၊ သူ ထွက်ခွာခဲ့သောအခါတွင်၊ အရှုပ်အရှင်းတွေကို အမြန် ဖြတ်တောက်နိုင်ဖို့ သူမအား တမင်တကာ နှုတ်မဆက်ဘဲ ထွက်လာခဲ့လေသည်။
ဤအရာက အနည်းငယ် ရက်စက်ကြောင်း သူသိသော်လည်း၊ နက်နက်ရှိုင်းရှိုင်း နစ်မြုပ် ပြီးနောက်မှ ထိုသို့လုပ်ဆောင်ခြင်းထက် များစွာ သာလွန်နေပါသေးသည်။
ဝှီး…။
ချင်ယွင်၏ ရုပ်အသွင်သည် တာချင်း အင်မော်တယ်မင်းဆက်၏ လေဟာနယ် အတားအဆီးကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ထဲတွင် ပေါ်လာ သည်။ သူသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ အလျင်စလို လျှောက်လာခဲ့ပါ သည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှာ ကိစ္စအရပ်ရပ်ကို ဖြေရှင်းပြီးနောက် သူ၏ အမေကို ကယ်တင်ရန် အမှောင်ထုချောက်နက်ထဲကို သူ သွားတော့မည်။ ထို့နောက် သူသည် အမုန်းအာဃာတအားလုံးကို ဖြေရှင်းရန် တော်ဝင်ချင် အင်မော်တယ်မင်းဆက်သို့ တိုက်ရိုက် သွားရောက်မည် ဖြစ်သည်။
ဘန်း…။
သို့သော်၊ ထိုအခိုက်အတန့်တွင် ချင်ယွင်သည် လေဟာနယ်ထဲမှ ကြောက်စရာ ကောင်းသော အငွေ့အသက်ကို ရုတ်တရက် ခံစားလိုက်ရပြီး သူ့အား ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။
ဤအငွေ့အသက် ထွက်ပေါ်လာသည့်အခိုက် ချင်ယွင်သည် သူ၏ အရိုးများ အေးစက်သွား သလို ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး..”။
ချင်ယွင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် တယ်လီပို့ စနစ်အား အလျင်အမြန် အသုံးပြုလိုသော်လည်း သူ၏လှုပ်ရှားမှုများသည် တစ်လှမ်းချင်း လမ်းလျှောက်နေသလို နှေးကွေးနေသေးသည်။
"ဘုန်း….”။
ဤကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်း လွင့်ပျံသန်းကာ အဝေးမှ ကြယ်တစ်စင်းကို ပစ်ဝင်တိုက်ပြီး၊ ကြယ်တစ်စင်းလုံးကို တိုက်ရိုက် ထိုးဖောက်ကာ နောက်ဆုံးတွင် အခြားကြယ်တစ်ခုပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။
ချင်ယွင်သည် ထိုကြယ်၏တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည်။ သူ၏ခန္ဓာကိုယ်မှ နှလုံးသားကို ရိုက်ခတ်သည်အထိ နာကျင်ကိုက်ခဲမူကို ခံစားလိုက်ရပါသည်။ ဤအခိုက် အတန့်တွင် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများ အပါအဝင် သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲအက်သွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။ အကယ်၍၊ သာမန် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင်၊ သူသည် ဤထိုးနှက်ချက်ကြောင့် ပျက်စီးဆုံးရှုံးသွားသည်မှာ ကြာပြီဖြစ်သည်။
"အယ်”။ မင်း တကယ်မသေသေးပါဘူးလား?။ လင်းဖေး မင်းလက်ထဲကို ကျရောက်သွား တာ အံ့သြစရာ မဟုတ်တော့ဘူး" လေဟာနယ်မှ အေးစက်စက် အသံက ထွက်ပေါ်လာ သည်။ ထို့နောက် စိမ်းပြာရောင် ၀တ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲတွင် ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အင်မော်တယ် ဧကရာဇ်တစ်ပါး ၏ စွမ်းအားကို ထုတ်လွှတ်နေသည်။
"အင်မော်တယ် ဧကရာဇ်၊ မင်းကို ကျန်းရှန်က လွှတ်လိုက်တာလား။" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။
"မျိုးမစစ်ကောင်၊ မင်းက တကယ်ကို ဉာဏ်ကောင်းတယ်။ မှန်တယ်၊ ငါက ဧကရာဇ် မင်းမြတ် တာချင်းရဲ့ လက်အောက်ရှိ အင်မော်တယ် ဧကရာဇ် သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ထာဝရစိမ်းလန်းခြင်းပဲ”။ အစိမ်းရောင်ဝတ်ထားသော အမျိုးသားက ရယ်မောရင်း ပြောလိုက်သည်။
ချင်ယွင်သည် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)၏ စကားကို ကြားပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
ဧကရာဇ်မင်းမြတ် တာချင်းသည် သူ့အား ဤမျှလောက် အလေးထားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ့ကိုသတ်ဖို့ အင်မော်တယ် ဧကရာဇ်တစ်ပါးကိုပင် အမှန်တကယ် စေလွှတ်လိုက်သည်။ သူ၏ လက်ရှိခွန်အားဖြင့်၊ အင်မော်တယ် ဧကရာဇ် မပြောနှင့်၊ နှောင်းပိုင်းအဆင့် အင်မော်တယ် ဘုရင်ကိုပင်လျှင် သူ့အနေဖြင့် အနိုင်ယူနိုင်မည် မဟုတ်ပေ။
အခု ဧကရာဇ်မင်းမြတ် တာချင်းသည် သူ့ကိုသတ်ဖို့ အင်မော်တယ် ဧကရာဇ်တစ်ပါးကို စေလွှတ်လိုက်ပါသည်။ သူ့ကို သေအောင်သတ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံရသည်။
"ကျန်းရှန်, ကျုပ်က ခင်ဗျားကိုသတ်ဖို့ မသွားရသေးဘူး၊ ဒါတောင် ခင်ဗျားက ကျုပ်ကိုသတ်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီ။ ကောင်းပြီလေ၊ ကျုပ်ချင်ယွင် ဒီရန်ငြိုးကို မှတ်သားထားမယ်။ ဒီနေ့ ကျုပ် မသေဘူးဆိုရင်၊ ကျုပ် ခင်ဗျားကို သေချာပေါက် ဆယ်ဆ ပြန်ပေးဆပ်ခိုင်းမယ်" သူ၏လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ချင်ယွင်၏ မျက်လုံးတွေထဲ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တွေ ထွက်ပေါ်လာသည်။
"ဟမ့်၊ မျိုးမစစ်ကောင်လေး၊ မင်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို ငါ စုံစမ်းပြီးပြီ။ မင်းရဲ့ ကြီးထွားနှုန်းက အရမ်းကို မြန်ဆန်တယ်ဆိုတာ ငါ သိတယ်။ ဒါကြောင့် ဒီနေ့ မင်းကို ငါ့လက်ကနေ လွတ်မြောက်အောင် ငါ သေချာပေါက် ခွင့်မပြုနိုင်ဘူး။ အဲဒါကြောင့် မင်းကို ဒီမှာ အချိန်အတော်ကြာကတည်းက စောင့်နေခဲ့တာ။ ရည်ရွယ်ချက်ကတော့ မင်းကို ဒီမှာ ကြားဖြတ်တိုက်ခိုက်ပြီး သတ်ပစ်ဖို့ပဲ” အင်မော်တယ်ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)က စကားပြောရင်း ရယ်မောလိုက်သည်။ အစွမ်းထက်သော ဧကရာဇ် အငွေ့အသက်က သူ၏ခန္ဓာကိုယ်မှ လွင့်ပျံလာပြီး သူ၏ လေသံမှာ ပို၍ပင် ခံ့ညားထည်ဝါ လာလေသည်။
ထိုစကားကိုကြားတော့ ချင်ယွင်၏ မျက်လုံးတွေက ပြင်းထန်သော အလင်းရောင်တစ်ခုနှင့် အတူ ချက်ချင်း လင်းလက်သွားခဲ့သည်. ဤအင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)သည် သူ ဆန့်ကျင်တိုက်ခိုက်နိုင်သော အရာမဟုတ်ပေ။ အတင်းအဓမ္မ တိုက်ခိုက်ခြင်းသည် သေလမ်းတစ်ခုသာဖြစ်လိမ့်မည်။ ထို့ကြောင့်၊ ချင်ယွင်သည် ထိုနေရာမှ ပျောက်ကွယ်သွားစေရန် တယ်လီပို့စနစ်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။
"ဟမ့်၊ မင်းက ငါ့ရှေ့မှာ တယ်လီပို့စနစ်ကို အသုံးပြုနေတယ်။ မင်းက သေခြင်းတရားကို တောင်းခံနေတာလား။"
သို့သော်လည်း ချင်ယွင် ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)၏ မျက်လုံးများတွင် မထီမဲ့မြင် အရိပ်အယောင် ပေါ်လာသည်။
သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်အတူ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏ဝတ်စုံလက်မောင်းမှ ပျံထွက်သွားပြီး လေဟာနယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
"ဖူး…။"
မူလက ထွက်ပြေးလွတ်မြောက်ရန် တယ်လီပို့စနစ်ကို အသုံးပြုခဲ့သော ချင်ယွင်သည် ဤကြောက်စရာကောင်းသော စွမ်းအားက သူ၏ရင်ဘတ်ကို ချက်ချင်း ထိမှန်သွားသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူ၏ ခန္ဓာကိုယ်သည် အဝေးရှိ ဂြိုလ်တစ်ခုပေါ်သို့ တစ်ဖန် ပြင်းထန်စွာ ကျရောက်သွားပြန်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တယ်လီပို့စနစ်ကိုတောင်မှ အတင်းအကြပ် ဖြတ်တောက်ပစ်နိုင်တယ်။" ချင်ယွင်၏ မျက်လုံးများက အံ့အားသင့်မှုကို ထင်ရှားစေသည်။
တယ်လီပို့စနစ်ကို အသုံးပြု၍ ထွက်ပြေးခြင်းက အခြားတဖက်လူ၏ အတင်းအကျပ် နှောက်ယှက်မူကို ခံရမည်ဟု သူ မမျှော်လင့်ထားပေ။
"ဟမ့်၊ အင်မော်တယ်ဧကရာဇ်တွေရဲ့ နည်းလမ်းတွေကို မင်းအနေနဲ့ ဘယ်လိုလုပ် နားလည်နိုင်မှာလဲ?" အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)သည် လက်ဖဝါးကို ဆန့်ထုတ်ရင်း ရယ်မောလိုက်သည်။ သူ၏လက်ဖဝါးသည် ကောင်းကင်ကို ဖျက်စီးပြီး မြေကြီးပြိုကွဲစေသော စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။
ချင်ယွင်သည် အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)၏လက်မှ စွမ်းအင်အတက်အကျလှိုင်းများကို ဓားကဲ့သို့ ထက်ရှနေသော အမူအရာဖြင့် ကြည့်လိုက်ပါ သည်။ ဤအခိုက်အတန့်တွင်၊ အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)၏ လက်မှ ထုတ်လွှတ်နေသော စွမ်းအားသည် သူ၏ဦးရေပြားကို အဝေးမှပင် ထုံစေခဲ့သည်။
အကယ်၍၊ ဤလက်ဖဝါး၏ စွမ်းအားတွေ အားလုံးက သူ့ကို ထိမှန်သွားမည်ဆိုရင်၊ ချက်ချင်း သေသွားမည်ကို သူ့အနေဖြင့် သံသယမရှိပါဘူး။ သူသည် လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ဖြင့် ပြန်လည်ကုစားရန် အခွင့်အလမ်းပင် မရှိနိုင်ပေ။
"မျိုးမစစ်ကောင်လေး၊ ဒီဧကရာဇ်ရဲ့လက်ထဲမှာ အသေခံရတာ မင်းအနေနဲ့ ဂုဏ်ယူလိုက်စမ်းပါ။ အင်မော်တယ်ဘုရင်တစ်ယောက်အနေနဲ့ မင်းအတွက် ဒီဧကရာဇ်က ကိုယ်တိုင်ကိုယ်ကျ လုပ်ရှားပေးရတာနဲ့တင် ဂုဏ်ယူစရာကောင်းနေပါပြီ။ ကောင်းပြီ၊ ဒီကိစ္စကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။" အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)က ရယ်မောရင်း လှောင်ပြောင်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် လက်ဖဝါးတစ်ဖက်ကိုဆန့်ကာ ချင်ယွင်ဆီသို့ ရိုက်ချလိုက်သည်။ လက်ဖဝါးတွင်ပါရှိသော ဖိအားက ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို မြေပြင်ပေါ်သို့ ဖိချပြီး မထနိုင်ဖြစ်စေသည်။
ဤလက်ဖဝါးရိုက်ချက်ကြောင့် သူ့ကို မဆိုထားနှင့်၊ ဂြိုဟ်တစ်ခုလုံး ပြာအဖြစ်သို့ ပြောင်းလဲ သွားဖွယ်ရှိသည်။
ချင်ယွင်သည် ဂြိုလ်ပေါ်ရှိ ကြီးမားသော တွင်းနက်ကြီးထဲတွင် လဲလျောင်းနေရသည်။ သူ၏ ဦးခေါင်းထက်မှ ထွက်ပေါ်လာသော ကြောက်စရာကောင်းသည့် ဖိအားတွေက သူ့ကို လှုပ်ရှားလို့မရအောင် ဖြစ်စေခဲ့သည်။ သူ၏အောက်ရှိ ဂြိုလ်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဟုန်ဖြင့် လျင်မြန်စွာ ပြိုကျသွားသည်။
“ကြည့်ရတာ ငါ ကနဦးစကြာဝဠာထဲ့သို့ ဝင်နေရုံသာ တတ်နိုင်ပုံရတော့တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ သူသည် လဲလျောင်းနေရင်း သူ့ကိုယ်သူ စည်းကမ်းတွေ ချမှတ်ထားပြီးသား ဖြစ်သည်။ အကယ်၍၊ သူသည် လွတ်မြောက်နိုင်ရန် အခွင့်ရေးရှိမည်ဆို လျှင်၊ ကနဦးစကြာဝဠာကို အသုံးမပြုဘဲ နေမည်မှာ သေချာပါသည်။ သို့သော်လည်း၊ ယခုအချိန်သည် နောက်ဆုံးနည်းလမ်းအဖြစ် သူလုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။
"ဟမ့်, ရှန်ချင်း၊ နင် ငါ့ဂျူနီယာမောင်လေးရဲ့ မျက်နှာပေါ်က အမွှေးတစ်ပင်ကို ထိဝံ့တယ် ဆိုရင်တောင်၊ ဒီနေ့ နင် အသက်ရှင်လျှက် ကျန်ရစ်ဖို့ မစဉ်းစားနဲ့။"
သို့သော်လည်း ချင်ယွင်သည် ကနဦးစကြဝဠာထဲသို့ ပြေးဝင်ခါနီးတွင်၊ အေးစက်စက် အော်သံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၊ ချင်ယွင်သည် တခဏချင်း ချောမောပြီး ပိန်ပိန်ပါးပါး အသွင်အပြင်က သူ၏ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုရုပ်အသွင်သည် သူမ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးရိုက်ချက်ကို ဖြိုခွဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ဤလှပသော ရုပ်အသွင်သည် စွမ်းအားလုံးဝ မပါရှိသကဲ့သို့ အဝေးက ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)ဆီသို့ ရိုက်လိုက်သည်။
သို့သော်၊ အဝေးမှာရှိနေသော အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု သူ၏ရင်ဘတ်ထဲကို တိုက်ရိုက် ထိုးထွင်း ဝင်ရောက် သွားပါသည်။
"ဖူး…."
အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)၏ ရင်ဘတ်တစ်ခုလုံး စုတ်ပြဲသွားပြီး၊ သူ၏အသားနှင့်အသွေးစတွေက ချက်ချင်း လွင့်ပျံသွားစဉ် လျှိူထန်းကို ထိတ်လန့်စွာ ကြည့်နေသည်။
"ဟမ့်, ရှန်ချင်း, ကျန်းချန်ကြောင့် ဒီနေ့ နင့်ကို ငါ မသတ်တော့ဘူး။ ဒါပေမယ့် နင် ငါ့ဂျူနီယာမောင်လေး ချင်ယွင်ကို ထပ်ပြီး တိုက်ခိုက်ဝံ့ရင် မင်းရဲ့ကံကြမ္မာက ဒီကြယ်တစ်စင်းလို ဖြစ်သွားလိမ့်မယ်။" လျှိုထန်းက ညင်သာစွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ အဝေးမှ ကြယ်တစ်လုံး ပေါက်ကွဲသွားလေ သည် ။
အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)သည် အံတင်းတင်းကြိတ်ကာ လျှိုထန်းကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ အင်မော်တယ်ဧကရာဇ် လျှိုထန်း၊ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ရဲ့ ကြင်နာမှုကို ငါ အမှတ်ရနေမှာပါ။ နောင်မှာ ငါ ပြန်ဆပ်ပါ့မယ်"
ထိုသို့ပြောပြီးနောက် အင်မော်တယ် ဧကရာဇ် ထာဝရစိမ်းလန်းခြင်း (ရှန်ချင်း)သည် ချက်ချင်းပင် လေဟာနယ်ထဲသို့ တိုးဝင်ပြီး ပျောက်ကွယ်သွားလေသည်။
ရှန်းချင်း ထွက်ပြေးသွားသည်ကို မြင်တော့ ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်း တစ်ချက်ချလိုက်မိသည်။ သူသည် ရုတ်တရက် ထွက်ပေါ်လာသော စီနီယာအစ်မ လျှိုထန်းကို ကြည့်ပြီး၊ သူ၏မျက်လုံးများတွင် ကျေးဇူးတင်သည့် အရိပ်အယောင်များ ရှိနေပါသည်။