အခန်း ၈၇၀
Vol. 58 Ch. 870
အခန်း (၈၇၀) နွေဦးနှင့်ဆောင်းဦးအိပ်မက်မဟာ။
"မင်း အားလုံးအဆင်ပြေရဲ့လား?”။ လျှိုထန်းက လှည့်ကြည့်ပြီး ချင်ယွင်ကို မေးလိုက်ပါ သည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို ကြည့်ကာ သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင်၊ ချင်ယွင်၏တစ်ကိုယ်လုံးသည် ရွှံ့စေးနှင့်တူသည်။ သူ၏ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုချင်းစီသည် နဂိုအတိုင်းရှိသည့်နေရာဟူ၍ မရှိတော့ပေ။ အကယ်၍၊ သာမန်လူတစ်ဦးသာဆိုလျှင်၊ သူ သေသွားသည်မှာ ကြာမြင့်လှပါပြီ။ သို့သော်၊ ချင်ယွင် သည် သေခါနီးအခြေနေမျိုးတွင် ရှိနေပုံမပေါ်ပေ။ ဤအရာက လျှိုထန်းကို အံ့သြသွားစေ သည်။
"အဆင်ပြေပါတယ်။ ကျွန်တော် ခဏနေ ပြန်ကောင်းလာမှာပါ" ချင်ယွင်က အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည်။
လျှိုထန်းသည် ထိုစကားကိုကြားတော့ သူမက ခေါင်းညိတ်ပြီး ပြောသည် "ဒါဆိုလည်း၊ မင်းရဲ့ဒဏ်ရာတွေကို အရင် ကုသလိုက်ဦး။ ငါ ဒီမှာ ခဏစောင့်ပေးမယ်"
ချင်ယွင်သည် ခေါင်းညိတ်ပြီး တခြားမည့်သည့်စကားမှ မပြောတော့ပေ။ သူသည် မျက်လုံးများကို တိုက်ရိုက် မှိတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ကို ပြုပြင်ရန် လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာနှင့် သူ၏အသက်စွမ်းအားကို စတင်စုစည်းလိုက် သည်။ နှစ်နာရီအကြာတွင်၊ ချင်ယွင်၏ခန္ဓာကိုယ်သည်လည်း စွမ်းအားနှစ်ခု၏ အရူးအမူး ပြုပြင်မူအောက်တွင် သူ၏ အထွတ်အထိပ် အခြေအနေသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိသွားခဲ့သည်။
ဤအရာအားလုံးကို ဘေးမှကြည့်နေသော လျှိုထန်းသည် နှိုင်းပြ၍မရသည့် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်မိသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပြန်လည် ကုသရေးစွမ်းရည်ကို သူမအနေဖြင့်ပင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ၎င်းသည် အသက်စွမ်းအား ကောင်းကင်တာအိုကို ကျင့်ကြံထားသော အင်မော်တယ်ဧကရာဇ်များ၏ ပြန်လည်ကုစားနိုင်စွမ်းနှင့်ပင် နှိုင်းယှဉ် နိုင်ဖွယ်ရှိသည်။
"ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်မလျှို၊ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက်။" ချင်ယွင်က ပြန်လည်ကောင်းမွန်လာပြီးနောက် မတ်တပ်ထရပ်ကာ လျှိုထန်းကို ဦးညွှတ်လိုက်သည်။
အကယ်၍၊ လျှိုထန်းသာ အချိန်မီ မရောက်ရှိခဲ့ပါက၊ သူသည် ခွေးလေခွေးလွင့်ကဲ့သို့ ကနဦး စကြာဝဠာတွင် ပုန်းနေရပေလိမ့်မည်။
"မင်း ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ဆရာကြီးက ငါ့ကို လာခိုင်းလိုက်တာ။ မင်းကို သတ်ဖို့ တစ်ယောက်ယောက်ကို ကျန်းရှန်က စေလွှတ်လိမ့်မယ်လို့ သူက မျှော်လင့်ထားပြီး သား။ ဒါ့ကြောင့်၊ သူက မင်း နောက်ကနေ လိုက်လာပြီး မင်းကို ကာကွယ်ပေးဖို့ ငါ့ကို ခိုင်းခဲ့တယ်လေ။" လျှိုထန်းက ပြောသည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် စီနီယာအစ်မ လျှိုထန်းသည် အဘယ်ကြောင့် ပေါ်လာရသနည်းဟု သူ အံ့သြနေမိသည်။ ဤအရာအားလုံးကို ရှေးဟောင်းတာအိုဆရာသခင်က စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းတာအိုဆရာသခင်သည် ကျန်းရှန်ဆိုသောဝံပုလွေ၏ ရည်မှန်းချက်တွေကို သိပြီးသား ဖြစ်ပုံရပါသည်။
"သွားရအောင်။ ရှန်ချင်းက ငါ့ကြောင့် ဒဏ်ရာရပြီး ပြန်မလာနိုင်ပေမယ့် လုံခြုံ ဘေးကင်းဖို့ အတွက် မင်းကို ငါ ကောင်းကင်ဘုံ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ပို့ပေးခဲ့ မယ်။" အင်မော်တယ် ဧကရာဇ် လျှိုထန်းက ပြောသည်။
ချင်ယွင်သည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီး၊ အဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်မှာတော့ အင်မော်တယ် ဧကရာဇ် လျှိုထန်းသည် ချင်ယွင်၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး လေဟာနယ်ထဲကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လိုက်ပါသည်။
ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ကြယ်များထက်တွင် ပြန်လည် ပေါ်ထွက်လာချိန်တွင်၊ သူ၏ရှေ့ရှိ ရှုခင်းများကိုသာ ခံစားလိုက်ရသည်။
"ဘယ်လောက်မြန်လိုက်လဲ?။ ဒါက ဒဏ္ဍာရီလာ တယ်လီပို့လုပ်ဆောင်ခြင်း ဖြစ်နိုင်မလား" ချင်ယွင်သည် သူနှင့် အလွန်နီးကပ်နေသော ကောင်းကင်လေနတ်ဘုရား အကယ်ဒမီကို ကြည့်ကာ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။
သူသည် ဤနေရာနှင့် အလင်းနှစ် ဘီလီယံပေါင်းများစွာ ဝေးကွာသောအရပ်မှာ ရှိနေခဲ့သော်လည်း၊ ယခုမူ သူသည် ဤနေရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိ လာခဲ့သည်။ ထို့ကြောင့်၊ တယ်လီပို့လုပ်ဆောင်ခြင်း၏ အကွာအဝေးသည် အမှန်တကယ် ဝေးကွားလွန်းလှသည်။
"မှန်တယ်၊ ဒါက ကြီးမားတဲ့တယ်လီပို့လုပ်ဆောင်ခြင်းပဲ။ အနာဂတ်မှာ၊ မင်း အင်မော်တယ် ဧကရာဇ်နယ်ပယ်ကို ရောက်တဲ့အခါ၊ မင်းလည်း ဒါကို လုပ်ဆောင်နိုင်ပါ လိမ့်မယ်။" အင်မော်တယ်ဧကရာဇ် လျှိုထန်းက ပြုံးလိုက်သည်။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သော်လည်း၊ သူ၏စိတ်ထဲတွင် မတွေးဘဲ မနေနိုင်ပါချေ။ အချို့သော အင်မော်တယ်ဧကရာဇ်များသည် တယ်လီပို့ ပြုလုပ်နိုင်သော်လည်း၊ လျှိုထန်းကဲ့သို့ လူအနည်းငယ်သာ ဤမျှလောက် အကွာဝေးကြီးကို တိုက်ရိုက် တယ်လီပို့ ပြုလုပ်နိုင်ပါလိမ့်မည်။
"ကောင်းပြီ၊ ငါ မင်းကို ဒီနေရာရောက်အောင် ပို့ပြီးပြီဆိုတော့၊ ငါ ထွက်သွားဖို့ အချိန်ရောက် ပြီ။ ဂျူနီယာမောင်လေး ချင်ယွင်၊ ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အခါ၊ မင်းက ပိုပြီး အံ့သြဖို့ကောင်းလာမယ်လို့ ငါ မျှော်လင့်တယ်။" လျှိုထန်းက ညင်ညင်သာသာ ပြုံးပြပြီး၊ သူမ၏ မျက်ခုံးကွေးတွေက ညှို့ငင်ဖမ်းစားခြင်း အရိပ်အယောင်တွေ သယ်ဆောင်နေ သည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ်သွားပြီး၊ သူ၏တစ်ကိုယ်လုံး အေးခဲသွားသည်။
ချင်ယွင်၏ ထိတ်လန့်သွားသော အမူအရာကို မြင်လိုက်ရသည်နှင့် လျှိုထန်းသည် ချက်ချင်းပင် ပန်းခက်များ တုန်ခါသွားပြီး၊ သူမ၏ရင်နှစ်မွှာပင် နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်အထိ ရယ်မောလိုက်သည်။ ထို့နောက်၊ သူမသည် ဆွဲမက်ဖွယ် အပြုံးနှင့် အတူ ချင်ယွင်၏ မြင်ကွင်းထဲမှာ ကွယ်ပျောက်သွားခဲ့သည်။
လျှိုထန်းသည် သူ၏အကြည့်မှ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် ချက်ချင်းပင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။
ဤစီနီယာအစ်မ လျှိုထန်းသည် မိန်းမပျိုလေးတစ်ဦးအဖြစ် မိမိကိုယ်မိမိ ထုတ်ဖော် ပြသသောအခါ၊ သူမသည် အမှန်တကယ်ပင် အမျိုးသားထုကြီးကို သတ်ပစ်မည့် လူသတ်လက်နက်ဖြစ်သည်ဟု ဆိုရပေမည်။ နိစ္စဓူဝ မိန်းမလှလေးများကို မြင်နေရသော ချင်ယွင်ပင်လျှင် အနည်းငယ် သည်းမခံနိုင်ခဲ့ပေ။
သို့သော်လည်း ချင်ယွင်သည် ဤမိန်းမလှလေးသည် နှစ်ပေါင်း ၁၀၀၀၀၀ နေထိုင်ခဲ့သော သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည်ဟု တွေးကြည့်လိုက်သောအခါတွင်၊ ချင်ယွင်သည် သူ၏ ကျောရိုးများ အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်သွားခဲ့ သည်။ ချင်ယွင်သည် ပျံလွင့်စပြုလာသော အတွေးများကို ရပ်တန့်ကာ ကောင်းကင်လေ အင်မော်တယ်ကျွန်းသို့ ဝင်ရောက်ရန် ပြင်ဆင်ထားသည့် တယ်လီပို့စနစ်၏ ဦးတည်ရာ ဆီသို့ လျှောက်သွားခဲ့သည်။
ကောင်းကင်ကြယ် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါထဲမှာ, ခါးသီးဖွယ် တရားထိုင်ပြီး ကျင့်ကြံနေသော ဘုန်းကြီးတစ်ပါးကဲ့သို့ အမြဲတမ်း အေးဆေးငြိမ်သက်နေသော အဘိုးအိုသည် ထိုနေရာမှာပင် မလှုပ်မယှက် ထိုင်နေဆဲပင်။
ချင်ယွင်သည် အဖိုးအိုရှေ့သို့ လျှောက်သွားပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။ သူ၏ ကျင့်ကြံမှု တိုးမြင့်လာသည်နှင့်အမျှ ချင်ယွင်သည် အဖိုးအို၏ ကြောက်လန့်စရာကောင်းမှု ကို ခံစားခဲ့ရသည်။
သို့သော်၊ ချင်ယွင်သည် ဂါရဝပြုပြီးသည့် နောက်တွင်၊ အမြဲတစေ ရုပ်တုနှင့်တူသော အဘိုးအိုသည် မျက်လုံးများကို အနည်းငယ် ဖွင့်၍ ချင်ယွင်ကို ကြည့်လိုက်လေသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ အဘိုးကြီး မျက်လုံးဖွင့်လာလိမ့်မည်ကို သူ မမျှော်လင့်ခဲ့သည်မှာ ထင်ရှားပါသည်။ သူသည် တခဏကြာအောင် အနည်းငယ် လန့်သွားခဲ့ပြီး "စီနီယာပါ” ဟု ခေါ်လိုက်ပါသည်။
"ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်က လျှိူထန်နဲ့ မင်းရဲ့ဆက်ဆံရေးက ဘာလဲ?" အဘိုးကြီးက မေးသည်။ သူ၏အသံက တော်ဝင်တာအို၏ ရိုက်ခတ်သံကဲ့သို့ပင် အက်ရှရှနိုင်ပြီး၊ ချင်ယွင်၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
"စီနီယာ၊ သူမက ကျွန်တော်ရဲ့ စီနီယာအစ်မပါ" ချင်ယွင်က ပြန်ဖြေသည်။
အဘိုးအိုက ချင်ယွင်ကို တိတ်တဆိတ် ကြည့်ပြီးနောက် သူက ခေါင်းညိတ်ပြီး ပြောသည် "ဒါဆို ပထမနှစ်ကြိမ်တုန်းက မင်းရဲ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အင်မော်တယ်ဧကရာဇ် စွမ်းအင် အတက်အကျလှိုင်းတွေက မင်းရဲ့ ဆရာ ရှေးဟောင်းတာအိုဆီကနေ ဖြစ်ပေါ်လာတာ လား?။
ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ၏မျက်လုံးတွေ ချက်ချင်း ပြူးကျယ်သွားပါသည်။
ဤအဘိုးအိုသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်ဧကရာဇ်၏ အငွေ့အသက်များကို အမှန်တကယ် ခံစားနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ပထမအကြိမ်နှစ်တုန်းကဆို၊ ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ထဲရှိ လေဟာနယ်ထဲတွင် ပုန်းကွယ်နေခဲ့သည်။
ချင်ယွင်သည် ဤအကြောင်းကို ပို၍တွေးတောလေ၊ သူ၏နောက်ကျောက ပို၍ အေးစက်လာသလိုပင် ခံစားလိုက်ရသည်။ ဤအဘိုးကြီးသည် သူ၏မျက်လုံးတွေကို ဖွင့်မထားသော်လည်း အရာအားလုံးကို မြင်နေပုံရပါသည်။
"ဟုတ်ကဲ့ပါ၊ စီနီယာ၊ ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
ဤအဘိုးကြီးရှေ့မှာ သူ မလိမ်ဝံ့ပါဘူး။ ဤအဘိုးအိုသည် ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သူ သေချာပေါက်သိသည်။ သို့သော် အဘိုးအို၏ နောက်စကားတွေက သူ့ကို အလွန် တုန်လှုပ်သွားစေခဲ့သည်။
"ဟမ်၊ ဒီအဖိုးကြီး ရှေးဟောင်းတာအိုက သူ့မိတ်ဆွေဟောင်းကြီးကို တွေ့တုန်းမှာတောင် နှုတ်ဆက်ဖော်မရဘူး။ အခု၊ သူက ကောင်းကင်ဘုံ ကျောက်စိမ်းရေကန်မှာ နေခဲ့တာလား? ။" အဘိုးအိုက အော်မေးလိုက်သည်။
ချင်ယွင်၏ မျက်နှာသည် အံ့ဩခြင်းများဖြင့် ပြည့်နေခဲ့သည်။ ဆိုတော့၊ သူ၏ရှေ့မှ ဤအဘိုးကြီးသည် တကယ်တော့ ရှေးဟောင်းတာအိုဆရာသခင်၏ မိတ်ဆွေဟောင်းကြီး ဖြစ်နေပါသည်။ ထိုသို့ဆိုလျှင်၊ ဤအဘိုးကြီးသည်လည်း အနည်းဆုံး နှစ် ၁၀၀၀၀၀ သက်တမ်းရှိ မွန်းစတားကြီးလည်း ဖြစ်သည်ဟု ဆိုလိုရာမရောက်ပေဘူးလား?။
"ချာတိတ်လေး၊ မင်းက မဆိုးပါဘူး၊ ပြင်းပြင်းထန်ထန် ကျင့်ကြံလိုက်တာနဲ့ မင်းရဲ့ အနာဂတ် အောင်မြင်မှုတွေက ဧကရာဇ်ယူမင်ထက် နိမ့်ကျတော့မှာ မဟုတ်ဘူး။ ဒီရှေးဟောင်းတာအိုရဲ့ စိတ်နေသဘောထားက မကောင်းပေမယ့် သူ၏မျက်လုံးတွေက စူးရှပြီးရင်း စူးရှနေတုန်းပဲ။ သူ့ရဲ့တပည့်တိုင်းက တခြားသူတွေထက် ပိုသန်မာတယ် ။ ." အဖိုးအိုက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။
"စီနီယာရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ဒီဂျူနီယာက စီနီယာရဲ့ နာမည်ကို မသိရသေးပါဘူး" ချင်ယွင်က အစမ်းသဘောဖြင့် မေးကြည့်လိုက်ပါ သည်။
"ဟား..၊ ဟား…၊ လောလောဆယ်၊ မင်း ငါ့နာမည်ကို သိနေစရာ မလိုပါဘူး။ မင်းမှာ ခွန်အားတွေ လုံလုံလောက်လောက် ရှိလာခဲ့ရင်၊ မင်း သဘာဝအတိုင်း သိလာပါလိမ့်မယ်။ ချာတိတ်လေး၊ မင်းရဲ့ ကျင့်ကြံမှုကို အာရုံစိုက်သင့်တယ်။ ကောင်းပြီ ငါလည်း အနားယူဖို့ လိုတယ်။ သွားတော့။" အဘိုးအိုက အမိန့်ပေးပြီး သူ၏မျက်လုံးတွေကို မှိတ်လိုက်ပါသည်။
အဘိုးအို၏ စကားကိုကြားတော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။ သူသည် အဖိုးအိုအား နောက်တစ်ကြိမ် ဦးညွှတ်ကာ၊ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါထဲသို့ တိုက်ရိုက် ဝင်သွားခဲ့သည်။
သို့သော် သူသည် ပြောစရာစကားမရှိ ဖြစ်နေခဲ့သည်။ ဤအဘိုးအိုသည် ဤနေရာတွင် နက်နဲသိမ်မွေ့သော ကောင်းကင်တာအို ဉပဒေသများကို ကျင့်ကြံနေသည်ဟု မူလက သူ ထင်ခဲ့သော်လည်း၊ သူသည် အမှန်တကယ် အိပ်ပျော်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ဘန်း..။
တယ်လီပို့စနစ်က အလင်းတန်းတစ်ချက် လင်းလက်သွားပြီးနောက် ချင်ယွင်၏ ရုပ်အသွင်က ပျောက်ကွယ်သွားခဲ့သည်.
သို့သော် ချင်ယွင် ပျောက်ကွယ်သွားသည်နှင့်အမျှ အဖိုးအိုသည် သူ၏မျက်လုံးတွေကို ပြန်ဖွင့်ကာ ပြုံးယောင်သမ်းလာသည် "ဘယ်လောက်တောင်မှ စိတ်ဝင်စားဖို့ ကောင်းတဲ့ ကောင်လေးလဲ။ ရှေးဟောင်းတာအို၊ မင်းရဲ့ လှုပ်ရှားမှုတစ်ဝက် ဆုံးရှုံးသွားပြီဆိုတော့၊ မင်းရဲ့ခန္ဓာကိုယ်လည်း ဆုံးရှုံးသွားပြီထင်တယ်။ မင်းကို လှောင်ပြောင်ဖို့ ဒီလို အခွင့်အရေး ကောင်းကြီးကို ငါ ဘယ်လိုလုပ် စွန့်လွှတ်နိုင်ပါ့မလဲ?။
ထိုစကားကို ပြောပြီးနောက် အဘိုးအိုသည် မျက်လုံးများကို ပြန်မှိတ်ထားလိုက်ပြန်သည်။ သိပ်မကြာခင်မှာပင်၊ သူ၏ခန္ဓာကိုယ်ထဲမှ ရုပ်အသွင်တစ်ခုသည် ပြေးထွက်သွားပြီး လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
အကယ်၍၊ ချင်ယွင်သည် ဤနေရာတွင်ရှိနေခဲ့ပါက သူ၏ယခင်ထင်ကြေးပေးမှုအတွက် ရှက်ရွှံ့နေမည်မှာ သေချာပါသည်။ အဘယ့်ကြောင့်ဆိုသော အင်မော်တယ်ကမ္ဘာတွင် “နွေဦးနှင့်ဆောင်းဦးအိပ်မက်မဟာ”ဟုခေါ်သော အကြီးမြတ်ဆုံး ကျင့်ကြံခြင်းပညာရပ် တစ်ခု ရှိနေသောကြောင့် ဖြစ်ပါသည်။ (ထိုအဘိုးကြီးသည် ထိုပညာရပ် ကျင့်ကြံနေသည် ကို ချင်ယွင်က အိပ်နေသည်ဟု ထင်ကြေးပေးခဲ့သည်ကို ပြန်ရှင်းပြဟန်တူပါသည်)။
စာစဉ် (၅၈) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။