← Chapters

အခန်း ၈၇၁

Vol. 59 Ch. 871

အခန်း ၈၇၁

Vol. 59 Ch. 871

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၉)။

ဘာသာပြန်သူ နေဇင်။

အခန်း (၈၇၁) ယွမ်ဂျူ။

ကောင်းကင်လေ အင်မော်တယ်ကျွန်းသို့ ဝင်ရောက်ပြီးနောက် ချင်ယွင်သည် ကောင်းကင် နဂါးသစ်သီးကို မစ်ရှင်ခန်းမသို့ လွှဲပြောင်းပေးခဲ့သော်လည်း၊ အဆုံးတွင် သူရရှိသော အမှတ်များမှာ အလွန်နည်းပါးပါသည်။

ယခုအချိန်တွင်၊ ချင်ယွင်တွင် အမှတ်တစ်သန်းပင် မရှိတော့ပါ၊ သူနှင့် အမှတ် ၁၀ သန်းကြား အကွာအဝေးက ပို၍ပင် ဝေးကွာလာပါသည်။

သို့သော် ဤတစ်ကြိမ်တွင် သူနှင့် အောင်းဖန်သည် အမှတ်ငါးသန်း လောင်းနိုင်ခဲ့သည်။ ယခုတော့၊ အောင်းဖန်ကို သူ၏အစွမ်းဖြင့် သတ်နိုင်မည်မှာ လုံးဝ သေချာသွားပါပြီ။ ထို့အပြင်၊ အောင်းဖန်၏ နဂါးမီးလျှံပုလဲကိုပါ ထည့်တွက်လျှင်၊ ချင်ယွင်သည် အမှတ် ခြောက်သန်းကို ချက်ချင်းရရှိနိုင်သည်။ ဤနည်းဖြင့်၊ အောင်းဖန်ဆီမှ အမှတ် ခုနစ်သန်း နီးပါးရနိုင်လိမ့်မည်။

အောင်းဖန်နှင့် ချိန်းထားသောရက်မတိုင်ခင် အချိန်သုံးလလောက် ကျန်နေပါသေးသည်။ အကူအညီမဲ့စွာဖြင့်, ချင်ယွင်သည် သူ၏သက်ကယ်အိမ်သို့ ပြန်လာရုံသာတတ်နိုင်ပြီး၊ သူအား ရှေးဟောင်းတာအိုဆရာသခင် သင်ကြားပေးခဲ့သော လေထုကာစီးခြင်းဓားသိုင်း၏ တတိယဓားကွက်ကို နားလည်အောင် ဆင်ခြင်နေခဲ့သည်။

ချင်ယွင်သည် သူ၏ကိုယ်ပိုင်ဓားသိုင်းပညာကို ပြုပြင်ရာတွင် စိတ်နှစ်မြှုပ်ထားနေချိန်မှာ၊ ကျူးယဲ့နှင့် အောင်းဖန်တို့သည် အောင်းဖန်ရှိရာ နန်းတော်တွင် စုဝေးခဲ့ကြသည်။

"အောင်းဖန်၊ ချင်ယွင် ကောင်းကင်လေ အင်မော်တယ်ကျွန်းကို ပြန်ရောက်နေပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။ သူ့ခွန်အားက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီလို့ ပြောလို့ရတယ်။ မင်းအနေနဲ့ သူ့ကို အနိုင်ယူဖို့ ယုံကြည်မှု ရှိရဲ့လား?" ကျူးယဲ့က ချင်ယွင်ကို ပြောသည်။

"ဟမ့်, ကျူးယဲ့, မင်း ဘာကိုဆိုလိုတာလဲ?။ ငါက အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် လူသားတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူးလို့ မင်း ထင်နေတာလား?”။ အောင်းဖန်သည် ချက်ခြင်းပင် ကျူးယဲ့ကို ဒေါသတကြီး စိုက်ကြည့် လာသည်။

"ငါက မင်းကို သတိပေးရုံသက်သက်ပါ။ ဒီချင်ယွင်ကို သာမန်အမြင်နဲ့ ကြည့်လို့မရဘူး။ ဒီလူက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်အဆင့်နဲ့ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုတောင် သတ်ပစ်ခဲ့တာလေ။ အခု၊ သူက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်သွားပြီဆိုတော့ သူ့ရဲ့ခွန်အားက နောက်တစ်ကြိမ် ကျိန်းသေပေါက် မြင့်တက်လာမှာပဲ။ မင်း သတိထားရင် ပိုကောင်းလိမ့်မယ်”။ ကျူးယဲ့က ရယ်ကာမောကာ ပြောလိုက်သည်။

"ဟမ့်၊ သူ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်သွားတယ်ဆိုရင်ရော ဘာဖြစ်လဲကွာ?။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်နဲ့ အင်မော်တယ်ဘုရင်တို့ ကြားမှဦ ကွာဟချက် ဘယ်လောက်ကြီးမားလဲဆိုတာ မင်း မေ့သွားပြီလား?။ တော်ဝင် တာအိုနယ်ပယ်ထဲကို မဝင်ရောက်သရွေ့၊ နောက်ဆုံးမှာတော့ အားလုံးက ပုရွက်ဆိတ် တစ်ကောင်သာသာပဲလေ။ အခု ငါ့ရဲ့မီးစွမ်းရည် ကောင်းကင်ဘုံလောင်ကျွမ်းခြင်း တော်ဝင် တာအိုဉပဒေသနဲ့ ငါ့ရဲ့မီးလျှံနဂါးပုလဲတို့က တတိယအဆင့်ကို ဖြတ်သွားပြီးသွားပြီ။ ဒါက တော်ဝင်တာအိုနယ်ပယ်ရဲ့ စတုတ္ထအဆင့်နဲ့ လုံးဝ နှိုင်းယှဉ်နိုင်တယ်”။ အောင်းဖန်က အထင်သေးစွာ ပြောသည်။

"ဒါဆို ကောင်းတာပေါ့။ မင်း မြောင်းထဲမှာ လှေမမှောက်ဖို့တော့ ငါ မျှော်လင့်တယ်" ကျူးယဲ့က ပြောသည်။

"မကြာသေးမီက နတ်ဆိုးသားရဲတွေဆီကနေ သတင်းတစ်ခုခု ကြားပြီးပြီလား?" အောင်းဖန်က မေးသည်။ သူ့အတွက်၊ ချင်ယွင်နှင့် တိုက်ပွဲသည် လုံးဝ အနိုင်သေချာနေပြီ ဖြစ်သည်။ သိပ်ပြီး စဉ်းစားနေစရာ မလိုတော့ပေ။

"နတ်ဆိုးမျိုးနွယ်ထဲမှာ သတင်းတစ်ခု ပျံ့နှံ့နေတယ်။ ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့ ရတနာဖြစ်တဲ့ နတ်နဂါးကျောက်စိမ်းတံဆိပ်ဟာ အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာပြီ ပြောနေကြတယ်။ အခုအချိန်မှာတော့ ဘယ်နေရာမှာရှိလဲဆိုတာ သူတို့ အသည်းအသန် ရှာဖွေနေကြတယ်။" ကျူးယဲ့က ပြောသည်။ နတ်နဂါးကျောက်စိမ်းတံဆိပ်အကြောင်း သူပြောနေစဉ်မှာ သူ၏မျက်လုံးတွေက ဝင်းလက်တောက်ပနေပါသည်။

"နတ်နဂါးကျောက်စိမ်းတံဆိပ်က အင်မော်တယ်ကမ္ဘာကို ပြန်ရောက်နေပြီလား?။ ကောင်းပြီ၊ ငါတို့ ဒီကိစ္စကို စုံစမ်းရမယ်။ တကယ်လို့၊ ငါသာ နတ်နဂါးကျောက်စိမ်း တံဆိပ်ကို ရခဲ့မယ်ဆိုရင်၊ နဂါးမျိုးနွယ်မှာ ငါ့ရဲ့ အဆင့်အတန်းက အရမ်းကို မြင့်တက်လာ လိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင်၊ မင်းကို ငါ သေချာပေါက် မနှိပ်စက်ပါဘူး။ ." အောင်းဖန်၏ မျက်လုံးများလည်း ဝင်းလက်တောက်ပလာသည်။

နတ်နဂါးကျောက်စိမ်းတံဆိပ်သည် နတ်ဆိုးမျိုးနွယ်၏ အဖိုးတန်ရတနာ ဖြစ်သည်။ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ရယူနိုင်ခြင်းသည် နတ်ဆိုးမျိုးနွယ်၏ အင်အားကို ဆုပ်ကိုင်ထားနိုင်သည်ဟု ဆိုလိုပါသည်။ ရည်မှန်းချက်ကြီးမားသော နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက် ဖြစ်နေသရွေ့၊ နတ်နဂါးကျောက်စိမ်းတံဆိပ်ကို မလိုချင်သူ တစ်ယောက်မှ မရှိပေ။

ထိုစကားကိုကြားတော့ ကျူးယဲ့သည် မထီမဲ့မြင်ပြုဟန် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။ သူ၏စိတ်ထဲတွင် ပို၍အထင်သေးစွာ ပြောလိုက်သည် "ဟမ့်၊ နတ်နဂါး ကျောက်စိမ်းတံဆိပ် ကို ရရှိပြီးမှတော့၊ အရူးတစ်ယောက်ကပဲ မင်းကို ပေးလိမ့်မယ်။ နတ်နဂါး ကျောက်စိမ်း တံဆိပ်နဲ့ အဖိုးတန်ဆုံး လူသားမျိုးနွယ်ရတနာအပါဝင် အားလုံးက ချင်ယွင်ဆီမှာ ရှိနေတယ်ဆိုတာကို မင်း မသိမှာကို ငါကြောက်မိတယ်”။

ကျူးယဲ့သည် ကုန်လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း အလုပ်မလုပ်ဘဲ ထိုင်နေခြင်း မဟုတ်ပေ။ သူသည် ချင်ယွင်၏ လျှို့ဝှက်ချက်များကို စုံစမ်းနေခဲ့သည်။

သေချာသည်မှာ၊ ထိုအချိန်တုန်းက ဟွမ်ထန်းလုံ၏ စံအိမ်ကြီးအိမ်သို့ ချင်ယွင်နှင့်အတူ ရောက်ရှိလာခဲ့သည့် ကောင်းကင်ဂိုဏ်း၏ တပည့်များထံသို့ စုံစမ်းမေးမြန်းရန် လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် သူ၏အမျိုးနွယ်စုကို တောင်းဆိုခဲ့သည်။ နောက်ပိုင်းတွင်၊ ကောင်းကင်ဘုံ ဂိုဏ်းသည် လူအများပြားကို သေမျိုးကမ္ဘာသို့ ဆင်းသက်ရန် စေလွှတ်ခဲ့သည်။ သို့သော် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး ပျောက်ကွယ်သွားသဖြင့် ကျူးယဲ့သည် အင်မော်တယ် ဘုရင်၏စံအိမ်သည် ချင်ယွင်ထံတွင် ဖြစ်နိုင်ကြောင်း ချက်ချင်း သံသယဝင်သွားခဲ့သည်။

ဟွန်းထန်းလုံ၏ ရတနာများနှင့်အတူ ကြီးကျယ်ခမ်းနားသော ရတနာနှစ်ပါးကို ရယူရန် တွေးတောရင်း၊ ကျူးယဲ့သည် သူ၏နှလုံးသားထဲတွင် ဖော်မပြနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်ကိုသတ်ပြီး အင်မော်တယ်ဘုရင်၏ စံအိမ်နှင့် ရတနာကြီးနှစ်ခုကို သိမ်းပိုက်ရန် မည်သူ့ထက်မဆို ပို၍ စိတ်အား ထက်သန်နေ ခဲ့သည်။

ဤကိစ္စကို သူ စဉ်းစားထားပြီးသား ဖြစ်သည်။ အကယ်၍၊ အောင်းဖန်သည် ယခုတစ်ကြိမ် ချင်ယွင်ကို သတ်ဖြတ်နိုင်ပါက၊ သူသည် အောင်းဖန်ကို လှည့်ဖြားပြီး၊ အခွင့်အရေးရှာ သတ်ဖြတ်ကာ၊ ထိုရတနာများကို သိမ်းယူမည် ဖြစ်သည်။

အကယ်၍၊ ချင်ယွင်သည် အဆုံးတွင် ကံကောင်းထောက်မပြီး အနိုင်ရသွားပါက၊ ချင်ယွင်ကို သူကိုယ်တိုင် သတ်ပစ်မည် ဖြစ်သည်။

ကျူးယဲ့နှင့် အောင်းဖန်တို့သည် ချင်ယွင်ကို မည်သို့ရင်ဆိုင်ရမည်ကို ဆွေးနွေးနေကြစဉ်၊ ကောင်းကင်လေ အင်မော်တယ်ကျွန်းရှိ ဇိမ်ခံနန်းတော်တစ်ခုတွင် အရပ်ရှည်ရှည်နှင့် သွယ်လျသော ရုပ်အသွင်ပြင်တစ်ခုသည် တော်ဝင်တာအိုထဲတွင် နစ်မြောရင်း တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံနေနေပါသည်။ အစွမ်းထက်သော တော်ဝင်တာအို ဥပဒေသ အတက်အကျ လှိုင်းများက သူ၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လျှက် ရှိပါသည်။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ အင်မော်တယ် အဆောင်တစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပျံထွက် သွားပြီး လေဟာနယ်ထဲတွင် လွင့်မျောနေလေသည်။ ထို့နောက် ဂုဏ်သိက္ခာကြီးမားသော ရုပ်ရည်အသွင်ပြင်တစ်ခု ပေါ်လာပါသည်။ ဤပုံရိပ်ပိုင်ရှင်သည် တာချင်း အင်မော်တယ် မင်းဆက်၏ ဧကရာဇ်မင်းမြတ် ကျန်းရှန်မှလွဲ၍ အခြားလူ မဟုတ်ပေ။

အရပ်ရှည်ရှည်နှင့် လူငယ်လေးသည် မျက်လုံးများကို ဖွင့်ကာ ကျန်းရှန်အား လေးလေး စားစား ဂါရဝပြုလိုက်ပြီး ပြောသည် "ဆရာ၊ ဆရာက တပည့်အတွက် ဘာညွှန်ကြားချက် များ ပေးမလို့ပါလဲ?"

"ယွမ်ဂျူ၊ မင်း ဘယ်အဆင့်ရောက်နေပြီလဲ?။ ဧကရာဇ်မင်းမြတ် တာချင်းက မေးသည်။

"ဆရာကို အစီရင်ခံပါတယ်။ ဒီတပည့်က တော်ဝင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်ကို ရောက်နေပါပြီ။" ယွမ်ဂျူဟုခေါ်သော အရပ်ရှည်ရှည်နှင့် လူငယ်လေးက ပြောသည်။

"ကောင်းတယ်။ မဆိုးပါဘူး၊ မင်း နှစ်ပေါင်း ၁၀၀ လုံးလုံး မရပ်မနား ကျင့်ကြံနေပုံရတယ်။ ငါ အရမ်းကို ကျေနပ်တယ်။"ကျန်းရှန်က ပြောသည်။

"ဆရာရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဒီတပည့်က ဆရာကြီးအတွက် စိုးရိမ်စရာတွေကို အမြန်ဆုံး ဝေမျှနိုင်ဖို့ သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံပါ့မယ်" ယွမ်ဂျူက လေးစားစွာ ပြောသည်။

"ဟုတ်ပါပြီ။ ဒီနေ့ ငါ မင်းကိုလာရှာရခြင်းက ပြဿနာတစ်ခု ရှိနေလို့ပဲ။ မင်းတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှာ ချင်ယွင်ဆိုတဲ့ တပည့်တစ်ယောက်ရှိတယ် ဆိုတာ မင်း သိရဲ့လား?။" ကျန်းရှန်က ပြောသည်။

"ချင်ယွင်လား..?။ သူ့အကြောင်း တစ်ခါမှ မကြားဖူးပါဘူး။ ဆရာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို စုံစမ်းခွင့်ပြုပါ" ယွမ်ဂျူသည် သူ၏လက်ထဲတွင် ရှိနေသော ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ချက်ချင်း ထုတ်လိုက်ပြီး၊ ကောင်းကင်အဆင့်တွင် ချင်ယွင်ကို စတင်ရှာဖွေတော့သည်။

ယွမ်ဂျူသည် အဆင့် ၁၀၀၀ နေရာသို့ ရောက်သည်အထိ ချင်ယွင်၏အမည်ကို မတွေ့ခဲ့ရပေ။

"ဆရာ၊ ဒီချင်ယွင်က ကောင်းကင်အဆင့် ထိပ်ဆုံး ၁၀၀၀ မှာရှိတဲ့ ပုရွက်ဆိတ် တစ်ကောင်သာသာပါပဲ။ ဆရာက သူ့ကို ဘာလို့ ရှာနေတာလဲ?” ယွမ်ဂျူက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဒီချင်ယွင်က မင်းရဲ့ဂျူနီယာညီ လင်းဖေးကို သတ်ပစ်လိုက်တယ်။ မင်း သူ့ကိုသတ်ဖို့ အခွင့်အရေးတစ်ခု ရှာစေချင်တယ်။ သူ့ရဲ့ကျင့်ကြံမှုအခြေေ သူ့ရဲ့ခွန်အားနဲ့ လုံးဝ မတူဘူးဆိုတာကိုတော့ သတိရပါ။ သတိလက်လွတ် မလုပ်မိစေနဲ့။" ကျန်းရှန်က ပြောသည်။

"သူက ဂျူနီယာလင်းဖေးကို သတ်လိုက်တာလား?။ ယွမ်ဂျူသည် မျက်မှောင်ကြုတ်ပြီး သူ၏ အမူအရာက လေးနက်လာသည်။

သူသည် တုံးအသူတစ်ယောက် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူသည် အလွန် ထက်မြက်သူ ဖြစ်သည်။ သူ၏ဂျူနီယာညီ လင်းဖေးကို သတ်နိုင်ပြီး၊ သူ၏ဆရာ၏ အလွန် အာရုံစိုက်မူကို ခံရသူတစ်ယောက်က မလွယ်ဘူးဆိုသည်မှာ သေချာပါသည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်ကို ကောင်းကင်အဆင့်တွင် အဆင့် ၁၀၀၀ တွင် ရှိသောကြောင့် မထီမဲ့မြင် မပြုခဲ့တော့ပေ။

"ကောင်းပါပြီ ဆရာ၊ တပည့်က သူ့ကို သေချာပေါက် သတ်ပစ်ပါ့မယ်" ယွမ်ဂျူက ကျန်းရှန် အား ပြောလိုက်သည်။

"အင်း၊ သိပ်လည်း မစိုးရိမ်ပါနဲ့။ ဒီကောင်ရဲ့ စွမ်းအားက အများဆုံး တော်ဝင်တာအို နယ်ပယ်ရဲ့ ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့် လောက်ပါပဲ။ မင်းရဲ့ ခွန်အားနဲ့ဆို၊ မင်းအနေနဲ့ သူ့ကို ရင်ဆိုင်ဖို့ လုံလောက်မှာပါ။ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ ငါ မျှော်လင့်တယ်။" ကျန်းရှန်က ပြောသည်။

"ဟုတ်ကဲ့ပါ ဆရာ”။ ယွမ်ဂျူက ကမန်းကတန်း ပြန်ဖြေလိုက်သည်။

ကျန်းရှန်က ခေါင်းညိတ်ပြပြီးနောက်၊ သူ၏ပုံရိပ်ယောင် ရုပ်အသွင်က အင်မော်တယ် အဆောင်ထံ ပြန်လာခဲ့သည်။

ကျန်းရှန်၏ ရုပ်အသွင်ပျောက်ကွယ်သွားသည်ကို ယွမ်ဂျူက စောင့်ကြည့်နေခဲ့ပြီး၊ ချင်ယွင်ကို ဂရုတစိုက် စုံစမ်းရန် ကိုယ်ရေးအချက် တံဆိပ်ပြားကို စတင် အသုံးပြုလိုက် သည်။

"အယ်? နောက်သုံးလမှာ၊ ဒီချင်ယွင်က နဂါးမျိုးနွယ်ရဲ့ အောင်းဖန်ကို တကယ် တိုက်ခိုက် မှာပါလား။ ကောင်းတာပေါ့။ ဒီချင်ယွင်ရဲ့ စွမ်းအားကို ကောင်းကောင်းကြည့်ရူးဖို့ ဒီအခွင့်အရေးကို ငါ အရယူနိုင်တယ်။" ယွမ်ဂျူသည် လေဟာနယ်ကို ကြည့်ကာ ပြောလိုက်သည်။

All Chapters