အခန်း ၈၇၂
Vol. 59 Ch. 872
အခန်း (၈၇၂) ကောင်းကင်ဘုံထိုးဖောက်ခြင်းဓား။
ကောင်းကင်လေအင်မော်တယ်ကျွန်းပေါ် ချင်ယွင်၏အိမ်ရှေ့ရှိ ရေကန်အထက်တွင်….။
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏လက်ထဲတွင် ကိုင်ထားပြီး လေဟာနယ်ထဲ တွင် ငြိမ်သက်စွာ ရပ်နေကာ သူ၏မျက်လုံးများကို အနည်းငယ် မှိတ်ထားပါသည်။
ဘန်း…။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ကြောက်မက်ဖွယ် ကောင်းသော ဓားအငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ မျက်လုံး အနည်းငယ် မှိတ်ထားသည့် ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်လုံးများ သည် အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်အတက်အကျများဖြင့် ပြည့်နေခဲ့သည်။
ထို့နောက်တွင်၊ ချင်ယွင်၏ဓားမှ ကြောက်မက်ဖွယ်ကောင်းပြီး စိတ်နှလုံး ခြောက်ခြားဖွယ် စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် လေဟာနယ်ကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့ပြီး ပြိုကျတော့မည့် အရိပ်အယောင်ပင် ရှိနေခဲ့သည်။
ဝှီး…..။
ချင်ယွင်သည် ချက်ချင်းပင် ဓားဖြင့် ခုတ်လိုက်သည်။ တုနှိုင်းမရအောင် ခမ်းနားလှသော ဓားအလင်း ထွက်ပေါ်လာခြင်းမရှိသလို စိတ်ကူးယဉ်ဆန်ဆန် ဓားသိုင်းကွက်မျိုးလည်း မရှိခဲ့ပါဘူး။ သို့သော် ဤဓား၏အစွမ်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤဓားမှ ပျံ့နှံ့ထွက်ပေါ်လာ ဓားအစွမ်းသည် ပေတစ်ရာရှည်လျားသည့် ဧရာမလေဟာနယ်အက်ကြောင်းကြီးတစ်ခုအဖြစ် ဆုတ်ဖြဲပစ်လိုက်သည်။
ချင်ယွင်သည် ဤကြီးမားသော လေဟာနယ်အက်ကြောင်းကြီးကို မြင်သောအခါ၊ သူ၏ မျက်လုံးများသည် ရွှင်လန်းသော အမူအရာ ပေါ်လာပါသည်။
ဤဓားချက်သည် လွန်ခဲ့သည့်သုံးလအတွင်း သူနားလည်ထားခဲ့သော လေထုကာစီးခြင်း ဓားသိုင်း၏ တတိယမြောက် ဓားကွက်ဖြစ်ပြီး၊ ကောင်းကင်ဘုံ ထိုးဖောက်ခြင်းဓား ဖြစ်သည်။
"ဒီဓားတိုက်ခိုက်မှုက ငါ အင်မော်တယ်ဘုရင်ကိုယ်ပွားကို အသုံးမပြုဘူးဆိုရင်တောင် တော်ဝင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်မှာရှိတဲ့ အင်မော်တယ်ဘုရင်တစ်ယောက်ကို သတ်ပစ်နိုင်လောက်အောင် အစွမ်းထက်တယ်။ တကယ်လို့၊ ငါသာ အင်မော်တယ်ဘုရင် ကိုယ်ပွားကို အသုံးပြုလိုက်မယ်ဆိုရင်၊ တော်ဝင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့် အင်မော်တယ်ဘုရင်တွေတောင်မှ ငါ့ပြိုင်ဘက် မဟုတ်တော့မှာ စိုးရတယ်။" ချင်ယွင်သည် သူ၏လက်ထဲမှ မြူနှင်းချောက်နက်ကို ကိုင်ထားရင်း သူ၏မျက်လုံးတွေက ခိုင်မာသော ယုံကြည်မူအလင်းရောင်ကို ထုတ်ဖော်နေသည်။
ကောင်းကင်ဘုံ ၃၆ ခု နယ်မြေထဲတွင် ချင်ယွင်၏ ရိတ်သိမ်းမှုသည် အနှိုင်းမဲ့ ကြီးမားလှပါ သည်။ ပထမချက်အနေဖြင့်၊ သူ၏ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသသည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ သူ၏ အကန့်သတ်မဲ့ အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသသည် တော်ဝင်တာအိုနယ်ပယ်၏ ပဉ္စမ အဆင့်သို့ပင် ရောက်ရှိသွားခဲ့သည်။ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို ဉပဒေသနှင့် ပတ်သက်လျှင်၊ ၎င်းက ပို၍ပင် ကြောက်စရာကောင်းသည်။ ၎င်းတို့သည် ဆဋ္ဌမအဆင့်သို့ လုံးလုံးလျားလျား ဖြတ်ကျော်သွားခဲ့သည်။
ယခုအချိန်တွင်၊ တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ အင်မော်တယ်ဘုရင် ကျွမ်းကျင်သူများအားလုံးသည် သူ၏ရှေ့တွင် ချက်ချင်းပင် အသတ်ခံရနိုင်သည်။ သတ္တမအဆင့်ရှိ အင်မော်တယ်ဘုရင်များအတွက်မူ၊ သူ၏အင်မော်တယ်ဘုရင်ကိုယ်ပွားကို အသုံးပြုပြီးနောက်၊ ၎င်းတို့သည် သူ့ကို အနည်းငယ်မျှ ခြိမ်းခြောက်မှု မပြုလုပ်နိုင်တော့ ပေ။
ထို့ကြောင့်၊ ချင်ယွင်၏ ကောင်းကင်ဘုံ ၃၆ ခုနယ်မြေထဲ၌ သုံးနှစ်တာ ကျင့်ကြံမှုသည် နှစ်ပေါင်းရာနှင့်ချီ၍ ကြိုးစားအားထုတ်မှုနှင့် ညီမျှပါသည်။
ချင်ယွင်သည် သူ၏ဓားသိုင်းကို ခံစားနေချိန်တွင်၊ ကောင်းကင်လေရင်ပြင်ရှိ လွင့်မျော စင်မြင့်သည် လူများဖြင့် ပြည့်ကျပ်နေပြန်သည်။
ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွက်အထိပ်အဆင့်ကို နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်ဖြင့် အနိုင်ယူခဲ့သော နောက်ဆုံးအကြိမ်တုန်းက ထိုတိုက်ပွဲသည် လူတိုင်း၏အမှတ်တရများတွင် ဆန်းသစ်နေဆဲ ဖြစ်သည်။ ယခု ချင်ယွင်သည် အောင်းဖန်ကို တိုက်ခိုက်မှာဖြစ်သောကြောင့် ထိုတပည့်များ သည် ပို၍ပင် စိတ်ဝင်စားလာကြသည်။ ချင်ယွင်က ဒီရေလှိုင်းကို နောက်ပြန်လှည့်ပြီး အောင်းဖန်ကို အနိုင်ယူနိုင်မလားဆိုသည်ကို သူတို့ အမှန်တကယ် သိချင်နေခဲ့ကြသည်။
ဟုတ်ပါသည်။ လူအများစုက ချင်ယွင်ကို အကောင်းမြင်စိတ် မရှိကြသေးပါဘူး။ သူတို့၏ မျက်လုံးများတွင် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်း အဆင့်တွင်သာရှိပြီး၊ အင်မော်တယ်ဘုရင်အဆင့်မှာပင် ရှိမနေခဲ့ချေ။ သူက အောင်းဖန်၏ ပြိုင်ဘက် မည်သို့ ဖြစ်နိုင်မည်နည်း?။
အောင်းဖန်သည် ကောင်းကင်အဆင့်တွင် အဆင့် ၇၀၀ ရှိသည်။ ချင်ယွင်သည် မည်မျှပင် အစွမ်းထက်နေပါစေ တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်ရှိ အင်မော်တယ်ဘုရင် တစ်ယောက်ကို အနိုင်ယူရန်ဆိုသည်မှာ မဖြစ်နိုင်ပါဘူး။
"ဟင်း.....၊ ဒီချင်ယွင်ကတော့ ဆုံးခန်းတိုင်သွားပါပြီလေ။ သူက အောင်းဖန်ကို စော်ကားခဲ့ တယ်။ ဘာပဲဖြစ်ဖြစ်၊ အောင်းဖန်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး။"
"မှန်တယ်။ အောင်းဖန်က သူ့ကို သေချာပေါက် လက်စားချေလိမ့်မယ်။ အရင်တုန်းက လည်း သူ့ကို စိန်ခေါ်သူ ဒါမှမဟုတ် သူကစိန်ခေါ်သူ အားလုံးကိုလည်း သူ့က သတ်ပစ်ခဲ့ တာချည်းပဲ။ ဒီတစ်ကြိမ်မှာတော့ သူက စိန်ခေါ်တာကို လက်ခံရန် ချင်ယွင်ကို ဆွဲဆောင်နိုင် ဖို့အတွက် အမှတ်ငါးသန်းလောက်ကို အသုံးပြုခဲ့တာ။ ဒါက ချင်ယွင်ကို အမှန်တကယ် သေခြင်းတရားကို ရှာဖွေနေတာလားလို့ မေးလိုက်တာပဲလေ”။
"ဟမ့်၊ ဒီချင်ယွင်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေတယ်လို့ ငါထင်တယ်၊ သူက အမှတ် ငါးသန်းအတွက်နဲ့ သူ့အသက်ကိုတောင် အဆုံးရှုံးခံတယ်။ ကြည့်ရတာ သူက ရူးနေလို့ပဲ ဖြစ်လိမ့်မယ်"
"အမှတ်ငါးသန်း။ ငါတောင် အရမ်းကို မနာလို ဖြစ်နေမိပြီ။ ဒီချင်ယွင် ငါးစာသွားဟပ်တာ အံ့သြစရာ မဟုတ်တော့ဘူး"
ကောင်းကင်လေရင်ပြင်၏ လွင့်မျောစင်မြင်ပေါ်တွင် ပရိသတ်များက ဆွေးနွေးကြသည်။
ယွမ်ဂျူသည် ယခုအချိန်တွင် လွင့်မျောစင်မြင့်တစ်ခုပေါ်တွင် ရပ်နေပါသည်။ သူ၏ ဘေးနားက လူများ၏ ဆွေးနွေးသံတွေကို ကြားတော့ သူ၏မျက်ခုံးတွေက မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ၏အမြင်အရတော့ ချင်ယွင်သည် ဤလူတွေပြောနေသလို ဤမျှလောက် ဆိုးဝါးနေ သည်မှာ မဖြစ်နိုင်ပါဘူး။ သူ၏ဂျူနီယာညီ လင်းဖေးကို သတ်နိုင်သူသည် တော်ဝင်တာအို နယ်ပယ်၏ စတုတ္ထအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသင့်သည်။ အောင်းဖန်ကို ကြည့်လိုက် တော့ သူက တော်ဝင်တာအိုနယ်ပယ်၏ တတိယအဆင့်မှာသာ ရှိပါသေးသည်။ ထို့ကြောင့်၊ အောင်းဖန်သည် ကံအဆိုးဆုံးလူဟု သူ ထင်မိသည်။
ဟုတ်ပါသည်။ သူသည် ဤစကားတွေကို မည်သူ့ကိုမှ မပြောခဲ့ပါဘူး။ ဒီနေ့ သူ့ခရီးစဉ်၏ ရည်ရွယ်ချက်ကတော့ ချင်ယွင် မည်မျှ သန်မာလဲဆိုသည်ကို သိရှိဖို့ပင် ဖြစ်ပါသည်။ သူ အကြောက်ဆုံးကတော့ အောင်းဖန်သည် ချင်ယွင်၏ စစ်မှန်သော အင်အားကို မစမ်းသပ် နိုင်မှာကိုပါ။
အောင်းဖန်သည် ရင်ပြင်တွင်ရပ်ကာ သူ၏ပတ်ဝန်းကျင်ရှိ လူများ၏ ဆွေးနွေးမှုများကို နားထောင်နေသော်လည်း သူ၏မျက်လုံးများသည် အထင်အမြင်သေးပြီး ကဲ့ရဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
သူသည် ကောင်းကင်လေရင်ပြင်တွင် တစ်နာရီနီးပါးကြာအောင် ရပ်နေခဲ့သော်လည်း ချင်ယွင်သည် မည်သည့်အခါမှ ပေါ်မလာခဲ့ပေ။ သို့သော် ထူးဆန်းနေသည်မှာ သူ လုံးဝ စိတ်ဆိုးခြင်း မရှိခဲ့ခြင်းပင်။
ဤအရာသည် သူ အလွန်အံ့အားသင့်ခဲ့ရသည့် အရာဖြစ်သည်။ နောက်ဆုံးတွင် သူ အဘယ့်ကြောင့် စိတ်မဆိုးရသနည်းဆိုသည်ကို သူ နားလည်သွားခဲ့သည်။ အဘယ့်ကြောင့် ဆိုသော်၊ သူ၏အမြင်အရဆိုလျှင်၊ ချင်ယွင်သည် အနှေးနှင့်အမြန်ဆိုသလို သူ၏လက်၌ သေဆုံးရလိမ့်မည်ဖြစ်သောကြောင့် သူသည် အချိန်အနည်းငယ် ပိုကြာအောင် အသက်ရှင် နေမည်ဆိုလျှင် အရေးမကြီးတော့ပေ။
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်၏ ရုပ်အသွင်သည် ကောင်းကင်လေရင်ပြင်ပေါ်တွင် ပေါ်လာပြီး အောင်းဖန်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေလေသည်။
ချင်ယွင်၏ ထွက်ပေါ်လာမူနှင့်အတူ၊ ထူထဲသော အလင်းအကာကွယ်အလွှာသည် ကောင်းကင်လေရင်ပြင် တစ်ခုလုံးတွင် ပေါ်လာသည်။
"ကြည့်စမ်း၊ ဒီချင်ယွင် ထွက်ပေါ်လာပြီ။ သူ ဘယ်လိုလုပ် ပေါ်လာတာလဲ?။"
"မှန်တယ်၊ သူ့ပုံရိပ်ကို ကျွန်တော်တောင် မမြင်လိုက်ရဘူး။ ချက်ချင်းကြီး ရင်ပြင်ထဲမှာ ပေါ်လာသလိုပဲ။"
"ဒါက တယ်လီပို့လုပ်တာများ ဖြစ်နိုင်မလား?"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ သူက အင်မော်တယ်ဘုရင်နယ်ပယ်ကိုတောင် မရောက်သေးဘူးလေ။ တော်ဝင်တာအိုရဲ့ ဉပဒေသတွေကို နားမလည်ဘဲ၊ သူက ဘယ်လိုလုပ် တယ်လီပို့ လုပ်နိုင်မှာလဲ?။"
ချင်ယွင် ပေါ်လာသည်ကို လူအုပ်ကြီးက မြင်လိုက်ရတော့ ချက်ချင်း ဆွေးနွေးကြပြန် သည်။
လွင့်မျောစင်မြင့်ပေါ်ရှိ ယွမ်ဂျူသည် ဤမြင်ကွင်းကို တွေ့မြင်ခဲ့ရသော်လည်း၊ သူ၏နဖူးက သုံးရက်ကြာတူးထားသည့် နက်ရှိုင်းသော လျှိုမြောင်တစ်ခုကဲ့သို့ တွန့်ရှုံ့သွားခဲ့သည်။ သူ၏မျက်လုံးအစုံက ချင်ယွင်ကို ဖြတ်ပြီး မြင်ချင်သလိုဟန်ဖြင့် ချင်ယွင်ကို စိုက်ကြည့်နေ သည်။
"မင်း မလာရဲဘူးလို့ ငါက ထင်နေတာ" အောင်းဖန်က ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည်။
ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာသည်ကို သူ နားမလည်ခဲ့ပါ။ သူ၏အမြင်အရ ချင်ယွင်သည် မှော်ရတနာအချို့၏စွမ်းအားကို အသုံးပြုကာ ဖုံးကွယ်နည်းအချို့ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
"မင်းကို အနိုင်ယူပြီးရင် ငါ အမှတ်ခြောက်သန်း ရနိုင်မှာလေ။ ငါက ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ" ချင်ယွင်သည် အောင်းဖန်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"ခြောက်သန်းလား?။ ငါ မင်းကို ကတိပေးထားတာ ငါးသန်းမဟုတ်ဘူးလား။" အောင်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မှန်ပါတယ်၊ မင်းကိုအနိုင်ယူပြီးရင် ငါ့မှာ အမှတ်ငါးသန်းပဲ ရှိလာမှာပါ။ ဒါပေမယ့် မင်းကိုသတ်ပြီးနောက် မင်းရဲ့မီးနဂါးပုလဲကို ကောင်းကင်ရတနာနန်းတော်ဆီ ရောင်းလိုက် ရင် နောက်ထပ် အမှတ်တစ်သန်းရလာမှာ မဟုတ်ဘူးလား။" ချင်ယွင်က ရယ်မောကာ ပြန်ဖြေသည်။
"မင်း... မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ”။ အောင်းဖန်၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် ချက်ချင်း တောက်ပလာသည်။
ချင်ယွင်၏စကားများက ချင်ယွင်သည် သူ၏မီးနဂါးပုလဲကို ကောင်းကင်ရတနာ နန်းတော် သို့ ရောင်းချသည့်ကိစ္စကို အမှတ်ရသွားစေသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး အမှတ် ၂၀၀၀၀၀ သူ့ကို အချည်းနှီး ဆုံးရှုံးသွားစေခဲ့သည်။ ချင်ယွင်က သူ့ကို တကယ် သတ်ပြီး မီးနဂါးပုလဲကို ကောင်းကင်ရတနာနန်းတော်မှာ ထပ်မံရောင်းချမည်ဆိုသည်ကို ကြားလိုက်ရတော့ အောင်းဖန်က ချင်ယွင်ကို စုတ်ဖြဲပစ်လိုစိတ်ပင် ဖြစ်ပေါ်စေသည်။
"ဘုန်း…”။
တော်ဝင်တာအိုနယ်ပယ် တတိယအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက်၏ စွမ်းအားသည် အောင်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး အကန့်အသတ်မရှိသော အငွေ့အသက်က ကောင်းကင်လေရင်ပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။
"ချင်ယွင်၊ မင်းက ငါ့နဂါးမျိုးနွယ်တော်ဝင်မိသားစုရဲ့ အခွင့်အာဏာကို ထပ်ခါထပ်ခါ စိန်ခေါ်နေခဲ့တယ်။ ချင်ယွင်, ဒီနေ့တော့ မင်းငါ့ကို စော်ကားတဲ့အတွက် ဘာဖြစ်မယ်ဆိုတာ မင်းသိအောင် ငါ ပြောပြမယ်။ စိတ်မပူနဲ့ ငါမင်းကို ချင်ချင်း သေပစ်မှာ မဟုတ်ဘူး။ မင်းရဲ့အရိုးတွေကို အလွယ်တကူ ကိုက်ဖြတ်ပြီး မင်းကို နာကျင်စွာ သေဆုံးစေမယ်။" အောင်းဖန်၏ မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ကောင်းပြီလေ၊ ဒီနည်းလမ်းက တကယ်ကို ကောင်းပါတယ်။ မင်း စမ်းကြည့်လို့ ရပါတယ်။" ချင်ယွင်၏ မျက်လုံးများသည် အပြုံးယောင်သမ်းနေပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာသည်။