← Chapters

အခန်း ၈၇၄

Vol. 59 Ch. 874

အခန်း ၈၇၄

Vol. 59 Ch. 874

အခန်း (၈၇၄) ဖင်းဂေါ့ဂ်များ ပြန်လည်ထွက်ပေါ်လာခြင်း။

“ဘုန်း..”။

ချင်ယွင်၏ သံမဏိလက်သီးနှင့် အောင်းဖန်၏ နဂါးခြေသည်းတို ထိပ်တိုက် တွေ့ဆုံသွားခဲ့ သည်။

“ဖျစ်….”

အရိုးကွဲအက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။ ကြည်လင်ပြတ်သားသော အသံသည် သိပ်မထင်ရှားသော်လည်း ရောက်ရှိနေသူ လူတိုင်း ကြည်လင်ပြတ်သားစွာ ကြားနိုင်ပါသည်။

“အား….”။

ထိုနောက်မှာတော့၊ လူတိုင်း၏နားထဲတွင် ဝမ်းနည်းကြေကွဲဖွယ်အော်သံတစ်ခု ထွက်ပေါ် လာပါသည်။ အောင်းဖန်၏ လက်မောင်းတစ်ခုလုံးသည် ချင်ယွင်၏ လက်သီးကြောင့် တိုက်ရိုက် အသွင်ပြန်ပြောင်းသွားပြီး သူ၏လက်မောင်းရှိ အရိုးများ လုံးဝ ကွဲအက်သွားခဲ့ သည်။

"ဘာလဲဟ" လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်း မျက်လုံးပြူးသွားကြသည်။ နဂါးတစ်ပိုင်း အခြေအနေတွင် ရှိနေသော အောင်းဖန်သည် တစ်စုံတစ်ဦး၏ လက်သီးချက်ဖြင့် အမှန်တကယ် ထိုးနှက်ခံရသည်။

သို့သော် သူတို့သည် ပို၍ပင် တုန်လှုပ်သွားကြသည်။ ချင်ယွင်၏ လက်သီးချက်ကြောင့် အောင်းဖန်၏ လက်မောင်းသည် အစိပ်စိပ်မွှာမွှာ ကြေမွသွားပြီးနောက်၊ ချင်ယွင်သည် ရပ်တန့်ခြင်း မရှိခဲ့ပေ။ ယင်အစား သူသည် လျှပ်စီးလက်သလို ထပ်ပြီး လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။ ထိုလက်သီးချက်သည် အောင်းဖန်၏ ဘယ်ဘက်ရင်ဘတ်ကို တိုက်ရိုက် ထိသွားခဲ့သည်။

အောင်းဖန်၏ ရင်ဘတ်ပေါ်ရှိ နီမြန်းသော အကြေးခွံများသည် ဤကြောက်မက်ဖွယ် ကောင်းသော လက်သီးချက်အောက်တွင် ပေါက်ကွဲသွားပြီး သူ၏နောက်ကျောသည်ပင် ဖောင်းကားလာခဲ့သည်။

“ဖူး…”။

အောင်းဖန်သည် ပါးစပ်အပြည့် သွေးတွေကို အန်ထုတ်လိုက်ရသည်။ သူ၏မျက်လုံးတွေက မယုံနိုင်သည့်အမူအရာ ဖြစ်ပေါ်နေသည်။ နဂါးတစ်ဝက်အသွင်ပြောင်းခြင်းကို အသုံးပြု ထားစဉ်မှာပင် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် လူသားတစ်ဦးထက် နိမ့်ကျနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"မဖြစ်နိုင်ဘူး၊ ဒါက လုံးဝ မဖြစ်နိုင်ဘူး။ ငါ့နဂါးမျိုးနွယ်ရဲ့ ကိုယ်ခန္ဓာက အသန်မာဆုံးပဲ။ မင်းလို လူသားတစ်ယောက်ကို ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မှာလဲ?။" အောင်းဖန်က အရူးအမူး အော်ဟစ်ပြီး သ‌ေ၏မျက်လုံးများက မနှိုင်ယှဉ်သာအောင် အနီရောင်ပြောင်းသွားခဲ့သည်။ ထို့နောက်၊ သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ချင်ယွင်ကို ထပ်မံတိုက်ခိုက်တော့မည်။

"ဟမ့်၊ နဂါးမျိုးနွယ်ရဲ့ ရုပ်ကိုယ်ခန္ဓာက သန်မာပါတယ်။ ဒါပေမယ့် မင်းရဲ့ ခန္ဓာကိုယ်က တော့ လုံလောက်အောင် မသန်မာသေးဘူး။" ချင်ယွင်၏ နှုတ်ခမ်းများက မထီမဲ့မြင် ပြုသည့်ဟန်ဖြင့် တွန့်ကွေးသွားကာ သူ၏အကြည့်တွေက ခက်ထန်လာပြန်သည်။

သူက အောင်းဖန်၏ လက်ကောက်ဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရန် သူ၏လက်ကို တိုက်ရိုက် ဆန့်ထုတ်လိုက်ပြီး၊ သူ၏လက်မောင်းက ချက်ချင်းဆိုသလို ခွန်အားတွေ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် သူသည် အောင်းဖန်၏ လက်မောင်းတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သည်။

ချက်ခြင်းပင်၊ မြင်ကွင်းက သွေးချင်းရဲရဲနီသွားပြီး၊ သရဲတစ္ဆေတွေနှင့် ဝံပုလွေတွေကဲ့သို့ သနားစဖွယ် အော်ဟစ်သံတွေ ရုတ်တရက် ထွက်ပေါ်လာပါသည်။

ချင်ယွင်သည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊ ကောင်းကင်လေရင်ပြင်၏ အနှိုင်းမဲ့ မာကျောသော ကျောက်တုံးကြီးပေါ်သို့ လှမ်းတက်လိုက်သည်။

“ဘုန်း…”။

ကျောက်တုံးကြီးသည် တိုက်ရိုက် ပေါက်ကွဲသွားပြီး မြေပြင်တစ်ခုလုံး ချက်ချင်း နစ်မြုပ်သွားခဲ့သည်။

ချင်ယွင်၏ အငွေ့အသက်သည် တောင်ပေါ်မှဆင်းလာသော ကျားတစ်ကောင်နှင့် တူသည်။ သူ၏ခါးသည် လျှို့ဝှက်ဆန်းကြယ် မိုးကြိုးကဲ့သို့ ပေါက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး ရုတ်တရက် ခုန်တက်လာခဲ့ပြီး၊ သူ၏ဒူးကို ကွေးညွှတ်ကာ အောင်းဖန်၏ ဝမ်းဗိုက်ကို အရှိန်ပြင်းပြင်းနှင့် ပစ်တိုက်လိုက်သည်။

အောင်းဖန်၏ ရင်ဘတ်သည် ဧရာမ သံတူကြီးဖြင့် ထုရိုက်သကဲ့သို့ ခံစားရသည်။ သူသည် ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်ကာ၊ နောက်ပြန် လွင့်ပျံသွားကာ၊ ကြက်သွေးရောင် အလင်းတန်းကဲ့သို့ ပြောင်းလဲသွားပြီး ကောင်းကင်လေ ရင်ပြင်၏ အကာကွယ် အလင်းဒိုင်းကို တိုက်ရိုက်ပစ်မှန်သွားခဲ့သည်။

“ဘုန်း…”။

ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားကာ၊ ဆူညံသော ပေါက်ကွဲ အသံတစ်ချက် ထွက်ပေါ်လာသည်။ ဤကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြောင့် အကာကွယ်အလင်းတန်း အပြင်ဘက်ရှိ လွင့်မျောစင်မြင့်ကိုပင် တုန်ခါသွားစေခဲ့သည်။

လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်း၏မျက်လုံးများသည် ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက် နေခဲ့ပြီး၊ ချင်ယွင်ကို ကြည့်နေကြသည့် သူတို့၏ အမူအရာတွေကလည်း အနှိုင်းမဲ့ လေးစားနေဟန် ဖြစ်ပေါ်လာသည်။

ထိုအချိန်တွင် ချင်ယွင်သည် သူတို့၏မျက်လုံးထဲတွင် ပြိုင်ဘက်ကင်း စစ်နတ်ဘုရား တစ်ပါး ဖြစ်နေသည်။ ယခုတိုက်ခိုက်မှုသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာ ကောင်းလှသည်။ အမှန်တကယ်လည်း သူတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့နေခဲ့သည်။

ဟုတ်ပါသည်၊ ချင်ယွင်၏ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းဆောင်ရည်ကို မြင်တွေ့ရသည့် အမျိုးသမီး တပည့်တချို့လည်း ရှိနေပြီး၊ ချင်ယွင်အပေါ် သူမတို့၏ လေးစားမူတွေကလည်း အဆက်မပြတ် မြင့်တက်နေပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြီးစိုးထားသော ယောက်ျားပီသမှုက သူမတို့အတွက် အမှန်တကယ် ဆွဲဆောင်မူကြီး ဖြစ်နေပါသည်။

"ဘုန်း…."

ချင်ယွင်သည် တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး မိုးခြိမ်းသံလို ပေါက်ကွဲထွက်ပြီး အောင်းဖန်ကို လုံးလုံးလျားလျား သတ်ပစ်ချင်နေသည်။

ထိုအချိန်တွင် အောင်းဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုကလည်း သူ့ကို ရူးသွပ်သွားစေ သည်။ ချင်ယွင်သည် သူ့ဆီသို့ တစ်ဖန်ပြေးလာသည်ကို မြင်လိုက်ရတော့ သူ၏ မျက်လုံးထဲတွင် နီရဲနေသော မီးတောက်များ ပေါ်လာသည်။

"ငါ မင်းကို သေစေချင်တယ်" အောင်းဖန်သည် ခေါင်းကိုမော့လိုက်ပြီး ကြောက်မက်ဖွယ် ကောင်းသော နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက်တွင်၊ လူတိုင်း၏ အမြင်အာရုံထဲ ကြီးမားသော နဂါးကိုယ်ထည်ကြီး ထွက်ပေါ်လာသည်။

ကြီးမားလှသော နဂါးကိုယ်ထည်ကြီးသည် ပေရာနှင့်ချီ ရှည်လျားပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နဂါးအငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"ဒီအောင်းဖန်ကို သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ထုတ်ဖော်ရလောက်တဲ့အထိ အတင်းအကြပ် ဖိအားပေးနိုင်ခဲ့တာလား?" လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် ကြီးမားလှသော မီးနဂါးကြီး ရင်ပြင်အထက် ကောင်းကင်ယံ၌ ပေါ်လာသည်ကို တွေ့လိုက် ရလျှင်၊ သူတို့၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

နတ်ဆိုးသားရဲများသည် သူတို့၏အစစ်အမှန် အသွင်ပြင်ဖြင့်ဆိုလျှင်၊ လူသားများထက် အဆပေါင်းများစွာ အားကောင်းသည်ကို သိထားရမည် ဖြစ်သည်။ အောင်းဖန်ကဲ့သို့ မီးနဂါးမျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်စုဝင်တစ်ဦးဆိုလျှင်၊ စကားဖြင့်ပင် ပြောစရာမလို တော့ချေ။

“အောင်း..”။

အောင်းဖန်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ၏ နဂါးခြေသည်းများက ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကို ယူဆောင်လာပြီး ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ အင်မော်တယ်ဘုရင် ကိုယ်ပွားသည် အောင်းဖန် ၏ နောက်ကျောတွင် ပေါ်လာခဲ့ပြီး ထိုရိုက်ချက်၏ စွမ်းအားကို ပို၍ပင် ကြောက်စရာ ကောင်းလာစေသည်။

ဤလက်ဖဝါးရိုက်ချက်ကြောင့် လေဟာနယ်တစ်ခုလုံး ကွဲအက်သွားသည့် အရိပ်အယောင် များပင် ပြသလာခဲ့သည်။ ဧရာမ ခြေသည်းကြီးမှ ထုတ်လွှတ်သော အပူချိန်သည် ပို၍ပင် ကြောက်စရာကောင်းသည်။

သို့သော်၊ အောင်းဖန်၏ ဧရာမခြေသည်းကြီး သူ့ဆီသို့ ဆက်လက် တိုးဝင်လာနေစဉ်မှာပင်၊ ချင်ယွင်၏ အမူအရာက မပြောင်းလဲခဲ့ပေ။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ လက်သီးနှင့် အောင်းဖန်၏ နဂါး ခြေသည်းကြီးတို့သည် ပြင်းထန်စွာ တိုက်မိသွားကာ၊ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

ချင်ယွင်၏ ရုပ်အသွင်သည် လေထဲတွင် သုံးလှမ်း နောက်ပြန် ဆုတ်သွားခဲ့ပြီး၊ အောင်းဖန်၏ နဂါးခြေသည်းကိုလည်း နောက်ပြန် တွန်းထုတ်နိုင်ခဲ့သည်။

ထိုတပည့်များအားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး၊ သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်သော အမူအရာများကို ထုတ်ဖော်ထားကြသည်။ တစ်စုံတစ်ယောက်သည် အစစ်အမှန် နဂါးတစ်ကောင်ကို ရုပ်ခန္ဓာကိုယ် ခွန်အားဖြင့် မည်သို့ တိုက်ခိုက်နိုင်မည် နည်း?။

“ဘုန်း..”။

ထိုအချိန်တွင် ကောင်းကင်ယံ၌ နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ အောင်းဖန်၏ ကြီးမားလှသော နဂါးအမြီးသည် ချင်ယွင်ကို ပြင်းထန်စွာ တိုက်ခိုက်နေသည့် ကြီးမားသော ကြာပွတ်နှင့်တူလေသည်။ နဂါးအမြီးတွင်ပါရှိသော စွမ်းအားသည် အစောပိုင်းက ဧရာမ ခြေသည်းကြီးထိပ်တွင် ပါဝင်သောစွမ်းအားနှင့် အတူတူပင် ဖြစ်သည်။

"ဟမ့်၊ တွားသွားသတ္တဝါလေးတွေက ဒီလှုပ်ရှားမှုနှစ်ခုကိုပဲ သိတာလား?။" ချင်ယွင်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုဟန် အရိပ်အယောင် ပေါ်လာသည်။ အောင်းဖန်၏ ခန္ဓာကိုယ်မှ ဖြန့်ကျက်ထွက်ပေါ်လာသည့် ဧရာမနဂါးအတောင်ပံကြီးတစ်စုံနှင့် အောင်းဖန် ၏ ခန္ဓာကိုယ်မှ ချက်ချင်းပင် ထွက်ပေါ်လာတော့မည့် နဂါးအငွေ့အသက်ကို သူ မြင်လိုက်ရသည်။

“ဘန်း..”။

ချင်ယွင်သည် သူ၏လက်များကို ဆန့်ထုတ်လိုက်ပြီး အနှိုင်းမဲ့ကြီးမားလှသော နဂါးကြီးကို ကောင်းကင်မှအောက်သို့ ဆင်းသက်ကာ ဆွဲလွှတ်လိုက်သည်။

"ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ?။ လူသား တစ်ယောက်က ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ?" လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် နဂါးတစ်ကောင်၏ စွမ်းအားကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းနေသည်ကို ကြည့်ရူရင်း အေးစက်သော လေကို ရှုရှိုက်လိုက်ကြသည်။ ဤအဆင့်ကို ပြီးမြောက်ဖို့ သူ၏ခန္ဓာကိုယ်က မည်မျှ ကြံ့ခိုင်နေဖို့ လိုအပ်မည်နည်း?။

“ဘုန်း..”။

သို့သော် သူတို့၏မျက်နှာပေါ်ရှိ ထိတ်လန့်တုန်လှုပ်မှုများ ပျောက်ကွယ်သွားခြင်း မပြုခင်မှာ ပင်၊ ပြင်းထန်သော ထိတ်လန့်ခြောက်ခြားဖွယ်အသံများ ဆက်တိုက် ထွက်ပေါ်လာသည်ကို သတိရမိသည်။

ချင်ယွင်သည် အမှန်တကယ်ပင် အောင်းဖန်၏ နဂါးအမြီးကို ဆွဲကိုင်လိုက်ပြီး ပေရာပေါင်းများစွာ ရှည်လျားသော ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးကို လှုပ်ယမ်း လိုက်ကာ၊ အောင်းဖန်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ချလိုက်သည်။

အစီအရင်ဝင်္ကပါဖြင့် ပံ့ပိုးပေးထားသည့် ကောင်းကင်လေရင်ပြင်၏ ကြမ်းပြင်သည် ဤကြောက်စရာကောင်းသော ပစ်ရိုက်ချက်ကြောင့် တစ်လက်ချင်းစီအနေဖြင့် အက်ကွဲ သွားခဲ့သည်။ အောင်းဖန်သည် ချင်ယွင်၏ ရိုက်နှက်မှုကြောင့် ပို၍ပင် ထိတ်လန့်သွားပြီး၊ သူ့ကို အသားတို့ ခုနစ်လုံးနှင့် ဟင်းသီးဟင်းရွက် ရှစ်မျိုးအထိ ပြုတ်ကျသွားစေသည်။ (ဤအရာသည် တင်စားသုံးနှုန်းခြင်းဖြစ်နိုင်သော်လည်း သိပ်ပြီး နားမလည်ပါ)။

“ဘုန်း… ဘုန်း… ဘုန်း…ဘုန်း..”။

ချင်ယွင်သည် ဤရိုက်နှက်မူ၌ လုံးဝ စွဲလမ်းသွားပုံရသည်။ သူသည် အောင်းဖန်၏ ခန္ဓာကိုယ်ကို ဝှေ့ယမ်းပြီး ကြမ်းပြင်ပေါ် အဆက်မပြတ် ပစ်ရိုက်နေခဲ့သည်။ ခဏအကြာတွင်၊ ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး လုံးဝ ပြောင်းလဲသွားခဲ့ရပြီး အောင်းဖန်သည်လည်း သေခါနီးဆဲဆဲအခြေအနေသို့ လုံးလုံးလျားလျား ရောက်သွားခဲ့ သည်။

လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် သူတို့၏ တံတွေးများကို တယောက်ပြီး တယောက် မျိုချလိုက်ကြပြီး၊ ချင်ယွင်ကိုကြည့်နေသည့် ၎င်းတို့၏ အကြည့်တွေက တုနှိုင်းမရအောင် လေးစားမူ ရှိလာကြသည်။

ဤတစ်ကြိမ်တွင်၊ ချင်ယွင်သည် ၎င်းတို့အား ပြိုင်ဘက်ကင်း ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ်ကောင်းမူကို အမှန်တကယ် ခံစားရစေခဲ့သည်။ ယင်းက သူတို့ကို ရှေးခေတ် ဖင်းဂေါ့ဂ်များ၏ ဒဏ္ဍာရီများကိုပင် အလိုအလျောက် ပဲ့တင်ထပ် အမှတ်ရသွား စေခဲ့သည်။ ၎င်းတို့သည် အင်မော်တယ် ဧကရာဇ်များနှင့်ပင် နှိုင်းယှဉ်နိုင်သော အစွမ်းကို ပိုင်ဆိုင်ထားသော ကျွမ်းကျင်သူအုပ်စု ဖြစ်သည်။

"အောင်းဖန်, ဒါကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ" ချင်ယွင်သည် သေလုမျောပါး ဖြစ်နေသော အောင်းဖန်ကို ကြည့်ကာ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပေါ်လာသည်။

ထို့နောက်၊ ချင်ယွင်၏ လက်သီးမှ အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ကနဦးစကြဝဠာ၏ ရှေးဟောင်း ဖရိုဖရဲ စွမ်းအားနှင့် ပေါင်းစပ်ထားသော ဖင်းဂေါ့ဂ်စွမ်းအား ဖြစ်သည်။ အလွန် ကြောက်စရာကောင်းလှသည်။

အောင်းဖန်သည် ဤစွမ်းအားကို ခံစားမိသောအခါ သူ၏မျက်လုံးများသည် ချက်ချင်းပင် ကြောက်ရွံ့မှုကို ထင်ရှားပေါ်လွင်စေသည်။ သူက သနားညှာတာပေးရန် အလျင်စလို တောင်းပန်လိုက်သည် "ငါ့ကို မသတ်ပါနဲ့။ ငါ ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ ပြီးတော့၊ ငါ့ရဲ့ မီးနဂါးပုလဲကိုလည်း မင်းကို ပေးနိုင်ပါတယ်... အား…..။

သို့သော်၊ သူ၏စကားမဆုံးခင် ချင်ယွင်၏ ရုပ်အသွင်သည် ဥက္ကာပျံကဲ့သို့ သူ၏ခန္ဓာကိုယ် ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

“ဘုန်း…”။

ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး ပြိုကျသွားခဲ့ပြီး၊ အောင်းဖန်၏ ကြီးမားသော ခန္ဓာကိုယ် သည်လည်း ဤကြောက်မက်ဖွယ် စွမ်းအင်၏ အပြင်းအထန် တိုက်ခိုက်မှုအောက်တွင် ပေါက်ကွဲသွားခဲ့ပြီး သွေးမိုးများအဖြစ်သို့ ပြောင်းလဲသွားပါသည်။

All Chapters