← Chapters

အခန်း ၈၇၅

Vol. 59 Ch. 875

အခန်း ၈၇၅

Vol. 59 Ch. 875

အခန်း (၈၇၅) ကျူးယဲ့ ထွက်ပေါ်လာခြင်း။

တိတ်ဆိတ်ခြင်း၊ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်း အသက်ရှုကြပ်သွားကြပြီး၊ ကောင်းကင်လေရင်ပြင်ရှိ ချင်ယွင်ကို ကြည့်ကာ သူတို့၏ နှလုံးသားများသည် ဖော်မပြနိုင်သော ထိတ်လန့်ခြောက်ခြားမှုများဖြင့် ပြည့်နှက် နေခဲ့သည်။

ဤတိုက်ပွဲက သူတို့ကို ကြီးမားသော တုန်လှုပ်ခြောက်ခြားမူကြီးကို အမှန်တကယ် ယူဆောင်လာပေးသည်။ သူတို့သည် တိုက်ပွဲမစခင်မှာ အားလုံးက ချင်ယွင်ကို သိပ်အများကြီး တွေးမထားကြပါဘူး။ သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် နဂါးမျိုးနွယ် တော်ဝင်မျိုးနွယ်စု၏ အောင်းဖန်ကို သတ်ဖြတ်ရန် အနှိုင်းမဲ့ ရက်စက် ကြမ်းကြုတ်သော သဘောထားကို အသုံးပြုခဲ့သည်။

အကယ်၍၊ အောင်းဖန်သည် တော်ဝင်တာအို၏ ဉပဒေသ၊ သို့မဟုတ် နယ်ပယ်ကွာခြားချက် ကြောင့် ရှုံးနိမ့်သွားပါက၊ သူတို့အနေဖြင့်၊ ၎င်းကို လက်ခံနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း နဂါးမျိုးနွယ် တော်ဝင်မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သော အောင်းဖန်သည် ၎င်း၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့်ပင် အမှန်တကယ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်၊ ယင်းက ၎င်းတို့ကို အလွန် တုန်လှုပ်စေခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ ပရိသတ်များ၏ အံ့အားသင့်နေသော အကြည့်များကို ဂရုမစိုက်ပေ။ ယင်းအစား၊ သူ၏အကြည့်များသည် ရင်ပြင်ထဲရှိ မီးနဂါးပုလဲပေါ်သို့ ကျရောက်သွားခဲ့သည်။

ဆယ်နှစ်အကြာပြီးနောက်၊ မီးနဂါးပုလဲသည် သူ၏လက်ထဲသို့ အမှန်တကယ် ပြန်ရောက် လိမ့်လာမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ကောင်းကင်ရတနာနန်းတော်မှ အဖိုးအိုက သူ့အား ပေးလိုက်သည့် အကြံဉာဏ်များကို ပြန်တွေးလိုက်စဉ်မှာ သူသည် ရယ်ချင်လာမိသည်။ အဆုံးမှာတော့ အောင်းဖန်သည် ​​သူ့ရည်ရွယ်ချက်နဲ့သူ ကွယ်လွန်သွားခဲ့ရှာပါပြီ။

ဝှီး…..။

ချင်ယွင်သည် မီးနဂါးပုလဲကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး၊ အမှတ်များဖြင့် လဲလှယ်ရန် အတွက် ကောင်းကင်ရတနာနန်တော်သို့ ယူဆောင်သွားရန် စီစဉ်လိုက်သည်။

"ချွပ်…။

ဤအခိုက်အတန့်တွင် ကိုယ်ရေးအချက်လက် တံဆိပ်ပြားမှ သတင်းတစ်ခု ရောက်ရှိ လာသည်။

"အောင်းဖန်ကို အနိုင်ယူနိုင်ခဲ့တဲ့ ကျောင်းသား ချင်ယွင်ကို ဂုဏ်ပြုပါတယ်။ မင်းက ကောင်းကင်အဆင့်မှာ အဆင့် ၇၀၀ နဲ့ ရမှတ် ၉၃၀၀ ရရှိပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ၊ ဒီပွဲအတွက် အမှတ် ၅ သန်းကိုလည်း ရရှိပါလိမ့်မယ်။"

ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးတွေက တောက်ပသော အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။

လွန်ခဲ့သည့် ဆယ်နှစ်အတွင်း၊ အောင်းဖန်သည် ဤအမှတ်ငါးသန်းကို စုဆောင်းရန် ကြိုးပမ်းအားထုတ်ခဲ့ရလိမ့်မည်။ သို့သော်၊ ယခု ထိုအမှတ်အားလုံးသည် ချင်ယွင်အတွက် မင်္ဂလာဝတ်စုံကို ပြင်ဆင်ပေးထားသလို ဖြစ်နေခဲ့သည်။ အောင်းဖန်အား ချေးငှား ထားသူများသည် သေလောက်အောင် ငိုနေပေလိမ့်မည်။

အမှတ်တွေရနေသရွေ့၊ ချင်ယွင်ကတော့ ဤအရာတွေကို ဂရုမစိုက်ပါဘူး။

ဘန်း…။

သို့သော် ချင်ယွင် ထွက်ခွာခါနီးတွင် ရင်ပြင်ပေါ်၌ ရုပ်အသွင်ပြင်တစ်ခု ပေါ်လာသည်။

"အယ်? ဒီကျူးယဲ့က ကောင်းကင်အဆင့်မှာ အဆင့် ၅၀၀ မဟုတ်လား?။"

ဤလူပေါ်လာသည်နှင့် တပြိုင်နက်၊ လွင့်မျောစင်မြင့်ပေါ်မှ တစ်စုံတစ်ဦးသည် ၎င်း၏ ကိုယ်ရေးအချက်လက်ကို အမှတ်ရပြီး ချက်ချင်းပင် အံ့သြစွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ သူက တော်ဝင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့် အင်မော်တယ်ဘုရင် တစ်ယောက်ပဲ။ သူက ချင်ယွင်ကို စိန်ခေါ်ချင်တာ ဖြစ်နိုင်ပါ့မလား?" တစ်ယောက်ယောက် က သူ၏စိတ်ထဲမှာ သံသယတွေ ပေါ်လာပါသည်။

"မဖြစ်နိုင်ပါဘူး၊ တော်ဝင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်တစ်ယောက်က တခြားလူတွေ ကို အနိုင်ကျင့်ဖို့အတွက်နဲ့ ချင်ယွင်ကို စိန်ခေါ်မှာတော့ မဟုတ်လောက်ပါဘူး။ ချင်ယွင်ရဲ့ ရုပ်ခန္ဓာကိုယ်က အရမ်းကို အစွမ်းထက်ပေမယ့်၊ ဒါက တော်ဝင်တာအိုနယ်ပယ်ရဲ့ စတုတ္ထ အဆင့် တိုက်ခိုက်ရေးစွမ်းအားနဲ့ ယှဉ်နိုင်ရင်ကို အတော်ဆုံး ဖြစ်နေပါပြီ။ တော်ဝင်တာအို နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်၊ သူနှင့် ချင်ယွင်တို့အကြားမှာ ကြီးမားတဲ့ ကွာဟချက်ကြီးတစ်ခု ရှိနေသေးတယ်။" လူတစ်ယောက်က ခွဲခြမ်းစိတ်ဖြာ ပြသည်။

ရုတ်​တရက်​ပင်၊​ လူအုပ်​သည် ​နောက်​တစ်​ကြိမ်​ ပြန်၍ ​​ဆွေး​နွေးလာကြပြန်သည်​။

မူလက ထွက်ခွာရန် စီစဉ်ထားသော ယွမ်ဂျူသည် ကျူးယဲ့သည် သူ့ကိုယ်သူ ကိုယ်ထင် ပြလာသည်ကို တွေ့လိုက်ရလျှင်၊ သူ၏မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ ပေါ်လွင်လာကာ ပျော်ရွှင်မူက ပေါက်ကွဲထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင်၊ အောင်းဖန်သည် ရှုံးနိမ့်ခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်၊ သူသည် အလွန် စိတ်ပျက်မိပါသည်။ အောင်းဖန်သည် ချင်ယွင်၏ စစ်မှန်သော ခွန်အားကို ထုတ်ဖော်လာရန် လုံးဝ တွန်းအားပေးနိုင်ခြင်း မရှိသေးဟု သူ ခံစားမိသည်။ သူသည် စိတ်ပျက်ပြီး ပြန်တော့မည်ဟု မူလက တွေးထားခဲ့သည်။ ယခုတော့ ကျူးယဲ့က လှုပ်ရှားတော့မည်ကို မြင်လိုက်ရတော့ သူ၏နှလုံးသားသည် ချက်ချင်းပင် မျှော်လင့်ချက် များဖြင့် တောက်ပလာခဲ့သည်။

ကျူးယဲ့သည် ချင်ယွင်၏ စစ်မှန်သော ခွန်အားကို အသုံးပြုလာရန် တွန်းအားပေး နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။

ချင်ယွင်သည် ကျူးယဲ့ကို ကြည့်ရန် ခေါင်းကို မြှောက်လိုက်ပြီး သူ၏မျက်လုံးများက အံ့သြမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ အမှန်အတိုင်းပြောရလျှင်၊ သူသည် ကျူးယဲ့ကို အမြဲ ကြောက်နေခဲ့သော်လည်း၊ ယခုတော့ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူသည် ကျူးယဲ့ကို သတ်ပစ်ရန် လုံး၀ ယုံကြည်မှု ရှိသည်။

"ချင်ယွင်၊ မင်းက ငါ့ညီအစ်ကို အောင်းဖန်ကို သတ်လိုက်ပြီ။ မင်းက ဒီလိုပဲ ထွက်သွား ချင်နေတာလား?။" ကျူးယဲ့က ချင်ယွင်ကို အေးစက်စွာ မေးခွန်းထုတ်သည်။

"အောင်းဖန်က ငါ့ကို စိန်ခေါ်တာလေ။ အခု ငါက သူ့ကို တရားမျှတစွာ အနိုင်ယူခဲ့တယ်။ ဘာလို့ ငါက ထွက်သွားလို့ မရတာလဲ?။" ချင်ယွင်က ကျူးယဲ့ကို ကြည့်ကာ ပြုံးပြီး မေးခွန်းထုတ်သည်။

"ဟမ့်၊ ကောင်းပါတယ်၊ အခု ငါ မင်းကို စိန်ခေါ်နေပြီ။ ​​မင်း လက်ခံရဲလား?" ကျူးယဲ့က တရားမျတဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားတော့ ကွင်းပြင်အတွင်းရှိ လူတိုင်းက ချင်ယွင်ကို ချက်ချင်း ကြည့်ကြသည်။ ဤကျူးယဲ့သည် အောင်းဖန်ထက် များစွာ ခွန်အားကြီးသူ ဖြစ်သည်။ ချင်ယွင်က ဤတရားမျှတစွာ စိန်ခေါ်လာသည့် တိုက်ပွဲကို သဘောတူမည်လားဟု လူတိုင်း က သိချင်နေကြသည်။ ဟုတ်ပါသည်၊ အကယ်၍၊ ချင်ယွင်သာ မိုက်ရူးရဲဆန်သူ မဟုတ်ဘူး ဆိုရင်၊ သူသည် ဤစိန်ခေါ်မှုကို လက်ခံမည် မဟုတ်ဟု သူတို့အများစုက ထင်မြင် ထားကြသည်။

ချင်ယွင်က ရယ်မောလိုက်သည်။ ကျူးယဲ့ သည် မကောင်းသော အကြံအစည်များ ရှိနေသည်ဟု သူသည် အချိန်အတော်ကြာကတည်းက သံသယဝင်ခဲ့သည်။ ကျူးယဲ့က သူ့ကို စိန်ခေါ်သည်ကို ကြားတော့ သူသည် ချက်ချင်း သဘောပေါက်သွားခဲ့သည်။

သူ၏ညီအစ်ကိုအတွက် လက်စားချေလိုခြင်းက လုံးဝ အတုအယောင်သာဖြစ်ပြီး၊ ကျူးယဲ့ သည် သူ၏လျှို့ဝှက်ချက်အတွက် ယခုလို ပြုလုပ်ခြင်းဖြစ်သည်။

"သူ ဘာလျှို့ဝှက်ချက်တွေများ ရှာတွေ့သွားလဲ ငါ သိချင်လိုက်တာ" ချင်ယွင်က သူ၏စိတ်ထဲမှာ လှောင်ရယ်ရင်း တွေးလိုက်သည်။

ကျူးယဲ့သည် မည်သည့်လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့သည် ဖြစ်စေ ချင်ယွင်သည် ယခု အချိန်တွင် ကြောက်လန့်ခြင်း မရှိတော့ပါဘူး။ ကနဦးစကြာဝဠာဖြင့်ဆိုလျှင်၊ အကယ်၍၊ အင်မော်တယ် ဧကရာဇ်များပင်လျှင် သူ့ကိုသတ်ဖြတ်ရန် အခက်တွေ့ရပေလိမ့်မည်။ သို့သော် ကျူးယဲ့သည် သူ့အား အလိုလို လာရောက်ရှာဖွေလာသောကြောင့် ချင်ယွင်သည် ထိုအခွင့်အရေးကောင်းကို မည်သို့ လက်လွှတ်ခံနိုင်မည်နည်း?။

'"မင်းရဲ့စိန်ခေါ်တိုက်ပွဲကို ငါက ဘာလို့ သဘောတူရမှာလဲ?။ ကောင်းကင်အဆင့်မှာ ငါ့အဆင့်က မင်းထက် နိမ့်ကျတယ်။ မင်းရဲ့စိန်ခေါ်မှုကို ငါ လက်မခံဖို့ ငါ့မှာ အကြောင်းပြ ချက်တွေ ရှိနေတယ်။ အောင်းဖန် ငါ့ကို စိန်ခေါ်တုန်းကဆို၊ သူက စိန်ခေါ်မှုအတွက် ငါ့ကို အမှတ်ငါးသန်း ပေးခဲ့တယ်။ ." ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

လက်ကျန် အမှတ်သုံးသန်းကို ရယူနိုင်ခြင်းမရှိမည်ကို သူ စိုးရိမ်နေခဲ့ပြီး၊ ယခု၊ ထိုအမှတ်များ ရရှိနိုင်ရန် ထိုအခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်သည်။

"မင်း အမှတ်ဘယ်လောက် လိုချင်လဲ?" ကျူးယဲ့က အေးစက်စွာ မေးလိုက်သည်။

"အမှတ်သုံးသန်း။" ချင်ယွင်က ပြန်ဖြေသည်။

ကျူးယဲ့က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ ဟွမ်ထန်းလုံ၏ အမွေအတွက်ဆို၊ အမှတ်သုံးသန်းကို အသာထား။ အမှတ်ပေါင်း သန်းသုံးဆယ်ဆိုလျှင်ပင် ထိုက်တန်ပါသည်။ သို့သော် သူ့တွင် အမှတ်နှစ်သန်းသာ ရှိပါသည်။

"ငါ့မှာ အမှတ်နှစ်သန်းပဲ ရှိတယ်။ ဒါက အဆင်ပြေတယ်လို့ မင်းထင်လား?" ကျူးယဲ့က ချင်ယွင် သဘောမတူမှာကို အလေးအနက် စိုးရိမ်ဟန်ဖြင့် မေးလိုက်ပါသည်။

"အဆင်မပြေဘူး။ အမှတ်သုံးသန်းအောက်တော့ လျော့မှာ မဟုတ်ဘူး။ မင်း စုဆောင်းပြီး ရင် ငါ့ကို လာရှာပါ" ချင်ယွင်က ပြန်ဖြေသည်။

ကျူးယဲ့သည် သူ့ကို ရှာဖွေရန် အမှတ်သုံးသန်းကို သေချာပေါက် စုဆောင်းလိမ့်မည်ဟု သူ သိထားသောကြောင့် သူသည် အလျင်စလို မဖြစ်ခဲ့ပေ။

ကျူးယဲ့၏ မျက်ခုံးများသည် တင်းတင်းကြပ်ကြပ် တွန့်သွားခဲ့သည်။ အကယ်၍၊ သူသည် ဤအခွင့်အရေးကို လွဲချော်ခဲ့မည်ဆိုရင်၊ အားနည်းချက်တွေ ဖြစ်လာနိုင်ခြေ မြင့်မားပါ သည်။ ဟွမ်ထန်းလုံ၏ ရတနာသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေကြောင်း သတင်းပေါက်ကြားသွားပါက၊ ထိုအချိန်တွင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေလိမ့်မည်။

အဆုံးမှ‌တော့၊ သူ ဤအချက်အလက်တွေကို စုံစမ်းနိုင်သည်ဆိုလျှင်၊ တခြားလူတွေလည်း စုံစမ်းနိုင်ပါသေးသည်။ သို့သော်လည်း၊ ချင်ယွင်သည် မည်သူတစ်ဦးတစ်ယောက်၏ အာရုံကိုမျှ မဆွဲဆောင်နိုင်ခဲ့သေးပေ။

"ငါ မင်းကို အမှတ်တစ်သန်း ချေးပေးမယ်။" ကျူးယဲ့သည် အကျပ်ရိုက်နေသကဲ့သို့ ဖြစ်နေချိန်မှာ ကောင်းကင်ရှိ လွင့်မျောစင်မြင့်ပေါ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒါက သူပဲ။ ကောင်းကင်အဆင့်မှာ အဆင့် ၃၅၀ ရှိတဲ့ ယွမ်ဂျူက တကယ်ပဲ ရောက်ရှိလာခဲ့တာလား?။"

"မှန်တယ်။ သူက အင်မော်တယ် ဧကရာဇ်မင်းမြတ် တာချင်းရဲ့ တပည့် မဟုတ်လား။ သူ့ရဲ့ ကျင့်ကြံမူအခြေခံက တော်ဝင်တာအိုနယ်ပယ်ရဲ့ သတ္တမအဆင့်မှာ ရှိနေပြီ။ သူက ချင်ယွင်နှင့် ရန်ငြိုးရန်စရှိလို့များ ဖြစ်နိုင်မလား?။ မဟုတ်ရင်၊ သူက ကျူးယဲ့ကို ဘာလို့ အမှတ်တွေ ချေးပေးမှာလဲ?"

ယွမ်ဂျူ၏ စကားကို လူတိုင်းကြားသောအခါ အားလုံးက ယွမ်ဂျူကို လှည့်ကြည့်ကာ အံ့သြစွာ ပြောကြသည်။

အသံထွက်ပေါ်လာသည်နှင့် ချင်ယွင်၏အကြည့်တွေက ယွမ်ဂျူအပေါ် စိုက်ကြည့်လာ သည်။ မူလက သူသည် ပဟေဠိဖြစ်နေခဲ့သော်လည်း လူတိုင်း၏ ဆွေးနွေးမှုများကို ကြားလိုက်သောအခါတွင်၊ သူ၏မျက်လုံးထဲ၌ အေးစက်မှုက ချက်ချင်း ဖြစ်ပေါ်လာသည်။

"ကျန်းရှန် ၊ ကျန်းရှန်၊ ကြည့်ရတာ၊ ခင်ဗျားက လက်မလျှော့သေးဘူးထင်တယ်၊ ခင်ဗျားက ကျုပ်ကိုသတ်ဖို့ တကယ်ပဲ ယွမ်ဂျူကို စေလွှတ်လိုက်တာလား?" ချင်ယွင်၏ မျက်လုံးများ တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသော်လည်း၊ အကယ်၍၊ ယွမ်ဂျူက သူ့ကို စိန်ခေါ်ခဲ့မည်ဆိုလျှင် သေချာပေါက် လက်ခံမည်ဟု သူ၏စိတ်ထဲတွင် တေးထားလိုက် သည်။

ယွမ်ဂျူ၏ စကားကို ကြားတော့ ကျူးယဲ့၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက် တောက်ပလာခဲ့သည်။ ယွမ်ဂျူက သူ့ကို အဘယ့်ကြောင့် အမှတ်တွေ ချေးပေးလိုက်မှန်း သူ မသိသော်လည်း၊ အခုချိန်မှာတော့ ၎င်းကို သူ ဂရုမစိုက်နိုင်တော့ပါဘူး။ သူ၏စိန်ခေါ်မှုကို ချင်ယွင် လက်ခံအောင် သူ လုပ်နိုင်သရွေ့ ဟွမ်ထန်းလုံ၏ အမွေသည် သူ့အပိုင် ဖြစ်လာလိမ့်မည်။

ဟွမ်ထန်းလုံ၏ ရတနာများအကြောင်းကို တွေးတောရင်း ကျူးယဲ့၏ မျက်လုံးများသည် ဆွဲလမ်းမှုနှင့်အတူ ဝင်းလက်တောက်ပလာခဲ့သည်။ သူက ကောင်းကင်ယံမှ ယွမ်ဂျူအား အလောတကြီး ပြောလိုက်သည်"ကောင်းပါပြီ အစ်ကိုယွမ်ဂျူ၊ မင်း ငါ့ကို ဒီအမှတ်တွေ ချေးငှားပေးသရွေ့၊ ချင်ယွင်ကို သတ်ပြီးနောက် ငါ မင်းကို နှစ်ဆပြန်ပေးမှာ သေချာပါတယ်"

All Chapters