အခန်း ၈၇၆
Vol. 59 Ch. 876
အခန်း (၈၇၆) သမိုင်းတစ်လျှောက် မရှိခဲ့ဖူးသူ။
"အင်း…။ ယွမ်ဂျူက ခေါင်းညိတ်လိုက်ပြီး သူ၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ထုတ်ကာ ကျူးယဲ့အား အမှတ်တစ်သန်းပေးလိုက်ပါသည်။
ကျူးယဲ့သည် အမှတ်တစ်သန်းကို ရရှိပြီးနောက်တွင် သူ၏မျက်နှာသည် စိတ်အားတက်ကြွ သည့် အမူအရာက ချက်ချင်း ပေါ်လာပါသည်။ ထို့နောက် သူက ချင်ယွင်ဘက်သို့ လှည့်ပြီး ပြောသည် "အခု ငါ အမှတ်သုံးသန်းကို စုဆောင်းပြီးပြီ။ မင်း မငြင်းချင်ဘူး မဟုတ်လား?"
"ငါ ငြင်းမယ်လို့ ဘယ်သူက ပြောလဲ?။ ငါချင်ယွင်က ပြောတဲ့အတိုင်းပဲ လုပ်တတ်တယ်။ မင်း ငါ့ကို စိန်ခေါ်နိုင်တယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
ထိုစကားတွေ ပြောပြီးသည်နှင့် လွင့်မျောစင်မြင့်ပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"ဒီချင်ယွင်က ရူးနေသလား?။ ကျူးယဲ့ရဲ့ စိန်ခေါ်ချက်ကို တကယ်ကြီး လက်ခံလိုက်တယ်။ အောင်းဖန်ကို သူ အနိုင်ယူခဲ့ပေမယ့် ကျူးယဲ့က အောင်းဖန်ထက် အများကြီး ပိုသန်မာ တယ်" လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်တစ်ဦးက ပြောသည်။
"သူက အောင်းဖန်ကို အနိုင်ယူပြီးတဲ့နောက် ကောင်းကင်ဘုံအောက်မှာ ပြိုင်ဘက်ကင်း တစ်ယောက်လို့ သူ့ကိုယ်သူ ထင်သွားခဲ့တယ် ငါ ထင်တယ်။ ဒီကျူးယဲ့က တော်ဝင်တာအို နယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်မှာရှိတဲ့ အင်မော်တယ်ဘုရင်တစ်ယောက်ပဲ။ သူက အောင်းဖန် ထက် အဆပေါင်းများစွာ ပိုသန်မာတယ်။ ချင်ယွင်က ကျူးယဲ့ကို တိုက်ခိုက်မယ်ဆို ရင်တော့၊ သူကိုယ်တိုင်က သေခြင်းတရားကို တောင်းခံနေခြင်း ဖြစ်လိမ့်မယ်" ထိုလူ၏ဘေးမှ တပည့်တစ်ယောက်က အေးစက်စွာ ပြောလိုက်သည်။
'ငါတော့ အဲလိုမထင်ဘူး။ တွေးကြည့်စမ်းပါ။ အရင်နှစ်ပွဲမှာတုန်းက ချင်ယွင်က သံသယမရှိ ရှုံးနိမ့်မယ်လို့ အားလုံးက ထင်ခဲ့ကြတယ်။ ဒါပေမယ့် နောက်ဆုံးရလာဒ်ကရော ဘယ်လိုလဲ?။ ချင်ယွင်က အားလုံးကို အနိုင်ယူခဲ့တယ်။ ဒါကြောင့်၊ ချင်ယွင်က မဆင်မခြင် လုပ်တတ်တဲ့ လူတစ်ယောက်လို့တော့ ငါ မထင်ဘူး။ သူက ကျူးယဲ့ရဲ့ တောင်းဆိုချက်ကို လက်ခံရဲမှတော့၊ သူ့မှာလည်း ယုံကြည်မှု ရှိရမယ်။” တပည့်တစ်ဦးက ဆင်ခြင်တုံ တရား ရှိစွာဖြင့် ခွဲခြမ်းစိတ်ဖြာပြသည်။
သူ၏စကားတွေက ဆွဲဆောင်မူရှိပြီး၊ ချက်ချင်းပင် ခေါင်းငြိမ့်ပြကြသည်။ သို့သော်၊ သူပြောခဲ့သော စကားတွေက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသော်လည်း တပည့်အများစုသည် ချင်ယွင်ကို အထင်ကြီးခြင်းမျိုး မရှိကြသေးပေ။ နောက်ဆုံးတော့၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ဖြင့် တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့် ရှိ အင်မော်တယ်ဘုရင်ကို သတ်ဖြတ်ခြင်းဆိုသည်မှာ အမှန်တကယ် စိတ်ကူးယဉ်လို့ မရသည့်အရာ ဖြစ်နေပါသည်။
ယွမ်ဂျူသည် ကျူးယဲ့ကို အမှတ်များ ချေးပေးပြီးကတည်းက နှုတ်ဆိတ်နေခဲ့သည်။ ချင်ယွက ဤပွဲအတွက် အမှန်တကယ် သဘောတူခြင်းရှိမရှိ သိရှိလိုသည့်အတွက် သူက ကျူးယဲ့ကို အမှတ်တွေ ချေးပေးခဲ့ခြင်း ဖြစ်ပါသည်။ အကယ်၍၊ ချင်ယွင်သာ သဘောမတူ ခဲ့ဘူးဆိုရင်၊ သူ၏စိတ်ထဲမှာ ချင်ယွင်ကို ကြောက်နေစရာ ဘာမှ မရှိတော့ပါဘူး။ သူ့ကိုသတ်ရန် အခွင့်အလမ်း ရှာရန်သာ လိုပါတော့မည်။
အကယ်၍၊ ချင်ယွင် တိုက်ခိုက်ရန် သဘောတူမည်ဆိုလျှင်ပင်၊ သူ့အနေဖြင့်၊ အရှုံးရှိမှာ မဟုတ်ပါဘူး။ သူသည် ဤအခွင့်အရေးကို အရယူပြီး ချင်ယွင်ပိုင်ဆိုင်ထားသည့် စွမ်းအား အမျိုးစားကို အတိအကျ တွေ့မြင်နိုင်ပါမည်။
လွင့်မျောစင်မြင့်ပေါ်တွင် လူတိုင်း ဆွေးနွေးနေကြစဉ်မှာ ရင်ပြင်ထဲတွင်ရှိနေသော ချင်ယွင်နှင့် ကျူးယဲ့တို့သည် သူတို့၏ အင်မော်တယ်စိတ်ဝိညာဉ်များဖြင့် အချင်းချင်း သတင်းစကားများပို့နေကြပါသည်။
"ကျူးယဲ့၊ မင်းရဲ့စိန်ခေါ်ချက်ကို ငါ့ကို အတင်းအကြပ် သဘောတူခိုင်းရတဲ့ အကြောင်းရင်း က အောင်းဖန်အတွက် လက်စားချေဖို့ သက်သက်တင် မဟုတ်လောက်ဘူး ဟုတ်တယ် မလား?" ချင်ယွင်က ကျူးယဲ့ကို အသံဖြင့် ပို့လွှတ်ကာ မေးလိုက်သည်။
"ဟား…၊ ဟား…၊ မင်း တကယ်ကို သိနေတာပဲ။ မှန်ပါတယ်။ အောင်းဖန်ဆိုတဲ့ ဒီအမှိုက်က ငါနဲ့ ဘာဆိုင်လို့လဲ?။ သူနဲ့ ငါ့ရဲ့ ဆက်ဆံရေးက တစ်ယောက်နဲ့တစ်ယောက် အသုံးချရုံ သက်သက်ပဲလေ။ ငါ့ရဲ့ တကယ့်ရည်မှန်းချက်က ဟွမ်ထန်းလုံ အမွေနဲ့ သေမျိုးကမ္ဘာကို သူယူဆောင်သွားတဲ့ အဖိုးတန်ရတနာနှစ်ပါးကို ရရှိဖို့ပါပဲ။" ကျူးယဲ့က အသံဖြင့် ပြန်ပို့လွှတ်သည်။
"အိုး? ငါ့မှာ ဟွမ်ထန်းလုံရဲ့ အမွေတွေရှိတယ်ဆိုတာ မင်း တကယ် သိနေတာလား?" ချင်ယွင်က အံ့အားသင့်ဟန် အသံတစ်ချက် ပေးပို့လိုက်သည်။ ကျူးယဲ့သည် သူ ဟွမ်ထန်းလုံ၏ အမွေဆက်ခံမှု၏ လျှို့ဝှက်ချက်ကို အမှန်တကယ် ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဤသတင်းကို တခြားသူတွေ ရှာဖွေတွေ့ရှိလိမ့်မည်ဟု သူသည် ဟိုးအရင်ကတည်းက သိထားခဲ့သော်လည်း၊ ယခုလို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး။ ထို့အပြင်၊ ၎င်းကို ပထမဆုံးတွေ့ရှိသူက ကျူးယဲ့ ဖြစ်နေသည်။
"ကြည့်ရတာ၊ ဟွမ်ထန်းလုံရဲ့ ရတနာတွေက မင်းဆီမှာ တကယ်ပဲ ရှိနေတယ်ထင်တယ်။ ဟား…၊ ဟား….။ ချင်ယွင်၊ မင်း အခုမှနောင်တရမယ်ဆိုရင်လည်း နောက်ကျသွားပြီ။ အခု အကာကွယ်အလင်းဒိုင်းကို အသက်သွင်းလိုက်ပြီဆိုတော့ တိုက်ပွဲမပြီးမချင်း အဲဒါကို ဖယ်ရှားပစ်မှာ မဟုတ်တော့ဘူး။ မင်း အချိန်မှ နောင်တရမယ်ဆိုရင်တော့ လုံးဝကို နောက်ကျသွားခဲ့ပြီ။" ကျူးယဲ့က ဟက်ဟက်ပက်ပက် ရယ်မောပြီး အသံတစ်ခု ပေးပို့လိုက်သည်။
"မင်း ငါ့ကို အနိုင်ယူပြီး ဟွမ်ထန်းလုံရဲ့အမွေကို ရယူနိုင်မယ်လို့ တကယ်ယုံကြည်နေတာ လား?" ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးမပျက် ရှိနေပါသည်။
"ဟမ့်၊ ချင်ယွင်၊ မင်းရဲ့ခန္ဓာကိုယ်က အရမ်းအစွမ်းထက်တယ်ဆိုတာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်နဲ့ အင်မော်တယ်ဘုရင်တို့ကြား တကယ့် ကွာဟချက်က ဘယ်လောက်ကြီးမားလဲဆိုတာ မင်း မသိနိုင်သေးပါဘူး။ အဲဒီလူမိုက် အောင်းဖန်က မင်းထက် ရုပ်ပိုင်းဆိုင်ရာအရ နိမ့်ကျနေသေးပေးမယ့်၊ သူက မင်းနဲ့ ရုပ်ခန္ဓာကိုယ်ချင်း ပြိုင်ဆိုင်ချင်နေခဲ့တယ်။ တကယ်လို့၊ သူသာ မီးနဂါးပုလဲကို အသုံးပြုခဲ့မယ်ဆိုရင်၊ သူရှုံးခဲ့ရင်တောင် သေချာပေါက် အရမ်းကို စိတ်မကောင်းဖွယ် အခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူး။” ကျူးယဲ့က ရယ်မောပြီး စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်ပါ သည်။
ချင်ယွင်က အပြုံးမပျက် ရှိနေပါသေးသည်။ ကျူးယဲ့ပြောသည့်အတိုင်း အောင်းဖန်သည် ထိုအချိန်တုန်းက သူနှင့် အမှန်တကယ် ရုပ်ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်ခဲ့ပါသည်။ အကယ်၍၊ သူသာ မီးနဂါးပုလဲနှင့် ပေါင်းစည်းရန် အင်မော်တယ်ဘုရင်ကိုယ်ပွားကို အစကတည်းက အသုံးပြုခဲ့မည်ဆိုလျှင်၊ သူသည် သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် သူ့ကို သတ်နိုင်မည် မဟုတ်ပေ။ သို့သော် အောင်းဖန်သည် အင်မော်တယ်ဘုရင်ကိုယ်ပွားကို အသုံးပြုခဲ့လျှင်ပင်၊ သူ့မှာရော မရှိဘူးလား?။ ဒီတော့ နောက်ဆုံးရလာဒ်က အတူတူပင် ဖြစ်ပါလိမ့်မည်။
"ချင်ယွင်၊ ငါက အောင်းဖန်လို မိုက်မဲပြီး မင်းရဲ့ရုပ်ခန္ဓာကိုယ်ကို ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ ခြင်္သေ့တွေက ယုန်တွေကို တိုက်ခိုက်တော့မယ်ဆိုရင်တောင် သူတို့ရဲ့ စွမ်းအားအကုန် အသုံးပြုပြီး တိုက်ခိုက်တယ်ဆိုတာ ငါ သိထားတယ်။ ဒါကြောင့် ဒီတစ်ခါတော့ ငါ မင်းကို အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ စစ်မှန်တဲ့ ခွန်အားကို ခံစားခွင့် ပေးလိုက်မယ်။" ယခု တစ်ကြိမ်မှာတော့ ကျူးယဲ့သည် အသံထုတ်လွှင့်ခြင်း မပြုခဲ့ပေ။ ယင်းအစား၊ သူက ကျယ်လောင်စွာ ပြောလိုက်သည်။ ထို့နောက်တွင်၊ တော်ဝင်တာအို၏ ကြောက်စရာ ကောင်းသော စွမ်းအားသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
"သူက အင်မော်တယ်ဘုရင်ကိုယ်ပွားကို အသုံးပြုမှာလား?။" စင်မြင့်ပေါ်မှ လူအုပ်ကြီး သည် ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည့် အမူအရာများကို ချက်ချင်း ထုတ်ဖော်ပြကြသည်။ ထင်ရှားသည်မှာ၊ သူတို့ အလွန်အံ့ဩသွားကြသည်။
ဤကျူးယဲ့သည် အင်မော်တယ်ဘုရင်ကိုယ်ပွားကို အစကတည်းက အမှန်တကယ် အသုံးပြုခဲ့သည်။ သူသည် ချင်ယွင်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ ဤသည် မှာ ချင်ယွင်အပေါ် အများကြီး တွေးမထားသည့်လူတိုင်းကို ဤတိုက်ပွဲတွင် ချင်ယွင်သည် လုံးဝ ရှုံးနိမ့်သွားလိမ့်မည်ဟု ခံစားရစေသည်။
“ဘုန်း…”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျူးယဲ့၏ နောက်တွင် ကြောက်စရာ ကောင်းသော တော်ဝင်တာအိုစွမ်းအားများ ထွက်ပေါ်လာသည်။ ကြီးမားလှသော ပုံရိပ်ယောင် ရုပ်အသွင်အပြင်ကြီးသည် သူ၏နောက်ကျောမှာ သိပ်သည်းသွားသည်။ ထိုဝေဝေဝါးဝါး ရုပ်အသွင်ပြင်ကြီးသည် တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ တော်ဝင်တာအို၏ စွမ်းအားကို ထုတ်လွှတ်လိုက်ရာ အပြင်မှ ပရိသတ်များသည်ပင် ချက်ချင်းဆိုသလို ဖိအားများစွာ ခံစားလာရသည်။
"ချင်ယွင်၊ မြင်ရဲ့လား? ဒါက အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ စစ်မှန်တဲ့ ခွန်အားပဲ။ တော်ဝင်တာအိုရဲ့ စွမ်းအားက အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ အခြေခံ အုတ်မြစ်ပဲ။ ဒီကောင်းကင်ဘုံလောင်ကျွမ်းခြင်း တော်ဝင်တာအို ဉပဒေသရဲ့အစွမ်းက အောင်းဖန်ရဲ့ အထက်မှာ ရှိတယ်။" ကျူးယဲ့သည် ချင်ယွင်ကို ကြည့်ကာ သရော်ဟန်ဖြင့် ပြောလိုက် သည်။
ကောင်းကင်လေ ရင်ပြင်တစ်ခုလုံးသည် တုန်လှုပ်ချောက်ချားဖွယ်ရာ အပူချိန်များ ပြည့်နှက်နေသော ဧရာမ မီးဖိုကြီးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား မီးတောက် ပင်လယ်ကြီးအဖြစ်သို့ ရုတ်ချည်းဆိုသလိုပင် ပြောင်းလဲသွားခဲ့ပါသည်။
အကာကွယ်အလင်းတန်း အပြင်ဘက်ရှိ တပည့်များပင်လျှင် ပူပြင်းလောင်မြိုက်သော အပူဒဏ်ကြောင့် အရေပြားများ လောင်ကျွမ်းသွားသည်ကို ထင်ရှားစွာ ခံစားရနိုင်သည်။
"ကောင်းကင်ဘုံလောင်ကျွမ်းခြင်း တော်ဝင်တာအို ဉပဒေသရဲ့ ဆဋ္ဌမအဆင့်က တကယ့်ကို ကြောက်စရာကောင်းတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ အပူချိန်နဲ့ဆို အလယ်အလတ် အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုတောင်မှ အဲဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးမလား?" စင်မြင့်ပေါ်ရှိလူတိုင်း သူတို့၏စိတ်နှလုံးထဲတွင် သက်ပြင်းကိုယ်စီ ချကြသည်။ ချင်ယွင်ကို ကြည့်သည့် သူတို့အကြည့်တွေက သနားကရုဏာသက်ဟန် လုံးလုံးလျားလျား ပြောင်းသွားခဲ့ပြီး အံဩဖွယ်အဖြစ်တွေ ဖြစ်ပျက်လာမည်လားဟု သူတို့၏စိတ်ကူးတွေ လည်း လုံးလုံး ပျောက်ကွယ်သွားခဲ့သည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်သည် မီးပင်လယ်ကြီးထဲတွင် ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် အပူချိန်ကို ခွဲထုတ်လိုက်သည်။
"အင်မော်တယ်ဘုရင်ကိုယ်ပွားက မင်းတို့အင်မော်တယ်ဘုရင်တွေရဲ့ အကြီးမားဆုံး အားကိုးရာလို့ မင်း တွေးထင်ထားတာ မဟုတ်လား?။ ဒါဆို ဒါက ဘာလဲဆိုတာ ကြည့်စမ်းပါဦး။" ချင်ယွင်က ကျူးယဲ့ကို ကြည့်ကာ ရယ်မောလိုက်သည်။ ထို့နောက် တော်ဝင်တာအို၏ ကြောက်စရာကောင်းသော စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
"ဒါဟာ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသရဲ့ စွမ်းအားမဟုတ်လား? ဖြစ်နိုင်တာက သူလည်းပဲ..."
လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော တော်ဝင် တာအို၏ စွမ်းအားကို ခံစားလိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ယွမ်ဂျူ၏ မျက်ခုံးများသည် တခဏချင်း တွန့်သွားခဲ့သည်။ ကျူးယဲ့သည် ချင်ယွင်ကို ကြည့်ရင်း ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုလည်း ရှိလာခဲ့သည်။
“ဘုန်း..”
တော်ဝင်တာအို၏ စွမ်းအားများ တိုးလာသည်နှင့်အမျှ၊ ကြီးမားသော ရုပ်အသွင်ကြီးသည် ချင်ယွင်၏ နောက်တွင် သိပ်သည်းသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် တော်ဝင် တာအို၏ စွမ်းအားသည် ဝေဝေဝါးဝါး ရုပ်အသွင်ကြီးမှ ထွက်ပေါ်လာသည်။
"အဲဒါက တကယ်ကို အင်မော်တယ်ဘုရင်ကိုယ်ပွားပဲ။ အဲဒါက တကယ်ကို တော်ဝင်တာ အိုနယ်ပယ်ရဲ့ စတုတ္ထအဆင့်မှာရှိတဲ့ အင်မော်တယ်ဘုရင်ကိုယ်ပွားပဲ။ သူက ဘယ်လိုလုပ် လုပ်နိုင်ရတာလဲ?။" လွင့်မျောစင်မြင်ပေါ်ရှိ လူတိုင်းသည် အလွန် တုန်လှုပ် ခြောက်ခြား ဖွယ်ရာ အပြုအမူများကို ထုတ်ဖော်ပြသနေကြသည်။
အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးက အင်မော်တယ်ဘုရင်ကိုယ်ပွားတစ်ခုကို ပိုင်ဆိုင်ထားခြင်းလား?။ အင်မော်တယ်ကမ္ဘာ၏ သမိုင်းတစ်ခုလုံးမှာတောင် ယခုလိုအဖြစ်ပျက်မျိုး အရင်က ပေါ်မလာခဲ့ဘူး မဟုတ်ပါလား။