← Chapters

အခန်း ၈၇၇

Vol. 59 Ch. 877

အခန်း ၈၇၇

Vol. 59 Ch. 877

အခန်း (၈၇၇) ဆက်တိုက် တုန်လှုပ်ချောက်ချားရခြင်း။

မကြုံစဖူးအဖြစ်ပျက်၊ ယင်းက အမှန်တကယ် မကြုံစဖူး အဖြစ်ပျက်တစ်ခု ဖြစ်ပါသည်။

အားလုံးက ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများတွင် နှိုင်းစာ၍မရနိုင်သည့် အံ့အားသင့်နေသော အမူအရာများ ရှိနေကြသည်။ ချင်ယွင်၏ အင်အားသည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်ရှိ အင်မော်တယ်ဘုရင် ဖြစ်သည် ဟု သံသယရှိသူများပင် ရှိနေခဲ့သည်။ အပေါ်ယံမျက်နှာပြင်ပေါ်တွင် သူ၏ ကျင့်ကြံမှု အခြေခံသည် ကျားတစ်ကောင်ကို စားလို၍ ဝက်တစ်ကောင်ကို ဟန်ဆောင်နေသည့် အခန်းကဏ္ဍတွင် လုံးဝ ပါဝင်နေပါသည်။

"မင်းက အင်မော်တယ်ဘုရင်တစ်ယောက်လား။ မင်း ဘာလို့ အစောပိုင်း လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်လို ဟန်ဆောင်နေရတာ လဲ?" ကျူးယဲ့ကလည်း ချင်ယွင်ကို မေးခွန်းထုတ်သည်။

"ငါက အင်မော်တယ်ဘုရင် မဟုတ်ဘူး။ ငါ့နယ်ပယ်က လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်ရဲ့ အစောဆုံးအဆင့်မှာပဲ ရှိသေးတယ်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် တစ်ယောက်က တော်ဝင်တာအိုတွေရဲ့ဉပဒေသတွေကို နားမလည်နိုင်ဘူး၊ ဒါမှမဟုတ် အင်မော်တယ်ဘုရင်ကိုယ်ပွားကို မပေါင်းစည်း မသိပ်သည်းနိုင်ဘူးလို့ ဘယ်သူပြောလဲ?။" ချင်ယွင်က ရယ်မောကာ ပြန်ဖြေသည်။

"ဒါပေမယ့်၊ ရှေးခေတ်ကတည်းက၊ အင်မော်တယ်ဘုရင်တွေကပဲ တော်ဝင်တာအိုတွေရဲ့ ဉပဒေသတွေနဲ့ ထိတွေ့နိုင်ခဲ့တာလေ။ တကယ်လို့၊ မင်းသာ အင်မော်တယ်ဘုရင် နယ်ပယ်ကို မရောက်သေးဘဲ၊ တော်ဝင်တာအိုတွေရဲ့ ဉပဒေသတွေကို အတင်းအကြပ် နားလည် ဆင်ခြင်ပါက မင်းရဲ့ တာအိုနှလုံးသား ပြိုကွဲပြီး သေဆုံးသွားရမှာလေ။" ကျူးယဲ့သည် ချင်ယွင်၏စကားကို မယုံကြည်သည့်အကြောင်း ချက်ခြင်း ချေပလိုက်သည်။

"မင်းပြောတာက၊ ရှေးခေတ်တုန်းကတည်းက အချိန်တွေကို ပြောနေတာလေ။ နောက်ပိုင်း အချိန်တွေမှာ ငါက တော်ဝင်တာအိုကို နားလည်နိုင်တဲ့ ပထမဆုံး လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်တည်လာမူက ကျိုးကြောင်းဆီလျော်ပါတယ်။ ဒီသဘောတရားကို မင်း နားမလည်ဘူးလို့ လာမပြောနဲ့နော်။ “ချင်ယွင်က ပြန်ဖြေသည်။

ချင်ယွင်၏ စကားကို ကြားတော့ ကျူးယဲ့လည်း တိတ်ဆိတ်သွားခဲ့သည်။ စင်မြင့်ပေါ်ရှိ လူတိုင်းလည်း တိတ်ဆိတ်သွားကြသည်။ အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် တပည့်များသည် သူတို့အားလုံး၏စိတ်ထဲတွင် တွေးတောနေခဲ့ကြသည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်တစ်ယောက်က တော်ဝင်တာအို၏ ဉပဒေသ တွေကို အမှန်တကယ် နားလည်ဆင်ခြင်နိုင်ပါ့မလား?။ ဒါဆို သူတို့လည်း ကြိုးစားနိုင်မည် မဟုတ်ပါလား?။

သို့သော် ဤလူများသည် လျင်မြန်စွာ ခေါင်းယမ်းလိုက်ကြသည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်အဆင့်ဖြင့် တော်ဝင်တာအို၏ ဉပဒေသတွေကို နားလည်ဆင်ခြင် ခြင်းသည် သေခြင်းတရားကို တောင်းခံခြင်းနှင့် ထူးမခြားနားပေ။ အကယ်၍ ဤ ချင်ယွင် သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်အဆင့်ဖြင့် တော်ဝင်တာအို၏ ဉပဒေသတွေကို အမှန်တကယ် နားလည်ဆင်ခြင်နိုင်ပါက၊ ၎င်းသည် ခြွင်းချက် ဖြစ်သည် ဟုသာ ဆိုနိုင်ပါတော့သည်။

"တော်ဝင်တာအိုနယ်ပယ်ရဲ့ စတုတ္ထအဆင့်လား? ကြည့်ရတာ၊ ငါ သူ့ကို မတန်တဆ တွက်ထားမိပုံရတယ်။" လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ဖြင့် တော်ဝင်တာအို၏ ဉပဒေသတွေကို ချင်ယွင်သည် အဘယ်ကြောင့် နားလည်ဆင်ခြင်နိုင်ခဲ့သည့်ကို ယွမ်ဂျူ စဉ်စားပြီး အချိန်ဖြုန်းမနေတော့ပါ။ ယခုအချိန်တွင် သူသည် ချင်ယွင်၏ ခွန်အားကိုသာ အာရုံစိုက်နေခဲ့သည်။

ယခု ချင်ယွင်သည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်ကို အသက်သွင်းလိုက်သော အခါ၊ ချင်ယွင်သည် လင်းဖေးကို အဘယ်ကြောင့် သတ်နိုင်ခဲ့သည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့သည်။ သူ၏နှလုံးသားထဲတွင် ချင်ယွင်၏ ခွန်အားကို ကနဦး ကောက်ချက် ချနိုင်ခဲ့ပြီ။

တစ်ချိန်တည်းမှာပင်၊ ကျူးယဲ့သည် စင်မြင့်ပေါ်ရှိ အရှုပ်အထွေးများကို အမြန်ဆုံး ဖယ်ရှားပစ်လိုက်သည်။ သူက ချင်ယွင်ကို ကြည့်ပြီး အေးစက်စွာ ပြောသည် "ဟမ့်၊ မင်းက အင်မော်တယ်ဘုရင်ကိုယ်ပွားကို ပေါင်းစည်းကာ သိပ်သည်းနိုင်တယ်ဆိုရင်ရော ဘာဖြစ်လဲ?။ မင်းက တော်ဝင်တာအိုနယ်ပယ်ရဲ့ စတုတ္ထအဆင့်ကိုပဲ ရောက်နေသေးတယ်။ နောက်ပြီး၊ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသဆိုတာမျိုးက တိုက်ခိုက်ဖို့ မသင့်တော်ဘူး။ ဆိုတော့၊ မင်းအတွက် ကျန်တာက သေခြင်းပဲ။"

"ဒါဆိုလည်း စမ်းကြည့်ရအောင်!" ချင်ယွင်က တဟားဟားရယ်မောပြီး၊ သူ၏ မျက်လုံးထဲတွင် နည်းနည်းလေးမှ စိတ်ရှုပ်သွားသည့် အရိပ်ယောင်မျိုးမရှိဘဲ ပြောလိုက် သည်။

"ကြည့်ရတာ၊ မင်းက အခေါင်းကို မတွေ့မချင်း မငိုတတ်ဘူးနဲ့တူတယ်။ ဆိုတော့၊ မင်းနဲ့ ငါကြားက ကွာခြားချက်ကို ပြောပြဖို့ ငါ့ရဲ့စွမ်းအားကို အသုံးပြုရတော့မယ်။ သေလိုက်တော့" ကျူးယဲ့က အေးစက်စွာ အော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံများ ချက်ချင်း ထွက်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် မီးတောက်လှိုင်းများအသွင် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

ချင်ယွင်သည် ပေတစ်ရာမြင့်မားသော မီးတောက်လှိုင်းကြီးကို ကြည့်ရင်း၊ သူ၏ ပါးစပ်ထောင့်မှ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသက ချက်ချင်း သက်ရောက်လာသည် ။

ဘန်း..။

ချင်ယွင်၏ရုပ်အသွင်သည် မူလနေရာမှ တိုက်ရိုက် ပျောက်ကွယ်သွားပြီး ကျူးယဲ့၏ ရှေ့တွင် ပြန်ပေါ်လာသည်။

“ဘုန်း..”

ချင်ယွင်သည် သူ၏လက်များကို လက်သီးအသွင်ပြောင်းကာ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများဖြင့် ကျူးယဲ့ဆီသို့ ပြင်းပြင်း ထန်ထန် ပစ်ဝင်သွားခဲ့သည်။

ကျူးယဲ့က ချင်ယွင်ကို ယခုလိုတိုက်ခိုက်လာမည်ကို မျှော်လင့်ထားပုံပင်။ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်တစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး၊ မီးလျှံများ တောက်လောင်နေသော ဗာမီလီယမ်ငှက်ကြီး အဖြစ်သို့ ပြောင်းလဲသွားကာ၊ ချင်ယွင်၏ လက်သီးကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်လိုက်သည်။

ချင်ယွင်၏ လက်သီးချက်သည် မီးလျှံများတောက်လောင်နေသော ဗာမီလီယမ်ငှက်ကြီးနှင့် အပြင်းအထန် တိုက်မိသွားရာ မီးတောက်မီးလျှံများ၏ ကြောက်စရာကောင်းသော စွမ်းအားသည် ချက်ချင်း ပေါက်ကွဲသွားပြီး ချင်ယွင်ကိုပင် တောက်လောင်နေသော မီးတောက်များဖြင့် လွှမ်းခြုံသွားလေသည်။

"ဟင့်၊ မင်းရဲ့ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသက ငါ့အတွက် အသုံးမဝင် ဘူးလို့ ငါပြောထားပြီးသားပဲ။ ငါ့ရဲ့ ကောင်းကင်ဘုံလောင်ကျွမ်းခြင်း တော်ဝင်တာအို ဉပဒေသ မီးပင်လယ်ကြီးရဲ့ စစ်မှန်တဲ့ စွမ်းအားကို မင်းကို မြည်းစမ်းခွင့်ပေးမယ်။" ကျူးယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ချင်ယွင်ကို လွှမ်းခြုံထားသော မီးတောက် မီးလျှံတွေက ချင်ယွင်၏ ခန္ဓာကိုယ်ထဲကို အရူးအမူး တိုးဝှေ့ဝင်ရောက်ကာ၊ ချင်ယွင်အား လုံးဝ အရည်ဖျော်ပစ်တော့မည့် အတိုင်းပင်။

ချင်ယွင်သည် မီးပင်လယ်ကြီးထဲတွင် ရှိနေသည်။ သူ၏ပတ်ဝန်းကျင်မှာ ကြောက်မက်ဖွယ် မီးတောက်မီးလျှံတွေ တောက်လောင်နေသော်လည်း ၎င်းတို့က သူ့ကို သည်းမခံနိုင်သည့် အနေထားထိ မဖြစ်စေခဲ့ပါဘူး။ နဂါးတောင်ပံတွေကြောင့် မီးတောက်မီးလျှံတွေက သူ့ကို အများကြီး ထိခိုက်မှု မရှိခဲ့ပါဘူး။

"ကြည့်ရတာ လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအိုဉပဒေသကို အားကိုးရုံနဲ့ ဒီကျူးယဲ့ကို သတ်ဖို့ မလုံလောက်သေးဘူး ထင်တယ်။ ဒီလိုဆိုမှ‌တော့ ငါ နောက်တစ်ခုကို ထပ်သုံး ရတော့မှာပေါ့။" ချင်ယွင်၏ မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး တော်ဝင်တာအို၏ ကြီးမားသော စွမ်းအားက ချက်ချင်း ထွက်ပေါ်လာကာ၊ သူ့အား ဖုံးလွှမ်း နေသော မီးပင်လယ်ကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်လေသည်။ သူ့နောက်မှာ မြင့်မားသည့် နောက်ထပ် ရုပ်အသွင်အပြင်ကြီးတစ်ခု ပေါ်လာပြန်သည်။

"ဘာလဲဟ၊ နောက်ထပ် အင်မော်တယ်ဘုရင်ကိုယ်ပွားလား?။ နောက်ပြီး၊ အဲဒါက တော်ဝင်တာအိုနယ်ပယ်ရဲ့ ပဉ္စမအဆင့်ရှိ တော်ဝင်တာအိုဉပဒေသ ကိုယ်ပွားတစ်ခု လား?။"

တုန်လှုပ်ခြောက်ခြားသွားဟန် အာမေဋိတ်သံများ ထွက်ပေါ်လာပြီး သူတို့မျက်နှာတွင် အံ့ဩခြင်းများ ပေါ်လာသည်။

ယွမ်ဂျူသည် ဤမြင်ကွင်းကို မြင်သောအခါ၊ မူလက သက်တောင့်သက်သာ ရှိနေပြီ ဖြစ်သော သူ၏မျက်နှာသည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ ရှင်းရှင်းပြောရ ရင်၊ သူသည် ချင်ယွင်မှာ ဒုတိယမြောက် အင်မော်တယ်ဘုရင်ကိုယ်ပွား ရှိနေလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိပေ။ ထို့အပြင်၊ ထိုကိုယ်ပွားသည် တော်ဝင်တာအိုနယ်ပယ်၏ ပဉ္စမအဆင့်မှာပင် ရှိနေခဲ့သည်။

ကျူးယဲ့လည်း အံ့အားသင့်သော အမူအရာကို ထုတ်ပြလာသည်။ ချင်ယွင်၏ နောက်ကွယ်မှ ကြီးမားသော ရုပ်အသွင်အပြင်ကြီးကို ကြည့်လိုက်ရင်း သူ၏ မျက်ခုံးများက လေးနက်မှု အရိပ်အယောင် ပေါ်လွင်နေသည်။

ဘန်း…။

မြူနှင်းချောက်နက်ဓားက ချင်ယွင်၏လက်ထဲတွင် ပေါ်လာပြီး ကြောက်စရာကောင်းသော ဓားစွမ်းအားက ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

ဝှီး…။

ချင်ယွင်က ရယ်မောလိုက်ပြီး၊ သူ၏ရုပ်အသွင်က ပျောက်သွားခဲ့သည်။ သူသည် ကျူးယဲ့၏ ရှေ့မှာ ပြန်ပေါ်လာခဲ့သည်။ ပြီးတော့ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက ကျူးယဲ့ဆီ သို့ ဖြတ်သန်းသွားခဲ့သည်။

ကျူးယဲ့၏လက်ထဲမှာလည်း ပုဆိန်ကြီးတစ်လက် ချက်ချင်း ပေါ်လာပြီး ချင်ယွင်၏ဓားကို တိုက်ခိုက် ရင်ဆိုင်လိုက်သည်။

ဘန်း…။

အဆက်မပြတ် တုန်ခါသံနှင့်အတူ ကျူးယဲ့၏လက်ထဲမှ ပုဆိန်ကြီးက ချင်ယွင်၏ဓားကို နှစ်ခြမ်းခွဲပစ်သွားသည်။

သို့သော် ကျူးယဲ့ မပျော်ရွှင်နိုင်ခင်၊ တစ်ခြမ်းကွဲသွားသော ချင်ယွင်သည် မြူမှုန်အဖြစ်သို့ ပြောင်းလဲသွားသည်။

"မကောင်းပါဘူး၊ ဒါက ခန္ဓာကိုယ်အတုပဲ" ကျူးယဲ့သည် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သိလိုက်ရပြီး သူ၏အကြည့်တွေက ချက်ချင်း စူးရှလာခဲ့သည်။

ထိုအချိန်တွင် ထက်ရှသော ဓားအလင်းသည် လေဟာနယ်မှ ချက်ချင်း ထွက်ပေါ်လာပြီး အလွန်မင်း အနုပညာဆန်သော ထောင့်ချိုးအကွေ့ဖြင့် ကျူးယဲ့ဆီသို့ ဖြတ်သန်းသွားသည်။ သူ၏အရှိန်ဟုန်က လျှပ်စီးလက်သလို မြန်ဆန်လွန်းသည်။

ကျူးယဲ့သည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ တောက်ပလာသည်။ သူသည် ရှောင်တိမ်ခြင်းမရှိသလို၊ သူ့ကိုယ်သူ ကာကွယ်မူလည်း မလုပ်ဆောင်ခဲ့ပါဘူး။ သူသည် သူ၏ပုဆိန်ကြီးဖြင့် ချင်ယွင်ဆီသို့ တိုက်ရိုက် ခုတ်ချလိုက်သည်။

ချွင်..။

ချင်ယွင်၏ မြူနှင်းချောက်ဓားသည် ကျူးယဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ရပ်တန့်သွား သော်လည်း၊ သတ္တုချင်းတိုက်မိသည့်အသံ ထွက်ပေါ်လာသည်။ ကျူးယဲ့၏ ခန္ဓာကိုယ်ပေါ် တွင် အနှိုင်းမဲ့ မာကြေသော မီးလျှံချပ်ဝတ်တစ်ခုက ပျံ့နှံ့တက်လာခဲ့သည်။

"ဟား…၊ ဟား….၊ ငါ့မှာ ငါ့ကို ကာကွယ်ပေးထားတဲ့ အလယ်အလတ်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းဖြစ်တဲ့ ဗာမီလီယမ်ငှက်ချပ်ဝတ် ရှိနေတယ်။ ငါ့ကို နာကျင်အောင်လုပ်ဖို့ စဉ်းတောင် မစဉ်းစားနဲ့။ သေလိုက်တော့”။ ကျူးယဲ့က ဟက်ဟက် ပက်ပက် ရယ်မောပြီး သူ၏လက်ထဲက ပုဆိန်ဖြင့် ခုတ်လှဲလိုက်ပါသည်။

ချင်ယွင်သည် နှစ်ပိုင်း ကွဲသွားပြန်သည်။

"ဟား…၊ ဟား….၊ မင်း သေမှာပါလို့ ငါ ပြောခဲ့သားပဲ” ကျူးယဲ့က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သို့သော်၊ သူ ဘာမှဆက်မပြောနိုင်ခင်၊ သူသတ်ခဲ့သော ချင်ယွင်သည် လည်း အတုဖြစ်နေပြန်ကြောင်း သူသိလိုက်ရသောကြောင့် အံ့ဩသွားရပြန်သည်။

တစ်ဝက်ပိုင်းဖြတ်ခံထားရသော ချင်ယွင်သည် တိမ်တိုက်ထဲသို့ တိုးဝင်ပြီး တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

ကျူးယဲ့သည် ရုတ်တရက် ခေါင်းကို ပြန်လှည့်ကြည့်လိုက်တော့၊ ချင်ယွင်၏ မူလခန္ဓာကိုယ် သည် ယခင်နေရာမှာ ရပ်နေစဉ်အတိုင်း ရပ်နေသည်ကို တွေ့ရှိလိုက်ရသည်။ ယခုလေးတင် သူ့ကို တိုက်ခိုက်ခဲ့သောချင်ယွင်သည် အကန့်သတ်မဲ့ အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသဖြင့် အသွင်ပြောင်းထားသော ချင်ယွင်၏ ကိုယ်ပွားလေးသာ ဖြစ်ပါသည်။

"ဟမ့်၊ မင်းရဲ့ တော်ဝင်တာအိုတွေရဲ့ ဉပဒေသတွေက အရမ်းကို ထူးဆန်းနေပေမယ့် ငါ့ ဗာမီလီယမ်ငှက်ချပ်ဝတ်က ငါ့ကို ကာကွယ်ပေးထားတယ်။ ဒါကြောင့်၊ မင်းအနေနဲ့ ငါ့ကို နည်းနည်းလေးမှ နာကျင်အောင် မလုပ်နိုင်တော့ဘူး။ အနှေးနဲ့အမြန်ဆိုသလို၊ မင်းရဲ့ ချို့ယွင်းချက်ကို ဖမ်းဆုပ်မိတာနဲ့ မင်းက ငါ့ရဲ့ပုဆိန်နီအောက်မှာ သတ်ဖြတ်ခံရမှာပဲ။" ကျူးယဲ့၏ မျက်လုံးများလည်း အမျက်ဒေါသများ မြင့်တက်လာခဲ့ကာ၊ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်တွေက သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။

ချင်ယွင်သည် ကျူးယဲ့၏ စကားကိုကြားသောအခါ လေးလေးနက်နက် ခေါင်းညိတ်မိသည်။ ထို့နောက်၊ ကျူးယဲ့ကိုကြည့်ရင်း ပြောသည် "လျှပ်တပြက်ခန္ဓာကိုယ် တော်ဝင်တာအို ဉပဒေသနဲ့ အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသတွေက မင်းကို တကယ် မထိခိုက်စေနိုင်ပါဘူး။ အင်း၊ ကြည့်ရတာ၊ မင်းအတွက် အစွမ်းထက်တဲ့ တော်ဝင်တာအို ဉပဒေသတစ်ခု လိုနေပုံရတယ်။"

"ဘာလဲ?။ သူက အကန့်သတ်မဲ့အသွင်ပြောင်းခြင်း တော်ဝင်တာအိုဉပဒေသလည်း နားလည်ထားတာလား?" သေချာပါသည်။ ချင်ယွင်က ထိုစကားတွေကို ပြောပြီးပြီးချင်း အားလုံးက ချင်ယွင်ကို မျက်လုံးမျက်ဆန်ပြူးကာ စိုက်ကြည့်ရင်း၊ အလွန်မင်း တုန်လှုပ်ချောက်ချားနေသည့် အမူအရာတွေကို ချက်ချင်း ထုတ်ဖော်လိုက်ကြပါသည်။

All Chapters