အခန်း ၈၇၈
Vol. 59 Ch. 878
အခန်း (၈၇၈) ဓားတစ်ချက်တည်းဖြင့် ချိုးဖျက်ခြင်း။
"ဟမ့်၊ မင်းက တတိယမြောက် တော်ဝင်တာအိုဉပဒေသကို ဖမ်းဆုပ်ကိုင်နိုင်မယ်လို့ ငါ မယုံဘူး။" ကျူးယဲ့သည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။ ချင်ယွင်ကို အချိန်အတော်ကြာ စူးစမ်းလေ့လာပြီးနောက်၊ ချင်ယွင် တက်လှမ်းလာသည်မှာ အနှစ်တစ်ရာ သို့မဟုတ် အနှစ်သုံးဆယ်ပင် မကြာသေးကြောင်း သူ သိရှိခဲ့သည်။
အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလာသည်မှာ အနှစ် ၃၀ ပင် မကြာသေးသော အင်မော်တယ်တစ်ဦးသည် တော်ဝင်တာအိုဉပဒေသနှစ်ခုကို ကျွမ်းကျင်နေပြီ ဖြစ်သည်။ တတိယမြောက် တော်ဝင်တာအိုဉပဒေသကို ကျွမ်းကျင်နေဦးမည်လား?။
"တကယ်လား?။ ဒါဆိုလည်း မင်းမျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ပြီး ကြည့်လိုက်ပါ။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်ပြီး ကျူးယဲ့ကို ကြည့်လိုက်သည်။
ထိုစကားကို ပြောပြီးနောက်၊ တော်ဝင်တာအို၏ ကြီးမားသော စွမ်းအားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ချက်ချင်း ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ယခင်က အင်မော်တယ်ဘုရင် ကိုယ်ပွားနှစ်ခုထက်ပင် ပိုမိုအားကောင်းသည့် အင်မော်တယ်ဘုရင် ကိုယ်ပွားသည် ချင်ယွင်၏ နောက်တွင် တဖြည်းဖြည်း စုစည်းလာခဲ့သည်။ ဤအင်မော်တယ်ဘုရင် ကိုယ်ပွားသည် အားကောင်းသော ရှေးဟောင်းဖရိုဖရဲ အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။
"ဘာလဲ?၊ သူက တတိယမြောက် တော်ဝင်တာအိုဉပဒေသကို တကယ်ပဲ ဖမ်းဆုပ် ထားနိုင်တာပါလား?။ အဲဒါက တော်ဝင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်မှာရှိတဲ့ ရှေးဟောင်း ဖရိုဖရဲတော်ဝင်တာအိုပဲ" လွင့်မျောစင်မြင့်ပေါ်ရှိ လူတိုင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ တတိယမြောက် အင်မော်တယ်ဘုရင်ကိုယ်ပွားကို မြင်လိုက်ရလျှင်၊ သူတို့၏ မျက်လုံးများ သည် အလွန်မင်း ထိတ်လန့်မူဖြင့် ပြည့်နှက်သွားကြသည်။
ယွမ်ဂျူ၏ အမူအရာသည် လွန်ကဲစွာ မည်းမှောင်နေပြီ ဖြစ်သည်။ မူလကတော့ တော်ဝင်တာအို နယ်ပယ်၏ စတုတ္ထအဆင့်ရှိ တော်ဝင်တာအိုဉပဒေသတစ်ခုကို ချင်ယွင်၏ ဖမ်းဆုပ်မှုသည် အံ့သြဖွယ်ကောင်းနေပြီဟု သူ ထင်ခဲ့သော်လည်း၊ အဆုံးတွင် သူ့ကို လျှော့တွက်နေဆဲဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
ကျူးယဲ့သည် ချင်ယွင်၏ နောက်ကွယ်မှ ထွက်ပေါ်လာသော တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို ဉပဒေသကို ကြည့်လိုက်ရင်း၊ သူ၏မျက်နှာက တစ်စုံတစ်ယောက် ပြင်းပြင်းထန်ထန် ရိုက်နှက်သွားသကဲ့သို့ ချက်ချင်းပင် ပူလောင်သွားခဲ့သည်။
"ဟမ့်၊ တော်ဝင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်ရှိ တော်ဝင်တာအိုဉပဒေသကို မင်း ဖမ်းဆုပ်ထားနိုင်တယ်ဆိုရင်ရော ဘာဖြစ်လဲကွာ?။ မင်းက ငါ့ဗာမီလီယမ်ငှက် ချပ်ဝတ်ကို မဖြတ်နိုင်သေးပါဘူး။" ကျူးယဲ့က ဒေါသတကြီး ပြောလိုက်သည်။
"တကယ်လား ဒါဆိုလည်း စမ်းကြည့်ရအောင်။" ကျူးယဲ့၏ စကားကိုကြားတော့ ချင်ယွင်က အေးစက်စွာ ရယ်မောလိုက်ပြီး ကြောက်စရာကောင်းသည့် ဓားဆန္ဒက သူ၏ မျက်လုံးတွေထဲ ပျံ့နှံ့လာခဲ့သည်။
မြူနှင်းချောက်နက်ဓား အထက်တွင် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဖရိုဖရဲ အတက်အကျလှိုင်းတစ်ခု ရှိနေပါသည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ နှလုံးသားကိုပင် တုန်လှုပ်စေသော ဓားအငွေ့အသက်က ထွက်ပေါ်လာသည်။
ဘန်း….။
ချင်ယွင်၏ နောက်ကျောမှ အင်မော်တယ်ဘုရင်ကိုယ်ပွား သုံးခုသည် ချင်ယွင်ကို ချက်ချင်း ကောင်းချီးပေးထားပြီး ချင်ယွင်၏ ရုပ်အသွင်သည် ချက်ချင်းဆိုသလို လင်းလက်သွားခဲ့ သည်။
ကျူးယဲ့သည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသည့် ဓားဆန္ဒ၏ ဖိနှိပ်ထားကို သတိပြုမိပုံရပြီး သူ၏မျက်လုံးများက လေးနက်သော အမူအရာ ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ်ဘုရင်ကိုယ်ပွားသည်လည်း ကြောက်မက်ဖွယ် ကောင်းသော လောင်ကျွမ်းခြင်း အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီး၊ သူ၏ လက်ထဲတွင် ရှိနေသော ပုဆိန်ကြီးသည် ချော်ရည်များစီးကျလာကဲ့သို့ ချက်ချင်းဆိုသလို အနှိုင်းမဲ့ ပူပြင်းလာခဲ့သည်။
ဘန်း…။
ချင်ယွင်၏ ရုပ်အသွင်သည် ကျူးယဲ့၏ ရှေ့တွင် ချက်ချင်းပေါ်လာသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ကျူးယဲ့ဆီကို ဖြတ်သွားချိန်မှာ ကြောက်စရာကောင်းသော ရှေးဟောင်းဖရိုဖရဲ အတက်အကျတွေကို သယ်ဆောင်သွားခဲ့သည်။
ကျူးယဲ့၏ မျက်လုံးများပေါ်တွင် လှောင်ရယ်သံအရိပ်မြက် ထွက်ပေါ်လာပြီး၊ သူ၏ ရုပ်အသွင်က ရှောင်တိမ်းသွားခြင်း မရှိခဲ့ပေ။ သူသည် သူ၏လက်ထဲမှ ကြက်သွေးရောင် မီးလျှံပုဆိန်ကြီးကို ဝှေ့ယမ်းကာ ချင်ယွင်ဆီသို့ ခုတ်လှဲလိုက်သည်။
ကျူးယဲ့သည် သူ့ကိုယ်သူ ခုခံကာကွယ်ရန် မည်သည့်အကာကွယ်ကိုမျှ မလုပ်ထားကြောင်း ချင်ယွင် မြင်လိုက်ရလျှင်၊ သူ၏မျက်လုံးတွေထဲ ကောက်ကျစ်သော အပြုံးရိပ်တစ်ချက် သမ်းသွားလေသည်။
ချွင်။
သန့်စင်သော သံမဏိအချင်းချင်း ထိပ်တိုက်တွေေဆုံအသံမျိုး ထွက်လာခြင်းနှင့်အတူ ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် ကျူးယဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ဗာမီလီယမ် ငှက်ချပ်ဝတ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားလေသည်။
မြူနှင်းချောက်နက်ဓား၏ ဓားသွားသည် ဗာမီလီယမ်ငှက်ချပ်ဝတ်နှင့် အပြင်းအထန် တိုက်မိပြီး၊ ဗာမီလီယမ်ငှက်ချပ်ဝတ်ပေါ်တွင် ခပ်တိမ်တိမ် ခြစ်ရာများသာ ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကျူးယဲ့၏ ကြက်သွေးရောင်မီးလျှံပုဆိန်ကြီးသည် ချင်ယွင်ဆီသို့ တိုက်ရိုက် ဖြတ်သန်းသွားခဲ့သည်။ ဤပုဆိန်ကြီး၏အစွမ်းသည် ကြီးမားပြီး လွှမ်းမိုးနိုင်စွမ်း ရှိ၏။ ချင်ယွင်ကို ဤပုဆိန်ဖြင့် နှစ်ပိုင်းခွဲတော့မည်ဟုပင် ထင်ရသည်။
ဘန်း…။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏လက်သီးသည် ရုတ်တရက် ပေါက်ကွဲသွားပြီး ကျူးယဲ့၏ ကြက်သွေးရောင်မီးလျှံပုဆိန်ကြီးနှင့် တိုက်ရိုက် ထိတွေ့သွားခဲ့သည်။
“ဘုန်း..”။
ကောင်းကင်ယံတွင် ပေါက်ကွဲသံနှင့်အတူ ပုဆိန်ပေါ်ရှိ မီးပန်းမီးရူးများ ပေါက်ကွဲ သွားသော်လည်း ပုဆိန်ကြီးသည် ချင်ယွင်၏ လက်သီးချက်ကို မခုတ်ဖြတ်နိုင်ခဲ့ပေ။
"ဘာလဲ?" ကျူးယဲ့သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ၏လက်ထဲမှ ကြက်သွေးရောင်မီးလျှံပုဆိန်ကြီးသည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းတစ်ခုဖြစ်သော်လည်း၊ ၎င်းသည် ချင်ယွင်၏ လက်သီးကို မဖြိုခွဲနိုင်သေးပါဘူး။
ချင်ယွင်၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။ သူ၏ခန္ဓာကိုယ်သည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ ယခုအချိန်တွင်၊ သူသည် အင်မော်တယ်ဘုရင်ကိုယ်ပွား သုံးခုလုံးကို ထုတ်ဖော် ထားပြီး၊ ကျူးယဲ့၏ တိုက်ခိုက်မှုများက သူ့ကို လုံးဝ မထိခိုက်စေနိုင်ခဲ့ပေ။
"ဟမ့်၊ ငါ မင်းကို ဘာမှမလုပ်နိုင်သလို၊ မင်းကလည်း ငါ့ကို နာကျင်အောင် ဘာမှလုပ်လို့ မရဘူး။ မင်းရဲ့တိုက်ခိုက်မှုတွေက ငါ့ရဲ့ဗာမီလီယမ်ငှက်ချပ်ဝတ်ကို ဖြတ်လို့မရဘူး။ ငါတို့ ဒီနေရာမှာရပ်ပြီး သရေလို့ သတ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ?" ကျူးယဲ့၏ ခန္ဓာကိုယ် မှ မီးတောက်မီးလျှံစွမ်းအားတစ်ခု ထွက်လာပြီး ချင်ယွင်ကို အဝေးရောက်အောင် တွန်းထုတ်လိုက်လေသည်။
သူ၏မျက်လုံးများသည် ပြင်းထန်သော မကျေမနပ် ဖြစ်မူများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် ဟွမ်ထန်းလုံ၏ အမွေကို ရယူရန် ချင်ယွင်ကို သတ်ပစ်ချင်သော်လည်း၊ ချင်ယွင်သည် တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ဦး ဖြစ်နေမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့်၊ ယခုအချိန်တွင် ချင်ယွင်ကို သတ်ရန် အခြားနည်းလမ်းတစ်ခုကိုသာ သူ တွေးနိုင်တော့မည်။
"သရေလား?။ ဒါဆို ငါ အမှတ်သုံးသန်း ဆုံးရှုံးမသွားဘူးလား?" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။
"ဟမ့်၊ ငါတို့ သရေလို့ မသတ်မှတ်ရင်၊ နောက်ထပ် သုံးရက်နဲ့ သုံးညလောက် တိုက်ခိုက်နေရင်တောင် ရလာဒ်ကို ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး။" ကျူးယဲ့က ဒေါသတကြီး ပြန်ပြောသည်။
"သုံးရက်နဲ့ သုံးည တိုက်ခိုက်နေစရာ မလိုပါဘူး။ တကယ်တော့ မင်းရဲ့ ဗာမီလီယမ်ငှက် ချပ်ဝတ်ကို တစ်ချက်လှုပ်လိုက်ရုံနဲ့ ချိုးဖျက်ဖို့ လုံလောက်နေပါပြီ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
"မင်းက ဘယ်လိုလုပ် ဝါကြွားဝံ့တာလဲ?။ မင်းချိုးဖျက်ချင်တိုင်းက ငါ့ရဲ့ ဗာမီလီယမ်ငှက် ချပ်ဝတ်ကို ချိုးဖျက်နိုင်မယ် ထင်သလား?။ ကောင်းပြီလေ၊ မင်းက တိုက်ခိုက်ချင်တယ် ဆိုမှတော့၊ မင်းကို ငါ့ဗာမီလီယမ်ငှက်မျိုးနွယ်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းအားဖြစ်တဲ့ မသေမျိုးမီးတောက်ရဲ့ အစွမ်းကို ငါ ခံစားခွင့်ပေးမယ်။" ကျူးယဲ့သည် ချင်ယွင်၏ စကားကြောင့် အလွန်ဒေါသထွက်သွားပြီး သူ၏မျက်လုံးတွေက နီမြန်းလာခဲ့သည်။
ထိုနောက်မှာတော့၊ သူ၏ခန္ဓာကိုယ်ထဲမှ အနီရောင်တောက်တောက် မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ မီးတောက်များ တောက်လောင်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အပူချိန်သည် နှိုင်းစာ၍မရအောင် ကြောက်စရာကောင်းသော နယ်ပယ်တစ်ခုအထိ ရုတ်တရက် မြင့်တက်လာသည်။
ဘန်း…။
နီမြန်းသော မီးတောက်မီးလျှံများသည် ကျူးယဲ့၏ ပုဆိန်ကြီးကို ဖုံးလွှမ်းသွားကာ နှလုံးခုန် ရန်တုန်စေသည့် စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာသည်။
"ဒီနေ့ မင်းကို ငါတို့ ဗာမီလီယမ်ငှက်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ ခွန်အားကို ငါ ခံစားခွင့် ပြုလိုက်မယ်။ သေလိုက်တော့၊ မသေမျိုးမီးလျှံ ခုတ်ပိုင်းခြင်း” ကျူးယဲ့သည် အရိုင်း ဆန်ဆန် အော်ဟစ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်း မြင့်တက်လာကာ၊ ပုဆိန်တစ်ချောင်းကို လေထဲမှပင် ခုတ်ပိုင်းပစ်လိုက်သည်။
တခဏအတွင်းမှာပင်၊ မီးတောက်မီးလျှံကြီးထဲမှ ပုဆိန်ကြီးတစ်လက် ထွက်ပေါ်လာခဲ့ပြီး၊ ချင်ယွင်ဘက်ကို တိုက်ရိုက် ခုတ်ပိုင်းသွားခဲ့သည်။
ချင်ယွင်သည် ကောင်းကင်ယံရှိ ကြီးမားသော မီးတောက်မီးလျှံ ပုဆိန်ကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင် မရှိရုံသာမက မထီမဲ့မြင်ပြုမှု အရိပ်အယောင်များပင် ရှိနေလေသည်။
"ငါက ဒီကမ္ဘာပေါ်က အရာအားလုံးကို ဓားတစ်ချောင်းနဲ့ ဖြိုခွဲပစ်နိုင်တယ်၊ ဖြိုခွဲပစ်လိုက်စမ်း” ချင်ယွင်က တိုးညှင်းစွာ အော်လိုက်ပြီး လေထုကာဆီးခြင်းဓားသိုင်း၏ တတိယမြောက်ဓားကွက်ကို တိုက်ရိုက် အကောင်အထည်ဖော်လိုက်သည်။
ရှေးဟောင်းဖရိုဖရဲတော်ဝင်တာအို ဉပဒေသ၏ အနှိုင်းမဲ့ ကြောက်စရာကောင်းသော အတက်အကျလှိုင်းများက ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး၊ မြူနှင်းချောက်နက် ဓားသည် သူ၏လက်ထဲတွင် မည်သည့် စိတ်ကူးယဉ်ဆန်မှုမှ မရှိဘဲ ပေါ်လာပါသည်။
တခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး အေးခဲသွားပုံရပါသည်။ ဖော်ပြ၍မရအောင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုက ချင်ယွင်၏ဓားမှ ပျံထွက်သွားပြီး သူ့ဆီသို့ တဟုန်းဟုန်းမြည်သံနှင့်အတူ တိုးဝင်လာသော ဧရာမ ကြက်သွေးရောင်မီးလျှံ ပုဆိန်ကြီးကို တိုက်ရိုက် ထိမှန်သွားသည်။
ဘန်း…။
ပုဆိန်ကြီးသည် ဓားအလင်း ထိမှန်သွားသည်နှင့် နှစ်ပိုင်း ကွဲသွားလေသည်။
"ဘာလဲ?"
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ကျူးယဲ့၏ မျက်လုံးများသည် နှိုင်းစာ၍မရအောင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ချက်ချင်း ဖြစ်ပေါ်လာသည်။ သို့သော်လည်း သူ့ကို ပို၍ပင် ထိတ်လန့်စေသည့်အရာက သူ့နောက်တွင် ရှိနေပါသေးသည်။ ဧရာမ ကြက်သွေးရောင်မီးလျှံပုဆိန်ကို ဖြိုခွဲပစ်လိုက်သော ဓားအလင်းသည် ပျောက်ကွယ် မသွားသေးပေ။ ယင်းအစား၊ ၎င်းသည် အလွန်မင်း ကြောက်စရာကောင်းသော အရှိန်ဟုန် ဖြင့် သူ့ဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။
"မကောင်းတော့ဘူး…"
ကျူးယဲ့သည် ဤဓားအလင်းကို တားဆီးရန် သူ၏လက်ထဲတွင်ရှိသော ပုဆိန်ကြီးကို အမြန် ဝှေ့ယမ်းလိုက်သည်။
သို့သော် သူ၏ပုဆိန်ကြီးသည် ဓားအလင်းနှင့် အပြင်းအထန် တိုက်မိပြီး ချက်ချင်းဆိုသလို ကွဲအက်သွားကာ၊ ကျူးယဲ့၏ကိုယ်ပေါ်ရှိ ဗာမီလီယမ်ငှက်ချပ်ဝတ်ထဲသို့ ပြင်းထန်စွာ ရိုက်နှက်သွားလေသည်။
“ဖူး..”။
ဗာမီလီယမ်ငှက်ချပ်ဝတ်သည် ပေါက်ကွဲသွားပြီး ကျူးယဲ့၏ ခန္ဓာကိုယ်ကို ချက်ချင်း လွင့်ပျံ သွားစေခဲ့သည်။ သူသည် မထိန်းနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ရင်ဘတ်ပေါ်မှာ အနက်ရှိုင်းသော ပေါက်ကြီးတစ်ခု ပေါ်လာပါသည်။
"ကောင်း..၊ ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်လဲ?။ ဒီဓားချက်က ဘာလို့ ဒီလောက် ကြောက်စရာကောင်းနေရတာလဲ?" သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြည့်လိုက်ရင်း၊ ကျူးယဲ့၏ အကြည့်တွေက မှုန်မှိုင်းနေသည်။ သူ၏ လက်တွေက အဆက်မပြတ် တုန်ခါနေပြီး၊ ချင်ယွင်ကိုကြည်သည့် သူ၏ အကြည့်တွေက လည်း ဖော်ပြ၍မရအောင်ပင် ကြောက်ရွံ့ထိတ်လန့်လာနေသည်။