အခန်း ၈၇၉
Vol. 59 Ch. 879
အခန်း (၈၇၉) သတင်းပေါက်ကြားမှု။
လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များလည်း အံသြသွားကြသည်။ သူတို့သည် ထိုဓားချက် ကြောင့် ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။ ထိုဓားချက်၏ စွမ်းအားက မှန်းဆ၍မရသည်အထိ အမြင့်ကို ရောက်ရှိနေခဲ့ပါပြီ။
ယွမ်ဂျူ၏ အမူအရာသည် မှုန်ကုပ်ကုပ် ဖြစ်နေပြီး၊ ချွေးများဖြင့် ရွှဲစိုလုနီးပါး ဖြစ်နေပြီ။ အစောပိုင်းက ချင်ယွင်၏ ဓားချက်ကို သူတောင်မှ တစ်ရာရာခိုင်နှုန်း လိုက်ပါ လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု မပြောဝံ့ပေ။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်က သူ့ဆီသို့ ယူဆောင်လာမည့် ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုကို သူသည်လည်း ခံစားခဲ့ရသည်။
“ထပ်……”။
ထိုအချိန်တွင် ကွင်းပြင်ပေါ်၌ ခြေလှမ်းသံများ ထွက်ပေါ်လာသည်။
လူတိုင်း၏အကြည့်များသည် ကောင်းကင်လေရင်ပြင်ထဲရှိ ချင်ယွင်ဆီသို့ ရောက်သွားကြ ပြီး၊ ချင်ယွင်သည် သူ၏ဓားကို ကိုင်ဆောင်လျက် ကျူးယဲ့ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။
"မင်း … မလာနဲ့။ ငါ ရှုံးနိမ့်တာကို ဝန်ခံတယ်။ မင်း သဘောတူတာနဲ့ ငါ မင်းကို အမှတ်တွေ အားလုံးလည်း ပေးနိုင်ပါတယ်။" ကျူးယဲ့သည် ချင်ယွင် သူဆီသို့ တစ်လှမ်းပြီးတစ်ဆင့် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရလျှင်၊ ချင်ယွင်ကို သက်ညှာပေးရန် အလျင်စလို တောင်းဆိုလိုက်ရင်း၊ သူ၏နှလုံးသားထဲတွင် ပြင်းထန်သော ကြောက်ရွံ့မှုက တိုးလာခဲ့ သည်။
"ဟမ့်၊ တကယ်လို့၊ ငါသာ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မင်းအနေနဲ့ ငါ့ကို သနားညှာတာမှု နည်းနည်းလေးမှ မရှိမှာကို ငါ ကြောက်မိတယ်၊ ဟုတ်တယ် မဟုတ်လား?" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။
ကျူးယဲ့၏ အမူအရာက တင်းမာသွားသည်။ ချင်ယွင်ပြောသော စကားတွေက လုံးဝ မမှားပေ။ အကယ်၍၊ သူသာ အနိုင်ရမည်ဆိုလျှင်၊ သူသည် ချင်ယွင်ကို မဆိုင်းမတွ သတ်ပစ်ပြီး၊ သူ၏ကိုယ်ပေါ်ရှိ ရတနာအားလုံးကို သိမ်းဆည်လိမ့်မည်။
"မင်း ငါ့ကိုလွှတ်ပေးမယ်လို့ ကတိပေးသရွေ့ ငါက ဘယ်လိုအခြေအနေမျိုးကိုမဆို သဘောတူမယ်။ မင်း အမှတ်တွေ မလိုချင်ဘူးလား?။ ငါ မင်းကို အမှတ်ခြောက်သန်း ပေးနိုင်တယ်။" ကျူးယဲ့က သနားညှာတာပေးရန် ဆောလျင်စွာ တောင်းပန်လိုက်သည်။
ချင်ယွင်က သရော်ဟန်ဖြင့် ပြုံးလိုက်ပြီး၊ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျနှင့်အတူ တစ်ဖန် မြင့်တက်လာသည်။
ချင်ယွင်သည် သူ၏တောင်းဆိုမူ အခြေအနေများကို အမှန်တကယ် ဂရုမစိုက်ကြောင်း မြင်လိုက်ရသဖြင့် ကျူးယဲ့၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားခဲ့သည်။ သူက ချင်ယွင်ကို ကြည့်ပြီး ခြိမ်းခြောက်စကား ပြောလိုက်သည် "ချင်ယွင်၊ မင်း ငါ့ကို အတင်းအကြပ် ဖိအားမပေးနဲ့နော်။ မင်း ငါ့ကို သတ်ဝံ့တယ်ဆိုရင်၊ မင်းရဲ့ခန္ဓာကိုယ်ပေါ်က လျှို့ဝှက်ချက်တွေကို ငါ အခုချက်ချင်း ထုတ်ဖော်လိုက်မယ်"
"ဟမ့်၊ ငါချင်ယွင်က မင်းရဲ့ခြိမ်းခြောက်မှုကို ဘယ်လိုလုပ် ကြောက်နေရမှာလဲ?။ သေလိုက်တော့”။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားကို ခုတ်ပိုင်းလိုက်ရင်း၊ ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အယောင် ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းသည် ကျူးယဲ့ဆီသို့ ချက်ချင်း ပျံသန်းသွားခဲ့သည်။
ကျူးယဲ့သည် ချင်ယွင်က အမှန်တကယ် လှုပ်ရှားနေသည်ကို တွေ့လိုက်ရသောအခါတွင် သူ၏မျက်လုံးများသည် စိတ်ပျက်အားငယ်နေသည့် အမူအရာများ ထွက်ပေါ်လာသည်။
"မဟုတ်ဘူး…"
မကျေမနပ် အော်ဟစ်သံနှင့်အတူ ကျူးယဲ့၏ ခန္ဓာကိုယ်သည် ချင်ယွင်၏ ဓားချက်ဖြင့် တစ်ဝက်တစ်ပျက်ကို တိုက်ရိုက် ဖြတ်တောက်သွားခဲ့သည်။
ကျူးယဲ့သည် လုံးဝ အသတ်ခံလိုက်ရသည်ကို မြင်တော့ ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကျူးယဲ့သည် ဟွမ်ထန်းလုံ၏ လျှို့ဝှက်ချက်ကို အမှန်တကယ် ပြောပြလိုက်ပါက၊ ၎င်းသည် သူ့အား ဒုက္ခများစွာ ပေးနိုင်ပါသည်။
"ချင်ယွင်၊ မင်း ငါ့ကို တကယ် သတ်ခဲ့တာပဲ။ ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ တပည့်တွေအားလုံး.. ဟွမ်ထန်းလုံရဲ့ ရတနာတွေက ချင်ယွင်ဆီမှာ ရှိနေတယ်။"
သို့သော် အရာအားလုံး အဆင်ပြေသွားပြီဟု ချင်ယွင် တွေးနေစဉ်မှာ၊ သူ၏နောက်ရှိ တစ်ဝက်တစ်ပျက် ဖြတ်တောက်သွားသော ကျူးယဲ့သည် မီးတောက်မီးလျှံများ လောင်ကျွမ်းနေသော ဗာမီလီယမ်ငှက်ကလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျူးယဲ့၏ အသံသည် ကောင်းကင်လေ ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားလေသည်။
"ဟွမ်ထန်းလုံရဲ့ ရတနာတွေက ချင်ယွင်ဆီမှာလား?။ တကယ်ပေါ့?"
"ဟွမ်ထန်းလုံဆိုတာ ဘယ်သူလဲ။"
"ဟွမ်ထန်းလုံကို မင်း မသိဘူးလား?။ သူက အနှစ် ၅၀၀၀ လောက်က ထင်ရှား ကျော်ကြားတဲ့ လူတစ်ယောက်လေ။ လူသားမျိုးနွယ်နဲ့ နတ်ဆိုးသားရဲမျိုးနွယ်ရဲ့ ရတနာကြီးနှစ်ခုကို အဲဒီအချိန်တုန်းက သူက သိမ်းဆည်းသွားခဲ့တာ။ အခု ကျူးယဲ့က ဟွမ်ထန်းလုံရဲ့ ရတနာတွေ ချင်ယွင်ဆီမှာ ရှိတယ်လို့ပြောခဲ့တော့၊ ချင်ယွင်ဆီမှာ အဲဒီ ရတနာကြီးနှစ်ခု ရှိနေတယ်လို့ ဆိုလိုရာမရောက်ဘူးလား?"
ရုတ်တရက် ကွင်းပြင်တစ်ခုလုံး ဆွေးနွေးသံများ အုတ်အုတ်ကျက်ကျက် ထွက်ပေါ်လာ သည်။
"လခွမ်းပေါ့..”။
ဤဆွေးနွေးသံများကို ကြားတော့ ချင်ယွင်သည် မျက်မှောင်ကြုတ်ကာ ကောင်းကင်ယံ တွင် လွင့်မျောနေသော ဗာမီလီယမ်မီးလျှံငှက်ကလေးကို ရုတ်တရက် လှည့်ကြည့်လိုက် သည်။
ဗာမီလီယမ်ငှက်မျိုးနွယ်တွင် မီးလျှံများဖြင့်ရေချိုးခြင်းဖြင့် ပြန်လည်မွေးဖွားနိုင်သော နတ်ဘုရားစွမ်းရည်တစ်ခု ရှိသည်။ ကျူးယဲ့သည် မီးလျှံများဖြင့်ရေချိုးခြင်းကို အသုံးပြုကာ အမှန်တကယ် ပြန်လည်မွေးဖွားလာပြီး၊ သူ၏လျှို့ဝှက်ချက်ကိုပင် ထုတ်ဖော် ပြောလာလိမ့် မည်ဟု ချင်ယွင်က မမျှော်လင့်ခဲ့ပေ။
"ဟား…၊ ဟား…၊ ချင်ယွင်၊ မင်း သေမှာ သေချာသွားပြီ။ ကောင်းကင်လေ နတ်ဘုရား အကယ်ဒမီက တပည့်တွေက ဒီကိစ္စကို သိပြီးသွားပြီ။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးလည်း ဒီကိစ္စကို မကြာခင် သိသွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ အဲဒီအချိန်ရောက်ရင် မင်းကို အင်မော်တယ်ကမ္ဘာတစ်ခုလုံးက လိုက်ဖမ်းကြလိမ့်မယ်။ မင်းရဲ့သေခြင်းကို ထိုင်စောင့်နေ လိုက်တော့။ သေးငယ်သော ဗာမီလီယမ်မီးငှက်ကလေးသည် အနှိုင်းမဲ့ ကြည်နူးနေဟန် ရယ်မောသံကို ထုတ်ဖော်လိုက်သည်။
ချင်ယွင်၏ မျက်လုံးများသည် အလွန်မင်း မှုန်မှိုင်းလာခဲ့သည်။ သူသည် ကောင်းကင်ယံမှ မီးလျှံများတောက်လောင်နေသော ဗာမီလီယမ်ငှက်လေးကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည် "ဟမ့်၊ ငါသေမသေတော့ မသိသေးဘူး၊ ဒါပေမယ့် မင်းကတော့ အသက်ပြန်ရှင်နိုင်စွမ်း မရှိတော့ဘူးဆိုတာ ငါ သိတယ်"
သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက နောက်ထပ် ကြောက်စရာကောင်းသော နောက်ထပ်ဓားချက်ကို ခုတ်ပိုင်းလိုက်ရင်း၊ ချင်ယွင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
ကောင်းကင်ယံတွင် မီးလျှံများတောက်လောင်နေသော ဗာမီလီယမ်ငှက်လေးသည် ချင်ယွင်၏ ဓားချက်ကြောင့် တစ်ပိုင်းပြတ်သွားခဲ့ပြီး၊ ဘာမှမကျန်သည်၏အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။
ကျူးယဲ့သည် ဤတစ်ကြိမ်တွင် ပြန်လည်ရှင်သန်နိုင်ခြင်း မရှိသည်မှာ ထင်ရှားသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ရှိ အလင်းအကာကွယ် အတားအဆီးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး၊ ကောင်းကင်လေ ရင်ပြင်တစ်ခုလုံးသည် မူလအသွင်အပြင်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သို့သော်၊ ချင်ယွင်ဆီသို့ ပတ်ဝန်းကျင်မှ တပည့်များ၏ အကြည့်များသည် အလွန်မင်း ထူးဆန်းလာခဲ့သည်။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဟွမ်ထန်းလုံ၏ ရတနာတွေနှင့် ပတ်သက်ပြီး၊ စောင့်မျှော်နေသည့်အရာများကို သူ ဖုံးကွယ်၍ မရတော့ဘူးဆိုသည်ကို သူ သိလိုက်ပါပြီ။ ကျူးယဲ့ ပြောခဲ့သလိုပင်၊ သူ့မှာ ဟွမ်ထန်းလုံ၏ ရတနာတွေနှင့် အကြီးမြတ်ဆုံး ရတနာကြီးနှစ်ခု ရှိနေသည့်အကြောင်းကို မကြာခင်မှာ အင်မော်တယ် ကမ္ဘာတစ်ခုလုံးက သိသွားပါလိမ့်မည်။
ယခုအချိန်မှာပင်၊ ဆက်သွယ်ရေးအင်မော်တယ်အဆောင်များကို အသုံးပြုပြီး၊ သူတို့နောက်ကွယ်မှ အင်အားစုတွေဆီ သတင်းပို့ပေးနေကြသည့် တပည့်တွေ ရှိနေပါပြီ။ သူသည် ယခုအချိန်မှာ သူတို့ကို တားမြစ်ချင်သော်လည်း နောက်ကျနေပါပြီ။ ထို့အပြင်၊ သူသည် ၎င်းတို့အား တားဆီးရန် အမှန်တကယ် မလုပ်ဆောင်နိုင်ပါချေ။
"မေ့လိုက်ပါ၊ လာရမယ့်အရာတွေကတော့ ဆက်ပြီး လာနေဦးမှာပဲ။ ငါ့ဆီကနေ ရတနာတွေကို လာလုချင်တယ်ဆိုရင်တော့၊ လုယူနိုင်တဲ့ အရည်အချင်းတော့ ရှိရမှာပေါ့။" ချင်ယွင်၏ မျက်လုံးများသည် ပြတ်သားသည့် အမူအရာကို ထုတ်ဖော်ပြသပြီးနောက်၊ သူသည် ထိုမေးခွန်းနှင့်ပတ်သက်ပြီး စိတ်ရှုပ်ထွေးနေစရာ မလိုတော့ပေ။
"ဒီ၊ ကျောင်းသား ချင်ယွင်ကို ဂုဏ်ပြုပါတယ်။ မင်းက ကျူးယဲ့ကို အနိုင်ယူပြီး ကောင်းကင်အဆင့်မှာ အဆင့် ၅၀၀ နေရာမှာကို အစားထိုး ယူလိုက်တယ်။ ဒီပြိုင်ပွဲမှာ ရမှတ် ၉၅၀၀ နဲ့ အပိုရမှတ် ၃ သန်းကို ရရှိမှာ ဖြစ်ပါတယ်။"
ထိုအချိန်တွင် ချင်ယွင်၏ စိတ်ထဲတွင် နောက်ထပ် သတင်းတစ်ခု ပေါ်လာသည်။ ချင်ယွင် သည် ထိုစကားကို ကြားသောအခါ သူ၏မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာပြီး၊ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤအမှတ်များဖြင့်ဆို၊ သူ၏အမှတ်က ကိုးသန်းကျော်နေပါပြီ။ မီးနဂါးပုလဲပါ ထည့်ပေါင်းလိုက်လျှင်၊ ချင်ယွင်သည် အမှတ်ဆယ်သန်းကို လုံး၀ စုဆောင်းနိုင်ခဲ့ပါပြီ။
ချင်ယွင်၏ မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ ဤရှင်ခြင်းသေခြင်း ဆေးပြားဖြင့်ဆို၊ ရှေးဟောင်းတာအိုဆရာသခင်သည် နောက်ဆုံးတွင် သူ၏ရုပ်ခန္ဓာကိုယ် ကို ပြန်လည် ရရှိနိုင်တော့မည်။
ဝှီး…။
ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ ရှိနေသည့်နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ကောင်းကင်ရတနာနန်းတော်ဆီသို့ တိုက်ရိုက် ပျံသန်းသွားခြင်း ဖြစ်သည်။
လွင့်မျောစင်မြင့်ပေါ်ရှိ တပည့်များသည်လည်း ချင်ယွင် ထွက်ခွာသွားသည်ကို မြင်သောအခါ၊ လူစုခွဲလိုက်ကြသည်။ သို့သော်လည်း၊ သူတို့သည် ဆက်သွယ်ရေး အဆောင်များကို ထုတ်ယူကာ ယနေ့မြင်ရသည့် မြင်ကွင်းကို ဖြန့်ကျက်ရန် မစောင့်နိုင်ကြ တော့ပေ။
ချင်ယွင် ပြန်လည်ထွက်သွားသည်ကို ကြည့်ရင်း လွင့်မျောစင်မြင့်ပေါ်မှ ယွမ်ဂျူသည် စဉ်းစားတွေးတောနေသည့် အမူအရာ ဖြစ်ပေါ်နေသည်။ တခဏလောက် စဉ်းစားပြီး နောက်၊ သူသည်လည်း အလားတူပင် ဆက်သွယ်ရေးအင်မော်တယ်အဆောင်ကို ထုတ်ပြီး သူ၏ဆရာ ဧကရာဇ်မင်းမြတ် ကျန်းရှန်ထံ မြင်မြင်သမျှကို ပေးပို့လိုက်ပါသည်။
ရလာဒ်အနေဖြင့်၊ ချင်ယွင်သည် အင်မော်တယ်ဘုရင်ကိုယ်ပွားသုံးခုကို ပေါင်းစည်းနိုင်ပြီး၊ ဟွမ်ထန်းလုံ၏ ရတနာများ ပိုင်ဆိုင်ထားသည့်သတင်းက မုန်တိုင်းတစ်ခုကဲ့သို့ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ဝှေ့ယမ်းတိုက်ခတ်သွားပါတော့သည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ကောင်းကင်ရတနာနန်းတော်သို့ ရောက်ရှိလာခဲ့သည်။
"စီနီယာ၊ ဒီမီးနဂါးပုလဲကို အခု အမှတ်တစ်သန်းနဲ့ လဲလှယ်လို့ရပြီ မဟုတ်လား?" ချင်ယွင်က မီးနဂါးပုလဲကို ကောင်းကင်ရတနာနန်းတော်၏ အဖိုးအိုထံ ပေးအပ်ရင်း ပြောလိုက်ပါသည်။
"မင်းက ဒီအောင်းဖန်ကို တကယ်သတ်ခဲ့တာပဲ။ မဆိုးဘူး ကောင်လေး။ ဒီမီးနဂါးပုလဲက အခု ပိုင်ရှင်မဲ့ ပစ္စည်းတစ်ခုပဲ။ တကယ်ကို အမှတ်တစ်သန်း တန်ပါတယ်။" အဘိုးအိုသည် မီးနဂါးရတနာပုလဲကို ကောက်ယူပြီး ချင်ယွင်ကို ပြုံးပြသည်။
ယခင်က သူသည် ချင်ယွင်ကို အကြံဥာဏ်ပေးခြင်းသည် နောက်ပြောင်ကျီစယ်ရုံ သက်သက်သာသာ ဖြစ်ပါသည်။ ယခုလိုမျိုး၊ ချင်ယွင်သည် အောင်းဖန်ကို အမှန်တကယ် သတ်ပစ်ပြီး မီးနဂါးပုလဲကို သိမ်းပိုက်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
မီးနဂါးပုလဲသည် အမှတ်တစ်သန်းတန်သည်ဟု ချင်ယွင် ကြားသောအခါတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူက အဘိုးအိုကို ကြည့်ပြီး "စီနီယာ၊ ဒါက ငါ့အမှတ် ကိုးသန်းပါ။ ရှင်ခြင်းသေခြင်းဆေးပြားနဲ့ လဲလှယ်ချင်ပါတယ်" ဟု ပြောလိုက်ပါသည်။