← Chapters

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း ၈၈၀

Vol. 59 Ch. 880

အခန်း (၈၈၀) နံပါတ်တစ် အလှမယ်။

ချင်ယွင်သည် ရှင်ခြင်းသေခြင်းဆေးပြားကို လဲလှယ်ရန် အလုပ်ရှုပ်နေစဉ်မှာ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီအတွင်းရှိ အလွန်ဝေးလံသော နန်းတော်အတွင်း၌ ပိန်ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးသည် ခန်းမထဲတွင် တင်ပျဉ်ခွေထိုင်နေကာ၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းသော ဖရိုဖရဲ အလင်းတန်းများက ရွှန့်လဲ့တောက်ပစွာ ရောင်ပြန်ဟပ် ထွက်ပေါ်နေပါသည်။

ဘန်း…။

ခန်းမအပြင်ဘက်၌ အင်မော်တယ်အလင်းရောင်တစ်ခု ဆင်းသက်လာခဲ့ပြီး၊ ခန်းမထဲတွင် ကျက်သရေရှိသော ရုပ်အသွင်တစ်ခု ထွက်ပေါ်လာသည်။

ဤအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်သည် အလွန်လှပပါသည်။ သူမ၏ရုပ်ရည်သည် အလွန်လှပပြီး၊ သူမ၏ခန္ဓာကိုယ်သည် ချစ်စရာကောင်းပြီး၊ စွဲမက်ဖွယ်ကောင်းသော ပင်ကိုယ်သဘာဝက အလိုလို ထွက်ပေါ်နေပါသည်။ တစ်စုံတစ်ယောက်သည် သူမကို ကြည့်မိလိုက်သည်နှင့် မြူဆွယ်ဖျားယောင်းခြင်း မခံရသူ မရှိသလောက်ပင် ဖြစ်ပါလိမ့် မည်။

"မင်း ဒီကို ရောက်လာတာလား?" အမျိုးသမီးရောက်လာသည်ကို ခံစားမိပြီး၊ အရပ်ရှည်ရှည် အမျိုးသားက မျက်လုံးဖွင့်ပြီး၊ သူ၏မျက်နှာက အပြုံးမပျက်ဘဲ ပြောလိုက်ပါသည်။

"ရှင်က အခုလိုအချိန်မျိုးမှာတောင် ကျင့်ကြံဖို့ စိတ်ရှိနေတုန်းပဲ။ အပြင်မှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်ခဲ့တာကို ရှင် မသိဘူး မဟုတ်လား?။" အမျိုးသမီးသည် သူမ၏ သွယ်လျသော ပေါင်တံများကို ရွှေ့လျားရင်း၊ အရပ်မြင့်မြင့် ယောက်ျားဆီသို့ လျှောက်သွား သည်။ သူမသည် ထိုယောက်ျား၏ အနားသို့ လျှောက်သွားပြီးနောက်၊ ထိုယောက်ျား၏ ရင်ဘတ်ပေါ် တိုက်ရိုက် ပစ်လှဲချလိုက်သည်။

"အိုး..ဘာကိစ္စကြီးလဲ?" ထိုလူက ပြောသည်။

"ဟွမ်ထန်းလုံရဲ့ ရတနာ ထွက်ပေါ်လာခဲ့ပြီ။" အမျိုးသမီးက ဖြည်းဖြည်းချင်း ပြောလိုက်သည် ။

"အိုး.. ဒါဆို ရတနာကြီးနှစ်ခုအကြောင်း သတင်းရှိနေပြီပေါ့။ ဘယ်မှာလဲ" အရပ်မြင့်မြင့် အမျိုးသားသည် ကမန်းကတန်း မေးလိုက်ရင်း၊ သူ၏ မျက်လုံးများက ဝင်းလက် တောက်ပနေသည်။

"ကြည့်စမ်းပါဦး၊ ရှင် ဘယ်လောက် စိတ်လှုပ်ရှားနေလဲဆိုတာ။ ဒီရတနာတွေကို ဘယ်သူရနေပြီလဲဆိုတာ ရှင် ခန့်မှန်းကြည့်စမ်းပါဦး" အမျိုးသမီးက ချစ်စဖွယ် အပြုံးဖြင့် ပြောသည်။

အရပ်မြင့်မြင့် အမျိုးသား၏ အမူအရာက လေးနက်သွားပြီး၊ အမျိုးသမီး၏ အမေးကို မဖြေသေးပါ။

'"ရှပ်စ်…။ ရှင်က လုံးဝ စိတ်ဝင်စားစရာမကောင်းဘူး။ ဒီရတနာ ရှင့်ရဲ့ အဖိုးတန် ညီလေးရဲ့ လက်ထဲ ရောက်နေခဲ့ပြီ။ အခု ဒီသတင်းက အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို ပြန့်နှံ့သွားခဲ့ ပြီ။ ကျွန်မသာ ရှင့်အတွက် သတင်းအချက်အလက်တွေကို မတောင်းခံထားဘူးဆိုရင်၊ နောက်ထပ် အနှစ် ၈၀၀ ကြာသည့်တိုင်အောင် ရှင် သိနိုင်မှာ မဟုတ်သေးဘူး။" အမျိုးသမီးက မကျေနပ်ဟန်ဖြင့် ညည်းညူပြောဆိုသည်။

"ညီလေးလား?။ မင်းက ချင်ယွင်ကို ဆိုလိုတာလား?။ ခမည်းတော်က သူ့ကို သေမျိုးကမ္ဘာထဲကို တွန်းပို့လိုက်တာ မဟုတ်ဘူးလား?။" အရပ်မြင့်မြင့် အမျိုးသားက မျက်မှောင်ကြုတ်ကာ မေးလိုက်ရင်း၊ သူ၏မျက်လုံးများက အံ့အားသင့်သွားဟန် အရိပ်အယောင်များ ပေါ်လွင်နေသည်။

မှန်ပါသည်။ ဤလူကတော့ ချင်လန်ဖြစ်ပါသည်။ ချင်ယွင်၏ အဖေတူအမေကွဲ အစ်ကို ဖြစ်သည့် ချင်လန်ပါ။ ဤအမျိုးသမီးကတော့ ချင်လန်၏ အမျိုးသမီးဖြစ်ပြီး၊ သူမသည် ကောင်းကင်ဘုံဂိုဏ်း၏ နံပါတ်တစ်အလှမယ် ဟူဖန်ဖြစ်ပါသည်။

"ဟမ့်၊ ရှင်ရဲ့ညီလေးက အင်မော်တယ်ကမ္ဘာကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ကြာကတည်းက ပြန်လည် တက်လှမ်းခဲတယ်ဆိုတာ ရှင် မသိဘူးလား?။ အခု၊ သူက ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီကို ဝင်ရောက်နေပြီး၊ ကောင်းကင်အဆင့်မှာ အဆင့် ၅၀၀ ကို ရရှိနေပြီ။ ရှင်ရဲ့ကောင်းကင်အဆင့်ကိုတောင် ပြောင်းပြန်လှန်ပစ်တော့မယ်"။ ဟူဖန်းက ရယ်မောရင်း ပြောလိုက်သည်။

ထိုစကားတွေကို ကြားတော့ ချင်လန်သည် ချက်ချင်းပင် သူ၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားကို ထုတ်ပြီး စုံစမ်းကြည့်ပါတော့သည်။

ကောင်းကင်အဆင့်တွင် အဆင့် ၅၀၀ ၏နာမည်က ချင်ယွင်ဖြစ်နေသည်ကို သူ မြင်လိုက်သောအခါတွင်၊ သူ၏မျက်လုံးများတွင် အေးစက်မှု အရိပ်အယောင်တစ်ခု ပေါ်လာ ပါသည်။

"ဘာလဲ၊ ရှင့်ကို ခြိမ်းခြောက်နေတယ်လို့ ခံစားရလို့လား?။ သူက ရှင့်ကို လက်စားချေဖို့ ရောက်လာမှာကို ရှင် ကြောက်နေတာလား?။" ဟူဖန်းက ပြုံးပြီး ချင်လန်ကို ပြောသည်။ သူမ၏ မျက်လုံးများသည် စနောက်ကျီစယ်ဟန် အရိပ်အမြွက်များဖြင့် ပြည့်နှက်နေသည်။

"ဟမ့်၊ ငါက သူ့ကို ဘာလို့ကြောက်ရမှာလဲ?။ ဟိုတချိန်တုန်းက ငါ သူ့ကို အနိုင်ယူခဲ့တယ်။ အခု သူက အင်မော်တယ်ကမ္ဘာကို ပြန်ရောက်လာတယ်ဆိုရင်ရော ဘာဖြစ်လဲ?။ ငါက သူ့ကို အရင်တုန်းကနဲ့ ထပ်တူကျအောင် မလုပ်နိုင်တော့ဘူးလား?။ ငါက ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးကို သန့်စင်ပြီးသွားပြီ။ ဒါ့အပြင်၊ အခု ငါက တော်ဝင်တာအို နယ်ပယ်ရဲ့ ဆယ်ခုမြောက်အဆင့်ကို ဖြတ်ကျော်ဖို့ ခြေတစ်လှမ်းပဲ ဝေးတော့တယ်။” ချင်လန်က အေးစက်စွာ အော်ပြောလိုက်သည်။

"ဒါတော့ မှန်ပါတယ်။ ဒါပေမယ့် ချင်ယွင်ရဲ့ ကြီးထွားမှု အမြန်နှုန်းက နည်းနည်းတော့ ထူးဆန်းတယ်လို့ ရှင် မထင်ဘူးလား?။ တကယ်လို့ သူ့ရဲ့ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးက သူ့အပေါ်မှာ ရှိနေသေးတယ်ဆိုရင်၊ ဒီလို အမြန်နှုန်းမျိုးကို ရနိုင်ပေမယ့် သူ့ရဲ့ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးကို ရှင် သိမ်းပိုက်ပြီးသားလေ။ အခု သူက တော်ဝင်တာအိုနယ်ပယ်ရဲ့ ဆဋ္ဌမမြောက် ကျင့်ကြံမူအဆင့်ကို ရောက်ရှိနေခဲ့ပြီ။ ဒါက နည်းနည်းတော့ လက်ခံလို့မရနိုင်ဘူး။ ဟူဖန်းက သံသယစိတ်ဖြင့် မေးလိုက်သည်။

ချင်ယွင်၏ သတင်းအချက်အလက်တွေကို သူမ ရရှိခဲ့ပြီးကတည်းက ချင်ယွင်ကို စုံစမ်း စစ်ဆေးဖို့ လူတွေကို စေလွှတ်ခဲ့ပါသည်။ သို့သော် စုံစမ်းစစ်ဆေးမှုရလာဒ်များက သူမကို အလွန် အံ့အားသင့်စေခဲ့သည်။

"ဟမ့်၊ ဟွမ်ထန်းလုံရဲ့ ရတနာကို သူ ရရှိခဲ့တယ်လို့ မင်း မပြောခဲ့ဘူးလား?။ ဟွမ်တန်လုံရဲ့ ရတနာတွေက သူ့ကို မြန်မြန်ကြီးထွားလာစေနိုင်တာ ဖြစ်မှာပေါ့" ချင်လန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏ မျက်လုံးများတွင် တိုးဝင်လာခဲ့သည်။

ထိုအချိန်တုန်းက၊ သူသည် ချင်ယွင်၏ ကျင့်ကြံမှုအရှိန်ဟုန်ကို မနာလိုသောကြောင့် ချင်ယွင်ကို တမင်တကာ ထောင်ချောက်ဆင်ပြီး ချင်ယွင်၏ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးကို သိမ်းပိုက်ရန် ထိုအခွင့်အရေးကို အရယူခဲ့ခြင်း ဖြစ်သည်။

ယခုတော့ ချင်ယွင်သည် သူ့အား ယခုလိုအရှိဟုန်မျိုးဖြင့် လိုက်မှီလာသည်ကို မြင်လိုက်ရသောအခါတွင် ပြင်းထန်သော မနာလိုစိတ်က သူ၏စိတ်နှလုံးထဲသို့ တစ်ဖန် ပြန်ဝင်လာခဲ့သည်။

"အဲဒီလို ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နတ်နဂါးကျောက်စိမ်းစည်းတံဆိပ်က သူ့ရဲ့ ခွန်အားကို တိုးမြင့်စေတယ်လို့ ပြောလို့ရတယ်။ သူက နတ်နဂါးကျောက်စိမ်းစည်း တံဆိပ်ကို အားကိုးရုံနဲ့ ကောင်းကင်အဆင့်မှာ အဆင့် ၅၀၀ ကို ရောက်နိုင်ခဲ့တယ်။" ဟူဖန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ဟမ့်၊ သူလည်းပဲ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ရတနာကြီးနှစ်ခုကို ရရှိဖို့ ထိုက်တန်ပါတယ် လေ။ အနှေးနဲ့အမြန်ဆိုသလို၊ ဒီရတနာကြီးနှစ်ခုက ငါချင်လန်ရဲ့အပိုင် ဖြစ်လာလိမ့်မယ်။ ငါချင်လန်က သူ ဘယ်တော့မှ ဖြတ်ကျော်လို့မရနိုင်တဲ့ နတ်ဘုရားလိုလူမျိုးဆိုတာ သူ့ကို သိစေချင်တယ်။" ချင်လန်သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေခဲ့သည်။

"ရှင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်ကို ကျွန်မ ကြိုက်တယ်။" ဟူဖန်းက ချင်လန်၏ ရင်ဘတ်ကို ပွတ်သပ်ကာ စွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

ချင်လန်၏ မျက်လုံးများက အေးစက်သော အပြုံးကို ပေါ်လွင်စေသည်။ သူက ခေါင်းငုံ့ကာ ကောင်းကင်ဘုံဂိုဏ်း၏ နံပါတ်တစ်အလှမယ်လေးကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ကျေနပ်အားရမှုတို့ကို ခိုင်ခိုင်မာမာ သယ်ဆောင်လာသည်။ သူက သူ၏ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး၊ ဟူဖန်း၏ မေးစေ့လေးကို မြှောက်ပင့်ကာ ပြောလိုက်ပါသည် "ဒီကျင့်ကြံနေအချိန်အတွင်းမှာ ငါ မင်းကို လျစ်လျူရှုထားမိခဲ့တယ်။ မင်း အထီးကျန်နေတယ်လို့ ခံစားရနေလား?။"

"မှန်တာပေါ့။ ရှင် ကျွန်မကို ဂရုမစိုက်ခဲ့ဘူး။ ဒီနေ့သာ ရှင် ကျွန်မကို ဂရုမစိုက်ဘူးဆိုရင်၊ ကျွန်မက အခြားတစ်စုံတစ်ယောက်ရဲ့ အဝေးကို လုယူသွားခြင်း ခံရလိမ့်မယ်" ဟူဖန်းက စွဲမက်ဖွယ်ကောင်းစွာ ပြောလိုက်ပါသည်။

"ဟမ့်၊ တကယ်လို့ မင်းသာ သတ္တိရှိတယ်ဆိုရင်၊ အခုပဲ ငါ ဘယ်လောက် အစွမ်းထက်တယ် ဆိုတာ မင်းကို မြင်ခွင့်ပေးမယ်။" ချင်လန်၏ ပါးစပ်ထောင့်စွန်းက ဆိုးရွားသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားရင်း ဟူဖန်းကို သူ၏အောက်သို့ တိုက်ရိုက် ဖိနှိပ်လိုက် သည်။

ထို့နောက်၊ ခန်းမကြီးတစ်ခုလုံးတွင် ကောင်းမွန်သော စိတ်ကူးယဉ် အိပ်မက်သံစဉ်များ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။

နှစ်နာရီလောက်ကြာမှာတော့ သူတို့နှစ်ယောက်၏ တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။

"ချင်ယွင်ကို ငါ့အတွက် စောင့်ကြည့်ထားဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ။ သူ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကနေ ထွက်သွားတာနဲ့ ငါ့ဆီကို ချက်ချင်း အကြောင်းကြားဖို့ တစ်ယောက်ယောက်ကို ပို့လိုက်ပါ။" ချင်လန်က ဟူဖန်းကို ပြောသည် ။

"ရှင်ကလေ ကျွန်မနဲ့ရှိနေချိန်မှာ စိတ်အေးသက်သာ မနေနိုင်ဘူးလား။ ကျွန်မ သူ့ကို စောင့်ကြည့်ဖို့ လူတွေကို စေလွှတ်ထားပြီးသားပါ။ သူ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီကနေ ထွက်သွားတာနဲ့ ကျွန်မ ချက်ချင်း သတင်းရလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ အင်အားစုတွေ အများကြီးက သူ့ကို စောင့်ကြည့်နေကြပြီ။ သူ့ကို တိုက်ခိုက်ဖို့ အရမ်းခက်ခဲသွားမှာကို ကျွန်မ ကြောက်တယ်။" ဟူဖန်းက ပြန်ဖြေသည်။

"ဟင့်၊ မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး ဒီအကြီးမြတ်ဆုံးဖြစ်တဲ့ ရတနာနှစ်ပါးကို မင်းအနေနဲ့ ရအောင်ယူရလိမ့်မယ်။ တခြားအင်အားစုတွေရဲ့ လက်ထဲ ဘယ်တော့မှ ကျရောက်သွားလို့မရဘူး" ချင်လန်က တင်းမာစွာ ပြောပြီး သူ၏ လေသံက အလွန်မင်း ပြတ်သားလွန်းသည်။

"စိတ်မပူပါနဲ့၊ ကျွန်မ ဒီမှာရှိနေမှတော့ ရှင့်အတွက် ရတနာတွေအားလုံးရအောင် ကျွန်မ သေချာပေါက် ကူညီပေးမယ်။ ကောင်းကင်ဘုံဂိုဏ်းက ရှင့်ကို သေချာပေါက် ပံ့ပိုးပေးပါ လိမ့်မယ်။ အနှေးနဲ့အမြန်ဆိုသလို၊ တော်ဝင်ချင် အင်မော်တယ် မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်ရာထူးကိုလည်း ရှင်ပဲ ပိုင်ဆိုင်ရလိမ့်မယ်။" ဟူဖန်းက ချင်လန်၏ လည်ပင်းကို ပွေ့ဖက်ကာ တိုးတိုးလေး ပြောသည်။

ချင်လန်သည် ထိုစကားကို ကြားသောအခါ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာပါသည်။ သို့သော် သူ၏ မျက်နှာပေါ်ရှိ အပြုံးသည် လူများကို နားမလည်နိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

ချင်လန်နှင့် ဟူဖန်းတို့သည် ချင်ယွင်နှင့် မည်သို့ရင်ဆိုင်ရမည့်အကြောင်း ဆွေးနွေး နေကြစဉ်မှာ၊ ချင်ယွင်သည် ကောင်းကင်ဘုံရတနာနန်းတော်ကနေ ရှင်ခြင်းသေခြင်း ဆေးပြားနှင့်အတူ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

ယခု သူ့တွင် ရှင်ခြင်းသေခြင်းဆေးပြား ရှိနေပြီဖြစ်သဖြင့်၊ ရှေးဟောင်းတာအိုဆရာသခင် သည် နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကို ပြန်လည် ရယူနိုင်တော့မည်။

သို့သော် ချင်ယွင်သည် ကောင်းကင်ရတနာနန်းတော်မှ ထွက်လာသည်နှင့် တပြိုင်နက် သူ့အပေါ်တွင် အငွေ့အသက်ပေါင်းများစွာ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ဤအရာက ချင်ယွင်၏မျက်ခုံးတွေကို မျက်မှောင်ကြုတ်သွားစေပါသည်။

"အင်း၊ ကြည့်ရတာ၊ ဒီရတနာကို ဖော်ထုတ်ပြီးတာနဲ့ လူပေါင်းများစွာက ငါ့ကို အမြန် လိုက်ရှာနေပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ ကူကယ်ရာမဲ့ ပြောလိုက်သည်။

ရုတ်တရက် ကောက်ကျစ်သော အကြည့်တစ်ချက်က ချင်ယွင်၏ မျက်လုံးများတွင် တောက်ပလာပြီး၊ ထို့နောက်တွင် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲကာ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါဆီသို့ ပျံသန်းသွားခဲ့သည်။

"သူက ကောင်းကင်လေအင်မော်တယ်ကျွန်းကနေ ထွက်သွားတော့မှာလား?။" ဟုတ်ပါသည်၊ ချင်ယွင်၏ ယခုလိုလုပ်ရပ်တွေက အမှောင်ထုထဲမှ လူအများ၏ အာရုံကို ချက်ချင်း ဖမ်းစားသွားကြပြီး၊ အားလုံးကလည်း သတင်ပို့နိုင်ရန် သတင်းပို့ဆောင်ခြင်း အဆောင်အသီးသီးကို ထုတ်လိုက်ကြပါသည်။

All Chapters