← Chapters

အခန်း ၈၈၁

Vol. 59 Ch. 881

အခန်း ၈၈၁

Vol. 59 Ch. 881

အခန်း (၈၈၁) ကျန်းရှန်ထွက်ပေါ်လာခြင်း။

ဝှီး…။

ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ်အသွင်ပြောင်းကာ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။ သူ၏နောက်တွင် အမြီးလေးများသဖွယ် အုပ်စုတစ်ခု လိုက်ပါလာပါသည်။

ချင်ယွင်သည် သူ၏နောက်မှ လိုက်ပါလာသော အမြီးသဖွယ် အုပ်စုလေးကို ခံစားနိုင်ပြီး စဉ်းလဲကောက်ကျစ်သော အပြုံးရိပ်တစ်ခုက သူ၏မျက်လုံးများတွင် ပေါ်လာပါသည်။

ဘန်း…။

ချင်ယွင်သည် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားပြီးနောက်၊ သူသည် ကောင်းကင်လေအင်မော်တယ်ကျွန်းမှ ထွက်ခွာရန် တယ်လီပို့စနစ် အစီအရင် ဝင်္ကပါကို တိုက်ရိုက် အသုံးပြုလိုက်ပါသည်။

"သူက တကယ်ပဲ ကောင်းကင်လေအင်မော်တယ်ကျွန်းကနေ ထွက်သွားတာပါလား?။ ဒီကောင်က သူ့နောက်ကို ငါတို့ လိုက်နေမှန်း မသိလို့များ ဖြစ်နေမလား?"

"ဒါက အရမ်းကို ဖြစ်နိုင်ချေများတယ်။ ဒီကိစ္စကို ဘယ်သူက ဂရုစိုက်နေမှာလဲ?။ ဂိုဏ်းကို အရင်ဆုံး အကြောင်းကြားလိုက်ရအောင်။ ဒီကောင် အခုထွက်သွားရင် သေချင်လို့ပဲ ဖြစ်လိမ့်မယ်"

မှောင်ရိပ်ထဲတွင် အမြီးလေးများသည် စတင်ဆွေးနွေးကြသည်။ ထို့နောက် သူတို့သည် သူတို့လက်ထဲမှ ဆက်သွယ်ရေး အင်မော်တယ်အဆောင်အသီးသီးကို ထုတ်ယူကာ အသံဖြင့် ထပ်မံထုတ်လွှင့်ပြီး သတင်းပို့လိုက်ကြပါသည်။

ထိုအချိန်တွင် ချင်လန်ရှိနေရာ နန်းတော်ထဲ၌ ဟူဖန်းသည် ဆက်သွယ်ရေး အင်မော်တယ် အဆောင်ထံမှ သတင်းကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပါသည်။ "ဟင့်၊ သူက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီထဲမှာပဲ အနှစ်တစ်ရာ ဒါမှမဟုတ် အနှစ်ရှစ်ဆယ် ကြာအောင် ကျုံ့ပြီး ပုန်းအောင်းနေလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ။ သူ မကြာခင် ထွက်သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။"

"အိုး…? ချင်ယွင်က ကောင်းကင်လေအင်မော်တယ်ကျွန်းကနေ ထွက်သွားပြီလို့ မင်း ပြောနေတာလား?။" ဘေးနားတွင် ချင်လန်၏ မျက်လုံးများက အံ့အားသင့်နေသည့် အမူအရာများ ပေါ်လာပါသည်။

"မှန်တယ်၊ သူက တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကိုတောင် ခေါ်ပြီးနေပြီ။ သူက ကောင်းကင်ကြယ်စက်ဝိုင်းအထက်သို့ ရောက်ရှိနေမှာကိုတောင် ငါ စိုးရိမ်မိတယ်။" ဟူဖန်းက ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

"ဟား..၊ ဟား…၊ ကောင်းကင်ဘုံက ငါ့ကို တကယ်ပဲ ကူညီနေတာပဲ။ ဒီချင်ယွင်က အခုချိန်မှာ အပြင်ထွက်သွားတယ်ဆိုတော့၊ ဒါက သေခြင်းတရားကို တောင်းခံနေတာပဲ။ အင်အားစုအမျိုးမျိုးက ကျွမ်းကျင်ပညာရှင်တွေ ဒီအခွင့်ရေးကို အရယူပြီး သူ့ကိုသတ်ဖို့ ရောက်မလာခင် မြန်မြန်သွားရအောင်။" အချိန်ရောက်တာနဲ့ အလောတကြီး ပြေးလာကြတဲ့ အဲဒီကျွမ်းကျင်ပညာရှင်တွေ ဘာမှမရဘဲ အကျိုးမရှိ ဖြစ်သွားအောင် လုပ်ရမယ်။ သွားကြစို့..” ချင်လန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။

ဟူဖန်းလည်း ပြုံးလိုက်ပြီး တိမ်တိုက်အခိုးငွေ့ထဲသို့ ပျောက်ကွယ်သွားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းမြတ် တားချင်း၏ နန်းတော်ထဲတွင် ကျင်းရှန်သည် ယွမ်ဂျူထံမှ သတင်းကို ရရှိပြီးနောက် သူ၏မျက်လုံးများတွင် ဆိုးသွမ်းသော အပြုံးရိပ် တစ်ခုကို ထုတ်ဖော်လိုက်ပါသည်။

"ချင်ယွင်၊ ချင်ယွင်၊ မင်းက ငါ့ကို တကယ်ပဲ အံ့သြစေခဲ့တယ်။ အဲဒီတုန်းက၊ ငါဟာ ရတနာကြီးနှစ်ခုကို ရရှိဖို့အတွက် ဟွမ်ထန်းလုံ ယုံကြည်အောင် လှည့်စားခဲ့တယ်။ သူ့ကို ဝန်းရံတိုက်ခိုက်ဖို့ အင်မော်တယ်ဧကရာဇ် တစ်ဒါဇင်ကျော်လောက်ကိုလည်း ငါ ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ လွတ်မြောက်သွားခဲ့တယ်။ ဒီရတနာကြီးနှစ်ခုက မင်းရဲ့လက်ထဲမှာ တကယ်ရှိနေမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဟမ့်၊ တကယ်လို့၊ မင်းသာ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှာ နေမယ်ဆိုရင်၊ မင်းကို ငါ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက အခု သေခြင်းတရားကို ချစ်မြတ်နိုးပြီး ကောင်းကင်လေအင်မော်တယ်ကျွန်းကနေ ထွက်လာခဲ့တယ်ဆိုတော့ မယဉ်ကျေးတဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့။" ကျင်းရှန်သည် သူ၏လက်ထဲတွင် တယ်လီပို့လုပ်ခြင်း အဆောင်ကို ကိုင်ထားရင်း သူ၏မျက်လုံးများသည် ကောက်ကျစ် စဉ်းလဲမူနှင့်အတူ လင်းလက်တောက်ပသွားခဲ့သည်။

ထို့နောက်တွင်၊ ကျင်းရှန်၏ရုပ်အသွင်သည် ခန်းမထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုမြင်ကွင်းမျိုးသည် အင်မော်တယ်ကမ္ဘာ တစ်လျှောက်တွင် ဖြစ်ပွားနေခဲ့ပါသည်။ ဤသတင်းကို ရရှိပြီးနောက်၊ အချို့သော ထိပ်တန်းအင်အားစုကြီးများမှ အင်မော်တယ် ဧကရာဇ်များသည် သူတို့၏ စွမ်းအားအကွာအဝေးအားလျော်စွာ ထွက်ခွာလာကြပြီး၊ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ တဟုန်ထိုး ပြေးလာကြလေသည်။

ဤကိစ္စကို အစပြုသူတစ်ဦးအနေဖြင့်၊ ချင်ယွင်သည် လုံးဝ မသိရှိထားသည့် အသွင်အပြင် ဖြင့် ကောင်းကင်ကြယ် တယ်လီပို့စနစ် အစီအရင်ဝင်္ကပါ၏ အဝင်ပေါက်တွင် ပေါ်လာပါ သည်။

ချင်ယွင်သည် ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေသော အဖိုးအိုကို မြင်လိုက်ရလျှင်၊ အဘိုးအိုအား အနည်းငယ် ဦးညွှတ်လိုက်ရင်း သူ၏မျက်လုံးများက လေးစားသည့် အမူအရာ ရှိနေသည်။

ထို့နောက်၊ ချင်ယွင်သည် ထွက်ခွာလိုက်သည်။ သူသည် အဘိုးအို၏ဘေးတွင် ရပ်နေပြီး တစ်ခုခုကို စောင့်နေပုံရသည်။

ဘန်း…။

ဟုတ်ပါသည်။ ထိုအချိန်မှာပင် လေဟာနယ် လှိုင်းလုံးကြီးတစ်ချက် ထွက်ပေါ်လာပြီး၊ လှပသော ခန္ဓာကိုယ်တစ်ခုက ချင်ယွင်၏ရှေ့မှာ ပေါ်လာပါသည်။

"အို, ငါ့ရဲ့မောင်ငယ်လေး၊ မင်းက ငါ့ကို ဒီနေရာကို ခေါ်လိုက်တာဆိုတော့ မင်း ငါ့ကို လွမ်းနေလို့များလား?" အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် သူမ ဆင်းသက်လာချိန်မှာ ပင် ချင်ယွင်ကို နောက်ပြောင်လိုက်သည်။

"သေချာတာပေါ့၊ စီနီယာအစ်မလျှိုက ကောင်းကင်ဘုံက အင်မော်တယ်နတ်သမီးတစ်ပါး လို ချောမောလှပတယ်လေ။ ကျွန်တော်က စီနီယာအစ်မလျှိုကို မတွေ့ချင်တာမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ ကျွန်တော်က စီနီယာအစ်မလျှိုအကြောင်း နေ့ရောညပါ တွေးနေခဲ့ရတာ။" ချင်ယွင်က တခစ်ခစ်ရယ်မောရင်း ပြောသည်။

သူ လျှိုထန်းနှင့် မရင်းနှီးခင်က လျှိုထန်းသည် ရေခဲလိုအေးစက်ပြီး၊ အလေးနက်ထားသည့် လူတစ်ယောက်ဟု ချင်ယွင် ထင်ခဲ့ဖူးသည်။ သို့သော် သူမနှင့် အချိန်အတော်ကြာ အဆက်သွယ်ဖူးပြီးနောက်၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် စကားပြောရာ၌ အလွန် လွယ်ကူသူတစ်ယောက် ဖြစ်သည်ကို သူ တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏ ရယ်စရာပြက်လုံးတွေက လျှိုထန်းကို စိတ်ဆိုးစေမည်ကို မစိုးရိမ်ပါ။

သေချာသည်မှာ၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ချင်ယွင်၏ စကားကို ကြားပြီး နောက်၊ သူမ၏မျက်လုံးများကို လှိမ့်ပတ်ကစားရင်း ချင်ယွင်ကိုကြည့်ကာ ပြောလိုက်သည် "ပါးစပ်ကလေးကတော့ တကယ်ကို ချိုမြိန်နေတာပဲ။ ပြောစမ်းပါဦး။ စီနီယာအစ်မကို ဘာအတွက် ရှာတာလဲဆိုတာ"

လျှိုထန်းက လေးနက်သည့် အမူအရာဖြင့် ပြောလာသည်ကို ကြားသောအခါ၊ ချင်ယွင်သည် နောက်ပြောင်ကျီစယ်ခြင်းကို ရပ်လိုက်ပါသည်။ သူက လေးနက်စွာ ပြောလိုက်သည်"ကျွန်တော် ရှင်ခြင်းသေခြင်းဆေးလုံးကို ရရှိထားပြီးဖြစ်တာကြောင့်၊ ကျွန်တော်က စီနီယာအစ်မ လျှိုထန်းကို လာခဲ့ဖို့ တောင်းဆိုလိုက်တာပါ။ ကျွန်တော်က စီနီယာအစ်မကို ရှင်ခြင်းသေခြင်းဆေးကို ဆရာကြီးဆီ ယူသွားခိုင်းဖို့အပြင်၊ စီနီယာ အစ်မကိုလည်း ပြပွဲကောင်းလေးတွေကို ကြည့်စေချင်လို့ပါ”။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သူ၏လက်ထဲရှိ သိုလှောင်လက်စွပ်ကို လျှိုထန်းအား ပေးလိုက်သည်။ ထိုအထဲတွင် ရှင်ခြင်းသေခြင်းဆေးနှင့် ထိုအချိန်တုန်းက ရရှိခဲ့သော ရွှေအရိုးစုပါ ရှိနေခဲ့သည်။

လျှိုထန်းက ချင်ယွင်၏ လက်ထဲမှ သိုလှောင်လက်စွပ်ကို ယူလိုက်ပြီးနောက်၊ သူမ၏ မျက်လုံးများတွင် အံ့သြသွားသည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။

ရှေးဟောင်းတာအိုဆရာသခင်၏ ရုပ်ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး၊ ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်အတွက် ရှင်ခြင်းသေခြင်းဆေးကို စုဆောင်းနေသည်ကို သူမ သိထားပါသည်။ ချင်ယွင်သည် ရှင်ခြင်းသေခြင်းဆေးနှင့် လဲလှယ်နိုင်ရန် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်တစ်ရာပင် အချိန်လိုအပ်မည်ဟု မူလက သူမထင်ထားခဲ့သော်လည်း၊ ဤမျှမြန်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

"ကောင်းပြီ၊ စိတ်မပူနဲ့။ ငါ ဒီရှင်ခြင်းသေခြင်းဆေးကို သေချာပေါက် ယူသွားပေးမယ်။ ဒီရှင်ခြင်းသေခြင်းဆေးပြားနဲ့ဆို ဆရာကြီးနဲ့ ငါက ဆရာကြီးရဲ့ရုပ်ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာဖို့ သေချာပေါက် စွမ်းဆောင်နိုင်ပါလိမ့်မယ်။" လျှိုထန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် ချင်ယွင်ကိုကြည့်ရင်း သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်ခြင်း အရိပ်အယောင်များ ပေါ်လာသည်။

ရှေးဟောင်းတာအိုသည် လျှိုထန်း၏ ဖခင်ကဲ့သို့ပင်။ သူမ၏ မိဘနှစ်ပါးစလုံး သူမ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်။ ရှေးဟောင်းတာအိုက သူမကို ပြုစု ပျိုးထောင်ပေးခဲ့သည်။ ထို့ကြောင့်၊ သူမ၏ နှလုံးသားထဲတွင် ရှေးဟောင်းတာအိုအပေါ် လေးလေးနက်နက် ခံစားချက်ရှိပါသည်။ ယခုအချိန်တွင် ချင်ယွင်သည် ရှေးဟောင်းတာအို ဆရာသခင်၏ ခန္ဓာကိုယ်အား ပြန်လည် ကောင်းမွန်လာစေရန် ကူညီပေးခဲ့ပြီး၊ သူမ၏ နှလုံးသားသည် ချင်ယွင်အပေါ် ကျေးဇူးတင်ခြင်းများ သဘာဝအတိုင်း ပြည့်နေခဲ့သည်။

"အိုး၊ ကောင်းပြီလေ၊ မင်း စောစောက ပြပွဲကောင်းတစ်ခုရှိတယ်လို့ ပြောလိုက်တာ မဟုတ်လား?။ ဘယ်လို ပြပွဲကောင်းမျိုးလဲ?" လျှိုထန်းက မေးသည်။

ချင်ယွင်၏ ကြီးမြတ်သော ရတနာကြီးနှစ်ခုကို ပိုင်ဆိုင်ထားကြောင်း သူမ မသိသော်သေး လည်း၊ အကယ်၍၊ လျှိုထန်း သိသွားလျှင်ပင် သူ၏ ပင်ကိုယ်စိတ်ထားကြောင့် သူ၏ ရတနားများကို လုယူမည်မဟုတ်ဟု ချင်ယွင်က ယုံကြည်ထားခဲ့သည်။

"စီနီယာအစ်မ ခဏစောင့်ပါဦး" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်.

လျှိုထန်းသည် သူမ၏မျက်နှာတွင် စိတ်ရှုပ်ထွေးသည့် အမူအရာရှိနေပြီး၊ ချင်ယွင်က မည်သည့်အရာကို တရားဝင်ရောင်းချနေသည်ကို မသိသေးပေ။

ဘန်း…။

ဤအခိုက်အတန့်တွင်၊ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာလေသည်။ ထို့နောက် အရပ်မြင့်မြင့်နှင့် ဂုဏ်သိက္ခာကြီးမားသော အသွင်အပြင်တစ်ခုက ကောင်းကင်ရှိ ကြယ်များထက်တွင် ပေါ်လာပါသည်။

"ကျင်းရှန် ရှင်ပါလား?။ လျှိုထန်းသည် ဤအရပ်မြင့်မြင့် အမျိုးသားကို မြင်သောအခါ၊ ချက်ချင်းပင် အေးစက်စွာ ပြောလိုက်သည်။

ကျင်းရှန်လည်း ထိုအသံကိုကြားတော့ ထိတ်လန့်သွားပါသည်။ ထင်ရှားသည်မှာ၊ အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ဤနေရာ၌ ရှိနေမည်ဟု သူ မျှော်လင့်ထားခဲ့ပုံမရ ပေ။

"ဂျူနီယာ ညီမလေးလျှို မတွေ့တာကြာပြီနော်။ မင်း ဒီမှာရှိနေဖို့ ငါ မမျှော်လင့်ထားဘူး" ကျင်းရှန်သည် အင်မော်တယ်ဧကရာဇ် လျှိုထန်းကိုကြည့်ကာ ပြောလိုက်သည်။

"ဟမ့်၊ အဲဒီတုန်းက အဖြစ်အပျက်တွေမှာ ရှင်က အရိပ်ထဲမှာ ရှိနေတယ်လို့ ဆရာကြီးက ကျွန်မကို မပြောခဲ့ဘူးဆိုရင်၊ ကျွန်မလည်း ရှင့်ကြောင့် အမှောင်အရိပ်ထဲမှာ ရှိနေဦးမှာပဲ။ ရှင်က ကျွန်မရဲ့ စီနီယာအစ်ကိုကြီး မဖြစ်ထိုက်ဘူး။" အင်မော်တယ်ဧကရာဇ် လျှိုထန်းက ပြောသည်။

ထိုအဖြစ်အပျက်တွေကို ကျင်းရှန်က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရှေးဟောင်းတာအို ဆရာသခင်က သူမကို ပြောပြပြီးကတည်းက သူမအနေဖြင့် စီနီယာအစ်ကိုကြီးအပေါ် မည်သည့်ခံစားချက်မှ မရှ်တော့ပါဘူး။ ယခု သူမသည် ကျင်းရှန်ကို မြင်လိုက်ရချိန်မှာ၊ သူမ၏ နှလုံးသားထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လျှိုထန်း၏ စကားကိုကြားတော့ ကျင်းရှန်၏နဖူးပေါ်တွင် မှုန်မှိုင်းသွားသည့် အရိပ်အယောင် ပေါ်လာပြီး သူက အေးစက်စွာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည် "ဟမ့်၊ အဲဒါတော့ မှန်တယ်။ ဟိုတချိန်တုန်းက အဖြစ်ပျက်တွေက ငါ့ကြောင့် ဖြစ်ခဲ့တာပဲ။ ဒါကလည်း ဟိုမသေနိုင်သေးတဲ့ ရှေးဟောင်းတာအိုအဘိုးကြီးရဲ့ ခွဲခြားဆက်ဆံမူကြောင့် ပဲ။ ဘယ်လိုလဲ၊ ချစ်လှစွာသော တပည့်တွေရဲ့ သစ္စာဖောက်ခံရတဲ့ စိတ်ခံစားချက်က စိတ်နှလုံးထဲမှာ အတော့်ကို ကောင်းမွန်တဲ့ စိတ်ခံစားမှု မဟုတ်လား?။”

“ရှင်… ဆရာကြီးက ရှင့်လို တပည့်တစ်ယောက်ကို လက်ခံမိတယ်ဆိုတော့ တကယ်ကို မျက်စိကန်းနေလို့ပဲ” လျှိုထန်း၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသက ချက်ချင်း နိုးထလာခဲ့သည်။

ချင်ယွင်၏ မျက်လုံးများတွင်လည်း သတ်ဖြတ်လိုသော အရိပ်အယောင်များ ထွက်ပေါ်လာ သည်။ ရှေးဟောင်းတာအိုသည် ချင်ယွင်အပေါ်မှာလည်း ကြင်နာမှုများစွာ ရှိခဲ့ပါသည်။ ဒီနေ့အထိ သူလမ်းလျှောက်နိုင်ခဲ့သည့် အကြောင်းရင်း အများစုကတော့ ရှေးဟောင်း တာအိုဆရာသခင်ကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ချင်ယွင်၏ နှလုံးသားတွင် ရှေးဟောင်းတာအိုဆရာသခင်သည် နှိုင်းစာ၍မရသည့် လေးစားထိုက်သူအဖြစ် တည်ရှိနေပါသည်။ ကျင်းရှန်က ရှေးဟောင်းတာအိုအပေါ် အရှက်ခွဲသည့်စကားကို ကြားတော့၊ ချင်ယွင်သည် မည်သို့ စိတ်မဆိုးဘဲ နေမည်နည်း?။

"ဟမ့်၊ ဂျူနီယာညီမလေးလျှို၊ ငါ မင်းနဲ့ ဆွေးနွေးဖို့ အခု အချိန်မရှိဘူး၊ ငါ ဒီနေ့ ဒီကို ရောက်ရတဲ့ အကြောင်းရင်းက ငါတို့ရဲ့ ချစ်လှစွာသော ဂျူနီယာ ညီလေးကို လာရှာတာပဲ။" ကျင်းရှန်က ရယ်မောလိုက်ပြီး ချင်ယွင်ကို စဉ်းလဲသော အပြုံးဖြင့် လှည့်ကြည့်လိုက်လေ သည်။

All Chapters