← Chapters

အခန်း ၈၈၂

Vol. 59 Ch. 882

အခန်း ၈၈၂

Vol. 59 Ch. 882

အခန်း (၈၈၂) မဟာဧကရာဇ်ကြီးသုံးပါး။

ကျင်းရှန်က သူ့ကိုကြည့်နေသည်ကို မြင်လျှင်၊ ချင်ယွင်က ပြုံးပြပြီး၊ မောက်မာခြင်း မရှိသလို နှိမ့်ချခြင်းလည်းမရှိသော အမူအရာဖြင့် ကျင်းရှန်ကို ကြည့်လိုက်လေသည်။

ကျင်းရှန်သည် ဧကရာဇ်မင်းမြတ် မျိုးဆက်တစ်ခု၏ ဟန်ပန်အမူအရာ အပြည့်ရှိသည်ဟု ဆိုရပေမည်။ သူသည် အရပ်မြင့်မားပြီး အစွမ်းထက်ကာ၊ သူ၏ခန္ဓာကိုယ်သည် အစွမ်းထက်သော ခမ်းနားထည်ဝါမူအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူသည် အထက်ပိုင်းအပေါ်စီး၌ အချိန်အတော်ကြာအောင် နေထိုင်ခဲ့သော ကျွမ်းကျင် ပညာရှင် တစ်ဦးနှင့်တူသည်။

"ဟွမ်ထန်းလုံက ခင်ဗျားကို သတ်ပေးဖို့ ကျုပ်ကို ကျိန်ဆိုခိုင်းခဲ့တာ အံ့သြစရာတော့ မဟုတ်ဘူးပဲ။ ခင်ဗျားက တကယ်ကို ခွေးမတစ်ကောင်သာသာပဲ။ ခွေးမတောင် ခင်ဗျားက အရိုးကိုက်တဲ့ခွေးမပဲ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောလိုက်ရင်း၊ သူ၏ မျက်လုံးများက လှောင်ပြောင်မှု အရိပ်အယောင်များ သယ်ဆောင်နေသည်။

ထိုစကားကိုကြားသောအခါ ကျင်းရှန်၏မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားခဲ့ သော်လည်း၊ သူ၏မျက်လုံးများသည် လျင်မြန်စွာ တောက်ပလာခဲ့သည်။

"ဟင့်, ဟွမ်ထန်းလုံရဲ့ ရတနာတွေက မင်းအပေါ်မှာ တကယ် ရှိနေပုံရတယ်။ ဒါဆို နတ်နဂါး ကျောက်စိမ်းစည်းတံဆိပ်နဲ့ ကြည်လင်ကောင်းကင်ဓားလည်း မင်းအပေါ်မှာ ရှိနေတယ် ပေါ့" ကျင်းရှန်က အေးစက်သော အပြုံးဖြင့် မေးလိုက်သည်။

လျှိုထန်းသည် ထိုစကားကို ကြားသောအခါ ချင်ယွင်ကို မျက်လုံးပြူးကျယ်စွာ ဖွင့်ကာ စိုက်ကြည့်ရင်း အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

လူသားမျိုးနွယ်နှင့် နတ်ဆိုးသားမျိုးနွယ်၏ ရတနာတွေက ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့သည်လား?။

ချင်ယွင်က ပြုံးပြီး ကျင်းရှန်ကို ကြည့်ကာ "ကျုပ်မှာ ရှိတယ်ဆိုရင်ရော ဘာဖြစ်လဲ?။ ကျုပ်မှာ မရှိဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ?"

"ဟမ့်၊ မင်းမှာ ရတနာကြီးနှစ်ခု ရှိနေတယ်ဆိုရင် မင်း သေရမယ်။ ဒါပေမယ့် မင်းမသေခင် ရတနာနှစ်ခုကိုတော့ လွှဲပြောင်းပေးအပ်ခဲ့ရမယ်။ တကယ်လို့၊ မင်းလက်ထဲမှာ မရှိဘူး ဆိုရင်လည်း မင်းရဲ့ကံကြမ္မာကတော့ အတူတူပဲ" ကျင်းရှန်သည် ချင်ယွင်ကို သတ်ဖြတ်လို စိတ်ဖြင့် ကြည့်လိုက်ရင်း အေးစက်စွာ ပြောလိုက်သည်။

ယခုလေးတင် ချင်ယွင်သည် ဟွမ်ထန်းလုံက သူ့ကိုသတ်ဖို့ ကျိန်ဆိုခိုင်းသည့်အကြောင်းကို ပြောပြခဲ့သည်။ ချင်ယွင်သည် သူ့ကို ခြိမ်းခြောက်နိုင်မည်ဟု သူ မထင်ထားသော်လည်း၊ ချင်ယွင်က သူ့ကို မည်သို့မည်ပုံ သတ်ဖြတ်ချင်နေမလဲဆိုသည်ကို တွေးလိုက်မိသည့်အခါ သူ၏ရင်ထဲမှာ ဒေါသတွေက ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့သည်။

"ဒါဆို ကျုပ်က ခင်ဗျားလက်ထဲ အပ်သည်ဖြစ်စေ၊ ​မအပ်​သည်​ဖြစ်​​စေ သေရ​တော့မယ်ပေါ့​" ချင်ယွင်က သူ၏မျက်နှာကို ပြုံးထားရင်း ပြောလိုက်သည်။

"မှန်ပါတယ်။ ဒီနေ့ မင်းအနေနဲ့ အပ်သည်ဖြစ်စေ၊ မအပ်သည်ဖြစ်စေ မင်း သေရလိမ့်မယ်" ကျင်းရှန်က သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြောလိုက်သည်။

ချင်ယွင်၏မျက်လုံးများသည် အေးစက်မှု အရိပ်အမြွက်ကို ဖော်ထုတ်လာသည်။

"ကျင်းရှန်၊ ရှင် အရမ်းကြီး လွန်မလာနဲ့။ ကျွန်မ ဒီမှာရှိနေသ၍ ကျွန်မဂျူနီယာမောင်းလေရဲ့ ဆံပင်တစ်ချောင်းကိုတောင် မထိခိုက်စေရဘူး။"

သို့သော်လည်း၊ ထိုအချိန်တွင် အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျင်းရှန်ကို အေးစက်စွာအော်ကာ ချင်ယွင်၏ ရှေ့တွင် ရပ်လိုက် လေသည်။

ချင်ယွင်သည် သူ၏ရှေ့တွင် ရပ်လာသော လျှိုထန်းကို ကြည့်လိုက်ရင်း၊ သူ၏ မျက်လုံးများတွင် နွေးထွေးမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

သူသည် လျှိုထန်းနှင့် စီနီယာအစ်မနှင့် ဂျူနီယာမောင်လေးအဖြစ်သာ ဆက်စပ်မူ ရှိနေပြီး၊ သူတို့နှစ်ဦးသည် တွေ့ဆုံဖူးသည်မှာ အချိန်သိပ်မကြာသေးပေ။ လျှိုထန်းသည် သူ့ကို လုံးဝ လျစ်လျူရှုထားနိုင်သော်လည်း၊ ယခု သူမသည် သူ့ကို ကာကွယ်ပေးဖို့ မားမား မတ်မတ်တပ် ရပ်တည်ပေးလိုသည်။ ယင်းက ချင်ယွင်ကို အဆုံးမရှိ လှုံ့ဆော်နိုင်စွမ်း ရှိနေပါသည်။

"ဟမ့်၊ ဂျူနီယာညီမ လျှို၊ မင်းက သူ့ကို မင်းတစ်ယောက်တည်းနဲ့ ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား?" ကျင်းရှန်၏ နှုတ်ခမ်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ ထို့နောက်၊ သူ၏နောက်ရှိ လေဟာနယ်ကို ကြည့်ကာ လှမ်းအော်လိုက်သည် "ရှဟောင်ချင်း၊ ခင်ဗျား တခြားဘာတွေများ ထပ်မြင်ချင်သေးလို့ လဲ?”။

အော်ဟစ်သံက နားကန်းမတတ် ဆူညံသွားလေသည်။

ကျင်းရှန်၏ စကားကို လျှိုထန်းကြားသောအခါ၊ လျှိုထန်းသည် ချက်ချင်း မျက်မှောင် ကြုတ်လိုက်မိသည်။ ဘေးမှာရှိနေသော ချင်ယွင်၏ မျက်လုံးတွေကမူ အေးစက်မူ အရိပ်အယောင်တွေ ပေါ်လာပါသည်။

"ဟား..၊ ဟား…၊ ကျင်းရှန်, မင်းတို့သုံးယောက်က အချင်းချင်း ပြဿနာရှင်းနေကြတာ မဟုတ်ဘူးလား?။ ထုံးစံအတိုင်း၊ ငါ မင်းတို့ကို နှောင့်ယှက်ပေးရမှာ ရှက်လို့ပါ"

ကျင်းရှန်၏ အသံဆုံးသွားသည်နှင့် ရယ်မောသံများက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့ သည်။ ထို့နောက် အစိမ်းရောင် ၀တ်စုံ ဝတ်ဆင်ထားသည့် ဂုဏ်သိက္ခာကြီးမားသော အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

သူသည် အရပ်မြင့်မားပြီး ပိန်ပိန်ပါးပါးဖြစ်ကာ ၀တ်စားဆင်ယင်ထားသော အသွင်အပြင် နှင့်အတူ နားလည်ရခက်ခဲသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့အပြင်၊ သူသည် ကြီးမြတ်ပြီး ခမ်းနားထည်ဝါသော အငွေ့အသက်များလည်း ထုတ်လွှတ်နေပါသည်။

ရှဟောင်ချင်း၊ ဤအမျိုးသားသည် ရှရှန်းယု၏ ခမည်းတော်ဖြစ်သလို၊ မင် အင်မော်တယ် မင်းဆက်၏ ဧကရာဇ်မင်းမြတ်လည်း ဖြစ်ပါသည်။ အလားတူပင်၊ သူသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀၀၀ ကျော်ကတည်းက အင်မော်တယ်ဧကရာဇ်အဆင့်သို့ တက်လှမ်းခဲ့ သူပြီး တော်ဝင်မင် အင်မော်တယ်မင်းဆက်တစ်ခုလုံးကို အုပ်စိုးသည့် ဘွဲ့အထူးခံ အင်မော်တယ်ဧကရာဇ်တစ်ပါးလည်း ဖြစ်ပါသည်။

ထိုလူ ပေါ်လာသည်ကို မြင်တော့ လျှိုထန်း၏ အမူအရာက အလွန်ကို လေးနက်လာ ခဲ့ပါသည်။ သို့သော် ချင်ယွင်ကတော့ လုံးဝ အံ့သြသွားခြင်း မရှိခဲ့ပါ။ ယင်းအစား၊ သူ သူ၏ ယောက္ခထီးတစ်ယောက် ဖြစ်လာလုနီးပါးဖြစ်သော ထိုလူသူ ဂရုတစိုက် စေ့စေ့စပ်စပ် ကြည့်လိုက်ပါသည်။

"လဲ့ထန်းလုံ၊ မင်းက ကိုယ်တိုင် ထွက်မလာဘဲ၊ မင်းနာမည်ကို ငါ့ကို ခေါ်ခိုင်းခဲ့အထိ စောင့်နေတာလား?" ဒီအချိန်မှာပင် ကျင်းရှန်က သူ၏နောက်ကွယ်ရှိ လေဟာနယ်ဆီကို အေးစက်စွာ ဟစ်အော်လိုက်ပါသည်။

"ဟား..၊ ဟား..၊ ကျင်းရှန်, မင်းက ငါ မင်းကို ရန်ပြုမှာကို ကြောက်နေတာလား?။ စိတ်မပူပါနဲ့၊ ဒီနေ့ ငါ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်က ငါတို့ နဂါးမျိုးနွယ်ရဲ့ ရတနာတွေကို ပြန်ယူဖို့ပဲ။ မင်းဆီကနေ ငါ ဘာကိုမှ လုမယူပါဘူး။" အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်သော အသံက လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်၊ ရွှေနဂါးဝတ်ရုံကို ၀တ်ဆင်ထားသော ရက်စက်ကြမ်းကြုတ်သည့် အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ လျှောက်ထွက်လာခဲ့သည်။

"နဂါးမျိုးနွယ်ရဲ့ မျိုးနွယ်စုခေါင်းဆောင်ကပါ ဒီနေရာမှာ ရှိနေတာလား?" လျှိုထန်း၏ မျက်လုံးများက အံ့အားသင့်မှုကို ထင်ရှားစေသည်။ ထို့နောက် သူမ၏အမူအရာသည် ပြင်းထန်စွာ မည်းမှောင်သွားခဲသည်။ သူမက ချင်ယွင်ဆီကို အလျင်စလို အသံတစ်ခု ပို့လိုက်သည် " ဂျူနီယာမောင်လေးချင်၊ ငါ သူတို့ကို တခဏတာ တားဆီးထားလိုက်မယ်။ မင်းက တယ်လီပို့စနစ် အစီအရင်ဝင်္ကပါထဲကို ဝင်သွားရလိမ့်မယ်။ မင်း ကောင်းကင်လေ အင်မော်တယ်ကျွန်းပေါ်ကို ဝင်ရောက်နိုင်တာနဲ့၊ သူတို့အနေနဲ့ မင်းကို ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။”

လျှိုထန်း၏ စကားကိုကြားတော့ ချင်ယွင်သည် ခါးသီးသော အပြုံးကို ထုတ်ဖော်မပြခင်၊ တစ်ခဏမျှ မှင်သက်သွားသည်။

ဤသုံးယောက်စလုံးသည် အဓိကဂြိုလ်ကမ္ဘာကြီးသုံးခုမှ ဧကရာဇ်မင်းမြတ်အဆင့် တည်ရှိမူများ ဖြစ်ပါသည်။ သူတို့တစ်ဦးချင်းစီသည် လျှိုထန်းထက် အားနည်းမည် မဟုတ်ပေ။ လျှိုထန်းက သူတို့ကို မည်သို့ တားနိုင်မည်နည်း?။

သို့သော်လည်း၊ ချင်ယွင်သည် လျှိုထန်းအား ကျေးဇူးတင်မူ အပြည့်ရှိနေဆဲ ဖြစ်သည်။ အကယ်၍၊ လျှိုထန်းသည် ယခုလို ပြောနိုင်ခဲ့သည်ဆိုမှတော့၊ သူမသည် သူ့ကို ကယ်တင်ဖို့ သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးသား ဖြစ်ရပါလိမ့်မည်။

"စီနီယာအစ်မ လျှို၊ စိတ်မပူပါနဲ့။ ကျွန်တော် စီနီယာအစ်မကို ဒီနေရာကို ခေါ်လိုက်က တည်းက သဘာဝအတိုင်း စီနီယာအစ်မကို အန္တရာယ်မဖြစ်စေပါဘူး။ စောင့်ကြည့်နေရုံပါ ပဲ။" ချင်ယွင်က လျှိုထန်းကို အသံဖြင့် ပို့လိုက်သည်။

လျှိုထန်းသည် ထိုစကားကိုကြားသောအခါ တစ်ခုခုပြောချင်ပုံရသော်လည်း ချင်ယွင်၏ ပြတ်သားသော အကြည့်ကို မြင်သောအခါတွင် သူမ၏စကားများကို ပြန်မျိုချမိပါသည်။ သို့သော်လည်း ဧကရာဇ်မင်းမြတ်သုံးပါးနှင့် ရင်ဆိုင်ရာတွင် ချင်ယွင်သည် မည်သည့်အရာ ပေါ် ယုံကြည်မှုရှိနေလဲဆိုသည်ကို သူမ သိချင်နေသေးသည်။ ဤဧကရာဇ်မင်းမြတ် သုံးပါးအပြင်၊ အရိပ်ထဲတွင် အင်မော်တယ်ဧကရာဇ် ဆယ်ပါးထက်မနည်း ရှိကောင်း ရှိနေနိုင်သည်။

"မင်းက ချင်ယွင်လား?" ထိုအချိန်မှာပင် ရှဟောင်ချင်းက ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်" ချင်ယွင်က နှိမ့်ချခြင်း မောက်မာခြင်းမရှိဘဲ ဖြေလိုက်သည်။

"ရှန်းယုဆီကနေ မင်းအကြောင်းကို ဟိုးအရင်ကတည်းက ငါ ကြားဖူးတယ်။ ငါ အမှတ် မမှားဘူးဆိုရင်၊ မင်တို့ နှစ်ယောက်က လက်ထပ်ဖို့အထိတောင် ဖြစ်ခဲ့ကြတယ် မဟုတ်လား?။ ငါက ရှန်းယုကို မင်းနဲ့လက်ထပ်ပေးမယ်ဆိုရင်ရော ဘယ်လိုလဲ?။ မင်းက ငါ့ကို ဘာလို့ ယောက္ခထီးလို့ မခေါ်သေးတာလဲ?။ " ရှဟောင်ချင်းသည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်လေသည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်း ရယ်မောလိုက်သည်။ ထိုအချိန်တုန်းက၊ သူ၏ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ်အရိုးကို ဖယ်ထုတ်ခံရပြီးနောက်၊ ဤရှဟောင်ချင်း သည် သူနှင့် ရှရှန်းယုတို့ကြားက စေ့စပ်ပွဲကို တိုက်ရိုက် ဖျက်သိမ်းခဲ့သည်။ အခုတော့ သူက ရှရှန်းယုကို သူနှင့် လက်ထပ်ပေးနေပြန်ပြီ။ ရည်ရွယ်ချက်အမှန်ကို သူကိုယ်တိုင် သက်သေပြနေခဲ့သည်။

"ရှဟောင်ချင်း၊ မင်းက ဘာလိုချင်လို့လဲ?" သို့သော်လည်း ချင်ယွင် စကားမပြောခင်၊ ကျင်းရှန်နှင့် လဲ့ထန်းလုံတို့သည် ရှဟောင်ချင်းကို ချက်ချင်း စိုက်ကြည့်နေကြသည်။

"ငါက ဘာလိုချင်ရမှာလဲ?။ ဒီချင်ယွင်က မူလကတည်းက ငါ့ရဲ့ သမက်လောင်းလေ။ အဲဒီတုန်းက ငါ့သမီးကို ချင်ယွင်နဲ့ လက်ထပ်ပေးဖို့ ငါကိုယ်တိုင် စီစဉ်ထားပြီးသား။" ရှဟောင်ချင်းက လူဆိုးလူကြမ်းတစ်ယောက်လို မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

ကျင်းရှန်နှင့် လဲ့ထန်းလုံတို့သည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားပြီး၊ ရှဟောင်ချင်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "စီနီယာရှ၊ စီနီယာရဲ့သမီးက ရွှေသစ်ကိုင်းနဲ့ ကျောက်စိမ်းအရွက်ပါ။ ကျွန်တော်က သေးငယ်လှတဲ့ ကျင့်ကြံသူလေး တစ်ယောက်ဆို တော့ ကျွန်တော် မထိုက်တန်လောက်ပါဘူး။ ဒါကြောင့် စီနီယာက တခြားသားမက် တစ်ယောက်ကို ရွေးချယ်သင့်ပါတယ်"

"ဟား…၊ ဟား…၊ ရှဟောင်ချင်း၊ မင်းရဲ့ ကြင်နာမှုက လုံးဝ တန်ဖိုးထား မခံလိုက်ရဘူး။ မင်းရဲ့ သမီးနဲ့ပတ်သက်ပြီး အများကြီး မတွေးသင့်ဘူးလို့ ငါ ထင်တယ်" ချင်ယွင်၏ စကားကိုကြားတော့ လဲ့ထန်းလုံသည် ချက်ချင်းပင် ရယ်မောလိုက်သည်။

ကျင်းရှန်၏ နှုတ်ခမ်းထောင့်က ချင်ယွင်ကို အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်နေရင်း၊ မထီမဲ့မြင်ပြုသည့် လှောင်ပြောင်မှုအဖြစ် တွန့်ကွေးသွားခဲ့သည်။

အမှန်အတိုင်းပြောရလျှင် ချင်ယွင် သဘောတူလိုက်မည်ကို သူ အမှန်တကယ် ကြောက်နေမိသည်။ ထိုအချိန်တွင်၊ ရှဟောင်ချင်းသည် သူ့အား ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိမ့်မည်။ ထိုသို့ဆိုလျှင်၊ သူသည် ချင်ယွင်ကို သတ်ရန် ခက်ခဲပေ လိမ့်မည်။

ချင်ယွင်ကို အပြင်းအထန် စိုက်ကြည့်ရင်း ရှဟောင်ချင်း၏ မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ “ကောင်စုတ်လေး၊ မင်း ဘာတွေ တွေးနေတာလဲ?။ ငါ့သားမက် ဖြစ်ချင်တဲ့လူတွေမှ မရေမတွက်နိုင်အောင် ရှိနေတာ မင်း မသိဘူးလား? မင်း နောင်တ ရမနေဘူးလား?”

ချင်ယွင်သည် ထိုစကားကို ကြားသောအခါ အေးစက်သော အပြုံးတစ်ခုက သူ၏ ပါးစပ်ထောင့်တွင် ပေါ်လာပါသည်။ "ခင်ဗျားသမီးနဲ့ ကျုပ် လက်ထပ်ပြီးရင်၊ ကျုပ် နောင်တရရမှာ ကျုပ်ကြောက်တယ်" ဟု တိုက်ရိုက် ပြောလိုက်သည်။

ချင်ယွင်၏ အသံသည် အလွန်ကျယ်လောင်ပြီး လေဟာနယ်အနှံ့ ပဲ့တင်ထပ်သံပင် တိုက်ရိုက် ထွက်ပေါ်လာသည်။

All Chapters