အခန်း ၈၈၃
Vol. 59 Ch. 883
အခန်း (၈၈၃) စီတူဝူဒီ။
ကောင်းကင်လေအင်မော်တယ်ကျွန်းကနေ ချင်ယွင်ကို လိုက်ပါလာသော တပည့်များသည် ထိုစကားကိုကြားသောအခါ သူတို့အားလုံး တုန်လှုပ်ခြောက်ခြားသွားသည့် အကြည့်များကို ထုတ်ဖော်လိုက်ကြသည်။
ရှရှန်းယုက မည်သူနည်း?။
ရှရှန်းယုသည် အကယ်ဒမီ၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး၊ သူမသည် အကယ်ဒမီ၏ မရေမတွက်နိုင်သော တပည့်များကြားတွင် ဖမ်းစား၍မနိုင်ရသော နတ်ဘုရားမတစ်ပါး ဖြစ်သည်။
ယခု ရှဟောင်ချင်းက ရှရှန်းယုကို လက်ထပ်ပေးလိုခဲ့သည်. အခြားသူများသာဆိုလျှင်၊ ဒူးထောက်ကာ စိတ်အားတက်ကြွစွာဖြင့် သူ့ကို ယောက္ခထီးကို ပြေးခေါ်ကြပေလိမ့်မည်။ သို့သော်လည်း၊ ချင်ယွင်သည် ရှဟောင်ချင်း၏ တောင်းဆိုမှုကို ငြင်းပယ်ရုံသာမက၊ ရှရှန်းယုနှင့် လက်ထပ်ခြင်းအတွက် သူ နောင်တရမည်ဟုပင် ပြောခဲ့သည်။ ရုတ်တရက် ဆိုသလိုပင်၊ လူတိုင်းသည် သူတို့၏နားတွေက တစ်ခုခုမှားနေပြီဟုပင် သံသယ ဝင်လာကြပါသည်။
သူတို့အမြင်မှာတော့၊ ရှရှန်းယုလို ထူးခြားသော အလှပိုင်ရှင်နှင့် လက်ထပ်ပြီး တော်ဝင်မင် အင်မော်တယ်မင်းဆက်၏ သားမက်တစ်ယောက် ဖြစ်လာခြင်းသည် ယောက်ျားတိုင်း၏ အိပ်မက်ပင် ဖြစ်ပါသည်။ သို့သော်လည်း၊ ချင်ယွင်က ၎င်းကို ငြင်းဆိုခဲ့ပြီး သူသည် လွှမ်းမိုးနိုင်စွမ်းရှိဟန်ဖြင့်ပင် ငြင်းဆန်ခဲ့သည်။
"ဒီကောင်ခေါင်း ပျက်ဆီးနေတာဖြစ်ရမယ်" လူတိုင်းသည် စိတ်ထဲမှာ တွေးနေကြပြီး၊ ချင်ယွင်ကိုကြည့်သည့် သူတို့အကြည့်တွေက အရူးတစ်ယောက်ကို လှည့်နေသလိုပင်။
ရှဟောင်ချင်း၏ မျက်လုံးများသည် အလွန်အေးစက်နေပြီး သူ၏နှလုံးသားထဲတွင် အမျက်ဒေါသများ ပြင်းထန်စွာ တောက်လောင်နေခဲ့သည်။
သူသည် သူ၏သမီး ရှရှန်းယုကို အမြဲတမ်း ယုံကြည်မှုအပြည့်နှင့် ရှိနေခဲ့သည်။ သူ့သမီး၏ ပါရမီအရည်အချင်းနှင့် သူမ၏ အနာဂတ်အောင်မြင်မှုတွေက သူ့ထက်သာလွန်မည်ဟု သူ အမြဲ ယုံကြည်ခဲ့သည်။ သူမသည် အတိတ်က ဧကရာဇ် ယူမင်ကိုပင် ကျော်လွန်သွား နိုင်သည်။
သို့သော်လည်း၊ သူ၏ရှေ့မှာပင် ချင်ယွင်က သူ၏သမီးကို လက်ထပ်လိုက်လျှင်၊ နောင်တ ရရလိမ့်မည်ဟု အမှန်တကယ် ပြောလာခဲ့သည်။ သူသည် ထိုစကားကို မည်သို့ ဒေါသ အမျက်မထွက်ဘဲ နေနိုင်မည်နည်း?။
"ကောင်စုတ်လေး၊ မင်းက သေခြင်းတရားကို တောင်းခံနေတာလား?။ ငါ့သမီးကို မင်းနဲ့ ထိမ်းမြားပေးတာက ငါ မင်းကို လုံးဝ လေးစားလို့ပဲ။ ရိုးရိုးသားသားပြောရရင်၊ မင်းက ငါ့သမီးနဲ့ မထိုက်တန်ဘူး" ရှဟောင်ချင်းက အေးစက်စွာ ပြောသည်။
"ကျုပ်က သူမနဲ့ မထိုက်တန်ဘူး။ ကျုပ် ဒီစကားကို အရင်က မပြောခဲ့ဘူးလား?။ စီနီယာရှ၊ ခင်ဗျားက အသက်ကြီးလာလို့ နားတွေကောင်းကောင်း အလုပ်မလုပ်တော့ဘူးတင်တယ်" ချင်ယွင်သည် တုံးအချင်ဟန်ဆောင်ကာ အံသြသောအမူအရာဖြင့် ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရလျှင်၊ ရှဟောင်ချင်းသည် ဒေါသအရမ်းထွက်ပြီး၊ သူ၏သွားတွေ ပင် ယားကျိကျိဖြစ်လာပါသည်။ ချင်ယွင်က သူ့ကို အသက်ကြီးပြီဟု အမှန်တကယ် ပြောဆိုခဲ့သည်။ သူသည် အကြီးမြတ်ဆုံးသော အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်သည်။ သူ၏သက်တမ်းသည် နှစ်သန်းချီပြီး ရှိနေပါပြီ။ ယခု သူ၏အသက်သည် ၂၀၀၀၀၀ နီးပါး ရှိသော်ငြားလည်း၊ သက်တမ်းဖြင့် နှိုင်းယှဉ်လျှင်၊ အလွန် နုနယ်နေပါသေးသည်။ ဤကောင်စုတ်လေးသည် သူ့ကို အသက်ကြီးပြီဟု မည်သို့ ပြောနိုင်ရသနည်း?.
အဝေးမှ ကြည့်ရှုနေသူ တပည့်များသည် ချင်ယွင်၏ စကားတွေက အမှန်တကယ် အပေါစားဆန်ပြီး ရိုက်နှက်ချင်စိတ်ပင် ကုန်ခမ်းရသည်ဟု ခံစားမိကြသည်။ သို့သော်၊ ချင်ယွင်သည် အမှန်တကယ် သေခြင်းတရားကို မကြောက်ကြောင်း သိသည့်အတွက်၊ သူတို့စိတ်ထဲတွင်လည်း သက်ပြင်းချနေမိသည်။ သူသည် တော်ဝင်မင် အင်မော်တယ် မင်းဆက်၏ ဧကရာဇ်မင်းမြတ်ကိုပင် ဤကဲ့သို့ စကားမျိုးကို အမှန်တကယ် သတ္တိရှိရှိ ပြောဆိုခဲ့သည်။
မထိုက်တန်ဟု သူက ပြောနေသော်လည်း၊ သူ၏မျက်နှာပေါ်ရှိ အမူအရာအရ ပြောရလျှင်၊ သူ၏ပုံစံက စက်ဆုပ်ရွှံရှာဟန် ပေါက်နေသည်ဟု လူတွေကို ခံစားစေပါသည်။ ရှင်းရှင်းပြောရရင်၊ သူက ရှရှန်းယုနှင့် မထိုက်တန်ဘူးဟု တခြားလူတွေကို ပြောနေသော် လည်း၊ ရှရှန်းယုက သူနဲ့ လုံးဝ မထိုက်တန်ဟု ပြောလိုသည်မှာ ထင်ရှားပါသည်။
တစ်ဖက်မှာတော့၊ လျှိုထန်းသည် သူမပါးစပ်ကို အုပ်ပြီး ပြုံးလိုက်မိသည်။ အမှန်အတိုင်း ပြောရလျှင်၊ ချင်ယွင်သည် သူ၏ ကြီးမားသော အကြွေးကြီးကို ပြန်ဆပ်လိုက်သည်ဟုပင် သူမ ခံစားမိသည်။ သို့သော် သူမသည် အသက် ၁၀၀၀၀၀ ကျော်ပြီဟု တွေးမိလိုက်ချိန်မှာ သူမသည် ချက်ချင်း အသံကျယ်ကျယ်ဖြင့် မရယ်နိုင်တော့ပေ။ (သူမကိုလည်း အသက်ကြီးပြီဟု ပြောလာမှာကြောက်ဟန်ဖြင့် ထိန်းလိုက်ဟန်ရပါသည်)။
"ဟား…၊ ဟား…၊ ရှဟောင်ချင်း၊ ရှဟောင်ချင်း၊ မင်းလည်း ဂျူနီယာတစ်ယောက်ရဲ့ လှောင်ပြောင်မူကို ခံရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒီနေ့ပြီးတာနဲ့ အင်မော်တယ် ကမ္ဘာတစ်ခုလုံးက မင်းကို အဘိုးကြီးလို့ ခေါ်ဆိုသွားမှာကို ငါ စိုးရိမ်မိတယ်။" လီတန်လုံက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ရှဟောင်ချင်းသည် လဲ့ထန်းလုံ၏ စကားကို ကြားသောအခါ၊ သူ၏မျက်လုံးများတွင် အမျက်ဒေါသက ပိုမိုပြင်းထန်လာပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ၊ သူ၏မျက်လုံး ထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။
"ကောင်းပြီ အစ်ကိုရှ၊ ဒီကောင်စုတ်လေးရဲ့ ပါးစပ်က တကယ်ကို အံ့သြစရာကောင်းတယ်။ မင်း ဘယ်လောက်ပဲ ပြောပြော ဘာမှ အသုံးမဝင်ဘူး။ အခုအချိန်မှာ အရေးကြီးဆုံးအရာက အဲဒီမြင့်မြတ်တဲ့ ရတနာနှစ်ပါးကို လွှဲပြောင်းပေးဖို့အတွက် သူ့ကို တွန်းအားပေးဖို့ပဲ" ကျန်းရှန်က ပြောသည်။
ကျန်းရှန်သည် ထိုစကားများကို ပြောပြီးသည်နှင့် ရှဟောင်ချင်းနှင့် လဲ့ထန်းလုံသည်လည်း ချက်ချင်းပင် လေးနက်လာကြသည်။
"မျိုးမစစ်ကောင်လေး၊ ငါ့နဂါးမျိုးနွယ်ရဲ့ အမြင့်မြတ်ဆုံး ရတနာဖြစ်တဲ့ နတ်နဂါး ကျောက်စိမ်းစည်းတံဆိပ်ကို လွှဲပေးလိုက်ပါ။ မဟုတ်ရင် မင်းဘဝက ဘယ်လိုမျိုး ဖြစ်သွားမလဲဆိုတာ ငါ ပြောပြရလိမ့်မယ်။" လဲ့ထန်းလုံသည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်ရင်း၊ သူ၏ရွှေရောင်သူငယ်အိမ်များတွင် ပြင်းထန်သော မောက်မာမူကို သယ်ဆောင်ထားပါသည်။
"ကျုပ်မှာ အမြင့်မြတ်ဆုံး ရတနာတွေ ရှိမနေဘူး။ တကယ်လို့၊ ခင်ဗျားတို့ ကျုပ်ကို သတ်လိုက်ရင်တောင် ခင်ဗျားတို့အနေနဲ့ ဘာမှ ရနိုင်စွမ်းရှိမှာ မဟုတ်တော့ဘူး။" ချင်ယွင်က တဟားဟား ရယ်မောလိုက်သည်။
ထိုစကားကို ကြားတော့ ရှဟောင်ချင်းနှင့် ကျန်းရှန်တို့သည် မျက်မှောင်ကြုတ်သွားပါ သည်။ အကယ်၍၊ ဤရတနာများသည် ချင်ယွင်၏ကိုယ်ပေါ်တွင် အမှန်တကယ် ရှိမနေပါက၊ ၎င်းတို့သည် သူ့ကို အလွယ်တကူ သတ်ဝံ့မည် မဟုတ်ပေ။
"ဟမ့်၊ ကောင်လေး၊ ငါတို့က မင်းကို ဘာမှမလုပ်နိုင်ဘူးလို့ မင်း တကယ်ထင်နေတာလား?။ ငါ ပြောပြပါရစေ၊ ငါ့မှာ စိတ်ဝိညာဉ်ရှာဖွေခြင်းလို့ခေါ်တဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည် တစ်ခု ရှိနေတယ်။ မင်းကို ဖမ်းမိတာနဲ့ မင်းရဲ့အမှတ်တရတွေ အားလုံးကို သဘာဝအတိုင်း ငါ သိလိမ့်မယ်။" သို့သော် ထိုအချိန်တွင် လီတန်လုံက အေးစက်စွာ ပြောလိုက်ပါသည်။
"ကောင်းပြီလေ၊ ဒါဆို သူ့ကိုဖမ်းပြီးမှ စကားပြောရအောင်" ရှဟောင်ချင်းနှင့် ကျန်းရှန် တို့သည် တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်သည်။
ထိုစကားကို ကြားတော့ လျှိုထန်း၏ အမူအရာက ချက်ချင်းပင် တုန်လှုပ်သွားပြန်သည်။
ချင်ယွင်၏ မျက်ခုံးများသည် အနည်းငယ် လှုပ်သွားခဲ့ပြီး၊ တယ်လီပို့စနစ်၏ အစီအရင် ဝင်္ကပါရှေ့တွင် တင်ပျဉ်ခွေထိုင်နေသော အဖိုးအိုကို လှည့်ကြည့်လိုက်လေသည်။
"စီနီယာ၊ စီနီယာက ဘယ်လောက်ကြာကြာ အိပ်ချင်ယောင်ဆောင်နေဖို့ စီစဉ်ထားလဲ?" ချင်ယွင်သည် အဖိုးအိုကို ကြည့်ကာ ပြောလိုက်သည်။
သို့သော်၊ ချင်ယွင်၏စကား ပြီးဆုံးသော်လည်း အဘိုးအိုသည် ဘာမှ ထူးခြားမလာခဲ့ပေ။
ကောင်းကင်ရှိ လူတိုင်းလည်း ချင်ယွင် အဘိုးအိုကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့်၊ သူတို့သည်လည်း အဘိုးအိုကို တစ်ယောက်ပြီး တစ်ယောက် ကြည့်လိုက်ကြပါသည်။ တကယ်တော့၊ ဤအဘိုးကြီးကို သူတို့ တွေ့မြင်ခဲ့သည်မှာ ကြာလှပါပြီ။ ဤအဘိုးအိုသည် အလွန်ထူးဆန်းသည်ဟု သူတို့ အမြဲတမ်း ခံစားဖူးသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့် အငွေ့အသက်မှ ရှိမနေပါဘူး။ သူသည် သေမျိုးတစ်ဦးကဲ့သို့ပင်။ သူ၏ စွမ်းအားကို လုံးဝ မမြင်နိုင်ပါဘူး။
အဘိုးအို၏ ကိုယ်ရေးအချက်လက်နှင့် ပတ်သက်၍မူ လက်ရှိ ရောက်ရှိနေလူများတွင် မည်သူမျှ မသိရှိကြပေ။ မဟာဧကရာဇ်ကြီးသုံးပါးပင် သူတို့ရှေ့မှ ဤအဘိုးအိုက မည်သူလဲ ဆိုသည်ကို မသိကြပါဘူး။ ထို့ကြောင့်၊ အစပိုင်းတွင် သူတို့သည် အလွန် ကြောက်ရွံ့ခဲ့ကြသည်။ သို့သော် အဘိုးအိုသည် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် အနည်းငယ်မျှ မရှိသည်ကို မြင်သောအခါတွင်၊ ၎င်းတို့သည် သူ့ကို တိုက်ရိုက် လျစ်လျူရူလိုက်တော့သည်။
ချင်ယွင်သည် အဘိုးအိုနှင့် အမှန်တကယ် စကားပြောနေသည်ကို ကြားသိလိုက်ရသော အခါတွင်၊ သူတို့သည် ပထမတော့ ထိတ်လန့်သွားသော်လည်း၊ အဘိုးအိုက ချင်ယွင်ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ၊ သူတို့၏မျက်လုံးများသည် မထီမဲ့မြင်ပြုဟန် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်တွင်၊ ဤအဘိုးကြီးသည် ချင်ယွင်နှင့် မည်သည့်ပတ်သက်မူမှ မရှိကြောင်း လုံး၀ ဆုံးဖြတ်လိုက်ကြသည်။ ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အဘိုးအိုကို အသုံးပြု၍ သူတို့ကို ခြောက်လှန့်ခြင်းသည် လုံးလုံးလျားလျား ဝေဝါးသွားခဲ့ပါပြီ။
"ဟမ်၊ ကောင်စုတ်လေး၊ မင်းမှာ အကြံအစည် အနည်းငယ်တော့ ရှိနေပုံရတယ်။ ဒါပေမယ့် အကြွင်းမဲ့ ခွန်အားရဲ့ ရှေ့မှာတော့ အရာအားလုံးက အသုံးမဝင်ဘူး။ မင်း သေခြင်းတရားကို နာခံစွာနဲ့ စောင့်စားနေတော့။" ရှဟောင်ချင်းသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကျန်းရှန်နှင့်လဲ့ထန်းလုံတို့သည် ကောင်းကင်ယံ၌ တစ်ပြိုင်နက် လှုပ်ရှားသွားကြသည်။ မဟာဧကရာဇ်ကြီးသုံးပါးသည် တစ်ချိန်တည်းတွင် တိုက်ခိုက်လာခဲ့ ပြီး ချင်ယွင်ကို တိုက်ရိုက် ဖမ်းဆုပ်တော့မည်။
လျှိုထန်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူမ၏ ခွန်အားဖြင့်ဆို၊ သူမသည် တစ်ယောက်ကိုတော့ တားဆီးနိုင်လောက်သည်။ သို့သော် ဤနေရာတွင် မဟာဧကရာဇ်ကြီး သုံးဦးစလုံး ရှိနေခဲ့သည်။ သူမတစ်ယောက်တည်း မည်သို့ တားဆီးနိုင် မည်နည်း?။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ အဝေးမှလူတွေအားလုံးသည် ချင်ယွင်ကို သေလူအဖြစ် ဆုံးဖြတ်လိုက်ကြသည်။ ဧကရာဇ်မင်းမြတ်သုံးပါးသည် တစ်ပြိုင်နက် တိုက်ခိုက်လာခဲ့ သည်။ သူ မည်သို့ အသက်ရှင်နိုင်တော့မည်နည်း?။
ထိုအချိန်တွင် ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ ဒီလူအိုကြီးက သူ့ကို တကယ် လျစ်လျူရှုလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ ဤအရာက သူ့ကို အလွန် အရှက်ရ စေခဲ့သည်။
"အားလုံးကို ထုတ်သုံးကြည့်ရမယ်။ ငါတို့ အလောင်းစားလုပ်ကြည့်ရုံသာ တတ်နိုင်တော့ တယ်" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ထို့နောက် သူ၏နှလုံးသည် တစ်ချက်ခုန်သွားပြီး ကောင်းကင်ယံကို မော့ကာ တိုက်ရိုက်ပင် အော်ဟစ်လိုက်တော့သည် "စီတူဝူဒီ၊ တကယ်လို့၊ ခင်ဗျားကြီး မလှုပ်ရှားဘူးဆိုရင်၊ ခင်ဗျား ယုံချင်ယုံ မယုံချင်နေ၊ အဲဒီတုန်းက ကျန်းထန်အင်မော်တယ်နယ်မြေမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ကျွန်တော် ပြောပြတော့မယ်"
မျှော်လင့်ထားသည့်အတိုင်းပင်၊ ချင်ယွင်၏စကားများ ပြီးဆုံးသွားသည်နှင့် မူလက တင်ပျဉ်ခွေထိုင်နေသော အဖိုးအိုသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ဖိအားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။
လဲ့ထန်းလုံနှင့် ကျန်းရှန်တို့၏ အမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူတို့သည် ချင်ယွင်ကို သိမ်းပိုက်ရန် ကြံစည်နေကြသော်လည်း၊ ထိုအချိန်တွင် ထိုအဘိုးကြီး၏ ပုံရိပ်က သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာတော့သည်။
"ဘုန်း…”။
သူတို့နှစ်ဦး မတုံ့ပြန်နိုင်ခင်မှာ အဖိုးအိုက သူတို့၏ ရင်ဘတ်တွေကို လက်နှစ်ဘက်နှင့် တိုက်ရိုက် ရိုက်ချလိုက်သည်။ ထို့နောက်၊ သူတို့ မတ်တပ်ပြန်ပြီး ထမရပ်နိုင်ခင် သူတို့သည် ကြယ်ပေါင်းများစွာကို ထိုးဖောက်ဝင်ရောက်သည်အထိ သူတို့၏ ခန္ဓာကိုယ်များသည် ထိန်းမနိုင်သိမ်းမရ နောက်ပြန် လွင့်ထွက်သွားခဲ့သည်။ သူတို့သည် အဘိုးအိုကို ထိတ်လန့် တကြား အမူအရာဖြင့် ကြည့်နေလေသည်။