အခန်း ၈၈၄
Vol. 59 Ch. 884
အခန်း (၈၈၄) နတ်ဘုရားအကယ်ဒမီ၏ဌာနမှူးကြီး။
"ဘာလဲ"
အဝေးမှလူတိုင်းသည် နောက်ပြန် လွင့်ထွက်သွားသော ဧကရာဇ်မင်းမြတ်နှစ်ပါးကို ကြည့်ပြီး၊ သူတို့၏မျက်လုံးများတွင် အံ့သြထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့အားလုံးသည် ရုတ်တရက် တိုက်ခိုက်လိုက်သော အဘိုးအိုကို လှည့်ကြည့်လိုက်ပါ သည်။
နတ်ဘုရားအကယ်ဒမီ၏ တပည့်တိုင်းလိုလိုတွင် ဤဆံပင်ဖြူ အဘိုးအို၏အသွင်ပြင်ကို မြင်ဖူးကြပါသည်။ သူတို့ အကယ်ဒမီကို ဝင်လာကတည်းက ဤအဘိုးကြီးသည် မလှုပ်မယှက် ဤနေရာမှာပင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်. သူ လှုပ်ရှားသွားလာသည်ကို မည်သူမှ မမြင်ဖူးသလို စကားပြောသည်ကိုလည်း မကြားဖူးပါဘူး။ အကယ်ဒမီ တည်ထောင်ပြီးကတည်းက ဤအဘိုးအိုသည် ဤနေရာတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ ထို့ကြောင့်၊ တပည့်များစွာသည် သူ့ကို တိုက်ရိုက် လျစ်လျူရှုထားခဲ့ကြသည်။
ယခုမူ၊ ဤအဘိုးကြီးသည် ချင်ယွင်အတွက် အမှန်တကယ် လှုပ်ရှားလာလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ပေ။ ထို့အပြင်၊ ဤအဘိုးအိုသည် ဧကရာဇ်မင်းမြတ်နှစ်ပါးကို တစ်ချက်တည်း ဖြင့် လွင့်ထွက်သွားစေသည်အထိ စွမ်းအားကြီးမားလွန်းလှသည်။ ဤစွမ်းအားသည် မည်သည့်အဆင့် စွမ်းအားနည်း?။
ယခုမှ စတင်တိုက်ခိုက်ခဲ့ကြသော လျှိုထန်းနှင့် ရှဟောင်ချင်းတို့သည်လည်း လုံးဝကို မှင်သက် အံ့ဩသွားကြသည်။ လျှို့ဝှက်ဆန်းကြယ်သော ဆံပင်ဖြူ အဘိုးအိုကို ကြည့်ပြီး၊ သူတို့၏ စိတ်နှလုံးတွေ တုန်လှုပ်သွားကြသည်။
ယခုအချိန်တွင် ချင်ယွင်လည်း အံ့အားသင့်သွားသည်။ ဤအဘိုးအိုသည် အလွန် အစွမ်းထက်မည်ဟု သူမျှော်လင့်ထားသော်လည်း၊ ဧကရာဇ်မင်းမြတ် နှစ်ပါးကို တစ်ချက်တည်း အနိုင်ယူနိုင်လောက်အောင် အစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူ၏စွမ်းအားသည် ချင်ယွင်၏ စိတ်ကူးကို ကျော်လွန်နေပြီ ဖြစ်သည်။
အင်မော်တယ်ဘုရင်များကဲ့သို့ပင်၊ အင်မော်တယ်ဧကရာဇ်များကိုလည်း အဆင့် ဆယ့်နှစ် ဆင့် ခွဲခြားထားပါသည်။ သို့သော်၊ အင်မော်တယ်ဧကရာဇ်များ နားလည်ဆင်ခြင် သဘောပေါက်သော အရာမှာ ကောင်းကင်ဘုံတာအို ဖြစ်ပါသည်။
ပုံမှန်အားဖြင့်၊ ကောင်းကင်တာအိုနယ်ပယ်၏ ပထမအဆင့်ခြောက်ဆင့်သည် သာမန် အင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသော်လည်း၊ ကောင်းကင်တာအိုနယ်ပယ်၏ သတ္တမ အဆင့်သို့ရောက်သည်နှင့် ၎င်းတို့ကို မဟာအင်မော်တယ်ဧကရာဇ်များဟု ခေါ်တွင်ကြမည် ဖြစ်သည်။ မဟာအင်မော်တယ်ဧကရာဇ်တိုင်းတွင် ကိုယ်ပိုင်ဘွဲ့များ ရှိကြပါသည်။
ဥပမာအားဖြင့်၊ မဟာဧကရာဇ်မင်းမြတ်သုံးပါးနှင့် အင်မော်တယ်ဧကရာဇ်လျှိုထန်း တို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဘွဲ့များကို ပိုင်ဆိုင်ထားသော ထိပ်တန်း အင်မော်တယ် ဧကရာဇ်များ ဖြစ်ကြပါသည်။ မဟာဧကရာဇ်သုံးပါး၏ ကျင့်ကြံမှုအခြေခံသည် ကောင်းကင်တာအိုနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ သူတို့သည် ဤအဘိုးအို၏ ထိုးနှက်ချက်တစ်ချက်ကိုပင် မခံနိုင်သေးပေ။
"ကောင်းကင်တာအိုနယ်ပယ် အဆင့် ၁၁ သို့မဟုတ် အဆင့် ၁၂ အင်မော်တယ် ဧကရာဇ်ပင် ဖြစ်နိုင်ချေရှိလောက်တယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် မှန်းဆလိုက်သည်။
သို့သော်၊ ဤထိပ်တန်း မဟာအင်မော်တယ်ဧကရာဇ်တစ်ပါးကို သူ မည်ကဲ့သို့ ခြိမ်းခြောက် ခဲ့သည်ကို သူ စဉ်းစားမိသောအခါ၊ ချင်ယွင်သည် သူ၏ရဲစွမ်းသတ္တိရှိမူအတွက် အနည်းငယ် ဂုဏ်ယူမိသလိုပင် ခံစားခဲ့ရသည်။
ထိုအခိုက်တွင်၊ ဆံပင်ဖြူအဘိုးကြီးသည် ချင်ယွင်ကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်ပြီး၊ သူ့ကို အပေါ်အောက် စူးစူးစိုက်စိုက် ကြည့်ရူကာ၊ သူ၏မျက်လုံးများသည် ပျော်ရွှင်မူ သို့မဟုတ် ဒေါသဖြစ်နေမူကိုပင် ပိုင်းခြား၍ မရပါပေ။
ချင်ယွင်သည် ဤကဲ့သို့ အကြည့်မျိုးကို ရင်ဆိုင်ရအချိန်မှာ၊ သူ၏ခြေဖဝါးမှ ကောင်းကင် ထိပ်ဖျားအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍၊ ထိုကဲ့သို့ ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်တစ်ဦးသည် သူ့ကို အမှန်တကယ် တိုက်ခိုက်လိုပါက၊ သူသည် ကနဦးစကြာဝဠာသို့ပင် မဝင်ရောက်မီ အသတ်ခံရပေလိမ့်မည်။
"အယုတ်တမာအိုကြီး ရှေးဟောင်းတာအိုက မင်းကို ဒီအကြောင်းတွေ ပြောပြီးပြီလား?။ သူက မင်းကို ဘာပြောထားသေးလဲ?" ဆံပင်ဖြူ အဖိုးအိုက ချင်ယွင်ကို ကြည့်ကာ မေးသည်။
ဆံပင်ဖြူ အဘိုးကြီး ပြောစကားကို ချင်ယွင်ကြားတော့၊ သူသည် ခဏလောက် မှင်သက် သွားခဲ့သည်။ ထို့နောက် သူက နာခံမူရှိစွာ ခေါင်းညိတ်ပြီး ပြန်ပြောသည် "ဆရာက ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ အကြီးအကဲကြီး စီတူဝူဒီက သူ့ဆီမှာ တစ်ဝက်တစ်ပျက် ရှုံးနိမ့်သွားတဲ့အတွက် အလောင်းအစားအတိုင်း ဖြည့်ဆည်းပေးခဲ့ရတယ်တဲ့ ... "
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းပြောနေတာ ရပ်လိုက်တော့။ ဒီသောက်အဘိုးကြီး ရှေးဟောင်း တာအိုက ဒီအကြောင်းတွေကိုတောင် ဒီဂျူနီယာတွေကို တကယ် ပြောပြတာပဲ။ နောင်တချိန်မှာ ငါကရော သူ့ကို ဂရုပြန်စိုက်ပေးနိုင်မလားဆိုတာ ကြည့်ရအောင်။" ဆံပင်ဖြူ အဘိုးကြီးသည် လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ အံတင်းတင်း ကြိတ်လိုက် လေသည်။
ထိုစကားကိုကြားတော့ ချင်ယွင်သည် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။
အမှန်အတိုင်းပြောရလျှင် ဆံပင်ဖြူ အဘိုးအိုသည် သူ၏ ယခင်ခြိမ်းခြောက်မှုများကြောင့် ဒေါသတကြီး သူ့ကို ပါးထရိုက်မည်ကို အမှန်တကယ် ကြောက်ရွံ့နေပါသည်။
သို့သော်လည်း ယခုအချိန်တွင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် တုန်လှုပ်ချောက်ချားဟန် လှိုင်းလုံးများဖြင့် ပြည့်နှက်နေသည်။ အထူးသဖြင့် ဘေးမှာရပ်နေသော ရှဟောင်ချင်းနှင့် လျှိုထန်းတို့သည် မျက်လုံးတွေကို ပြူးကျယ်စွာဖွင့်ပြီး ဆံပင်ဖြူ အဘိုးကြီးကို စိုက်ကြည့်နေကြသည်.
"သူက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ဌာနမှူးကြီး စီတူဝူဒီလား?" ရှဟောင်ချင်း သည် သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။ စောစောက ချင်ယွင်ကို မတိုက်ခိုက်ဘဲ လျှိုထန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် သူ ဝမ်းသာသွားပါသည်။ ထို့သို့မဟုတ်ပါက၊ သူသည် ကျန်းရှန်နှင့် လဲ့ထန်းလုံတို့ကို နောက်ပြန် လွင့်ထွက်သွားပေလိမ့်မည်။
ကျန်းရှန်နှင့် လဲ့ထန်းလုံတို့သည် အဝေးမှ ပျံသန်းလာကြသည်။ သူတို့ ရင်ဘတ်ပေါ်တွင် လက်ဖဝါးပုံနှစ်ခု ကျန်ရစ်ခဲ့သည်။ နဂါးတစ်ကောင်ဖြစ်သော လဲ့ထန်းလုံပင်လျှင် ခြွင်းချက် မရှိပေ။ စီတူဝူဒီသည် သူတို့အား ကရုဏာပြခဲ့ကြောင်း သူတို့သိသည်။ အကယ်၍၊ သူသာ တကယ်လှုပ်ရှားခဲ့ရင်၊ သူတို့နှစ်ယောက် အစောကတည်းက သေသွားလိမ့်မည်။
ဤအခိုက်အတန့်တွင် စီတူဝူဒီ၏ ကိုယ်ရေးအချက်လက်ကို ကြားလိုက်ရသောအခါ၊ သူတို့၏ နှလုံးသားများသည် ပို၍ပင် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ဆံပင်ဖြူ အဘိုးအိုကိုကြည့်သည့် သူတို့၏ အကြည့်တွေက တုနှိုင်းမရအောင် လေစား ကြည်ညိုလာကြသည်။
“ဒီလူအိုကြီး… အိုး မဟုတ်ပါဘူး၊ ဒီအဘိုးကြီးက ငါတို့ နတ်ဘုရားအကယ်ဒမီရဲ့ ဌာနမှူးပဲ” အနီးနားရှိ တပည့်များလည်း စတင်ဆွေးနွေးကြပြီး ဆံပင်ဖြူ အဘိုးအိုကို ငေးကြည့်ရင်း သူတို့သည် ချက်ခြင်းပင် အနှိုင်းမဲ့ လေးစားလာကြသည်။
"စီနီယာ၊ အခုနက စီနီယာကို မသိခဲ့ဘဲ စော်ကားမိတဲ့အတွက် ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ" ကျန်းရှန်သည် အံကြိတ်ကာ ဆံပင်ဖြူအဘိုးကြီးနှင့် စကားပြောရန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
"စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း ခွင့်လွှတ်ပါနော်" ရှဟောင်ချင်းနှင့် လဲ့ထန်းလုံတို့သည် ဆောလျင်စွာ ဦးညွှတ်ပြီး ပြောလိုက်သည်။
ဆံပင်ဖြူ အဘိုးကြီးသည် သူ၏လက်ကို နောက်သို့ ပစ်ချထားလိုက်သည်။ သူတို့သုံးယောက်ကို ကြည့်ပြီးနောက် သူက အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ မင်းတို့က ငါ့ရဲ့ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ တံခါးဝမှာ ရိုင်းရိုင်းစိုင်းစိုင်း လှုပ်ရှားရအောင်၊ အဲဒီလိုလုပ်ဖို့ မင်းရဲ့အလှည့် မရောက်သေးဘူး။”
ဆံပင်ဖြူ အဘိုးကြီး၏ အငွေ့အသက်သည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင့်တက်လာခဲ့ပြီး၊ သူ၏အသံက အနှိုင်းမဲ့ လွှမ်းမိုးလွန်းသည်။ အထူးသဖြင့် နောက်ဆုံး 'အလှည့်' ဆိုသည့် စကားတွင် မနှိုင်းယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် ပါရှိနေသည်။ မဟာဧကရာဇ်မင်းမြတ် သုံးယောက်ပင် မတတ်နိုင်ဘဲ နောက်ပြန် ဆုတ်လိုက်ရပြီး၊ သူ၏ကျယ်လောင်သော အော်သံအောက်မှာ အဝေးမှ ကြယ်တစ်လုံး ပေါက်ကွဲသွားလေသည်။
လူတိုင်းသည် ဤကြောက်စရာကောင်းသော အငွေ့အသက်ကို ခံစားမိပြီး အသက် ပြင်းပြင်း ရှူလိုက်ကြသည်။
ချင်ယွင်လည်း အံ့သြသွားသည်။ သူသည် အဘိုးကြီး၏ နောက်မှာ ရပ်နေသော်လည်း၊ ဤစကားလုံးတွေကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ဖိအားကို သူ ခံစားနိုင်ဆဲပင်။
မဟာဧကရာဇ်မင်းမြတ်သုံးပါး၏ မျက်နှာများသည် ပြာနှမ်းသွားသော်လည်း အခြား ရွေးချယ်စရာမရှိပေ။ သူတို့သည် ချင်ယွင်ကို စိုက်ကြည့်ရုံသာ တတ်နိုင်ပြီး၊ အဖိုးအိုကို ဉီးညွှတ်ကာ နှုတ်ဆက်ပြန်သွားကြသည်။
အမှောင်ထုထဲတွင် သဘာဝအတိုင်း ထွက်ပေါ်မလာသော အင်မော်တယ် ဧကရာဇ်များ သည်လည်း မဟာဧကရာဇ်မင်းမြတ်သုံးပါး ထွက်ခွာသွားသည်ကို မြင်သောအခါ ခုန်မချဝံ့တော့ဘဲ လှည့်ထွက်သွားကြသည်။
ရလာဒ်အနေနှင့်၊ ကြယ်များပေါ်တွင် ဆံပင်ဖြူအဖိုးအို၊ အင်မော်တယ်ဧကရာဇ် လျှိုထန်း နှင့် ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီ၏ တပည့်အချို့သာ ကျန်ရစ်ခဲ့သည်။
"စီနီယာ…” အင်မော်တယ်ဧကရာဇ် လျှိုထန်းသည် ဆံပင်ဖြူ အဘိုးအိုအား ဦးညွှတ်ပြီး ပြောလိုက်သည်။
"အင်း၊ ကောင်မလေး၊ မင်းရဲ့ စွမ်းဆောင်ရည်က မဆိုးပါဘူး။ ရှေးဟောင်းတာအိုရဲ့ တပည့်တွေထဲမှာ မင်းက အကြင်နာဆုံးပဲ။" စီတူဝူဒီသည် လျှိုထန်းကို ကြည့်ကာ ပြုံးလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာ၊ စီနီယာရဲ့ ချီးကျူးစကားအတွက်။" လျှိုထန်းက ပြုံးပြီး ပြန်ဖြေသည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အနည်းငယ် လှုပ်ယမ်းသွားသည်။ လျှိုထန်းက ဤစီတူဝူဒီကို အမှန်တကယ် စီနီယာဟု ခေါ်သည်. ထို့ကြောင့် ဤစီတူဝူဒီသည် နှစ်ပေါင်း မည်မျှ ရှင်သန်နေထိုင်ခဲ့သနည်း။
"ကောင်စုတ်။ ငါက အသက်ကြီးပြီ၊ မသေနိုင်သေးဘူးလို့ မင်းစိတ်ထဲမှာ ပြောနေတာ မဟုတ်လား?။" စီတူဝူဒီသည် ချင်ယွင်ကို မျက်ခုံးပင့်ကာ ကြည့်လိုက်ပြီး၊ ချင်ယွင်အား ပြောလိုက်သည်။ သူသည် ချင်ယွင်၏ အတွေးအမြင်များကို မြင်တွေ့ခဲ့ပုံရသည်။
"မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်က ဘာလို့ ဒီလိုပြောရမှာလဲ?။ စီနီယာ၊ စီနီယာက ငယ်ရွယ်နုပျိုပြီး ရက်စက်ကြမ်းကြုတ်နေတုန်းပဲလေ" ချင်ယွင်သည် သူ၏မျက်နှာကို အလျင်အမြန် လျှာဖြင့်သပ်ပြီး ပြုံးလိုက်သည်။
ထိုစကားကို လျှိုထန်းကြားတော့ ပါးစပ်ကိုအုပ်ပြီး ရယ်လိုက်မိသည်. ချင်ယွင်၏ စကားများသည် အမှန်တကယ် နားထောင်ရ ခက်ခဲလွန်းသည် ။ စီတူဝူဒီသည် အနည်းဆုံး အနှစ် ၇၀၀၀၀၀ မှ ၈၀၀၀၀၀ အထိ အသက်ရှင်နေထိုင်ခဲ့သော်လည်း၊ ချင်ယွင်က သူ့ကို ငယ်ရွယ်သေးသည် ဟု အမှန်တကယ်ပင် ပြောဆိုခဲ့သည်။ ဤအရာက ဗြောင်လိမ်နေခြင်း မဟုတ်ပေဘူးလား?
စီတူဝူဒီလည်း စကားမပြောနိုင်ဘဲ ချင်ယွင်ကို သေအောင်ပါးရိုက်ပစ်ဖို့ပင် အမှန်တကယ် စိတ်အားထက်သန်နေတော့သည်။
"ကောင်လေး၊ မင်းက ဒီနေ့ကို တမင်တကာ အကွက်ဆင်ခဲ့တာ မဟုတ်လား?။ မင်းက ဒီလောက်ကြီးမားတဲ့ ပြဿနာကို ဖန်တီးခဲ့တယ်။ ဆိုတော့၊ မင်းက ငါ့ကို မင်းရဲ့ဖင်ကို သုတ်ပေးစေချင်တာလား?။ မင်းပြောသလို တကယ်လို့၊ ငါသာ မင်းရဲ့လှည့်ကွက်ထဲမှာ ကျရှုံးမသွားဘူးဆိုရင်၊ မင်း ဒီနေ့ ဒီနေရာမှာ အမှန်တကယ် ရှုံးနိမ့်သွားမှာ မဟုတ်လား?" စီတူဝူဒီက ချင်ယွင်ကို ကြည့်ကာ စပ်စုရင်း မေးမြန်းကြည့်သည်။
လျှိုထန်းသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ ဤအခိုက်အတန့်တွင် သူမသည် မည်မျှပင် မိုက်မဲနေပါစေ၊ ချင်ယွင်သည် ဤအရာကို တမင်တကာ စီစဉ်ထားကြောင်း သူမ ပြောပြနိုင်သည်။ ချင်ယွင်သည် စီတူဝူဒီက အဘယ့်ကြောင့် လှုပ်ရှားလိမ့်မည်ဟု ခန့်မှန်းနိုင်ရသနည်း? ဤအကြောင်းကို သူမလည်း သိချင်နေပါသည်။