← Chapters

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း ၈၈၇

Vol. 60 Ch. 887

အခန်း (၈၈၇) နဂါးနတ်ဘုရား၏လေဟာနယ်။

ဘန်း…။

လေထုထဲတွင်ရှိသော ရွှေရောင်နဂါးအငွေ့အသက်သည် ရွှေရောင်ဝတ်ရုံဝတ်ထားသော အဖိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ ရှေ့တွင် ပေါ်လာပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရှိနေသေးသည်။

ချင်ယွင်သည် အဖိုးအိုကိုတွေ့သောအခါ အံ့သြမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။ အကယ်၍၊ သူ၏ခန့်မှန်းချက်သာ မှန်ကန်ပါက၊ သူ၏ရှေ့ရှိ အဖိုးအိုသည် နတ်နဂါး ကျောက်စိမ်း စည်းတံဆိပ်၏ ပစ္စည်းဝိညာဉ် ဖြစ်သင့်ပါသည်။

"စီနီယာ”၊ ချင်ယွင်က အစမ်းသဘောဖြင့် ခေါ်ကြည့်လိုက်သည်။

"ကောင်စုတ်လေး၊ မင်း ဘယ်လို လုပ်လိုက်တာလဲ?။ မင်းရဲ့ ခွန်အားလေးနဲ့ ငါ့နဂါးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အငွေ့အသက်ကို တွန်းလှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား?" အဖိုးအိုက ချင်ယွင်ကို ကြည့်ကာ သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"စီနီယာ၊ ကျွန်တော် ကျင့်ကြံထားတဲ့ ကျင့်ကြံခြင်းပညာရပ်က နည်းနည်း ထူးခြားပါတယ်။ မိုးပြာဧကရာဇ်က ကျွန်တော့်ကို သင်ပေးထားပါ။" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။

"အိုး..မင်းက ပဉ္စမမြောက်ညီရဲ့ တပည့်လေးလား?။" နဂါးဝတ်ရုံဝတ်ဆင်ထားသော အဘိုးအိုသည် သူ၏မျက်နှာပေါ်တွင် အံ့အားသင့်ဟန် အရိပ်အယောင်ကို ထုတ်ဖော် ပြသပြီးနောက်၊ သူ၏အကြည့်တွေက ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ အစိမ်းရောင် ကြာပန်း စည်းတံဆိပ်ပေါ်သို့ မီးရှူးမီးပန်းများသဖွယ် ကျရောက်သွားခဲ့သည်။

"မှန်ပါတယ်၊ ဒါက တကယ်ပဲ ပဉ္စမမြောက်ညီရဲ့ ကြာပန်းမျိုးစေ့ပဲ။ အခု ပဉ္စမမြောက် ညီက ဘယ်မှာလဲ" ရွှေနဂါးဝတ်စုံဝတ် အဘိုးအိုက ပြောသည်။

ထိုစကားကို ကြားတော့၊ ချင်ယွင်၏ မျက်လုံးတွေက ချက်ချင်း မှောင်သွားပြီး ပြောလိုက်သည် “ဆရာ မိုးပြာဧကရာဇ်က ထွက်ခွာသွားခဲ့ပါပြီ…”။

နဂါးဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုသည် မျက်မှောင်ကြုတ်လိုက်ပါသည်။ ချင်ယွင်ပြောသည့် 'ထွက်ခွာသွားပြီ' ဟူသောစကား၏ အဓိပ္ပါယ်ကို သူ သတိထားမိပြီး ဖြစ်ပါသည်။

"သူ ဘယ်လို ထွက်ခွာသွားတာလဲ?" နဂါးဝတ်စုံဝတ် အဘိုးအိုက မေးသည်။

"ဆရာမိုးပြာဧကရာဇ်က ကောင်းကင်ဘုံ တန်ခိုးအစွမ်းတောင် သည်းမခံနိုင်လောက်တဲ့ ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒါ့ကြောင့်၊ သူ ကောင်းကင်ဘုံ တန်ခိုးအစွမ်းရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။

နဂါးဝတ်စုံဝတ် အဘိုးကြီးသည် ထိုစကားကို ကြားသောအခါ ချက်ခြင်း ငြိမ်ကျသွားသည်။ နောက်ဆုံးတွင် သူက ကူရာမဲ့ဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာ ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည် "ကောင်စုတ်လေး၊ မင်း ဘာကြောင့် ဒီကိုရောက်လာလဲဆိုတာ ငါ သိတယ်။ ဒါပေမယ့် မင်း ပြန်သွားသင့်တယ်။ မင်းရဲ့လက်ရှိအင်အားနဲ့ဆို မင်းအနေနဲ့ ငါ့ကို လုံးဝ မထိန်းချုပ်နိုင်သေးဘူး။ ငါ့ရဲ့အစ်ကိုကြီး ကြည်လင်သန့်စင်ဓားဆို ပြောမနေနဲ့တော့။ ဟွမ်ထန်းလုံတောင်မှ အဲဒီအချိန်တုန်းက ငါ့ကို ထိန်းချုပ်နိုင်ရုံပဲ ရှိခဲ့တာ။ မင်းရဲ့ လက်ရှိအင်အားက ဟွမ်ထန်းလုံထက် နိမ့်ကျနေမှာ ငါ ကြောက်မိတယ်။”

ထိုသို့ပြောပြီးနောက် အဘိုးအိုသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ နတ်နဂါးကျောက်စိမ်း တံဆိပ်ထဲသို့ ထပ်မံဝင်ရောက်ရန် ကြံရွယ်လိုက်သည်။

"စီနီယာ၊၊ ခဏစောင့်ပါဦး။" ချင်ယွင်က အဘိုးအိုကို အမြန်ခေါ်ပြီး ပြောလိုက်သည်။

အဘိုးကြီးသည် ရပ်ပြီး ချင်ယွင်ဘက်သို့ လှည့်ကာ "ချာတိတ်လေး၊ မင်း ဘာပြောချင်သေးလဲ" ဟု မေးသည်။

"စီနီယာ၊ နတ်နဂါးကျောက်စိမ်း တံဆိပ်ကို ထိန်းချုပ်ဖို့ ဘယ်လို အခြေအနေတွေ လိုအပ်လဲလို့ ကျွန်တော် သိချင်မိပါတယ်။ ဒီဂျူနီယာလေးက အဲဒါကို စမ်းကြည့်ချင်လို့ပါ။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဤနေရာထိ သူရောက်ရှိနေပြီ ဖြစ်သောကြောင့်၊ နတ်နဂါးကျောက်စိမ်း တံဆိပ်ကို ရယူရန် သူ ဆုံးဖြတ်ထားသည်။ နတ်နဂါးကျောက်စိမ်း တံဆိပ်၏ ပစ္စည်းဝိညာဉ်၏ စကားကြောင့် သူ စွန့်လွှတ်လိုက်မည်ဆိုလျှင်၊ ဤအရာကို သူ ဘယ်တော့မှ လက်ခံနိုင်မည် မဟုတ်ပေ။

"ကောင်စုတ်လေး၊ မင်း တကယ်ကြိုးစားမှာလား?။ တကယ်လို့၊ မင်းအနေနဲ့ ငါ့ရဲ့စမ်းသပ်မှုကို မအောင်မြင်ရင် ဘာဖြစ်မယ်ဆိုတာရော မင်း သိရဲ့လား?” နဂါးဝတ်စုံဝတ် အဘိုးအိုက ချင်ယွင်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ သံသယမျက်လုံးများဖြင့် အေးစက်စွာ မေးလိုက်သည်။

"မသိဘူး ဒါပေမယ့် သေရင်တောင် မကြောက်ဘူး" ချင်ယွင်က တိုက်ရိုက် ပြောသည်။

"ဟမ့်၊ မင်း ငါ့ရဲ့စမ်းသပ်မှုကို မအောင်မြင်ရင် မင်းရဲ့ကံကြမ္မာက သေတာထက် ပိုဆိုး လိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းရဲ့စိတ်ဝိညာဉ်ကို နတ်နဂါးကျောက်စိမ်း တံဆိပ်က ဝါးမျိုသွားပြီး မင်းရဲ့ကိုယ်ခန္ဓာကို နတ်နဂါးကျောက်စိမ်း တံဆိပ်က ရုပ်သေးရုပ် ဖြစ်အောင် သန့်စင်ပစ်လိမ့်မယ်။" နဂါးဝတ်စုံဝတ် အဘိုးအိုက ပြောသည်။

"အယ်…”။ ထိုစကားကို ကြားတော့ ချင်ယွင်၏မျက်နှာက အံ့သြသွားသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။

နတ်နဂါး ကျောက်စိမ်း တံဆိပ်၏ စမ်းသပ်မှုသည် ဤမျှရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ မအောင်မြင်သည်နှင့် သူ၏စိတ်ဝိညာဉ်ကို ဝါးမျိုချလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို ရုပ်သေးအဖြစ် ပြန်လည် သန့်စင်သွားမည် ဖြစ်သည်။ ဤနည်းဖြင့်ဆို၊ သူ မအောင်မြင်သည်နှင့်၊ ထာဝရအသက်ရှင်သန်နိုင်မှာ မဟုတ်တော့ဘူးမလား?။

"ကောင်စုတ်လေး၊ မင်း ကြောက်နေပြီလား?။ တကယ်လို့၊ မင်းကြောက်တယ်ဆိုရင် ထွက်သွားလိုက်ပါ။ မင်းက ငါ့ရဲ့ပဉ္စမမြောက် ညီငယ်ရဲ့ တပည့်ဖြစ်နေတဲ့အတွက် ငါ မင်းကို ချမ်းသာပေးလိုက်မယ်။" နဂါးဝတ်စုံဝတ် အဘိုးအိုက အေးစက်စွာ ပြောသည်။

"ကြောက်တယ်လို့ ဘယ်သူက ပြောလို့လဲ?။ ကျွန်တော် စမ်းသပ်မူကို လက်ခံဖို့ ဆန္ဒရှိတယ်" နဂါးကျောက်စိမ်း တံဆိပ်၏ စမ်းသပ်မှုသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း ချင်ယွင် ကြောက်လောက်သည့် အဆင့်သို့ မရောက်ရှိသေးပါ။ ထို့ကြောင့် ချင်ယွင်က တုန့်ဆုတ်မနေဘဲ စကားပြောလိုက်သည်။

"ကောင်စုတ်လေး၊ မင်း တကယ် စဉ်းစားပြီးပြီလား?” နဂါးဝတ်စုံဝတ် အဘိုးအိုက မေးသည်။

"ကျွန်တော် စဉ်းစားပြီးပါပြီ စီနီယာ" ချင်ယွင် လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။

နဂါးဝတ်စုံဝတ် အဘိုးအိုက မျက်မှောင်ကြုတ်ပြီး “ကောင်းပြီလေ၊ မင်းက စမ်းသပ်မူကို ခံယူချင်တယ်ဆိုတော့၊ မင်းကို ငါ စမ်းသပ်မူကို ဖြေဆိုခိုင်းလိုက်မယ်။ ဒါပေမယ့် နောက်ဆုံး မင်း မအောင်မြင်ဘူးဆိုရင်၊ မင်း ငါ့ကို အပြစ်မတင်ရဘူး။”

ချင်ယွင်က ခေါင်းညိတ်ပြလိုက်သည်။

ဘုန်း…။

ထိုအချိန်မှာပင် စုပ်ယူခြင်းစွမ်းအားတစ်ခု ရောက်ရှိလာပါသည်။ ထို့နောက် ချင်ယွင်သည် သူ၏ရှေ့မှ ကမ္ဘာကြီး ချာချာလှည့်သွားသလို ခံစားလိုက်ရသည်။ ထို့နောက်၊ သူသည် အနှိုင်းမဲ့ လွတ်နေသော လွင်ပြင်တစ်ခုပေါ်တွင် ပေါ်လာပါသည်။

သဲတွေ ကျောက်စရစ်တွေအပြင် ဤလွင်ပြင်ကြီးမှာ တခြားသစ်ပင်တွေ မရှိပါဘူး။ သို့သော် ဤနေရာရှိ မြေဆီလွှာသည် အင်မော်တယ်ကမ္ဘာ၏ မြေဆီလွှာထက် အဆတစ်ရာ ပိုမာကြောသည်။

"ကောင်စုတ်လေး၊ ဒါက နတ်နဂါးကျောက်စိမ်း တံဆိပ်အတွင်းက နဂါးနတ်ဘုရားရဲ့ လေဟာနယ်နေရာတစ်ခုပဲ။ ဒီလေဟာနယ်ထဲမှာ၊ မင်းဟာ မင်းခန္ဓာကိုယ်ကလွဲလို့ တော်ဝင်တာအိုရဲ့ ဉပဒေသတွေ အပါအဝင် တခြားဘယ်တန်ခိုးအစွမ်းကိုမှ သုံးလို့ မရဘူး။" နတ်နဂါးကျောက်စိမ်း တံဆိပ်၏ ပစ္စည်းဝိညာဉ် အကြီးအကဲ၏ အသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။

"မင်းရဲ့ခန္ဓာကိုယ်ကလွဲလို့ မင်းရဲ့ အခြားစွမ်းအား အားလုံးကို မသုံးနိုင်ဘူး ဟုတ်လား?" ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ရင်း သူ၏ဒန်တန်ဆီကို အမြန် ကြည့်လိုက်သည်။

သူသည် သူ၏ကနဦးစကြာဝဠာကို အမှန်တကယ် မခံစားနိုင်သည့်အပြင် တော်ဝင်တာအို ဉပဒေသများကိုလည်း မခံစားနိုင်တော့သည်ကို တွေ့ရှိရသောကြောင့် ဤမြင်ကွင်းက ချင်ယွင်ကို ချက်ချင်း တုန်လှုပ်သွားစေခဲ့သည်။ သူ့အား ကံကောင်းစေသည့် တစ်ခုတည်းသော အရာမှာ ဖင်းဂေါ့ဂ်စွမ်းအားက ပျောက်ကွယ်သွားမူ မရှိခြင်းပင် ဖြစ်ပါသည်။

အဘိုးအို ပြောသလိုပါပင်။ ဤနဂါးနတ်ဘုရားလေဟာနယ်ထဲမှာ သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားက လွဲလို့ တခြားဘာမှ အသုံးမ၀င်ပါဘူး။ ဖင်းဂေါ့ဂ်စွမ်းအားသည် ရုပ်ခန္ဓာကိုယ်နှင့် ဆိုင်သောကြောင့် ပျောက်ကွယ်မသွားခဲ့ပေ။

"ကောင်စုတ်လေး၊ မင်းကို ငါပြောနိုင်တာက ဒီနတ်နဂါးကျောက်စိမ်း တံဆိပ်ဟာ လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားကို အားဖြည့်ပေးနိုင်စွမ်းရှိတဲ့ ရတနာတစ်ခုပဲ။ ဒါကြောင့် ထိန်းချုပ်မယ့်လူရဲ့ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်မြင့်မားတဲ့ လိုအပ်ချက် တစ်ခု ရှိနေတယ်။ ဒါကြောင့် နတ်နဂါးကျောက်စိမ်း စည်းတံဆိပ်ရဲ့ စမ်းသပ်မှုကလည်း မင်းရဲ့ခန္ဓာကိုယ်ကို စမ်းသပ်ဖို့ ဖြစ်လာတာပဲ။" ပစ္စည်းဝိညာဉ် အဘိုးကြီး၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဒါဆို ကျွန်တော်တို့ ဘယ်လို စမ်းသပ်ကြမလဲ?" ချင်ယွင်က မေးသည်။ ယခုပင်၊ အဖိုးအို၏ စကားတွေကို ကြားလိုက်ရတော့ ချင်ယွင်သည် နတ်နဂါး ကျောက်စိမ်း တံဆိပ်၏ စမ်းသပ်မှုကို သေချာစွာ နားလည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်၌ ယုံကြည်မှု ခိုင်မြဲနေသေးသောကြောင့် သူ၏စိတ်ထဲတွင် ခိုင်မာသော ယုံကြည်မှုတစ်ခု တိုးလာခဲ့ သည်။

"သူ့ကို အနိုင်ယူလိုက်ပါ” ပစ္စည်းဝိညာဉ် အကြီးအကဲက ပြောသည်။

“ဘုန်း…”

အဘိုးအို၏အသံ ဆုံးသွားလာသည်နှင့် မနှိုင်းယှဉ်နိုင်လောက်အောင် ခိုင်ခံ့သန်မာသော ရုပ်သဏ္ဍာန်တစ်ခုသည် လေဟာနယ်ထဲမှ ပြုတ်ကျလာခဲ့ပြီး၊ သူ၏မျက်နှာပေါ်ရှိ နှာခေါင်းပေါက်နှစ်ခုပင် တိုက်ရိုက် တုန်ခါသွားခဲ့သည်။ ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်း များသည် နေရာအနှံ့ ပျံ့နှံ့သွားကာ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်သည် ရုတ်တရက် ထွက်ပေါ်လာသော ကြီးမားသော ရုပ်အသွင်ပုံစံကြီးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများက လေးနက်မှုအရိပ်အယောင်ကို ပေါ်လွင်စေသည်။

သူ၏ရှေ့ရှိ ထွားကျိုးသန်မာသော အမျိုးသားသည် ဘောင်းဘီအကြမ်းထည်လေး တစ်ထည်ကိုသာ ၀တ်စားထားကာ သူ၏အပေါ်ပိုင်းက ကိုယ်လုံးတီး ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးသည် နဂါးဦးမျိုးများကဲ့သို့ ဖောင်းကားနေသည်။ သူ၏လက်များသည် ချင်ယွင်၏ပေါင်ကဲ့သို့ ထူထဲပြီး သူ၏တစ်ကိုယ်လုံးသည် တြိဂံပုံသဏ္ဍန်ကို ချဲ့ကားပြီး ပြသထားသလိုပင်။

သူ၏လက်သီးကို တစ်ချက်ဆုပ်ထားလိုက်ရာ လေဟာနယ်သည်ပင် ကွဲအက်သွားမည့် အရိပ်အယောင်များ ပေါ်လာသည်။

"ဒီလူကို ချီလုံလို့ ခေါ်တယ်။ သူက ရှေးဘိုးဘေးတစ်ဦးပဲ။ သူကတော့ ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူတစ်ဦးပဲ။ သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ခွန်အားက တော်ဝင်တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက်နဲ့ ယှဉ်နိုင်တယ်။ မင်း သူ့ကို အနိုင်ယူနိုင်ရင်၊ မင်း ဒီစမ်းသပ်မှုကို အောင်မြင်လိမ့်မယ်။" ပစ္စည်းဝိညာဉ် အဘိုးကြီး၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"သူ့ရဲ့ရုပ်ခန္ဓာကိုယ်က တော်ဝင်တာအိုနယ်ပယ်ရဲ့ အဋ္ဌမအဆင့်နဲ့ နှိုင်းယှဉ်နိုင်တာလား?" ချင်ယွင်၏ မျက်လုံးများက အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သူ၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် ပြီးခဲ့သည့် အကြိမ်က တိုးတက်လာခဲ့သော်လည်း၊ ၎င်းသည် တော်ဝင်တာအို နယ်ပယ်၏ စတုတ္ထအဆင့် အင်မော်တယ်ဘုရင်တစ်ယောက်နှင့်သာ ညီမျှပါသည်။ သူ နဂါးလက်သီးသိုင်းကို အသုံးပြုခဲ့လျှင်ပင်၊ ၎င်းသည် အများဆုံး တော်ဝင်တာအိုနယ်ပယ်၏ ဆဋ္ဌမအဆင့်ရှိ အင်မော်တယ်ဘုရင်တစ်ယောက်၏ တိုက်ခိုက်ရေး စွမ်းအားနှင့်သာ ညီမျှနိုင်ပါသည်။

ယခု၊ သူသည် တော်ဝင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့် အင်မော်တယ်ဘုရင် တစ်ယောက်ကို ရင်ဆိုင်နိုင်သည့် ရုပ်ခန္ဓာကိုယ်ခွန်အားကို ပိုင်ဆိုင်ထားသော ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူတစ်ဦးနှင့် အမှန်တကယ် ဆက်ဆံရမည်တော့လား?။ ချင်ယွင်သည် သူနားကြားမှားနေသည်ဟုပင် သူ့နားသူ သံသယရှိနေခဲ့သည်။

“ဘုန်း..”

သို့သော် ချင်ယွင်က သူ၏စိတ်ထဲတွင် သက်ပြင်းချနေချိန်မှာ၊ တစ္ဆေသရဲကဲ့သို့ ဧရာမ ရုပ်သွင်ကြီးသည် သူ၏ရှေ့တွင် ပေါ်လာပါသည်။ သူ မတုံ့ပြန်နိုင်ခင်မှာ ဧရာမလက်သီးက သူ၏ ဝမ်းဗိုက်ထဲကို ထိုးကျသွားပါသည်။

All Chapters