← Chapters

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း ၈၈၈

Vol. 60 Ch. 888

အခန်း (၈၈၈) မသေနိုင်သောစွမ်းအားရှင်လေး။

“ဖူး….”။

ချင်ယွင်သည် သွေးမြူများကို ပါးစပ်အပြည့် ထွေးထုတ်လိုက်ရပြီး၊ ကျောက်တုံးကြီး တစ်ခုလို နောက်ပြန် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ချင်ယွင်သည် ခေါင်းမူးဝေသွားသလို ခံစားလိုက်ရသည်။ အစောပိုင်းက ထိုလက်သီးချက်၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ထိုလူထွားကြီး၏ လက်သီးက သူ၏ဝမ်းဗိုက်ကို ထိမှန်သွားသည့်အခါ၊ ကောင်းကင်နှင့် မြေကြီးပင် ပြိုကျသလို ခံစားရသည်။ ခံနိုင်ရည်မရှိသော စွမ်းအားသည် မီးတောင်ပေါက်ကွဲသကဲ့သို့ သူ၏ ဝမ်းဗိုက်အတွင်း ပေါက်ကွဲသွားကာ သူ့ကို ချက်ချင်း နောက်ပြန် လွင့်ပျံသွားစေခဲ့သည်။

"ဒီလိုအရှိန်နဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအား" ချင်ယွင်က သူ၏နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပါသည်။

ဘန်း…။ သို့သော် ထိုအချိန်မှာပင် ချင်ယွင်သည် သူ၏နောက်မှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

ချင်ယွင် နောက်ပြန် လှည့်မကြည့်နိုင်ခင်မှာ အနက်ရောင် အရိပ်တစ်ခုက သူ၏ခန္ဓာကိုယ် ကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။

“ဘုန်း…”

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး၊ လူထွားကြီးက ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဧရာမသံတူကြီးဖြင့် သူ၏ရင်ဘတ်ပေါ်သို့ အပြင်းအထန် ရိုက်ချလိုက်လေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားသည်။ မြေပြင်သည် တုန်ခါသွားပြီး ကြီးမားသော တွင်းနက်ပေါက်ကြီးတစ်ခုကို ဖန်တီးသွားသည်။

“အော့…”။

ချင်ယွင်၏ ပါးစပ်မှ လတ်ဆတ်သော သွေးများကို အန်ထုတ်လိုက်ပြီး သူ၏ ရင်ဘတ်တွင် ဖြစ်ပေါ်နေသည့် ပြင်းထန်သော နာကျင်မှုက ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် ဖြစ်သွားသကဲ့သို့ ခံစားရစေသည်။

သို့သော် လူထွားကြီး၏ ရုပ်အသွင်က ရပ်တန့်မသွားခဲ့ပေ။ ယင်းအစား၊ သူသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ အနှိုင်းမဲ့ကြီးမားသော လက်သီးကို ပြင်းပြင်းထန်ထန် လွှဲချလိုက်သည်။ သူလက်သီးတစ်ချက် ထိုးလိုက်တိုင်း မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပင်၊ မြေပြင်သည် ချက်ချင်းပင် ချိုင့်ဝင်သွားခဲ့သည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် ဒေါသက တစ်ချက်ပြီးတစ်ချက် ပေါက်ကွဲထွက်လာနေခဲ့သည်။ သူသည် ယခုလိုမျိုး တစ်ခါမှ မရိုက်ခံခဲ့ရဖူးပါဘူး။ ဤအရာက သူ၏စိတ်နှလုံးကို အလွန်အမင်း နာကျင်စေခဲ့သည်။

နဂါးနတ်ဘုရားလေဟာနယ်၏ ကောင်းကင်ယံအထက်မှာ အဘိုးအိုနှစ်ယောက် ရပ်နေပါ သည်။ သူတို့နှစ်ယောက်လုံးသည် ဆံပင်ဖြူတွေ ရှိနေကြပြီဖြစ်သော်လည်း၊ နှစ်ယောက် စလုံးက တက်ကြွပြီး သန်မာကြပါသည်။

သူတို့နှစ်ယောက်ထဲမှ တစ်ယောက်သည် သဘာဝအတိုင်း နတ်နဂါးကျောက်စိမ်း စည်းတံဆိပ်၏ ပစ္စည်းဝိညာဉ်ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ကြည်လင်ကောင်းကင် ဓား၏ ပစ္စည်းဝိညာဉ် ဖြစ်ပါသည်။

"အစ်ကိုကြီး၊ ကြည့်ရတာ၊ ချင်ယွင်လို့ခေါ်တဲ့ ဒီကလေးက ဒီမှာ သေတော့မယ်လို့ ငါ ထင်တယ်။ သူက ပဉ္စမညီငယ်ရဲ့ တပည့်လေးပဲ။ ပဉ္စမညီငယ်က ငါ့ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်။" နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ်အကြီးအကဲက ဆိုသည်။

"ချင်ယွင် ရှုံးမယ်လို့ မင်းက ဘာလို့ သေချာနေရတာလဲ?" ကြည်လင်ကောင်းကင်ဓား၏ ပစ္စည်းဝိညာဉ် အကြီးအကဲ သူ၏မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ပြုံးပြကာ မေးလိုက် သည်။

"ဒါက ရှင်းနေတာပဲ မဟုတ်လား?။ ဒီချင်ယွင်က ဒီရုပ်သေးရုပ်နဲ့ လုံးဝ မယှဉ်ဘူး။ သူကြာကြာ ထိန်းမထားနိုင်မှာကို ငါ ကြောက်မိတယ်။" နတ်နဂါးကျောက်စိမ်း တံဆိပ်၏ ပစ္စည်းဝိညာဉ်အကြီးအကဲက ပြောလိုက်ပါသည်။

"ငါတော့ မထင်ဘူး!" ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်က လျှို့ဝှက် ဆန်းကြယ်စွာ ပြုံးနေပါသည်။

"အယ်?" နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ်သည် ကြည်လင် ကောင်းကင် ဓား၏ လက်နက်ဝိညာဉ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပါသည်။ သေချာပါသည်။ သူသည် ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ် ပြောလိုက်သည့် စကားတွေကို သူမယုံကြည်ပါ။

"မင်း အနီးကပ် ကြည့်လိုက်ရင် သိလာပါလိမ့်မယ်" ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ပြောသည်။

နတ်နဂါးကျောက်စိမ်း တံဆိပ်၏ ပစ္စည်းဝိညာဉ်သည် ချင်ယွင်၏ရှိရာဆီသို့ သံသယ မျက်လုံးများဖြင့် ကြည့်နေလေသည်။

ဤအခိုက်အတန့်တွင်၊ လူထွားကြီးကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် လုံးဝကို ပုံပျက် ပန်းပျက်ဖြစ်နေပါပြီ။ သူ၏ရင်ဘတ်ပေါ်ရှိ နံရိုးများသည် သံတူကြီးကြောင့် လုံးလုံး ကြေမွသွားကာ ပြင်းထန်သော နာကျင်မှုက လုံးလုံးလျားလျား ထုံကျင်သွားတော့မည်။

"တော်လောက်ပြီ”။

ချင်ယွင်က အရူးအမူး ဟိန်းဟောက်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော ဖင်းဂေါ့ဂ် အငွေ့အသက်တွေ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး လူထွားကြီးကို အမှန်တကယ် တုန်လှုပ်သွားစေခဲ့သည်။

“ဖျစ်…. ဖျစ်..”

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိုးပဲ့နေသော အရိုးများသည် ပဲကြော်နေကဲ့သို့ တဖျစ်ဖျစ် မြည်သံ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကင်းသွားသည်။

"ဒါက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်တစ်ခုလား?။ ဖင်းဂေါ့ဂ်တွေ ပျောက်ကွယ် သွားတာကြာခဲ့ပြီ မဟုတ်လား?။ အမွေနှစ်တွေအားလုံးလည်း ပြတ်တောက်သွားပြီလေ။ သူက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်တစ်ခုကို ဘယ်လိုလုပ် ရနိုင်မှာလဲ?။" နဂါးဘုရားလေဟာနယ်အထက်တွင် နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ် သည် အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်နေသည်။

သို့သော်၊ ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်က သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထုတ်ဖော်ထားသည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးက သူ့မှာ ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းရပ်ပညာ ရှိနေတာကို သိထားတာ မဟုတ်လား?" နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ်က အဖိုးအိုကို ကြည့်ကာ မေးသည်။

ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်က ခေါင်းညိတ်ပြီး မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်သည်။ "တကယ်တော့၊ သူ့ခန္ဓာကိုယ်ပေါ်မှာ ဖင်းဂေါ့ဂ်တွေရဲ့ စွမ်းအားကို ငါ ခံစားမိရုံပါ။ သူက ဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကို အမှန်တကယ် သိထားခြင်း ရှိမရှိတော့ ငါလည်း မသေချာပါဘူး။"

"ဒီဖင်းဂေါ့ဂ်ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကို သူ သိထားရုံနဲ့တော့ ဒီတိုက်ပွဲရဲ့ ရလာဒ်က မသေချာသေးပါဘူး။" နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ်က ချင်ယွင်ကို ကြည့်ကာ ပြောသည် ။

ချင်ယွင်သည် သူ့တို့ကို လုံးဝ သတိမထားမိပါဘူး။ ဤအခိုက်အတန့်တွင် သူသည် ဤနေရာ၌ ထူးဆန်းသော စွမ်းအားတစ်ခုရှိသည်ကို ရှာဖွေတွေ့ရှိလိုက်သောကြောင့် ထူးဆန်းစွာ စိတ်လှုပ်ရှားနေပါသည်။ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာရပ်ကို ဖြန့်ကျက်လိုက်သည်နှင့်အမျှ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း သန်မာလာသည်။

အထူးသဖြင့် သူ ဒဏ်ရာရပြီးနောက် ထိုစွမ်းအင်ကို သူစုပ်ယူနိုင်သည့် အရှိန်ဟုန်က ပိုမြန်လာပါသည်။

“နောက်တကြိမ်…”။

ချင်ယွင်သည် ခပ်လှမ်းလှမ်းမှ လူထွားကြီးကို အော်ပြောလိုက်ပြီး၊ သူ၏မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“အောင်း….”။

လူထွားကြီးသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်နှင့်ဆင်တူသော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လျှပ်စီးလက်သည့်အလား ချင်ယွင်ဆီသို့ ပြေးသွားကာ သူ၏ကြီးမားသော လက်သီးကြီး သည် မည်သည့် စိတ်ကူးယဉ်ဆန်ဆန် လှပမှုမျိုးမှ မရှိဘဲ ချင်ယွင်ဆီသို့ ပစ်ခတ်လိုက်လေ သည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူသည် သူ၏ဖင်းဂေါ့ဂ်စွမ်းအား အားလုံးကို သူ၏လက်သီးတွင် စုစည်းကာ လူထွားကြီး၏ လက်သီးကို တိုက်ရိုက် တိုက်ခိုက်လိုက်လေသည်။

“ဘုန်း..”

ကြောက်မက်ဖွယ် စွမ်းအားများသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကောင်းကင်ယံ တုန်ခါလောက်သည့် အသံတစ်ချက် ထွက်ပေါ်လာသည်။

သူတို့ ခြေထောက်အောက်မှ မြေပြင်သည် လျင်မြန်စွာ ပြိုကျသွားပြီး၊ ဖုန်မှုန့်တွေက လှိုင်းလုံးတွေကဲ့သို့ ပြန့်ကျဲသွားလေသည်။

ဘန်း…။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တိုက်ရိုက်ပင် လွင့်ပျံသွားခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ ယခင်ကကဲ့သို့ စိတ်ဆင်းရဲစရာ အခြေအနေမျိုး ရှိမနေတော့ချေ။ ယင်းအစား၊ သူသည် ပေတစ်ထောင်အကွာအဝေးအထိ တရွတ်တိုက်ဆွဲငင်ပြီးနောက် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် တည်ငြိမ်စေလိုက်သည်။

“ဒီကောင်လေးက တကယ်ကို တိုးတက်လာတာပဲ။ ကောင်းကင်ယံရှိ နတ်နဂါး ကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ်က ပြောသည် ။

"ဒီကောင်လေးက တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ညီငါးက သူ့ကို သဘောကျတာ အံ့သြစရာ မရှိပါဘူး။ ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်က ဆိုသည်။

နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ်လည်း ခေါင်းညိတ်ပြပြီး၊ ချင်ယွင်ကို ငေးကြည့်ရင်း တဖြည်းဖြည်း အသိအမှတ်ပြုလာသည်။

“ဘုန်း..”။

ချင်ယွင်က နောက်တစ်ကြိမ် တွန်းထုတ်ခံရပြီးနောက်၊ သူသည် လူထွားကြီးနှင့် ထပ်မံ တိုက်ခိုက်ခဲ့သည်။

သူသည် တိုက်ပွဲဝင်နေစဉ်မှာ သူ၏ခန္ဓာကိုယ်သည်လည်း အရူးအမူး သန်မာလာသည်ကို သူ တွေ့ရှိခဲ့ရသည်။ ယခု သူသည် အနိုင်ရရန် အခွင့်အရေးမရှိသေးသော်လည်း၊ လူထွားကြီးကို ဆန့်ကျင် တိုက်ခိုက်နိုင်နေပါပြီ။

“ဘုန်း…။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ ချင်ယွင်၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

"ငါ အဆင့်ချိုးဖြတ်ပြီးသွားခဲ့ပြီ။ နောက်ဆုံးတော့ ငါ ဖင်းဂေါ့ဂ်နယ်ပယ်ရဲ့ အလယ်လတ် အဆင့်ကို ရောက်ရှိသွားပြီ။" ချင်ယွင်၏ မျက်လုံးများတွင် တောက်ပသော အပြုံးရိပ်တစ်ခု ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ရှိ ဖင်းဂေါ့ဂ်အငွေ့အသက်သည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“အောင်း..” လူထွားကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ချင်ယွင်ဆီသို့ ဆက်လက်၍ ပြေးဝင်လိုက်သည်။ သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတိုင်း ဖုန်မှုန့်တွေ ထွက်ပေါ်နေသည်။

ချင်ယွင်သည် လူထွားကြီး သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရလျှင်၊ သူ၏ ပါးစပ်ထောင့်မှ လှောင်ရယ်သံတစ်ချက် ထွက်ပေါ်လာသည်။

"ဟမ့်၊ အရင်က မင်းကြောင့် ငါ ဆိုးဆိုးရွားရွား အရိုက်နှက်ခံခဲ့ရတယ်။ အခု၊ မင်း ပြန်ပေးဆပ်ရမယ့် အလှည့်ရောက်ပြီ" ချင်ယွင်၏ ခန္ဓာကိုယ်သည် အားကောင်းသော ဖင်းဂေါ့ဂ် စွမ်းအားနှင့်အတူ ခုန်တက်သွားခဲ့သည်။

“ဘုန်း..”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လက်သီး တစ်ချက် ထွက်ပေါ်လာသည်။

မူလက ချင်ယွင်ကို ရည်ရွယ်ထားသည့် လူထွားကြီး၏ လက်သီးချက်သည် လေထဲတွင် ရပ်တန့်သွားပြီး၊ ထိုအချိန်တွင်၊ ချင်ယွင်၏ တံတောင်ဆစ်က လူထွားကြီး၏ ဝမ်းဗိုက်ပေါ်သို့ ခိုင်မြဲစွာ ကျရောက်နေလေသည်။

လူထွားကြီး၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် လေထဲတွင် တောင့်တောင့်ကြီး ဖြစ်သွားသည်။

"ဒါက အမြည်းပဲရှိသေးတယ်။ နောက်တစ်ခုကမှ အဓိက သင်္ခန်းစာပဲ” ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ သူ၏လက်သီးတွေက လူထွားကြီး၏ ခန္ဓာကိုယ်ကို မုန်တိုင်းတိုက်ခတ်သလို တရစပ် နှုတ်ဆက်လိုက်လေသည်။

ကံကောင်းထောက်မစွာ၊ လူထွားကြီးတွင် အသက်ဝိညာဉ်မရှိချေ။ မဟုတ်ပါက သူသည် နာကျင်စွာဖြင့် အော်ဟစ်နေမည်မှာ သေချာသည်။

All Chapters