အခန်း ၈၈၉
Vol. 60 Ch. 889
အခန်း (၈၈၉) နတ်နဂါးကျောက်စိမ်းစည်းတံဆိပ်ကို ထိန်းချုပ်ခြင်း။
ပုပ်ပွနေသော အသားဗွက်အိုင်အဖြစ်သို့ ပြောင်းလဲသွားသော လူထွားကြီးကို ကြည့်နေစဉ် အဘိုးအို၏ ပါးစပ်ထောင့်များသည် ရှုံ့မဲ့သွားပါသည်။
"မင်းအနေနဲ့ ဒေါသကို ဖြေဖျောက်ချင်တယ်ရင်တောင် ဒီလောက်ကြီး ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြနေစရာ မလိုပါဘူးကွာ။ ကောင်းမွန်တဲ့ ရုပ်သေးရုပ်တစ်ခုက ဒီလိုနဲ့ ပျက်စီးသွားရပြီပေါ့။" နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ် အကြီးအကဲက ချင်ယွင်ကို ကြည့်ကာ ပြောပါသည် ။
ချင်ယွင်သည် အိုးတိုးအမ်းတမ်း အမူအရာဖြင့် ခေါင်းကို ကုတ်နေလိုက်သည်။ ယခင်က လူထွားကြီးကြောင့် သူသည် အနည်းငယ် နှိပ်စက်ခံခဲ့ရသည် ။ ထို့ကြောင့်၊ သူ၏ ခွန်အား အဆင့်ဖြတ်ကျော်ပြီးနောက်၊ သူသည် ဤလူထွားရုပ်သေးရုပ်အပေါ်မှာ သူ၏ ဒေါသ အားလုံးကို ထုတ်ဖော်ခဲ့မိသည်။ လူထွားရုပ်သေးရုပ်ကို အသားငါးပိဖြစ်သည်အထိ ထိုးကြိတ်မိရန် အင်အားအလွန်အကျွံ သုံးစွဲမိမည်ဟု သူလည်း မထင်မှတ်ထားမိပေ။
အကယ်၍ လူထွားရုပ်သေးရုပ်သည် ယခုအချိန်တွင် ချင်ယွင်တွေးနေသည့် အရာကို သိရှိပါက၊ သူ သေဆုံးသွားသည့်တိုင် ငြိမ်းချမ်းစွာ နေထိုင်နိုင်မည် မဟုတ်တော့ပေ။
နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ် အကြီးအကဲသည် သူ၏ မျက်လုံးများကို လှည့်ပတ်ကစားရင်း ချင်ယွင်ကို ကြည့်လိုက်ပါသည်။ ထို့နောက်၊ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်လျှင်၊ ချင်ယွင်သည် သူ၏အမြင်အာရုံများ မှောင်မိုက်သွားသလို ခံစားလိုက်ပြီးနောက် သူ၏ရုပ်အသွင်သည် ပြင်ပကမ္ဘာတွင် တစ်ဖန် ပေါ်လာသည်။
"အင်း၊ ထွက်လာပြီပဲ။" ချင်ယွင်သည် အပြင်လောကတွင် ပေါ်လာသည်နှင့် တပြိုင်နက်၊ သူသည် ကနဦးစကြဝဠာနှစ်ခုနှင့် တစ်ဖန်ချိတ်ဆက်နေကြောင်း ခံစားလိုက်ရပြီး၊ သူ နားလည် သဘောပေါက်ထားသော တော်ဝင်တာအို၏ ဉပဒေသများကိုလည်း ပြန်လည် အသုံးပြုနိုင်သွားသည်။
"အံ့ဩစရာပဲ၊ ဒီလေဟာနယ်က တော်ဝင်တာအို ရဲ့ဉပဒေသတွေကိုတောင် ဘယ်လိုနည်းနဲ့ တားစီးထားနိုင်တာလဲ?။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကရော ဘာလဲ?။ အဲဒီစွမ်းအားက ငါ့ရဲ့ အဝါရောင်နတ်ဆိုးပညာရပ်ကို မြန်မြန်ဆန်ဆန် အဆင့် ချိုးဖြတ်နိုင် အောင် ဘယ်လိုလုပ် စွမ်းနိုင်ရတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
'"အဲဒါက ရှေးဟောင်းခေတ်က ဖင်းဂေါ့ဂ်တွေရဲ့စစ်မြေပြင်ပဲ။ အဲဒီထဲမှာ ဖင်းဂေါ့ဂ်ခေတ်က ဖင်းဂေါ့ဂ်စွမ်းအားတွေနဲ့ ပြည့်နေတယ်။ သဘာဝအတိုင်း၊ ဖင်းဂေါ့ဂ်ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်တွေကို ကျင့်ကြံထားသူတွေက အဲဒီစွမ်းအားတွေကို စုပ်ယူနိုင်တယ်။ သေချာတာ က၊ မင်းအနေနဲ့ အဲဒါကို ပထမဆုံးအကြိမ် စုပ်ယူခြင်းဖြစ်လို့ပဲ။ ဒါ့ကြောင့်၊ ဒီဖင်းဂေါ့ဂ် စွမ်းအားက မင်းအတွက် အလွန်ထိရောက်မှုရှိခဲ့တာ။ နောက်တစ်ကြိမ်၊ မင်း ဒီဖင်းဂေါ့ဂ် စွမ်းအားကို စုပ်ယူပါက အကျိုးသက်ရောက်မှုက အများကြီး လျော့နည်းသွားလိမ့်မည်” ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်အကြီးအကဲက သီးခြား နေရာတစ်ခုတွင် ပေါ်လာသည်။
"အဲဒါကြောင့်ကိုး” ချင်ယွင်က ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် ချင်ယွင်သည် တစ်စုံတစ်ရာ လွဲမှားနေကြောင်းကို မကြာမီ တွေ့ရှိသွားခဲ့သည်။ သူသည် ကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ် အဖိုးအိုကို ကြည့်ရင်း စိတ်ရှုပ်ထွေးစွာဖြင့် “ခင်ဗျားက ဘယ်သူလဲ” ဟု မေးသည်။
"ဟမ့်၊ ကောင်လေး၊ အဲဒါက ငါ့အစ်ကိုကြီးပေါ့။ ကြည်လင်ကောင်းကင်ဓားရဲ့ လက်နက် ဝိညာဉ်လေ”။ နတ်နဂါးကျောက်စိမ်း တံဆိပ်၏ ပစ္စည်းဝိညာဉ် အကြီးအကဲက လေဟာနယ်ထဲတွင် ပေါ်လာပြီး ချင်ယွင်ကို အေးစက်စွာ အော်ပြောလိုက်သည်။
"ခင်ဗျားက ကြည်လင်ကောင်းကင်ဓားရဲ့ လက်နက်ဝိညာဉ်လား?" ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ သူသည် ဤအဘိုးအို၏ ကိုယ်ရေး အချက်လက်ကို မှန်းဆပြီး ဖြစ်သော်လည်း၊ နတ်နဂါးကျောက်စိမ်းတံဆိပ်၏ ပစ္စည်း ဝိညာဉ်အကြီးအကဲ ပြောသည်ကို ကြားလိုက်ရသောအခါ၊ သူသည် အလွန် အံ့အား သင့်နေသေးသည်။
"ဟုတ်တယ်၊ ငါပဲလေ။ မင်း ငါ့ကို ဧကရာဇ် ဟောက်ချင်းလို့ ခေါ်နိုင်တယ်။ ကြည်လင် ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်က ပြုံးပြုံးရွှင်ရွှင် အမူအရာဖြင့် ပြောလိုက်ပါသည်။
ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။ ဤကြည်လင်ကောင်းကင်ဓား၏ လက်နက်ဝိညာဉ်သည် အမှန်တကယ်ပင် အရေထူလွန်းသည်။ သူ့ကိုယ်သူ ယခုလိုမျိုး မည်သို့ အမွမ်းတင်နိုင်ရသနည်း?။
သို့သော် သူသည်လည်း ပြောစရာစကားမရှိပေ။ ချင်ယွင်သည် သူ၏စိတ်ထဲတွင် သူ ထင်ထားသည်များကို မပြောဝံ့သေးပေ။ ယင်းအစား၊ သူသည် ရိုသေလေးစားသော အမူအရာကို ပြပြီး "မင်္ဂလာပါ စီနီယာ ဟောက်ချင်း" ဟုသာ နှုတ်ဆက်စကား ပြောလိုက်ရ သည်။
"ဟား…၊ ဟား..၊ မင်း စိတ်ဝင်စားစရာလား။" ဧကရာဇ် ဟောက်ချင်းက ဟက်ဟက် ပက်ပက် ရယ်မောလိုက်သည်။
"ကောင်စုတ်လေး၊ မင်းက ငါ့ရဲ့စမ်းသပ်မှုကို ဖြတ်ကျော်သွားနိုင်ပြီဆိုတော့ ငါပြောခဲ့တဲ့ စကားအတိုင်း လိုက်နာပါ့မယ်။ အခုကစပြီး မင်းက ငါ့သခင် ဖြစ်လာလိမ့်မယ်။ မင်းရဲ့ သွေးအနှစ်သာရကို ဒီနတ်နဂါးကျောက်စိမ်းတံဆိပ်ပေါ် ထည့်လိုက်ပါ။" နတ်နဂါး ကျောက်စိမ်းတံဆိပ်၏ ပစ္စည်းဝိညာဉ် အကြီးအကဲက ချင်ယွင်ကို ပြောသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ နတ်နဂါး။" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။
နတ်နဂါးကျောက်စိမ်းတံဆိပ်သည် နဂါးမျိုးနွယ်၏ အဖိုးတန်ဆုံး ရတနာတစ်ခု ဖြစ်သည်။ နတ်ဆိုးသားရဲမျိုးနွယ် ကျွမ်းကျင်သူများ အားလုံးသည် ၎င်းကို အိပ်မက် မက်ခဲ့ကြသော်လည်း၊ ဤနတ်နဂါးကျောက်စိမ်း တံဆိပ်ကို ထိမ်းချုပ်နိုင်စွမ်း မရှိခဲ့ကြပေ။ ယခုမူ တစ်စုံတစ်ယောက်က ၎င်းကို အမှန်တကယ် အနိုင်ယူသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
မဆိုင်းမတွပင်၊ ချင်ယွင်သည် သွေးအနှစ်သာရ တစ်စက်ကို ထုတ်ကာ နတ်နဂါး ကျောက်စိမ်း တံဆိပ်ပေါ်သို့ စိမ့်ကျသွားစေလိုက်သည်။
သွေးအနှစ်သာရသည် နတ်နဂါးကျောက်စိမ်း တံဆိပ်ပေါ်သို့ ကျဆင်းသွားပြီးနောက် ၎င်းကို နတ်နဂါးကျောက်စိမ်း တံဆိပ်က စုပ်ယူသွားခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် သူနှင့် နတ်နဂါးကျောက်စိမ်း တံဆိပ်တို့ကြားမှာ ဆက်စပ်မှုတစွန်းတစကို ခံစားလိုက်ရပြီး ချင်ယွင်၏ စိတ်ထဲတွင် သတင်းအချက်အလက် တစ်ခု ဝင်လာခဲ့သည်။
နတ်နဂါးကျောက်စိမ်း တံဆိပ်သည် ဤစကြာဝဠာ၏ အကြီးမြတ်ဆုံး ရှေးဟောင်း ဖရိုဖရဲ ရတနာငါးခုထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကောင်းကင်ဘုံကို အန်တုနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ထိန်းချုပ်သူ၏ ခန္ဓာကိုယ်ကို အဆနှစ်ဆယ်အထိ မြှင့်တင်ပေးနိုင်ပါသည်။
"အဆနှစ်ဆယ်လား…?" ချင်ယွင်၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ် သွားသည်။
ယခုအချိန်တွင်၊ သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားသည် တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍၊ သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားသာ အဆနှစ်ဆယ် တိုးလာပါက၊ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၁ သို့မဟုတ်၊ အဆင့် ၁၁ ကျွမ်းကျင်ပညာရှင်များပင် သူ့အတွက် ပြိုင်ဘက်မဟုတ်လောက်တော့ပါ။
ထို့အပြင်၊ နတ်နဂါးကျောက်စိမ်း တံဆိပ်တွင် အခြားလုပ်ဆောင်ချက်တစ်ခု ပါရှိနေပြီး၊ ၎င်းမှာ အလွန်မာကြောသော နတ်နဂါးချပ်ဝတ်ကို ပုံဖော်နိုင်ခြင်း ဖြစ်သည်။ ရှေးဟောင်း ဖရိုဖရဲရတနာ မရှိဘူးဆိုရင် ဖြတ်ကျော်နိုင်တဲ့ အရာမရှိပါဘူး။
"ဒီနတ်နဂါးကျောက်စိမ်း တံဆိပ်က ရှေးဟောင်း ဖရိုဖရဲ ရတနာတစ်ခုလို့ ခေါ်ဝေါ်ခံ ရဖို့ တကယ်ကို ထိုက်တန်ပါတယ်လေ။ ချင်ယွင်သည် သူ၏စိတ်ထဲတွင် သက်ပြင်းချလိုက် မိသည်။ ဤနတ်နဂါးကျောက်စိမ်း တံဆိပ်ဖြင့်ဆို၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် တိုးမြင့်လာရုံသာမက၊ သူ့တွင် နောက်ထပ် အသက်ကယ်အဆောင်တစ်ခု ရှိလာသည်ဟု ပြောလို့ပါသည်။
ဘန်း…။
နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ ချင်ယွင်သည် နတ်နဂါးကျောက်စိမ်း တံဆိပ်၏ စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်သည်။
နဂါးတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းတန်းတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ သွန်းလောင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင်၊ ရွှေနဂါး တက်တူးတစ်ခုက ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။ ရွှေနဂါးတက်တူး ထွက်ပေါ်လာသည်နှင့် ချင်ယွင်၏ အငွေ့အသက်သည် ရုတ်တရက် အဆနှစ်ဆယ် ပိုမို သန်မာလာခဲ့သည်။
“ဘုန်း…။
ချင်ယွင်၏ လက်သီးသည် လွတ်လပ်သော လေဟာနယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
လေဟာနယ်က ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး၊ လေဟာနယ်ထဲတွင် ကြီးမားသော အပေါက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
ချင်ယွင်သည် မနှိုင်းယှဉ်သာအောင် အံ့ဩသွားသော အမူအရာဖြင့် လေဟာနယ် တွင်းနက်ကြီးကို ကြည့်လိုက်လေသည်။ အင်မော်တယ်ဘုရင်၏ စံအိမ်ထဲရှိ လေဟာနယ် သည် ပြင်ပကမ္ဘာထက် ပိုမိုတည်ငြိမ်သော်လည်း၊ ယခုအခါ ချင်ယွင်၏ လက်ချက်ကြောင့် ကွဲထွက်သွားရသည်။ ဤစွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အရမ်းကို ပြင်းထန်လွန်းတယ်” ချင်ယွင်က စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။
တစ်ဖက်မှာတော့ ဧကရာဇ် ဟောက်ချင်းနှင့် ဧကရာဇ် ရှန်းလုံတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးနေကြပါသည်။
ဘန်း…။
ထို့နောက် ချင်ယွင်သည် နတ်နဂါးချပ်ဝတ် မည်မျှအားကောင်းသည်ကို သိရှိနိုင်ရန် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို စုစည်းရန် ပြင်ဆင်လိုက်သည်။
"ကောင်စုတ်လေး၊ မင်း နတ်နဂါးချပ်ဝတ်ကို အသုံးမပြုရင် ပိုကောင်းလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီနတ်နဂါးချပ်ဝတ်ကို တစ်နှစ်မှာ တစ်ကြိမ်ပဲ သုံးလို့ရတယ်။" ဧကရာဇ် ရှန်းလုံက ပြုံးပြီး ပြောသည်။
"တစ်နှစ်မှာ တစ်ခါပဲ သုံးလို့ရတာလား?" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"မှန်တယ်၊ ဒီနတ်နဂါးချပ်ဝတ်က စွမ်းအင်အလွန်အကျွံ သုံးစွဲရတယ်။ ဒါကြောင့် နတ်နဂါး ကျောက်စိမ်းစည်းတံဆိပ်ရဲ့ စွမ်းအင်ကို တစ်နှစ်မှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်။ ဒါကြောင့်၊ မင်းအနေနဲ့ ဒီအခွင့်အရေးကို မဖြုန်းတီးသင့်ဘူး။" ဧကရာဇ် ရှန်းလုံက ပြောသည်။
ချင်ယွင်သည် ရုတ်တရက် ခေါင်းငြိမ့်လိုက်ပြီး သူ၏မျက်လုံးများတွင် နှမြောတသဖြစ်သည့် အရိပ်အယောင် ပေါ်လာသည်။
မူလက သူသည် နတ်နဂါးချပ်ဝတ်ကို အကန့်အသတ်မရှိ သုံးနိုင်မည်ဟု ထင်ခဲ့သည်။ ဤနည်းဖြင့်၊ အင်မော်တယ် ဧကရာဇ်များပင်လျှင် သူ့ကို မထိခိုက်စေနိုင်တော့ပါ။ သို့သော် ယခုအခါတွင် နတ်နဂါးချပ်ဝတ်ကို တစ်နှစ်လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ကြောင်း သိရှိရသဖြင့် သူ၏စိတ်နှလုံးက အနည်းငယ် မပျော်မရွှင် ဖြစ်သွားရသည်။ သို့သော်၊ တစ်နှစ်လျှင် တစ်ကြိမ် အသက်ကယ်ပစ္စည်းတစ်ခု ရရှိထားသည်ဟု စိတ်ကူးမိရင်း ချင်ယွင် စိတ်ကျေနပ်သွားသည်။
"စီနီယာ ဟောက်ချင်း၊ စီနီယာက ကြည်လင်ကောင်းကင်ဓားရဲ့ လက်နက်ဝိညာဉ်လေ။ ဒါဆို စီနီယာရဲ့ ကြည်လင်ကောင်းကင်ဓားအတွက် စမ်းသပ်မှုက ဘာလဲ။" ချင်ယွင်သည် ရုတ်တရက် ဧကရာဇ် ဟောက်ချင်းထံသို့ လှည့်လာပြီး မေးလိုက်သည်။
နတ်နဂါးကျောက်စိမ်း စည်းတံဆိပ်သည် မည်မျှ အစွမ်းထက်ကြောင်းကို မြင်လိုက်ရသော အခါ ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားအတွက် ပို၍ပင် စိတ်အား ထက်သန်လာခဲ့ သည်။ ဤကြည်လင်ကောင်းကင်ဓားသည် နတ်နဂါးကျောက်စိမ်း တံဆိပ်၏ အထက်မှာ အဆင့်သတ်မှတ်ခံရပြီး၊ ၎င်း၏စွမ်းအားက နတ်နဂါးကျောက်စိမ်း တံဆိပ် ထက် များစွာ ကြီးမားပါလိမ့်မည်။ ယင်းကြောင့် ချင်ယွင်၏ မျက်လုံးများကို ချက်ချင်းပင် လောဘကြီးသွားစေခဲ့သည်။
"ချာတိတ်လေး၊ ငါ့အကြောင်း မတွေးနဲ့ဦး။ မင်းရဲ့ ကျင့်ကြံမူအခြေခံက မဟာ အင်မော်တယ် ဧကရာဇ်အဆင့်ကို ရောက်တဲ့အခါ ငါ့ကို လာရှာပါ။" ဧကရာဇ် ဟောက်ချင်း က ပြုံးပြုံးလေး ပြောလိုက်သည်။
ချင်ယွင်သည် တံတွေးတစ်ချက်ကို ချက်ချင်း မျိုချလိုက်သည်။ အကယ်၍၊ သူသည် မဟာ အင်မော်တယ် ဧကရာဇ်ဖြစ်မှ သူ့အား ထပ်မံ ရှာဖွေရန် လာရောက်ရမည်။ ဤစမ်းသပ်မူ၏ အဆင့်အတန်းသည် မည်မျှ မြင့်မားနေသနည်း?။
သို့သော်၊ အကဲဖြတ်မှုစံနှုန်း မြင့်မားလေ၊ ချင်ယွင်သည် ၎င်းအပေါ် ပို၍ စောင့်မျှော်မိလေ ဖြစ်ပါသည်။ အကြောင်းမှာ၊ ကြည်လင်ကောင်းကင်ဓားသည် ပို၍ အစွမ်းထက်သည်ဟု ဆိုလိုသောကြောင့် ဖြစ်ပါသည်။