အခန်း ၈၉၀
Vol. 60 Ch. 890
အခန်း (၈၉၀) တော်ဝင်ရှအင်မော်တယ်မြို့။
ဧကရာဇ် ဟောက်ချင်းနှင့် အကျဉ်းချုံး ဆွေးနွေးပြီးနောက်၊ ချင်ယွင်သည် အင်မော်တယ် ဘုရင်စံအိမ်ကြီး၏ သီးခြားလေဟာနယ်နေရာမှ ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုနှင့်အတူ ထွက်ခွာခဲ့လေသည်။
ချင်ယွင်သည် ကြည်လင်ကောင်းကင်ဓားကို ၎င်း၏သခင်အဖြစ် အသိအမှတ် အပြုမခံရ သေးသော်လည်း ဧကရာဇ်ဟောက်ချင်းသည် ချင်ယွင်၏ နောက်သို့ လိုက်ရန် သဘောတူဆဲ ဖြစ်သည်။
ဧကရာဇ်ဟောက်ချင်းကိုယ်တိုင်က လိုလိုချင်ချင်ဖြင့် လိုက်ပါလာခဲ့သည်ဆိုတော့၊ ချင်ယွင် သည် သဘာဝအတိုင်း အလွန်ပျော်ရွှင်ရပါသည်။ ထို့ကြောင့် သူသည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခုကို သူ၏ကိုယ်ပိုင်စကြဝဠာထဲသို့ ထည့်သွင်းလိုက်သည်။
ခရမ်းရောင်ဧကရာဇ်သည် ရှေးဟောင်းဖရိုဖရဲ ရတနာနှစ်ခု၏ ပစ္စည်းဝိညာဉ်နှစ်ယောက်ကို မြင်သောအခါ၊ သူမသည် ချက်ချင်းပင် အနှိုင်းမဲ့ စိတ်လှုပ်ရှားသွားသည်။ သူတို့ သုံးယောက်သား ပျော်ရွှင်စွာ စကားစမြည် ပြောကြသည်။ ၎င်းတို့နှစ်ဦးစလုံးသည် ဤစကြဝဠာ၏ မူလဝိညာဉ်ခန္ဓာများ ဖြစ်သောကြောင့် ၎င်းတို့နှစ်ဦးသည် သူမ၏ ညီအစ်ကို မောင်နှမများဟု ပြောလို့ရပါသည်။
ချင်ယွင်သည် မောင်နှမသုံးယောက် စုဝေးခြင်းကို မနှောင့်ယှက်ခဲ့ပေ။ ယင်းအစား၊ သူသည် အင်မော်တယ်ဘုရင်စံအိမ်၏ ကိုးထပ်မြောက်သို့ ပြန်သွားခဲ့သည်။
ချင်ယွင် ရောက်ရှိလာကြောင်း အမျိုးသမီးလေးယောက် ကြားသောအခါတွင်၊ သူမတို့သည် ကျင့်ကြံခြင်းမှ ထွက်ခွာလာခဲ့ကြသည်။ သူမတို့သည် မက်မွန်ပွင်မြူနှင်းတောအုပ်တွင် အချိန်အတော်ကြာကတည်းက စောင့်နေကြပြီ ဖြစ်သည်။
“ယောင်္ကျား…”
မက်မွန်ပွင့်သစ်တောရှိ သစ်သားအိမ်ရှေ့တွင် ချင်ယွင်၏ ရုပ်အသွင် ပေါ်လာသည်နှင့် တပြိုင်နက် အမျိုးသမီးလေးယောက်သည် စိတ်လှုပ်ရှားစွာ ဝိုင်းရံလာကြကာ၊ ချင်ယွင်ကို မကျေမနပ် မျက်လုံးများဖြင့် ကြည့်နေကြသည်။
"အလှလေးတွေ၊ မင်းတို့ မင်းတို့ရဲ့ခင်ပွန်းကို လွမ်းနေကြတာလား?" ချင်ယွင်က အမျိုးသမီးလေးယောက်ကို ကြည့်ကာ မေးလိုက်ပါသည်။ သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာပါသည်။ ယခုလိုအချိန်မျိုးမှာဆို၊ ချင်ယွင်သည် အလွန်ပင် စိတ်အေးလက်အေးဖြစ်မူကို ခံစားရသည်။
"ဟမ့်၊ နင် ငါတို့ကို လာမတွေ့တာတောင် တော်တော်ကြာနေပြီ။ နင် ငါတို့ကို မေ့သွားပြီ ထင်နေတာ" ရန်စီချီက ဒေါသတကြီး မျက်စောင်းထိုးကာ ပြောလိုက်သည်။ သူမ၏ ခပ်ဆိုးဆိုး အသွင်အပြင်က ဖော်မပြနိုင်လောက်အောင် ချစ်ဖို့ကောင်းနေပါသည်။
"ဟုတ်တယ်၊ ယောင်္ကျား၊ မင်း ဟိုမှာ တခြားမိန်းမတစ်ယောက် ရှိနေပြီမို့ ငါတို့ကို မေ့နေတာလား?။" ကျန်းရွှန်ရှင်းကလည်း သူမမျက်လုံးများတွင် မကျေမနပ် အရိပ်အမြွက် ပြောသည်သည်။
အမြဲတမ်း နူးညံ့သိမ်မွေ့သော လျူရန်ယွင်နှင့် အမြဲတမ်း စကားလုံးတွေကို ခက်ထန်စွာ ပြောဆိုတတ်သည့် ချန်မင်ရှီတို့ကပင် ချင်ယွင်ကို အကဲဖြတ်သည့် အကြည့်တွေနှင့် ကြည့်နေကြသည်။
ချင်ယွင်သည် အမျိုးသမီးလေးယောက်၏ မေးခွန်းထုတ်ဟန် မျက်လုံးများကို သတိထားမိ ပြီး သူ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် မကြာသေးမီက ကျင့်ကြံရန်အတွက် အလုပ်များနေသောကြောင့် အမျိုးသမီးလေးဦးကို ရှာဖွေရန် အချိန်မရှိခဲ့ပေ။ သူ၏မမိန်းမလေးယောက် ဤမျှလောက် ဒေါသဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပါဘူး။
သို့သော် တစ်ကြိမ်တစ်ခါမျှ လာရောက်တွေ့ဆုံခြင်းမရှိဘဲ အမျိုးသမီးလေးဦးကို ဤနေရာတွင် နှစ်အနည်းငယ်ကြာ ထားခဲ့မိသည့်အကြောင်းကို သူတွေးလိုက်သော အခါတွင်၊ အမှန်ပင် သူ၏ အမှားဖြစ်နေပြီး၊ တောင်းပန်လိုမူ စိတ်သဘောထားက သူ၏နှလုံးသားထဲတွင် တိုးဝင်လာခဲ့သည်။
"ချစ်ဇနီးလေးတို့၊ ဒီအချိန်က ယောင်္ကျားအတွက် တကယ်ကို အချိန်ကောင်း မဟုတ်သေးဘူး။ တောင်းပန်မူကို ပြသဖို့အတွက် ယောင်္ကျားက မင်းတို့နဲ့အတူ ခဏတာ အတူနေပေးပါ့မယ်" ချင်ယွင်က အမျိုးသမီးလေးယောက်ကို ပြုံးပြီး ပြောလိုက်ရသည်။
"တကယ်လား?" ရန်စီချီက စိတ်လှုပ်ရှားစွာ မေးသည်။
ဘေးနားရှိ အမျိုးသမီး သုံးယောက်၏ မျက်လုံးများသည် ဖော်ပြ၍မရအောင်ပင် ရွှင်လန်းသွားသည့် အမူအရာကို ပေါ်လွင်စေသည် ။
"တကယ်ပေါ့၊ ငါ မင်းတို့နဲ့အတူ နောက်ထပ် လအနည်းငယ်လောက် အတူနေပေးမယ်။ မင်းတို့ ဘာလုပ်ချင်လဲ၊ ဘယ်နေရာသွားချင်လဲ? ငါ မင်းတို့ကို တလမ်းလုံး လိုက်ပို့ပေးမယ်" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်ပါသည်။
"အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်။ အင်မော်တယ်ဖီးနစ်တောင်မှာ နေရတာ ငြီးငွေ့နေပြီ။ အပြင်ထွက်ချင်နေတာ ကြာလှပြီ။ အဲဒီကောင်စုတ်လေး ဟောင်ကျင်းတောင် မှ ရထားစီးဖို့ဆိုပြီး တောင်ပေါ်ကနေ ဆင်းသွားပြီ။ မနေ့ကမှ တော်ဝင်ရှ အင်မော်တယ်မြို့ က ဘယ်လောက် ပျော်ရွှင်စရာကောင်းကြောင်း သတင်းစကားကို ပြန်ပို့လာတယ်။ အဲဒါက အရမ်းကို မနာလိုဖြစ်စရာကောင်းတယ်။ ငါလည်း တော်ဝင်ရှအင်မော်တယ်မြို့ကို သွားမယ်။” ရန်စီချီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ကျန်သည့် အမျိုးသမီး သုံးယောက်လည်း ပြုံးနေကြသည်။ ချင်ယွင်၏ အမြင်အရဆို၊ သူမတို့လည်း တော်ဝင်ရှအင်မော်တယ်မြို့ကို သွားချင်ကြသည်မှဦ ထင်ရှားပါသည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း တော်ဝင်ရှအင်မော်တယ်မြို့ကို သွားကြရအောင်။" ချင်ယွင် က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ကောင်းတယ်။ ယောင်္ကျား၊ ငါ ယောင်္ကျားကို အရမ်းချစ်တယ်" ရန်စီချီသည် ချက်ချင်း ပြေးလာပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် နမ်းပစ်လိုက်သည်။
ချင်ယွင်သည် အခြားအမျိုးသမီး သုံးယောက်ကို ကြည့်ပြီး ပြောလိုက်သည် "မင်းတို့ရော ဘယ်လိုလဲ?"
အမျိုးသမီး သုံးဦး၏ မျက်နှာများသည် ချက်ချင်းပင် နီရဲသွားသော်လည်း၊ သူမတို့သည် ချင်ယွင်ကို အနမ်းပေးလိုက်စဉ် မျက်နှာက နီရဲနေသေးသည်။
ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အရည်လဲ့နေသော သူ၏မိန်းမတွေကို ကြည့်လိုက်ရင်း၊ သူသည် သူမတို့အားလုံးနှင့် အတူတူအိပ်ဖို့ပင် အမှန်တကယ် ဆန္ဒရှိလာခဲ့သည်။
ထို့နောက်၊ ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို ချက်ချင်း စွန့်ခွာကာ တော်ဝင်ရှအင်မော်တယ်မြို့သို့ အမျိုးသမီးလေးဦးနှင့်အတူ ထွက်ခွာသွားခဲ့သည်။
အင်မော်တယ်ဖီးနစ်တောင်သည် တော်ဝင်ရှအင်မော်တယ်မြို့နှင့် ဝေးကွာသောကြောင့် ချင်ယွင်သည် ထိုအချိန်းတုန်းက သူရရှိခဲ့သော အင်မော်တယ်သင်္ဘောကို ထုတ်ယူလိုက် သည်။ သူတို့ငါးယောက်သည် အင်မော်တယ်သင်္ဘောကို မောင်းနှင်ပြီး တော်ဝင်ရှ အင်မော်တယ်မြို့ဆီသို့ ဦးတည်သွားကြသည်။
တော်ဝင်ရှအင်မော်တယ်မြို့သည် တော်ဝင်မင် အင်မော်တယ်မင်းဆက်တွင် အကြီးမားဆုံး အင်မော်တယ်မြို့ဖြစ်ပြီး၊ တော်ဝင်မင် အင်မော်တယ်မင်းဆက်တစ်ခုလုံးတွင် အချမ်းသာ ဆုံး အင်မော်တယ်မြို့လည်း ဖြစ်ပါသည်။
ချင်ယွင်သည် အမျိုးသမီးလေးဦးကို အင်မော်တယ်သင်္ဘောပေါ်တွင် ခေါ်ဆောင်ကာ တော်ဝင်ရှအင်မော်တယ်မြို့ဆီသို့ ပျံသန်းသွားခဲ့သည်။ မိန်းမလေးယောက်၏ ဆွဲဆောင်မူ က တကယ်ကို ကြီးမားသည်ဟု ဆိုရပါလိမ့်မည်။ လမ်းတစ်လျှောက်တွင် ချင်ယွင်သည် မိန်းမလေးယောက်ကို စနောက်ကျီစယ်လိုသော တကိုယ်တော် ကျင့်ကြံသူများစွာကို တွေ့ခဲ့ရသည်။ ခြွင်းချက်မရှိ၊ ဤလူများအားလုံးသည် ချင်ယွင်၏ ပြင်းထန်စွာ ရိုက်နှက်မူကို ခံခဲ့ရသည်။ အတွေးလွန်နေသူအချို့ကိုဆိုလျှင်၊ ချင်ယွင်သည် တိုက်ရိုက်ပင် သတ်ဖြတ်ပစ်သည်။ ထို့ကြောင့် ချင်ယွင်အတွက် ဤခရီးစဉ်သည် လွယ်ကူသော ခရီးစဉ်တစ်ခု မဟုတ်ခဲ့ပေ။
ဆယ်ရက်ခန့်အကြာတွင် ချင်ယွင်နှင့် မိန်းကလေးလေးဦးတို့သည် နောက်ဆုံးတွင် တော်ဝင်ရှအင်မော်တယ်မြို့သို့ ရောက်ရှိလာခဲ့သည်။
သူတို့ရှေ့မှ ခမ်းနားထည်ဝါသော မြို့တံခါးတွေကို ကြည့်လိုက်ရင်း အမျိုးသမီး လေးယောက်သည် အံ့အားသင့်နေသော အမူအရာတွေကို ထုတ်ဖော်လိုက်ကြပါသည်။ ထင်ရှားသည်မှာ, သူမတို့သည် ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော အင်မော်တယ်မြို့ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးသည်မှာ ထင်ရှားပါသည်။
တော်ဝင်ရှအင်မော်တယ်မြို့တစ်ခုလုံးသည် မြေပြင်ပေါ်တွင် တွားသွားနေသော အနှိုင်းမဲ့ ကြီးမားသည့် ရှေးဟောင်းသားရဲကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး၊ အနှိုင်းမဲ့ ပြင်းထန်သော ဖိအားကို ပေးစွမ်းနေသည်။
"အထဲဝင်ရအောင်..” ချင်ယွင်က ခံစားချက်တွေထဲ နစ်မြုပ်နေသော အမျိုးသမီး လေးယောက်ကို ပြောလိုက်ပါသည်။
အမျိုးသမီးလေးယောက်သည် ခေါင်းညိတ်ပြပြီး ချင်ယွင်၏နောက်သို့ အမြန် လိုက်ပါသွားခဲ့သည်။ ချင်ယွင်သည် အင်မော်တယ်ကျောက်စိမ်းများကို ပေးအပ်ပြီးနောက် အမျိုးသမီးလေးဦးကို ဦးဆောင်ပြီး မြို့ထဲသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။
မြို့ထဲသို့ဝင်သည်နှင့် တပြိုင်နက် ချင်ယွင်ပင် သူ၏ရှေ့တွင် သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့ရသည်။ အင်မော်တယ်အဆင့် ဆေးများ၊ အင်မော်တယ် အဆင့် ဆေးပင်များ၊ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အင်မော်တယ်ပစ္စည်းများကို ရောင်းချနေသည့် ဆိုင်အများပြားကို တွေ့ရလေသည်။
အမျိုးသမီးလေးယောက်သည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ၊ သူမတို့ရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်း ဆွဲဆောင်မှု ခံလိုက်ရပါသည်။ ဆိုင်များကြားတွင် လက်ချင်းချိတ်ကာ ပြေးလွှားကြသည်။
ချင်ယွင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် အမျိုးသမီးလေးယောက် နောက်သို့ လိုက်ပါသွားခဲ့သည်။ သူမတို့ စိတ်ဝင်စားသမျှ ဝယ်ယူနိုင်ရန်အတွက် သူမတို့အား အင်မော်တယ် ကျောက်စိမ်းတွေကို တိုက်ရိုက် ထုတ်ပေးထားသည်။
ထိုအချိန်က ချင်ယွင်သည် အင်မော်တယ် ကျောက်စိမ်းမိုင်း တစ်ခုလုံးကို ဝါးမျိုလိုက် သော်လည်း၊ အင်မော်တယ် ကျောက်စိမ်း တစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့ပါသေးသည်။ ထို့အပြင်၊ အင်မော်တယ်ဖီးနစ်တောင်၏ ခန်းမခေါင်းဆောင်သည် သူ့ကို မထွက်ခွာမီ အင်မော်တယ် ကျောက်စိမ်းပုံကြီးတစ်ပုံကို ပေးခဲ့ပါသည်။ ထို့ကြောင့်၊ ချင်ယွင်၏ လက်ထဲတွင် အင်မော်တယ် ကျောက်စိမ်းများ ချို့တဲ့ခြင်း မရှိခဲ့ပါချေ။
"အယ်၊ ဒါ..."
ထိုအချိန်မှာပင်၊ ချင်ယွင်၏ အကြည့်တွေကို လမ်းဘေးဈေးဆိုင်လေး တစ်ခုပေါ်ရှိ ပစ္စည်းတစ်ခုက ရုတ်တရက် စွဲဆောင်သွားပါသည်။
လမ်းဘေးဈေးဆိုင်လေး၏ရှေ့တွင် ရှေးကျပြီး ထူးဆန်းသော ပစ္စည်းများစွာ ရှိနေပါသည်။ ၎င်းတို့ထဲမှ အများစုသည် ဓားကဲ့သို့သော အင်မော်တယ်ပစ္စည်းများ ဖြစ်သည်။
ချင်ယွင်သည် ဤအရာအားလုံးကို စိတ်မဝင်စားပါ။ သူ့ကို အမှန်တကယ် စွဲဆောင်နိုင်သည့် အရာက စားပွဲထောင့်မှာရှိနေသည့် လက်ဖဝါးအရွယ် အနက်ရောင်ကျောက်တုံး တစ်တုံး ဖြစ်သည်။
ဤအနက်ရောင်ကျောက်တုံးကို ထူးဆန်းသော ပုံစံများဖြင့် ထွင်းထုထားသည်။ ထိုကဲ့သို့ ထူးဆန်းသော ပုံစံတွေကြောင့်သာ။ မဟုတ်ပါက ထိုကျောက်တုံးသည် သာမန်ကျောက်တုံး နှင့် ထူးမခြားနားပါဘူး။
"အင်မော်တယ် ကျောက်စိမ်း ဘယ်လောက်နဲ့ရောင်းလဲ?" ချင်ယွင်က အနက်ရောင် ကျောက်တုံးကို တိုက်ရိုက်ကိုင်ကာ စားပွဲအနီးတွင် ရှိနေသော နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ဆိုင်ရှင်ကို မေးလိုက်သည်။
"ဒါက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး တစ်ရာပါ" ထိုတကိုယ်တော် ကျင့်ကြံသူသည် အနက်ရောင်ကျောက်တုံးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
ဤအနက်ရောင်ကျောက်တုံးကို သူသည် မတော်တဆ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ မူလက ၎င်းတွင်ပါရှိသော လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများကြောင့် ကြီးမြတ်သော ရတနာတစ်မျိုး ဖြစ်မည်ဟု သူ ထင်ခဲ့မိသည်။ သို့သော် သေချာလေ့လာပြီးနောက်တွင် ၎င်းသည် အသုံးမဝင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ၎င်းကို ရောင်းချပြီး အင်မော်တယ် ကျောက်စိမ်းအချို့နှင့် လဲလှယ်လိုခဲ့သည်။
ဤကျောက်တုံးသည် အလွန်ထူးခြားသော အသွင်အပြင် ရှိသောကြောင့်သာ၊ သူသည် ဤမျှမြင့်မားသော စျေးနှုန်းကို တမင်တကာ သတ်မှတ်ထားပြီး၊ လူအများကို အံ့သြဖွယ်ကောင်းသော ရတနာတစ်ခုအဖြစ် အထင်ရောက်သွားစေလိုခဲ့သည်။
သူသည် တုံးအသောလူများကို လှည့်စားနိုင်သည်နှင့် ငွေကြေးဉစ္စာကို ရနိုင်ပေလိမ့်မည်။
သို့သော်လည်း၊ တစ်ရက်ခွဲကြာပြီးနောက် ဤပစ္စည်းကို စိတ်ဝင်စားသည့်လူ အနည်းငယ်သာ ရှိခဲ့ပါသည်။ သို့သော် နောက်ဆုံးတွင် ထိုလူများသည်လည်း အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတစ်ရာဆိုသည့် စျေးနှုန်းကြောင့် သူတို့အားလုံး ကြောက်လန့် သွားကြပါသည်။ ယခုလေးတင်၊ သူသည် ဈေးလျှော့ရောင်းရင် ကောင်းမကောင်း စဉ်းစားလိုက်သေးသည်။
ထို့ကြောင့်၊ ထိုတကိုယ်တော်ကျင့်ကြံသူသည် စျေးနှုန်းကို ပြောဆိုပြီးကတည်းက ချင်ယွင် ကို စိုက်ကြည့်နေခဲ့သည်။ အကယ်၍၊ ချင်ယွင်က ၎င်းကို စွန့်လွှတ်ဖို့ စိတ်ကူးရှိသည်နှင့်၊ သူသည် စျေးနှုန်းကို ချက်ချင်း လျှော့ပေးပါလိမ့်မည်။
"ကောင်းပြီလေ၊ ငါ ယူမယ်။" ချင်ယွင်က တကိုယ်တော်ကျင့်ကြံသူအား ပြောလိုက်သည်။
ချင်ယွင်၏စကားကို ကြားသောအခါ၊ ထိုတကိုယ်တော်ကျင့်ကြံသူသည် အံ့ဩသွားသည်။ ထို့နောက်၊ သူသည် ချင်ယွင်ကို အရူးတစ်ယောက်လို လျင်မြန်စွာ ကြည့်ကာ ပြုံးရင်း ပြောလိုက်သည် "ကောင်းတယ် ကောင်းတယ် ကောင်းလိုက်တာ၊ အင်မော်တယ် ကျောက်စိမ်းတစ်ရာ သဘောတူတယ်နော်”။