အခန်း ၈၉၂
Vol. 60 Ch. 892
အခန်း (၈၉၂) ရွှေလှံစောင့်တပ်ဖွဲ့။
"ဘာ…." မယုံကြည်နိုင်စွာ နောက်ကို လွင့်ပျံသွားသော ရှချန်းဖန်ကို စိုက်ကြည့်ရင်း လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ထိုတကိုယ်တော်ကျင့်ကြံသူလည်း လုံးဝ အံ့အားသင့်သွားသည်။ သူ၏ရှေ့မှ ဤလူငယ်သည် စကားတစ်ခွန်းမှ မပြောဘဲ တိုက်ရိုက် တိုက်ခိုက်မည်ဟု သူ မမျှော်လင့်ထားပေ။ ထို့အပြင်၊ သူရိုက်နှက်လိုက်သည့်လူက ရှချန်းဖန် ဖြစ်နေသည်။
ရှချန်းဖန်သည် အဝေးသို့ လွင့်ပျံသွားပြီးနောက် သူ၏ခန္ဓာကိုယ်ကို မရပ်နိုင်ခင်၊ လေထဲတွင် အကြိမ်တစ်ရာကျော် လည်ပတ်သွားသေးသည်။ သူ၏ မေးစေ့သည် လုံးဝ ပုံပျက်နေပြီး၊ ပါးစပ်အပြည့်ရှိ သွားတွေလည်း ပေါ့ပေါ့ပါးပါး ပြုတ်ကျလာကြသည်။
ရှချန်းဖန်သည် သူ၏ ပူလောင်နေသော ပါးပြင်ကို ထိလိုက်ရင်း ပြင်းထန်သော ဒေါသသည် သူ၏မျက်လုံးများတွင် ချက်ချင်း ထွက်ပေါ်လာသည်။ သူ၏မျက်လုံးတစ်စုံက ချင်ယွင်ကို ပြင်းထန်သော သတ်ချင်စိတ်ဖြင့် စိုက်ကြည့်နေသည်။
မွေးကတည်းက ပါးရိုက်ခံရဖို့ နေနေသာသာ၊ သူ့ကိုရိုက်ဖို့ပင် မည်သူမှ သတ္တိမရှိကြပါဘူး။ သို့သော်၊ သူ၏ရှေ့ရှိ ဤလူငယ်သည် ကြိုတင်ပြင်ဆင်မှု မရှိခြင်းကို အခွင့်ကောင်းယူကာ အမှန်တကယ်ပင် သူ့ကို ပါးရိုက်ခဲ့သည်။ ထိုအရာက သူ့ကို အနှိုင်းမဲ့ အရှက်ရစေခဲ့သည်။
ချင်ယွင်၏ မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်နေခဲ့သည်။ ရှချန်းဖန်သည် သူ၏ ရတနာကို ခိုးယူခြင်းကို သူခံနိုင်ရည်ရှိသော်လည်း အမျိုးသမီးလေးဦးသည် သူ၏ ပြောင်းပြန်ကြေးခွံများ ဖြစ်သည်။ လှုပ်ရှားဝံ့သူ မည်သူမဆို သေရလိမ့်မည် ။
"ငါ မင်းကို သတ်မယ်..” ရှချန်းဖန်က ဒေါသတကြီး အော်လိုက်သည်။ အကန့်အသတ်မဲ့ သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ သူသည် ချင်ယွင်ကို သတ်ပစ်ချင်သည်။
"ဟမ်..” ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လေဟာနယ်ထဲကို ရိုက်နှက်ရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
“ဖပ်….”
အဝေးတွင်ရှိနေသော ရှချန်းဖန်၏ ညာဘက်မျက်နှာပေါ်တွင် လက်ဖဝါးရာတစ်ခု ထွက်ပေါ်လာပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုသလို အလျားလိုက် ရွေ့လျားသွားသည်။
“ဘုန်း..”
ရှချန်းဖန်၏ခန္ဓာကိုယ်သည် အိမ်ရာနှင့်ချီကို ပစ်တိုက်သွားခဲ့သည်။ ထိုအချိန်ရောက်မှသာ၊ သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံး မြင့်တက်ပြီး ဖောင်းကာကာ ရောင်ရမ်းနေသည်။ သူသည် ချင်ယွင်ကို မယုံကြည်သော အမူအရာဖြင့် ကြည့်လိုက်သည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှင်းရှင်း လင်းလင်း ရှိနေသည့် အင်မော်တယ်တစ်ယောက်သည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်သော ခွန်အားကို အမှန်တကယ် ပိုင်ဆိုင်ထားရသည်ကို သူ နားမလည်ပါ။ ထို့အပြင်၊ အစောပိုင်း က သူသည် လက်ဖဝါးရိုက်ချက်တွေ အများကြီး ထုတ်လွှတ်သည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း၊ သူ၏မျက်နှာကို မည်သို့ ပါးရိုက်လိုက်သနည်း?။
ပတ်ဝန်းကျင်မှ လူများသည် ချင်ယွင်ကို အံ့အားသင့်စွာ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများသည် တင်းကျပ်သော စိတ်ရှုပ်ထွေးမူများ ပေါ်လွင်နေပါသည်။ အစောပိုင်းက ချင်ယွင် မည်သို့ တိုက်ခိုက်ခဲ့လဲဆိုသည်ကို သူတို့နားမလည်သည်မှာ ထင်ရှားပါသည်။
ထက်ရှသော ဓားကဲ့သို့ ရှချန်းဖန်အား စိုက်ကြည့်နေရင်း ချင်ယွင်၏ မျက်လုံးများသည် အေးစက်နေဆဲ ဖြစ်သည်။
“ဖပ်..”။
နောက်ထပ် ကျယ်လောင်သော ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာပြီး ရှချန်းဖန်သည် ချင်ယွင်ကြောင့် လွင့်ပျံသွားပြန်သည်။
သူသည် တော်ဝင်တာအိုနယ်ပယ်၏ စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်၍၊ တယ်လီပို့မူကို လုပ်ဆောင်နိုင်ပါပြီး။ သူသည် တော်ဝင်တာအို ဉပဒေသများကို တစ်စိတ်တစ်ပိုင်း တယ်လီပို့ခြင်းအဆင့်သို့ ရောက်ရှိနေပါပြီ။ ဆိုလိုသည်မှာ ချင်ယွင်သည် လေဟာနယ်ဆီသို့ ရိုက်ချလိုက် သည်။ တကယ်တော့ ထိုရိုက်ချက်သည် ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး ရှချန်းဖန်၏ မျက်နှာကို ထိမှန်ကာ၊ သူ့အား လွင့်ပျံသွားစေခြင်း ဖြစ်ပါသည်။
ချင်ယွင်၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းသောကြောင့်၊ ချင်ယွင်သည် တယ်လီပို့စနစ်ကို အသုံးပြုခဲ့သည်ဟု လူအုပ်ကြီးက မခံစားနိုင်ပေ။
ရှချန်းဖန်သည် အပျက်အစီးများထဲသို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် သူ၏ မျက်နှာသည် ဝက်ခေါင်းအဖြစ်သို့ ပြောင်းလဲသွားပြီ။ ချင်ယွင်၏ခွန်အားသည် ပေါ့ပေါ့ပါးပါး မဟုတ်ပေ။ ရိုက်နှက်ချတိုင်းသည် အလွန် ကြောက်စရာကောင်းသည်။ ဟုတ်ပါသည်။ ဤအရာသည် ချင်ယွင်က သူ၏လက်စကို တမင်တကာ လျှော့ချထားခြင်း ကြောင့် ဖြစ်ပါသည်။ ထို့သို့မဟုတ်လျှင်၊ ချင်ယွင်သည် ရှချန်းဖန်၏ ခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်နိုင်သည်။
ဘန်း…။
ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲလင်းလက်သွားပြီး ရှချန်းဖန်၏ရှေ့မှာ တိုက်ရိုက် ပေါ်လာသည်။
ရှချန်းဖန်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားပြီး ချင်ယွင်ကိုကြည့်သည့် သူ၏ အကြည့်တွေက ထိတ်လန့်သွားသည်။ ထိုအချိန်မှာတော့၊ သူသည် မည်မျှပင် မိုက်မဲနေပါစေ၊ သူသည် သံပြားထူထူကို ကန်မိသွားပြီဆိုတာ သူ နားလည်နိုင်ပါသည်။
"မသတ်ပါနဲ့၊ မင်းငါ့ကိုသတ်ရင် ငါ့အဖေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ငါ့အဖေက အင်မော်တယ်ဧကရာဇ် ရှထန်းပဲ။ ငါ့ဦးလေးကလည်း တော်ဝင်မင် အင်မော်တယ် မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ် ရှဟောင်ချင်းပဲ”။ ရှချန်းဖန်က ထိတ်လန့်တကြား ပြောပြီး သူ၏ လေသံက ခြိမ်းခြောက်မှုအပြည့်နှင့်ပင်။
ချင်ယွင်သည် ရှချန်းဖန်၏ ထိတ်လန့်သော အသွင်အပြင်ကို မြင်သောအခါ၊ သူ၏ ပါးစပ်ထောင့်မှ လှောင်ပြောင်ရယ်မောသံ ထွက်ပေါ်လာသည်။
"ငါက ကြောက်မယ်လို့များ မင်း ထင်နေတာလား?။ ဟမ့်၊ ဒီနေ့ ရှဟောင်ချင်း ကိုယ်တိုင် လာရင်တောင် ငါ မင်းကို သတ်ပစ်ဦးမယ်။" ချင်ယွင်သည် ရှချန်းဖန်ကို ကြည့်ကာ ရယ်မောလိုက်သည်။
ချင်ယွင်၏ စကားကိုကြားတော့ ရှချန်းဖန်၏ မျက်နှာသည် ချက်ချင်း ဖြူဖျော့သွားသည်။
ဤအခိုက်တန့်တွင်၊ ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော သေမင်းနတ်ဘုရား တစ်ပါးကဲ့သို့ သူ၏ရှေ့တွင် ရပ်နေပြီး၊ ယင်းက သူ့ကို ခုခံရန်ရည်ရွယ်ချက် အနည်းငယ်မျှ ပင်မရှိ ဖြစ်စေခဲ့သည်။ သူသည် အသက်ဝဝပင် မရူဝံ့တော့ပါဘူး။
ဘန်း..။ ချင်ယွင်၏ လက်ဖဝါးသည် ပြင်းထန်သော ဖင်းဂေါ့ဂ်နှင့်အတူ မြင့်တက်သွားခဲ့ပြီး၊ ထို့နောက် ရှချန်းဖန်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာကို ရိုက်နှက်တော့မည်။
ချင်ယွင်၏ လက်ရှိအင်အားသည် အလွန်မင်း ကြီးမားသော ဂြိုဟ်ကြီးတစ်ခုကိုပင် အစိပ်စိပ်မွှာမွှာ ဖြိုခွဲပစ်နိုင်သည်။ အစောပိုင်းအဆင့် အင်မော်တယ်ဘုရင်တစ်ဦး၏ ဦးခေါင်းဆိုလျှင် စကားထဲပင် ထည့်ပြောနေစရာ မလိုပါချေ။
ရှချန်းဖန်သည် ချင်ယွင်၏ လက်ဖဝါးပေါ်ရှိ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျ လှိုင်းများကို ခံစားလိုက်ရပြီး၊ သူ၏မျက်နှာသည် ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားပါ သည်။ သူက ချင်ယွင်ကို သနားညှာတာပေးရန် အဆက်မပြတ် တောင်းဆိုနေပါသည် "ငါ့ကို မသတ်ပါနဲ့…”.
အဝေးမှ ကြည့်ရှုသူများလည်း အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေကြပါသည်။ ရှင်းနေသည်မှာ၊ ဤလူငယ်သည် ရှချန်းဖန်ကို အမှန်တကယ် သတ်ဝံ့လိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ရှချန်းဖန်ကို သတ်ခြင်းသည် ရှချန်းဖန်၏ဖခင် အင်မော်တယ် ဧကရာဇ်ကို စော်ကားခြင်းနှင့် ညီမျှပါသည်။ ထိုအချိန်တွင်၊ ၎င်းသည် အင်မော်တယ် မင်းဆက်တစ်ခုလုံး၏ လိုက်လံဖမ်းဆီးမူကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မည်။
"မင်းလုပ်ရဲလား..။ ရပ်လိုက်စမ်း….။
သို့သော်၊ ထိုအချိန်တွင် ကောင်းကင်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာ သည်။ ယင်းနောက်တွင်၊ ချင်ယွင်သည် လေဟာနယ်ဆိုင်ရာ အတက်အကျ လှိုင်းလုံးများ ကို ခံစားခဲ့ရသည်။ ထို့နောက်တွင်၊ အားကောင်းသော အလင်းအကာကွယ်တစ်ခုက ရှချန်းဖန်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည်။
“ဘုန်း…”။
ချင်ယွင်၏ လက်ဖဝါးသည် အကာကွယ်အလင်းအတားဆီးပေါ် ကျရောက်သွားခဲ့ပြီး ၊ အကာကွယ် အလင်းအတားအဆီးတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
“ဖျစ်…”။
ချင်ယွင်၏ ပြင်းထန်သော တရစပ် တိုက်ခိုက်မှုအောက်တွင်၊ အကာကွယ် အလင်းလွှာ သည် ကွဲအက်သွားပြီး အင်မော်တယ်အလင်းအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ယံ တစ်ခုလုံး ပြည့်လျှံသွားပါသည်။
ချင်ယွင်၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူသည် ဖင်းဂေါ့ဂ်စွမ်းအားကို လျင်မြန်စွာ စုစည်းပြီး ရှချန်းဖန်ဆီသို့ ပြေးသွားခဲ့သည်။ သို့သော် ထိုအခိုက်အတန့်တွင်၊ ပုံရိပ်တစ်ခုက သရဲတစ္ဆေကဲ့သို့ ရှချန်းဖန်၏ရှေ့တွင် ပေါ်လာပါသည်။ ရွှေရောင်အလင်းတန်းတစ်ခုက လည်း ချင်ယွင်ကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်လာခဲ့သည်။
ဤရက်စက်သော ရွှေရောင်အလင်းတန်းသည် ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားရှိ နေရာသို့သာ ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ချင်ယွင်၏ အကြည့်များလည်း အေးစက်သွားခဲ့သည်။ သူ၏လက်ထဲမှ ဖင်းဂေါ့ဂ် စွမ်းအား သည် ချက်ချင်းဆိုသလို ပြင်းထန်စွာ လှုပ်ရှားသွားပြီး၊ ရွှေရောင်အလင်းတန်းကို တားဆီးရန် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ချွင်…။
တုနှိုင်းမရအောင် ချွန်ထက်သော လှံထိပ်ဖျားက ချင်ယွင်၏ လက်ဖဝါးထဲကို အပြင်းအထန် ထိုးသွင်းမိပြီး သံမဏိအချင်းချင်း အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမိသလိုမျိုး ပြတ်သားသော အသံတစ်ချက် ထွက်ပေါ်လာသည်။ လှံထိပ်ဖျားမှ ကြီးမားလှသော စွမ်းအားက ချင်ယွင်ကို လွင့်ပျံသွားစေခဲ့သေးသည်။
ချင်ယွင်၏ ရုပ်အသွင်သည် အဝေးတွင် လွင့်မျောနေပြီး၊ သူ၏ စူးရှသော မျက်လုံးတစ်စုံက လှံထိပ်ဖျားထွက်ပေါ်ရာဆီ ဦးတည်လျက် ကြည့်လိုက်လေသည်။
ဘန်း…။
လေဟာနယ်ထဲမှ ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး လျှောက်ထွက်လာခဲ့သည်။ သူ၏လက်ထဲမှာ ရွှေလှံတစ်ချောင်းကို ကိုင်ထားပြီး၊ ထိုလူသည် အရပ်ရှည်ပြီး ကြံ့ခိုင်သန်မာလှသည်။
"ဒါက ရွှေလှံစောင့်တပ်ဖွဲ့”။ လူအုပ်ကြီးထဲမှ ဗဟုသုတကြွယ်ဝသည့် အချို့လူတွေက ထိုလူ၏ဇာစ်မြစ်ကို ချက်ချင်း ပြောလိုက်သည်။
ရွှေလှံစောင့်တပ်ဖွဲ့သည် တော်ဝင်ရှ အင်မော်တယ်မင်းဆက်၏ အစွမ်းထက်သော ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်သည်။ ရွှေလှံစောင့်တပ်ဖွဲ့ထဲကို ဝင်ရောက်နိုင်သူတိုင်းသည် အင်မော်တယ်ဘုရင်အဆင့်ကို ရောက်နေရပါမည်။ သူ၏ရှေ့မှ ထိုရွှေလှံစောင့်တပ်သား သည် ရွှေလှံစောင့်တပ်သားများကြားတွင် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း ထင်ရှားပါ သည်။ သူ၏ ကျင့်ကြံမူအခြေခံသည် တော်ဝင်တာအိုနယ်ပယ်၏ နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အစောပိုင်းက သူအသုံးပြုခဲ့သော တော်ဝင်တာအိုဥပဒေသများသည် အတိအကျ သတ္တုစွမ်းရည် ထိုးဖောက်ခြင်းဥပဒေသ ဖြစ်သည်။ ကံကောင်းထောက်မစွာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် အလယ်အလတ်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုသို့မဟုတ်လျှင်၊ ထိုလှံချက်သည် သူ၏လက်ဖဝါးကို ထိုးဖောက်ရုံတင်မကဘဲ သူ၏ဦးခေါင်းတစ်ခုလုံးကိုတောင် ထိုးဖောက်သွားလိမ့်မည်။
"ဦးလေးကျိ၊ ဦးလေးပါလား?.။ ငါ့အတွက် သူ့ကို မြန်မြန်သတ်ပေးပါ" ရွှေသံချပ်ကာဝတ် အမျိုးသား သူ၏ရှေ့တွင် ပေါ်လာသည်ကို မြင်လိုက်ရလျှင်၊ ရှချန်းဖန်၏ မျက်လုံးများသည် တုနှိုင်းမရအောင် တောက်ပနေသော အကြည့်တစ်ချက် ချက်ချင်း ထွက်ပေါ်လာသည်။ သူက ချင်ယွင်ကို အလျင်အမြန် လက်ညှိုးထိုးပြပြီး အော်ပြောလိုက်သည်။
"ဟုတ်ကဲပါ။ သခင်လေး”။ ဦးလေးကျိဟုခေါ်သည့်လူက ချက်ချင်း ခေါင်းညိတ်ကာ ပြောလိုက်ရင်း၊ သူ၏မျက်လုံးတွေက ချင်ယွင်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ချင်ယွင်သည် ဦးလေးကျိဟုခေါ်သော ဤလူကို အေးတိအေးစက် အမူအရာဖြင့် ခက်ထန်စွာ ကြည့်နေလေသည်။
ဘန်း…။
ရွှေသံချပ်ကာ ဝတ်ဆင်ထားသော အမျိုးသားသည် ချင်ယွင်ဆီသို့ သူ၏ရွှေလှံကို တိုက်ရိုက် ထိုးချိန်လိုက်၏။