← Chapters

အခန်း ၈၉၃

Vol. 60 Ch. 893

အခန်း ၈၉၃

Vol. 60 Ch. 893

အခန်း (၈၉၃) ကရုဏာကင်းမဲ့စွာ အပြင်းအထန်တိုက်ခိုက်မှု

ရွှေလှံသည် ကောင်းကင်ယံကို ထိုးဖောက်ပြီး၊ ချင်ယွင်ဆီသို့ ကြောက်မက်ဖွယ် စွမ်းအားများဖြင့် တဟုန်ထိုး တိုးဝင်လာခဲ့သည်။ လှံထိပ်ဖျားတွင် ပြင်းထန်သော သတ္တုစွမ်းအင် အတက်အကျလှိုင်းများ ပါဝင်နေပါသည်။

ချင်ယွင်၏ အကြည့်များသည် ချက်ချင်းပင် ခက်ထန်လာပြီး၊ ရွှေလှံကို အပြင်းအထန် ထိုးနှက်လိုက်ရင်း၊ သူ၏ ဖင်းဂေါ့စွမ်းအားနှင့် ဖရိုဖရဲ စွမ်းအားတို့ကို အပြင်းအထန် ထုတ်ဖော်လိုက်သည်။

ဘန်း…။

သို့သော် ချင်ယွင်၏ လက်သီးနှင့် ရွှေလှံတို့ အပြင်းအထန် ထိပ်တိုက်တွေ့တော့မည့် အခိုက်တန့်မှာ ရွှေသံချပ်ကာဝတ် စစ်သည်တော်သည် သူ၏ လက်ကောက်ဝတ်ကို လိမ်လိုက်လေသည်။ ရွှေလှံသည် ချက်ချင်းပင် ဝှေ့ယမ်းသွားကာ၊ လေထဲတွင် ကွေ့ပတ်ပြီး ချင်ယွင်၏ ဝမ်းဗိုက်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။

“ဖူး..”။

ချင်ယွင်၏ ဝမ်းဗိုက်ကို ရွှေလှံဖြင့် ရိုက်နှက်ခံလိုက်ရပြီး၊ နောက်သို့ လွင့်ပျံသန်းစဉ် သူ၏ ပါးစပ်မှ သွေးများ ချက်ချင်း အန်ထုတ်လိုက်ရသည်။

“ယောင်္ကျား..”။

အမျိုးသမီး လေးယောက်သည် ချင်ယွင်ကို ချက်ချင်းပင် ထိတ်လန့်စွာ ကြည့်လိုက်ကြပြီး၊ သူမတို့၏မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာများ ပေါ်လာသည်။

"ငါ အဆင်ပြေတယ်။ မလာခဲ့နဲ့။" ချင်ယွင်က သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းပြီး၊ သူ၏အမူအရာအရ တွန်းအားကို ဖယ်ရှားနေရင်း၊ အမျိုးသမီးလေးယောက်ကို ပြောလိုက် ပါသည်။

အမျိုးသမီးလေးယောက် ချင်ယွင်၏စကားကို ကြားသောအခါတွင်၊ သူမတို့သည် နာခံမှုရှိစွာဖြင့် အဝေးမှာ ရပ်လိုက်ကြသည်။ သို့သော် ချင်ယွင်ကိုကြည့်နေသည့် သူမတို့၏ အကြည့်တွေက စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

ထိုမြင်ကွင်းကို မြင်တော့ ရှချန်းဖန်၏ နှုတ်ခမ်းတွေက အေးစက်စက် အပြုံးတစ်ခုကဲ့သို့ တွန့်ကွေးသွားခဲ့သည်။ အမျိုးသမီးလေးယောက်ဆီကို ကြည့်နေသည့် သ်၏အကြည့်တွေ က အနှိုင်းမဲ့ ဗလာချည်းနှီးအထိ ဖြစ်သွားခဲ့သည်။ သူက ချင်ယွင်ကို အေးစက်စွာ အော်ပြောလိုက်သည် "ဟမ့်၊ ချာတိတ်လေး၊ မင်း စိတ်မပူနဲ့။ မင်းသေပြီးရင် မင်းရဲ့ လှပတဲ့ မိန်းမလေးယောက်ကို ငါ ကောင်းကောင်း ပြုစုစောင့်ရှောက်ထားလိုက်ပါ့မယ်။ ဒါဆို၊ မင်းလည်း အေးအေးဆေးဆေး နေနိုင်ပြီပေါ့"။

ရှချန်းဖန်သည် စကားပြောနေစဉ်တွင် ချင်ယွင်သည် သေဆုံးသွားသည့်အလား၊ သူ၏ မျက်ခုံးတွေကို တဖျတ်ဖျတ် ပုတ်ခတ်နေလေသည်။

ချင်ယွင်၏ မျက်လုံးများတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာခဲ့ပြီး၊ ရှချန်းဖန်အား ပြောလိုက်လေသည် "မင်းက သေခြင်းတရားကို တကယ်ကို တောင်းခံနေ တာပဲ”။

သူပြောပြီးသည်နှင့် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်း တစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒက သူ၏ခန္ဓာကိုယ်မှ ထွက်လာပါသည်။

သို့သော်လည်း ရွှေသံချပ်ကာဝတ် အစောင့်ကြပ်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ၊ ချင်ယွင်ထံ ချဉ်းကပ်ခွင့်မပြုသော အမူအရာဖြင့် ရှချန်းဖန်၏ရှေ့မှာ ရပ်လိုက်ပါသည်။

"ဘေးကိုဖယ်စမ်း..” ချင်ယွင်က ရွှေသံချပ်ကာဝတ် အစောင့်အကြပ်ကို လှမ်းအော်လိုက် သည်။

"ငါ့တာဝန်က သခင်လေးရှကို ကာကွယ်ဖို့ပဲ။ တကယ်လို့ မင်း သူ့ကိုသတ်ချင်ရင် ငါ့ကို အရင်ဆုံး အနိုင်ယူရမယ်။" ရွှေသံချပ်ကာဝတ် အမျိုးသားက အေးစက်စွာ ပြန်ဖြေသည်။ သူ၏လက်ထဲရှိ ရွှေလှံထံမှ နှိုင်းစာ၍မရလောက်အောင် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းကို ထုတ်လွှတ်နေတုန်းပင်။

"ကောင်းပြီလေ၊ မင်းက ငါ့ကို ခွင့်မပြုဘူးဆိုမှတော့ မင်းကိုသတ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့။" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားကာ ချင်ယွင်၏ ခန္ဓာကိုယ်မှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်နဂါးတက်တူးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများလည်း ထွက်ပေါ်လာသည်။ ရွှေရောင် နဂါးတက်တူးကို အသက်ဝင်လှပြီး အသက်ရှင်နေပုံရသည်။ အထူးသဖြင့်၊ ၎င်းထံမှ၊ ကြောက်မက်ဖွယ်ကောင်းသော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသော အငွေ့အသက် များ ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ရှိ ကြည့်ရူနေသည်များသည် မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်သွားရသည်။ အားနည်းသူအချို့ဆိုလျှင်၊ လွင့်ပျံ၍ပင် သွားကြပါသည်။

ရွှေသံချပ်ကာဝတ် အမျိုးသားသည် ဤကြောက်မက်ဖွယ်ကောင်းသည့် နဂါးတစ်ကောင်၏ ခံ့ညားထည်ဝါသော အငွေ့အသက်ကို ခံစားလိုက်ရပြီး၊ သူ၏မျက်လုံးများသည် ဖော်ပြ၍ မရအောင်ပင် လေးနက်သော အမူအရာကို ပေါ်လွင်လာသည်။ ချင်ယွင်ကို ကြည်သည့်၊ သူ၏ အကြည့်တွေက လေးနက်လာခဲ့သည်။

"ဦးလေးကျိ၊ သူ့ကိုသတ်ပစ်၊ သူ့ကို သတ်ပစ်လိုက်..”။ ရှချန်းဖန်သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အပြောင်းအလဲများကို ခံစားလိုက်ရပြီး ရွှေသံချပ်ကာဝတ် အမျိုးသားကို အလျှင်အမြန် အော်လိုက်ရင်း၊ သူ၏မျက်လုံးများက ထိတ်လန့်တကြား ဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"ဟမ့်၊ မင်းတို့အားလုံး သေရမယ်" ချင်ယွင်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ကြောက်မက်ဖွယ် ရွှေရောင်စွမ်းအင် အတက်အကျလှိုင်းက သူ၏မျက်လုံးထဲမှာ ချက်ချင်း ပေါ်လာပါသည်။ ထို့နောက် ချင်ယွင်၏ရုပ်အသွင်သည် ချက်ချင်းဆိုသလို ပေါက်ကွဲ ထွက်လာသည်။

ရွှေသံချပ်ကာဝတ် အမျိုးသာပင်လျှင် ဤမျှမြန်ဆန်သော အရှိန်ဟုန်ကြောင့်၊ နောက်ဆက်တွဲ ပုံရိပ်များကိုသာ မြင်နိုင်ခဲ့ပါသည်။

ဘန်း…။

ရွှေသံချပ်ကာဝတ် အမျိုးသား၏ အမူအရာသည် ချက်ချင်း ပြောင်းသွားပါသည်။ တော်ဝင်နယ်ပယ်၏ နဝမအဆင့် စွမ်းအင်အတက်အကျလှိုင်းတွေက ချက်ချင်း ထွက်ပေါ် လာသည်။ ထို့နောက်၊ သူ၏လက်ထဲမှ ရွှေလှံလည်း ရေနဂါးကြီးတစ်ကောင်ကဲ့သို့ ချင်ယွင်ဆီကို ပြင်းပြင်းထန်ထန် ထိုးလိုက်သည်။

ချင်ယွင်သည် ပြင်းထန်သော အငွေ့အသက်များ ထုတ်လွှတ်ပြီး ထိုးဖောက် ဝင်ရောက် လာသော ရွှေလှံကို မြင်သောအခါ၊ သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင် ပေါ်လာသည်။

သူသည် ကြီးမားသော လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး၊ ကြောက်မက်ဖွယ် စွမ်းအားများပါရှိသော ရွှေလှံကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ ထို့နောက်၊ ညှင်သာစွာ လှည့်လိုက်သည်နှင့်၊ ရွှေလှံသည် ရွှေသံချပ်ကာဝတ်လူ၏လက်မှ လွတ်မြောက်သွားပါ သည်။

"ဘာလဲ?" ရွှေသံချပ်ကာဝတ် အမျိုးသား၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး ကြောက်ရွှံ့ထိတ်လန့်သည့် အမူအရာ ဖြစ်ပေါ်လာသည်။

"ကျွန်တော် နောင်တရနေပါပြီ။ ဟုတ်လား?။ သိပ်ကို နောက်ကျသွားပြီ..” ချင်ယွင်က လှံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ပြီး သန့်စင်သော ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် ဝှေ့ယမ်းရင်း အေးစက်စွာ ပြောလိုက်သည်။

ရွှေလှံသည် ချက်ချင်းပင် လေထဲတွင် အလွန်လှပသော အငွေ့အဝိုက် လမ်းကြောင်းတစ်ခု ကို ဆွဲငင်သွားရင်း ကြောက်မက်ဖွယ်ကောင်းသော ကျားနှင့် နဂါးတို့၏ ဟိန်းဟောက်သံနှင့် အတူ ရွှေသံချပ်ကာဝတ် အမျိုးသားပေါ်သို့ ကျရောက်သွားခဲ့သည်။

ရွှေသံချပ်ကာဝတ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်သံချပ်ကာသည် ချက်ခြင်း ပေါက်ကွဲသွားပြီး၊ ရွှေသံချပ်ကာဝတ် အမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလားတူ ပြင်းထန်စွာ လွင့်ထွက်သွားခဲ့သည်။ သူသည် ပေ ၁၀၀၀၀ အကွာအဝေးသို့ လွင့်ပျံသွားခဲ့ပြီး အဝေးမှ မြို့ရိုးသို့ ပစ်တိုက်ကာ၊ လေဟာနယ်ပင် ပြင်းထန်စွာ တုန်ခါသွားလေသည်။

ရွှေသံချပ်ကာဝတ် အမျိုးသားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး၊ သူ၏ပါးစပ်မှ သွေးများ ထွက်ကျလာသည်။ သူသည် မတ်တပ်ရပ်ရန် ကြိုးစားရုန်းကန်ချင်သော်လည်း မလုပ်နိုင်တော့ပါဘူး။ ထိုအချိန်တွင် ချင်ယွင်၏ လှံရိုက်ချက်ကြောင့်၊ သူ၏ စွမ်းအင် လမ်းကြောင်းများ အင်္ဂါအစိတ်ပိုင်းများနှင့် အရိုးများသည် ကွဲအက်သွားခဲ့ပြီ။

“ဟူး..”။

ကြည့်ရူနေသူများသည် အေးစက်စက် လေကို ရှုရှိုက်လိုက်ကြပြီး၊ ချင်ယွင်အပေါ် ၎င်းတို့၏ အကြည့်များက တုနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ သူတို့အားလုံး မြေပြင်ပေါ်ကနေ ထပြီး တဖျပ်ဖျပ် ထွက်ပြေးကြတော့သည်။

ဤအခိုက်အတန့်တွင် ရှချန်းဖန်သည် လျှပ်စီးကြောင်းငါးခုဖြင့် ထိမှန်သွားသကဲ့သို့ ခံစားရသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိုနေရာမှာပင် အေးခဲသွားပြီး၊ သူ၏ခေါင်းကို လှည့်ကြည့်တော့ သူ၏လည်ပင်းက တောင့်တင်းသွားခဲ့သည်။ ချင်ယွင်၏ အေးစက်စက် မျက်လုံးတစ်စုံက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရ၏။

ဘန်း…။

ရှချန်းဖန်သည် ကျောရိုးမပါသည့်အလား မြေပြင်ပေါ်တွင် ဒူးပစ်ထောက်လိုက်ပြီး၊ သနားညှာတာပေးရန် အရိုသေပေးပြီး တောင်းပန်တော့သည် "စီနီယာ... စီနီယာ၊ ငါ့ကို မသတ်ပါနဲ့…”။

သို့သော် ချင်ယွင်သည် သူ၏လက်ထဲတွင် သတ္တုလှံကို ကိုင်ထားပြီး၊ ရှချန်းဖန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။ သူ၏မျက်လုံးထဲမှ သတ်ပစ်ချင်စိတ်တွေက နည်းနည်းလေးမှ ပျောက်မသွားခဲ့ပေ။ သူသည် သတ်ဖြတ်ခြင်းနတ်ဘုရားကဲ့သို့ ဖြစ်ပြီး၊ သူ၏ခန္ဓာကိုယ်သည် ကြီးမားသော သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကြီးထွားလာသည်။

"သူမတို့အားလုံးက ငါ့မိန်းမတွေချည်းပဲ။ မင်းအနေနဲ့ သူမတို့ကို ဘယ်တော့မှ မထိသင့်ဘူး" ချင်ယွင်က အေးစက်စွာ ပြောသည်။

"ငါ... ငါ မှားသွားပါတယ်။ စီနီယာ၊ နောင်မှာ ငါ ဒီလိုမလုပ်ဝံ့တော့ဘူးလို့ ကတိပေးတယ်။" ရှချန်းဖန်က လျင်မြန်စွာ အရိုအသေပေးလိုက်ပြီး သူ၏နဖူးက မြေပြင်ပေါ် တဒုန်းဒုန်း ရိုက်နှက်နေသည်။

"ဟမ့်၊ အခုနောင်တရဖို့က အရမ်းကို နောက်ကျသွားပြီ။ သူမတို့ကို ထိရဲတဲ့လူတိုင်း သေရမှာပဲလို့ ငါ ပြောခဲ့တယ်" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွား သည်။ ချင်ယွင်၏လက်မှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာ ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ချက်ချင်းပင် နှိုင်းစာ၍မရအောင်ပင် ကြောက်စရာကောင်းလာသည်။

ရှချန်းဖန်သည် ဤကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်ဆန္ဒကို သတိပြုမိသောအခါ၊ သူ၏မျက်နှာသည် အလွန်ဖြူဖျော့သွားခဲ့သည်။ သူသည် ကြောက်ရွှံ့ ထိတ်လန့်လွန်းသဖြင့် မတ်တပ်ထရပ်ပြီး ထွက်ပြေးပါတော့သည်။

သို့သော် ရှချန်းဖန် ထွက်သွားစဉ်တွင် သူ၏နောက်တွင် သရဲတစ္ဆေကဲ့သို့ ပုံရိပ်တစ်ခု ပေါ်လာသည်။ ချင်ယွင်၏ လက်ထဲတွင်ရှိနေသော ရွှေလှံသည်ပင် လှုပ်ရှားသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အင်အားနှင့်အတူ ရှချန်းဖန်၏ နောက်ကျောပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

ဘုန်း…။

ကောင်းကင်တုန်ခါလောက်သည့် ပေါက်ကွဲသံနှင့်အတူ ရှချန်းဖန်၏ ခန္ဓာကိုယ်သည် ပေါက်ကွဲပြီး သွေးမိုးများ ရွာသွန်းသည်။

ချင်ယွင်သည် ရွှေလှံကို တိုက်ရိုက် ပစ်ချလိုက်သည်။ ရွှေလှံသည် ချက်ချင်းပင် ရွှေရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ရွှေသံချပ်ကာဝတ် အစောင့်အကြပ်၏ ပါးပြင်အနီးသို့ ထိုးသွင်းကာ နံရံထက်ဝက်ကျော်သို့ ဝင်ရောက်သွားလေသည်။

ရွှေသံချပ်ကာဝတ် အစောင့်ကြပ်သည် သူ၏မျက်နှာနှင့် တစ်လက်မလောက်သာ ဝေးသော သတ္တုလှံကို ကြည့်လိုက်လေသည်။ သူ၏မျက်လုံးများက အနှိုင်းမဲ့ ထိတ်လန့် တုန်လှုပ်သွားသော အမူအရာကို ပေါ်လွင်စေသည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး၊ ခုခံရန် နည်းနည်းလေးတောင် ကြံရွယ်ထားပုံ မရပါဘူး။

ချင်ယွင်ကိုကြည့်နေကြသည့် ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ၏ အကြည့်များသည် အလွန်ကြောက်ရွှံ့နေကြပြီး၊ ၎င်းတို့အားလုံး အဝေးသို့ ပုန်းရှောင်သွားကြသည်။

ချင်ယွင်သည် ထိုတကိုယ်တော်ကျင့်ကြံသူ၏ ဆိုင်လေးဆီသို့ လျှောက်သွားပြီး အနက်ရောင် ကျောက်တုံးကို သူ၏ သိုလှောင်ကွင်းထဲသို့ ထည့်လိုက်သည်။ ထုံးစံအတိုင်း၊ ထိုတကိုယ်တော်ကျင့်ကြံသူသည် ဤအရာကို မကန့်ကွက်ဝံ့ပါဘူး။ ချင်ယွင် ဒေါသထွက်ပြီး၊ သူ့ကို သတ်ပစ်မှာကို လေးလေးနက်နက် ကြောက်လန့်နေသည့်အလား၊ သူသည် မြေပြင်ပေါ် တွားသွားရင်း၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ယင်နေပါသည်။

"မင်းတို့ အဆင်ပြေရဲ့လား?" ချင်ယွင်သည် အမျိုးသမီးလေးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

အမျိုးသမီးလေးယောက်က ခေါင်းယမ်းပြပြီး ချင်ယွင်ကို စိုးရိမ်တကြီး ကြည့်နေသည်။

"သွားကြရအောင်”။ ချင်ယွင်က အမျိုးသမီးလေးယောက်ကို ပြောလိုက်ပါသည်။ ထိုစကားကို ပြောပြီးနောက် မိန်းမလေးယောက်ကို မြို့ပြင်ဘက်သို့ ခေါ်သွား၏။

ဤနေရာသို့ ဝင်ရောက်ပြီးသော်လည်း၊ ချင်ယွင်သည် တော်ဝင်ရှအင်မော်တယ်မြို့တွင် မနေနိုင်တော့ပေ။ အမျိုးသမီးလေးယောက်လည်း ပျော်ရွင်စွာ ဆော့စကားဖို့ကို စိတ်မဝင် စားကြတော့ပါဘူး။

All Chapters