← Chapters

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း ၈၉၄

Vol. 60 Ch. 894

အခန်း (၈၉၄) အင်မော်တယ်ဧကရာဇ်ရှထန်း။

ချင်ယွင်သည် တော်ဝင်ရှအင်မော်တယ်မြို့မှ ထွက်ခွာခဲ့ပြီးနောက်၊ သူသည် အမျိုးသမီး လေးယောက်ကို အင်မော်တယ်ဘုရင်၏စံအိမ်ထဲသို့ ပို့ဆောင်ပြီး လျှင်မြန်စွာ ထွက်ခွာ သွားခဲ့သည်။

သို့သော် ချင်ယွင်သည် ကီလိုမီတာသန်းပေါင်းများစွာကို တယ်လီပို့ပြီးနောက်၊ တုနှိုင်းမရ အောင်၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက သူ၏ နောက်ကွယ်ရှိ လေဟာနယ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူသည် လေဟာနယ်ထဲမှ လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး သူ့ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်ကို မြင်လိုက်ရလေသည်။

"မကောင်းတော့ဘူး၊ အင်မော်တယ် ဧကရာဇ်တစ်ယောက်ရဲ့ စွမ်းအားပဲ”။

ချင်ယွင်၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ သူသည် သူ၏ခန္ဓာကိုယ်ကို ခုခံတွန်းလှန်ရာမှာ အားကောင်းလာစေရန် နတ်နဂါးကျောက်စိမ်း တံဆိပ်ကို အလျင်အမြန် အသက်သွင်းလိုက်သည်။

“ဘုန်း….”

သို့သော်လည်း ချင်ယွင်၏ လက်သီးသည် ကောင်းကင်ယံမှ လက်ဖဝါးကြီးနှင့် ထိပ်တိုက် ဆုံမိသည့်အခိုက်တွင်၊ သူ၏လက်မောင်းတစ်ခုလုံး ချက်ချင်း ကျိုးသွားခဲ့သည်။ ထို့နောက် သူ၏တစ်ကိုယ်လုံးသည် ဤလက်ဖဝါးရိုက်ချက်ကြောင့် ပြင်းထန်စွာ လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့သည်။

မြေပြင်သည် ဥက္ကာပျံကျဆင်းလာသကဲ့သို့ ပြိုကျပြီး မြေပြင်ပေါ်တွင် ထောင်နှင့်ချီသော လှိုင်းလုံးကြီးများ လှုပ်ခတ်သွားသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် တွင်းပေါက်နက်ကြီးတစ်ခုထဲသို့ ကျသွားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းသွားနေပါသည်။

"သောက်ကောင်လေး၊ မင်းက ငါ့သားကိုသတ်ပြီးမှ ထွက်ပြေးချင်တာလား?" ကျယ်လောင်သော အော်ဟစ်သံက ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ရုပ်အသွင်ပြင် တစ်ခု ထွက်ပေါ်လာပါသည်။

အရပ်မြင့်မြင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေဟာနယ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူ၏ရုပ်ရည်သည် ရှချန်းဖန်နှင့် ဆင်တူပါသည်။ သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ် ဧကရာဇ်တစ်ပါး၏ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ၏မျက်လုံးတစ်စုံက ချင်ယွင်ကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။

"ဟမ့်၊ ကျုပ်ကို အရင်ဆုံး အနှောင့်ယှက်ပေးခဲ့တဲ့တာ ခင်ဗျားသားပဲလေ။ သူက ကျုပ်မိန်းမတွေကို လိုချင်တပ်မက်နေမှတော့ သူ သေရမှာပဲ" ချင်ယွင်သည် ကောင်းကင်ယံ၌ရှိနေသော အင်မော်တယ်ဧကရာဇ်ရှထန်းကို အေးစက်စွာ အော်ပြော လိုက်ပြီး သူ၏လေသံက မခံမရပ်နိုင်သည့် ပြင်းထန်သော ခံစားချက်များဖြင့် ပြည့်နှက် နေသည်။

“မင်းက သေချင်နေတာလား?။ ငါ့သားရဲ့အသက်က မင်းတို့လို ပုရွက်ဆိတ်တွေနဲ့ ဘယ်လို လုပ် နှိုင်းယှဉ်နိုင်ရမှာလဲ။ မင်းရဲ့မိန်းမတွေကို လိုချင်တက်မက်တာကို အသာထား၊ သူက မင်းရဲ့ မိန်းမတွေနဲ့ အိပ်ချင်ရင်တောင် ဒါကို သဘာဝတိုင်း ခွင့်ပြုပေးရမှာလေ” အင်မော်တယ် ဧကရာဇ်ရှထန်းက ဒေါသတကြီး ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ခင်ဗျားသားရဲ့အသက်ကပဲ အရမ်းကို တန်ဖိုးကြီးပါတယ်။ ဒါပေမယ့်၊ အခု ကျုပ် သူ့ကို သတ်ပစ်လိုက်ပြီ မဟုတ်ဘူးလား?။" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြောသည်။ သူသည် မြေတွင်းကြီးထဲမှ ထလာပြီး ကျိုးသွားသော အရိုးများလည်း ပြန်လည် ကောင်းမွန်လာသည်။

"မင်း သေခြင်းတရားကို တောင်းခံနေတာပဲ။ ဒီနေ့ မင်းနဲ့ မင်းရဲ့မိန်းမတွေကို ငါ့သားအတွက် သူ့ရဲ့ဂူသင်္ချိုင်းဆီ လိုက်ပို့ပေးမယ်" အင်မော်တယ်ဧကရာဇ် ရှထန်းက ကျယ်လောင်စွာ အော်လိုက်တယ်။ သူပြောပြီးသည်နှင့် သူသည် ချင်ယွင်ကို ထပ်မံ တိုက်ခိုက်ရန် သူ၏ ကောင်းကင်တာအို စွမ်းအားကို စုစည်းလိုသည်။

"ဟမ့်၊ ခင်ဗျားနဲ့ ဘယ်သူက ကစားနေမှာလဲ”။ ချင်ယွင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ရုပ်အသွင်က ချက်ခြင်း ပျောက်သွားပါသည်။

ကောင်းကင်ယံရှိ အင်မော်တယ်ဧကရာဇ်ရှထန်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲ သွားပါသည်။ ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို သူ နားမလည်ခဲ့ပေ။

သို့သော်၊ သူသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး၊ ချင်ယွင်ရှိရာ မြေပြင်ကို စူးစမ်းရန် သူ၏ အင်မော်တယ် စိတ်ဝိညာဉ်ကို အလျင်အမြန် ဖြန့်ကျက်လိုက်သည်။

ဘန်း…။

အင်မော်တယ် ဧကရာဇ်ရှထန်း၏ အင်မော်တယ်စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် ကျောက်စရစ်ခဲတစ်ခုပေါ်ကို ပစ်မှတ်ထားလိုက်ပြီး၊ သူ၏မျက်လုံးများတွင် အေးစက်သော အပြုံးက ထွက်ပေါ်လာသည်။

"ဟမ့်၊ ဒါဆို မင်းက အင်မော်တယ်နန်းတော်ထဲမှာ ပုန်းနေတာပေါ့။ မင်းရဲ့ အင်မော်တယ် နန်းတော်ကို ငါ ချိုးဖျက်ပြီး မင်း ဘယ်ကို ထွက်ပြေးနိုင်ဦးမလဲဆိုတာ ကြည့်ရမယ်။" အင်မော်တယ် ဧကရာဇ်ရှထန်းက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ သူပြောပြီးသည် နှင့်၊ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် သည် သူ၏လက်ဖဝါးမှ ချက်ချင်း ထွက်ပေါ်လာပြီး၊ ကြီးမားသောစွမ်းအားကို သယ်ဆောင်ထားရင်း၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်လေသည်။

“ဘုန်း…”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးတစ်ခုလုံး ရုတ်ခြည်း တုန်ခါသွားပါသည်။ သို့သော် ဤကြောက်စရာကောင်းသော အပြင်းအထန် တိုက်ခိုက်မှုကြောင့် စံအိမ်ကြီးသည် ၎င်း၏ မူလအသွင်အပြင်သို့ ပြန်လည် ရောက်ရှိ သွားခဲ့ရသည်။

"ဘာလဲဟ?။ ဒါက ဘယ်လို အင်မော်တယ်နန်းတော်အမျိုးလဲ?။ ဘယ်လိုလုပ် ဒီလောက် မာကြောရတာလဲ?" အင်မော်တယ်ဧကရာဇ် ရှထန်း၏ မျက်လုံးများသည် ချက်ချင်းပင် အံ့ဩသွားသည့် အမူအရာများ ပေါ်လာသည်။

သူ၏ ခွန်အားအပြည့်ဖြင့် ထိုးနှက်ချက်သည် အင်မော်တယ်နန်းတော်ကို အစိပ်စိပ်မွှာမွှာ ဖြိုခွဲနိုင်ခြင်းမရှိဟု သူ မထင်ခဲ့ပေ။ ယင်းက သူ၏အမူအရာကို ချက်ချင်း မည်းမှောင် သွားစေသည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၊ အမျိုးသမီးလေးယောက်နှင့် ရှဖန်းတို့သည် အင်မော်တယ် နန်းတော်၏ ကိုးထပ်မြောက်မှာ ရှိနေကြပါသည်။

"ယောင်္ကျား၊ ဒီအင်မော်တယ်ဘုရင်ရဲ့စံအိမ်ကြီးက အဲဒီအင်မော်တယ်ဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါ့မလား?။” လျူရန်ယွင်က စိုးရိမ်တကြီး မေးသည်။

"စိတ်မပူပါနဲ့၊ ဒီအင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးကို စီနီယာဟွမ်ထန်းလုံ ကိုယ်တိုင် တည်ဆောက်ထားတာပါ။ ရှေးဟောင်း ဖရိုဖရဲ ကောင်းကင်ရတနာဖြစ်တဲ့ မြေအောက်ကမ္ဘာနန်းတော်လောက် မမာကြောပေမယ့်၊ သာမန် အင်မော်တယ် ဧကရာဇ်တစ်ပါး ချိုးဖျက်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ တော်ဝင်မင် မင်းဆက်ရဲ့ ဧကရာဇ်မင်းမြတ်ဖြစ်တဲ့ ရှဟောင်ချင်းကိုယ်တိုင် လှုပ်ရှားမယ်ဆိုရင်တောင်၊ သူက ဒီအင်မော်တယ်ဘုရင် စံအိမ်ကြီးရဲ့ အကာကွယ်အစီအရင် ဝင်္ကပါတွေကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

ထိုစကားကြားတော့ အမျိုးသမီးလေးယောက်သည် ချက်ခြင်း စိတ်သက်သာရာ ရသွားပါသည်။

သို့သော်လည်း ရှဖန်းက မျက်မှောင်ကြုတ်ကာ ပြောသည် "ချင်ယွင်၊ ဒီအင်မော်တယ် ဧကရာဇ်က ဒီနွေရာသီတစ်ခုလုံး ကြိုးစားရင်တောင် အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးကို ဖြတ်ကျော်နိုင်မှာ မဟုတ်ပေမယ့်၊ သူ့မှာ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးကို ထိန်းချုပ်ဖို့ နည်းလမ်းများစွာ ရှိနိုင်သေးတယ်။ မတည်မငြိမ်ဖြစ်နေတဲ့ လေဟာနယ်မုန်တိုင်းထဲ ပစ်ချတာမျိုး၊ အမှောင်ထုချောက်နက်ကြီးထဲ ပစ်ချတာမျိုး၊ ဒါမှမဟုတ်၊ ကြီးမားတဲ့ အစီအရင် ဝင်္ကပါကို အသုံးပြုပြီး အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးကို လုံးလုံးလျားလျား ထောင်ချောက်ဆင် ဖမ်းဆီးထားတာမျိုးတွေပေါ့”။

ရှဖန်း၏စကားကို ကြားတော့ ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ ဤအချက် ကို သူ မေ့သွားခဲ့သည်။

သို့သော် ချင်ယွင်သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် အင်မော်တယ် ဘုရင်၏စံအိမ်ကြီးနှင့် ကနဦးစကြာဝဠာအကြား ဆက်သွယ်ရေး လေဟာနယ် လမ်းကြောင်းတစ်ခုကို တည်ဆောက်ထားပြီးသား ဖြစ်သည်။ အကယ်၍ အင်မော်တယ် ဘုရင်၏စံအိမ်ကြီးသည် မတည်မငြိမ်ဖြစ်နေတဲ့ လေဟာနယ်မုန်တိုင်းထဲ ပစ်ချခံရပါက သူသည် ကနဦးစကြာဝဠာမှတဆင့် တိုက်ရိုက် ထွက်သွားနိုင်ပါသည်။

ယခုအချိန်တွင်၊ ချင်ယွင် အမျှော်လင့်ဆုံးအရာမှာ အင်မော်တယ်ဧကရာဇ်ရှထန်းသည် ယခုနွေရာသီအတွင်းမှာ သူ့ကို အမှောင်ထုချောက်နက်ကြီးထဲသို့ ပစ်ချစေရန် ဖြစ်သည်။ ထိုမှသာ၊ သူသည် အမှောင်ထုချောက်နက်သို့ ဝင်ရောက်ကာ သူ၏အမေကို ကယ်တင်နိုင် လိမ့်မည်။

သူ၏အမေကို ကယ်တင်မည့်ကိစ္စက သ်၏နှလုံးသားကို အမြဲဖိစီးနေသော ဧရာမ တောင်ကြီးဖြစ်နေသော်လည်း၊ သူ၏လက်ရှိခွန်အားဖြင့်ဆို လေဟာနယ်ကို ဖြတ်ကျော်ပြီး အမှောင်ထုချောက်နက်ထဲကို မဝင်ရောက်နိုင်သေးပါဘူး။

မူလက ချင်ယွင်သည် သူ၏ဆရာသခင်နှင့် အင်မော်တယ်ဧကရာဇ်လျှိုထန်းတို့ကို မိန်းကလေး လေးယောက်နှင့် တွေ့ဆုံပေးပြီးနောက်မှ အမှောင်ထုချောက်နက်သို့ သူ့ကို ပို့ပေးခိုင်းရန် ဆန္ဒရှိခဲ့သည်။ သို့သော်၊ အကယ်၍၊ အင်မော်တယ်ဧကရာဇ် ရှထန်းသည် ဤနွေရာသီတွင် သူ့ကို အမှောင်ထုချောက်နက်သို့ ပစ်လွှတ်လိုက်ပါက၊ ၎င်းသည် သူ့ကို ပြဿနာများစွာကို ‌ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မည်။

အမှောင်ထုချောက်နက်ကြီးတွင် ထူးခြားချက်တစ်ခု ရှိသည်။ ဆိုလိုသည်မှာ၊ အမှောင်ထု ချောက်နက်ထဲသို့ ဝင်ရောက်ပြီးနောက် ၎င်းတို့သည် ဘယ်တော့မှ ပြန်မလာတော့ပါ။

အကယ်၍ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို အမှောင်ထုချောက်နက်ထဲသို့ ယူဆောင်နိုင်ခဲ့ပါက၊ သူသည် ကနဦးစကြာဝဠာထဲသို့ ရောက်ပြီး အမှောင်ထုချောက်နက် ထဲမှ ထွက်ခွာရန် ၎င်းကို အသုံးပြုနိုင်သည်။ ဤအရာက အမှောင်ထုချောက်နက်ထဲမှ မထွက်နိုင်ဟူသော ဒဏ္ဍာရီကိုလည်း ချိုးဖျက်နိုင်ပါလိမ့်မည်။

“ဘုန်း…”။

အင်မော်တယ်ဧကရာဇ် ရှထန်းသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို တိုက်ခိုက်ရန် လက်လျော့ အရှုံးမပေးသေးချေ။ သူ၏တိုက်ခိုက်မှုပြီးနောက်၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။

"ငါ ဒါကို ယုံလို့မရသေးဘူး။ ဒီနွေရာသီမှာ အင်မော်တယ်ဧကရာဇ်ရှဖန်းက ငါ့ကို အမှောင်ထုချောက်နက်ကြီးထဲ ပစ်လွှတ်မယ့် ဖြစ်နိုင်ခြေက နည်းပါးလွန်းတယ်။ ငါ သူ့ကို မြှူဆွယ်ရမယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထို့ကြောင့်၊ ချင်ယွင်သည် အပြင်ဘက်ရှိ အင်မော်တယ်ဧကရာဇ် ရှထန်းသို့ အသံ ထုတ်လွှင့်ရန် သူ၏ အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအားကို တိုက်ရိုက် အသုံးပြုပြီး ပြောလိုက်သည် "ဟား…၊ ဟား..၊ အင်မော်တယ်ဧကရာဇ် ရှထန်း, ခင်ဗျားရဲ့ စွမ်းအင်တွေ ကို မဖြုန်းတီးစမ်းပါနဲ့။ ငါ့ရဲ့ အင်မော်တယ်ဘုရင် စံအိမ်ကြီးက ခင်ဗျား ချိုးဖျက်နိုင်တဲ့ အရာမဟုတ်ဘူး"။ ခင်ဗျားရဲ့အစ်ကို ရှဟောင်ချင်းကိုယ်တိုင် ရောက်လာရင်တောင်မှ ကျုပ်ရဲ့ အင်မော်တယ်ဘုရင်စံအိမ်ကြီး ဖြိုခွဲနိုင်မှာ မဟုတ်ဘူး။"။

မူလက အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို တိုက်ခိုက်နေခဲ့သော အင်မော်တယ်ဧကရာဇ် ရှထန်းသည် အနှိုင်းမဲ့ ဒေါသဖြစ်ခဲ့သော်လည်း၊ ချင်ယွင်၏ အသံကိုကြားလိုက်သည့် အခါမှာတော့၊ သူ၏စိတ်ထဲတွင် ပို၍ပင် ဒေါသဖြစ်သွားခဲ့ရသည်။

"အယုတ်တမာကောင်၊ မင်း ငါ့ကို စောင့်နေလိုက်ပါ။ မင်းရဲ့လိပ်ခွံကို ချိုးဖျက်ပြီး၊ မင်းကို ရှာတွေ့တာနဲ့ မင်းရဲ့အလောင်းကို အစိပ်ပိုင်းတစ်သောင်းလောက် ပိုင်းဖြတ်နိုင်ဖို့ နည်းလမ်းတွေကို ငါ အမြဲတမ်း တွေးတောနေမယ်။" အင်မော်တယ်ဧကရာဇ်ရှထန်းက ကောင်းကင်ယံကို လှမ်းအော်လိုက်သည်။

"ဟား..၊ ဟား…၊ အဲဒါက အသုံးမဝင်ပါဘူး။ ဒါဆို မင်း ငါ့ကို တစ်သက်တာလုံး သတ်နိုင်မှာ မဟုတ်တော့ဘူး။ မင်း ငါ့ကို အမှောင်ထုချောက်နက်ကြီးထဲ ပစ်လွှတ်လိုက်ရင်တောင်မှ မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်သေးဘူး။" ချင်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"အမှောင်ထုချောက်နက်ထဲကို ပစ်ထုတ်ခြင်းလား?" အင်မော်တယ်ဧကရာဇ် ရှထန်း၏ မျက်လုံးများသည် ချက်ချင်း တောက်ပလာပြီး အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးအနား တွင် ကျယ်လောင်စွာ ရယ်မောလိုက်သည်၊ "ဟား..၊ ဟား…၊ အယုတ်တမာကောင်လေး၊ မင်းက တကယ်ကို ငယ်သေးတာပဲ။ မင်းကိုယ်တိုင်က မင်းရဲ့သေမင်းလမ်းကြောင်းပေါ်ကို တွန်းပို့လိုက်တယ်။ ကောင်းပြီလေ၊ အဲဒါဆိုရင်လည်း မင်းဆန္ဒအတိုင်း ငါ လုပ်ပေးမယ်။ ငါ မင်းကို အမှောင်ထုချောက်နက်ထဲကို ပစ်ချပေးပါ့မယ်"

"သောက် ခွေးအိုကြီး”။ ချင်ယွင်က ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို အဝေးကို လွင့်ပစ်စေရန်အတွက် စည်းရုံးလိုက်ရသေးသည်။

"ဟမ့်၊ မင်းက လွတ်မြောက်ချင်သေးလား?။ အမှောင်ထုချောက်နက်ထဲမှာ နာခံမှုရှိရှိ နေလိုက်ပါတော့။" အင်မော်တယ် ဧကရာဇ်ရှထန်းက နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ အလင်းတန်းတွေ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး သည် ကြီးမားလှသော အမှောင်ထုချောက်နက်ကြီးထဲသို့ ပျောက်ကွယ်သွားလေသည်။

All Chapters