အခန်း ၈၉၅
Vol. 60 Ch. 895
အခန်း (၈၉၅) အမှောင်ထုချောက်နက်ကြီး။
ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး တစ်ခုလုံးကို ပြင်းထန်စွာ လှုပ်ခါသွား သည်ကို ခံစားခဲ့ရပြီး၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး တစ်ခုလုံးကိုပင် ပြင်းထန်စွာ သက်ရောက်မူ ရှိခဲ့ပါသည်။
ဘုန်း…။
အဆုံးတွင်၊ ကျယ်လောင်သော အသံနှင့်အတူ၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့သည်။
"ဖြစ်နိုင်တာ ငါတို့ အမှောင်ထုချောက်နက်ကြီးထဲကို ရောက်သွားပြီများလား?" ရန်စီချီက အစမ်းသဘော မေးကြည့်သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ခေါင်းယမ်းကာ "ငါရဲ့အင်မော်တယ် စိတ်ဝိညာဉ်အာရုံနဲ့ ပြင်ပကမ္ဘာကို စူးစမ်းဖို့ ကြိုးစားခဲ့ပေမယ့်၊ ငါရဲ့အင်မော်တယ် စိတ်ဝိညာဉ်အာရုံကို လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက တားဆီးထားတာကို တွေ့ခဲ့ရတယ်။ အပြင်က အခြေအနေကို သိချင်ရင်၊ ငါ့ကိုယ်တိုင် ထွက်ကြည့်ရမယ်။"
"သတိထားပါ..”။ အမျိုးသမီးလေးယောက်က ကမန်းကတန်း ပြောလိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီးနောက် သူ၏ရုပ်အသွင်က ဖျတ်ခနဲလင်းလက်သွားပြီး အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး၏အပြင်ဘက်ကို တိုက်ရိုက် ထွက်သွားလိုက်သည်။
ဘန်း…။
ချင်ယွင်သည် ပြင်ပကမ္ဘာတွင် ပေါ်လာသည့်အခိုက်တွင်၊ သူ၏ခန္ဓာကိုယ်သည် နစ်မြုပ် သွားခဲ့ပြီး၊ မြေပြင်ပေါ်သို့ ပြိုလဲကျလုနီးပါး ခံစားရသည်။
"အိုက်…”။ ချင်ယွင်က ဒေါသတကြီး ဟိန်းဟောက်ပြီး သူ၏ဖင်းဂေါ့ဂ်စွမ်းအားကို အသုံးပြုလိုက်သည်။ သို့မှသာ၊ သူသည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် မတ်တပ် ထရပ်ပြီး၊ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
သူ၏ရှေ့မှာ ပေါ်လာသည်က လုံးဝ လူသူဆိတ်သုဉ်းနေသော တောင်တန်းကြီး။ လူသားကမ္ဘာကြီးတစ်ခုလုံးသည် မီးခိုးရောင်များနှင့်အတူ မည်းမှောင်နေပြီး လင်းလက် တောက်ပသည့် မည်သည့်အရောင်မှ ရှိမနေပါချေ။
တစ်ကမ္ဘာလုံးတွင် တစ်ခုတည်းသော အလင်းရောင်မှာ ကောင်းကင်ယံရှိ အဖြူရောင် အပေါက်ကြီးမှ ထွက်ပေါ်လာသော အရောင်သာရှိပါသည်။ သို့သော်လည်း၊ ထိုအဖြူရောင် တွင်းနက်ကြီးရှိ အလင်းရောင်သည် အလွန်အားနည်းလွန်းပြီး ဤဂြိုတစ်ခုလုံးကို အလင်းရောင်ပျပျရရုံသာ ပြုလုပ်နိုင်ခဲ့ပါသည်။
"အယ်?"
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် သူ၏ ဖင်းဂေါ့ဂ်စွမ်းအားနှင့် ဖရိုဖရဲစွမ်းအားတို့သည် ကြောက်မက်ဖွယ်ကောင်းသော မြေဆွဲငင်အား၏ လွှမ်းမိုးမှုအောက်တွင် အလွန်မင်း နှေးကွေးနေကြောင်း တွေ့ရှိခဲ့ရသည်။ ယင်းက လိပ်တစ်ကောင်၏ အမြန်နှုန်းဟုသာ ရိုးရှင်းစွာ ဖော်ပြနိုင်ပါသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ?။ ဒီလေဟာနယ်ထဲမှာ ဘာကြောင့် ဒီလောက်ပြင်းထန်တဲ့ မြေဆွဲငင်အားမျိုး ရှိနေရတာလဲ?။ ကောင်းကင်ယံက အဲဒီအဖြူရောင် အပေါက်ကြီးကရော အတိအကျ ဘာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ချင်ယွင်သည် စိတ်လည်း ပူသွားခဲ့ရသည်။ အကယ်၍ အမှောင်ထု ချောက်နက်ကြီးတစ်ခုလုံး၏ မြေဆွဲငင်အားသည် အလွန်ကြောက်စရာကောင်းနေပါက၊ သူ၏အမေသည် ဆုံးပါးသွားပေလိမ့်မည်။ ထိုအချိန်တုန်းက သူ၏အမေကို အမှောင်ထု ချောက်နက်ကြီး ပစ်ချလိုက်သည့်အချိန်မှာ၊ သူ၏အမေသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်ကိုတောင် မဖြတ်ကျော်နိုင်သေးပါဘူး။
ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော မြေဆွဲငင်အားဖြင့်ဆိုပါက၊ အစစ်အမှန် အင်မော်တယ် နယ်ပယ်ကိုတောင် မဖြတ်ကျော်ရသေးသော သေမျိုးတစ်ယောက်ဖြစ်သည့် သူ၏အမေကို အသာထား။ သာမန် အင်မော်တယ်ဘုရင်များပင်လျှင်၊ မြေပြင်ပေါ်တွင် လှုပ်ရှားနိုင်မည် မဟုတ်ပေ။
ဘန်း..။
ထိုအချိန်တွင် ချင်ယွင်၏ရင်ဘတ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာ သည်။ နတ်နဂါးကျောက်စိမ်း စည်းတံဆိပ်သည် ကနဦးစကြဝဠာထဲမှ ပြေးထွက်လာပြီး၊ ချင်ယွင်၏ ရှေ့တွင် ပျံဝဲနေသည်။
"အယ်? ဒါက တကယ်ကို အမှောင်ထုချောက်နက်ကြီးလား?" ဧကရာဇ် ရှန်းလုံ၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာပါသည်။ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရူရင်း၊ သူ၏မျက်နှာက အံ့အားသင့်သည့် အမူအရာ ပေါ်လွင်နေသည်။
"စီနီယာ၊ စီနီယာကရော အမှောင်ထုချောက်နက်ကြီးကို ရောက်ဖူးတာလာလား?။" ချင်ယွင်က မေးကြည့်သည်။
“ငါ ဒီကို ရောက်ဖူးတာပေါ့ကွ။ ဘယ်လိုဖြစ်လို့ မရောက်ဖူးဘဲ နေမလဲ?။ ဒီစကြဝဠာရဲ့ အစိတ်အပိုင်းတိုင်းနီးပါးကို ငါ ရောက်ဖူးတယ်ကွ။" ဧကရာဇ် ရှန်းလုံက ဂုဏ်ယူစွာ ပြောလိုက်ပါသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ သူက ဧကရာဇ် ရှန်းလုံကို အလျင်စလို ဖမ်းကိုင်လိုက်ပြီး မေးလိုက်သည် “စီနီယာ၊ ဒါဆို ဘာလို့ အမှောင်ထု ချောက်နက်ကြီးရဲ့ဂြိုလ်ရဲ့ လေဟာနယ် ဆွဲငင်အားက အရမ်းကို များနေရတာလဲ?၊ ဒါက အချိန်တိုင်း ဆွဲငင်အား အရမ်းများနေမှာလား?"
ဧကရာဇ် ရှန်းလုံသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါတွင် တောက်ပသော အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။ သူသည် ကောင်းကင်ယံတွင် ရှိနေသည့် ကြီးမားသော အဖြူရောင် အပေါက်ကြီးကို ညွှန်ပြပြီး ပြောသည် "ချာတိတ်လေး၊ မင်း ကောင်းကင်ပေါ်က ကြီးမားလှတဲ့ အဖြူရောင်တွင်းနက်ကြီးကို ကြည့်လိုက်တဲ့ အချိန်တုန်းက ဘာတစ်ခုမှ မတွေ့ခဲ့ဘူးလား?"
ချင်ယွင်သည် ဧကရာဇ် ရှန်းလုံ၏ လက်ချောင်းဆီသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်ယံရှိ ကြီးမားသော အဖြူရောင် အပေါက်ကြီးကို ကြည့်ပြီး အချိန်အတော်ကြာ သတိမေ့သွားပြီးနောက် ခေါင်းယမ်းကာ ပြောလိုက်သည် "ဟင့်အင်း..”။
ဧကရာဇ် ရှန်းလုံသည် ပြောစရာစကားမဲ့သွားဟန်ဖြင့်၊ ဒေါသတကြီး ပြောလိုက်လေသည် "အနီးကပ် သေချာကြည့်စမ်းပါဦး။ ဒီအဖြူရောင် အပေါက်ကြီးက လှုပ်ရှားနေတာ မဟုတ်ဘူးလား?။
ချင်ယွင်သည် ဧကရာဇ်ရှန်းလောင်း၏ စကားကို ကြားသောအခါ အဖြူရောင် တွင်းနက်ဆီသို့ ချက်ချင်း ပြန်ကြည့်လိုက်သည်။ သေချာပါသည်၊ ကြီးမားလှသည့် အဖြူရောင် တွင်းပေါက်ကြီးသည် အလွန်မင်း မျှော်လင့်ချက်ရှိသော အတိုင်းအတာ တစ်ခုအထိ ရွေ့ရှားနေသည်ကို သူ တွေ့ရှိခဲ့ပါသည်။ ထို့အပြင်၊ အလင်းရောင်အားလုံးကို ထိုအဖြူရောင် တွင်းပေါက်ကြီးမှ စုပ်ယူသွားပုံရသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် တစ်ခုခုကို ဖမ်းဆုပ်မိသ လို ခံစားမိသော်လည်း၊ ဘာလဲဆိုတာ တခဏအတွင်း မပြောနိုင်ခဲ့ဘူး။
"တုံးအလိုက်တဲ့ ကောင်စုတ်လေး၊ မင်း မခန့်မှန်းနိုင်သေးဘူးလား?" ဧကရာဇ် ရှန်းလုံက ထပ်ပြော လိုက်သည်။
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ၏မျက်နှာသည် မယုံကြည်နိုင်သော အရိပ်အယောင်များပင် ပေါ်လာသည်။ သူက ဧကရာဇ် ရှန်းလုံကို ကြည့်ရင်း "ဒါဆို ဒါကြီးက အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ဧရာမတွင်းနက်ကြီးရဲ့ နောက်ကျောဘက်များ ဖြစ်နိုင်မလား" ဟု ပြောလိုက်ပါသည်။
"ကောင်စုတ်လေး၊ မင်းက အလွန်အကျွံ တုံးအနေတာတော့ မဟုတ်သေးဘူးပဲ။ မှန်တယ်၊ ဒီအမှောင်ထုချောက်နက်ကြီးလို့ ခေါ်တဲ့အရာက တကယ်တော့ အဲဒီဧရာမတွင်းနက်ရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ လေဟာနယ်ဂြိုဟ်ကြီးတစ်ခုပဲ" ဧကရာဇ် ရှန်းလုံက ပြုံးပြီး ပြောသည်။
ချင်ယွင်၏ မျက်နှာသည် ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားပုံရပါသည် ။
အင်မော်တယ်ကမ္ဘာ စကြဝဠာ၏ အနက်ရှိုင်းနေရာတွင် ကြီးမားသော တွင်းနက်ကြီးတစ်ခု ရှိနေသည်။ ဤတွင်းနက်၏ စုပ်ယူနိုင်စွမ်းသည် အလွန်ကြောက်စရာကောင်းသည်။ အင်မော်တယ်ဧကရာဇ်တွေတောင်မှ၊ ထိုတွင်းနက်ကြီးသို့ ဝင်ပြီးလျှင်၊ မည်သည့်အခါမှ ပြန်ထွက်မလာတော့ပါဘူး။ ထို့ကြောင့်၊ ထိုဧရာမတွင်းနက်ကြီးထဲတွင် မည်သည်အရာ ရှိသည်ကို မည်သူမှ မသိကြပါဘူး။
သို့သော်လည်း၊ ယခုအခါ ချင်ယွင်သည် အမှောင်ထုချောက်နက်ကြီးဟုခေါ်နေရာသည် ထိုဧရာမတွင်းနက်ကြီးအတွင်းရှိ ဂြိုလ်ကမ္ဘာတစ်ခုဖြစ်ကြောင်း ယခုအခါ နားလည်လာခဲ့ပါ ပြီ။ ကောင်းကင်မှ ဧရာမအဖြူရောင် တွင်းပေါက်ကြီးသည် အဖြူရောင် တွင်းပေါက်ကြီး အဖြစ် တည်ရှိနေရသည့် အကြောင်းရင်းကတော့ ထိုဧရာမတွင်းနက်ကြီး၏ ကြောက်စရာ ကောင်းသော စုပ်ယူမှုစွမ်းအားက အလင်းရောင်အားလုံးကို စုပ်ယူလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အကြောင့် အတွင်းပိုင်းကနေကြည့်လျှင်၊ သဘာဝအတိုင်း အဖြူရောင် တွင်းပေါက်ကြီး ဖြစ်နေရပါသည်။
"အမှောင်ထုချောက်နက်ကြီးက ဒီလိုအနေထားမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ ဘယ်သူမှ ဒီကနေ ပြန်ထွက်မသွားနိုင်တာ အံ့သြစရာ မရှိတော့ပါဘူး။ ဒီကနေ ထွက်သွားချင်တဲ့လူမှန်သမျှ၊ ဒီဧရာမတွင်းနက်ကြီးရဲ့ ကြောက်စရာကောင်းတဲ့ စုပ်ယူခြင်းစွမ်းအားကို ကျော်ဖြတ်ရလိမ့်မယ်." ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ယခုတော့ သူသည် အဘယ်ကြောင့် အမှောင်ထုချောက်နက်ကြီးထဲမှ မည်သူတစ်ဦး တစ်ယောက်မှ ပြန်လည်ထွက်သွားနိုင်ခြင်း မရှိသည်ကို နောက်ဆုံး နားလည်လာခဲ့ပါပြီ။
ဟုတ်ပါသည်. သူသည် အကြောင်းရင်းကိုလည်း သိသွားပါပြီ။ ယင်းက ဤနေရာကနေ လမ်းလျှောက် ထွက်သွားရခြင်းနှင့် ခြားနားပါသည်။ သေချာသည်မှာ၊ ချင်ယွင်တွင်မူ အင်မော်တယ်ဘုရင်၏စံအိမ်နှင့် ဆက်သွယ်ထားသော လေဟာနယ်လမ်းကြောင်းတစ်ခု ရှိထားပြီး၊ သူသည် ကနဦးစကြဝဠာ၏ လေဟာနယ် ဆက်သွယ်ရေးလမ်းကြောင်းမှ တဆင့်ဖြတ်သန်းကာ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ သစ်သားအိမ်လေးထံသို့ ပြန်သွားနိုင်သေးပါသည်။
"စီနီယာ၊ အမှောင်ထုချောက်နက်ကြီးရဲ့ မြေဆွဲငင်အားက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ် မဟုတ်လား?" ချင်ယွင်က ဧကရာဇ် ရှန်းလုံကို မေးလိုက်သည်။
ဧကရာဇ် ရှန်းလုံက ခေါင်းခါလိုက်ပြီး ပြောသည်"အမှောင်ချောက်နက်ကြီးထဲက မြေဆွဲငင်အားက နေရာအားလုံး ကြောက်စရာကောင်းတာတော့ မဟုတ်ဘူး။ အင်မော်တယ်ကမ္ဘာနဲ့ ဆင်တူတဲ့ နေရာတွေလည်း ရှိတယ်။ အဲဒီနေရာတွေမှာ လူသားတွေနဲ့ နတ်ဆိုးသားရဲတွေ စုဝေးနေထိုင်တဲ့ နေရာတွေ ရှိတယ်။ မင်းက တစ်ယောက်ယောက်ကို ရှာဖွေမှာဆိုတော့၊ မင်းရှာတဲ့လူက မြေဆွဲအား အားနည်းတဲ့ နေရာမှာ ပြုတ်ကျဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင်၊ အဲဒီလူလည်း အရိုးစုဖြစ်နေလောက် ပြီ”။
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် လေးလံလာသည်။ သူ၏အမေ ပြုတ်ကျရာ နေရာသည် မြေဆွဲအား မပြင်းထန်သော နေရာဖြစ်ဖို့ သူ တိတ်တဆိတ် မျှော်လင့်နေမိ သည်။
"ကောင်လေး၊ ငါ မင်းကို သတိပေးစရာတစ်ခု ရှိသေးတယ်။ အမှောင်ထုချောက်နက်ကြီးက သက်ရှိတွေက သတ်ဖြတ်ရတာ ကြိုက်နှစ်စက်ကြတယ်၊ ဒါကြောင့် မင်းအမေက မြေဆွဲငင်အား အားနည်းဆုံးနေရာမှာ ပြုတ်ကျရင်တောင်၊ အသက်ရှင်ဖို့ အခွင့်အလမ်းက မမြင့်မားလှဘူး။" ဧကရာဇ်ရှန်းလုံက ဆက်ပြောပါသည်။
ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားကာ၊ သူ၏မျက်လုံးများတွင် အပြစ်ရှိ သလို ခံစားရပြီး၊ နာကျင်မှု အရိပ်အယောင် ပေါ်လာသည်။
"မဟုတ်ဘူး၊ အမေ့ရဲ့ ရှင်ခြင်း သေခြင်းကို အသေချာ မသိရမချင်း ကျွန်တော် လက်မလျှော့နိုင်သေးဘူး။ သက်ရှိတွေ စုဝေးတဲ့ အဲဒီနေရာတွေကို သွားကြည့်ချင်တယ်။ အမေ့အကြောင်း သတင်းရနိုင်လောက်တယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ပြင်းထန်သော မျှော်လင့်ချက် အလင်းတန်းက ချက်ချင်း လောင်ကျွမ်းလာသည်။
သူ့အမေ၏ အလောင်းကို မတွေ့ရမချင်း သူ လက်မလျှော့နိုင်ပါဘူး။
"အမေက အမှောင်ထုချောက်နက်ကြီးထဲမှာ အနှစ် ၃၀ လောက်ပဲ ရှိသေးတယ်။ ရှာရတာ လွယ်မှာပါလေ။" ချင်ယွင်က သူ့ကိုယ်သူ ပြန်ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် ခြေတစ်လှမ်းချင်း လှမ်းပြီး စတင် လျှောက်လှမ်းလိုက်သည်။ သူသည် ဤနေရာတွင် မပျံသန်းနိုင်သည့်အတွက် ခြေလျင်သာ လျှောက်လှမ်းနိုင်ခဲ့ပါ သည်။
တယ်လီပို့လုပ်ခြင်းနှင့် ပတ်သက်၍မူ၊ အထူး ပြောစရာပင် မလိုပါချေ။ ဤကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားအောက်တွင် လေဟာနယ်သည် အလွန် ခိုင်မာပါသည်။ တယ်လီပို့လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် သူ၏ခြေထောက်နှစ်ချောင်းကိုသာ အားကိုးပြီး ရှေ့သို့ လျှောက်လှမ်းနိုင်ပါတော့သည်။