အခန်း ၈၉၆
Vol. 60 Ch. 896
အခန်း (၈၉၆) အမှောင်ထုလေမြို့တော်။
မြေဆွဲငင်အား အလွန်ကြီးမားသောကြောင့် ချင်ယွင်သည် အလွန်နှေးကွေးစွာ လမ်းလျှောက်ခဲ့ရသည်။ ထိုအပြင်၊ ထိုလမ်းလျှောက်သွားရသည့်ခရီးက ဆယ်ရက် ကြာခဲ့ပါသည်။
ဤဆယ်ရက်အတွင်း ချင်ယွင်သည် လမ်းလျှောက်နေခဲ့ရသည်။ သူသည် လူတစ်ယောက်ကိုပင် မတွေ့ခဲ့ရပါချေ။ ယင်းအစား၊ ကျိုးပဲ့နေသော အရိုးများစွာကို မြင်တွေ့ခဲ့ရသည်။ ဤအရာက ချင်ယွင်၏ မကောင်းသော စိတ်ခံစားချက်ကို ပို၍ ဆိုးဝါးစေခဲ့သည်။
“ဟူး..”။
ချင်ယွင်က ညစ်ညမ်းသောလေထုကို ပါးစပ်ထဲမှ ထွေးထုတ်လိုက်သည်။ အဝေးမှာ ထွက်ပေါ်လာသော အနက်ရောင် အစက်ပြောက်တွေကို ကြည့်လိုက်တော့ သူ၏ မျက်လုံးတွေက အလင်းရောင်တစွန်းတစ ပေါ်လာပါသည်။
အနက်ရောင် အစက်ပြောက်သည် မြို့တစ်မြို့ဖြစ်ကြောင်း သိသာထင်ရှားပြီး၊ မြို့တစ်မြို့ ရှိခြင်းသည် လူတွေ့ရတော့မည်ဟု ဆိုလိုပါသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခြေဖဝါးအောက်ရှိ ဆွဲငင်အားသည် များစွာ လျော့ကျသွားပြီး၊ ချင်ယွင်သည် ဆက်လက် ရှေ့တိုးလာသည်နှင့်အမျှ သူ၏ ခြေဖဝါးအောက်ရှိ ဆွဲငင်အားမှာလည်း တဖြည်းဖြည်း နည်းပါးသထက် နည်းပါလာပါ သည်။
ဝှီး…။
မြေဆွဲငင်အား လျော့နည်းလာသည်နှင့်အမျှ ချင်ယွင်၏ အရှိန်သည်လည်း ပေါက်ကွဲအား ဖြင့် တိုးမြင့်လာခဲ့သည်။ တခဏအတွင်းမှာပင် သူသည် ကီလိုမီတာ ၁၀၀၀၀ အကွာအဝေး ကို ဖြတ်ကျော်ပြီး မြို့တံခါးကို ရောက်ရှိသွားခဲ့သည်။
ဤမြို့ရိုးကို ထူးဆန်းသော အနက်ရောင် ကျောက်တုံးများဖြင့် လုံး၀ ပြုလုပ်ထားသည်။ ၎င်းသည် မှင်ကဲ့သို့ အနက်ရောင်ဖြစ်ပြီး အေးမြသော အငွေ့အသက်ကို ထုတ်လွှတ်ကာ အလွန် ခိုင်မာသော ခံစားချက်ကို ပေးစွမ်းသည်။
မြို့တံခါးဝတွင် “အမှောင်ထုလေမြို့တော်” ဟူသော စာလုံးကို ရေးထိုးထားသည်။
"ရပ်…။ မင်းက ဘယ်သူလဲ?"
သို့သော်လည်း ချင်ယွင်သည် မြို့ဆီသို့ ဆက်လက်လျှောက်လှမ်း နေချိန်တွင် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားတစ်ဦးသည် မြို့မျှော်စင်ပေါ်မှ ခုန်ဆင်းကာ ချင်ယွင်၏ရှေ့သို့ အရှိန်ဟုန်ပြင်းစွာ သက်ဆင်းလာခဲ့သည်။
ချင်ယွင်သည် ရုတ်တရက် ပေါ်လာသော အနက်ရောင်သံချပ်ကာဝတ် အမျိုးသားကို ကြည့်ရူ စစ်ဆေးလိုက်သည်။ ဤလူသည် အရပ်မြင့်မားပြီး အစွမ်းထက်ကာ၊ သူ၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ၏ ကျင့်ကြံမှုအခြေခံမှာလည်း မနိမ့်ကျပေ။ သူသည် အလယ်အလတ်အဆင့် အင်မော်တယ် ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် ချင်ယွင်ကို မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။
"ကျုပ်နာမည်က ချင်ယွင်ပါ၊ ငါက အမှောင်ထုချောက်ကြီးထဲကို အခုမှ ရောက်လာတာပါ" ချင်ယွင်သည် အနက်ရောင်သံချပ်ကာဝတ် အမျိုးသားကို ကြည့်ပြီး ပြောသည် ။
အကယ်၍၊ သူ၏ ခန့်မှန်းချက်သာ မှန်ကန်သည်ဆိုလျှင်၊ သူ၏ရှေ့မှ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် အမှောင်ထုလေမြို့တော်၏ အစောင့်တစ်ဦး ဖြစ်သင့်ပြီး၊ သူ၏အဆင့်အတန်းက နိမ့်ကျခြင်း မရှိလောက်ပေ။
"မင်းဆိုလိုတာက မင်းက အခုမှ အမှောင်ထုချောက်နက်ကြီးထဲကို ရောက်လာတာလား?။ မင်းက အပြင်က ရောက်လာတာလား?။" အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက သတိကြီးစွာထားဟန်ဖြင့် မေးလိုက်သည်။
"မှန်ပါတယ်။ ငါက သိပ်မကြာသေးခင်ကမှ အမှောင်ထုချောက်နက်ကြီးထဲကို ဝင်လာခဲ့ တာ။ ငါက လူသူမရှိတဲ့ တောထဲကို ကျသွားခဲ့တယ်။ အဲဒီကနေ ထွက်လာဖို့တောင် အချိန် တော်တော်ကြာသွားတယ်။" ချင်ယွင်က အမှန်အတိုင်း ပြန်ဖြေသည်။
အနက်ရောင်သံချပ်ကာဝတ် အမျိုးသားသည် ချင်ယွင်၏စကားကို ကြားသောအခါ၊ သူသည် ချင်ယွင်ကို ကြည့်လိုက်ပြီးနောက်၊ ချင်ယွင်လာခဲ့ရာ နောက်မှာရှိနေသော တောအုပ်ကြီးကို ကြည့်လိုက်ရင်း "တစ်စုံတစ်ယောက် လာပြီး သူ့ကို ဖမ်းလိုက်ပါ" ဟု အော်ပြော လိုက်ပါသည်။
"ဟုတ်ကဲ့ပါ..”။
အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ အမိန့်ပေးသံ ထွက်ပေါ်လာပြီးနောက်၊ မြိုးရိုး မျှော်စင်ပေါ်မှ တုန့်ပြန်သံများ ဆက်တိုက် ထွက်ပေါ်လာပါသည်။ ထို့နောက်၊ အနက်ရောင် သံချပ်ကာဝတ် အစောင့်လေးယောက်သည် မြိုးရိုးမျှော်စင်ပေါ်မှ ခုန်ဆင်းကာ ချင်ယွင်ကို အနက်ရောင် လှံများဖြင့်ထိုးချိန်ရင်း ဝန်းရံထားသည်။
ထိုအစောင့်များ၏ ကျင့်ကြံမှုအဆင့်က မမြင့်မားပါဘူး။ သူတို့အားလုံးသည် လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိကြသည်။
"မင်းတို့ ဘာလုပ်ချင်လို့လဲ?" ချင်ယွင်သည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို စိတ်ရှုပ်ထွေးစွာ ကြည့်ရင်း ပြောလိုက်ပါသည်။ ထင်ရှားသည်မှာ၊ ဤ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် အဘယ်ကြောင့် ရုတ်တရက် လှုပ်ရှားရသည်ကို သူ နားမလည်ခဲ့ပါ။
"ဟမ့်၊ ကောက်ကျစ်တဲ့ကောင်၊ မင်းရဲ့သရုပ်ဆောင်ချက်တွေက အရမ်းကို ဆိုးဝါးလွန်း တယ်။ မင်းက သူလျှိုတစ်ယောက်ဖြစ်ဖို့ လုံးဝ မသင့်တော်ဘူး။" အနက်ရောင် သံချပ်ကာဝတ် အမျိုးသားက စကားပြောနေစဉ် လှောင်ပြောင်လိုက်ပြီး၊ ချင်ယွင်ကို ကြည်သည့် သူ၏အကြည့်တွေက သရော်ဟန်အပြည့် ရှိနေပါသည်။
"သူလျှိုလား?" ထိုစကားကိုကြားတော့ ချင်ယွင်သည် ပို၍ပင် အံ့သြသွားရပါသည်။ သူက အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး "အကိုကြီး၊ ငါတို့ကြားထဲမှာ နားလည်မှု လွဲနေပြီထင်တယ်။ ငါက သူလျှိုမဟုတ်ပါဘူး" ဟု ပြောလိုက်ပါသည်။
"ဟမ့်၊ ငြင်းမနေနဲ့တော့။ မင်းက သူတို့ လွှတ်လိုက်တဲ့ သူလျှိုပဲ။ မင်းက ဘာလို့ အံ့ဩသလို ဟန်ဆောင်နေရတာလဲ။ သူ့ကို သိမ်းထိန်းထားလိုက်စမ်း" အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် ချင်ယွင်၏ ရှင်းပြချက်ကို နားမထောင်ဘဲ အစောင့်လေးယောက်ကို လှမ်းအော်သည်။
အစောင့်လေးယောက်သည် အနက်ရောင်သံချပ်ကာဝတ် အမျိုးသား၏ စကားကို ကြားသောအခါ၊ ချင်ယွင်ကို ချက်ချင်းပင် အေးစက်စွာ ကြည့်လိုက်ပြီး၊ သူတို့၏ လှံများကို တိုက်ရိုက် ဝှေ့ယမ်းလိုက်ကြသည်။
"မင်းတို့ အထင်လွဲနေပြီ။ ငါက တကယ် သူလျှိုမဟုတ်ပါဘူး" ချင်ယွင်က ကမန်းကတန်း အော်ပြောလိုက်သည်။
သို့သော်လည်း အနက်ရောင်သံချပ်ကာဝတ် အမျိုးသားသည် လုံးဝ မတုန်မလှုပ်ပင်။ သူက လက်ပိုက်ထားရင်း ချင်ယွင်ကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်သည်။ ထိုအချိန်တွင် ချင်ယွင်သည်လည်း အစောင့်လေးယောက်နှင့် လုံးထွေးနေရသည်။
အစောင့်လေးယောက်၏ လက်ထဲရှိ လှံများသည် ချင်ယွင်ဆီသို့ အဆက်မပြတ် ထိုးထွက်လာနေပါသည်။ တိုက်ခိုက်မှုတစ်ချက်စီတိုင်းတွင် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများ ပါရှိနေသည်။
ချင်ယွင်က လက်တုံ့ပြန်ခြင်းမျိုး မလုပ်ပါဘူး။ သူသည် သူ၏ လှုပ်ရှားမှုပညာရပ်ဖြင့် အဆက်မပြတ် ရှောင်တိမ်းနေခဲ့သည်။ အစောင့်လေးယောက်၏ တိုက်ခိုက်မှုတွေက သူ့ကို လုံးဝ မထိခိုက်နိုင်ပါဘူး။
"မင်းတို့ ဘာလုပ်နေတာလဲ?။ ပူးပေါင်းတိုက်ခိုက်မှုကို သုံးကြပါလား?" အစောင့်ကြပ် လေးယောက်က ချင်ယွင်ကို ဘာမှ မလုပ်နိုင်သည်ကို အနက်ရောင် သံချပ်ကာဝတ် အမျိုးသား မြင်လျှင်၊ သူက ချက်ချင်း အော်ပြောလိုက်ပါသည်။
အစောင့်လေးယောက်သည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ စကားကို ကြားသောအခါ၊ သူတို့သည် ချင်ယွင်ကို ပြင်းပြင်းထန်ထန် စတင် တိုက်ခိုက်လိုက်ကြ သည်။
“ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဒါဟာ တကယ်ကို အဆုံးမရှိတော့ဘူး။ ဒီကောင်တွေကို ငါ အနိုင်ယူဖို့ လိုနေပုံရတယ်။ ချင်ယွင်သည် သူ၏စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်ရင်း၊ ဖင်းဂေါ့ဂ်စွမ်းအားက သူ၏လက်သီးကို ချက်ခြင်း စုရုံးလာခဲ့သည်။
“ဘုန်း..”။
ချင်ယွင်သည် လက်သီးတစ်ချက် ထိုးလိုက်ပြီး အစောင့်လေးယောက်၏ စုပေါင်း တိုက်ခိုက်မှုကို တိုက်ရိုက် ဖြိုခွဲပစ်လိုက်ပါ သည်။
“ဘုန်း..”
သူသည် နောက်တစ်ကြိမ် လေဟာနယ်ထဲသို့ လက်သီးတစ်ချက် ထိုးလိုက်ပြီး၊ ကြောက်မက်ဖွယ် စွမ်းအားများက လျင်မြန်စွာ ပျံ့နှံ့သွားကာ အစောင့်လေးယောက်စလုံး လွင့်ပျံသွားပြီး၊ သူတို့နောက်မှ မြိုးရိုးနံရံကို ပစ်တိုက်ကာ၊ သွေးအန်ပြီး၊ ဒဏ်ရာ ပြင်းထန်စွာ ရသွားကြပါသည်။
ယင်းကလည်း ချင်ယွင်၏ လျော့ပေါ့တိုက်ခိုက်မှုကြောင့်သာ ဖြစ်ပါသည်။ အကယ်၍၊ သူသာ ခွန်အားအားလုံးကို အမှန်တကယ် အသုံးပြုခဲ့မည်ဆိုရင်၊ အထွက်အထိပ်ဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရှိ အစောင့်လေးယောက်ကို အပိုင်းအစ တစ်ခုမျှပင် မကျန်သည်အထိ တိုက်ရိုက် သတ်ပစ်နိုင်ပါသည်။
"အသုံးမကျတဲ့ အမှိုက်တွေပဲ”။ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားက အစောင့်လေးယောက် ချင်ယွင်ကြောင့် လွင့်ထွက်သွားသည်ကို မြင်လိုက်သည့်အခါ၊ ရန်လိုသည့် အရိပ်အယောင်က ချက်ချင်းဆိုသလို သူ၏မျက်လုံးထဲမှာ ပေါ်လာပါသည်။ ထို့နောက်၊ သူက ကျယ်လောင်စွာ ဟစ်ကြွေးပြီး ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ဤအနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် ရုပ်ခန္ဓာကိုယ် ကျင့်ကြံသူလည်း ဖြစ်ကြောင်း ထင်ရှားပါသည်။ သူ၏လက်နှစ်ဖက်က ချက်ချင်းပင် နှစ်ဆကြီးလာပြီး၊ ကြောက်မက်ဖွယ်ရာ လေတဟုန်းဟုန်း မြည်သံနှင့်အတူ သူသည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။
ချင်ယွင်သည် အနက်ရောင်သံချပ်ကာဝတ် အမျိုးသား သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာသည်ကို တွေ့လိုက်ရလျှင်၊ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်ဖျော့ဖျော့ ပေါ်လာပါသည်။
အနက်ရောင်သံချပ်ကာဝတ် အမျိုးသား၏ လက်သီးသည် အားနည်းခြင်းမရှိသော်လည်း၊ ချင်ယွင်၏ မျက်လုံးများတွင် သူ၏အရှိန်ဟုန်က အလွန် နှေးကွေးလွန်းသည်။
ဘန်း…။
ချင်ယွင်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ နားထင်နေရာကို လက်သီးဖြင့် ထိုးလိုက်သည်။
ချင်ယွင်၏ တိုက်ခိုက်မှုကြောင့် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် ချက်ခြင်း မျက်စိပြာနှမ်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းယိုင်သွားသည်။
ချင်ယွင်သည် မြေပြင်ပေါ်သို့ ခြေတစ်ချက်ဆောင့်နင်းလိုက်ပြီး၊ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက အလိုက်သင့် လိုက်ပါသွားခဲ့သည်။ ခြေကန်ချက်တစ်ချက်ဖြင့် သူသည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို တိုက်ရိုက် ကန်ထုတ်လိုက်ပါသည်။
ဘန်း….။
အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ ရုပ်အသွင်သည် မြို့ရိုးနံရံအတွင်းသို့ တိုက်ရိုက် ပစ်မှန်သွားကာ, တုနှိုင်းမရလောက်အောင် မာကျောသော အနက်ရောင် ကျောက်တုံး မြို့နံရံပေါ်တွင် ကြီးမားသော အက်ကွဲကြောင်းရာကြီး ပေါ်လာသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူ၏ရင်ဘတ်ထဲကလည်း ချိုင့်ဝင်နေသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်တွေက ဖော်မပြနိုင်အောင်ပင် တုန်လှုပ်ခြောက်ခြားနေပါသည်။
ဘန်း…။
ချင်ယွင်၏ ရုပ်အသွင်သည် ဖျတ်ခနဲလင်းလက်သွားပြီး အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။ သူက ထိုအမျိုးသား၏ လည်ပင်းကို လက်တစ်ဖက်ဖြင့်ညှစ်ပြီး မမြှောက်လိုက်သည်။
"ပြောစမ်းပါဦး၊ မင်းက ဘာလို့ ငါ့ကို သူလျှိုလို့ ထင်ရတာလဲ?" ချင်ယွင်သည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို အေးစက်စွာ မေးခွန်းထုတ်သည်။
အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ မျက်နှာသည် နီရဲလာပြီး၊ ချင်ယွင်ကိုကြည် သည့် သူ၏အကြည့်တွေက ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေသည်။ သို့သော် ချင်ယွင်၏ လက်မှ ထွက်ပေါ်လာသော စွမ်းအားကြောင့် သူ မလှုပ်ရှားနိုင်တော့ပေ။
"ဟမ့်၊ သူလျှိုကောင်ကများ။ မင်း ငါ့ကိုသတ်ရင်တောင် ငါ့ဆီက သတင်း အချက်အလက် တွေကို မင်း ရယူနိုင်မှာ မဟုတ်ဘူး။" အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် သူ၏ပါးစပ်မှ သွေးတွေစီးကျနေရင်း ပြောလိုက်သည် ။
ထိုစကားကို ကြားတော့ ချင်ယွင်လည်း ပြောစရာစကားမရှိ ဖြစ်သွားရသည်။
ဤအနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် အလွန်သစ္စာစောင့်သိဖြစ်သည့်အပြင်၊ အမှန်တကယ် ခေါင်းမာသူလည်း ဖြစ်ပါသည်။ သူသည် သူလျှိုတစ်ဦးဖြစ်ကြောင်းကိုသာ ပြောနေခဲ့ပြီး၊ သူ့ကို သူ့ကိုယ်သူ ချေပခွင့်ပြုရန် အခွင့်အရေးလေးပင် မပေးခဲ့ပေ။ သူက တိုက်ရိုက် တိုက်ခိုက်ခဲ့သဖြင့် ယင်းက သူ့ကို လုံးဝ စိတ်ရှုပ်သွားစေသည်။