အခန်း ၈၉၇
Vol. 60 Ch. 897
အခန်း (၈၉၇) ခေါင်းဆောင်လင်းယု။
"ရပ်လိုက်…။
ချင်ယွင်သည် ကူကယ်ရာမဲ့နေသကဲ့သို့ ဖြစ်နေချိန်မှာ ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အော်သံတစ်ချက် ထွက်ပေါ်လာပါသည်။ ပုံရိပ်တစ်ခုက ချင်ယွင်၏ ရှေ့မှာ ပေါ်လာပါသည်။
ဤလူသည် အစိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ၏ပုံစံအရ အသက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦးနှင့်တူပြီး၊ သူ၏ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အစွမ်းထက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။
"အထွက်အထိပ် အင်မော်တယ်ဘုရင်လား..?" ချင်ယွင်သည် သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး၊ အစိမ်းရောင်၀တ် အမျိုးသားကိုကြည့်သည့် သူ၏အကြည့်တွေက ချက်ချင်း နိုးကြားပြီး သတိထားလာသည်။
"မင်းက ဘယ်သူလဲ?။ မင်းက ဘာလို့ ငါ့ရဲ့သက်တော်စောင့်ကို ဒဏ်ရာရအောင် လုပ်ရတာလဲ?" အစိမ်းရောင်၀တ် အမျိုးသား ပေါ်လာသည်နှင့် သူသည် အလျင်စလို လှုပ်ရှားမူမျိုး မလုပ်ခဲ့ပေ။ ယင်းအစား၊ သူက ချင်ယွင်ကို အေးစက်စွာ မေးခွန်း ထုတ်သည်။
"ဒါကတော့ ခင်ဗျားရဲ့လူတွေက အရင်ဆုံး လှုပ်ရှားခဲ့တာလေ။ သူတို့က ကျုပ်ကို သူလျှိုလို့ ပြောတယ်" ချင်ယွင်သည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားနှင့် အစောင့်များကို ညွှန်ပြလိုက်သည်။
"တပ်မှူး၊ သူက အဲဒီဘက်က စေလွှတ်လိုက်တဲ့ သူလျှိုပဲ။ သူ့ကို မယုံနဲ့။" အနက်ရောင် သံချပ်ကာဝတ် အမျိုးသားက အစိမ်းရောင်၀တ် အမျိုးသားကို ချက်ချင်း အော်ပြောလိုက်ပါ သည်။
အစိမ်းရောင်၀တ် အမျိုးသားသည် အနက်ရောင်သံချပ်ကာဝတ် အမျိုးသား၏ စကားကို ကြားသောအခါ၊ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရူလာပါသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။
"သူ့ကို အရင်လွှတ်လိုက်ပါ။" အစိမ်းရောင်၀တ် အမျိုးသားက ချင်ယွင်ကို ပြောသည် ။
ချင်ယွင်သည် အစိမ်းရောင်၀တ် အမျိုးသားကို တစ်ချက်မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး၊ အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ လည်ပင်းမှ လက်ကို လွှတ်ပေး လိုက်ပါသည်။ မူလကတည်းက သူသည် အနက်ရောင်သံချပ်ကာဝတ် အမျိုးသားကို မသတ်ချင်ခဲ့ပါ။ အစောပိုင်းက သူ့ကိုခြောက်လှန့်ရန်အတွက် သူ၏လည်ပင်းကို ဖမ်းချုပ် လိုက်ခြင်းသာ ဖြစ်ပါသည်။ သူက အဖြစ်ပျက်တွေကို မေးမြန်းပြီး နားလည်မှုလွဲနေသည်ကို ဖြေရှင်းလိုခဲ့သည်။
ထိုတပ်မှူး ပြောပြီးကတည်းက ချင်ယွင်က သူ့ကို ဆက်ပြီးဖမ်းထားရန် အကြောင်းပြချက် မရှိတော့သည်မှာ သဘာဝကျပါသည်။ ထိုသို့မဟုတ်ရင်၊ နားလည်မှုလွဲနေသည့် ပြဿနာက နက်ရှိုင်းသထက် ပို၍နက်ရှိုင်းလာပါလိမ့်မည်။
သေချာပါသည်။ ချင်ယွင်က ထိုအနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို လွှတ်ပေး လိုက်ပါသည်။ ချင်ယွင်ကိုကြည်သည့် အစိမ်းရောင်၀တ် အမျိုးသား၏ အကြည့်တွေက လည်း စူးရှမူ လျော့ရဲလာပါသည်။
"မင်းက ဘာလို့ သူ့ကို သူလျှိုလို့ ခေါ်ရတာလဲ?။" အစိမ်းရောင်၀တ် အမျိုးသားက မေးသည်။ ဤစကားတွေက အနက်ရောင် သံချပ်ကာဝတ် အမျိုးသားအား ရှင်းရှင်း လင်းလင်း ရှင်းပြစေလို၍ ဖြစ်ပါသည်။
“တပ်မှူး၊ ဒီလူက ကြောက်စရာကောင်းတဲ့ တောအုပ်ကြီးထဲကနေ ထွက်လာခဲ့တယ်” ဒီကြောက်မက်ဖွယ်ကောင်းတဲ့ တောအုပ်ကြီးရဲ့ မြေဆွဲငင်အားက ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ တပ်မှူးလည်း သိပါတယ်။ အဲဒီအထဲမှာဆို သာမန် အင်မော်တယ် ဧကရာဇ်တွေတောင် အမှန်တကယ် သွားလာလို့ မရနိုင်ဘူး။ ဒါက အရမ်းကို သံသယဖြစ်စရာပဲ။ ဒါ့အပြင်၊ သူက သိပ်မကြာသေးခင်ကမှ အပြင်ဘက်ကမ္ဘာကနေ အမှောင်ထုချောက်နက်ကြီးထဲ ကျလာခဲ့တာလို့ ပြောသေးတယ်။ အခု ဒီကိစ္စက အရမ်းကို ပြဿနာရှိနေတယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းက ကွန်တော်တို့ဘက်ကို စိမ့်ဝင်လာတဲ့ သူလျှို က အပြင်ဘက်ကမ္ဘာကနေ ဝင်လာတာလို့ တပ်မှူးပဲ ပြောသေးတယ်လေ" အနက်ရောင် သံချပ်ကာဝတ် အမျိုးသားက ပြောသည် ။
ချင်ယွင်သည် တခဏတာအတွင်း စကားပင် မပြောနိုင်ပါတော့ချေ။ နောက်ဆုံးတော့၊ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် သူပြင်ပကမ္ဘာက လာခဲ့သည်ဟု ပြောခဲ့စဉ် မှာ၊ သူ့ကို အဘယ့်ကြောင့် သတိကြီးကြီးထားပြီး ကြည့်ခဲ့ရသနည်း? ဆိုသည်ကို သူ နောက်ဆုံးတော့ သိလိုက်ရပါပြီ။ နောက်ပိုင်း၊ သူက ကြောက်မက်ဖွယ်ကောင်းသော တောအုပ်ကြီးထဲမှ လမ်းလျှောက်ထွက်လာသည်ဟု ပြောလိုက်သည့်အခါ၊ သူ၏ကိုယ်ရေး အချက်လက်က သဘာဝအတိုင်း ပို၍ပင် သံသယဝင်စရာ ကောင်းသွားခဲ့သည်။
အစိမ်းရောင်ဝတ် အမျိုးသားသည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏စကားကို ကြားသောအခါ၊ တခဏကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ သူက ချင်ယွင်ကို သံသယ မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်လေသည်. သေချာသည်မှာ၊ သူလည်း အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ စကားတွေကို အနည်းငယ် လက်ခံမိသည်။
"ကျုပ်က အပြင်ဘက်ကမ္ဘာကနေ တကယ်ပဲ ဝင်လာခဲ့တာ။ ဒီကြောက်စရာကောင်းတဲ့ ကန္တရာမြေပြင်ရဲ့ မြေဆွဲငင်အားကို တွန်းလှန်နိုင်ခဲ့တာက ကျုပ်ရဲ့ ရုပ်ခန္ဓာကိုယ် ကျင့်ကြံခြင်း ပညာရပ်ကြောင့်ပဲ။ တကယ်လို့, ခင်ဗျားတို့ မယုံဘူးဆိုရင်၊ ကျုပ် ထွက်သွားမှာပါ" ချင်ယွင် ရှင်းပြပြီးနောက် လှည့်ထွက်သွားသည်။
"ငါ မင်းကို ယုံပါတယ်။ သို့သော် ဤအခိုက်အတန့်တွင် အစိမ်းရောင်၀တ် အမျိုးသားက ပြုံးပြီး ပြောသည်။
ချင်ယွင်သည် သူ၏ဘေးနားရှိ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကဲ့သို့ ချက်ချင်းပင် မှင်သက်ပြီး၊ အံ့အားသင့်သွားခဲ့သည်။
"တပ်မှူး၊ သူ့ကို မယုံနဲ့။" အနက်ရောင်သံချပ်ကာဝတ် အမျိုးသားက ကမန်းကတန်း အော်ပြောလိုက်သည်။
အစိမ်းရောင်၀တ် အမျိုးသားက သူ၏လက်ဝှေ့ယမ်းကာ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားအား ရပ်တန့်ရန် အချက်ပြလိုက်သည်။ သို့သော် သူက ချင်ယွင်ဘက်သို့ ပြန်လှည့်ကာ ပြုံးရင်း ပြောသည် "နှုတ်ဆက်ပါတယ်။ ငါက အမည်းရောင်အဖွဲ့ရဲ့ တပ်မှူးပါ။ ငါ့နာမည်က လင်းယု"
"ငါ့နာမည်က ချင်ယွင်ပါ”။ ချင်ယွင်က ပြန်ဖြေသည်။
'ညီငယ်လေး၊ မင်းက အမှောင်ထုချောက်နက်ကြီးထဲကို အခုမှ ရောက်ဖူးတာ ဖြစ်နိုင်ပါ တယ်။ အမှောင်ထုချောက်နက်ကြီးထဲမှာ အဓိက အင်အားစုကြီး နှစ်ခုရှိတယ်ကွ။ အဖြူရောင်အဖွဲ့နဲ့ အမည်းရောင်အဖွဲ့တို့ပေါ့။ အဖွဲ့နှစ်ခုက အခုလောလောဆယ်မှာ တိုက်ပွဲတွေ ဖြစ်နေတော့၊ ငါ့လက်အောက်က အစောင့်တွေကလည်း အရမ်းကို စိုးရိမ်လွန်နေကြတယ် ပေါ့ကွာ။” တပ်မှူးကြီး လင်းယုက ပြောသည်။
ချင်ယွင်က နားလည်ဟန်ဖြင့် ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်သည်။ အဖြူရောင်အဖွဲ့နှင့် အမည်းရောင်အဖွဲ့တို့သည် လက်ရှိတွင် တိုက်ပွဲဖြစ်နေပုံရသည်။ အနက်ရောင် သံချပ်ကာဝတ် အစောင့်တွေက သူ့ကို သူလျှိုတစ်ယောက်ဟု အထင်မှားနေသည်မှာ အံ့သြစရာ မရှိပါဘူး။
"ဒါဆို ကျွန်တော်က သူလျှိုမဟုတ်ဘူးဆိုတာကို ဘာလို့ ယုံတာလဲ?" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
တပ်မှူးလင်းယုက ပြုံးပြီး ပြောသည် "ပင်ကိုယ်အသိစိတ်ပေါ့ကွာ။ အဖြူရောင် အဖွဲ့ဝင်တိုင်းက သတ်ဖြတ်လိုစိတ် ပြင်းပြကြတယ်ကွ။ ဒါပေမယ့် ညီငယ် ချင်ယွင်မှာ အဲဒီလိုမျိုး မတွေ့ရဘူး.."
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး၊ သူ၏စိတ်ထဲတွင် အဖြူရောင်အဖွဲ့နှင့် အမည်းရောင်အဖွဲ့ တို့အကြောင်းကို ကနဦးအနေဖြင့် နားလည်သွားခဲ့သည်။
"တပ်မှူးလင်းယု၊ ကျွန်တော်က အခုမှ အမှောင်ထုချောက်နက်ကြီးထဲကို ရောက်လာခဲ့ တာ။ အမှောင်ထုချောက်နက်ကြီး အကြောင်း သိပ်မသိသေးဘူး၊ အမှောင်ထု ချောက်နက်ကြီးရဲ့ မြေအနေထား ဖြန့်ကျက်မှုနဲ့ အဖြူရောင်အဖွဲ့နဲ့ အမည်းရောင် အဖွဲ့တွေအကြောင်း ပြောပြနိုင်မလား?။" ချင်ယွင်က အစိမ်းရောင်၀တ် အမျိုးသားကို ပြောသည်။
"သေချာပေါက် ပြောပြနိုင်တာပေါ့။ ဒါပေမယ့် အဲဒါက ဇာတ်လမ်းရှည်ကြီးကွ။ မြို့ထဲကို ရောက်မှပဲ ပြောကြရအောင်။" တပ်မှူးလင်းယုက ချင်ယွင်ကို ပြောသည် ။
ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ အမှောင်ထုချောက်နက်ကြီးထဲကို ရောက်ရှိလာရ သည့် သူ၏ရည်ရွယ်ချက်က သူ့အမေကို ကယ်တင်ဖို့ဖြစ်ပါသည်။
အမှောင်ထုချောက်နက်ကြီးသည် ဂြိုဟ်ကမ္ဘာကြီးလေးခုလောက် (အင်မော်တယ်ကမ္ဘာရှိ ဂြိုလ်ကမ္ဘာလေးခုကို ဆိုလိုပါသည်) မကျယ်ဝန်းသော်လည်း ၎င်း၏နယ်မြေသည် အလွန် ကျယ်ဝန်းပါသေးသည်။ တစ်ယောက်ယောက်ကို ရှာဖွေဖို့ဆိုသည်မှာ လွယ်ကူသည့် အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ ထို့ကြောင့်၊ ချင်ယွင်သည် မှန်ကန်သော ဆေးကို မညွှန်ပြမီ၊ အမှောင်ထုချောက်နက်ကြီး၏အခြေအနေကို နားလည်ထားရမည် ဖြစ်ပါသည်။
ချင်ယွင်ကြောင့် ဒဏ်ရာရသွားသော အစောင့်အနည်းငယ်ကို စီစဉ်ပြီးနောက် စစ်သူကြီး လင်းယုသည် ချင်ယွင်အား အမှောင်ထုလေမြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။
အမှောင်ထုလေမြို့တော်သို့ ဝင်ရောက်ပြီးနောက်၊ ချင်ယွင်သည် ဤမြို့သည် အမှန်တကယ်ပင် ဗလာကျင်းနေသော မြို့ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။ အထဲမှာ တပ်ဆွဲထားသည့် အစောင့်တွေမှ လွဲ၍၊ တစ်မြို့လုံးမှာ မည်သူမှ မရှိတော့ဘူး။
"အရမ်းကို ထူးဆန်းတယ်။ ဒီမြို့မှာ လူမရှိတာ ဘာကြောင့်လဲလို့ တွေးနေတာ မဟုတ်လား?" တပ်မှူး လင်းယုက ချင်ယွင်ကို ကြည့်ကာ ပြုံးလိုက်သည်။
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။
"တကယ်တော့ မင်း အံ့သြနေစရာ မလိုပါဘူး၊ ဒီနေရာက အမည်းရောင်အဖွဲ့ရဲ့ ပိုက်နက်နယ်မြေ ဖြစ်နေတာကြောင့်ပဲ" အဖြူရောင်အဖွဲ့နဲ့ အမည်းရောင်အဖွဲ့ကို ကြားထဲမှာရှိတဲ့ ကြောက်စရာကောင်းတဲ့ တောအုပ်ကြီးမြေကြီးက ခွဲခြားထားတာပဲ။ အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့ မြေရိုင်းဒေသကြီးထဲကို အင်မော်တယ် ဧကရာဇ် အောက်တွေဆို ဘယ်သူကမှ မဝင်ရဲကြဘူး။ ဒါကြောင့်၊ ဒီနေရာ ပင်မစစ်မြေပြင် မဟုတ်ဘူး။ ဒါပေမယ့်၊ ရံဖန်ရံခါ ဒီနေရာကို ခိုးကြောင်းခိုးဝှက် ဝင်ရောက်တိုက်ခိုက်သူ တစ်ယောက် တစ်လေ ရှိနေတတ်သေးတယ်။ ကြိုတင်ကာကွယ်တဲ့ အနေဖြင့်၊ ဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဆုတ်ခွာပြီး၊ သူတို့ရဲ့ အခြေစိုက်စခန်းတွေကို ပြန်သွားကြပြီ” ဟု လင်းယုက ပြုံးရင်း ပြောပြပါသည်။
ချင်ယွင် ရုတ်တရက် ခေါင်းညိတ်ပြသော်လည်း သူက “အဓိက စစ်မြေပြင်က ဘယ်မှာလဲ” ဟု မေးလိုက်ပါသေးသည်။
“ဒီနေရာကနေ ကီလိုမီတာ သန်းခြောက်ဆယ်လောက် ကွာဝေးတဲ့အရပ်မှာ တောင်ကုန်း တစ်ခု ရှိတယ်ကွ။ အဲဒီနေရာမှာ နှစ်ဖက်တပ်ဖွဲ့တွေက တကယ် တိုက်ခိုက်ကြတာ။ နှစ်ဖက်တပ်တွေ အချင်းချင်း တိုက်ခိုက်ကြတဲ့နေရာပေါ့" တပ်မှူး လင်းယုက ပြုံးရယ်ရင်း ပြောလိုက်ပါသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး၊ လင်းယု ညွှန်ပြနေသော အရပ်ဆီကို ကြည့်လိုက်ရင်း၊ စဉ်းစားဆင်ခြင်နေသည့် အမူအရာ ပေါ်လွင်နေသည်။
"တပ်မှူး လင်း" ချင်ယွင်က ခေါ်လိုက်သည်။
"မင်းက ငါ့ကို အစ်ကိုကြီး လင်းလို့ပဲ ခေါ်ပါ။” လင်းယုက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သည်။
ချင်ယွင်သည် တခဏတာ အံ့အားသင့်သွားသော်လည်း သူက မေးမြန်းလိုက်သည် “အစ်ကိုကြီး လင်း၊ ဒီအဖြူရောင်အဖွဲ့နဲ့ အမည်းရောင်အဖွဲ့တွေက ဘာလို့ တိုက်ခိုက်ကြ တာလဲ?”
“ရတနာအတွက်ပေါ့ကွာ…” လင်းယုကို တုန့်ပြန်ပြောသည်။
အိုး? ဘာရတနာအတွက်လဲ” ချင်ယွင်က စိတ်ရှုပ်ထွေးစွာ ပြန်မေးလိုက်ပါသည်။
“ခုနက ငါပြောခဲ့တဲ့ တောင်ကုန်းဒေသပေါ့။ အဲဒီတောင်ကုန်းဒေသက ထူးထူးခြားခြား ရေလွှမ်းမြေရိုင်းကျောက်တုံးတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသကြီးပေါ့။ အဲဒီရေလွှမ်းမြေရိုင်း ကျောက်တုံးတွေက ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်လေ။ အဲဒီကျောက်တုံး တွေက လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင် ရုံတင်မကဘူး။ ကောင်းကင်နဲ့မြေကြီးရဲ့ ဉပဒေသတွေကို နားလည်ဆင်ခြင်နိုင်စွမ်းကိုလည်း တိုးမြင့်စေ တယ်။ အမည်းရောင်အဖွဲ့နဲ့ အဖြူရောင်အဖွဲ့တွေဟာ ဒီရေလွှမ်းမြေရိုင်းကျောက်တုံးတွေ အတွက် နှစ်ပေါင်း ရာနှင့်ချီ၊ ဒါမှမဟုတ် နှစ်သန်းပေါင်းများစွာကတည်းက ပြိုင်ဆိုင်နေကြ တာ။ သိပ်မကြာသေးခင်ကမှ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တာ”။ လင်းယုက ပြန်ပြောသည်။
ချင်ယွင်သည် ချက်ချင်း သဘောပေါက်သွားသည်။ သူက တပ်မှူးလင်းယုကို ကြည့်ပြီး မေးလိုက်ပါသည် “ဒါဆိုရင် အစ်ကိုကြီး လင်းပြောခဲ့တဲ့ အဖြူရောင်အဖွဲ့က လူတွေဟာ အမြဲတမ်း သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေတယ်ဆိုတာကရော ဘာကို ဆိုလိုတာ လဲ?” ။