အခန်း ၈၉၈
Vol. 60 Ch. 898
အခန်း (၈၉၈) တပ်မှူးရာထူး။
"အဖြူရောင်အဖွဲ့က လူတွေက သတ်ဖြတ်ခြင်းကို လွန်စွာ နှစ်သက်ကြတယ်။ ဒါကြောင့်၊ သူတို့ရဲ့ ခန္ဓာကိုယ်တွေမှာ သတ်ဖြတ်ခြင်းအငွေ့အသက်တွေကို သယ်ဆောင်ထားကြ တယ်။ ငါတို့ရဲ့ အမည်းရောင်အဖွဲ့ကတော့ ငြိမ်းချမ်းရေးကို အမြဲတမ်း ထောက်ခံတဲ့ အဖွဲ့ဖြစ်တယ်။ ဒါကတော့ အမှောင်ထုချောက်နက်ကြီးထဲမှာ အုပ်စုနှစ်စုဖြစ်တဲ့ အဖြူရောင်အဖွဲ့နဲ့ အမည်းရောင်အဖွဲ့ဆိုပြီး ခွဲထားရခြင်းရဲ့ အဓိကကြောင်းရင်းတွေပဲ" တပ်မှူးလင်းယုက မထူးခြားဟန်ဖြင့် ရှင်းပြသည်။
ထိုစကားကိုကြားတော့ ချင်ယွင် အံသြသွားသည်။
အမှောင်ထုချောက်နက်ကြီးထဲမှာ အင်အားစုနှစ်ခု ခွဲခြားထားမူသည် တကယ်ကို စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ဤအမည်းရောင်အဖွဲ့သည် ငြိမ်းချမ်းရေးကို အမှန်တကယ် ထောက်ခံအားပေးသော်လည်း၊ အဖြူရောင်အင်အားစုကတော့ သတ်ဖြတ်ခြင်းကို နှစ်သက်နေသည်။
တစ်နည်းပြောရရင်၊ ဤအမှောင်ထုချောက်နက်ကြီးထဲမှာ အနက်ရောင်က တရားမျှတမှုကို ကိုယ်စားပြုပြီး၊ အဖြူရောင်ကတော့ မကောင်းမှုကို ကိုယ်စားပြုပါသည်။ ဤသည်မှဦ သာမာန်သဘောသဘာဝနှင့် လုံးဝ ဆန့်ကျင်နေပါသည်။
ဟုတ်ပါသည်. နာမည်ဆိုသည်မှာ စွမ်းအား၏ အနှစ်သာရမဟုတ်ဘဲ သင်္ကေတတစ်ခုသာ ဖြစ်ပါသည်.
"အစ်ကိုကြီး လင်း၊ တကယ်လို့၊ ကျွန်တော်က ဒီအမှောင်ထုချောက်နက်ကြီးထဲမှာ လူတစ်ယောက်ကို တွေ့ချင်တယ်ဆိုရင်၊ ကျွန်တော် ဘာလုပ်သင့်လဲ?" ချင်ယွင်က လင်းယုကို နောက်ဆုံးမေးခွန်းတစ်ခု မေးလိုက်ပါသည်။
"မင်းက တစ်ယောက်ယောက်ကို ရှာချင်လို့လား?" လင်းယုက အနည်းငယ် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
ချင်ယွင်က ခေါင်းညိတ်ပြီး ဖြည့်စွက်ပြောလိုက်ပါသည် "ကျွန်တော်က သေမျိုး အမျိုးသမီးတစ်ယောက်ကို ရှာချင်တာပါ"
"သေမျိုး အမျိုးသမီးတစ်ယောက်။ အဲဒါကတော့ ခက်လိမ့်မယ်။ အရင်ဆုံး မင်းရှာနေတဲ့ လူက အသက်ရှင်နေခြင်းရှိမရှိ သေချာအောင် အရင်လုပ်ရမယ်" ဒုတိယအနေနဲ့၊ သူမက အဖြူရောင်နဲ့ အမည်းရောင်အဖွဲ့တွေရဲ့ လွှမ်းမိုးမှုနယ်မြေထဲမှာ ရှိနေနိုင်တယ်ဆိုတာ မင်း သိထားရမယ်။ နောက်ဆုံးကတော့၊ သူမက ငါတို့ အနက်ရောင်အဖွဲ့ရဲ့ လွှမ်းမိုးမှု နယ်မြေထဲမှာ ရှိနေကြောင်း သေချာတယ်ဆိုရင်တောင်၊ သူမကို ရှာဖွေဖို့က အလွန် ခက်ခဲဦးမယ်။ ငါတို့ သြဇာလွှမ်းမိုးမှုနယ်မြေထဲမှာ လူပေါင်း တစ်ဘီလီယံထက်မနည်း ရှိခဲ့ပြီး၊ အသေအပျောက်များစွာလည်း ရှိခဲ့တယ်။ မင်းအနေနဲ့ ဒီလူတစ်ဘီလီယံထဲကနေ သူမကို ရှာတွေ့ဖို့က မလွယ်ဘူး" လင်းယုက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်၏ မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့သည်။
"အမှောင်ထုတွင်းနက်ကြီးထဲမှာ ငါ့အမေကို ရှာဖွေဖို့က လွယ်ကူတဲ့ အလုပ်တစ်ခုတော့ မဟုတ်ဘူးပဲ" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပါသည်။
"ဒါပေမယ့်၊ မင်းရှာနေတဲ့လူ ဘယ်မှာရှိမလဲဆိုတာ သိဖို့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်" တပ်မှူး လင်းယုက ဆက်ပြောသည်။
"ဘယ်လို နည်းလမ်းလဲ?။ ချင်ယွင်က အလောတကြီး ပြောလိုက်သည်။
ငါတို့ရဲ့အနက်ရောင်အဖွဲ့ဘက်မှာ အင်မော်တယ်ဧကရာဇ်တစ်ပါး ရှိတယ်ကွ။ သူက ကောင်းကင်နဲ့ မြေကြီးအနှံ့ မြင်နိုင်တဲ့ စွမ်းရည်မျိုးရှိတယ်။ သူ လှုပ်ရှားပေးတာနဲ့ မင်းရှာနေတဲ့လူ အသက်ရှင်နေသေးလား ဒါမှမဟုတ် သေသွားပြီလား?။ သူမ ဘယ်နေရာမှာလဲ?" ဆိုတာ မင်းအနေနဲ့ ချက်ချင်း သိနိုင်လိမ့်မယ်။” တပ်မှူးလင်းယုက ပြောလိုက်သည် ။
ထိုစကားကို ကြားတော့ ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်း ဝင်းလက် တောက်ပလာခဲ့ သည်။ ဤအင်မော်တယ်ဧကရာဇ်သည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များထဲသို့ အမှန်တကယ် ဝင်ရောက်နိုင်ခဲ့ပါက၊ သူ၏အမေ ဘယ်မှာရှိနေလဲဆိုသည်ကို သိရှိနိုင်ရန် အမှန်တကယ် ဖြစ်နိုင်ချေရှိသည်။ ဤနည်းလမ်းက သူ၏ ကြိုးစားအားထုတ်မူကို များစွာ ချွေတာရာရောက်စေလိမ့်မည်။
"ဒီအင်မော်တယ်ဧကရာဇ် ဘယ်သူလဲ?။ ချင်ယွင်က အလောတကြီး မေးလိုက်ပါသည်။
"စိတ်မလှုပ်ရှားပါနဲ့။ ဒီအင်မော်တယ်ဧကရာဇ်ကိုတော့ အင်မော်တယ်ဧကရာဇ် ဝမ်ထန်း လို့ ခေါ်တယ်။ သူက ဘွဲ့ဂုဏ်တစ်ခုကို ပိုင်ဆိုင်ထားတဲ့ အင်မော်တယ်ဧကရာဇ်တစ်ပါးပဲ။ သူ့ကို ကောင်းကင်ဘုံကို စူးစမ်းရှာဖွေပေးဖို့ ကြိုးစားခိုင်းရာမှာ အရမ်းကို အခက်ခဲဖြစ်မှာ ကိုတော့ ငါ စိုးရိမ်မိတယ်" တကြိမ်လှုပ်ရှားပေးဖို့အတွက် သူလည်း ကြီးကြီးမားမား ပေးဆပ်ရတယ်လို့ ပြောတာကြားဖူးတယ်။ တန်းဖိုးကတော့ ငါလည်း မသေချာဘူး။ ဒါ့အပြင်၊ ကောင်းကင်ဘုံကို စူးစမ်းပေးဖို့ သူ့ကိုရှာနေတဲ့လူတွေကလည်း အများကြီး ရှိသေးတယ်။ ဒုတိယအချက်အနေနဲ့ သူ့ရဲ့စိတ်သဘောထားက အရမ်းကို ထူးဆန်းတယ်။ သူ့လုပ်ရပ်တွေက သူ့ရဲ့စိတ်နေသဘောထားအပေါ် လုံးလုံးလျားလျား မူတည်နေတယ်။ သူ မပျော်မရွှင် ဖြစ်နေသရွေ့၊ မင်းဘဝတစ်သက်လုံး တောင်းပန်ရင်တောင် မင်းအတွက် ကောင်းကင်ဘုံကို ဘယ်တော့မှ စူးစမ်းပေးမှာ မဟုတ်ဘူး”။
လင်းယု၏ စကားကြောင့် ချင်ယွင်၏ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုသည် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့သည်။ လင်းယုပြောသည့်စကားအရဆို ကောင်းကင်ဘုံကို စူးစမ်းရှာဖွေ သည့် အင်မော်တယ်ဧကရာဇ် ဝမ်ထန်းသည် သူ့မိခင်၏ တည်နေရာကို ရှာဖွေပေးရန် လွယ်ကူမည် မဟုတ်ပေ။
မည်မျှပင်ခက်ခဲပါစေ၊ သူ ကြိုးစားနေမည်မှာ သေချာပါသည်။ သူ၏အမေကို ကယ်တင်ဖို့ အတွက် ချင်ယွင်သည် ဘယ်တန်ဖိုးမဆို ပေးဆောင်ဖို့ ဆန္ဒရှိပါသည်။
"အင်မော်တယ်ဧကရာဇ် ဝမ်ထန်းက အခု ဘယ်မှာလဲ?" ချင်ယွင်က ဆက်မေးသည်.
"သူက အခုအချိန်မှာ ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းစစ်မြေပြင်မှာ ရှိနေသင့် တယ်။ အခုချိန်မှာ အဖြူရောင်အဖွဲ့နဲ့ အမည်းရောင်အဖွဲ့တွေက အချင်းချင်း တိုက်ခိုက် နေကြတာကြောင့်၊ နှစ်ဖက်အဖွဲ့တွေရဲ့ အင်မော်တယ် ဧကရာဇ်တွေဟာ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်မှာ စုဝေးနေကြတယ်။ ကောင်းကင်ဘုံကို ရှာဖွေနေတဲ့ အင်မော်တယ် ဧကရာဇ်ဝမ်ထန်းက ကောင်းကင်ဘုံကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့၊ သူက ငါတို့အမည်းရောင်အဖွဲ့ရဲ့ အင်မော်တယ်ဧကရာဇ်လည်း ဖြစ်တယ်။ ဒါကြောင့်၊ သူလည်း သဘာဝအတိုင်း ရှိနေသင့်တယ်။" တပ်မှူး လင်းယုက ပြောသည်။
"ကောင်းပြီ၊ ဒါဆို ကျွန်တော် အခုပဲ ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်းစစ်မြေပြင်ကို သွားမယ်။" ချင်ယွင် ချက်ချင်း ပြောလိုက်သည်။
သို့သော် ဘေးတွင်ရပ်နေသော လင်းယုက သူ့ကို တားမြစ်လိုက်သည်။ "ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်းစစ်မြေပြင်ကို သွားနိုင်တဲ့သူတွေက တပ်မှူးရာထူး ဒါမှမဟုတ်၊ ဒီထက်မြင့်တဲ့ ရာထူးကို ရောက်ရှိနေရမယ်။ မင်းအခု မဆင်မခြင်လုပ်ပြီး သွားခဲ့မယ်ဆိုရင်၊ မင်းရဲ့ လက်ရှိအနေထားအရ၊ မင်းကို သူလျှိုအဖြစ်နဲ့ ခြိမ်းခြောက်ခံရလိမ့်မယ်။ ဒါ့အပြင်၊ မင်းလည်း အသတ်ခံရလိမ့်မယ်။ အဲတော့၊ မင်း အခုချိန်မှာသွားမယ်ဆိုရင်၊ အင်မော်တယ် ဧကရာဇ်ဝမ်ထန်ကိုလည်း တွေ့နိုင်မှာ မဟုတ်ဘူး..။"
"ဒါဆို ကျွန်တော် ဘာလုပ်ရမှာလဲ?" ချင်ယွင်က မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။
'"တကယ်လို့၊ မင်းအနေနဲ့ ဆိတ်သုဉ်းခြင်းရှေးဟောင်းတောင်တန်း စစ်မြေပြင်ကို သွားချင်ရင် မင်းမှာ တပ်မှူးရာထူး ရှိနေရမယ်။ ငါတို့ရဲ့ အမည်းရောင်အဖွဲ့မှာ တပ်မှူး ၁၀၈ ယောက်ပဲ ရှိတယ်။ သူတို့အားလုံးက အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတွေပဲ၊ ဒါကြောင့်၊ မင်းကို တပ်မှူးရာထူးကို ရယူချင်တယ်ဆိုရင်၊ ငါတို့ အမည်းရောင်အဖွဲ့မှာ ပူးပေါင်းပါဝင်ရမယ့်အပြင်၊ မင်းကလည်း တပ်မှူးတစ်ယောက်ကို အနိုင်ယူရမယ်။ လင်းယုက ပြောသည်။
"ကျွန်တော်က တပ်မှူးတစ်ယောက်ကို အနိုင်ယူနိုင်တာနဲ့ သူ့နေရာကို အစားထိုး နိုင်မှာလား?။ အဲဒါဆို၊ ကျွန်တော်က အစ်ကိုကြီးလင်းကို အနိုင်ယူနိုင်တာနဲ့၊ အစ်ကြီးလင်းရဲ့ တပ်မှူးနေရာကို အစားထိုးနိုင်တာပေါ့။" ချင်ယွင်က မေးသည်။
"မှန်တယ်..”။ လင်းယုက ခေါင်းညိတ်ပြီး ပြောလိုက်ရသော်လည်း၊ သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း လျင်မြန်စွာ သဘောပေါက်သွားပြီး ချင်ယွင်ကို ထူးထူးခြားခြား ကြည့်နေလေသည်။
ချင်ယွင်က ကျယ်လောင်စွာ ရယ်မောပြီး "အစ်ကိုကြီးလင်း၊ စိတ်မဆိုးပါနဲ့၊ ကျွန်တော်က အစ်ကိုကြီးလင်းကို စိန်မခေါ်ပါဘူး။ နောက်ပြီး၊ ကျွန်တော်က အစ်ကိုကြီးလင်းရဲ့ ပြိုင်ဘက်လည်း မဟုတ်ဘူးလေ"။
လင်းယုလည်း ပြုံးလိုက်သည်။ အမှန်အတိုင်းပြောရလျှင်၊ သူက ချင်ယွင် သူ့ကို စိန်ခေါ်မည် ကို မကြောက်ပေ။ အဘယ့်ကြောင့်ဆိုသော်၊ သူသည် သူ၏ပြိုင်ဘက် လုံးဝ မဟုတ်နိုင်သောကြောင့် ဖြစ်ပါသည်။
“အကိုကြီး လင်း၊ ဒီတပ်မှူး ၁၀၈ ယောက်က ဘယ်လောက် သန်မာလဲဆိုတာ ကျွန်တော် သိနိုင်မလား။” ချင်ယွင်က မေးသည်။
"တပ်မှူး ၁၀၈ ယောက်မှာ သူတို့ရဲ့ခွန်အားတွေကို တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေမယ့် တစ်ယောက်စီတိုင်းက အားမနည်းလှဘူး။ ဥပမာ၊ တော်ဝင်တာအိုနယ်ပယ်ရဲ့ အဆင့် ၁၀ အင်မော်တယ် ဘုရင်တစ်ယောက်ရဲ့ ခွန်အားကို ပိုင်ဆိုင်ထားတဲ့ ငါဆို တပ်မှူးတွေကြားထဲမှာ ပျမ်းမျှအဆင့်ရဲ့အောက်မှာပဲ ရှိတယ်။” လင်းယုက စိတ်လှုပ်ရှားစွာ ပြောသည်။
ချင်ယွင်က မျက်မှောင်ကြုတ်ကာ အနည်းငယ် မေးလိုက်သည် "ဒါဆို အားအနည်းဆုံး တပ်မှူးရဲ့ အင်အားက ဘယ်လောက်လဲ?"
လင်းယုက ပြောသည် "အားအနည်းဆုံးလူကိုတော့ ယွန်ပေါင်လို့ ခေါ်တယ်။ သူကတော့ နတ်ဆိုးသားရဲတစ်ကောင်ပဲ။ သူ့ရဲ့ပင်မခန္ဓာကိုယ်က လေဖမ်းကျားသစ်ပဲ။ သူက တော်ဝင် တာအိုနယ်ပယ်ရဲ့ အဋ္ဌအဆင့်ကို ကျင့်ကြံခြင်းအခြေခံရှိတယ်။ သူ့ရဲ့ ထူးခြားတဲ့ နည်းလမ်းတွေပါ ထည့်တွက်ရင်၊ သူက တော်ဝင် တာအိုနယ်ပယ်ရဲ့ သာမာန် နဝမအဆင့် အင်မော်တယ်ဘုရင်နဲ့ နှိုင်းယှဥ်နိုင်တယ်။"
"တော်ဝင်တာအိုနယ်ပယ်ရဲ့ နဝမအဆင့်လား? နတ်နဂါးကျောက်စိမ်း စည်းတံဆိပ်နဲ့ဆို၊ ငါ အဲဒါကို ကိုင်တွယ်နိုင်ရမယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။
လင်းယုသည် ချင်ယွင်၏ အတွေးများကို မြင်ပုံရပြီး သူက ပြောသည် "တိုက်တိုက်ဆိုင်ဆိုင်၊ ဒီယွန်ပေါင် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ထဲကို မဝင်ရောက်ရသေး ဘူး။ မင်းက သူ့ကို စိန်ခေါ်ချင်ရင်၊ ငါ့ကို နှစ်ရက်လောက် စောင့်ပါ။ ငါ တစ်ယောက် ယောက်ကို ငါ့နေရာကို လွှဲပြောင်းပေးခဲ့ဦးမယ်။ ငါ မင်းကို သူတို့ဆီ ခေါ်သွားပေးမယ်။"
ထိုစကားကို ပြောပြီးနောက် လင်းယုသည် ချင်ယွင်ကို ကြည့်ရင်း၊ ချင်ယွင်သည် ဤယွန်ပေါင်ကို အနိုင်ယူရန် အမှန်တကယ် ခွန်အားရှိမရှိ သိချင်နေပုံရသည်။
"အမ်…။ ဒါဆို ကျေးဇူးတင်ပါတယ် အစ်ကိုကြီး လင်း" ချင်ယွင်က လင်းယုကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ဒါက ရိုးရှင်းတဲ့ လှုပ်ရှားမှုလေးတစ်ခုပါပဲ၊ ဒါပေမယ့် ဒီယွန်ပေါင်က ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ဘူးဆိုတာ မင်းကို ငါ သတိပေးရမယ်။ သူက အမည်းရောင်အဖွဲ့က ဖြစ်ပေမယ့်၊ ဒါက ဘယ်သူ့ကိုမှ သူ မသတ်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ အရင်တုန်းကဆို သူ့ကို စိန်ခေါ်သူ အားလုံးက သူ့က သတ်ပစ်ခဲ့တာ။" လင်းယုက သတိပေးသည်။
ချင်ယွင်က မသိမသာ ခေါင်းညိတ်ပြပြီး လင်းယုကို ကျေးဇူးတင်စွာဖြင့် ပြန်ကြည့်သည်။
လင်းယုသည် သူ၏စကားကြောင့် ချင်ယွင်အား နောက်ဆုတ်သွားအောင် မစွမ်းဆောင်နိုင် ကြောင်းကို တွေ့မြင်ပြီးနောက်၊ သူသည် ဤကိစ္စကို တွန့်ဆုတ်မနေတော့ပေ။ သူက ချင်ယွင်ကို ကိုယ်ရေးအချက်လက်တံဆိပ်ပြားတစ်ခု ပေးလိုက်ပြီး ပြောသည် "ဒါက ကိုယ်ရေး အချက်လက်တံဆိပ်ပြားတစ်ခုပဲ။ မင်းရဲ့သွေးစက်ကို အပေါ်ကို ချလိုက်တာနဲ့၊ မင်းက ငါတို့ အမည်းရောင်အဖွဲ့ ရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ခံရမှာဖြစ်ပြီး မင်းရဲ့ ရာထူးက ငါ့ရဲ့ လက်အောက်ခံ ကိုယ်ရံတော်လည်း ဖြစ်တယ်။"
ချင်ယွင်က ခေါင်းညိတ်ပြပြီး တုန့်ဆိုင်းမနေဘဲ သူ၏ ကိုယ်ပိုင်သွေးတွေကို ကိုယ်ရေး အချက်လက် တံဆိပ်ပြားအပေါ်သို့ ချလိုက်လေသည်။
ဘန်း…။
ချင်ယွင်၏ စိတ်ထဲတွင် ရုတ်တရက် သတင်းအချက်လက်များစွာ ဝင်ရောက်လာခဲ့သည်။