အခန်း ၈၉၉
Vol. 60 Ch. 899
အခန်း (၈၉၉) တိမ်တိုက်ကျားသစ်တပ်မှူး။
နောက်နှစ်ရက်အကြာတွင်၊ ချင်ယွင်သည် အမှောင်ထုလေမြို့တော်တွင် နေထိုင်ခွင့် ရရှိခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ချင်ယွင်သည် ကိုယ်ရေး အချက်လက်တံဆိပ်ပြား ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။
ချင်ယွင်သည် သူလျှိုတစ်ယောက်ဖြစ်သည်ဟု အမြဲသံသယဖြစ်နေကြသော အစောင့်တွေ လည်း ချင်ယွင်အပေါ် သံသယဝင်ခြင်းကို ရပ်တန့်လိုက်ကြသည်။ ထို့အပြင်၊ ချင်ယွင်သည် အလွန်ကြင်နာတတ်သူ ဖြစ်သည်။ ထို့ကြောင့်၊ သူတို့သည် သူနှင့် အလျင်အမြန် ရင်းနီးလာ ကြသည်။ အစောပိုင်းက ချင်ယွင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည်ပင် ချင်ယွင်နှင့် အလွန် ရင်းနှီးလာခဲ့သည်။
တူညီသောအဖွဲ့များ၏ ကိုယ်ရေးအချက်လက် တံဆိပ်ပြားများသည် အဖွဲ့သားအချင်းချင်း ကို အာရုံခံစားနိုင်ကြပါသည်။ ထို့မှသာ၊ ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်တွင် မှားယွင်းပြီး၊ ကိုယ့်လူကို မတော်တဆ ထိခိုက်ဒဏ်ရာရအောင် တိုက်ခိုက်ခြင်းမှ ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။
သုံးရက်မြောက်သောနေ့တွင်၊ နောက်ဆုံးတွင် အမှောင်ထုလေမြို့တော်ကိုကာကွယ်ရန် လင်းယု၏နေရာတွင် တပ်မှူးတစ်ဦး ရောက်ရှိလာခဲ့ပြီး၊ လင်းယုသည် ချင်ယွင်အား တပ်မှူးယွန်ပေါင်၏ နေအိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
အမှောင်ထုချောက်နက်ကြီးသည် တကယ့်ကို ကျယ်ပြောလှပါသည်။ ဂြိုလ်ကမ္ဘာကြီး လေးခုလောက် မကျယ်ဝန်းသော်လည်း၊ ၎င်း၏ ဧရိယာသည် ထိပ်တန်းဂြိုလ်ကြီး တစ်ခုထက် အများကြီး ပိုကြီးပါသည်။
ထို့ကြောင့် ချင်ယွင်နှင့် တပ်မှူးလင်းယုတို့သည် တပ်မှူးယွန်ပေါင်၏ နေအိမ်သို့ အလျင်အမြန် သွားရောက်လျှင်ပင်၊ အချိန်သုံးရက် ကြာခဲ့ပါသည်။
"ဒါက တပ်မှူးယွန်ပေါင်ရဲ့ နေအိမ်ပဲ" လင်းယုသည် မဝေးလှသော တောင်ကုန်းပေါ်ရှိ အိမ်ကြီးဆီသို့ ညွှန်ပြလိုက်သည်။
ချင်ယွင်သည် တောင်ထိပ်ကို လှမ်းကြည့်လိုက်ရာ သစ်ပင်များဖြင့် စိမ်းလန်းစိုပြေပြီး အင်မော်တယ် စွမ်းအင်များဖြင့် တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ ကြီးမားလှသော တောင်တန်း အိမ်ရာကြီးတစ်ခုသည် ဧရာမတောင်တန်းကြီး၏ တောင်ထိပ်ပေါ်တွင် တည်ရှိနေပါသည်။ ၎င်းအိမ်ရာကြီးသည် အဆောက် အအုံပေါင်း ၅၀ ထက်မနည်း ရှိသည်။ အတွင်းပိုင်း အလှဆင်မှုအားလုံးသည် အလွန်ဇိမ်ကျလှပြီး၊ ခမ်းနားထည်ဝါလွန်းလှသည်။
"တပ်မှူးယွန်ပေါင်က အပျော် တော်တော်မက်တာပဲ" ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးရိပ်သမ်းနေသကဲ့သို့ တွန့်ကွေးသွားခဲ့သည်။ ယခုလေးတင်၊ သူသည် ဤတောင်ပေါ် အိမ်ရာကြီးအား စူးစမ်းကြည့်ရန် သူ၏ အင်မော်တယ်စိတ်အာရုံကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း စုံစမ်းမှုရလာဒ်က ချင်ယွင်ကို အံ့အားသင့်စေခဲ့သည်။
တပ်မှူးယွန်ပေါင်သည် လှပသော မိန်းမပျိုခြောက်ယောက်နှင့် ကစားနေမှန်း သိလိုက်ရ သောကြောင့် ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်.
"ဒီယွန်ပေါင်က ဘာဘဲဖြစ်ဖြစ် အလွန်အကျွံ လုပ်ရတာကို ကြိုက်နှစ်သက်တယ်။ သူ့ရဲ့ အကြီးမားဆုံး ဝါသနာကတော့ မိန်းမတွေနဲ့ ကစားရတာကိုပဲ။ ဒါကလည်း ငါတို့ရဲ့ အနက်ရောင်အဖွဲ့ ဧရိယာထဲမှာ သူ တစ်ချိန်လုံး ရှိနေရတဲ့ အကြောင်းရင်းပဲ၊ ဒါက သူ့ကိုယ်သူ အပျော်ရှာဖို့အတွက် သက်သက်ပဲ" လင်းယုက သရော်ဟန်ဖြင့် ပြောလိုက် သည်။ ထင်ရှားသည်မှာ၊ သူသည် ယွန်ပေါင်ကို အလွန်စက်ဆုပ်ရွံရှာပုံရသည်။
အမှန်တကယ်ဆို၊ ဤအရာသည် ယွန်ပေါင်အတွက် ပုံမှန်ဖြစ်ပါသည်။ တပ်မှူး တော်တော် များများသည် ဆိတ်သုဉ်းခြင်း ရှေးဟောင်းတောင်တန်း စစ်မြေပြင်ကို သွားကြပါသည်။ ဤ တပ်မှူး ယွန်ပေါင်သည် ထိုစစ်မြေပြင်သို့ တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးပါဘူး။ သူသည် သူ့ကိုယ်သူ ပျော်ရွှင်မူခံစားဖို့ တပ်မှူးရာထူးကို သုံးချင်ချနေသည်မှာ ထင်ရှားပါသည်။ အမည်းရောင်အဖွဲ့သည် တပ်မှူးများအား စစ်မြေပြင်သို့သွား၍ အရင်းအမြစ်များကို သိမ်းပိုက်ယူကြရန် အတင်းအကြပ် မတိုက်တွန်းသော်လည်း၊ တပ်မှူးအများစုသည် စိတ်ဆန္ဒအရ ထင်ပေါ်ကျော်ကြားမူကို ရယူနေကြဆဲ ဖြစ်သည်။ ဤနည်းအားဖြင့်၊ ဤ ယွန်ပေါင်သည်လည်း အခြားလူများ၏ အထင်သေး အနှိမ့်ချမှုကို သဘာဝအတိုင်း ခံရခြင်း ဖြစ်ပါသည်။
လင်းယု၏ အေးစက်သော အပြုံးကို ချင်ယွင်မြင်သောအခါ၊ သူသည် ချက်ခြင်း သဘောပေါက်သွားသည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အိမ်ရာကြီးဆီသို့ လှမ်းပြီး အော်ပြောလိုက်သည် "ယွန်ပေါင်၊ ဒီကို ထွက်လာခဲ့စမ်း။ ဒီဖေဖေက မင်းကို စိန်ခေါ်ဖို့ ရောက်လာခဲ့ပြီ။ မင်း ဉာဏ်ကောင်းတယ်ဆိုရင်တော့ မင်းရဲ့ တပ်မှူးရာထူးကို စွန့်လွှတ်လိုက်ပါ။"
ချင်ယွင်၏ အသံသည် အနှိုင်းမဲ့ နက်ရှိုင်းပြီး၊ ဖရိုဖရဲ စွမ်းအင်များနှင့် ရောနှောနေကာ၊ တောင်ထိပ်တစ်ခုလုံး ပဲ့တင်ထပ်နေသည်။
ယွန်ပေါင်၏ အိမ်ရာရှိ လူတိုင်းသည် ဤဟိန်းဟောက်သံကြောင့် ထိတ်လန့်သွားကြသည်။ သူတို့အားလုံးသည် ခေါင်းမော့ပြီး ချင်ယွင်၏ ဦးတည်ရာကို ကြည့်လိုက်ကြသည်။
မူလက မြင်းကျောကုန်းပေါ် ခွစီးနေသော ယွန်ပေါင်သည် ထိုစကားကို ကြားသောအခါ၊ ချက်ချင်းပင် အရူးအမူး ပေါက်ကွဲသွားလေသည်။ သူ၏ ချပ်ဝတ်တန်ဆာသည် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာပြီး အရူးတစ်ယောက်လို ပြေးထွက်သွားကာ၊ ချင်ယွင်နှင့် တပ်မှူးလင်းယုတို့ ရှေ့တွင် ပေါ်လာပါသည်။
ယွန်ပေါင်သည် လေထဲတွင် ပေါ်လာလာချင်း၊ သူသည် ချင်ယွင်ကို အရင်ဆုံး ကြည့်ရူ လိုက်သည်။ သို့သော် သူ့ကို တိုက်ရိုက် လျစ်လျူရှုလိုက်သည်။ သူက လင်းယုကို စိုက်ကြည့် ရင်း ပြောသည် "လင်းယု၊ ငါ မင်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ မင်းက ငါ့ရဲ့ ကံကြမ္မာ ကောင်းမူတွေကို ဘာလို့ နှောင့်ယှက်ချင်ရတာလဲ?။"
"မင်း မှားနေပြီ။ ဒီနေ့ မင်းကို ငါ ရှာနေတာ မဟုတ်ဘူး၊ သူလာရှာတာ။ သူက ငါ့ရဲ့ညီလေး ချင်ယွင်ပဲ။ သူက မင်းကို စိန်ခေါ်ချင်နေတယ်" လင်းယုက ချင်ယွင်ကို လက်ညှိုးထိုးပြပြီး ပြုံးရင်း ပြောလိုက်သည်။
ထိုစကားကိုကြားလျှင်၊ ယွန်ပေါင်သည် ချက်ခြင်းဆိုသလို ချင်ယွင်ဘက်သို့ လှည့်ကြည့် လိုက်ပါသည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာပြီး လင်းယုအား ပြောသည် "သူနဲ့အတူလား။ အစောပိုင်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်တစ်ယောက်လား။ မင်းက သူ့ကို သေမင်းကို လာရှာခိုင်းတာလား?"
"မင်းက သေခြင်းတရားကို တောင်းခံနေတာလို့ ငါထင်တယ်။ ဟုတ်တယ် မဟုတ်လား?" လင်းယုက ပြန်မဖြေခင်၊ ချင်ယွင်က အထင်သေးဟန်ဖြင့် အရင်ဦးဆောင်ကာ ပြောလိုက် သည်။
"အယုတ်တမာကောင်လေး၊ မင်း ဘယ်သူနဲ့ ပြောနေလဲဆိုတာ သိရဲ့လား?" ယွန်ပေါင် သည် ချင်ယွင်၏စကားကြောင့် ချက်ချင်း ဒေါသထွက်သွားပြီး ချင်ယွင်ကို စိုက်ကြည့်နေ သည်။
"တပ်မှူး ယွန်ပေါင်ဆိုတာ ကျုပ်သိတာပေါ့။ ဒါပေမယ့် ခင်ဗျားက တပ်မှူးတစ်ယောက် ဖြစ်တော့မှာ မဟုတ်ဘူး။ အဲဒီအစား ခင်ဗျား သေရတော့မယ်” ချင်ယွင်က အပြစ်ကင်းဟန် အပြုံးဖြင့် ပြောသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ”။ ယွန်ပေါင်သည် ချက်ချင်းပင် ဒေါသ ထွက်သွားသည်။ သူ၏မျက်လုံးတွေက ပြူးကျယ်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
သူ၏မျက်လုံးထဲတွင်၊ ဤချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်ရှိ ပုရွက်ဆိတ် တစ်ကောင်မျှသာ ဖြစ်ပါသည်။ သူနှင့် ယခုလိုစကားမျိုး ပြောဆိုခြင်းက သူ၏အုတ်ဂူကို အမှန်တကယ် တူးနေခြင်းသာ ဖြစ်ပါသည်။
"ဒါဆို ခင်ဗျားက ကျုပ်ရဲ့စိန်ခေါ်မူကို လက်ခံလား?" ချင်ယွင်က ယွန်ပေါင်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဟမ့်၊ မင်းမှာ ငါ့ကို စိန်ခေါ်ဖို့ အရည်အချင်း မရှိဘူး၊ မင်းက မကြာခင် သေလူဖြစ်တော့ မယ်။ သေလိုက်တော့…" ယွန်ပေါင်က အော်ပြောလိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံး လေပြင်းတိုက်ခတ်သည့်အလား ပေရာပေါင်းများစွာ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားသည်။ သူ၏လက်များသည် ခြေသည်းများအသွင် ပြောင်းလဲပြီး၊ ချင်ယွင် ဆီသို့ ပြင်းထန်စွာ ဆုပ်ကိုင်လိုက်သည်။ ပြင်းထန်သော အေးစက်စက် အလင်းရောင်သည် သူ၏လက်သည်းများပေါ်တွင် ပျံ့လွင့်လာခဲ့သည်။
ချင်ယွင်က သူ့ကို တိုက်ခိုက်လာသော ယွန်ပေါင်၏ လက်သည်းတွေကို မြင်သောအခါ၊ သူ၏ပါးစပ်ထောင့်က လှောင်ပြောင်ဟန် ဖြစ်ပေါ်လာပြီး၊ နတ်နဂါး ကျောက်စိမ်း စည်းတံဆိပ်က ချက်ချင်း အသက်သွင်းလိုက်သည်။
“အောင်း..”။
နဂါးဟောက်သံက ထွက်ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်နဂါး တက်တူးက ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း ကြောက်မက်ဖွယ်အဆင့်သို့ တိုးမြင့်လာခဲ့သည်။
ဘုန်း…။
ချင်ယွင်က သူ၏လက်သီးဖြင့် ထိုးလိုက်ပြီး၊ ယွန်ပေါင်၏ လက်သည်းများနှင့် အပြင်းအထန် ထိတွေ့သွားခဲ့သည်။
“ဖျစ်… ဖျစ်..”။
အရိုးအက်ကွဲသံများ ကောင်းကင်ယံ၌ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာကာ၊ သနားစဖွယ် အော်သံများလည်း ထွက်ပေါ်လာသည်။
ယွန်ပေါင်၏ လက်တစ်ဘက်လုံး အော်သို့ ငိုက်စိုက်ကျနေပြီး၊ သူ၏လက်မောင်းရှိ အရိုးများ ကျိုးကြေသွားခဲ့သည်။ ဤပြင်းထန်သော နာကျင်မူဝေဒနာက သူ့ကို ဝမ်းနည်းပူဆွေးပြီး အော်ဟစ်စေခဲ့သည်။
ယွန်ပေါင်အိမ်ရာ၏ လူများသည် ယွန်ပေါင်၏ သနားစဖွယ် အော်ဟစ်သံနှင့် ဝမ်းနည်းဖွယ် မြင်ကွင်းကို မြင်လိုက်သောအခါတွင်၊ သူတို့၏မျက်နှာများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် စိတ်ကျေနပ်မူနှင့်အတူ လျှို့ဝှက်စွာ အံ့သြသွားကြသည်။ သူတို့သည် ယွန်ပေါင်၏ ဖိနှိပ်မှုကို အချိန်အတော်ကြာအောင် ခံစားခဲ့ရပြီး၊ ယခု ယွန်ပေါင်သည် အလွန်သနားစရာကောင်းလောက်အောင် အရိုက်ခံလိုက် ရသည်။ သူတို့နှလုံးသားထဲတွင် သဘာဝအတိုင်း တိတ်တဆိတ် အော်ဟစ်လိုက်ကြသည်။
ဘေးမှာ နောက်သို့ဆုတ်သွားသော လင်းယုသည်လည်း အံ့အားသင့်သော အမူအရာ ဖြစ်ပေါ်နေသည်။ အမှန်အတိုင်းပြောရလျှင်၊ ချင်ယွင် မတိုက်ခိုက်ခင်ကဆို၊ ချင်ယွင်သည် ယွန်ပေါင်ကို အနိုင်ယူနိုင်ပါ့မလားဟု သူ အမြဲ သံသယရှိနေခဲ့သည်။
ချင်ယွင်သည် မြို့တံခါးရှေ့တွင် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားကို အနိုင်ယူခဲ့ သော်လည်း၊ အနက်ရောင် သံချပ်ကာဝတ် အမျိုးသားသည် တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့် ကျင့်ကြံမှုအခြေခံသာ ရှိခဲ့ပါသည်။ ထို့အပြင်၊ တော်ဝင်တာအိုနယ်ပယ်၏ ဒုတိယအဆင့်သည် တော်ဝင်တာအိုနယ်ပယ်၏ အဋ္ဌမအဆင့်နှင့် အလှမ်းဝေးကွာလွန်း ပါသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ယွန်ပေါင်၏ လက်မောင်းအရိုးများကို လက်သီး တစ်ချက်ဖြင့် ရိုက်ချိုးလိုက်သည်ကို တွေ့လိုက်ရသောအခါ၊ သူသည် ချင်ယွင်၏ ခွန်အားကို အပြည့်အဝ ယုံကြည်လာခဲ့သည်။
"ခင်ဗျား၊ ဘယ်လိုထင်လဲ?။ ကျုပ် ခင်ဗျားကိုစိန်ခေါ်ဖို့ အရည်အချင်း မရှိဘူးလို့ ခင်ဗျား ထင်နေသေးလား?" ချင်ယွင်သည် သူ၏လက်သီးကြောင့် အရိုးကျိုးသွားသော ယွန်ပေါင်ကို ကြည့်ကာ မထီမဲ့မြင်ပြုသော အပြုံးကို ထုတ်ဖော်လိုက်သည်။
"ငါ မင်းကို သတ်မယ်” ယွန်ပေါင်၏ မျက်လုံးများသည် ချက်ချင်းပင် နီမြန်းလာကာ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဒေါသများ ထွက်ပေါ်နေသည်။
ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ၊ ယွန်ပေါင်သည် ချင်ယွင်ဆီသို့ မုန်တိုင်းတိုက်သကဲ့သို့ ထပ်မံ ပြေးဝင်လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်သည် အမှန်တကယ် ပင် ခြောက်မျိုးကွဲသွားပြီး၊ ချင်ယွင်အား မတူညီသော လမ်းကြောင်းခြောက်ခုမှ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်။
"ပုံရိပ်တစ်ထောင် ဥပဒေသလား?။ စိတ်ဝင်စားစရာပဲ" ချင်ယွင်၏ ပါးစပ်ထောင့်တွင် အပြုံးမပျက် ပေါ်လာပြီး သူ၏မျက်လုံးများသည် ချက်ချင်းပင် အေးစက်ပြီး ခက်ထန် လာခဲ့သည်။ သူက အေးစက်စွာ အော်ပြောလိုက်သည် "မင်း ပုံရိပ်တွေ ပြောင်းထားရင် တောင်၊ ငါက လက်သီးတစ်ချက်တည်းနဲ့ ချိုးပစ်လိုက်ဦးမယ်။"
“ဘုန်း…”။
ချင်ယွင်က ချက်ချင်း တိုက်ခိုက်လိုက်ပြီး၊ သူ၏ရုပ်အသွင်က ပုံရိပ်ခြောက်ခုဆီကို တစ္ဆေတစ်ကောင်လို တချိန်တည်း ဖြတ်သန်းသွားသည်။ ပုံရိပ်ငါးခုက ကြေကွဲသွားခဲ့သည်။
ချင်ယွင်၏လက်သီးချက်က ယွန်ပေါင်၏ ခန္ဓာကိုယ် အစစ်အမှန်၏ ဝမ်းဗိုက်ကိုလည်း တိုက်ခိုက်ခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ဥက္ကာပျံကဲ့သို့ အဝေးရှိတောင်ထိပ်ပေါ်သို့ ပျက်ကျသွားပြီး၊ ကောင်းကင်ကြီး တုန်ခါလောက်သည့် ကျယ်လောင်သော အသံများ ထွက်ပေါ်နေသည်။