← Chapters

အခန်း ၉၀၀

Vol. 60 Ch. 900

အခန်း ၉၀၀

Vol. 60 Ch. 900

အခန်း (၉၀၀) တပ်မှူးတံဆိပ်ပြား။

ယွန်ပေါင်၏ ပြင်းထန်သော သက်ရောက်မှုက အဝေးရှိတောင်ကိုပင် တိုက်ရိုက် ကွဲအက် သွားစေကာ၊ ကျောက်စရစ်များ အဆက်မပြတ် လိမ့်ဆင်းလာပြီး၊ သူ့ကို အပျက်အစီးများ ကြားတွင် မြှုပ်နှံပြီးဖြစ်သွားလေသည်။

ချင်ယွင်သည် ဝင့်ကြွားစွာ မတ်တပ်ရပ်နေပြီး၊ သူ၏ခန္ဓာကိုယ်သည် အစွမ်းထက်သော နဂါးတစ်ကောင်၏ ခမ်းနားထည်ဝါသည့် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူသည် အပျက်အစီးများကြားကို ငုံ့ကြည့်နေပြီး၊ သူ၏မျက်လုံးများတွင် အနည်းငယ်မျှ အပြောင်းအလဲ မရှိပေ။

“ဘုန်း..”။

သို့သော်၊ ဤအခိုက်အတန့်တွင် အောက်ဘက်ရှိ အပျက်အစီးများကြားမှ ပေါက်ကွဲ အသံတစ်ချက် ထွက်ပေါ်လာသည်။ ဧရာမကျားသစ်ကြီးတစ်ကောင်သည် အောက်ခြေရှိ အပျက်အစီးများကြားမှ လျင်မြန်စွာ ပြေးထွက်လာပြီး ချင်ယွင်ကို တိုက်ရိုက် မျိုချလိုက်လေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ကို ကျားသစ်ကြီးက ဝါးမျိုသွားလေသည် ။

"ဟမ့်၊ မင်းကိုယ်မင်း ငါက ဘယ်လောက် အစွမ်းထက်တယ်လို့ တွေးနေတာ မဟုတ် လား?။ အခု မင်းက ငါ့ရဲ့ဝါးမျိုမူကို ခံလိုက်ရပြီလေ။ နာခံမှုရှိရှိနဲ့ ငါ့ရဲ့ဝမ်းစာ ဖြစ်လာလိုက်တော့" ကျားသစ်ကြီးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ သူ၏လေသံက အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေသည်။

ယွန်ပေါင်အိမ်ရာမှ လူတိုင်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ စိတ်ပျက် လက်ပျက် ဖြစ်သွားကြပါသည်။ သူတို့အနေဖြင့် ရုတ်တရက် ပေါ်လာခဲသော ဤလူငယ်သည် ယွန်ပေါင်ကို သတ်နိုင်လိမ့်မည်ဟု မူလက ထင်ထားခဲ့သော်လည်း၊ ရလာဒ်က အရင်တုန်း စိန်ခေါ်သူတွေနှင့် ထူးမခြားနားပါဘူး။

ထိုအချိန်တွင် လင်းယုလည်း မျက်မှောင်ကြုတ်သွားသည်။ သိသိသာသာပင်၊ သူလည်း ဤရလာဒ်ကို အနည်းငယ်မျှ မမျှော်လင့်ထားပေ။

"ငါ့ကို မင်းဗိုက်ထဲ မျိုချလိုက်တာက တကယ်အသုံးဝင်မယ် ထင်နေတာလား?"

ယွန်ပေါင်၏ ဗိုက်ထဲတွင် ချင်ယွင်ပျောက်ဆုံးသွားပြီဟု လူတိုင်း တွေးတောနေချိန်မှာ, ယွန်ပေါင်၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှ အလေးမထားဟန်အသံက ထွက်ပေါ်လာပါ သည်။

ယွန်ပေါင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သူ၏ မွေးရာပါနတ်ဘုရား စွမ်းရည်သည် ဝါးမျိုးခြင်းဖြစ်သည်။ သူ ဝါးမျိုးခံရသည့်လူတိုင်း သူတို့၏ သွေးအနှစ်သာရ အားလုံး ချက်ခြင်း ဝါးမြိုခံရပြီး အသက်ဆုံးရှုံးသွားရလိမ့်မည်။ သို့သော်လည်း ချင်ယွင်သည် ယခုအချိန်တွင် အမှန်တကယ် စကားပြောနိုင်နေသည်။ ယင်းက သူ့ကို အလွန်အံ့အားသင့်စေခဲ့သည်။

"မဖြစ်နိုင်ဘူး၊ ငါ့ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းရည်က ဘယ်လိုလုပ် အလုပ်မဖြစ်တာလဲ?။" ယွန်ပေါင်က မကျေမနပ်အသံဖြင့် ပြောလိုက်သည်။ ဧရာမ ကျားသစ်မျက်လုံးတစ်စုံသည် ပြင်းထန်သော စိတ်ရှုပ်ထွေးနေမူကို ထင်ရှားစေသည်။

လင်းယုလည်း အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။ ယွန်ပေါင်၏ မွေးရာပါ နတ်စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ အကယ်၍၊ သူ မျိုချခံရမည်ဆိုလျှင် ပင်၊ သူ့အတွက်တောင်မှ အသက်ရှင်ရန် လုံးဝ မဖြစ်နိုင်ပါဘူး။ သို့သော် ချင်ယွင်သည် အမှန်တကယ် အဆင်ပြေနေပါသည်။ ယင်းကြောင့် သူသည် ချင်ယွင်ကို အမြင်အသစ် တစ်မျိုးဖြင့် ချက်ချင်းပင် စတင်ကြည့်ရှုခဲ့သည်။

"ဂျူနီယာကျစ်သစ်လေး၊ မင်းက တခြားသူတွေရဲ့ သွေးအနှစ်သာရကို ဝါးမြိုရတာ မကြိုက်ဘူးလား? ဒီနေ့တော့ စစ်မှန်တဲ့ ဝါးမျိုးခြင်းရဲ့ အဓိပ္ပါယ်ကို မင်းကို ငါ ပြောပြမယ်။" ချင်ယွင်၏ အသံသည် ယွန်ပေါင်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးထဲမှ ထွက်ပေါ်လာ ပြန်သည်။

ထိုစကားကို ယွန်ပေါင်ကြားလျှင်၊ သူသည် ခဏလောက် မှင်သက်သွားခဲ့ပြီး၊ သူ၏မျက်နှာ က ထိတ်လန့်တကြားဖြစ်သည့်အမူအရာ ပေါ်လာပါသည်။

ယွန်ပေါင်၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဟုန်ဖြင့် ကျုံ့သွားသည်ကို သူ မြင်လိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက သူ၏သွေးအနှစ်သာရနှင့် အသက်စွမ်းအားအားလုံးကို စုပ်ယူသွား သလိုပင်။

အကယ်၍ တစ်စုံတစ်ယောက်သာ ယခုအချိန်တွင် ယွန်ပေါင်၏ခန္ဓာကိုယ်ကို စုံစမ်း စစ်ဆေးမည်ဆိုပါက၊ ထိုလူသည် ဦးရေပြားထုံကျဉ်လောက်သည့် မြင်ကွင်းတစ်ခုကို သေချာပေါက် မြင်တွေ့ရလိမ့်မည်။

ယွန်ပေါင်၏ ချီစွမ်းအင်လမ်းကြောင်းများနှင့် အသားများကို သွယ်လျသော သစ်ပင် အကိုင်းအခက်များက ဖုံးအုပ်ထားသည်။ ဤသစ်ပင်အကိုင်းအခက်များသည် ယွန်ပေါင်၏ အသွေးအသား၏ ထောင့်တိုင်းတွင် တွယ်ကပ်နေပြီး၊ ယွန်ပေါင်၏ အသွေးအသားရှိ သွေးအနှစ်သာရနှင့် အသက်စွမ်းအားများကို အရူးအမူး ဝါးမြိုပစ်လိုက်သည်။

"အား…။ မဟုတ်ဘူး..။ ရပ်တော့၊ ရပ်လိုက်တော့။ အရှုံးကို ငါ ဝန်ခံပါတယ်။ ငါ မင်းကို တပ်မှူးရာထူး လွှဲပေးမယ်။" ယွန်ပေါင်က အရူးအမူး အော်လိုက်ပြီး သူ၏မျက်လုံးတွေက တုနှိုင်းမရအောင် အထိတ်တလန့်သည့် အမူအရာဖြင့် ပြည့်နေခဲ့သည်။

"ဟမ့်၊ မင်း ငါ့ကို မျိုချတုန်းကရော ငါ့ကို လွှတ်ပေးဖို့ ဘာလို့ မစဉ်းစားခဲ့တာလဲ?" ချင်ယွင်သည် ရပ်တန့်ရန် မရည်ရွယ်ဘဲ အေးစက်စွာ ရယ်မောလိုက်သည်။

ယွန်ပေါင်၏ မျက်လုံးများသည် ထိတ်လန့်ခြင်းမှတဆင့် တုနှိုင်းမရအောင် ရက်စက်ခြင်းသို့ ပြောင်းသွားခဲ့သည်။ အဆုံးတွင်၊ သူသည် ဝါးမျိုးခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။

အဝေးမှ လင်းယု၏ မျက်လုံးများသည် ယွန်ပေါင်၏ ခန္ဓာကိုယ် လုံးလုံးလျားလျား ရှုံ့တွသွားသည်ကို မြင်လိုက်ရသောကြောင့် တုန်လှုပ်ခြောက်ခြားဟန် အမူအရာ ပေါ်လွင် နေသည်။ ယွန်ပေါင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် အရေခွံနှင့် အရိုးစုချည်းသာ ကျန်ခဲ့ပြီး၊ တက်ကြွမှု လုံးဝ မရှိတော့ပါဘူး။

ယွန်ပေါင်အိမ်ရာ၏ ဖမ်းဆီးခံ ကျွန်များသည် မျက်လုံးများ ပြူးကျယ်နေကြကာ မယုံကြည်နိုင်သော အမူအရာများ ထုတ်ဖော်နေကြသည်။

သူတို့၏မြင်ကွင်းထဲမှာ၊ ပြိုင်ဘက်ကင်း ယွန်ပေါင်သည် ဝါးမြိုခံရပြီး ခြောက်သွေ့သွား သော အလောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည် ။

“ဗြိ…”။

ထိုအချိန်တွင် ယွန်ပေါင်၏ ဝမ်းဗိုက်ရှိ ကျားသစ်အရေသည် ပြဲပြဲသွားသည်။ ချင်ယွင်သည် သူ၏လက်ထဲတွင် တပ်မှူးတံဆိပ်ပြားကို ကိုင်ဆောင်ရင်း အတွင်းမှ ဒဏ်ရာကင်းစွာဖြင့် ထွက်လာခဲ့သည်။

“ဘန်း..”။

ချင်ယွင်၏ အကူအညီမရှိမတော့သဖြင့် ယွန်ပေါင်၏ ခန္ဓာကိုယ်သည် ချိုင့်ဝှမ်းထဲသို့ တိုက်ရိုက် ကျသွားခဲ့သည်။

ချင်ယွင်သည် ဒဏ်ရာကင်းစွာ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် လင်းယုသည် အာရုံပြန်မစိုက်နိုင်ခင် တစ်ခဏမျှ ထိတ်လန့်သွားသည်။ သူက ချင်ယွင်ကို ရယ်မောပြီး ပြောသည် "ဟား..၊ ဟား..၊ ညီငယ်ချင်က အရမ်းကို လျှို့ဝှက်ထားတာ ထင်ရှားတယ်။ ယွန်ပေါင်လို တော်ဝင်တာအိုနယ်ပယ်ရဲ့ နဝမမြောက် ကျင့်ကြံသူတစ်ဦးကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်။ အဲဒါက ငါ့ကို အမြင်အသစ်နဲ့ ကြည့်ဖို့ တကယ်ကို ဖြစ်စေခဲ့တယ်။"

ဤစကားများသည် ချင်ယွင်ကို ချီးကျူးပြောဆိုခြင်းမဟုတ်ဘဲ၊ သူ၏စိတ်ထဲမှ အမှန်တရား ဖြစ်သည်။ သူသည် ချင်ယွင်ကို ဤမျှလောက် အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထား မည်ဟု တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။

အကယ်၍၊ သူ၏ခန့်မှန်းချက်သာ မှန်ကန်မည်ဆိုလျှင်၊ ချင်ယွင်၏ ခွန်အားသည် သူနှင့်အဆင့်တူ တော်ဝင်တာအိုနယ်ပယ်၏ အဆင့် ၁၀ လောက်မှာ ရှိနေသင့်သည်။

"မဟုတ်ဘူး၊ ကျွန်တော်က ဒီယွန်ပေါင်ရဲ့ မွေးရာပါ နတ်ဘုရားစွမ်းအားကို ထိန်းထားဖို့ သေးငယ်တဲ့ လှည့်ကွက်လေး သုံးခဲ့ရတာပါ" ချင်ယွင်က ကျိုးနွံသော အပြုံးဖြင့် ပြောသည်။

ယွန်ပေါင်သည် ယခုလေးတင်၊ သူ၏ သွေးအနှစ်သာရကို ဝါးမျိုးရန် မွေးရာပါ နတ်ဘုရား စွမ်းရည်ကို အမှန်တကယ် အသုံးပြုခဲ့ပါသည်။ သို့သော်၊ သူ၏ပင်မခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို ကျင့်ကြံထားသောကြောင့်၊ သူ့ခန္ဓာကိုယ်၏ သွေးအနှစ်သာရကို သူ မည်သို့ အလွယ်တကူ ဝါးမျိုချနိုင်မည်နည်း?။

ချင်ယွင်နှင့် သစ်သားစွမ်းရည်ကိုယ်ပွားတို့ ပေါင်းစည်းခြင်းဖြင့်၊ သစ်သားစွမ်းရည် ကိုယ်ပွား၏ ခန္ဓာကိုယ်သည် အစွမ်းထက်ဆုံး အသက်သစ်ပင် ဖြစ်ပါသည်။ သူ၏ ဝါးမျိုနိုင်သော စွမ်းအင်သည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤယွမ်ပေါင်သည် ချင်ယွင်ကို မည်သို့ ဝါးမျိုနိုင်တော့မည်နည်း?။

လင်းယုက ခေါင်းညိတ်လိုက်သည်။ ယွန်ပေါင်၏ အသက်စွမ်းအားကို မည်ကဲ့သို့ ဝါးမျိုခဲ့သနည်းဟု ချင်ယွင်အား မမေးခဲ့ပေ။ တခြားလူတွေနှင့် နှိုင်းယှဉ်ပြောရရင်၊ လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ ရှိနေပါသည်။

"ညီငယ်ချင်၊ မင်း တပ်မှူးတံဆိပ်ကို ရထားပြီးသားဆိုတော့ မင်းအနေနဲ့ တပ်မှူးတစ်ယောက် တိုက်ရိုက်ဖြစ်လာဖို့အတွက် ဒီတပ်မှူးတံဆိပ်ကို သန့်စ်ဖို့ပဲ လိုတော့တယ်" လင်းယုက ချင်ယွင်ကို သတိပေးသည်။

"အင်း..” ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ့စကြဝဠာ၏ ဖရိုဖရဲ စွမ်းအင်ကို တိုက်ရိုက် စုစည်းပြီး တပ်မှူးတံဆိပ်ကို သန့်စင်လိုက်ပါသည်။

ချင်ယွင်၏ ဖရိုဖရဲဖြစ်နေသော စွမ်းအားသည် စကြာဝဠာရှိ အဆင့်မြင့်ဆုံး စွမ်းအင်တစ်ခု ဖြစ်သောကြောင့် ဤတံဆိပ်ကို ပြန်လည်သန့်စင်ခြင်းသည် အလွန်မြန်ဆန်ပါသည်။ အခြားလူများသည် အချိန်သုံးနာရီ လိုအပ်သော်လည်း, သူသည် ဤတပ်မှူးတံဆိပ်ကို ပြန်လည်သန့်စင်ရန် တခဏမျှသာ လိုအပ်ပါသည်။

ချင်ယွင်၏ ရှေးဟောင်း ဖရိုဖရဲစွမ်းအား၏ သန့်စင်မှုအောက်တွင်၊ တပ်မှူးတံဆိပ်သည် ချင်ယွင်နှင့် ဆက်စပ်မှုရှိလာကြောင်း ချက်ချင်း သိလိုက်ရသည်။

ဘန်း…။

ချင်ယွင်၏စိတ်သည် ချက်ချင်းပင် အချက်အလက်အချို့ကို ရရှိခဲ့သည်။ အမှန်တကယ် တော့၊ သူ ရှာဖွေတွေ့ရှိခဲ့သည့်အရာထဲတွင် လျှို့ဝှက်ပညာရပ်တစ်ခုလည်း ရှိနေခဲ့ပါသည်။ ဤအရာက ချင်ယွင်၏ မျက်နှာကို အံ့သြသွားသည့် အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်စေမိသည်။ သူက လင်းယုကို “အကိုကြီး လင်း၊ ဒီတပ်မှူးတံဆိပ်မှာ လျှို့ဝှက် ပညာရပ်တွေ ရှိနေလို့လား?” ဟု မေးလိုက်ပါသည်။

"အိုး.. ညီငယ်ချင်၊ မင်း အဲဒါကို မြန်မြန်ဆန်ဆန် သန့်စင်နိုင်တာလား?။" တပ်မှူး လင်းယုက အံ့သြစွာ မေးလိုက်သည်။

ချင်ယွင်က သန့်စင်ပြီးကြောင်း အမူအရာပြရင်း ခေါင်းညိတ်လိုက်သည်။

ချင်ယွင်ကိုကြည့်သည့် လင်းယု၏ အကြည့်တွေက ချက်ချင်းပင် ခြားနားလာသည်။ ချင်ယွင်သည် ဤတံဆိပ်ကို သန့်စင်ရန် အနည်းဆုံး နှစ်နာရီ လိုအပ်မည်ဟု သူ ထင်ခဲ့သော်လည်း ဤမျှမြန်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒီချင်ယွင်က မရိုးရှင်းဘူး” လင်းယုသည် စိတ်နှလုံးထဲတွင် သက်ပြင်းချလိုက်သည်။ ထို့နောက်၊ သူက ချင်ယွင်အား ရှင်းပြသည် “ဒီ တပ်မှူးတံဆိပ် ၁၀၈ ခုစလုံးမှာ တံဆိပ်တစ်ခုစီတိုင်းမှာ လျှို့ဝှက်ပညာရပ် တစ်မျိုးစီ ပါရှိကြတယ်။ အဲဒီလျှို့ဝှက် ပညာရပ်တွေကလည်း ကွဲပြားကြတယ်။ အချို့က လက်ဖဝါးပညာရပ်၊ အချို့ကတော့ လှုပ်ရှားမှုနည်းပညာတွေ ဖြစ်ကြတယ်။ အချို့ကတော့ လူတစ်ယောက်ရဲ့ခွန်အားကို တိုးမြင့်ပေးနိုင်တဲ့ လျှို့ဝှက်နည်းပညာရပ်တွေပဲ။ ဥပမာအနေနဲ့၊ ငါဆို လက်ဝါးပညာရပ် တစ်ခုကို ရရှိခဲ့တယ်။ မင်းရဲ့ တပ်မှူးတံဆိပ်ထဲက လျှို့ဝှက်ပညာရပ်ကရော ဘာလဲ?။

"ခြေထောက်သိုင်းပညာရပ်…။ ချင်ယွင်က ဘာမှ ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။

စာစဉ် (၆၀) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters