အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄) သီးသန့်စကားပြောခြင်းလော
လျူအာကျူးနှင့် ကျောက်ချင်းတို့က အိမ်သို့ အတူတကွ ပြန်လာခဲ့ကြသည်။
သားအဖနှစ်ယောက်မှာ ခြံဝင်းထဲတွင် အေးစက်သောလေကို အံတုရင်း ကျန်ရစ်ခဲ့ကြသည်။
အခန်းထဲသို့ ဝင်ပြီးနောက် လျူအာကျူးသည် သူ့နောက်ရှိ တံခါးကို ပိတ်လိုက်ပြီး အကျင့်ပါနေသဖြင့် တံခါးကန့်လန့်ဖြတ်ကို လှမ်းကိုင်လိုက်သည်။
မကြာသေးမီက သူသည် နေ့စဉ် အစောကြီးထွက်ကာ နောက်ကျမှ ပြန်လာတတ်ပြီး အမြဲတမ်း အိမ်သို့ နောက်ဆုံးမှ ပြန်ရောက်သူဖြစ်သောကြောင့် တံခါးပိတ်ပြီးနောက် တံခါးကို ဂျက်ချတတ်သည့် အကျင့်ရှိနေခဲ့သည်။
ကျောက်ချင်းက မှင်သက်စွာဖြင့် ကြည့်လိုင်၏။
"ဘာလို့ တံခါးကို သော့ခတ်နေတာလဲ..."
"အကျင့်ပါနေလို့ပါ..."
လျူအာကျူးသည် တံခါးကို အမြန်ပြန်ဖွင့်လိုက်သည်။ သို့မဟုတ်ပါက တစ်စုံတစ်ခု ဖြစ်လာလျှင် ရှင်းပြရန် ခက်ခဲသွားနိုင်ပေသည်။
ကျောက်ချင်းသည် လျူအာကျူးကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်မိသည်။ ထိုအကျင့်ဆိုသည့် စကားက သူမကို အထင်လွဲသွားစေခဲ့သည်။
*ဒီကောင်လေးက မိန်းကလေးတွေနဲ့ အိမ်ကို မကြာခဏ ပြန်လာတတ်တာလား*
သို့သော်လည်း သူက အလွန်ရုပ်ရည်ချောမောပြီး အရည်အချင်းရှိသူဖြစ်ရာ မည်သည့်မိန်းကလေးက သူ့ကို မနှစ်သက်ဘဲ နေမည်နည်း။
ကျောက်ချင်းသည် ဖျော်ဖြေပွဲများအတွက် ကျေးလက်ဒေသများသို့ မကြာခဏ သွားလေ့ရှိသဖြင့် ကျေးလက်အတင်းအဖျင်းများစွာကို ကြားဖူးခဲ့သည်။
လူတို့သည် စားစရာရိက္ခာ အနည်းငယ်အတွက် ဖောက်ပြန်လေ့ရှိကြပြီး အချို့သော တပ်မဟာခေါင်းဆောင်များသည် သူတို့၏ ရွာများတွင် ဇနီးများနှင့် မယားငယ်များစွာ ရှိသော်လည်း မည်သူကမျှ ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြကြောင်း ပြောစမှတ်ပြုကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် အလုပ်ခွဲဝေမှုနှင့် အလုပ်ရမှတ်များကို ထိန်းချုပ်ထားကြသည်။ အကယ်၍ သူတို့သာ မကျေနပ်ပါက အလုပ်ရမှတ်များမရအောင် တားဆီးနိုင်ပြီး ထိုအခါ မည်သို့ ရှင်သန်နိုင်မည်နည်း။
"မင်းမှာ ရည်းစားတွေ အများကြီး ရှိတယ်မလား..."
သူမ၏ အတွေးများ လွင့်မျောနေစဉ် ကျောက်ချင်းက မနေနိုင်ဘဲ မေးလိုက်သည်။
"မရှိပါဘူး..."
လျူအာကျူးက အနည်းငယ် နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့ မေးတာလဲ..."
"မင်းက သိပ်ချောတာကို ဘယ်လိုလုပ် ရည်းစားမရှိဘဲ နေမှာလဲ..."
ကျောက်ချင်း၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ အပြည့်ရှိနေသည်။
လျူအာကျူးမှာ စကားမဆိုနိုင် ဖြစ်သွားရသည်။
“ကျွန်တော့်မှာ ရည်းစား ရှိတာ မရှိတာက ကျွန်တော်တို့ ပြဇာတ်အကြောင်း ဆွေးနွေးတာနဲ့ ဘာမှမဆိုင်ပါဘူး... ဒါ့အပြင် ကျွန်တော် ရည်းစားရှာရင်တောင် အများကြီးတော့ မရှာဘူးလေ..."
မှတ်စုစာအုပ်နှင့် ဘောပင်ကိုယူရင်း ကျောက်ချင်းက ပြောလိုက်သည်။
"မင်းက ချောနေတော့ မင်းနဲ့ တွဲချင်တဲ့သူတွေ အများကြီးရှိရမယ်လို့ ငါထင်လို့ပါ..."
"မရှိပါဘူး... ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တော်တော်လေး သန့်သန့်ရှင်းရှင်း နေတာပါ..."
လျူအာကျူးသည် ဧည့်ခန်းမထဲတွင် ဆိုဖာတစ်လုံး ရှိနေသည်ကို သတိပြုမိလိုက်သည်။ အနုပညာလောကရှိ ဘဝမှာ တကယ်ပင် သက်တောင့်သက်သာ ရှိလှပေသည်။
သူသည် ဂယ်ယို၏ လျှောထိုင်သည့်ပုံစံဖြင့် ပေါ့ပေါ့ပါးပါး ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
"အဓိကကိစ္စကိုပဲ အရင်စပြောကြရအောင်..."
လျူအာကျူးက ထိုအကြောင်းကို ဆက်မဆွေးနွေးလိုသည်ကို မြင်သောအခါ ကျောက်ချင်းသည် သူ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ပြီး ခြေချိတ်ထိုင်လိုက်လေသည်။ သူမ၏ ချီပေါင်းအကွဲမှာ အတော်လေး မြင့်သဖြင့် ပြည့်ဖြိုးပြီး နှင်းပွင့်ကဲ့သို့ ဖြူဖွေးနေသော ခြေတံရှည်များကို ဖုံးကွယ်မထားနိုင်ပေ။
"ကျူးဇီ... အဲ့ကောင်မလေးနဲ့ ဘယ်လိုသိခဲ့တာလဲ..."
"ဘယ်ကောင်မလေးလဲ..."
လျူအာကျူးက ကျောက်ချင်း၏ ဖြူဖွေးလှပသော ခြေတံများမှ သူ၏ အကြည့်ကို လွှဲဖယ်လိုက်ရသည်။
"စေ့စပ်ပွဲကို ဖျက်သွားတဲ့ တစ်ယောက်လေ..."
"ကျစ်... ကျွန်တော်က စေ့စပ်ပွဲ အဖျက်ခံရတဲ့သူ မဟုတ်ပါဘူးလို့ ပြောပြီးပြီပဲ... ထားလိုက်ပါတော့... ခင်ဗျား ထင်ချင်သလိုသာ ထင်ပါတော့..."
လျူအာကျူးသည် ထပ်မံရှင်းပြရန် အားမထုတ်တော့ဘဲ သူ၏ စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။
"ခင်ဗျားက ဇာတ်ကောင်စရိုက်ကို နားလည်ချင်ရုံပဲလေ... အကယ်၍ ဗီလိန်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ချင်တယ်ဆိုရင်တော့ သူမကို အငြိုးကြီးတဲ့သူ၊ လောဘကြီးတဲ့သူ၊ ကပ်စေးနဲပြီး အတ္တဆန်တဲ့သူအဖြစ် ပုံဖော်လိုက်ပေါ့..."
"အကယ်၍ ဇာတ်ကောင်ကို ပိုပြီး ပြည့်စုံချင်တယ်ဆိုရင်တော့ သူမရဲ့ အကူအညီမဲ့မှုနဲ့ အဖြစ်ဆိုးတွေကိုပါ ပုံဖော်ရလိမ့်မယ်..."
"နေဦး နေဦး နေဦး..."
ကျောက်ချင်းက အမြန်ဝင်ဖြတ်လိုက်ပြီး သူမ၏ မျက်နှာထားမှာ ထူးဆန်းနေသည်။
"သူမက မင်းနဲ့ စေ့စပ်ထားတာကို ဖျက်လိုက်တာလေ... ဘာတွေများ အကူအညီမဲ့စရာ ဒါမှမဟုတ် အဖြစ်ဆိုးစရာရှိလို့လဲ..."
လျူအာကျူးသည် တိုးညင်းစွာ သက်ပြင်းချလိုက်သည်။
"ကျွန်တော့်ကို အထင်သေးတာ သူမ မဟုတ်နိုင်ဘူးလား... သူမရဲ့ မိဘတွေကသာ အထင်သေးတာလေ... တောက်... ဇာတ်လမ်းထဲက ဇာတ်လိုက်က ဆင်းရဲလို့ အထင်သေးတာပါ... သူမလည်း ပဒေသရာဇ် လက်ထပ်ခြင်းစနစ်ရဲ့ သားကောင်တစ်ယောက်လို့ ပြောလို့ရတယ်လေ... ကျွန်တော်တို့က လွတ်လပ်စွာ ချစ်ခင်ခွင့်ကို အားပေးသင့်ပြီး မိန်းကလေးကို အမျိုးသားတွေအပေါ် မှီခိုမနေဘဲ ကိုယ့်အားကိုယ်ကိုးပြီး လွတ်လပ်တဲ့သူအဖြစ် ပုံဖော်သင့်တယ်... ဘာပဲဖြစ်ဖြစ် သမ္မတကြီးက အမျိုးသမီးတွေဟာ ကောင်းကင်တစ်ဝက်ကို မ,တင်ထားနိုင်တယ်လို့ ပြောခဲ့တယ်လေ..."
ထိုစကားကို ကြားသောအခါ ကျောက်ချင်း၏ မျက်လုံးများ အရောင်လက်သွားပြီး သူမ၏ မျက်နှာတွင် သဘောတူလက်ခံမှုများ အပြည့်ရှိနေသည်။
"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်... မင်းပြောတာ သိပ်ယုတ္တိရှိတာပဲ... အဲ့ကောင်မလေးက မင်းနဲ့ စေ့စပ်ထားတာကို ဖျက်လိုက်ရတဲ့ နောက်ကွယ်က အကြောင်းရင်း တစ်ခုခုများ ရှိနေမလားလို့ ငါက သိချင်ရုံပါ... ဒါပေမဲ့ အခုလိုမျိုး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."
"ငါတို့က အခုလို ဇာတ်ကွက်တွေနဲ့ ဇာတ်ကောင် နောက်ခံတွေကို ထည့်လိုက်မယ်ဆိုရင် ငါ့ရဲ့ သရုပ်ဆောင်မှုက အများကြီး ပိုပြီး ပြည့်စုံသွားလိမ့်မယ်... ဇာတ်ညွှန်းကို ပြင်ဆင်နေတုန်းက မင်း ဘာလို့ ဒါကို မပြောခဲ့တာလဲ..."
လျူအာကျူးသည် သူ၏ လက်နှစ်ဖက်ကို ဖြန့်လိုက်၏။
"ခင်ဗျားတို့က စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်ကွက်ကို လိုချင်ကြတာလေ... သူမကို လူဆိုးတစ်ယောက်အနေနဲ့ ရိုးရိုးရှင်းရှင်း ပုံဖော်တာက ပြည့်စုံတဲ့ ဇာတ်ကောင်စရိုက်ထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်လေ..."
ကျေနပ်မှုပေးသော ဝတ္ထုဆိုသည်မှာ အဘယ်နည်း။
၎င်းသည် ယုတ္တိမတန်သော နာကျင်မှုကို ခံစားလိုသည့် စိတ်ဆန္ဒပင် ဖြစ်လေသည်။
ခေတ်တစ်ခေတ်၏ စစ်နတ်ဘုရား၏ သမီးဖြစ်သူက ခွေးအိမ်ထဲတွင် နေထိုင်ရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ထို့ပြင် ထိုလူကြီးပိုင်းများသည် အဘယ်ကြောင့် ယောက္ခမအိမ်တွင် နေရသည့် သားမက်များ ဖြစ်လိုကြသည်ကို မည်သူက နားလည်နိုင်မည်နည်း။ မတရားလုပ်ခံရသည့်တိုင် စကားတစ်ခွန်းမျှ မဟဘဲ နေ့စဉ်နေ့တိုင်း မိမိတို့၏ ကိုယ်ပိုင်ငွေများဖြင့် ဇနီးသည်၏ မိသားစုကို တိတ်တဆိတ် ထောက်ပံ့နေကာ အထင်သေးခံရခြင်းကို အဘယ်ကြောင့် နှစ်သက်ကြသနည်း။
အနည်းငယ်မျှ ယုတ္တိရှိမည်ဆိုပါက ဤအရာများသည် ဖြစ်လာမည် မဟုတ်ပေ။ သို့သော်လည်း ယုတ္တိမတန်ခြင်းကြောင့်ပင် အလွန်ဒေါသထွက်စရာ ကောင်းနေခြင်း ဖြစ်လေသည်။ ယခုအချိန်အထိ လျူအာကျူးသည် ဇာတ်လိုက်ဖြစ်သူ အမြဲတမ်း အနိုင်ကျင့်ခံရသည့် ဇာတ်လမ်းများကို အဘယ်ကြောင့် ကျေနပ်မှုပေးသော ဝတ္ထုများဟု ခေါ်ကြသည်ကို နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။
လျူအာကျူး၏ စကားများမှာ ယုတ္တိရှိသည်ဟု ကျောက်ချင်းက ခံစားလိုက်ရသည်။ သူမသည် အရှေ့သို့ အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ခွေးတစ်ကောင်ကို စိုက်ကြည့်နေလျှင်ပင် ချစ်ခင်ကြင်နာဟန် ပေါက်နေသည့် သူမ၏ မက်မွန်ပွင့်မျက်လုံးများဖြင့် အနီးကပ်အကွာအဝေးမှ သူ့ကို စိုက်ကြည့်နေသည်။ သူမက အနည်းငယ်ပင် သဘောကျသွားခဲ့လေသည်။
"မင်းက တကယ်ကို အရည်အချင်းရှိတာပဲ..."
"ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ..."
ကျောက်ချင်းနှင့် အနီးကပ် ရှိနေစဉ် လျူအာကျူးသည် သူမထံမှ သင်းပျံ့သော ရနံ့တစ်ခုကို ရရှိလိုက်သည်။ ၎င်းမှာ မျက်နှာလိမ်းခရင်မ်၏ အနံ့နှင့် ဆင်တူသော်လည်း အိမ်ထောင်ရှင် အမျိုးသမီးငယ်တစ်ဦး၏ သီးသန့်ရနံ့မျိုးနှင့်လည်း တူနေသဖြင့် သူ့ကို မသိမသာ ခြေချိတ်ထိုင်မိသွားစေသည်။
သူ၏ သေနတ်ကို ဖိနှိပ်ထားလိုက်ရ၏။
"အမ်း... ကျွန်တော် ဆေးလိပ်တစ်လိပ်လောက် သောက်လို့ရမလား..."
လျူအာကျူးသည် သူ၏ စိတ်ထဲရှိ မီးတောက်ကို ဖိနှိပ်ထားချင်နေမိသည်။
"မင်း ဆေးလိပ်သောက်တတ်တာလား... ဒါဆို ခဏစောင့်ဦး... ငါ့ဆီမှာ ဆေးလိပ်ကောင်းကောင်းတွေ ရှိတယ်..."
ကျောက်ချင်းသည် ချက်ချင်းပင် တင်ပါးကို လှုပ်ခါကာ အနောက်ဘက်အခန်းဆီသို့ ပြေးသွားရာ သူမ၏ ဒေါက်မြင့်ဖိနပ်များမှ ဒေါက် ဒေါက် ဒေါက် ဟူသော အသံများ ထွက်ပေါ်နေသည်။
ခဏအကြာတွင် သူမသည် လက်ထဲ၌ လှပသေသပ်သော သစ်သားသေတ္တာလေး တစ်လုံးကို ကိုင်ဆောင်ကာ ပြန်လည်ပြေးထွက်လာခဲ့သည်။
သစ်သားသေတ္တာကို မြင်သောအခါ လျူအာကျူးမှာ သက်ပြင်းချနိုင်သွားသည်။ အကယ်၍ ၎င်းသာ ကတ်ထူဘူးတစ်ဘူး ဖြစ်နေပါက အနက်ရောင်ပိုးသားခြေအိတ်ရှည်များဟု သူ ထင်မိမည်မှာ သေချာပေသည်။
မည်သို့ပင်ဆိုစေကာမူ ဤမျှခေတ်မီသော အမျိုးသမီးတစ်ဦးအတွက် အနက်ရောင်ပိုးသားခြေအိတ်ရှည်တစ်စုံ ပိုင်ဆိုင်ထားခြင်းမှာ အဆန်းတကြယ်တော့ မဟုတ်ပေ။
"ဒါကို ကြည့်ကြည့်လိုက်ပါဦး... မင်း ကြိုက်လား..."
ကျောက်ချင်းက သေတ္တာကို ကမ်းပေးလိုက်သည်။
လျူအာကျူးသည် ၎င်းကို ပေါ့ပေါ့ပါးပါး ဖွင့်ကြည့်လိုက်ရာ အတွင်း၌ သေသပ်စွာ ထုပ်ပိုးထားသော ကျူးဘားဆေးပြင်းလိပ် ငါးလိပ်ကို တွေ့လိုက်ရသည်။
ဤအရာများသည် နိုင်ငံအတွင်း အလွန်ရှားပါးသော အဆင့်မြင့် ပစ္စည်းများ ဖြစ်ကြသည်။
အကယ်၍ လက်ဆောင်အဖြစ် အသုံးပြုမည်ဆိုပါက သေချာပေါက် အလွန် ဂုဏ်သိက္ခာရှိပေလိမ့်မည်။ အရေးကြီးသော အချိန်များတွင် ဤဆေးပြင်းလိပ် ငါးလိပ်ကို ခေါင်းဆောင်တစ်ဦးထံသို့ ပေးလိုက်ခြင်းက ရာထူးတိုးရန်ပင် အကြောင်းဖန်လာနိုင်ပေသည်။
လျူအာကျူးသည် ကျောက်ချင်းကို အံ့ဩတကြီး ကြည့်လိုက်သည်။
“ခင်ဗျား နောက်နေတာလား... ကျွန်တော့်ကို အခုလို ကောင်းတဲ့ပစ္စည်းမျိုး ပေးရအောင်လို့လေ... သတိထားဦး... ခင်ဗျားရဲ့ ယောက်ျားက ခင်ဗျားကို ရိုက်နေဦးမယ်..."
"ငါ့ယောက်ျားက ငါ့ကို မရိုက်ပါဘူး..."
ကျောက်ချင်းက ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"မင်းက သဘောကျတဲ့ပုံ ပေါ်နေတာပဲ... ဒါဆို ယူလိုက်ပါ... ဒါတွေကို ငါ နိုင်ငံခြားမှာ ပညာသွားသင်တုန်းက အထူးတလည် ဝယ်လာခဲ့တာ..."
"ဒါက... တကယ့်ကို အတော်လေး တန်ဖိုးကြီးတာပဲ..."
လျူအာကျူးမှာ ယူရန် အားနာနေဆဲပင်။
"ငါက မင်းကို အလကားပေးနေတာ မဟုတ်ပါဘူး... အခုတစ်ခါ မင်းက ငါ့ကို တကယ်ပဲ စိတ်ကူးဉာဏ် အလင်းပွင့်သွားစေခဲ့တယ်... ဒါ့အပြင် ပြီးခဲ့တဲ့အကြိမ်က ငါ့သမီး ပြန်လာတုန်းက ငါ့အတွက် ကိတ်မုန့်နဲ့ စီချွမ်းဟင်းလျာတွေ လုပ်ပေးခဲ့တယ်လေ... အဲဒါတွေကို မင်းက သင်ပေးလိုက်တာလို့ သူမက ပြောတယ်... အဲဒါတွေက စားဖိုမှူးတော်တော်များများရဲ့ အဓိကကျွမ်းကျင်မှုတွေဖြစ်ပေမဲ့ မင်းက သူမကို သင်ပေးဖို့ ဆန္ဒရှိခဲ့တယ်... ဒါကို ငါတို့နှစ်ယောက်အတွက် သင်တန်းကြေးလို့ သဘောထားလိုက်ပါ... ဟုတ်ပြီလား..."
ကျောက်ချင်းက ပြုံးလျက် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင်မူ လျူအာကျူးအနေဖြင့် လက်ခံရန် ပိုမိုလွယ်ကူသွား၏။
"ကောင်းပြီလေ... ကျွန်တော် ယူလိုက်ပါ့မယ်... ဒါပေမဲ့ ခင်ဗျားကို ပိုက်ဆံတော့ ပေးရမှာပဲ... ဘာပဲဖြစ်ဖြစ် ဒါတွေက ဈေးမပေါဘူးမလား..."
"အမေရိကန်ဒေါ်လာ ငါးဆယ်..."
ကျောက်ချင်းသည် လျူအာကျူးကို သူမ မည်မျှတန်ဖိုးထားကြောင်း ပြသရန်အတွက် ဈေးနှုန်းကို ပြောပြလိုက်သည်။
ငွေလဲလှယ်နှုန်းအရ တွက်ကြည့်မည်ဆိုပါက ယွမ် ၁၂၀ ကျော်ပင် ဖြစ်လေသည်။
လျူအာကျူးသည် ဈေးနှုန်းကို တိတ်တဆိတ် တွက်ချက်လိုက်ပြီးနောက် ဓာတ်ဘူးကို ကြည့်လိုက်လေသည်။
"ကျွန်တော် နည်းနည်း ရေဆာနေလို့... ရေနည်းနည်းလောက် ငှဲ့ပေးလို့ရမလား..."
ကျောက်ချင်းက အလျင်အမြန် တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်... ငါက မင်းနဲ့ စကားပြောဖို့ပဲ အာရုံစိုက်နေလို့ ရေငှဲ့ပေးဖို့တောင် မေ့သွားတယ်..."
သူမ ရေငှဲ့ရန် မတ်တတ်ရပ်လိုက်ချိန်တွင် လျူအာကျူးသည် ဆိုဖာကြားထဲသို့ ယွမ် ၁၃၀ ကို ထိုးထည့်လိုက်လေသည်။
ကျေးဇူးကြွေးတင်ခြင်းက ကိစ္စမရှိသော်လည်း မည်သူဖြစ်သည်ဆိုသည့်အပေါ် မူတည်သည်။
ကုန်တိုက်မှ မန်နေဂျာကျိုးဖြစ်စေ၊ အထည်အလိပ်စက်ရုံမှ လွီရှန့်လီဖြစ်စေ၊ သို့မဟုတ် ပြည်သူ့လုံခြုံရေးဗျူရိုမှ ညွှန်ကြားရေးမှူးချန်နှင့် ခရိုင်ပါတီအတွင်းရေးမှူးဖြစ်စေ သူသည် သူတို့၏ ကျေးဇူးများကို လွတ်လပ်စွာ ယူထားနိုင်ပေသည်။
အဘယ်ကြောင့်ဆိုသော် သူတို့ကဲ့သို့ လူများနှင့်ဆိုပါက ကျေးဇူးကြွေး ပိုများလေလေ ဆက်ဆံရေး ပိုမိုနက်ရှိုင်းလေလေ ဖြစ်သောကြောင့်ပင်။
သို့သော် ဤမိသားစုနှင့်မူ သူ တကယ့်ကို ပတ်သက်ချင်စိတ်မရှိပေ။
အထူးသဖြင့် စုန့်ကော်ဝမ်ပင်။ သူက ထိုလူကို မနှစ်သက်သောကြောင့် သူနှင့် သူငယ်ချင်း မဖြစ်လိုခြင်းဖြစ်သည်။
*သူက ဌာနမှူးဖြစ်နေတော့ရော ဘာအရေးလဲ….ငါကပဲ ဌာနမှူးတွေ အများကြီးနဲ့ မတွေ့ဖူးတဲ့အတိုင်းပဲ”