← Chapters

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း ၂၂၄

Vol. 23 Ch. 224

အခန်း (၂၂၄) - နောက်ထပ်နှစ်ယောက်

သွေးမိုးများ သူ့အပေါ်သို့ ကျဆင်းလာချိန်တွင် လင်းဖန်က သူ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့လာသကဲ့သို့ ခံစားလိုက်ရသည်။

ရက်စက်ကြမ်းကြုတ်လိုသော ပြင်းပြသည့်ဆန္ဒတစ်ခုက သူ၏စိတ်အာရုံကို လွှမ်းမိုးလာလေသည်။

“သတ်...”

“သတ်ဖြတ်ပစ်...”

“သူတို့အားလုံး သွေးထွက်သံယိုဖြစ်ပါစေ...”

“ရွာသားတွေ မင်းကို ဘယ်လို စွန့်ပစ်သွားခဲ့သလဲဆိုတာ မှတ်ထားစမ်း...”

အသံတစ်သံက သူ့ကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာစေရန် ထပ်တလဲလဲ သွေးဆောင်ဖြားယောင်းနေပေသည်။

လင်းဖန်က ထိုအရာများကို ဖယ်ရှားပစ်ရန် ခေါင်းကိုခါယမ်းလိုက်သည်။

သို့သော် အလုပ်မဖြစ်ခဲ့ပေ။

လင်းဖန်သည် ဟိုမင့်ဘက်သို့ အကဲခတ်ကြည့်လိုက်ရာ ဟိုမင်လည်း ထိုနည်းတူ ခံစားနေရသည်ကို တွေ့လိုက်ရလေသည်။

သူ တစ်ခုခုကို မြန်မြန်လုပ်မှ ဖြစ်ပေမ

ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ကံကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်

ထို့နောက် တူနှစ်လက်ကို ထုတ်ယူလိုက်ပြီး တစ်လက်နှင့်တစ်လက် ရိုက်ခတ်လိုက်သည်။

ဒေါင်...

ဝိညာဉ်ဖျက်သံမဏိ၏ အာနိသင်ပါဝင်နေသော ရှစ်ကွက်အင်းအသံလှိုင်းကြောင့် သူ ကိုယ်တိုင်ပင် ခဏတာ မှင်တက်သွားရလေသည်။

သတိပြန်လည်လာချိန်တွင် အသံများနှင့် ရက်စက်ကြမ်းကြုတ်လိုသော ဆန္ဒများမှာ ပျောက်ကွယ်သွားချေပြီ။

ဟိုမင်မှာ သူ၏ခေါင်းကို အတင်းကိုင်ထားရပြီး ရှစ်ကွက်အင်းအသံလှိုင်း၏ အာနိသင် လျော့ကျသွားချိန်မှသာ လက်လွှတ်လိုက်လေသည်။

သူသည် ဓားကို ပြန်ကောက်ကိုင်လိုက်ပြီး သူ့ထံသို့ ပြေးဝင်လာသော တပည့်များကို ထိုးသွင်းတိုက်ခိုက်လိုက်သည်။

လင်းဖန်ကလည်း တူများကို ပစ်လွှတ်လိုက်ကာ ထိန်းချုပ်ရန် ချီစွမ်းအင်ကို အသုံးပြုလိုက်သည်။

ဒုတ်...

လင်းဖန်၏ ထိန်းချုပ်မှုအောက်တွင် တူများက ပျံသန်းသွားပြီး တပည့်များ၏ခေါင်းများကို ရိုက်ခွဲပစ်လိုက်လေသည်။

ထိုစဉ် ထန်ရှောင်ယောင်၏စစ်တပ်မှ အကြွင်းအကျန်များသည် သူတို့၏နောက်ကျောဘက်မှ ချဉ်းကပ်လာကြသည်။

ယခုအခါ သူတို့၏မျက်လုံးများက သွေးရောင်လွှမ်းနေပြီး ပါးစပ်များမှ အမြှုပ်များထွက်ကာ သတ်ဖြတ်လိုစိတ်များ ထကြွနေကြချေပြီ။

သွေးမိုးများက သူတို့ကို ရက်စက်ကြမ်းကြုတ်ခြင်းနှင့် သေခြင်းတရားကို မက်မောလာစေခဲ့ခြင်းပင်။

“သေစမ်း... ဟူလူမျိုးနွယ်စုက ခွေးမသားတွေ...”

“ချွမ်မင်းဆက်အတွက် တိုက်ပွဲဝင်ကြ...”

“ဒီလူရိုင်းတွေနဲ့ ငါတို့ နောက်က မိသားစုတွေကြားမှာ ငါတို့ပဲ ရှိတော့တာ...”

“မြင်သမျှ လူအကုန်လုံးကို သတ်ပစ်ကြ...”

သူတို့မှာ သတိလွတ်နေကြပြီး မြောက်ဘက်နယ်စပ်တွင် ဟူလူမျိုးနွယ်စုနှင့် တိုက်ပွဲဝင်နေဆဲဟု ထင်မှတ်နေကြပေသည်။

သူတို့သည် အသိစိတ်မဲ့စွာဖြင့် တပည့်များကိုပင် ဝင်ရောက်တိုက်ခိုက်ကြတော့သည်။

မြေပြင်ပေါ်သို့ လဲကျသွားသူများ၏ဝိညာဉ်များမှာ အလင်းတိုင်ကြီးထဲသို့ စုပ်ယူခံလိုက်ရလေသည်။

စစ်သည်များ ရုတ်တရက်ဝင်ရောက်လာခြင်းက လင်းဖန်နှင့် ဟိုမင်အတွက် အချိန်တိုလေးတစ်ခု ရရှိသွားစေသည်။

“အစီအရင်ကို ဖျက်ဆီးကြစို့...”

လင်းဖန်ကပြောလိုက်ပြီး ဆက်တိုက်‌ခုန်ပျံခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။

ဟိုမင်သည်လည်း ထိုအတိုင်း လိုက်လုပ်ကာ အလင်းတိုင်ကြီးဆီသို့ ခုန်တက်သွားသည်။

အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော တပည့်များက သူတို့ လာနေသည်ကို မြင်သောအခါ အမြန်တားဆီးရန် ကြိုးစားကြသည်။

လင်းဖန်က သူတို့ဆီသို့ စက္ကူရုပ် (၁၀)ရုပ်ကို ပစ်လွှတ်လိုက်သည်။

စက္ကူရုပ်တို့မှာ အသက်ဝင်လာပြီး သူတို့၏မျက်နှာများပေါ်သို့ တွယ်တက်သွားကြလေသည်။

အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော တပည့်များက စက္ကူရုပ်များကို လက်များဖြင့်ဖယ်ရှားရန် ကြိုးစားကြသည်။

သို့သော် စက္ကူရုပ်များက ရှောင်တိမ်းသွားပြီး သူတို့၏ မျက်လုံးများကို ထိုးဖောက်ရန် (သို့မဟုတ်) မျက်နှာပေါ်ရှိ အရေပြားများကိုဆွဲခွာရန် ကြိုးစားကြတော့သည်။

အား...

အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော တပည့်အချို့မှာ သူတို့၏ မျက်လုံးများ အထိုးခံရသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။

ထိုသူတို့ စက္ကူရုပ်များကြောင့် အာရုံလွှဲခံနေရချိန်တွင် လင်းဖန်က ရှစ်ကွက်အင်းပုံသဏ္ဌာန်မှန်ကို ထုတ်ယူလိုက်ပြီး တပည့်များထဲမှ ‘အစီအရင်မျက်လုံး’ ကို ရှာဖွေသိရှိသွားလေပြီ။

သူသည် မက်မွန်သစ်သားဓားကို ထုတ်ယူလိုက်ကာ ထိုတပည့်ထံသို့ ပြေးဝင်သွားလိုက်သည်။

ဝှစ်...

မက်မွန်သစ်သားဓားက တပည့်ဖြစ်သူနှင့် အစီအရင်ကိုဆက်သွယ်ထားသော အစိမ်းရောင်တောက်ပနေသည့် ကြိုးချည်နှောင်မှုကို ဖြတ်တောက်လိုက်လေသည်။

ထိုတပည့်မှာ နောက်သို့ခုန်ဆုတ်ကာ ရှောင်တိမ်းရန်ကြိုးစားလိုက်ပြီး အစိမ်းရောင်တောက်ပနေသော ကြိုးချည်နှောင်မှုကို ပြန်လည်ဆက်သွယ်ရန် ကြိုးပမ်းလိုက်သည်။

သို့သော် လင်းဖန်နှင့်ယှဉ်လျှင် သူသည် အရမ်းနှေးကွေးနေခဲ့လေသည်။

လင်းဖန်က မက်မွန်သစ်သားဓားကို ထိုတပည့်၏လည်ပင်းထဲသို့ ထိုးသွင်းလိုက်တော့သည်။

အစီအရင်၏ ဗဟိုချက်မှ သက်စောင့်စွမ်းအင်များ ပျောက်ကွယ်သွားသည်နှင့်အမျှ အလင်းတိုင်ကြီးမှာလည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားလေသည်။

“ဟိုမင်... သွားကြစို့...”

လင်းဖန်က ဟိုမင်ကို အော်ပြောလိုက်သည်။

ဟိုမင်က ခေါင်းညိတ်ပြလိုက်ရာ လင်းဖန်က သူ့ကို ဆွဲဖမ်းလိုက်လေသည်။

ဘုန်း...

ဆက်တိုက်ခုန်ပျံခြင်းစွမ်းရည်ဖြင့် သူတို့နှစ်ဦး လေထဲသို့ ခုန်တက်သွားကြသည်။

လင်းဖန်က လေဟာပြင်ကိုနင်းကာ ထပ်မံခုန်ပျံလိုက်ပြီး မူလနေရာမှနေ၍ အဝေးသို့ ရေပြင်ညီအတိုင်း ပျံသန်းထွက်ခွာသွားလေသည်။

‘နှစ်ခုပြီးသွားပြီ... နောက်ထပ်နှစ်ခု ကျန်သေးတယ်...’

လင်းဖန်က တတ်နိုင်သမျှ အဝေးဆုံးသို့သွားရန် ကြိုးစားရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

ကျန်းရှင်း မည်သည့်နေရာ၌ မည်သို့ဖြစ်ပျက်နေသည်ကဖြင့် မြို့၏ထောင့်တစ်နေရာအား ကျပန်းရွေးချယ်ကာ ဦးတည်သွားလိုက်တော့သည်။

…

မျှော်စင်ငယ်လေးအတွင်း၌...

“အသုံးမကျတဲ့ကောင်တွေ...”

နောက်ဆုံးရသတင်းကို ကြားလိုက်ရချိန်တွင် လီရုံက အကြီးအကဲကို အော်ဟစ်လိုက်လေသည်။

“ကျုပ်တို့ အခု ဘာဆက်လုပ်ကြမလဲ... သူတော်စင်မိန်းကလေး...”

အကြီးအကဲက မေးလိုက်သည်။

လီရုံက မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်သည်။

အခြေအနေများက သူမမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောကြောင့် အစီအစဉ်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲရပေမည်။

ဧကရာဇ်၏စစ်တပ်နှင့် အခြားဂိုဏ်းများက သူမကို ဤမြို့အား အချိန်ကြာမြင့်စွာ ဖျက်ဆီးခွင့် ပြုထားမည်မဟုတ်ပေ။

ဟော်ရန်ယိထံမှ အကူအညီတောင်းရမည်ဆိုသည့်အတွေးကပင် သူမကို ရွံရှာသွားစေသည်။

ထို့ကြောင့် ထိုကိစ္စကို လုံးဝ စဉ်းစားမည်မဟုတ်ချေ။

နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက်ချလိုက်သည်။

“ငါတို့ရထားတဲ့ ဝိညာဉ်တွေကို ငါ့ရဲ့ကိုယ်ပွားဆီ ပို့လိုက်... ငါ့ကိုယ်ပွားက ဘယ်သူလာလာ ရင်ဆိုင်တိုက်ခိုက်လိမ့်မယ်...”

“ဒါပေမဲ့ တစ္ဆေတစ်ထောင်ဆေးရည်ကရော...”

အကြီးအကဲက မေးလိုက်သည်။

“ငါတို့ဆီမှာ အဲဒီအတွက် ဝိညာဉ်အလုံအလောက် မရှိသေးဘူး... အခု ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ...”

အကြီးအကဲက ခေါင်းညိတ်ပြလိုက်ပြီးနောက် မြေပြင်ပေါ်သို့ စာလိပ်တစ်ခုကို ဖြန့်ချလိုက်ကာ မန္တန်ရွတ်ဆိုလေတော့သည်။

စာလိပ်မှာ တုန်ခါသွားပြီး အော်ဟစ်ညည်းတွားသံများကို ကြားလိုက်ရလေသည်။

အလင်းတိုင်ကြီးများအတွင်းသို့ စုပ်ယူခံခဲ့ရသော ဝိညာဉ်များသည် စာလိပ်ထဲမှ ထွက်ပေါ်လာကြသည်။

၎င်းတို့သည် လီရုံ၏ အလင်းဖောက်ထွင်းမြင်နေရသော ကိုယ်ပွားပုံရိပ်ထဲသို့ ပျံသန်းဝင်ရောက်သွားကြလေသည်။

သူမ၏ကိုယ်ပွားထဲသို့ ဝိညာဉ်များ ပိုမိုဝင်ရောက်လာသည်နှင့်အမျှ ကိုယ်ပွားမှာ ပိုမိုထင်ရှားပီပြင်လာတော့သည်။

ဤဖြစ်စဉ်သည် ဝိညာဉ်များအားလုံး သူမ၏ကိုယ်ပွားမှ စုပ်ယူဝါးမျိုသွားသည်အထိ နာရီဝက်ခန့် ကြာမြင့်သွားလေသည်။

လီရုံက သူမ၏ချီစွမ်းအင်များကို ထုတ်လွှတ်လိုက်သောအခါ အခန်းတစ်ခုလုံး တုန်ခါသွားလေတော့သည်။

…

ချင်ဖုန်းဂိုဏ်း...

“မြန်မြန်လုပ်...”

ကျန်းရီနျန်က ကျန်းရှီကို အော်ပြောလိုက်သည်။

သူသည် အစောင့်အရှောက်သားရဲကြီး၏ ကျောပေါ်တွင်ရှိနေပြီး သူမ တက်လာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဟုန်ဖုန်းမြို့ရှိသတင်းများ ချင်ဖုန်းဂိုဏ်းသို့ ရောက်လာသောအခါ သူသည် လင်းဖန်၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်သွားခဲ့ပြီး ထိုနေရာသို့ အမြန်ဆုံးသွားချင်နေခဲ့သည်။

ကျန်းရှီက အစောင့်အရှောက်သားရဲကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။

“အရေးပေါ်ကိစ္စတွေအတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့ လိုတယ်... အဲဒါက လင်းဖန်နဲ့အတူ တာဝန်တွေ အများကြီး ထမ်းဆောင်ပြီးတဲ့နောက် သူ့ဆီကနေ ကျမ သင်ယူခဲ့ရတဲ့အရာပဲ...”

ကျန်းရီနျန်က သူ၏ လက်သီးကို ဆုပ်ပြလိုက်သည်။

“ဟင်း... ငါ့အတွက် လိုအပ်တာတွေ အားလုံးက ဒီမှာတင် အပြည့်အစုံရှိတယ်...”

ကျန်းရှီက သူမ၏နဖူးကို ရိုက်လိုက်ပြီး ခေါင်းခါမ်းယမ်းလိုက်လေသည်။

“နောင်တရတာထက်စာရင် ကြိုတင်ကာကွယ်ထားတာက ပိုကောင်းပါတယ်...”

“စိတ်မပူပါနဲ့... ဟင်းလင်းပြင်ပေါင်းစပ်ခြင်းအဆင့်အောက်မှာဆိုရင် ဘယ်သူမှ ငါ့ကို မသတ်နိုင်ပါဘူး... ပြီးတော့ ကျောက်မင်ယဲ့ဆီကနေ ငါ့အတွက်လိုအပ်တဲ့ မှော်ရတနာတွေကိုလည်း ငါယူလာခဲ့သေးတယ်...”

သူက ထိုသို့ပြောလိုက်ပြီးနောက် ကြေးခေါင်းလောင်းတစ်ခုကို ထုတ်ယူလိုက်သည်။

“ဒါက ဘာလဲဟင်...”

ကျန်းရှီက မေးလိုက်သည်။

“ဒါက ဝိညာဉ်တည်ငြိမ်ခြင်းခေါင်းလောင်းပဲ... သူ့ရဲ့အသံက နင့်ရဲ့ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှာ တည်တည်ငြိမ်ငြိမ် ရှိနေစေလိမ့်မယ်... ငါတို့ ရင်ဆိုင်ရမှာက တစ္ဆေကျင့်ကြံသူတွေပဲလေ...”

ကျန်းရီနျန်က ရှင်းပြလိုက်ပြီးနောက် ခေါင်းလောင်းကို သိမ်းဆည်းလိုက်လေသည်။

ကျန်းရှီက သက်ပြင်းချလိုက်သည်။

“ဒါဆိုရင်လည်း ကျွန်မတို့ သွားကြတာ ပိုကောင်းမယ်...”

ဟွမ်ယွမ်ခွန်းသည်လည်း ချင်ဖုန်းဂိုဏ်းမှ အခြားစီနီယာတပည့်အချို့နှင့်အတူ ပါဝင်လာခဲ့သည်။

ဟွမ်ယွမ်ခွန်းသည် တိုက်ပွဲအတွက် ဂိုဏ်းမှ ထွက်ခွာလာရသည်ကို အလွန်ဝမ်းသာနေခဲ့သည်။

အစောင့်အရှောက်သားရဲကြီးက ၎င်း၏အတောင်ပံများကို ခတ်လိုက်သောအခါ လေပြင်းများ တိုက်ခတ်သွားလေတော့သည်။

All Chapters