← Chapters

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း ၂၂၉

Vol. 23 Ch. 229

အခန်း (၂၂၉) - ဓားဆေးလုံး

လီရုံသည် လှံကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လျက် လင်းဖန်နှင့်နီးကပ်အောင် တိုးကပ်လာလေသည်။

နာကျင်မှုကိုလျစ်လျူရှုပြီး လှံအား မိမိခန္ဓာကိုယ်ကို ဖောက်ထွက်သွားစေလိုက်သည်။

သူမသည် အနီးကပ်ဆုံးအကွာအဝေးသို့ ရောက်သည်နှင့် လင်းဖန်၏လည်ပင်းကို လှမ်း၍ ညှစ်လိုက်တော့သည်။

“ဒါတွေအားလုံး... မြန်မြန်ဆန်ဆန်ပဲ ပြီးဆုံးသွားလိမ့်မယ်လို့ ငါ ကတိပေးပါတယ်...”

လီရုံကပြောလိုက်ရင်း သူမ၏ဆုပ်ကိုင်မှုကို ပိုမိုတင်းကျပ်လိုက်လေသည်။

သူမ အံ့အားသင့်သွားရသည်မှာ လင်းဖန်က သရော်ပြုံး ပြုံးလိုက်ခြင်းပင် ဖြစ်သည်။

“မင်းကပဲ ငါ့ကို ဖမ်းမိသွားပြီလို့ ဘာလို့ ထင်နေရတာလဲ...”

လင်းဖန်က ပြောလိုက်ပြီး နဂါးဟိန်းသံလှံကို ဆုပ်ကိုင်မထားသော အခြားလက်တစ်ဖက်ကို မြှောက်လိုက်သည်။

ထိုလက်ထဲတွင် ဆေးလုံးတစ်လုံး ရှိနေပေသည်။

လီရုံသည် ထိုဆေးလုံးကို လှမ်းကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

ဆေးလုံးအတွင်းမှ ဓားတစ်ထောင်၏ ချီစွမ်းအင်အရှိန်အဝါများ ကိန်းအောင်းနေသည်ကို အာရုံခံမိလိုက်၍ ဖြစ်သည်။

ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် ဓားပုံရိပ်များလည်ပတ်နေပြီး ထိုအရှိန်အဝါက သူမအား ပိုင်းဖြတ်ထိုးနှက်နေသကဲ့သို့ ခံစားလိုက်ရသည်။

လင်းဖန်သည် ကျန်းရှင်းထံမှရရှိထားသော ဓားဆေးလုံးကိုအသုံးပြုရန် ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သူသည် ဓားဆေးလုံးထဲသို့ ချီစွမ်းအင်များ ထည့်သွင်းလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်ကာ ညှစ်ခြေလိုက်လေသည်။

ဆေးလုံးအတွင်းမှ တောက်ပသော ဓားအလင်းတန်းများ ပန်းထွက်လာပြီး လီရုံထံသို့ ဦးတည်ပျံသန်းသွားတော့သည်။

သူမသည် အလွန်နီးကပ်နေသဖြင့် ထိုဓားများကို ရှောင်တိမ်းရန် လုံးဝ မတတ်နိုင်ချေ။

ဒုတ်...

ဓားများသည် သူမ၏ လည်ပင်းနှင့် ဦးခေါင်းကို အလွယ်တကူပင် ဖောက်ထွက်သွားတော့သည်။

ဖျန်း...

သူမ၏လည်ပင်းနှင့် ဦးခေါင်းရှိ ဟက်တက်ကွဲနေသော ဒဏ်ရာအပေါက်များမှ သွေးများ တစက်စက် စီးကျလာလေသည်။

ယခုအခါ သူမ၏ရုပ်သွင်မှာ မည်သူမျှ မှတ်မိနိုင်စရာ မရှိတော့ပေ။

သူမသည် ဒဏ်ရာများကိုကုစားရန် စွမ်းအင်များကို စုစည်းလိုက်ရသဖြင့် လင်းဖန်ကိုဆုပ်ကိုင်ထားသော လက်များမှာ လျော့ရဲသွားတော့သည်။

လင်းဖန်သည် ကောင်းကင်မူလလက်သည်းကို အသုံးပြု၍ သူမကို အပြတ်ရှင်းရန် အခွင့်အရေးကို အရယူလိုက်သည်။

သူမ၏ တန်းထျန်သို့ လက်သည်းဖြင့်ထိုးစိုက်ကာ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များကို ဖြတ်တောက်ရန် ကြိုးစားလိုက်သည်။

သို့သော် တစ္ဆေကျင့်ကြံသူ အဘိုးအိုသည် ကျမ်းစာများရေးထွင်းထားသော သံကြိုးတစ်ချောင်းကိုလှမ်းပစ်လိုက်ပြီး လင်းဖန်၏လက်ကောက်ဝတ်ကို ရစ်ပတ်နှောင်ဖွဲ့လိုက်လေသည်။

ထိုသံကြိုးသည် နီရဲသောအလင်းတန်းများ ဖြာထွက်လာပြီး လင်းဖန်၏ချီနှင့် စွမ်းအင်များကို စုပ်ယူဝါးမျိုပစ်တော့သည်။

လင်းဖန်သည် အခြားရွေးချယ်စရာမရှိတော့ဘဲ မြူခိုးများအဖြစ်ပြောင်းလဲကာ သံကြိုး၏ချုပ်နှောင်မှုမှ ရုန်းထွက်လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူသည် လီရုံ၏ကျောပြင်နောက်၌ ပြန်လည်ပေါ်လာလေသည်။

ဤတစ်ကြိမ်တွင် သူသည် ကျန်ရှိသမျှ ချီနှင့် စွမ်းအင်အားလုံးကို ထုတ်သုံးကာ လက်သည်းများကို လီရုံ၏ခါးဆီသို့ ထိုးစိုက်လိုက်သည်။

လက်သည်းများ တစ်ဝက်ခန့်နစ်ဝင်သွားချိန်တွင် လီရုံကတုံ့ပြန်လိုက်ပြီး တံတောင်ဆစ်ဖြင့် လင်းဖန်၏ဦးခေါင်းကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။

ဘုန်း...

ထိုရိုက်ချက်ကြောင့် လင်းဖန်သည် လွင့်ထွက်သွားပြီး နံရံတစ်ခုကို ပြင်းထန်စွာ ဆောင့်မိမှသာ ရပ်တန့်သွားတော့သည်။

နံရံသည် ပြင်းထန်သောအရှိန်ကြောင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အပျက်အစီးများက လင်းဖန်အပေါ်သို့ ပြိုကျလာလေသည်။

“မင်း... ဒီအတွက် ပြန်ပေးဆပ်ရမယ်...”

လီရုံသည် လင်းဖန်ရှိရာဘက်သို့လှည့်၍ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

သူမ၏လည်ပင်းနှင့် ဦးခေါင်းရှိ ဒဏ်ရာများသည် ယခုအခါ တစ်ဝက်ခန့် ပြန်လည်စေ့သွားပြီ ဖြစ်သည်။

သို့သော် သူမထံတွင် ဒဏ်ရာများကို အပြည့်အဝကုစားရန် ချီနှင့် စွမ်းအင် လုံလောက်စွာ ကျန်ရှိမနေတော့ချေ။

နောက်တစ်ခဏတွင် သူမသည် မျက်လုံးများကိုမှိတ်လိုက်ပြီး လက်နှစ်ဖက်ကို မြှောက်လိုက်လေသည်။

တစ်မြို့လုံးကို ဖျက်ဆီးနေသော အလောင်းကောင်များအားလုံး လှုပ်ရှားမှုရပ်တန့်သွားပြီး လူသေကောင်များထဲတွင် ပူးကပ်နေသောဝိညာဉ်များသည် ခန္ဓာကိုယ်များထဲမှထွက်ခွာကာ ကောင်းကင်ယံသို့ ပျံသန်းသွားကြတော့သည်။

၎င်းတို့သည် မြို့စားအိမ်တော်ဆီသို့ ဦးတည်ပျံသန်းလာပြီး လီရုံ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကြလေသည်။

ခဏချင်းအတွင်းမှာပင် သူမ၏ ဒဏ်ရာအားလုံးမှာ ပိတ်သွားတော့သည်။

ယခုအခါ သူမတွင် လင်းဖန်ကိုရင်ဆိုင်ရန် လုံလောက်သော ချီနှင့် စွမ်းအင်များ ပြန်လည်ပြည့်ဝလာပြီ ဖြစ်သည်။

လင်းဖန်သည် ထရပ်ရန် ကြိုးစားလိုက်စဉ်မှာပင် နီရဲသောအလင်းတန်းတစ်ခုမှာ မိမိထံသို့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။

သူသည် ခုခံရန် ကြိုးစားလိုက်သော်လည်း လီရုံ၏အရှိန်မှာ အလွန်ပင် မြန်ဆန်လှပေသည်။

ဘုန်း...

လင်းဖန်သည် ရင်ဘတ်ကို တည့်တည့်ထိမှန်သွားသော လီရုံ၏ကန်ချက်ကို ခံလိုက်ရလေသည်။

သူသည် မြေပြင်ပေါ်တွင် လိမ့်ထွက်သွားပြီးမှ ရပ်တန့်သွားကာ သွေးလမ်းကြောင်းတစ်ခု စွန်းထင်ကျန်ရစ်ခဲ့သည်။

သူ၏ဦးနှောက်သည် လွတ်မြောက်ရာလမ်းကို အသည်းအသန်စဉ်းစားရန် အစွမ်းကုန်အလုပ်လုပ်နေတော့သည်။

အဆောင်ဆွဲပြားသည် သူရွေးချယ်နိုင်သည့် နည်းလမ်းများထဲမှ တစ်ခုပင်။

၎င်းသည် မိစ္ဆာသားရဲအမြုတေ၏ အဆီအနှစ်ကိုအသုံးပြုကာ သူ၏ချီစွမ်းအင်ကို ပြန်လည်အားဖြည့်ပေးနိုင်ပေသည်။

နာကျင်မှုကိုအံတုရင်း သူသည် ရေခဲစွယ်ဆင်၏ မိစ္ဆာသားရဲအမြုတေကို ခေါင်းနှစ်လုံးရှိသောကျားအမြုတေနှင့် လဲလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူသည် ခေါင်းနှစ်လုံးရှိသော ကျားအသွင်သို့ ပြောင်းလဲသွားတော့သည်။

လီရုံသည် သူ့ထံသို့ ပြေးဝင်လာရာ ကျားခေါင်းတစ်ခုထဲမှ ရေပန်းတစ်ခုသည် သူမထံသို့ ပန်းထွက်သွားလေသည်။

ဖိအားပြင်းထန်သော ထိုရေပန်းသည် သူမ၏အရေပြားကို ဖြတ်တောက်သွားသဖြင့် သူမသည် ဘေးသို့ ရှောင်တိမ်းလိုက်ရသည်။

သူမက လင်းဖန်ထံသို့ ထပ်မံခုန်ဝင်လာပြန်ရာ သူမ၏လမ်းကြောင်းရှေ့တွင် ကျောက်တောင်တံတိုင်းတစ်ခု ပေါ်လာလေသည်။

ဝုန်း...

သူမသည် ကျောက်တောင်တံတိုင်းကိုရိုက်ခွဲကာ ဖြတ်ကျော်သွားသော်လည်း လင်းဖန်မှာမူ ထိုနေရာတွင် ရှိမနေတော့ချေ။

သူသည် ခုန်ရှောင်လိုက်ပြီး သူမထံသို့ ရေပန်းတစ်ခု ထပ်မံပန်းလွှတ်လိုက်ပြန်သည်။

ခေါင်းနှစ်လုံးရှိသော ကျားအသွင်ဖြင့် အဝေးမှတိုက်ခိုက်သည့် လင်းဖန်၏ဗျူဟာသည် အလုပ်ဖြစ်ပေသည်။

ရေပန်းသည် သူမ၏ခန္ဓာကိုယ်ကို ထပ်မံဖြတ်တောက်သွားပြန်ရာ လီရုံသည် ဘေးသို့ တိမ်းရှောင်လိုက်ရပြန်သည်။

“ဒီကိုလာစမ်း...”

လီရုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။

လင်းဖန်သည် ကိုင်တွယ်ရခက်ခဲလှကြောင်း သိမြင်သွားပြီးနောက် သူမသည် အကြီးအကဲဘက်သို့လှည့်ကာ ပြောလိုက်သည်။

“သူ့ကိုဖမ်းဖို့ ကူညီဦး...”

“ဟုတ်ကဲ့ပါ... သူတော်စင်မိန်းကလေး...”

အကြီးအကဲက ပြန်လည်ဖြေကြားလိုက်သည်။

အကြီးအကဲသည် သံကြိုးကို လင်းဖန်ထံသို့ ထပ်မံပစ်လွှတ်လိုက်ပြန်သည်။

သံကြိုး၏လမ်းကြောင်းကို တားဆီးရန် ကျောက်တောင်တံတိုင်းတစ်ခု ပေါ်လာပြန်သည်။

ဝုန်း...

ကံဆိုးစွာပင် သံကြိုးသည် ထိုတံတိုင်းကို ရိုက်ခွဲဖြတ်ကျော်သွားလေသည်။

လင်းဖန်သည် ဘေးသို့ လျင်မြန်စွာ ခုန်ရှောင်လိုက်သည်။

သို့သော် လီရုံက ဤအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ရာ သူ့ထံသို့ ပြေးဝင်လာတော့သည်။

ဒုတ်...

ရဲရဲတောက် အနီရောင်အလင်းတန်းတစ်ခုသည် လင်းဖန်ထံသို့ ရောက်ရှိလာပြီး သူမသည် ကျားခေါင်းတစ်ခုကို ဖမ်းဆုပ်လိုက်လေသည်။

သူမသည် ထိုကျားခေါင်းကို ခန္ဓာကိုယ်မှဆွဲဖြတ်ပစ်ရန် အစွမ်းကုန်အင်အားသုံး၍ ဆွဲလိုက်သည်။

လင်းဖန်သည် လူသားအသွင်သို့ ချက်ချင်းပြန်ပြောင်းလိုက်ရာ သူမ၏လက်များသည် ဟင်းလင်းပြင်ကိုသာ ဆုပ်ကိုင်မိလျက် တစ်ဖက်နှင့်တစ်ဖက် ကျော်ဖြတ်သွားတော့သည်။

ဝုန်း...

သူသည် ကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး သူ၏လှံရှိရာအရပ်သို့ ထထပ်မံခုန်ပျံသွာသည်။

နောက်ဆုံးတွင် သူသည် အကြိမ်အနည်းငယ်ခုန်ပျံပြီးနောက် မြေပြင်ပေါ်သို့ ပြန်လည်သက်ဆင်းကာ သူ၏လှံကို ပြန်လည်ကောက်ယူလိုက်လေသည်။

သူသည် လှံကိုကိုင်ဆုပ်ကာ လီရုံနှင့် အကြီးအကဲကို လှမ်းကြည့်လိုက်သည်။

လီရုံက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“နောက်ဆုံးတော့ အရှုံးပေးလိုက်ပြီပေါ့... မင်းက တကယ့်ကို ခေါင်းမာတဲ့ကောင်ပဲ... ငါတော့ မင်းကို ချီးကျူးရလိမ့်မယ်...”

လင်းဖန်က လွတ်မြောက်ရာလမ်းကို စဉ်းစားရင်း ပြန်ပြောလိုက်သည်။

“မင်း ကျေနပ်သွားတာ ဝမ်းသာပါတယ်... သူတို့တွေ အမြဲပြောလေ့ရှိတာလည်း ဒါမျိုးပဲ...”

စောစောကရရှိခဲ့သော ခဏတာနားချိန်ကြောင့် သူ၏ချီစွမ်းအင်နှင့် ကိုယ်ခန္ဓာအင်အားသည် အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပေပြီ။

ကျွီ...

အဝေးမှ စူးရှသောအော်သံတစ်ခုက သူတို့၏စကားဝိုင်းကို ဖြတ်တောက်သွားလေသည်။

ထိုစူးရှသောအော်သံမှာ မှားစရာမရှိချေ။

၎င်းသည် စောင့်ရှောက်သူသားရဲကြီး ဖြစ်ပေသည်။

လင်းဖန်သည် ကျန်းရီနျန်ပေးခဲ့သော ကျောက်စိမ်းဆွဲပြားကိုထုတ်ယူကာ ရိုက်ခွဲလိုက်သည်။

သူပြုလုပ်နေသည်ကိုမြင်သောအခါ လီရုံက မျက်ခုံးတစ်ဖက်ကိုပင့်ကာ ပြောလိုက်သည်။

“အကူအညီ ခေါ်နေတာလား... ဒါပေမဲ့ အရမ်း နောက်ကျသွားပြီ...”

သူမသည် လက်ကိုမြှောက်ကာ လင်းဖန်ထံသို့ ပြေးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အကြီးအကဲကလည်း လင်းဖန်ထံသို့ သံကြိုးကို ပစ်လွှတ်လိုက်သည်။

လင်းဖန်သည် မြူခိုးအသွင်သို့ ပြောင်းလဲသွားရာ လီရုံသည် မြူခိုးများကိုသာဖြတ်သန်းသွားပြီး လွဲချော်သွားလေသည်။

သံကြိုးသည်လည်း မြေပြင်အလွတ်ပေါ်သို့ ကျရောက်သွားပြီး ဖုန်မှုန့်များမှာ ကောင်းကင်သို့ လွင့်ပျံသွားစေတော့သည်။

ဖုန်မှုန့်များကြောင့် လင်းဖန် သွားရာအရပ်ကို မမြင်ရတော့သဖြင့် အကြီးအကဲက ပြောလိုက်သည်။

“သူ ဘယ်ရောက်သွားတာလဲ...”

All Chapters