← Chapters

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း ၄၀၆

Vol. 41 Ch. 406

အခန်း (၄၀၆) မိုးပြာ နဂါးနယ်မြေအတွင်းမှ ကြောက်မက်ဖွယ် အရှိန်အဝါ

​လီချင်းချိုးသည် ထျန်းရွှမ်ဇီကို လင်ရှောင်ကျောင်းတော်သို့ တိုက်ရိုက်ခေါ်သွားပြီး အသေးစိတ် ဆွေးနွေးရန် စီစဉ်ထားသော်လည်း ထျန်းရွှမ်ဇီ၏ သစ္စာရှိမှု (၉၉) အထိ ရောက်ရှိနေသည်ကို တွေ့လိုက်ရသောအခါ အစီအစဉ်ကို နောက်ဆုံးမိနစ်တွင် ပြောင်းလဲလိုက်သည်။

​သူသည် ထျန်းရွှမ်ဇီကို ချင်းရှောင်တောင်၏ တောင်ခြေမှ တောင်ထိပ်အထိ၊ ခန်းမများနှင့် ဂိုဏ်းခွဲများသို့ လှည့်လည်ပြသကာ ချင်းရှောင်ဂိုဏ်း၏ အသေးစိတ် အချက်အလက်များကို မိတ်ဆက်ပေးလိုက်သည်။ ထျန်းရွှမ်ဇီမှာ စိတ်လှုပ်ရှားနေသော်လည်း ဆုံးဖြတ်ချက်အတိုင်း လီချင်းချိုးကို ကူညီပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

​လီချင်းချိုးက သူ့ကို လှည့်လည်ပြသရုံသာမက ဂိုဏ်း၏ အထက်တန်းအရာရှိများနှင့်လည်း မိတ်ဆက်ပေးခဲ့သည်။ ဂိုဏ်းချုပ် ကိုယ်တိုင် မိတ်ဆက်ပေးလိုက်သောကြောင့် ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်အားလုံးက ထျန်းရွှမ်ဇီကို မှတ်မိသွားကြသည်။ ထျန်းရွှမ်ဇီ၏ ပြင်းထန်သော အရှိန်အဝါနှင့် နက်နဲလှသော ကျင့်ကြံမှုတို့ကို ကြည့်ခြင်းအားဖြင့် သူသည် ဝေထျန်းရှုံးလို ဂိုဏ်း၏ ထိပ်တန်း အာဏာစက်ဝိုင်းသို့ ဝင်ရောက်လာမည့်သူ ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

​ဂိုဏ်းတစ်ခု လျင်မြန်စွာ ဖွံ့ဖြိုးလာသောအခါ အစွမ်းထက်သော ပြင်ပမှ လူများကို ဆွဲဆောင်မိခြင်းမှာ သဘာဝပင် ဖြစ်သည်။ အချို့က မိမိတို့၏ အာဏာကို ထိခိုက်မည်ကို စိုးရိမ်ကြသော်လည်း အချို့ကမူ ထျန်းရွှမ်ဇီ၏ ရောက်ရှိလာမှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို မျှော်လင့်နေကြသည်။

​"ဝိညာဉ်ခန်းမထဲ ဝင်မယ်ဟုတ်လား….ဒါက ကောင်းတဲ့ကိစ္စပါ၊ ကျွန်တော်တို့ ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်" ဟု ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်ကာ ပျော်ရွှင်စွာ တုံ့ပြန်လိုက်သည်။

ထို့နောက် ထျန်းရွှမ်ဇီကို ကြည့်၍….

"မိတ်ဆွေ…နောက်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ကူညီကြတာပေါ့" ဟု ပြုံး၍ ဆိုလိုက်သည်။

​ထျန်းရွှမ်ဇီကလည်း မာနမကြီးပေ။ ကျန်းယွီချွန်းက ဝိညာဉ်ခန်းမ၏ ခေါင်းဆောင်သာမက လီချင်းချိုး၏ ညီငယ်လည်း ဖြစ်သည်။ လီချင်းချိုး၏ စကားတွင် ကျန်းယွီချွန်းကို ဂရုစိုက်ရန် သတိပေးချက် ပါဝင်နေကြောင်း သူ နားလည်လိုက်သည်။

​"စိတ်မပူပါနဲ့ အစ်ကိုကြီးကျန်း…. ကျွန်တော် အခုကစပြီး အစ်ကိုကြီးရဲ့ လမ်းညွှန်ချက်အတိုင်းပဲ လိုက်နာသွားမှာပါ" ဟု ထျန်းရွှမ်ဇီက ယဉ်ကျေးစွာ ပြောလိုက်သည်။

​လီချင်းချိုးက ရယ်မော၍….

"ညီလေး… သူ့ကို အထင်မသေးနဲ့… သူက ကောင်းကင်နေမင်းနယ်ပယ်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ဦးပါ… နောက်ဆိုရင် သူ့ကို စိတ်ကြိုက် အမိန့်ပေးနိုင်တယ်"

​ကောင်းကင်နေမင်းနယ်ပယ်!

​ကျန်းယွီချွန်း တိတ်တဆိတ် တုန်လှုပ်သွားသည်။ အစ်ကိုကြီးက လူသစ်တွေကို စုဆောင်းရုံသာမက သူတို့ကို ဘယ်လို စည်းရုံးရမလဲ ဆိုတာကိုပါ ကောင်းကောင်း နားလည်သူဖြစ်သည်။ သူသည်လည်း ပြင်ပမှသူများကို စည်းရုံးရန် ကြိုးစားသော်လည်း အစ်ကိုကြီးနှင့် ယှဉ်လိုက်လျှင် သူ့အောင်မြင်မှုများက သေးငယ်လွန်းလှသည်။

​"ဒါဆိုရင်တော့ ကျွန်တော် မိတ်ဆွေလို့ မခေါ်တော့ဘူး..အကြီးအကဲလို့ပဲ ခေါ်ရတော့မှာပေါ့" ဟု ကျန်းယွီချွန်းက ထျန်းရွှမ်ဇီကို အရိုအသေပေးလိုက်သည်။

​ထျန်းရွှမ်ဇီက ရယ်မော၍ …

"ခန်းမခေါင်းဆောင်ကျန်း၊ နောက်ဆိုရင်တော့ ထျန်းရွှမ်ဇီလို့ပဲ ခေါ်ပါ… အကြီးအကဲလို့ ခေါ်ရင် ဂိုဏ်းချုပ်က ကျွန်တော့်ကို အပိုင်းပိုင်းဖြတ်သွားလိမ့်မယ်… ကျွန်တော့်ကို အခက်အခဲ မဖြစ်စေပါနဲ့ဗျာ"

ထိုစကားကို ကြားသောအခါ ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်လိုက်ရင်း သူ့အစ်ကိုကြီး တည်ငြိမ်စွာ ထိုင်နေသည်ကို မြင်ရသဖြင့် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

​"အစ်ကိုကြီးရဲ့ နည်းလမ်းတွေက တကယ့်ကို စုံလင်တာပဲ…."

​ကျန်းယူချွန်းသည် လီချင်းချိုး၏ အပြုအမူကို နားလည်သွားပြီးနောက် ထျန်းရွှမ်ဇီကို လေးစားစွာ ဆက်ဆံတော့သည်။ လီချင်းချိုးကလည်း လူဝိညာဉ်ခန်းမတွင် နာရီဝက်ခန့် နေပြီးနောက် ထျန်းရွှမ်ဇီကို ကျန်းယူချွန်းလက်သို့ အပ်နှံကာ ပြန်လည် ထွက်ခွာခဲ့သည်။ လီတုန်းယွဲ့ လက်ထဲတွင် လူသားဧကရာဇ် ခေါင်းလောင်း ရှိနေပြီး ကျန်းယူချွန်းလက်ထဲတွင် ကောင်းကင်လျှို့ဝှက်ချက်လူသား ရှိနေသဖြင့် ကျန်ရှိနေသော ညီငယ်၊ ညီမငယ်များကိုလည်း ထည့်သွင်းစဉ်းစားပေးရန် လိုအပ်ပေသည်။ ပြဿနာရှာတတ်သော လီစစ်ဖုန်းမှလွဲ၍ ကျန်ညီငယ်၊ ညီမငယ်များက ဂိုဏ်းအတွက် တိတ်တဆိတ် အကျိုးပြုနေကြသူများ ဖြစ်ကြသည်။ သူတို့လည်း ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေရန် လီချင်းချိုးက မျှော်လင့်သည်။

​နှင်းများက ကမ္ဘာမြေကို ဖုံးလွှမ်းထားသည်။

​တောင်တန်းများကြားတွင် မြို့ငယ်လေးတစ်မြို့ တည်ရှိနေပြီး ကျင့်ကြံသူများ လေးဖက်လေးတန်မှ လာရောက်နေကြသည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လင်းရွှင်းဖုန်းတယောက် မြို့တံခါးဝတွင် ဆင်းသက်လိုက်သည်။ သူသည် အနီရောင်သွေး မိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ထူးဆန်းသည်မှာ မိစ္ဆာဂိုဏ်း ဖြစ်သော်လည်း ထျန်းချင်း မသေမျိုးဂိုဏ်းတွင် နေထိုင်ရသည်ထက် ပို၍ သက်သောင့်သက်သာ ဖြစ်နေခြင်းပင်။

​မြို့ထဲသို့ ဝင်သည်နှင့် လူအများ၏ လီပိုင်အကြောင်း ပြောဆိုနေသံများကို ကြားလိုက်ရသည်။

​"တကယ်လား… လီပိုင်က အဲလောက်တောင် အစွမ်းထက်တာလား…"

​"မိုးပြာ နဂါးစာရင်းဝင်ထိပ်တန်း ပါရမီရှင်တွေကို တစ်ချက်တည်းနဲ့ ဒဏ်ရာရအောင် လုပ်လိုက်တာလေ…ကျူထျန်းဂိုဏ်းက အကြီးအကဲ တစ်ယောက်ကိုတောင် သတ်ပစ်လိုက်တယ်တဲ့…. လူသားဧကရာဇ် ခေါင်းလောင်းကို ရထားရင် သူ့ရဲ့ အနာဂတ်က ခန့်မှန်းလို့ မရနိုင်တော့ဘူး…"

​"ဖန်းပိုမိုတောင် သူ့ဆီမှာ အရှုံးပေးလိုက်ရပြီ…အခု သူက ကောင်းကင်နေမင်းနယ်ပယ် ကျင့်ကြံသူ နှစ်ဦးကိုတောင် သိမ်းပိုက်ထားနိုင်ပြီ…"

လင်းရွှင်းဖုန်း မျက်ခုံးပင့်မိသွားသည်။

လီပိုင်!

​ထျန်းချင်း မသေမျိုးဂိုဏ်းတွင် သူ စတင်ကြားဖူးခဲ့သော ဓားမိစ္ဆာကို အနိုင်ယူပြီး လင်ဟွမ်းကို ကယ်တင်ခဲ့သည့် လီပိုင်မှာ ယခုအခါတွင် ပို၍ပင် ကြီးကျယ်သော ဂုဏ်သတင်းကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ သူသည် လီပိုင်၏ အကြောင်းကို ကြားရတိုင်း ထူးခြားသော ခံစားချက်မျိုး ဖြစ်ပေါ်နေပြီး လီပိုင် ပို၍ အောင်မြင်ပါစေဟု ဆုတောင်းမိသည်။ သူ ရှေ့ဆက် လျှောက်လှမ်းလေလေ လီပိုင်အကြောင်း သတင်းစကားများ ပို၍ ကြားလေလေပင်။

​"အစွမ်းထက်တဲ့ ဓားစွမ်းအင်…အဆုံးမဲ့ စွမ်းအား၊ ကြောက်မက်ဖွယ် မီးတောက်တွေကို ပိုင်ဆိုင်ထားတယ်" ဟု လီပိုင်ကို ချီးကျူးနေကြသဖြင့် လင်ရွှန်းဖုန်း ပြုံးလိုက်မိသည်။ အားလုံးက တကယ်တမ်း၌ လွန်ကဲသော ကောလာဟလများသာ ဖြစ်သည်။ သို့သော်လည်း လီပိုင်၏ အစွမ်းအစက အမှန်တကယ်ပင် အံ့ဩစရာ ကောင်းနေဆဲပင်။

​သူ အဆောက်အဦးတစ်ခုထဲသို့ ဝင်ရောက်သွားတော့ အပြင်ဘက်တွင် အလွန်အေးစက်နေသော်လည်း အတွင်းဘက်သို့ ရောက်သည်နှင့် နွေးထွေးသွားသည်။ သူသည် အပေါ်ထပ်သို့ တက်သွားကာ သူ့ကို မိစ္ဆာဂိုဏ်းသို့ ခေါ်ဆောင်လာသူ ဝေကျင်းနှင့် တွေ့ဆုံခဲ့သည်။ သူ အခန်းထဲ ဝင်လိုက်သောအခါ ဝေကျင်းအပြင် အနက်ရောင်ဝတ်ရုံနှင့် လူကြီးတစ်ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ စစ်နတ်ဘုရား မြေအောက်နန်းတော် တိုက်ပွဲတွင် ပါဝင်ခဲ့သော အနက်ရောင် မိစ္ဆာသခင်ဖြစ်သည်။

​"လာထိုင်ပါ" ဟု ဝေကျင်းက ပြောတော့ လင်းရွှင်းဖုန်း ထိုင်လိုက်ပြီးနောက် ဝေကျင်းက….

"အခုတော့ ဂိုဏ်းချုပ်ရဲ့ အမိန့်ကို ခဏထား၊ ဒဏ်ရာတွေကို အရင် ကုသကြရအောင်"

​"လီပိုင်ရဲ့ စွမ်းအားက တကယ်ကို ပြင်းထန်တယ်…ငါ့ခန္ဓာကိုယ်ထဲမှာတောင် သူ့ရဲ့ အရှိန်အဝါတွေ ကျန်နေသေးတယ်" ဟု အနက်ရောင် မိစ္ဆာသခင်က ဒဏ်ရာများနှင့် ပတ်သက်၍ ညည်းညူသည်။ လီပိုင်နှင့် ပတ်သက်၍ ဝေကျင်း၏ အမြင်များလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

​"လီပိုင်ကတော့ ဒီလောကမှာ ရှားပါးတဲ့ ကျင့်ကြံသူပါပဲ…… ကျွန်တော်တို့ အသက်ရှင်ကျန်ခဲ့တာက သူ ကျွန်တော်တို့ကို ရန်မလိုချင်လို့ပါ" ဟု ဝေကျင်းက ဆိုသည်။

​အနက်ရောင် မိစ္ဆာသခင်က ကျူထျန်းဂိုဏ်းမှ အကြီးအကဲတစ်ဦးနှင့် ပါရမီရှင်တစ်ဦး ဆုံးရှုံးသွားသဖြင့် ဝမ်းသာနေသည်။

​"စစ်နတ်ဘုရား နန်းတော်မှာ အခွင့်အရေးတွေ အများကြီး ကျန်နေသေးတယ်… ဂိုဏ်းချုပ်က တပည့်သစ်တွေကို ထပ်ပို့ဖို့ အမိန့်ပေးထားတယ်… ဒီကောင်လေးကိုလည်း အဖွဲ့ထဲ ထည့်လိုက်တော့မယ်… မိစ္ဆာသခင်၊ သူ့ကို စောင့်ရှောက်ပေးပါဦး" ဟု ဝေကျင်းက လင်ရွှန်းဖုန်းကို ညွှန်ပြကာ တောင်းဆိုလိုက်သည်။

​"သူ့အဆင့်က နိမ့်လွန်းတယ်… အန္တရာယ် ဖြစ်နိုင်တယ်" ဟု အနက်ရောင် မိစ္ဆာသခင်က မျက်မှောင်ကြုတ်၍ ပြန်ဖြေသည်။

​"သူ့မှာ ပါရမီအနည်းငယ် ရှိပါတယ်… အခွင့်အရေး လိုနေတာပါ..လင်ရွှန်းဖုန်း…မင်း ကြောက်လား…"

​"မကြောက်ပါဘူး…အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု လင်ရွှန်းဖုန်းက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

​"ကောင်းပြီလေ…သူ သေသွားရင်လည်း ငါ့ကို အပြစ်မတင်နဲ့… ငါ့မှာလည်း ကိုယ့်တာဝန်နဲ့ကိုယ်ပဲ" ဟု အနက်ရောင် မိစ္ဆာသခင်က ဆိုလေသည်။

ဝေကျင်းက လင်ရွှန်းဖုန်းကို သိပ်ပြီး အရေးမထားသော်လည်း သူ့သမီးအတွက် တာဝန်ကျေပွန်အောင် လုပ်ဆောင်ပေးလိုက်ခြင်း ဖြစ်သည်။ အနက်ရောင် မိစ္ဆာသခင် ထွက်သွားပြီးနောက် ဝေကျင်းက လင်ရွှန်းဖုန်းကို စစ်နတ်ဘုရား နန်းတော်သို့ သွားရောက်ရန်နှင့် ဂရုစိုက်ရန် မှာကြားလိုက်သည်။

ဤသည်မှာ သူ လုပ်ဆောင်ပေးနိုင်သည့် အကောင်းဆုံးသော စောင့်ရှောက်မှုပင် ဖြစ်သည်။

လင်းရွှင်းဖုန်းက "ကျွန်တော် ဂရုစိုက်ပါ့မယ်" ဟု ခေါင်းညိတ်၍ ပြန်ဖြေသည်။

​ဝေကျင်း လက်ဝေ့ယမ်းလိုက်သဖြင့် လင်ရွှန်းဖုန်း ထွက်ခွာခဲ့သည်။ သူသည် ထွက်မသွားခင် ခေတ္တမျှ ဝေဟင်၌ ရပ်တန့်ကာ …"ဝေရုံ အခု ဘယ်မှာလဲ" ဟု မေးလိုက်သည်။

ထိုအခါ ​ဝေကျင်းက မျက်မှောင်ကြုတ်၍…

"မမေးသင့်တာတွေကို မမေးနဲ့… အခုကစပြီး မင်းနဲ့သူနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး" ဟု တင်းမာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

လင်းရွှင်းဖုန်းလည်း မတတ်သာဘဲ ခေါင်းညိတ်၍ ထွက်ခွာခဲ့ရသည်။ အဆောင်မှ ထွက်လာပြီး လမ်းမပေါ်သို့ ရောက်သောအခါ သူ့စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ ဝေရုံတယောက် မိဘများနှင့် တွေ့ဆုံသည်ပင် ဖြစ်စေ၊ ဘေးကင်းလုံခြုံလိမ့်မည်ဟု သူ မထင်ပေ။ သို့သော် ယခုအချိန်တွင် သူသည် ကိုယ့်ကိုယ်ကိုပင် မကာကွယ်နိုင်သေးသဖြင့် စိတ်ပူနေရုံသာ တတ်နိုင်ပေသည်။

……………

​ထျန်းရွှမ်ဇီ ဝိညာဉ်ခန်းမသို့ ဝင်ရောက်ပြီး ငါးရက်မြောက်နေ့၊ နေ့လည်အချိန်တွင် လင်းရှောင် ခေါင်းလောင်းသံ မြည်လာသည်။ လီချင်းချိုးက ကျန်းယွီချွန်းကို ထျန်းရွှမ်ဇီနှင့်အတူ အစည်းအဝေးသို့ တက်ရောက်ရန် မှာကြားလိုက်သည်။ ထိပ်တန်း အရာရှိအားလုံးကလည်း မျက်နှာသစ်ဖြစ်သူ ထျန်းရွှမ်ဇီကို ဖော်ရွေစွာ ကြိုဆိုကြသည်။

​အားလုံး စုံညီလာသောအခါ လီချင်းချိုးက ပတ်ပတ်လည်ကို ကြည့်၍….

"ငါတို့ ရွေးချယ်ထားတဲ့ ပင်လယ်ပြင်က ကျွန်းစုတွေကို အခြားဂိုဏ်းတစ်ခုက အရင် ဝင်ရောက် သိမ်းပိုက်ထားတယ်… အဲဒီဂိုဏ်းနာမည်က ကောင်းကင် နန်းတော်ဂိုဏ်းတဲ့…အဲဒီဂိုဏ်းကပဲ အရင်က ဇီယန်ကျွန်းကို ဆက်သွယ်ခဲ့တာ… သူတို့က ငါတို့ကို တိုက်ရိုက် ရည်ရွယ်နေတာ သေချာတယ်… ငါ မှားမတွက်ဘူးဆိုရင် အဲဒီ ကျွန်းစုတွေနားမှာ တိုက်ပွဲကြီး ဖြစ်ပွားတော့မှာပဲ"

​ထိုစကားကြောင့် အားလုံး၏ မျက်နှာထား တင်းမာသွားသည်။

ကျူယန်က …

"အဲဒီ ကောင်းကင်နန်းတော်ဂိုဏ်းရဲ့ အင်အားက ဘယ်လောက်ရှိလဲ.. ကောင်းကင်နေမင်းနယ်ပယ်အဆင့် ကျင့်ကြံသူတွေ ရှိလား…"

​ဂိုဏ်း၏ အဆင့်မြင့် အရာရှိများအတွက် ကောင်းကင်နေမင်းနယ်ပယ် ကျင့်ကြံသူ ရှိ၊ မရှိ ဆိုသည်မှာ ဂိုဏ်း၏ အင်အားကို တိုင်းတာသည့် အရေးကြီးဆုံး စံနှုန်းတစ်ခု ဖြစ်နေသည်။

​လီချင်းချိုးက ခေါင်းညိတ်၍…

"ရှိတယ်…တစ်ဦးတည်း မဟုတ်ဘူး… ကောင်းကင်နန်းတော်ဂိုဏ်းဆိုတာ လွန်ခဲ့တဲ့ နှစ်ထောင်အတွင်းမှာပဲ ထွန်းကားလာတဲ့ ဂိုဏ်းပါ…ပင်လယ်ပြင်ရဲ့ အရှင်သခင် မဟုတ်သေးပေမဲ့ အင်အား အရမ်းကြီးမားပြီး ခန့်မှန်းရခက်တယ်… ဒါကြောင့် ဒီတိုက်ပွဲမှာ ငါတို့ လုံးဝ ပေါ့ဆလို့ မရဘူး"

​ခန်းမထဲတွင် တိတ်ဆိတ်သွားသည်။ သူတို့ထဲမှ မည်သူမျှ ကောင်းကင်နေမင်းနယ်ပယ်သို့ မရောက်ရှိသေးသဖြင့် ဤမျှ အင်အားကြီးမားသော တိုက်ပွဲနှင့် ပတ်သက်၍ အကြံဉာဏ်ပေးရန် ခက်ခဲနေကြသည်။ သူတို့မှာ ဂိုဏ်းအတွင်းရှိ ထိုအဆင့်ရှိသူများကိုပင် အမိန့်ပေးနိုင်စွမ်း မရှိကြပေ။

​

All Chapters