← Chapters

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း ၄၀၉

Vol. 41 Ch. 409

အခန်း (၄၀၉) လောကီလူသားများထက် ပိုမိုများပြားသော တစ္ဆေများ

​ ကျောက်လင်းလုံ၏ မေးခွန်းကို ဖြေရန် လီယန် ပြင်ဆင်နေစဉ်မှာပင် မြို့ရိုးမှာ တုန်ခါသွားသဖြင့် မျက်မှောင်ကြုတ်လျက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ကျောက်လင်းလုံ၏ မျက်နှာလည်း လေးနက်သွားပြီး မြို့ရိုးပေါ်ရှိ ချင်းရှောင်ဂိုဏ်းသားများ အားလုံး သတိထား နေရာယူလိုက်ကြသည်။ မိစ္ဆာနှိမ်နင်းရေး မြို့တော်တွင် ကင်းစခန်း (၈) ခုနှင့် အဝေးကို လှမ်းကြည့်နိုင်သော ရတနာများ ရှိသည်။ မိစ္ဆာနှိမ်နင်းရေး မြို့တော် တည်ထောင်ပြီးနောက် မြေငလျင် လှုပ်ခတ်ခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

​လီယန်၏ အာရုံအရ ဤသည်မှာ သဘာဝဘေးအန္တရာယ် မဟုတ်ကြောင်း သိလိုက်သည်။ သူသည် ကောင်းကင်သို့ ပျံတက်သွားပြီး လေးဖက်လေးတန်ကို ကြည့်ရှုသော်လည်း ထူးခြားသည့်အရာ တစ်စုံတစ်ရာ မတွေ့ရပေ။ မြေပြင် ဆက်လက် တုန်ခါနေသဖြင့် မြို့ထဲရှိ ဂိုဏ်းသားများ၊ ကုန်သည်များ၊ မုဆိုးများနှင့် ကျင့်ကြံသူများ အားလုံး အပြင်သို့ ထွက်လာကြသည်။ ဤမြို့သည် မြောက်ဘက်စွန်း၏ အချက်အချာ ဖြစ်လာသဖြင့် လူဦးရေ တစ်သောင်းကျော် ရှိနေသည်။

​"ဘာဖြစ်တာလဲ"

"ဘာလို့ မြေငလျင်လှုပ်ရတာလဲ၊ မိစ္ဆာတွေ တိုက်ခိုက်တာလား…"

​မြို့တွင်းရှိ ဆူညံသံများက ညဉ့်ယံ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

လီယန်သည် ချင်းရှောင်ဓားပေါ်တွင် ရပ်လျက် မိစ္ဆာစွမ်းအင် သို့မဟုတ် မကောင်းဆိုးဝါး အရှိန်အဝါကို မခံစားရသော်လည်း အနည်းငယ်မျှ ပေါ့ဆ၍ မရပေ။ သူသည် ကျောက်လင်းလုံကို အမြဲ အကဲခတ်နေသည်။ ယွမ်လီ၊ ဟူယန်တို့၏ ကြေကွဲဖွယ်ရာများကို ကြားသိရပြီးနောက် ကျောက်လင်းလုံကို အသက်ထက်ပို၍ ချစ်မြတ်နိုးနေသူ ဖြစ်သည်။

​ထိုစဉ် ကောင်းကင်ယံ၏ အစွန်းတစ်ဖက်တွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။ ထိုအလင်းတန်းက ကောင်းကင်ကို နှစ်ခြမ်းကွဲသွားမည့်အလား တောက်ပနေသဖြင့် လူများစွာလည်း ထိုမြင်ကွင်းကို သတိပြုမိသွားကြသည်။

​"ဒါ... ဘာလဲ?"ဟု ကျောက်လင်းလုံက စိုးရိမ်စွာ မေးသည်။

​ဂူအတွင်းတွင် လီချင်းချိုး မျက်လုံးဖွင့်လိုက်ပြီး တောင်ထိပ်သို့ ချက်ချင်း ရောက်သွားသည်။ ကောင်းကင်ယံအစွန်းတွင် ပေါ်လာသော အဖြူရောင် အလင်းတန်းက ရေတံခွန်တစ်ခုကဲ့သို့ တောက်ပနေသော်လည်း အလွန် ဖိအားပေးနေသည်။ ထိုအလင်းက ကောင်းကင်ဘုံ၏ အစွမ်းသတ္တိနှင့် တူညီနေသဖြင့် သက်ရှိအားလုံး ထိတ်လန့်နေကြသည်။ နန်ကုန်းအာနှင့် လင်းချွမ်တိူ့လည်း လီချင်းချိုး၏ နောက်တွင် ရပ်လျက် ထိုမြင်ကွင်းကို ကြည့်နေကြသည်။

​"အရမ်းကို ပြင်းထန်တဲ့ တစ္ဆေအရှိန်အဝါပဲ" ဟု လင်းချွမ်က တိုးညင်းစွာ ပြောလိုက်သည်။

​နန်ကုန်းအာက အံ့ဩစွာဖြင့်… "တစ္ဆေအရှိန်အဝါ…ငါ ဘာမှ မခံစားမိပါလား…"

​လင်ချွမ်က အဝေးသို့ စူးစိုက်ကြည့်ရင်း….

"တစ္ဆေတွေ အများကြီးပဲ.. အများကြီးမှ အများကြီးပဲ… အပြင်ဘက်ကို ထွက်လာနေကြတယ်..."

​"ဘယ်လောက်တောင် များလို့လဲ…."

​လင်းချွမ်က ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့်….

"ဒီလောကက လူသားတွေထက်တောင် ပိုများသေးတယ်..." ဟု ဖြေလိုက်သည်။

​လီချင်းချိုးက ဉပေဒတသောင်းမျက်လုံးကို ဖွင့်လိုက်သဖြင့် သူ့မျက်လုံးများမှာ ငွေရောင် တောက်ပလာသည်။

တောင်ခြေရှိ ခြံဝင်းတစ်ခုတွင်….

ယွင်ချိုင်သည်လည်း သူမ၏ မြင်နိုင်စွမ်းကို အသက်သွင်းရင်း ကြောက်လန့်တကြား ချွေးပြန်လာသည်။ ဘာကိုမျှ မကြောက်တတ်သော သူမသည်ပင် ယခုမြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်နေသည်။

​တောင်ခြေတွင်…..

ဖန်းပိုမိုလည်း ကောင်းကင်ကို မော့ကြည့်နေသည်။ မိုးပြာနဂါးနယ်မြေမှ လာသည့် ဖန်းပိုမိုပင်လျှင် ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ သူသည် အရှေ့ဘက်မှ မိစ္ဆာများနေထိုင်ရာ ဒေသအကြောင်း ဒဏ္ဍာရီများကို ပြန်တွေးမိပြီး ကျောရိုးတလျောက် စိမ့်တက်သွားသည်။

ဒဏ္ဍာရီတွေ တကယ်ဖြစ်လာပြီလား….

​နေမင်း ပြန်ထွက်ပေါ်လာချိန်တွင် လီယန်က ကျောက်လင်းလုံ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။ မနေ့ညက မည်သည့်အရာမျှ မဖြစ်ပွားခဲ့သော်လည်း ထိုအလင်းတန်းက လူတိုင်းကို ကြောက်လန့်စေခဲ့သည်။ လီယန်၏ အနီးတွင် အမြဲရှိနေခြင်းက သူမကို စိတ်သက်သာရာ ရစေသည်။

​ထိုစဉ် သူ့နောက်တွင် အရိပ်တစ်ခု ပေါ်လာပြီး….

"မြို့စားကြီး…ဂိုဏ်းချုပ်က လူအင်အား ထပ်ပို့လိုက်ပါပြီ!" ဟု သတင်းစကား ပါးလေသည်။ ထိုအသံကြားပြီးနောက် လီယန် လှည့်ကြည့်လိုက်တော့ ကျန်းကျောက်ရှား၊ ရှန်ယွဲ့၊ ဟန်လန်၊ ကုချန်းဖိန် အစရှိသည့် ရင်းနှီးသော အရှိန်အဝါများကို ခံစားလိုက်ရသဖြင့် သူ့မျက်မှောင်များ ပြေလျော့သွားတော့သည်။

​ဤသို့သော တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ခြင်းမှာ ဂိုဏ်းချုပ်အနေဖြင့် ပြဿနာက မြောက်ဘက်နယ်မြေတွင် ရှိနေကြောင်း သေချာပေါက် သိရှိနေသည်ဟု ဆိုရပေမည်။ လီယန် အခုမှသာ စိတ်သက်သာရာ ရသွားသည်။ သူသည် ဂိုဏ်းချုပ်အနေဖြင့် မိမိ၏သတင်းကို ယုံကြည်မည် မဟုတ်ဘဲ အင်အားဖြည့်တင်းပေးမည် မဟုတ်ဟု စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ချင်းရှောင်ဂိုဏ်း၏ နယ်မြေက ယခုအခါတွင် အလွန် ကျယ်ပြောလှသဖြင့် အင်အားစုစည်းရန် ခက်ခဲကြောင်း သူ နားလည်သော်လည်း စိုးရိမ်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပေ။

​ခဏအကြာတွင် လီယန်၏ အနီးသို့ ကျန်းကျောက်ရှား ရောက်ရှိလာပြီး အဝေးကိုသာ ငေးကြည့်နေကာ လီယန်ကို မကြည့်ဘဲ….

"လီယန်…ကျောက်လင်းလုံ… မင်းတို့နှစ်ယောက် အရင်ဆုံး ဂိုဏ်းကို ပြန်တော့… မိစ္ဆာနှိမ်နင်းရေး မြို့တော်ကို ငါ တာဝန်ယူလိုက်မယ်" ဟု အမိန့်ပေးလိုက်သည်။ ပြောပြီးနောက် ညာလက်ကို မြှောက်လိုက်ရာ ဂိုဏ်းချုပ်၏ တံဆိပ်ပြား ပေါ်လာသည်။

ဤတံဆိပ်ပြားက လီချင်းချိုး ကိုင်ဆောင်ထားသည့် အရာနှင့် မတူဘဲ ရာထူးဂုဏ်ရှိန်ကိုသာ ဖော်ပြသည့် အမှတ်အသား ဖြစ်သည်။

​လီယန်က စိုးရိမ်တကြီးဖြင့်….

"ဘာဖြစ်လို့လဲ…ကျွန်တော် ဘာမှ မှားတာ မရှိပါဘူး..."

​ကျန်းကျောက်ရှားက သူ့ကို အေးစက်စက် ကြည့်ကာ…

"မင်း ဟူယန်လိုပဲ ဝမ်းနည်းစရာ သမိုင်းကြောင်းမျိုး ထပ်ဖြစ်ချင်လို့လား"

​လီယန် ဆွံ့အသွားသည်။ ကျောက်လင်းလုံလည်း ဤအကြောင်းကို သိရှိပြီး ဖြစ်သည်။ ဟူယန်၏ ဖြစ်ရပ်က ချင်းရှောင်ဂိုဏ်းအတွင်း အလွန် ထင်ရှားသော ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေခဲ့သည်။

​လီယန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အံတင်းတင်းကြိတ်ကာ "သူ့ကိုပဲ ပြန်လွှတ်လိုက်ပါ…. ကျွန်တော်ကတော့ ဒီမှာပဲ နေရစ်မယ်"

​"မင်း အသက်ပေးလိုက်ရင် သူ မခံစားရတော့ဘူးလို့ ထင်နေတာလား…"

​"ချင်းရှောင်ဂိုဏ်းက ဂိုဏ်းသားတိုင်းမှာ ကိုယ်ချစ်ရတဲ့သူတွေ ရှိကြပါတယ်…ကျွန်တော်သာ နောက်ဆုတ်သွားရင် တခြား ဂိုဏ်းသားတွေအတွက် မမျှတသလို ဖြစ်နေလိမ့်မယ်"

သူသည် ကျောက်လင်းလုံ၏ အသက်အတွက် စိုးရိမ်သော်လည်း ကိုယ့်အသက်ကိုတော့ မနှမြောပေ။

​ကျန်းကျောက်ရှားက လီယန်ကို စူးစိုက်ကြည့်လိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဂူကျိုး သိုင်းပြိုင်ပွဲတွင် သူတို့အတူတူ စွန့်စားခဲ့ကြသည်ကို ပြန်လည် အမှတ်ရမိသည်။ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော်လည်း သိုင်းပြိုင်ပွဲ၏ ချန်ပီယံ ဖြစ်သူ လီယန်၏ ရဲရင့်မှုများ လျော့ပါးသွားခြင်း မရှိပေ။

​"ဂိုဏ်းကိုပြန်ပြီး လက်ထပ်လိုက်ဦး…ပြီးမှ ပြန်လာခဲ့ပါ…အနည်းဆုံးတော့ ကျန်တဲ့သူတွေ ရောက်တဲ့အထိ စောင့်ဖို့ ဂိုဏ်းချုပ်က မှာလိုက်တယ်" ဟု ကျန်းကျောက်ရှားက အေးစက်စက် ပြောလိုက်သည်။

​ထိုစကားကို ကြားသောအခါ ကျောက်လင်းလုံ၏ မျက်နှာလေး ချက်ချင်းပင် နီရဲသွားပြီး လီယန်လည်း အလွန် ရှက်ရွံ့သွားတော့သည်။

​နှစ်သစ်ကူး ပွဲတော်နှင့်အတူ ချင်းရှောင်ဂိုဏ်းအတွင်း လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ သို့သော် ပြီးခဲ့သည့်ညက ဖြစ်ပေါ်ခဲ့သော ထူးဆန်းသည့် ဖြစ်စဉ်ကြောင့် ဂိုဏ်းသားများကြားတွင် စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဂိုဏ်းချုပ်က တပည့်အများအပြားကို မိစ္ဆာနှိမ်နင်းရေး မြို့တော်သို့ စေလွှတ်လိုက်ကြောင်း ကြားသိရပြီးနောက်တွင် ပိုမို၍ ဆူညံသွားကြသည်။

​လီချင်းချိုးက ပွဲတော်ကို အနှောင့်အယှက် မဖြစ်စေလိုသဖြင့် ဓားမိစ္ဆာ၊ ဝေထျန်းရှုံးတို့ကို အမြန်ဆုံး သွားရောက်ရန် စေလွှတ်လိုက်သည်။ နန်ဆူကျွန်းစုအတွက်မူ ထျန်းရွှမ်ဇီ တစ်ဦးတည်းဖြင့် လုံလောက်သည်ဟု ယူဆသည်။ သို့သော် အစည်းအဝေး ပြုလုပ်သည့်အခါ ထျန်းရွှမ်ဇီကို နန်ဆူ ကျွန်းစု၏ တာဝန်ခံအဖြစ် ခန့်အပ်ခြင်းက အန္တရာယ်ရှိနိုင်ကြောင်း အချို့က စိုးရိမ်နေကြသည်။

လီချင်းချိုးကတော့ ထျန်းရွှမ်ဇီ၏ သစ္စာရှိမှုကို သိရှိထားသဖြင့် ဒေါသ မထွက်ပေ။ အမှန်တကယ်တွင် သူကိုယ်တိုင်လည်း (၁၀၀%) ယုံကြည်ရန် မဝံ့ရဲသေးပေ။

​မိစ္ဆာနယ်မြေ၏ ခြိမ်းခြောက်မှုကြောင့် ချင်းရှောင်ဂိုဏ်းအနေဖြင့် နောက်ဆုတ်သွားပါက ကောင်းကျိုး မဖြစ်ပေါ်နိုင်ပေ။ နန်ဆူကျွန်းစုက လီချင်းချိုး ချင်းရှောင်ဂိုဏ်းအတွက် ချန်ရစ်ခဲ့သည့် အရန်အစီအစဉ်တစ်ခု ဖြစ်သည်။ သူ အသက်ရှင်နေသ၍ ထျန်းရွှမ်ဇီအနေဖြင့် အာဏာကို သိမ်းယူရန် မဖြစ်နိုင်ပေ။ ဤယုံကြည်ချက်က ဂိုဏ်းသားများ၏ သစ္စာရှိမှုအပေါ်တွင် အခြေခံထားခြင်းပင်။

​"အားလုံးပဲ… မိစ္ဆာနယ်မြေက အကြီးအကျယ် လှုပ်ရှားတော့မယ့်ပုံပဲ… ဒါဟာ ချင်းရှောင်ဂိုဏ်း သမိုင်းတစ်လျှောက် အကြီးမားဆုံး ကပ်ဘေး ဖြစ်လာလိမ့်မယ်… အချိန်မရွေး စစ်တိုက်ဖို့ အသင့်ပြင်ထားကြပါ"

လီချင်းချိုးက လေးနက်စွာ ပြောလိုက်တော့ ထိပ်တန်း အရာရှိများ၏ မျက်နှာထားများ တင်းမာသွားကြသည်။ ပြီးခဲ့သည့်ညက ဖြစ်ပေါ်ခဲ့သော အဖြူရောင် အလင်းတန်းကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့အားလုံး၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ကျန်ရှိနေသေးသည်။

​"ဂိုဏ်းချုပ်… ကျွန်မ မိစ္ဆာနှိမ်နင်းရေး မြို့တော်ကို အရင် သွားပါရစေ" ဟု ယွင်ချိုင်က ပထမဆုံး စတင် ပြောကြားလိုက်သည်။

သူမ၏ ဉပဒေတသောင်းမျက်လုံးဖြင့် ကြည့်ရှုပါက အခြေနေကို ပိုမို သိရှိနိုင်မည် ဖြစ်သည်။ သူမသည် ဂိုဏ်းချုပ်၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည့်အလျောက် ရှေ့ဆုံးမှ တာဝန်ယူလိုသည်။ လီချင်းချိုးကလည်း သူမကို ငြင်းဆန်ခြင်း မပြုတော့ပေ။

​"ကောင်းပြီ၊ ဒီနေ့ပဲ မိစ္ဆာနှိမ်နင်းရေး မြို့တော်ကို သွားလိုက်ပါ…."

​ယွင်ချိုင် အလွန် ဝမ်းသာသွားပြီး လီချင်းချိုးကို ကျေးဇူးတင်စကား ဆိုလေသည်။

​"ဂိုဏ်းချုပ်…ယွင်ချိုင့်ကို လွှတ်တာတော့ နားလည်နိုင်ပေမဲ့ အဲဒီကောင်စုတ်လေး ယင်ကျင်းရှင်းကိုရော ဘာလို့ ပို့လိုက်ရတာလဲ…" ဟု ချင်းရှောင်ဘိုးလေးက မေးလိုက်သည်။

ယွမ်လီနှင့် ယင်ကျင်းရှင်းတို့ မနေ့က မနက်ပိုင်းကတည်းက ကျန်းကျောက်ရှားနှင့်အတူ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ယွမ်လီသည် ဂိုဏ်း၏ အမာခံ ထောက်တိုင် ဖြစ်သော်လည်း ယင်ကျင်းရှင်းကတော့ (၁၁) နှစ်သာ ရှိသေးသဖြင့် ချင်းရှောင်ဘိုးဘေး စိတ်မကောင်း ဖြစ်နေသည်။

​"သူ့ရဲ့ စွမ်းအားက ဂိုဏ်းက လူတော်တော်များများထက် သာလွန်နေပြီ…ကျွန်တော့်ရဲ့ တပည့်ဖြစ်တဲ့အလျောက် သူ တာဝန်ပိုယူရမှာပဲ"

ဤစကားကို ကြားပြီးနောက် လူတိုင်း လီချင်းချိုး၏ ယင်ကျင်းရှင်းအပေါ် ထားရှိသည့်မျှော်လင့်ချက်ကို နားလည်ပြီး လေးစားမိကြသည်။ လီချင်းချိုးက ယင်ကျင်းရှင်းကို အလွန် ချစ်ခင်ကြောင်းလည်း လူတိုင်း သိရှိထားကြသည်။

​

All Chapters