အခန်း ၄၁၀
Vol. 41 Ch. 410
အခန်း (၄၁၀) - ကိုးဘုံငရဲမှ မိစ္ဆာတို့၏ မျက်လုံး
လီချင်းချိုးသည် စစ်မတိုက်မီ ပြင်ဆင်မှုများကို လင်းရှောင်ဝင်းအတွင်း၌ ဦးစွာ ပြုလုပ်လေ့ရှိသည်။
မိစ္ဆာနယ်မြေ ရောက်ရှိလာခြင်းကို အတည်မပြုနိုင်မီအထိ ရွှမ်ရှင်းခန်းမတွင် အစည်းအဝေး မခေါ်သေးပေ။ ရွှမ်ရှင်းခန်းမသည် ဂိုဏ်းသားအားလုံး တက်ရောက်နိုင်သော ကောင်စီခန်းမဖြစ်ပြီး အလွယ်တကူ မဖွင့်လှစ်တတ်ပေ။
ထိုညက ဖြစ်ပျက်ခဲ့ပြီးနောက် အဖြူရောင် အလင်းတန်း ထပ်မပေါ်လာသလို ထူးခြားသော ဖြစ်စဉ်များလည်း မရှိတော့ပေ။ သို့သော် လင်းချွမ်ကတော့ ကမ္ဘာလောကအတွင်း တစ္ဆေစွမ်းအင်များ ပိုမို ပြင်းထန်လာသည်ကို ခံစားမိနေပြီး ကပ်ဘေးနှင့် ပိုမို နီးကပ်လာကြောင်း သိရှိနေသည်။ ပွဲတော်အပြီး သုံးရက်မြောက်နေ့တွင် ဓားမိစ္ဆာနှင့် ရွှီနင်း ပထမဆုံး ပြန်လည် ရောက်ရှိလာကြသည်။
သူတို့နှစ်ဦး ရောက်ရှိလာခြင်းက လီချင်းချိုးကို စိတ်သက်သာရာ ရစေသည်။ ဓားမိစ္ဆာသည် ကောင်းကင်နေမင်းနယ်ပယ် အဆင့် ၉ ရှိသူဖြစ်ရာ ဂိုဏ်း၏ ဒုတိယအစွမ်းအထက်ဆုံး တိုက်ခိုက်ရေးသမား ဖြစ်သည်။ သူ့ကို မိစ္ဆာနှိမ်နင်းရေး မြို့တော်တွင် ထားရှိမှသာ လီချင်းချိုး စိတ်အေးနိုင်ပေမည်။
ရွှီနင်းကလည်း ကောင်းကင်လျှပ်စီး ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ တစ္ဆေများနှင့် မိစ္ဆာများအတွက် အလွန် ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်နေသည်။
လီချင်းချိုးက ဓားမိစ္ဆာထံ ရွမ်ရှားနတ်ဓားကို ပေးအပ်ရန် ရည်ရွယ်ထားသော်လည်း ဓားမိစ္ဆာက ငြင်းဆိုခဲ့သည်။
"မင်း ရထားတဲ့ ဓားတွေက မင်းပိုင်တာပဲ…မင်းမှာ ဓားနှစ်လက် ရှိနေပြီဆိုတော့ နတ်ဓားကိုးလက်စလုံးကို စုဆောင်းရမယ်…အဲဒါက မင်းရဲ့ ရည်မှန်းချက် ဖြစ်သင့်တယ်" ဟု ဓားမိစ္ဆာက အေးစက်စက် ပြောခဲ့သဖြင့် လီချင်းချိုးလည်း သူ့ကို အတင်းအကျပ် မတိုက်တွန်းတော့ပေ။
ဓားမိစ္ဆာ ထွက်ခွာသွားပြီးနောက် ရွှီနင်း တစ်ဦးတည်း တွေ့ဆုံကာ အခြေအနေ၏ လေးနက်မှုကို အသေးစိတ် ရှင်းပြခဲ့သည်။ တပည့်များစွာ ရှိလာသော်လည်း ရွှီနင်းကို အချစ်ဆုံးဖြစ်ပြီး တစ်စုံတစ်ရာ မဖြစ်စေလိုပေ။
"ဆရာ စိတ်မပူပါနဲ့… ကျွန်မ သတိထားပါ့မယ်…. ဒီပြဿနာက အရင်ကနဲ့ မတူဘူးဆိုတာ ကျွန်မလည်း ခံစားမိပါတယ်… ကမ္ဘာလောကထဲမှာ လျှပ်စီးတွေ ပိုများလာတာက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး" ဟု ရွှယ်ကျင်းက လေးနက်စွာ ပြောလိုက်သည်။
သူမသည် ဆရာဖြစ်သူက သူမကို ယုံကြည်စွာ တာဝန်ပေးအပ်သည့်အတွက် ဝမ်းမြောက်နေသည်။ ယွမ်လီနှင့် ယင်ကျင်းရှင်းတို့၏ တိုးတက်မှုက သူမအတွက် ဖိအားများ ဖြစ်စေသော်လည်း ဤကပ်ဘေးက သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်ဟု သူမ ယူဆထားသည်။
"သွားတော့" ဟု လီချင်းချိုးက သက်ပြင်းချကာ ပြောလိုက်တော့ ရွှီနင်းလည်း အရိုအသေပေးကာ ခြံဝင်းအတွင်းမှ အမြန်ဆုံး ထွက်ခွာသွားလေသည်။
နှစ်ရက် ထပ်မံ ကုန်လွန်သွားသည်…..
ဝေထျန်းရှုံး၊ ကျောက်ကျိန်း၊ ကျိယာနှင့် ဟူယန်တို့ ပြန်လည် ရောက်ရှိလာကြပြီး သူ့တပည့်သုံးဦး ပြောင်းလဲသွားသည်ကို လီချင်းချိုး သတိပြုမိလိုက်သည်။
အထူးသဖြင့် ဟူယန်သည် လူတစ်ယောက်လုံး ပြောင်းလဲသွားသကဲ့သို့ပင်။ ဆံပင်များ ရှည်လျားလာပြီး ပိုမို တည်ငြိမ်ကာ ခန္ဓာကိုယ်လည်း ပိုမို သန်မာလာသည်။
ဤတပည့်သုံးဦးစလုံး ယခင်ကထက် ပိုမို ယုံကြည်စိတ်ချရသူများ ဖြစ်လာကြချေပြီ။ ကျောက်ကျိန်းသည် ဝိညာဉ်အာရုံခံနယ်ပယ် အဆင့် ၆၊ ကျိယာက အဆင့် ၅၊ ဟူယန်က အဆင့် ၄ အထိ ရောက်ရှိနေပြီဖြစ်သည်။
လီချင်းချိုး သူတို့နှင့် ခဏတာ စကားစမြည် ပြောဆိုပြီးနောက် အနားယူရန် ခွင့်ပြုလိုက်သည်။
ခြံဝင်းအတွင်း ဝေထျန်းရှုံး နှင့် လီချင်းချိုးသာ ကျန်ရှိတော့ချိန်တွင် ဝေထျန်းရှုံးက စိတ်မရှည်စွာဖြင့်….
"ဂိုဏ်းချုပ်…ထျန်းရွှမ်ဇီဆိုတဲ့သူက ဘယ်ကလာတာလဲ… သူ့ကို သုံးတာတော့ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ အာဏာကိုတော့ လက်လွှဲမပေးသင့်ဘူး… တပည့်ရင်းတွေက ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ပဲ…ပေါ့ဆလို့ မရဘူး" ဟု အကြံပေးလေသည်။
လီချင်းချိုးကလည်း စစ်နတ်ဘုရား မြေအောက်နန်းတော်နှင့် လူသားဧကရာဇ် ခေါင်းလောင်း အကြောင်းအရာများ အပါအဝင် ထျန်းရွှမ်ဇီနှင့် တွေ့ဆုံခဲ့ပုံကို အသေးစိတ် ပြန်လည် ရှင်းပြလိုက်သည်။
ဝေထျန်းရှုံး၏ သစ္စာရှိမှု (၉၆%) အထိ ရောက်ရှိနေပြီ ဖြစ်သဖြင့် လီချင်းချိုး၏ ယုံကြည်စိတ်ချရဆုံးသော လက်ရုံးတစ်ဆူ ဖြစ်နေပြီဖြစ်သည်။
လီချင်းချိုး ထိုသို့ ဝန်ခံလိုက်ခြင်းမှာ ဝေထျန်းရှုံးထံမှ နောက်ထပ် သတင်းအချက်အလက်များကို ရယူလိုသော ရည်ရွယ်ချက်လည်း ပါဝင်နေသည်။
စကားဆုံးသည်နှင့် ဝေထျန်းရှုံး အံ့အားသင့်သွားပြီး …
"ထျန်းရွှမ်ဇီ... ထျန်းရွှမ်မျိုးနွယ်စုတဲ့လား…ဒါက တိုက်ဆိုင်မှု မဟုတ်တာတော့ သေချာသွားပြီ" ဟု တစ်ယောက်တည်း ရေရွတ်တော့ လီချင်းချိုးက …
"ထျန်းရွှမ်မျိုးနွယ်စု ဆိုတာ ဘာလဲ" ဟု သိလိုစိတ်ဖြင့် မေးလိုက်သည်။
ဝေထျန်းရှုံးက သက်ပြင်းချကာ …
"ထျန်းရွှမ်မျိုးနွယ်စုဆိုတာ နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိတဲ့ ရှေးဟောင်း မျိုးနွယ်စုတစ်ခုပါ… ကျွန်တော်လည်း ဒဏ္ဍာရီအဖြစ်ပဲ ကြားဖူးပါတယ်… သူတို့က ကောင်းကင် ကံကြမ္မာကို ယုံကြည်ကြသူတွေ… သူတို့ရဲ့ ကူညီမှုနဲ့ဆိုရင် နယ်မြေတစ်ခုကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်လို့ ဆိုကြတယ်…ဒဏ္ဍာရီတွေသာ အမှန်ဆိုရင် နန်ဆူကျွန်းစုဆိုတာ ထျန်းရွှမ်ဇီအတွက် ဘာမှ မဟုတ်သေးဘူး… သူ့ကို ကျွန်တော်တို့ ဂိုဏ်းမှာပဲ ဆက်ထားသင့်ပါတယ်" ဟု ပြောရင်း သူ့မျက်လုံးများတွင် အံ့ဩမှုနှင့် လေးစားမှုများ လွှမ်းခြုံနေသည်။
သူသည် မိမိ၏ အတွေ့အကြုံနှင့် စွမ်းရည်များဖြင့် ချင်းရှောင်ဂိုဏ်းကို ပိုမို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဓားမိစ္ဆာ ရောက်လာပြီးနောက် ယခုအခါ ထျန်းရွှမ်ဇီပါ ရောက်လာခြင်းကြောင့် သူ့စိတ်ထဲတွင် 'ကံကြမ္မာ' ဟူသော စကားလုံးသာ ပေါ်လာသည်။
ကံကြမ္မာကြောင့်သာ လီချင်းချိုးနှင့် ချင်းရှောင်ဂိုဏ်း လက်ရှိတွင် လျင်မြန်စွာ ကြီးထွားလာနေပြီး အခွင့်အရေးများစွာကို အချိန်နှင့်တပြေးညီ ရရှိနေခြင်း ဖြစ်သည်။
ထျန်းရွှမ်ဇီနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးသော အခွင့်အရေးရလျှင် ထပ်မံ စုံစမ်းရန် စဉ်းစားလိုက်သည်။
"အခုတော့ မိစ္ဆာနယ်မြေ အကြောင်း ပြောကြရအောင်" ဟု လီချင်းချိုးက ခေါင်းစဉ် ပြောင်းလိုက်သည်။
ထိုအခါ ဝေထျန်းရှုံး မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားသည်။
"ကျွန်တော့်ဆီမှာ သတင်းကောင်း တစ်ခုနဲ့ သတင်းဆိုး တစ်ခု ရှိတယ်။ ဘယ်ဟာကိုအရင်သိချင်လဲ..." ဟု မေးလိုက်သည်။ လီချင်းချိုး၏အကြည့်များ ပြတ်သားစွာ ပြောင်းလဲသွားသဖြင့် ဝေထျန်းရှုံးပင် အနည်းငယ် တုန်လှုပ်သွားတော့သည်။
"သတင်းဆိုးကတော့ မိစ္ဆာနယ်မြေ ပွင့်သွားပြီဆိုတာပဲ… မိစ္ဆာနယ်မြေကို ပိတ်ထားတဲ့ တံဆိပ်ကို ကောင်းကင်တံခါးလို့ခေါ်တယ်… ကောင်းကင်တံခါး ပွင့်တဲ့အခါ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်လာလိမ့်မယ်…. ကျွန်တော် ဒီအဖြူရောင် အလင်းတန်းကို ကောင်းကင်ပင်လယ်ပြင်ကနေတောင် မြင်နေရတယ်…သတင်းကောင်းတစ်ခုကတော့ တခြားဂိုဏ်းတွေလည်း ကောင်းကင်တံခါး ပွင့်နေတာကို မြင်သွားတဲ့အတွက် မိစ္ဆာနယ်မြေက လူသားလောကကို ဝါးမြိုတော့မယ်ဆိုတာ သိသွားကြလိမ့်မယ်… သူတို့ နောက်ထပ် ကျွန်တော်တို့ကို လာပြီး ရန်မရှာတော့ဘဲ ကပ်ဘေးကို ရင်ဆိုင်ဖို့ပဲ ပြင်ဆင်ကြလိမ့်မယ်" ဟု ဝေထျန်းရှုံးက အလျင်အမြန် ရှင်းပြလိုက်သည်။
လီချင်းချိုးက…
"မိစ္ဆာနယ်မြေက နယ်မြေကိုးခုကိုပဲ ခြိမ်းခြောက်တာ မဟုတ်ဘူးလား… တခြား ဂိုဏ်းတွေကရော ဘာလုပ်ကြမှာလဲ"
"ကျွန်တော်တို့က မိစ္ဆာတွေကိုပဲ ရင်ဆိုင်နေရတာ မဟုတ်ဘူး…. မိစ္ဆာနယ်မြေထဲမှာ မကောင်းဆိုးဝါး တစ္ဆေတွေလည်း အများကြီး ရှိနေတယ်… ကောင်းကင်တံခါး ပွင့်တိုင်း မကောင်းဆိုးဝါးတွေ လောကထဲ ပြန့်နှံ့သွားတတ်တယ်… ဒါကြောင့် မိစ္ဆာနယ်မြေကို 'ကိုးဘုံငရဲမိစ္ဆာတို့ရဲ့ မျက်လုံး'လို့လည်း ခေါ်ကြတယ်…ဂိုဏ်းတွေ ဘယ်လောက်ပဲ ဝေးဝေး ရှောင်နေပါစေ..မကောင်းဆိုးဝါးတွေ သူတို့ရဲ့ နယ်မြေတွေကို ရောက်လာမှာပဲ" ဟု ဝေထျန်းရှုံးက ရှင်းပြပေးခဲ့သည်။
ထို့နောက် သူက…
"ဂိုဏ်းကို ရွှေ့ပြောင်းကြရအောင်…ကျွန်တော်တို့ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင် ပင်လယ်ပြင်မှာ အခြေချနိုင်ပါတယ်" ဟု တိုက်တွန်းလိုက်သည်။
လီချင်းချိုး တိတ်ဆိတ်စွာ တွေးတောနေသည်။ သူသည် ရွှေ့ပြောင်းရန် စဉ်းစားသော်လည်း ဂိုဏ်းသား သိန်းပေါင်းများစွာနှင့် သူ စောင့်ရှောက်ထားရသော သာမန်လူများကို မည်သို့ လုပ်မည်နည်း။ ချင်းရှောင်ဂိုဏ်းသည်လည်း အရင်းအမြစ်များအားလုံးကို အကုန် သယ်သွား၍ မရပေ။
နောက်ဆုံးတွင် "အရင်ဆုံး စစ်တိုက်ဖို့ ပြင်ဆင်ကြစို့" ဟု လီချင်းချိုးက တည်ငြိမ်စွာ ပြောလိုက်လေ သည်။
……………………
ထူထပ်သော မြူခိုးများဖြင့် ဖုံးလွှမ်းနေသော တောင်ကုန်းတစ်ခုတွင် မိသားစုတစ်စု လျှောက်လှမ်းနေကြသည်။ ဖခင်ဖြစ်သူ အဘိုးအိုက ရှေ့မှ ဦးဆောင်ပြီး သားဖြစ်သူ လူငယ်နှင့် ဇနီး၊ သားငယ်တို့ နောက်မှ လိုက်ပါလာကြသည်။ သားဖြစ်သူက ဖျားနာနေပုံရပြီး ပြင်းထန်စွာ ချောင်းဆိုးနေသည်။ ခရီးဆက်ကြရင်းနှင့်သူတို့တွေ နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသော တောင်ပေါ်ကျောင်းဟောင်းတစ်ခုသို့ ရောက်ရှိလာကြသည်။
သားငယ်လေးက… "အမေ…ဒါက ဘိုးဘိုးကြီး နေခဲ့တဲ့နေရာလား" ဟု မေးတော့ အမေဖြစ်သူက ပြုံး၍…
"ဟုတ်တယ်…နောက်တော့ ဘိုးဘိုးကြီးကို ဆုတောင်းပေးရမယ်… မင်းနဲ့ ဖေဖေ ကျန်းမာလာအောင် သူ ကူညီပေးလိမ့်မယ်"
သားငယ်လေးက….
"ဘုရားကျောင်းက နတ်ဘုရားတွေထက် ဘိုးဘိုးကြီးက ပိုတော်လား"
"ဘုရားကျောင်းက နတ်ဘုရားတွေက အတုတွေ…မင်းရဲ့ ဘိုးဘိုးကြီးကတော့ မသေမျိုးလမ်းစဉ်ကို ကျင့်ကြံသူလေ"
လူငယ်သည် ကျောင်းတံခါးကို ဖွင့်လိုက်သောအခါ လေပြင်းတစ်ခု တိုးဝင်လာသည်။ အထဲတွင် အမည်းရောင် ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား နောက်သို့ ဆုတ်လိုက်သည်။
"ဘယ်သူလဲ!"
အဘိုးအိုက လယ်တံစဉ်ကို ကိုင်ကာ ရှေ့သို့ တိုးလာသည်။ ထိုပုံရိပ်က ဖြည်းညှင်းစွာ လှည့်ကြည့်လာရာ လူငယ်မှာ ထိတ်လန့်သွားတော့သည်။ ထိုမိစ္ဆာပုံရိပ်မှာ အနက်ရောင် ကြောင်ခေါင်းနှင့် ဖြစ်ပြီး မျက်လုံးများမှာ သွေးယိုစီးနေသော အပေါက်များရှိပြီး ပါးစပ်တစ်ခြမ်းလုံး ဆွေးမြေ့နေကာ အစွယ်များမှ စိမ်းပြာရောင် အရှိန်အဝါများ ထွက်ပေါ်နေသည်။