အခန်း (၂၈၆၃-၂၈၆၄)
Vol. 287 Ch. 2863-2864
အခန်း (၂၈၆၃) - ကျွန်တော် နောက်နေတာပါ
ကျောင်းတော်အုပ်ချုပ်သူ နန်းဆောင်ရှေ့တွင် လူသားကျောင်းဆောင်မှ ကျောင်းသားများမှာ မည်သည့်အချိန်ကတည်းက စုရုံးရောက်ရှိနေကြသည်မသိ၊ လူအပြည့်ဖြစ်နေသည်။
ကျောင်းသားများသာမက သတင်းကြား၍ စပ်စုချင်စိတ်ဖြင့် အပြေးအလွှား ရောက်ရှိလာကြသည့် ဆရာအချို့ပင် ရှိနေသည်။
လူသားကျောင်းဆောင်၏ ကျောင်းတော်အုပ်ကြီး ပုယွဲ့ရုံမှာ ယခုအခါ မျက်နှာတစ်ခုလုံး နက်မှောင်နေသည်။
ကျောင်းတော်အသီးသီးမှ ကျောင်းတော်အုပ်ကြီးများ၏ အကဲခတ်ကြည့်ရှုခြင်းကို ခံနေရသဖြင့် ၎င်း၏စိတ်ထဲတွင် ရှက်ရွံ့စရာကောင်းလောက်အောင် အရှက်တကွဲ ဖြစ်နေရသည်။
ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပုယွဲ့ရုံဘက်သို့ လှည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
"ပုယွဲ့ရုံ၊ မင်းတို့ လူသားကျောင်းဆောင်က ကျောင်းသားတွေ အကုန်လုံး ဒီရောက်နေကြပြီလား"
ပုယွဲ့ရုံသည် စိတ်ထဲမှ ခံစားချက်ပေါင်းစုံကို မျိုသိပ်လိုက်ပြီး အရိုအသေပေးလျက် -
"ကျောင်းတော်အုပ်ချုပ်သူ၊ လူသားကျောင်းဆောင်က လာနိုင်တဲ့ ကျောင်းသားတွေ အကုန်လုံး ရောက်နေပါပြီ။ တချို့ကျောင်းသားတွေက လက်ရှိ ကျောင်းထဲမှာ မရှိကြတဲ့အတွက် ခဏတာအတွင်း ရောက်မလာနိုင်သေးဘူး။"
"အကယ်၍သာ..."
သူသည် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ -
"ဖန့် သူတော်စင်ဘိုးဘေးသာ ကြိုတင်အကြောင်းကြားထားမယ်ဆိုရင် ကျွန်တော်လည်း ကြိုတင်ပြင်ဆင်ထားလို့ ရတာပေါ့။ ဒီနေ့လို အလောတကြီး ဖြစ်စရာ မလိုဘူးလေ။"
"ကိစ္စမရှိပါဘူး၊ နောက်ဆို ကျွန်တော် တန်လင် ကျောင်းတော် ကို မကြာခဏ ရောက်လာဖြစ်မှာပါ။ မရောက်နိုင်သေးတဲ့ ကျောင်းသားတွေကို နောက်တစ်ခါ တွေ့တဲ့အခါမှ ခေါ်သွားလည်း ရတာပါပဲ။"
ဖန့်ချန်က ရယ်မောလျက် ပြောသည်။
နောက်တစ်ခါ တွေ့တဲ့အခါ
သူက တစ်ဖက်လူဟာ ရှန်းဟုန်မျိုးနွယ်စုမှ ဟုတ်၊ မဟုတ် သေချာစေဖို့အတွက် လူကိုယ်တိုင် မြင်တွေ့မှ ဖြစ်တာများလား။
ပုယွဲ့ရုံသာမက တက်ရောက်လာကြသည့် သူတော်စင်များအားလုံးမှာလည်း ထိုသို့ပင် တွေးထင်နေကြပြီး တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ မျက်လုံးချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ကြသည်။
ဖန့်ချန်အသုံးပြုသည့် ထိုအစွမ်းမှာ မည်သည့်အရာဖြစ်သည်ကို မသိသော်လည်း၊ ယခင်ဘဝနှင့် လက်ရှိဘဝကို ခွဲခြားနိုင်သည့် အလွန်ရှားပါးသော ထူးခြားသည့် အစွမ်းတစ်ခု ဖြစ်မည်ဟု သူတို့ တွက်ဆမိသည်။
သူတော်စင်အချို့ကလည်း ဤကိစ္စနှင့် ပတ်သက်သည့် ရှေးဟောင်းကျမ်းစာများကို နောက်ပိုင်းတွင် ရှာဖွေကြည့်ရန် စိတ်ထဲ၌ ဆုံးဖြတ်လိုက်ကြသည်။
ထိုကဲ့သို့သော အစွမ်းမျိုးကို ကောင်းကောင်းသုံးတတ်ပါက အလွန်တန်ဖိုးရှိလှသည်။
"ဖန့် သူတော်စင်ဘိုးဘေး၊ ဒါဆိုရင် ရှန်းဟုန်မျိုးနွယ်စု ကျောင်းသားတွေကို လက်ညှိုးထိုးပြပြီး ခေါ်သွားပေးပါ။"
ပုယွဲ့ရုံက တည်ငြိမ်စွာ ပြောသည်။
၎င်း၏ နောက်တွင်ရှိနေသည့် လူသားကျောင်းသားများမှာလည်း ခံစားချက်များ ရှုပ်ထွေးနေကြသည်။
ချင်မျိုးနွယ်စုမှ ကျောင်းသားများက ဖန့်ချန်ကို ကြည့်သည့်အကြည့်တို့မှာ မဖုံးကွယ်နိုင်သော ရန်လိုမှုများဖြင့် ပြည့်နှက်နေသည်။
ယခုအခါ ကောင်းကင်ငါးပါးရှိ မျိုးနွယ်စုပေါင်းစုံမှ သူတော်စင်များမှာ သူတော်စင်ဘိုးဘေး စီမံကိန်းတွင် ပါဝင်နေကြပြီ ဖြစ်သည်။
ဟော်ဆွေ့မျိုးနွယ်စု တစ်ခုတည်းသာ ညီညွတ်စွာဖြင့် တစ်ယောက်မျှ ပါဝင်ခြင်း မရှိသေးပေ။
၎င်းသည် ဟော်ဆွေ့မျိုးနွယ်စု၏ သဘောထားပင် ဖြစ်သည်။
တစ်ဖက်လူ၏ အဆင့်အတန်းမှာ မည်မျှမြင့်မားသည်ဖြစ်စေ၊ မည်မျှ ရေပန်းစားသည်ဖြစ်စေ၊ လူသားမျိုးနွယ်စုမှ နှစ်ပေါင်းများစွာ ခွဲထွက်သွားသည့် သူပုန်ခေါင်းဆောင်တစ်ယောက်ကို သူတို့က အညံ့ခံ အရှုံးပေးမည် မဟုတ်ပေ။
ဖန့်ချန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ လူသားကျောင်းသားများရှိရာဘက်သို့ လျှောက်သွားလိုက်သည်။ မျက်ဝန်းတို့ဖြင့် တစ်ချက် အကဲခတ်လိုက်ပြီးနောက် လက်ကို မြှောက်ကာ ရာဂဏန်းမျှသော ကျောင်းသားများကို တစ်ယောက်ပြီးတစ်ယောက် လက်ညှိုးထိုးလိုက်သည်။
"မင်း၊ မင်း၊ ပြီးတော့ မင်း၊ အင်း ဟုတ်တယ် မင်း၊ မင်းဘေးကတစ်ယောက်လည်း ဟုတ်တယ်၊ ဟုတ်ပြီ အကုန်ထွက်လာခဲ့။"
ဖန့်ချန် လက်ညှိုးထိုးပြခြင်း ခံရသည့် ကျောင်းသားအချို့မှာ အံ့အားသင့်လျက် လမ်းလျှောက် ထွက်လာကြသည်။
အချို့မှာမူ နေရာတွင်ပင် ရပ်နေရင်း စိတ်ရှုပ်ထွေးနေကြသည်။
အချို့မှာမူ ဝမ်းသာအားရ ဖြစ်နေကြသည်။
ကျန်အချို့မှာမူ ထိတ်လန့်တုန်လှုပ်နေကြသည်။
"မဖြစ်နိုင်တာ၊ ငါက ဘယ်လိုလုပ် ရှန်းဟုန်မျိုးနွယ်စုက ကျောင်းသား ဖြစ်နိုင်မှာလဲ၊ ငါက ချင်မျိုးနွယ်လေ"
ဟော်ဆွေ့မျိုးနွယ်စုမှ ချင်မျိုးနွယ်ဝင် ကျောင်းသားတစ်ယောက်မှာ ရေရွတ်နေမိသည်။
အနီးအနားမှ ဆွေမျိုးသားချင်း တော်စပ်သည့် တပည့်မောင်နှမများက သူ့ကို ကြည့်သည့်အကြည့်တို့မှာ ယခုအခါ ရန်လိုမှုနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေလေပြီ။
ထိုအချိန်တွင် ဖန့်ရှောင်ပန်းနှင့် ဖန့်ရှောင်ထျန်းတို့မှာလည်း ထွက်လာခဲ့ကြသည်။ သူတို့ လက်ညှိုးထိုးခံရချိန်တွင် စိတ်လှုပ်ရှားမှု ခဏတာသာ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြန်လည် တည်ငြိမ်သွားကာ ဝမ်းသာအားရဖြင့် ဖန့်ချန်၏ နောက်တွင် သွားရပ်လိုက်ကြသည်။
"ဒီကလေးနှစ်ယောက်က မွေးကတည်းက အတွင်းနယ်မြေက အထွတ်ထိပ်တာအိုအဆင့်တွေလေ။ အခု ကျင့်စဉ်တွေလည်း ရထားပြီ၊ လေ့ကျင့်ပြီးရင် သူတို့ရဲ့ အတွင်းနယ်မြေက ကောင်းကင်အရှင်အဆင့်ကို တက်လှမ်းနိုင်မယ့်သူတွေ၊ သူတို့က တကယ်ပဲ ရှန်းဟုန်မျိုးနွယ်စုကလား "
"ဒီလူက တမင်လုပ်တာများလား၊ ဘာပဲဖြစ်ဖြစ် သူတို့က ရှန်းဟုန်မျိုးနွယ်စုဝင်တွေ ဖြစ်မှန်း သက်သေပြစရာမှ မရှိတာ..."
တည်ရှိနေသူ အများအပြားမှာ တိုးတိုးလေး အချင်းချင်း ဆွေးနွေးနေကြသည်။
ပုယွဲ့ရုံ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာသည်။
ရှကျိ တစ်ယောက် လက်ညှိုးထိုးခံရသည့်အခါတွင်လည်း သူသည် အလွန်အမင်း အံ့အားမသင့်ခဲ့ပေ။ အကြောင်းမှာ သူသည် စင်ကြယ်သော ဗောဓိသီးကို အမှတ်မထင် ရရှိဖူးသည့် အကြိမ်အနည်းငယ်ကို ပြန်တွေးမိပြီး စိတ်ထဲတွင် ရိပ်မိနေ၍ ဖြစ်သည်။
မကြာမီပင် ဖန့်ချန်၏ အနီးတွင် ကျောင်းသား သုံးလေးရာခန့် စုဝေးရောက်ရှိနေသည်။
ထိုအရေအတွက်သည် တန်လင် ကျောင်းတော် လူသားကျောင်းဆောင်မှ နှစ်ပေါင်းထောင်ချီအတွင်း လက်ခံထားသည့် ကျောင်းသားဦးရေ၏ ငါးဆယ်ရာခိုင်နှုန်းခန့် ရှိနိုင်ပေသည်။
"ဟော်ဆွေ့မျိုးနွယ်စုက ရှန်းဟုန်အတွက် ကိုယ့်လူတွေကို မွေးပေးထားသလို ဖြစ်နေပြီ..."
"ဟော်ဆွေ့မျိုးနွယ်စုရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ဒီလောက်တောင် ရှုံးနိမ့်သွားရတာလား"
ကျောင်းတော်အသီးသီးမှ ကျောင်းအုပ်ကြီးများ၏ အမူအရာမှာ ထူးဆန်းနေသည်။
နောက်ဆုံးတွင် ဖန့်ချန်၏ အကြည့်တို့သည် ချင်ဟော့ချန်ဆီသို့ ရောက်သွားသည်။
"မင်း လာခဲ့။"
"ငါလည်း ပါတာလား"
ချင်ဟော့ချန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
သူသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မိမိမျိုးနွယ်စုဝင်များက သူ့ကို ရန်လိုသော အကြည့်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသော်လည်း ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ကာ ဖန့်ချန်ရှိရာသို့ လျှောက်သွားလိုက်သည်။
"ချင် အစ်ကိုကြီး၊ ကျွန်တော်တို့အရင်က မတူညီတဲ့ လမ်းကြောင်းတွေအတွက် ခွဲခွာခဲ့ရပေမယ့်၊ အခုတော့ တူညီတဲ့ လမ်းကြောင်းအတွက် ဆက်လျှောက်ကြရအောင်။"
ဖန့်ချန်သည် ချင်ဟော့ချန် ရောက်လာသည့်အခါ သူ နားမလည်နိုင်သည့် စကားတစ်ခွန်းကို ပြောလိုက်သည်။
သို့သော် သူတော်စင်အားလုံး ကြားလိုက်ရသည့် စကားလုံးတစ်လုံး ရှိသည်။
"ဖန့်ချန်က ချင်ဟော့ချန်ကို အစ်ကိုကြီးလို့ ခေါ်လိုက်တယ် "
"သေစမ်း၊ ဒီကောင်က ရှန်းဟုန်ရဲ့ အဓိက ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာလား "
"တောက်၊ ငါတို့ ချင်မျိုးနွယ်ရဲ့ အရေခွံကို ဝတ်ထားတာ နှစ်တွေအကြာကြီးပဲ၊ ငါတို့ရဲ့ လျှို့ဝှက်ချက် ဘယ်လောက်တောင် သိသွားပြီလဲ မသိဘူး "
ဟော်ဆွေ့မျိုးနွယ်စုမှ တပည့်များမှာ အလွန်အမင်း မုန်းတီးဒေါသထွက်နေကြပြီး ရှက်ရွံ့မှုကြောင့် မျက်နှာများမှာ နီရဲနေကြသည်။
ရှန်းဟုန်၏ ဤကဲ့သို့သော လုပ်ရပ်မှာ သူတို့ကို လူမိုက်ဟု သတ်မှတ်လိုက်ခြင်းပင် ဖြစ်သည်။
"ငါ့ယခင်ဘဝက မင်းရဲ့ အစ်ကိုကြီးလား"
ချင်််ဟော့ချန်မှာ သတိပြန်ဝင်လာပြီး အံ့အားသင့်စွာ မေးသည်။
"ဟုတ်တယ်လေ။"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ကာ -
"ငယ်ငယ်တုန်းကဆိုရင် ခင်ဗျားက ကျွန်တော့်ဘက်ကနေ ကာကွယ်ပေးခဲ့ဖူးသေးတယ်လေ။"
"ဩော်၊ ဒါဆိုရင်တော့ ငါ အကျိုးရှိတာပေါ့။"
ချင်ဟော့ချန်မှာ မသိမသာပင် ပျော်ရွှင်သွားသည်။
သူ့ယခင်ဘဝက ဤ ဖန့် သူတော်စင်ဘိုးဘေး၏ အစ်ကိုကြီး ဖြစ်ခဲ့သည်ပေါ့။
ဒီအဆင့်အတန်းနဲ့ဆိုရင် နောက်ပိုင်း ကောင်းကင် ငါးပါးအတွင်း သူတော်စင်လမ်းကြောင်းမှာ လျှောက်လှမ်းဖို့ စိတ်ပူစရာ မလိုတော့ဘူးပေါ့။
သို့သော် သူ၏ ပျော်ရွှင်မှုနှင့် မတူဘဲ၊ လက်ရှိတွင် ကျောင်းသားအချို့မှာ မလိုလားစွာဖြင့် ရပ်နေကြပြီး စိတ်ထဲတွင် အတော်လေး ဒွိဟဖြစ်နေကြသည်။
သို့သော် သူတို့သည် ရှန်းဟုန်မျိုးနွယ်စုဝင်များ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ဖန့် သူတော်စင်ဘိုးဘေးအပေါ် ထားရှိသည့် မုန်းတီးမှုမှာ လျော့နည်းသွားသော်လည်း ဟော်ဆွေ့မျိုးနွယ်စုဘက်က ပတ်သက်မှုကိုလည်း လက်လွှတ်ရခက်နေသည်။
သူတို့သည် အသိမိတ်ဆွေများကို အလိုအလျောက် ငေးကြည့်မိကြသော်လည်း ထိုသူများ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်နှင့် မုန်းတီးမှုများ ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင်ပင် သူတို့ နားလည်သွားသည်။ ဒီနေ့ပြီးသွားလျှင် သူတို့အတွက် ပြန်လမ်းမရှိတော့ပေ။
ဖန့်ချန်က နာမည်ခေါ်ခြင်းကို ရပ်လိုက်သည့်အခါ ပုယွဲ့ရုံက ဖြည်းညင်းစွာ ပြောသည်။
"ဖန့် သူတော်စင်ဘိုးဘေး၊ အကုန်စုံပြီလား"
"ကျွန်တော်က တစ်ဝက်ကို အရင်ခေါ်သွားမယ်၊ ကျန်တဲ့တစ်ဝက်ကို နောက်မှ အချိန်ရရင် ထပ်ခေါ်သွားမယ်။"
ဖန့်ချန်က ပြောသည်။
"..."
နေရာတစ်ခွင် လေထုမှာ ရုတ်တရက် ထူးဆန်းသွားသည်။
"ဘယ်လောက်တောင် ရက်စက်သလဲ"
ပုယွဲ့ရုံမှာ ဖန့်ချန်ကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေသည်။
လူသားကျောင်းဆောင်ဘက်တွင်လည်း ဆူညံသံများ ထွက်ပေါ်လာသည်။
ကျောင်းသားတစ်ယောက်နှင့်တစ်ယောက်ကြားတွင် သံသယများ စတင်ဝင်ရောက်လာသည်။
"ဖန့် သူတော်စင်ဘိုးဘေး၊ မင်းက ရှန်းဟုန်မျိုးနွယ်စုဝင်တွေကို ခေါ်သွားချင်တယ်ဆိုရင် အကုန်လုံးကို တစ်ခါတည်းသာ ခေါ်သွားပါ "
ပုယွဲ့ရုံက မျက်နှာပျက်လျက် ပြောသည်။
ဖန့်ချန်က ရယ်မောလျက် -
"ကျွန်တော်နောက်နေတာပါ၊ တကယ်တော့ ကျွန်တော် လူတွေကို ခေါ်သွားတာ အကုန်လုံးပါပဲ၊ တစ်ယောက်မှ ကျန်ခဲ့တာ မဟုတ်ဘူး။"
"..."
မယုံကြည်ကြပေ
လူသားကျောင်းဆောင်မှ သူတော်စင်များမှာ ဖန့်ချန်၏ စကားကို မယုံကြည်ကြပေ။
သံသယမျိုးစေ့ကိုသာ တစ်ခါတည်း စိုက်ပျိုးလိုက်ပြီဆိုပါက၊ ထိုမျိုးစေ့မှာ မကြာမီပင် ကြီးမားသည့် သစ်ပင်ကြီးအဖြစ် ကြီးထွားလာလိမ့်မည်။
ဖြစ်ပေါ်လာသမျှသော လက္ခဏာရပ်တိုင်း၊ အရှိအဖြစ်တိုင်းမှာ ထိုသံသယမျိုးစေ့အတွက် ဓာတ်မြေဩဇာများ ဖြစ်လာလိမ့်မည်။
"ဒီ ငလူးမသားလေး ကတော့ကွာ"
ဖန့်ချန်၏ ရည်ရွယ်ချက်ကို သိလိုက်သည့်အလား လူသားကျောင်းဆောင်မှ တာဝန်ရှိသူအချို့မှာ ဒေါသထွက်နေကြသော်လည်း မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိကြပေ။
တစ်ဖက်လူ၏ နောက်ပြောင်သယောင် ပြောလိုက်သော စကားနှစ်ခွန်းမှာ တန်လင် ကျောင်းတော် လူသားကျောင်းဆောင်ကို အကြီးအကျယ် ထိခိုက်မှု ဖြစ်စေခဲ့သည်။
ထိုထိခိုက်မှုမှာ နောင်လာမည့် အချိန်များတွင် အဆက်မပြတ် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး ဒဏ်ရာမှာလည်း ပိုမိုနက်ရှိုင်းလာလိမ့်မည်။
"ဖန့်ချန်၊ လူသားကျောင်းဆောင်ရဲ့ သူတော်စင်တွေက အမြဲတမ်း လူသားကျောင်းဆောင်ရဲ့ လူတွေပဲ၊ မင်းမှာ လုံလောက်တဲ့ အကြောင်းပြချက် မရှိဘဲနဲ့ ဒီနေ့ တစ်ယောက်ကိုမှ ခေါ်သွားလို့ မရဘူး။"
ရုတ်တရက် အသံတစ်သံမှာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ချင်ဖိုကျားမှာ အတွင်းနယ်မြေ တံခါးမှ ထွက်ပေါ်လာပြီး ရေပြင်ကဲ့သို့ ငြိမ်သက်နေသော မျက်ဝန်းတို့ဖြင့် ဖန့်ချန်ကို အေးဆေးစွာ စိုက်ကြည့်နေသည်။
အခန်း (၂၈၆၄) - ဘောင်းဘီအိတ်ထဲ ရွှံ့တွေ ပေကုန်ခြင်း
ချင်ဖိုကျား
ဖန့်ချန်၏ စိတ်ထဲတွင် ခံစားချက်အချို့ ပေါ်ပေါက်လာသည်။
လူသားမျိုးနွယ်၏ ကောင်းကင်အရှင်အဆင့် ဆက်ခံသူတစ်ဦးကို သူသည် လက်တွေ့တွင် ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ရခြင်း ဖြစ်သည်။
ယခင်က ထိုသူ၏ ရုပ်ပုံသဏ္ဌာန်မှာ အကျိုးကြောင်းပိတ်ကား ထဲတွင်သာ ရှိခဲ့သည်။
ပုယွဲ့ရုံသည် ချင်ဖိုကျား ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
နေရာတွင်ရှိနေသော လူသားကျောင်းသားများမှာလည်း ချင်ဖိုကျားဘက်သို့ တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းထဲတွင် လေးစားမှုနှင့် မျှော်လင့်ချက်များ ထွက်ပေါ်လာသည်။
ချင်ဖိုကျား၏ ပေါ်လာခြင်းသည် ဟော်ဆွေ့မျိုးနွယ်စုအတွက် ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေကြခြင်းမှာ ထင်ရှားသည်။
"ချင်ဖိုကျား၊ ဒီကိစ္စနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ။"
ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ကောင်းကင်အရှင်အဆင့် ကို ဘယ်လို တက်လှမ်းရမလဲဆိုတာ မစဉ်းစားဘဲ ဒီနေရာကို ဘာလာလုပ်တာလဲ။"
"ကျောင်းတော်အုပ်ချုပ်သူ၊ ဖန့်ချန်က ရှန်းဟုန်မျိုးနွယ်စုဝင် တပည့်တွေကို ခေါ်သွားတာကို ကျွန်တော် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ သူ လက်ညှိုးထိုးပြထားတဲ့ ဒီကျောင်းသားတွေက ရှန်းဟုန်မျိုးနွယ်စုက ဟုတ်မှန်း သူ ဘယ်လို သက်သေပြမလဲ။"
ချင်ဖိုကျားက တည်ငြိမ်စွာ ပြောသည်။
"သူ သက်သေပြနိုင်မှသာ ဒီကျောင်းသားတွေကို ခေါ်သွားခွင့်ရှိမယ်။ မဟုတ်ရင် ကျွန်တော်တို့ လူသားမျိုးနွယ်က ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။
ချင်းမင်မှာ ချင်းမင်ရဲ့ ဥပဒေဆိုတာ ရှိတယ်။
သူတော်စင်ဘိုးဘေး စီမံကိန်းက အထက်လူကြီးတွေရဲ့ အလေးပေးမှုကို ဘယ်လောက်ပဲ ရပါစေ၊ ချင်းမင်ရဲ့ ဥပဒေကိုတော့ ဖျက်ဆီးလို့ မရဘူး။
နောက်ပိုင်းမှာ တခြားသူတော်စင်တွေက ရှန်းဟုန်ကို အတုယူပြီး လိုက်လုပ်ကြမယ်ဆိုရင် တခြားမျိုးနွယ်စုက သူတော်စင်တွေက ဘယ်လိုလုပ်ကြမလဲ။"
သူသည် နေရာတွင်ရှိသော ကျောင်းတော်အုပ်ကြီးများနှင့် သက်ကြီးဝါကြီးများကို တစ်ချက်ကြည့်လိုက်သည်။
"အသိုက်အမြုံ ပျက်စီးရင် ဥမလွတ်ဘူးဆိုတာကို မိတ်ဆွေတို့ နားလည်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"
မျိုးနွယ်စုအသီးသီးမှ ကျောင်းတော်အုပ်ကြီးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့၏ မျက်ဝန်းထဲတွင် အတွေးနက်နေသော အရိပ်အယောင်များ ပေါ်လာသည်။
"ဒါကြောင့် ဖန့်ချန်။"
ချင်ဖိုကျားသည် တက်ရောက်လာသူ သူတော်စင်များအားလုံး စကားမဆိုကြသည်ကို မြင်သော် အနည်းငယ် ပြုံးကာ ဖန့်ချန်ဘက်သို့ ပြန်ကြည့်လိုက်သည်။
"သူတို့က ရှန်းဟုန်မျိုးနွယ်စုဝင် ကျောင်းသားတွေ ဖြစ်ကြောင်း ကျေးဇူးပြုပြီး သက်သေပြပါ။ မဟုတ်ရင်တော့ ဒီနေရာက ဘယ်ကျောင်းသားကိုမှ ခေါ်သွားလို့ မရဘူး။"
"တကယ်တော့ ဒီကို မလာခင်က သူတို့က ရှန်းဟုန်မျိုးနွယ်စုဝင်တွေ ဖြစ်ကြောင်း ဘယ်လိုသက်သေပြရမလဲဆိုတာ ငါစဉ်းစားခဲ့ဖူးပါတယ်။"
"နောက်မှ ပြန်တွေးကြည့်တော့ ငါသက်သေပြစရာတောင် မလိုဘဲ ဟော်ဆွေ့ဘိုးဘေးကိုယ်တိုင်က လူတွေကို လွှတ်ပေးသင့်တယ်လို့ တွေးမိတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စကို သူ အသေအချာ သိထားလို့ပါပဲ။"
"ဒါပေမဲ့... ဒီနေ့ မင်း ဒီနေရာကို ရောက်လာတာနဲ့ မတော်တဆဆိုသလိုပဲ၊ ငါ မကြာခင်ကပဲ သက်သေတစ်ယောက်ကို ရှာတွေ့ထားတယ်။ သူက ငါ ဒီနေ့ လက်ညှိုးထိုးပြတဲ့ ကျောင်းသားတွေအားလုံးဟာ ရှန်းဟုန်မျိုးနွယ်စုဝင်တွေ ဖြစ်ကြောင်း သက်သေခံပေးနိုင်တယ်။"
ဖန့်ချန်က အေးဆေးစွာ ပြောသည်။
သက်သေ
ဒါကိုလည်း သက်သေပြလို့ ရတာလား
ချင်ဖိုကျားသာမက နေရာတွင်ရှိသော ကျောင်းတော်အုပ်ကြီးများနှင့် တာဝန်ရှိသူများမှာလည်း အံ့အားသင့်သွားကြသည်။
ဆွေ့ ကျောင်းတော်အုပ်ချုပ်သူသည် အလိုအလျောက် ဖန့်ချန်ကို ကြည့်လိုက်ပြီးနောက် ဟေးဆန်း ဘက်ကို ကြည့်လိုက်သည်။
"ကျွန်တော် မဟုတ်ဘူးနော်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မသိဘူး။"
ဟေးဆန်းက ခေါင်းခါလိုက်သည်။
ဟေးဆန်း ဆိုတဲ့ ကျောင်းတော်အုပ်ချုပ်သူက သက်သေ မဟုတ်ဘူးဆိုရင်။
ဘယ်သူကများ ချင်ဖိုကျားတို့အဖွဲ့ကို ပါးစပ်ပိတ်သွားစေလောက်အောင် ပြောပိုင်ခွင့် ရှိတဲ့ သက်သေလဲ။
သူတော်စင်အားလုံးမှာ သိချင်စိတ် ပြင်းပြသွားသည်။
"သက်သေ ဒါဆိုရင် မင်း ပြောတဲ့ သက်သေကို ခေါ်ပြပါ။"
ချင်ဖိုကျားက တည်ငြိမ်စွာ ပြောသည်။
စကားဆုံးသည်နှင့်။
နေရာတွင် ရုတ်တရက် အဖြူရောင် မြူခိုးများ လှုပ်ရှားလာသည်။
ဒါက ဘာကို ဆိုလိုသလဲဆိုတာကို သိတဲ့ သူတော်စင်တွေမှာ ချက်ချင်းပင် အသက်ရှူမှားသွားကြသည်။
"လာတာက ဝိညာဉ်မျိုးနွယ်စု လား၊ ပြီးတော့ ယင်လောက ကနေ တိုက်ရိုက်လာတာလား။"
သူတော်စင် အများအပြားမှာ အံ့အားသင့်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်။
လူလောကတွင် အမြဲတမ်း နေထိုင်သည့် ဝိညာဉ်မျိုးနွယ်များ ရှိပြီး သူတို့၏ အဆင့်အတန်းမှာ အလွန်မြင့်မားသည်။
ကောင်းကင်ငါးပါး မှာ အင်အားစု ငါးခု ရှိတယ်လို့ ပြောတာထက် ကောင်းကင်ငါးပါးမှာ အင်အားစု ဆယ်ခု ရှိတယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
ပြီးတော့ ယင်လောက ငါးခု ရဲ့ အဆင့်အတန်းက လူလောက ငါးခုထက် အနည်းငယ် ပိုမြင့်သည်။
သို့သော် နှစ်ဖက်စလုံးမှာ တိုက်ရိုက် ပဋိပက္ခ မရှိဘဲ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အကျိုးပြုနေကြသည့်အတွက် နေ့နှင့်ည၊ အသက်နှင့်သေ ကဲ့သို့ ခွဲခြားထား၍ မရပေ။
ထို့ကြောင့် နေ့စဉ်ဘဝတွင် သက်ဆိုင်ရာ ယင်လောကနှင့် လူလောကကို တစ်ခုတည်းအဖြစ်သာ သတ်မှတ်ကြသည်။
သူတို့သည် သူတော်စင်များ ဖြစ်ကြသည့်အတွက် ဝိညာဉ်မျိုးနွယ်များနှင့် အဆက်အသွယ် ရှိခဲ့ဖူးသော်လည်း။
တကယ်တမ်း ဝိညာဉ်မျိုးနွယ်က လူလောကသို့ လူကိုယ်တိုင် ပြန်လာသည်ကို မြင်ဖူးသည့် အကြိမ်အရေအတွက်မှာ အလွန်နည်းပါးသည်။
ဝိညာဉ်မျိုးနွယ် လူလောကသို့ ရောက်လာသည့် အကြိမ်တိုင်းမှာ အရေးကြီးသော ကိစ္စရပ်တစ်ခုခု ရှိသည်ဟု ဆိုလိုသည်။
အဖြူရောင် မြူခိုးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဝိညာဉ်မျိုးနွယ်မှ သူတော်စင် ဆယ်ဂဏန်းခန့် ပေါ်လာသည်။
ဦးဆောင်သူမှာ လှပသော ကိုယ်နေဟန်ထားရှိပြီး ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမ၏ နောက်ကလိုက်ပါလာသော ဝိညာဉ်မျိုးနွယ်များကို ခေါ်ဆောင်ကာ ဆွေ့ ကျောင်းတော်အုပ်ချုပ်သူ ရှေ့သို့ ရောက်လာသည်။
"ချင်းမင် ယင်လောက၊ ပြန်လည်ဝင်စားရေးဌာန တာဝန်ခံ ပိုင်ဇီဝမ်ချင်း က ဆွေ့ ကျောင်းတော်အုပ်ချုပ်သူကို ဂါရဝပြုပါတယ်။"
ပိုင်ဇီဝမ်ချင်း၏ အသံမှာ အလွန်အေးစက်ပြီး စိတ်ခံစားချက် တစ်စုံတစ်ရာမျှ မပါဝင်ပေ။
"ပြန်လည်ဝင်စားရေးဌာန"
"ဟူး"
တက်ရောက်လာသူ သူတော်စင်များမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။
ဒါက ချင်းမင် ယင်လောကမှာ အမြင့်ဆုံးသော ဌာန ဖြစ်သည်။
လူလောကက သူတော်စင် အများအပြား နောက်ဆုံးမှာ အလုပ်အတူတွဲလုပ်ရမည့် နေရာလည်း ဖြစ်သည်။
ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းသော အာဏာကို ကိုယ်စားပြုရုံသာမက ချင်းမင် ငရဲမင်း ၏ အယုံကြည်ရဆုံးလူ ဖြစ်ကြောင်းကိုလည်း ကိုယ်စားပြုသည်။
အယုံကြည်ရဆုံးလူ မဟုတ်လျှင် ပြန်လည်ဝင်စားရေးဌာန၏ တာဝန်ခံ နေရာကို မည်သို့ ရယူနိုင်မည်နည်း။
"ပိုင်ဇီဝမ်ချင်း တာဝန်ခံပါလား..."
ဆွေ့ ကျောင်းတော်အုပ်ချုပ်သူက အဓိပ္ပာယ်ပါပါဖြင့် လက်ယှက်ကာ ဂါရဝပြုသည်။
ခဏနားပြီးနောက် သူက သက်ပြင်းချကာ -
"အရင်တုန်းက ပိုင်ဇီဝမ်တာဝန်ခံ ရာထူးတက်တဲ့အချိန်မှာ ကျွန်တော်တို့လည်း အချိန်မပေးနိုင်လို့ပါ၊ မဟုတ်ရင် ယင်လောကအထိ ကိုယ်တိုင်သွားပြီး ဂုဏ်ပြုမှာပါ။"
"မလိုပါဘူး။"
ပိုင်ဇီဝမ်ချင်းက အေးဆေးစွာ ပြောသည်။
ဆွေ့ ကျောင်းတော်အုပ်ချုပ်သူ၏ မျက်နှာမှာ အလွန် အဆင်မပြေ ဖြစ်သွားသည်။ ပိုင်ဇီဝမ်ချင်းသည် ယခုအခါ ချင်ဖိုကျားကို ကြည့်လိုက်သည်။
"ကျွန်မက ဖန့်ချန်ရဲ့ သက်သေပါ။ ပြန်လည်ဝင်စားသူတိုင်းမှာ ပြန်လည်ဝင်စားရေးဌာနမှာ မှတ်တမ်းတင်ထားတာ ရှိပါတယ်။"
"..."
ချင်ဖိုကျားမှာ စကားမဆိုတော့ဘဲ တိတ်ဆိတ်သွားသည်။
ပုယွဲ့ရုံတို့၏ မျက်နှာမှာလည်း ကြည့်မကောင်း ဖြစ်သွားသည်။ ဒီတစ်ကြိမ်မှာတော့ ဟော်ဆွေ့မျိုးနွယ်စုမှာ နောက်ထပ် တစ်ကြိမ် အရှုံးပေးလိုက်ရပြီ ဖြစ်ကြောင်း သူတို့ သိလိုက်သည်။
ချင်းမင် ယင်လောက ပြန်လည်ဝင်စားရေးဌာန တာဝန်ခံကိုယ်တိုင်က သက်သေခံပေးနေမှတော့ ဘာများ ပြောစရာ ရှိဦးမည်နည်း။
ပြန်လည်ဝင်စားရေးဌာန တာဝန်ခံ၏ စကားကို မယုံကြည်လျှင် ကောင်းကင်ငါးပါး အတွင်း ဒီကိစ္စကို ပြောပိုင်ခွင့် ရှိသူ ဘယ်သူမှ မရှိတော့ပေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချင်ဖိုကျား၏ အသံမှာ အနည်းငယ် တုန်ရီနေသည်။
"ပိုင်ဇီဝမ်တာဝန်ခံ၊ လူငယ်တစ်ယောက်အနေနဲ့ နားမလည်တာလေး တစ်ခု ရှိလို့ပါ။ အရင်တုန်းက နယ်မြေကိုးခုက သတ္တဝါတွေက ချင်းမင် ယင်လောကမှာ ပြန်လည်ဝင်စားနိုင်တယ်ဆိုတာ၊ အဲဒီထဲမှာ ကိုယ်ကျိုးအတွက် လုပ်ဆောင်ချက်တွေ ရှိနေတယ်လို့ ကြားမိပါတယ်။"
"ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ချင်းမင် သူတော်စင်တွေ သတ်လိုက်တဲ့ သတ္တဝါတွေက ချင်းမင် ယင်လောကမှာ ပြန်လည်ဝင်စားတာ မဟုတ်ဘူးလား။"
ပိုင်ဇီဝမ်ချင်းက အေးဆေးစွာ ပြောသည်။
ချင်ဖိုကျားမှာ စကားဆွံ့အသွားသော်လည်း အသံအေးအေးဖြင့် ဆက်ပြောသည်။
"ဒါပေမဲ့ သူတော်စင်တွေက ကြားထဲကနေ ဝင်စွက်ဖက်မယ်ဆိုရင် ချင်းမင် ယင်လောပက တချို့သူတွေ ပြောတဲ့ စကားက တရားမျှတမှု မရှိဘူးလို့ သက်သေပြနေတာပေါ့..."
"အဲဒီတုန်းက သူတော်စင်တွေက အဆက်အသွယ်နဲ့ မင်လော့မျိုးနွယ်စု ဘက်က ဝိညာဉ်မျိုးနွယ်တွေကို ရှာပြီး သတ္တဝါတွေကို သူတို့ရဲ့ နယ်မြေမှာ ပြန်လည်ဝင်စားအောင် လုပ်တာကို စစ်ဆေးတွေ့ရှိခဲ့ပြီးပြီ။"
"ဒီကိစ္စကို ချင်းမင် ယင်လောကမှာ အဖြေထုတ်ပြီးသွားပြီ။ အမှားလုပ်တဲ့သူတွေကို အပြစ်ပေးပြီးပြီ၊ တရားမျှတမှု ရှိ၊ မရှိ ဆိုတာကို စိတ်ပူစရာ မလိုပါဘူး။"
ပိုင်ဇီဝမ်ချင်းက ပြောသည်။
"..."
ဆိုလိုသည်မှာ ဟော်ဆွေ့မျိုးနွယ်စုက အသုံးပြုလိုက်သည့် အဆက်အသွယ်မှာ ချင်းမင် ယင်လောကထဲမှာ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။
တက်ရောက်လာသူ သူတော်စင်များမှာ နားလည်သလိုဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ပိုင်ဇီဝမ်ချင်းက ရုတ်တရက် ဖန့်ချန်ကို ကြည့်လိုက်သည်။
"ချင်ဖိုကျားက ရှန်းဟုန်မျိုးနွယ်စုဝင်တွေကို ပြန်မခေါ်ဘူးလား။ သူ ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ဟော်ဆွေ့မျိုးနွယ်စုနဲ့ မခွဲခြားနိုင်တော့ဘဲ ရောထွေးသွားလိမ့်မယ်။"
ဖန့်ချန်မှာ ခဏလောက် ကြောင်သွားပြီးမှ အမြန်ပြန်တုံ့ပြန်လိုက်သည်။
"သူက ကျွန်တော်တို့ ရှန်းဟုန်မျိုးနွယ်စုဝင် မဟုတ်ပါဘူး၊ ပိုင်ဇီဝမ်တာဝန်ခံ မှတ်တမ်း မှားကြည့်မိတာများလား။"
ပိုင်ဇီဝမ်ချင်း တိတ်ဆိတ်သွားသည်။ သူမ၏ မျက်ဝန်းတို့မှာ တဖျတ်ဖျတ် လက်သွားပြီး အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ငါ မှားကြည့်မိတာ ဖြစ်နိုင်ပါတယ်။"
လူသားကျောင်းဆောင်မှာ လုံးဝ တိတ်ဆိတ်သွားသည်။
ချင်ဖိုကျားမှာ ပိုင်ဇီဝမ်ချင်း စကားစပြောကတည်းက အခြေအနေ မကောင်းမှန်း သိလိုက်သည်။ ဖန့်ချန်၏ အဖြေကို ကြားလိုက်ရသည့်အခါ ပို၍ပင် ဒေါသထွက်သွားသည်။
"ငါ ဒီနေရာကို မလာခဲ့သင့်ဘူး။"
ချင်ဖိုကျား၏ မျက်နှာမှာ နက်မှောင်သွားသည်။
ဘယ်လောက်ပဲ တွက်ချက်ထားပါစေ၊ ယင်လောကမှ ပြန်လည်ဝင်စားရေးဌာန တာဝန်ခံက ရှန်းဟုန်အတွက် ဒီလောက်ထိ လုပ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
ယခုတွင်မူ တစ်ဖက်လူမှာ လူအများရှေ့တွင်ပင် သူ၏ ဦးခေါင်းခွံကို ခွဲ၍ သံသယမျိုးစေ့ကို တိုက်ရိုက် စိုက်ပျိုးလိုက်သလို ဖြစ်သွားသည်။
ဘောင်းဘီအိတ်ထဲ ရွှံ့တွေ ပေကုန်ပြီ
( အရှုပ်တော်ပုံထဲ တိုက်ရိုက်ပါဝင်သွားခြင်း)။
ဘယ်လိုမှ ရှင်းပြလို့ မရတော့ပေ
ယခုအချိန်တွင် သူ့ကို သံသယဝင်သော အကြည့်များစွာဖြင့် ကြည့်နေကြသည်။
ချင်ဖိုကျားသည် သက်ပြင်းရှည် တစ်ခုကို ချလိုက်ပြီးနောက် လက်ယှက်ကာ ဂါရဝပြုလိုက်သည်။
"နှစ်ယောက်လုံးကတော့ တကယ်တော်တာပဲ။"
စကားပြောပြီးနောက် သူသည် နောက်ထပ် မနေတော့ဘဲ သူတော်စင်အားလုံး၏ အကြည့်အောက်မှာပင် အတွင်းနယ်မြေ တံခါးထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။
ကျန်ရှိနေခဲ့သည်မှာ ထိတ်လန့်သံသယဖြစ်ဖွယ် အကြည့်များနှင့် လေထဲတွင် ကျန်ရစ်ခဲ့သော သံသယအရသာ သာ ဖြစ်တော့သည်။