← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) - အတင်းအဓမ္မ သိမ်းပိုက်ခြင်း

ဒေါသကြောင့် ဝမ်ရှန်း၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူမဘဝမှာ အမုန်းဆုံးနှင့် နောင်တအရဆုံးအရာက လီချန်ချဲ့ကို မွေးဖွားခဲ့ခြင်းပင်။ လီလင်းဖုန်း ဒီလိုပြောတိုင်း သူမ သူ့ကို သတ်ပစ်ချင်စိတ် ပေါက်သွားတတ်၏။ ကံဆိုးစွာဖြင့် သူမတွင် လက်နက်မရှိသည့်အပြင် သူမအား အကျပ်ကိုင်နိုင်သည့် သားတစ်ယောက်လည်း ရှိနေသည်။ သို့မဟုတ်လျှင် လီလင်းဖုန်းနှင့် သူ့သား လီချန်ချဲ့တို့ကို အသားစင်းသလို စင်းပစ်ခဲ့တာ ကြာလှပြီ။

အခြေအနေမကောင်းသည်ကို မြင်သောအခါ လီချန်လင်က အတင်းပြုံးကာ မတ်တပ်ရပ်ပြီး ခွင့်တောင်းလိုက်သည်။

"အဖေ၊ အမေ၊ သားကို ပြန်ခွင့်ပြုပါဦး။"

ဝမ်ရှန်း၏ လှပသော မျက်နှာထက်တွင် အုံ့မှိုင်းနေသော ဒေါသများ စုဝေးလာသည်။ သူမက လီလင်းဖုန်းအပေါ် ဘယ်တုန်းကမှ မျက်နှာကောင်း မပြခဲ့ဖူးသလို ယခု လူတိုင်း ထွက်သွားကြပြီဖြစ်ရာ သူ့အပေါ်ထားရှိသော သည်းခံနိုင်စွမ်းများလည်း လုံးဝ ကုန်ဆုံးသွားပြီဖြစ်၏။

"ရှင် ဘယ်တော့ သွားမှာလဲ။"

လီလင်းဖုန်းက အေးဆေးစွာပင် ပြန်ဖြေသည်။

"ကိုယ်က ဒီအိမ်ရဲ့ သခင်လေ။ ဘယ်ကိုသွားရမှာလဲ။"

ဝမ်ရှန်း၏ မျက်လုံးများတွင် ရွံရှာမှုများ ပြည့်နှက်နေသည်။

"ဒါ ကျွန်မရဲ့ အဆောင်ပဲ!"

"ဝမ်ရှန်း။"

လီလင်းဖုန်း၏ အကြည့်များက စောစောက နူးညံ့မှုမှ စူးရှထက်မြက်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ မတ်တပ်ရပ်ပြီး အမျိုးသမီးထံ လျှောက်သွားကာ သူ၏ သံမဏိလို မာကျောသော လက်ဖြင့် သူမ၏ မေးစေ့ကို ဆုပ်ကိုင်ပြီး မော့ကြည့်စေရန် အနည်းငယ် ညှစ်လိုက်သည်။

"ကိုယ် မင်းကို အလိုလိုက်ထားတာ ကိုယ့်အပေါ် ဗိုလ်ကျဖို့ မဟုတ်ဘူး။ နောက်နောင် ချွေးမရှေ့မှာ စကားပြောရင် မင်းရင်ထဲက လီချန်လင်ရဲ့ အရေးပါမှုကို ချိန်ဆပြီးမှ ပြောပါ။ မဟုတ်ရင် သူ့အဖေနဲ့ သွားတွေ့ပေးဖို့ ကိုယ် ဝန်လေးနေမှာ မဟုတ်ဘူး။"

"ရှင်!"

"ကိုယ်က ပြောတဲ့အတိုင်း လုပ်တတ်တယ်ဆိုတာ မင်း သိပါတယ်။"

လီလင်းဖုန်းက ဆုပ်ကိုင်ထားမှုကို အနည်းငယ် တင်းကျပ်လိုက်သည်။

ဝမ်ရှန်းအတွက် သူ၏ ဤမျက်နှာထားက အစိမ်းသက်သက် မဟုတ်ပေ။ သေဆုံးသွားပြီဖြစ်သော သူမ၏ ပထမခင်ပွန်းနှင့် အားနည်းလှသော သူမ၏သားကို သတိရသွားကာ သူမ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။

"မလုပ်ပါနဲ့..."

"ဘာကို မလုပ်ရမှာလဲ။"

လီလင်းဖုန်းက အကျင့်ပါနေသည့်အတိုင်း သူမကို ပွေ့ချီကာ ကုတင်ပေါ်သို့ ပစ်ချလိုက်၏။ သေသပ်ခန့်ညားသော သူ့မျက်နှာထက်တွင် အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့ရသော ရမ္မက်ဆန္ဒများ ပြည့်နှက်နေသည်။ တုန်ယင်နေသော ဝမ်ရှန်း၏ ခန္ဓာကိုယ်ကို စိုက်ကြည့်ရင်း သူက သူမ၏ အဝတ်အစားများကို ကြမ်းတမ်းစွာ ဆွဲဆုတ်လိုက်ရာ အဝတ်စုတ်ပြဲသံက အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

ရွံရှာမုန်းတီးမှုများ ပြည့်နှက်နေသော်လည်း ဝမ်ရှန်းမှာ အလွန်လည်း ကြောက်လန့်နေခဲ့သည်။

အမျိုးသား၏ အမှောင်ဖုံးကာ ဖတ်ရခက်သော အကြည့်များနှင့် ဆုံမိသောအခါ သူမ၏ ခန္ဓာကိုယ်မှာ ထိန်းမရသိမ်းမရ တုန်ယင်လာသည်။

သူမက ကြောက်လန့်နေသော တိရစ္ဆာန်လေးတစ်ကောင်လို စောင်ထဲသို့ တိုးဝင်ရန် ကြိုးစားလိုက်ပြီး သူမကိုယ်သူမ ဖုံးကွယ်နိုင်ရုံရှိသေး အမျိုးသား၏ လက်ကြီးက စောင်ကို ဆွဲဖယ်လိုက်သည်။

သူက အမြဲတမ်း ဒီလိုပါပဲ။ အရမ်းရက်စက်ပြီး အရမ်းယုတ်မာလွန်းတယ်။

သူက သူမရဲ့ ခံစားချက်များကို ဘယ်တုန်းကမှ ထည့်မတွက်သလို သူမအပေါ် နူးညံ့ကြင်နာမှု တစ်စက်လေးမှ မပြခဲ့ဖူးပေ။

စောင်ကို ဆွဲဖယ်ခံလိုက်ရချိန်တွင် သူမသည် ရှက်ရွံ့မှုရော အရှက်ခွဲခံရမှုတို့ကိုပါ ခံစားလိုက်ရသည်။

လီလင်းဖုန်း သူမကို မထိတွေ့ခဲ့တာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခု သူမ၏ မျက်လုံးထဲမှ မျက်ရည်များကို မြင်လိုက်ရသောအခါ သူ၏ အတွင်းစိတ်မှ ဖျက်ဆီးလိုသော ဆန္ဒကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ပေ။

သူက ကိုင်းညွတ်ကာ သူမ၏ နှုတ်ခမ်းများကို သွေးထွက်မတတ် ကြမ်းတမ်းစွာ ကိုက်ပစ်လိုက်၏။

ပြင်းထန်သော သွေးညှီနံ့က သူတို့နှစ်ဦးကြားတွင် ပြန့်နှံ့သွားသည်။

"အာ့... ကျွန်မကို မထိနဲ့! လီလင်းဖုန်း! ရှင့်ကို မုန်းတယ်။ သေလောက်အောင် မုန်းတယ်!"

ဝမ်ရှန်းက နာကျင်စွာ အော်ဟစ်လိုက်ပြီး ငိုကြွေးကျိန်ဆဲရင်းမှ သူမ၏ အော်သံများက အသက်ရှူကျပ်သော ရှိုက်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။

လီလင်းဖုန်းက ဝမ်ရှန်းထံမှ ထိုကဲ့သို့သော စကားများကို ရေတွက်မရနိုင်အောင် ကြားဖူးပြီးဖြစ်သည်။

သူမ၏ အမုန်းတရားထက် သူ့ရဲ့ အတင်းအကျပ်ပြုမူမှုအောက်တွင် ထိတ်လန့်ပြာယာခတ်ကာ ကူကယ်ရာမဲ့နေတဲ့ သူမကို မြင်ရတာကို သူ ပိုသဘောကျသည်။

သူမ အသက်ရှူကျပ်ကာ ရုန်းကန်နေတာကို ကြည့်ရင်း၊ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာတာကို မြင်ရတာက သူ့ကို ပို၍ စိတ်လှုပ်ရှားစေသည်။

"ဘာလို့ ငိုတာလဲ။ မင်းကို သာယာမှု ပေးမယ့်အရာကို ဒီလိုမျိုး ငိုနေတော့လည်း ကြည့်ရတာ တကယ် သနားစရာပဲ။"

သူ၏ ကြမ်းတမ်းသော လက်မက ဝမ်ရှန်း တင်းတင်းစေ့ထားသည့် နှုတ်ခမ်းများပေါ် ပွတ်သပ်သွားသည်။

သူမ၏ မျက်လုံးထဲတွင် အရှက်ရမှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် မော့ကြည့်လိုက်ရာ အမျိုးသား၏ မျက်လုံးထဲမှ ပြင်းထန်သော ရမ္မက်ဆန္ဒများနှင့် ဆုံမိသွားသည်။ မျက်ရည်များက သူမ၏ မျက်ထောင့်မှ စီးကျလာခဲ့သည်။

ဤအချိန်က သူမ အလိမ္မာဆုံး ဖြစ်နေတတ်သည့် အချိန်ပင်။

လီလင်းဖုန်းက ခေါင်းငုံ့ကာ သူမကို နမ်းလိုက်သည်။

သူက ဝမ်ရှန်းကို အသိဆုံးပဲ။ အနည်းငယ် စနောက်လိုက်ရုံဖြင့် သူမ၏ မျက်ရည်စိုရွှဲနေသော မျက်နှာလေးက နီမြန်းလာတတ်တယ်။

သူက ခပ်တိုးတိုး ရယ်မောရင်း စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ သူမကို ကုတင်ပေါ်သို့ ဖိချကာ ချုပ်နှောင်လိုက်တော့သည်။

ဝမ်ရှန်း၏ မျက်လုံးများ သွေးတိုးကာ နီမြန်းနေဆဲ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ ချက်ချင်း ပျော့ခွေသွားခဲ့သည်။

"လီလင်းဖုန်း... ဘာလို့... ဘာလို့ ကျွန်မကို လွှတ်မပေးနိုင်ရတာလဲ..."

"မင်း ပါးစပ်က ငြင်းနေပေမဲ့ ခန္ဓာကိုယ်ကတော့ ရိုးသားတယ်... အားရှန်း၊ မင်း အခု ကိုယ်မရှိရင် မဖြစ်တော့ပါဘူး။"

ထို့နောက်တွင်တော့ အမျိုးသား၏ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာတော့သည်။

လီလင်းဖုန်းက စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သည့် စစ်သူကြီးတစ်ဦး ဖြစ်သဖြင့် သာမန်အမျိုးသားများထက် များစွာ သန်မာသည်။

သူက အသက်လေးဆယ်ကျော်နေပြီ ဖြစ်သော်လည်း အိပ်ယာထဲတွင်မူ လူငယ်များထက်ပင် ပို၍ အလိုရမ္မက် ကြီးမား၏။

ဝမ်ရှန်းသည် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရပြီး လီမိသားစုထဲသို့ လက်ထပ်ဝင်ရောက်လာကတည်းက လီလင်းဖုန်း၏ ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်နှင့်အမျှ သည်းခံခဲ့ရသည်။

သို့သော် သူက ကိုယ်လုပ်တော်များ လုံးဝ မယူခဲ့သလို ပြည့်တန်ဆာအိမ်များသို့လည်း မသွားခဲ့ပေ။

သူ စိတ်ဆန္ဒ ပေါ်လာတိုင်း သူမအပေါ်တွင်သာ ရမ္မက်များကို ပုံအော ဖြေဖျောက်လေ့ရှိသည်။

ဝမ်ရှန်းသည် ရှိုက်ကြီးတငင် ငိုကြွေးခြင်းကို မတားဆီးနိုင်ခဲ့သော်လည်း လီလင်းဖုန်းကို မတွန်းလှန်နိုင်ဘဲ ကူကယ်ရာမဲ့နေခဲ့သည်။

နောက်ဆုံးတွင်တော့ သူမ လက်လျှော့လိုက်ကာ ခေါင်းအုံးပေါ်သို့ မှောက်ချပြီး မျက်နှာကို ခေါင်းအုံးထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားလိုက်တော့သည်။

အခန်းထဲမှ ပြင်းထန်သော အသက်ရှူသံများမှာ အချိန်အတော်ကြာ လွှမ်းမိုးနေခဲ့ပြီး မကြာမီမှာပင် သူမ ချွေးရွှဲနစ်ကာ မောပန်းနွမ်းနယ်စွာဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။

...

ပြတင်းပေါက် အပြင်ဘက်တွင် ရပ်နေသော လီချန်လင်သည် သူ့မိခင်၏ မျှော်လင့်ချက်မဲ့စွာ ငိုကြွေးသံကြောင့် ခန္ဓာကိုယ် ယိမ်းထိုးသွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

လွင့်စင်လာသော နှင်းပွင့်အချို့က သူ့ပခုံးပေါ်သို့ ကျရောက်လာသည်။ သူက လည်ချောင်းထဲမှ ယားယံနာကျင်မှုကို အတင်းအောင့်ထားသဖြင့် မျက်လုံးများပါ နီမြန်းလာခဲ့၏။

သူ နောက်ထပ် မအောင့်နိုင်တော့သည့်အခါ မင်ဟွားဆောင်မှ အမြန်ဆုံး ထွက်ခွာလာပြီး နှင်းတောထဲတွင် ရပ်ကာ အပြင်းအထန် ချောင်းဆိုးတော့သည်။

"သခင်လေး..."

အစိမ်းရောင် ပိုးထည်အင်္ကျီ ဝတ်ဆင်ထားသည့် အစေခံမိန်းကလေးတစ်ဦးက စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ပြေးလာပြီး မေးလိုက်သည်။

"သခင်လေး... အဆင်ပြေရဲ့လားဟင်။"

လီချန်လင်က အတော်ကြာအောင် ချောင်းဆိုးပြီးမှ အသက်ရှူ စည်းချက်မှန်သွားတော့သည်။ သူ၏ ရင်ဘတ်တစ်ခုလုံး အဆုတ်များပါ ထွက်လာမတတ် ပြင်းထန်စွာ နာကျင်နေသည်။ မိခင်ဖြစ်သူအပေါ် လီလင်းဖုန်း ခြိမ်းခြောက်ခဲ့သည့် စကားများကို သတိရမိရင်း သူက ကျောက်တုံးကြီးတစ်ခုပေါ်တွင် ကြောင်အမ်းအမ်း ထိုင်နေမိပြီး နှလုံးသားထဲတွင်လည်း ရှုပ်ထွေးနာကျင်သော ခံစားချက်များ ယှက်နွယ်နေခဲ့သည်။ သူက အားနည်းနေသော မျက်ဝန်းများကို ပင့်တင်ကာ ရီကွမ်းကို လှမ်းကြည့်လိုက်၏။

"မင်း ဒီကို ဘာလာလုပ်တာလဲ။"

လီချန်လင်၏ မျက်နှာတွင် သွေးရောင်အနည်းငယ် ပြန်လည်လွှမ်းမိုးလာတာကို မြင်မှ ရီကွမ်း စိတ်သက်သာရာ ရသွားတော့သည်။ သူမ ယူဆောင်လာသော အိတ်ငယ်လေးထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ သူ၏ ဖြူဖျော့ပြီး ကြီးမားသော လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။

"ကျွန်မ သခင်လေးကို စောင့်နေတာပါ။ ရော့... ဆေးသောက်လိုက်ပါဦး။"

"ဟက်။"

လီချန်လင်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်မောလိုက်သည်။

"ငါ့လို အသုံးမကျတဲ့လူကို ဘာလို့ စောင့်နေရတာလဲ။"

ရီကွမ်းသည် လီချန်လင်ကို ပြုစုလုပ်ကျွေးရန်အတွက် ဝမ်ရှန်းက သီးသန့် ဝယ်ယူပေးခဲ့သည့် မိန်းကလေး ဖြစ်သည်။

ထိုစဉ်က ထိုမိန်းကလေးငယ်မှာ ဖခင်ဖြစ်သူ၏ အသုဘစရိတ်အတွက် လမ်းမပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ရောင်းချနေရသဖြင့် ကြည့်ရတာ အလွန် သနားစရာ ကောင်းသည်။

သူမ၏ ဒုက္ခကို သနားကရုဏာ သက်မိသဖြင့် လီချန်လင်က ဝမ်ရှန်းကို သူမအား ဝယ်ယူပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင်တော့ သူမကို သူ၏ အဆောင်တွင် တာဝန်ပေးခဲ့သည်။

နှစ်ပေါင်းများစွာအတွင်း သူ့အနားမှာ အမြဲရှိနေပေးခဲ့တာ ရီကွမ်းပင်။

"သခင်လေးက အသုံးမကျတဲ့လူ မဟုတ်ပါဘူး၊ ဖျားနေလို့တင်ပါ။"

ရီကွမ်းက သူ့ကို တွဲထူပေးရင်း နူးညံ့သော အသံဖြင့် ပြုံး၍ ပြောလိုက်သည်။

"ဆေးသောက်ပြီးရင် သက်သာသွားမှာပါ။"

လီချန်လင်သည် အချိန်ကြာမြင့်စွာ ဖျားနာနေခဲ့သော်လည်း စိတ်နေသဘောထား ခန့်မှန်းရခက်သည့် လီလင်းဖုန်းနှင့်မတူဘဲ သူ့ပတ်ဝန်းကျင်ရှိ လူများအပေါ် အမြဲတမ်း ကြင်နာတတ်သည်။

သူနှင့် လီချန်ချဲ့သည် အဖေမတူသော်လည်း ဝမ်ရှန်း၏ ဝမ်းနဲ့လွယ် မွေးဖွားခဲ့သည့် သားအရင်းများ ဖြစ်ကြ၏။

သူက ဝမ်ရှန်းနှင့် သူမ၏ ကွယ်လွန်သူ ခင်ပွန်းဖြစ်သူ လင်းယွဲ့တို့မှ မွေးဖွားလာခြင်း ဖြစ်သည်။ သူ မွေးဖွားပြီး မကြာမီမှာပင် ဝမ်ရှန်းသည် လီလင်းဖုန်း၏ မျက်စိကျခြင်းကို ခံခဲ့ရ၏။

လီလင်းဖုန်းသည် လူသတ်နတ်ဘုရားဟူသော ဘွဲ့အမည်ဖြင့် ကျော်ကြားသူ ဖြစ်သည်။ သူ၏ လူပျိုဘဝတုန်းက ဩဇာအာဏာ ကြီးမားပြီး သူ့လမ်းကြောင်းတွင် ရှိသမျှ အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားခဲ့သည်။

ထိုသို့သော ရာထူးအဆင့်အတန်းရှိသည့် အမျိုးသားတစ်ဦးအတွက် အားကိုးရာမဲ့နေသော အမျိုးသမီးတစ်ဦးအပေါ် စိတ်ဝင်စားမိခြင်းမှာ ရိုးရိုးလေးပင်။

သို့သော် ထိုအားကိုးရာမဲ့ အမျိုးသမီး ပေးဆပ်ရမည့် တန်ဖိုးကိုမူ သူ ဘယ်သောအခါမှ ထည့်မတွက်ခဲ့ပေ။

အာဏာရှိသူကို မျက်နှာလိုမျက်နှာရ လုပ်ချင်သူများက ဝမ်ရှန်းကို လီလင်းဖုန်းထံ ဆက်သခဲ့ကြရာမှ လင်းယွဲ့ သေဆုံးခဲ့ရပြီး ဝမ်မိသားစုလည်း ပျက်စီးသွားခဲ့ကာ လီချန်လင် ကိုယ်တိုင်လည်း နို့စို့ကလေးအရွယ်မှာပင် အဆိပ်ခတ်ခံရပြီး သေလုမျောပါး ဖြစ်ခဲ့ရသည်။

မိခင်ဖြစ်သူ၏ အသက်စွန့် ကာကွယ်မှုသာ မရှိခဲ့ရင် သူ ဒီနေ့အထိ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ။ လီမျိုးရိုးသို့ ပြောင်းလဲကာ လီမိသားစု၏ အထွတ်အမြတ်ထားရသော သားကြီးအဖြစ်ပင် ရှင်သန်နေရသေးတယ်။

သို့သော် နှစ်ပေါင်းများစွာအတွင်း သူ့မိခင်သည် လီလင်းဖုန်း ရှေ့မှောက်တွင် မရေမတွက်နိုင်အောင် သိက္ခာချကာ အညံ့ခံခဲ့ရသဖြင့် စိတ်ပိုင်းဆိုင်ရာ ကွဲကြေလုနီးပါး ဖြစ်ခဲ့ရသည်။

ထို့အပြင် သူ့ညီဖြစ်သူ လီချန်ချဲ့က မိခင်ဖြစ်သူ၏ မုန်းတီးနာကျည်းမှုများကို ခံရသည့် အရာဝတ္ထုတစ်ခု ဖြစ်နေခဲ့သည်။

ရှုပ်ထွေးပွေလီတဲ့ ဒီမိသားစုကြီးကြောင့်... သူ ဘယ်သူ့ကို မုန်းရမလဲဆိုတာကိုပင် တကယ်ကို မသိတော့ပေ။

(T/N-ရှေ့အပိုင်းတွေတုန်းက လီချန်လင်ကို တရားမဝင်သားဆိုပြီးပဲပြောထားတာ။ဒီအပိုင်းကျမှ ဇာတ်ကွက်ကပေါ်တော့တယ်)

All Chapters