← Chapters

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း ၁၆၆

Vol. 17 Ch. 166

အခန်း (၁၆၆) - ခန်းဝင်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်း

သူကိုယ်တိုင် ပေးထားတဲ့ပစ္စည်းကို ရွှယ်နင်က တခြားလူအား ပေးလိုက်မယ်ဆိုဝာာကို သူယုံကြည်ရန် ခဲယဉ်းနေသော်လည်း လက်ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ကျောက်စိမ်းဆံထိုးလေးထံ သူ့အကြည့်တို့ ရပ်တန့်သွားချိန်တွင် နှလုံးသားထဲ၌ စူးရှသော နာကျင်မှုတစ်ခု ဖြတ်သန်းသွားသည်။

ရွှယ်နင် ဘာတွေရူးသွပ်သွားတာလဲ။ ဘာကြောင့် သူမက ပိုပိုပြီး ထူးဆန်းလာရတာလဲ။

ရွှေဆံထိုးတစ်ချောင်းကို သူက ဂရုစိုက်လိမ့်မယ်လို့ သူမ ထင်နေတာလား။ ဒါမှမဟုတ် သူမလွှင့်ပစ်လိုက်တဲ့အရာကို သူက နှမြောနေမယ်ပေါ့လေ။

ရုတ်တရက် သူသတိရသွားတယ်။ ထိုနေ့က ရွှယ်နင် အဘွားဖြစ်သူကို ဂါရဝပြုရန်လာစဉ် သူ့မျက်စိရှေ့မှာပဲ ရှဲ့နင်းထန်အား ကြိုဆိုသည့်လက်ဆောင်အဖြစ် ဤရွှေဆံထိုးကို တမင်သက်သက် ပေးခဲ့ဝာယ်။ သူဂရုစိုက်လိမ့်မယ်ထင်ပြီး သူမ တမင်လုပ်ခဲ့တာပဲ ဖြစ်ရမယ် မဟုတ်လား။

သူမ မသိတာက သူမ၏အတွေးများက နက်နဲပြီး တွက်ချက်မှုများလွန်းနေကာ၊ သူ ဂရုစိုက်လိမ့်မယ်၊ သူ ဒေါသထွက်လိမ့်မယ်ဟု ယူဆနေခြင်းပင်။

"ဟက်"

စုကျန်း၏ မျက်ဝန်းများ မှောင်မိုက်သွားကာ အေးစက်စူးရှသော ရယ်မောသံတစ်ချက် ထွက်ပေါ်လာသည်။

သူမက သူ့ကို အထင်သေးသွားပြီ။

"ယောကျာ်း?"

စုကျန်းသည် ဖုံးကွယ်ထားသော နာကျင်မှုများမှ ရုန်းထွက်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာသည်။ ရှင်းပြ၍မရသော ဒေါသကို မြိုသိပ်ထိန်းချုပ်လိုက်ပြီး ဂရုမစိုက်သည့် အမူအရာကို ဖန်တီးလိုက်၏။

"ဘာမှမဟုတ်ဘူး၊ ရွှေဆံထိုး တစ်ချောင်းပါပဲ။"

သူက ဆံထိုးကို မှန်တင်ခုံပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်သည်။

"သူ(မ)ပေးတဲ့အရာက မင်းနဲ့ မလိုက်ဖက်ဘူး။"

ရှဲ့နင်းထန် နားမလည်နိုင်ဖြစ်သွားသည်။

"ဒါဆို—"

"ဒီဟာက အသုံးမဝင်ဘူး။ မော့ပိုင်၊ ဒါကိုယူပြီး အပြင်မှာ လွှင့်ပစ်လိုက်။"

မော့ပိုင် တုံ့ဆိုင်းသွားသော်လည်း သူ၏ အေးစက်မှောင်မိုက်သော အကြည့်အောက်တွင် လက်လျှော့ကာ ရွှေဆံထိုးကို ကောက်ယူပြီး အပြင်သို့ ထွက်သွားလေသည်။

စုကျန်း၏ ရင်ထဲမှ ဒေါသများ အနည်းငယ် လျော့ကျသွားသော်လည်း မျက်နှာထားကမူ မကြည်လင်သေးပေ။

"ဝမ်ရှို့ခန်းမကို သွားရအောင်။"

ဝမ်ရှို့ခန်းမဆောင်တွင် သခင်မကြီးရှဲ့နှင့် အခြားသူများက တန်ဖိုးကြီးဝတ်ရုံများကို ဝတ်ဆင်ထားပြီး ရတနာများ ဆင်ယင်ထားကြသည်။

တတိယအိမ်တော်မှ သခင်မတုန်းနှင့် စုချင်းတို့ပင်လျှင် ခမ်းနားသော ဝတ်စုံများကို လဲလှယ်ဝတ်ဆင်ထားကြသည်။ နွေဦးတောအုပ်ပွဲတော်၌ သူမ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးခဲ့သော ရွှယ်နင်ကို စုယင်က နာကြည်းနေသော်လည်း ခန်းမထဲတွင် အလှပဆုံးဝတ်ဆင်ကာ ပေါ်လာခဲ့သည်။ စုမန်လည်း သူမ၏ မိဘအိမ်မှ ပြန်ရောက်နေ၏။

သခင်မကျန်း တစ်ယောက်သာ ဘိုးဘွားခန်းမဆောင်တွင် ကျန်ရှိနေပြီး၊ သူမက ရိုးသားစွာ နောင်တရနေကြောင်းနှင့် အချိန်အတိုင်းအတာတစ်ခုကြာမှ ထွက်လာမည်ဖြစ်ကြောင်း အကြောင်းပြကာ ထွက်မလာသေးပေ။

စုယီလီက ထောင့်ရှိ သခင်မကျန်း ပုံမှန်ထိုင်လေ့ရှိသော ထိုင်ခုံအလွတ်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီနေ့ သခင်မကျန်း မရှိသဖြင့် ထိုနေရာက လွတ်နေဆဲဖြစ်သည်။

သခင်မနျဲ့က သခင်မကြီးရှဲ့ဘေးတွင် ရပ်ကာ ပြုစုပေးနေပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။

တကယ်တော့ သခင်မကျန်းလည်း တစ်ချိန်က ဤကဲ့သို့ပင် သခင်မကြီးရှဲ့၏ဘေးတွင် မကြာခဏရပ်ကာ အားလပ်ချိန်ရောက်မှသာ ခဏ ထိုင်လေ့ရှိသည်။ ထို့ကြောင့် အချိန်အများစုတွင် အသုံးပြုလေ့မရှိသော သူမ၏ ထိုင်ခုံကို ထောင့်တွင် ထားရှိထားခြင်း ဖြစ်သည်။

စုယီလီက ထိုခံစားချက်ကို ဘယ်လိုဖော်ပြရမလဲဆိုတာ မသိပေ။

သခင်မကျန်းက အိမ်ထောင်မှုထိန်းသိမ်းရာမှာ အလွန်တော်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်တာ သံသယဖြစ်ဖွယ်မရှိသော်လည်း၊ နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့ပြီးနောက်တွင် သူက သူမအပေါ် စိတ်ဝင်စားမှု ကင်းမဲ့နေခဲ့တာ ကြာပြီဖြစ်သည်။ သူမ၏ အခန်းထဲဝင်ကာ စာရင်းစာအုပ်ပုံကြီးကို မြင်ရခြင်းကပင် သူ့ကို စိတ်အိုက်စေ၏။ သူမနှင့် အိပ်ရာအတူဝင်တိုင်း သူမရဲ့ခန္ဓာကိုယ်ကို ထိတွေ့ရတာ ကိုယ့်ကိုကိုယ် ပြန်ကိုင်နေရသကဲ့သို့ ခံစားရပြီး လူငယ်ဘဝ၏ ရင်ခုန်စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် သခင်မနျဲ့ကတော့ ခြားနား၏။ သူမက နိမ့်ကျသော နောက်ခံမှလာပြီး၊ သူ့ကြောင့်သာမဟုတ်လျှင် ပြည့်တန်ဆာလောကထဲ ရောက်သွားနိုင်ချေရှိသည်။

သူမက အလွန်နူးညံ့ညင်သာကာ အလိုက်သိပြီး အိပ်ရာထဲတွင် လှည့်ကွက်ပေါင်းများစွာဖြင့် သူ့ကို အမြင့်ဆုံး သာယာယစ်မူးမှုအထိ ရောက်အောင် ပြုစားနိုင်စွမ်းရှိသည်။

တစ်နေ့ပြီးတစ်နေ့ သူ ချိုးရွှေခြံဝင်းသို့ သွားရောက်မှု နည်းပါးလာပြီး၊ သခင်မနျဲ့အပေါ်ထားရှိသော သူ၏မေတ္တာက ပိုမိုနက်ရှိုင်းလာသည်။ သူမဘဝလုံခြုံရေးအတွက် ကလေးတစ်ယောက်ပင် ရစေချင်တဲ့အထိ ဖြစ်လာခဲ့သည်။

"နယ်စားမင်း၊ ဘာတွေတွေးနေတာလဲ"

သခင်မနျဲ့က အားလပ်ချိန်လေးရခိုက် စုယီလီဘေးတွင် ဝင်ထိုင်ကာ သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို မှိတ်တုတ်မှိတ်တုတ် လုပ်ပြလိုက်သည်။

"လီမိသားစုက မကြာခင် ရောက်လာတော့မှာပါ။ လီရှီဇီက ဘယ်လောက်ပဲ ဩဇာကြီးကြီး အရှင့်ကိုတော့ ယောက္ခထီးလို့ ခေါ်ရမှာပဲလေ။ မစိုးရိမ်ပါနဲ့ နယ်စားမင်းရယ်။ ရွှယ်နင်က အရှင့်သမီးပဲ—သူ(မ)ရဲ့မိသားစု မျက်နှာကို ဘယ်လိုလုပ် မထောက်ထားဘဲ နေမှာလဲ"

စုယီလီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး သခင်မနျဲ့၏ လက်ကို သူ့လက်ဖဝါးကြီးထဲ ဆုပ်ကိုင်လိုက်သည်။

"မင်းက လူကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာ တကယ်သိတာပဲ။"

သခင်မနျဲ့က ရှက်သွေးဖြာသောအပြုံးဖြင့် မျက်လွှာချလိုက်ရာ သူမ၏ နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အမူအရာကြောင့် စုယီလီ၏ စိတ်အခြေအနေက များစွာ တက်ကြွသွားသည်။

တစ်မိသားစုလုံး စုံလင်စွာ စုဝေးနေကြပြီး ကျန်းကော်နယ်စားမင်းအိမ်တော်မှ ရထားလုံး ရောက်လာမည်ကိုသာ စောင့်ဆိုင်းနေကြသည်။

သို့သော် ဤစောင့်ဆိုင်းမှုက တစ်မနက်ခင်းလုံး ကြာမြင့်သွားသော်လည်း သူတို့၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

သခင်မတုန်းမှာ စိတ်မရှည်တော့ဘဲ သခင်မကြီးရှဲ့ထံသို့ တွေဝေစွာ ကြည့်လိုက်၏။

"သခင်မကြီး၊ ထုံးစံအရ သတို့သမီး အိမ်ပြန်လည်တဲ့ခရီးက မနက်ခင်း မင်္ဂလာအချိန်မှာ ရောက်ရမှာလေ။ အခုက မွန်းတည့်တော့မယ်—ဘာလို့ လီမိသားစုဘက်က အရိပ်အယောင် မပြသေးတာလဲ"

လွန်ခဲ့သည့်ရက်ပိုင်းများက ကောင်းစွာ အနားမယူရသေးသော စုကျန်းသည် သူ့ထိုင်ခုံပေါ်တွင် မျက်စိမှိတ်ကာ မတ်မတ်ထိုင်နေသည်။

ထိုစကားကို ကြားသော်လည်း သူ မျက်စိမဖွင့်သေးဘဲ ရွှယ်နင်ကို သင်ခန်းစာကောင်းကောင်းပေးရန် သူမကို မြင်လျှင် ဘယ်လိုအမူအရာမျိုး လုပ်ပြရမယ်ဆိုတာကို စိတ်ထဲမှ တွေးနေ၏။

ထိုလီလူမိုက်နှင့် မင်္ဂလာဦးညကို သူမ ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ မေးသင့်မမေးသင့်ကိုလည်း သူ စဉ်းစားနေမိသည်။

ဒါပေမဲ့ ဤသို့မေးခြင်းက အဓိပ္ပါယ်မရှိဟု သူတွေးလိုက်သည်။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အတူရှိနေလျှင် အဓိပ္ပာယ်တစ်ခုပဲ ရှိနိုင်တယ်မဟုတ်လား။

သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာ၏။

သူမလို ပျင်းစရာကောင်းသူတစ်ယောက်က လီချန်ချဲ့ရဲ့ စိတ်ဝင်စားမှုကိုတောင် ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။

ခန်းမထဲရှိ အခြားသူများမှာမူ လီမိသားစုဘက်တွင် တစ်ခုခု အဆင်မပြေဖြစ်နေမည်ကို စိုးရိမ်ကာ စိတ်ပူပန်လာကြသည်။

ဒါပေမဲ့ ကျန်းကော်နယ်စားမင်းအိမ်တော်မှာ ဘာတွေဖြစ်နိုင်မှာလဲ။

လီလင်းဖုန်းသည် တစ်ချိန်က ပေ့တိများ ဆယ်နှစ်တိုင်တိုင် မကျူးကျော်ဝံ့သည်အထိ တစ်ယောက်တည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့ဖူးပြီး၊ နောက်ပိုင်းတွင် အခက်အခဲအားလုံးကို ကျော်လွှားကာ ကျန်းကော်နယ်စားမင်းအိမ်တော်ကို ဆက်ခံခဲ့သည်။ သာမန်နယ်စားမင်းတစ်ဦးက "ကျန်းကော် (တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်သူ)" ဟူသော ဘွဲ့ကို ခံယူနိုင်ခြင်းကပင် လီလင်းဖုန်း၏ မျိုးရိုးက သာမန်မဟုတ်ကြောင်း သက်သေပြနေ၏။

သခင်မကြီးရှဲ့က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခဏလောက် တုံ့ဆိုင်းနေပြီးနောက် အမိန့်ပေးလိုက်သည်။

"ပင်မတံခါးအပြင်ဘက်မှာ သွားကြည့်ဖို့ လူတစ်ယောက် လွှတ်လိုက်စမ်း"

သခင်မနျဲ့က အမိန့်ကိုနာခံကာ အပြင်ထွက်သွားပြီး သတင်းစုံစမ်းရန် အစေခံလူငယ်တစ်ဦးကို စေလွှတ်လိုက်သည်။

သူမ ပင်မခန်းမဆောင်ဆီသို့ လှည့်အပြန်တွင် တောက်ပနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်၏။

ယနေ့ နှင်းမကျပေ။ နွေးထွေးသော သုံးလပိုင်း၏ နေမင်းက မိုးကုတ်စက်ဝိုင်းတွင် တိတ်ဆိတ်စွာ သာယာနေသည်။

ရွှယ်နင်၏ရှေ့တွင် ဟန်ရေးပြရန် သူမ အားအင်များစုစည်းကာ အသင့်ပြင်ထားခဲ့သော်လည်း၊ ဘယ်သူမှ ရောက်မလာဘဲ ဒီလောက်ကြာအောင် စောင့်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ဒါပေမဲ့ ရွှမ်းယီနယ်စားမင်းအိမ်တော်၏ မွေးစားသမီးအနေဖြင့် ရွှယ်နင်က နောက်ဆုံးပြန်လာမှာ သေချာတယ်။

စစ်ရေးအာဏာ ကျောထောက်နောက်ခံရှိတဲ့ ခိုင်မာတောင့်တင်းသော လီမိသားစုကိုသာ ဆုပ်ကိုင်နိုင်ခဲ့လျှင် ရွှမ်းယီနယ်စားမင်းအိမ်တော်က ခေတ်သစ်တစ်ခုကို ကူးပြောင်းသွားမှာ ဖြစ်၏။

ခန်းမထဲသို့ ပြန်ဝင်လာချိန်တွင် သူမ၏နှုတ်ခမ်းများ၌ အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လွင်နေသည်။

ပန်းစည်းတစ်စည်းပမာ စုဝေးနေကြသော စုမိသားစုမှ အမျိုးသမီးများကို၊ အထူးသဖြင့် ယနေ့ နန်းတော်သို့ သွားမည့်အတိုင်း ဝတ်ဆင်ထားသော မင်းသမီးရှို့နင်းကို မြင်လိုက်ရချိန်တွင် ရွှယ်နင်တစ်ယောက် နွေးထွေးသော ကြိုဆိုမှုကို ရရှိမည်မဟုတ်ကြောင်း သူမ ခန့်မှန်းမိလိုက်သည်။

ကိုယ်လုပ်တော်တစ်ဦးသာဖြစ်သဖြင့် မြင့်မြတ်သောမင်းသမီးကို သူမ မလေးမစား မလုပ်ရဲသလို၊ တစ်စုံတစ်ရာ သတိပေးရန်လည်း မကြိုးစားရဲဘဲ အခြေအနေအရသာ ရှေ့ဆက်ရန် ဆုံးဖြတ်လိုက်သည်။

သူမက ခန်းမထဲရှိ သူမ၏နေရာတွင် ဝင်ထိုင်လိုက်သည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ခန့် စောင့်ဆိုင်းပြီးနောက် အပြင်ဘက်ခြံဝင်းမှ အိမ်တော်ထိန်းသည် အရေးတကြီးသတင်းတစ်ခုဖြင့် ရုတ်တရက် ပြေးဝင်လာ၏။

"သခင်မကြီး! တံခါးဝမှာ! တံခါးဝမှာ—"

အိမ်တော်ထိန်းမှာ ပြင်းထန်စွာပြေးလာရသဖြင့် သူ၏အိုမင်းသော မျက်နှာပြင်မှာ နီရဲနေသည်။ တံခါးဝတွင် ခါးထောက်လျက် အသက်ကို လုရှူနေရသည်။

သခင်မကြီးရှဲ့က ဝမ်းသာအားရအပြုံးဖြင့် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"မြန်မြန်၊ သူတို့ကို သွားကြိုရအောင်!"

လူတိုင်းက သူတို့၏ဆံပင်များကို ကမန်းကတန်း သပ်ရပ်စေကာ သခင်မကြီး၏နောက်သို့ လိုက်သွားကြသည်။

သို့သော် မောဟိုက်နေသော အိမ်တော်ထိန်းက ထပ်ပြောလိုက်သည်။

"သခင်မကြီး! မဟုတ်ဘူး! အဲ့ဒါမဟုတ်ဘူး!"

သခင်မကြီးရှဲ့၏ မျက်နှာတွင် စိုးရိမ်မှုများ ယှက်သန်းသွားပြီး ခြေလှမ်းများ ရပ်တန့်သွားသည်။

"ဒါဆို ဘာဖြစ်တာလဲ။ မြန်မြန်ပြောစမ်း!"

အိမ်တော်ထိန်းက အသက်ကို မှန်မှန်ရှူပြီး ဆက်ပြောသည်။

"အဲ့ဒါက... တံခါးဝမှာ ကျန်းကော်နယ်စားမင်းအိမ်တော်က လူတွေ အများကြီးပဲ!"

သခင်မကြီးရှဲ့က ဒေါသတကြီးဖြင့် ဟောက်လိုက်သည်။

"ဒီနေ့က ရွှယ်နင် အိမ်ပြန်လည်တဲ့ရက်လေ—လီမိသားစုလာတာက သေချာနေတာပဲကို!"

အိမ်တော်ထိန်းက ခြေဆောင့်လိုက်သည်။

"သခင်မကြီး၊ လီမိသားစုအပြင် မဟော်ဂနီသေတ္တာကြီး ခုနစ်ဆယ့်နှစ်လုံးလည်း ပါလာတယ်!"

သခင်မကြီးရှဲ့သည် ချက်ချင်းနားမလည်နိုင်ဘဲ အေးခဲသွား၏။

"ဘာ!"

သို့သော် သခင်မနျဲ့က အလျင်အမြန် စဉ်းစားမိသွားသည်။

"ဒါဆို... ရွှယ်နင် မင်္ဂလာဆောင်တုန်းက ငှားပေးလိုက်တဲ့ ခန်းဝင်ပစ္စည်းသေတ္တာ ခုနစ်ဆယ့်နှစ်လုံးများလား"

ရှဲ့နင်းထန်က သူမ၏ နူးညံ့သော မျက်ခုံးများကို ပင့်ကုပ်လိုက်ပြီး အိမ်တော်ထိန်းအား မေးလိုက်သည်။

"မြင်ခဲ့တာ သေချာရဲ့လား”

All Chapters