← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) - လုအိမ်တော်သို့ ပြန်လာခြင်း

အိမ်တော်ထိန်းသည် အလျင်စလို ညည်းတွားအော်ဟစ်လိုက်သည်။

"ဒီအစေခံအိုကြီး အမြင်မမှားခဲ့တာ သေချာပါတယ်။ ကျန်းကော်နယ်စားမင်းအိမ်တော်က အိမ်တော်ထိန်းကိုယ်တိုင် ခန်းဝင်ပစ္စည်းတွေသယ်တဲ့လူတွေကို ကျွန်တော်တို့ ပင်မတံခါးဝဆီ ဦးဆောင်ပြီး ခေါ်လာခဲ့တာပါ။ အခုဆို အပြင်မှာ သပ်သပ်ရပ်ရပ် စီထားပြီး ကြည့်နေတဲ့ လူအုပ်ကြီးကိုတောင် ဆွဲဆောင်ထားသလိုဖြစ်နေပြီ! အပြင်ကလူတွေက ပြောနေကြတယ်... ရွှမ်းယီနယ်စားမင်းအိမ်တော်က မင်းသားရီအိမ်တော်ဆီကနေ ခန်းဝင်ပစ္စည်း ငှားရလောက်တဲ့အထိ အရှက်မရှိဘူးတဲ့။ ငှားထားတဲ့ ခန်းဝင်ပစ္စည်းဖြစ်တဲ့အတွက် လီမိသားစုကလည်း မလိုချင်လို့ ဒီနေ့ သူတို့ရဲ့ ရှီဇီဖေးအတွက် အထူးတလည် ဗုံတွေ၊ မောင်းတွေနဲ့ ပြန်လာပေးတာတဲ့။ လီမိသားစုက အကြီးအကျယ် လုပ်ပြလိုက်တော့ အပြင်ကလူတိုင်း ကြားသိသွားကြပြီ!"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာအမူအရာများ အမျိုးမျိုး ပြောင်းလဲသွားသည်။

သခင်မကြီးရှဲ့၏ မျက်နှာသည် သွေးဆုတ်ဖြူရော်သွားပြီး၊ ဒါဟာ လီချန်ချဲ့၏ ကောက်ကျစ်သော အကြံအစည်ဖြစ်ကြောင်း ချက်ချင်း နားလည်သွားလေသည်!

စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်များ ပေးပို့ခြင်း၊ ခမ်းနားသော မင်္ဂလာပွဲစီတန်းလှည့်လည်ခြင်း၊ ယခု ခန်းဝင်ပစ္စည်းများကို ပြန်လည်ပေးအပ်ခြင်း စသည့် အစကတည်းက သူ့ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်က ရွှမ်းယီနယ်စားမင်းအိမ်တော်ကို တမင်သက်သက် အရှက်ခွဲဖို့ပဲ!

သူမက စိတ်ကို တည်ငြိမ်အောင်ထားပြီး မေးလိုက်သည်။

"ဒါဆို... ရွှယ်နင်နဲ့ လီရှီဇီ ရောက်ပြီလား"

"ဒီအစေခံအိုကြီး မေးကြည့်ခဲ့ပါတယ်..."

အိမ်တော်ထိန်းက အံကြိတ်ကာ ပြောလိုက်သည်။

"လီမိသားစုရဲ့ အိမ်တော်ထိန်းက သခင်မလေးရွှယ်နင် လုံးဝ ရောက်မလာဘူးလို့ ပြောပါတယ်။ အဲဒီအစား သူ(မ)က လီရှီဇီကို ဝီလိုလမ်းကြားက လုမိသားစုဆီ ခေါ်သွားတယ်တဲ့!"

အိမ်တော်ထိန်း စကားပြောအပြီးတွင် လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားကာ အံ့သြတုန်လှုပ်စွာ တီးတိုးရေရွတ်သံများ အခန်းထဲတွင် လွှမ်းမိုးသွားသည်။

သခင်မကြီးရှဲ့မှာ အလွန်ဒေါသထွက်သွားသဖြင့် မူးမေ့လဲလုနီးပါး ဖြစ်သွား၏။ လူအုပ်ကြီးက စိုးရိမ်တကြီးဖြင့် သူမအနားသို့ အမြန်ဝိုင်းအုံလာကြပြီး တချို့က သမားတော်ခေါ်ရန်၊ တချို့က သူမကို တွဲခေါ်ရန် ပြင်ဆင်နေကြသည်။

တစ်ခဏအတွင်းမှာပင် မူလက ပျော်ရွှင်စရာကောင်းနေသော ဝမ်ရှို့ခန်းမဆောင်သည် ဖရိုဖရဲဖြစ်သွားလေသည်။

တစ်ချိန်လုံး တိတ်ဆိတ်စွာ မလှုပ်မယှက် ထိုင်နေခဲ့သော စုကျန်းသည် ဆူညံပွက်လောရိုက်နေမှုကြားတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။

ဒီနေ့ ရွှယ်နင်နှင့် တွေ့ဆုံမည့် အခြေအနေပေါင်းများစွာကို စိတ်ကူးယဉ်ရင်း သူ မနေ့ညက တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ဒါပေမဲ့ သုံးရက်မြောက် အိမ်ပြန်လည်သည့်နေ့တွင် ရွှယ်နင်၏ မျက်နှာကိုပင် မမြင်ရဘဲနေလိမ့်မယ်လို့ သူ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး။

..............

နွေးထွေးသော နွေဦးနေမင်းကြီး မိုးကုတ်စက်ဝိုင်း၌ သာယာနေသော ဝီလိုလမ်းကြား။

ရှားရှားပါးပါး သာယာသော နေ့တစ်နေ့ဖြစ်သည်။

ရာသီဥတုက အနည်းငယ် အေးစက်နေဆဲဖြစ်သော်လည်း လမ်းဘေးရှိ နှင်းများ အရည်ပျော်နေလေပြီ။

လုအိမ်တော်၏ တံခါးရှေ့တွင် ဇိမ်ခံရထားလုံးတစ်စီး ရပ်တန့်သွား၏။

အရပ်မြင့်မြင့်နှင့် ခန့်ညားသော လီချန်ချဲ့က အရင်ဆုံးဆင်းလာပြီးနောက် အမွှေးပွဝတ်ရုံထူထူ ခြုံထားသော မိန်းမငယ်လေးကို ရထားလုံးပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

သူတို့နှစ်ဦးစလုံးက မြူခိုးရောင် ခရမ်းရင့်ရောင်ရှိသော ဝတ်ရုံများနှင့် ပိုးသားစကတ်များကို ဆင်တူ ဝတ်ဆင်ထားကြသည်။ လက်ချင်းချိတ်ကာ ရပ်နေကြသည်မှာ ရွှေမင်းသားလေးနှင့် ကျောက်စိမ်းမင်းသမီးလေးပမာ အထူးလိုက်ဖက်ညီသည်။

"နင်နင်—"

ယန်ရှီက တောက်ပသောအပြုံးဖြင့် ကြည့်နေပြီး ဒီနေ့ သူမ၏ ရင်တွင်းအနက်ရှိုင်းဆုံးမှနေ၍ အမှန်တကယ် ပျော်ရွှင်နေသည်။ ရွှယ်နင်ကို သတို့သမီးသစ်တစ်ဦးအဖြစ် ဝတ်ဆင်ထားတာကို မြင်ရခြင်းက သူမအား စိတ်လှုပ်ရှားမှုနှင့် ကြည်နူးမှုတို့ကို ပြည့်နှက်စေသည်။

"သမီးလာမယ်ပြောတုန်းက အဒေါ် မယုံခဲ့ဘူး။ သုံးရက်မြောက် အိမ်ပြန်လည်ဖို့ စုမိသားစုဆီ သွားရမယ်လို့ ထင်နေတာ။ ငါတို့အိမ်ကိုလာဖို့ ဘယ်လိုများ သတိရသွားတာလဲ"

လုမိသားစု၏ အဆင့်အတန်းသည် ရွှမ်းယီနယ်စားမင်းအိမ်တော်နှင့် ယှဉ်၍မရနိုင်သလို၊ သူမကိုယ်တိုင်၏ နောက်ခံကလည်း နိမ့်ကျတယ် မဟုတ်လား။

အခြားသော အထက်တန်းလွှာ အမျိုးသမီးငယ်တစ်ဦးသာဆိုလျှင် နောက်ထပ် ဘယ်တော့မှ အဆက်အသွယ်မလုပ်ချင်တော့ဘဲ နေလိမ့်မယ်။ ကံကောင်းထောက်မစွာဖြင့် ရွှယ်နင်က အထင်သေးသည့် အရိပ်အယောင် အနည်းငယ်မျှပင် မပြခဲ့ချေ။ သူမက ယန်ရှီနှင့် လက်မောင်းချင်းချိတ်ကာ လုမိသားစု၏ အနောက်ဘက်ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။

"အဒေါ်က ကျွန်မရဲ့ မိသားစုစစ်စစ်ပါ။ ကျွန်မအမေရဲ့ မျိုးရိုးနာမည်က လုလေ။ ဦးလေး၊ အဒေါ်နဲ့ ဝမ်းကွဲအစ်ကိုတို့က ကျွန်မရဲ့ သွေးသားရင်းချာတွေပဲ။ သုံးရက်မြောက် အိမ်ပြန်လည်တဲ့ခရီးက မိခင်ရဲ့အိမ်ကို ပြန်ရမှာဆိုတော့ အားနင် စစ်သူကြီးအိမ်တော်ကို ပြန်လာရမှာ သဘာဝကျတာပေါ့။"

စုမိသားစုနှင့်ပတ်သက်၍မူ သူမက သခင်မကြီးရှဲ့အား ကြိုတင်ပြောဆိုထားပြီးဖြစ်သည်။

နယ်စားမင်းအိမ်တော်မှ လက်ထပ်ထွက်ခွာပြီးနောက် အရေးကြီးကိစ္စမှလွဲ၍ စုမိသားစုထံ ပြန်လာမည်မဟုတ်ကြောင်းပင်။

"နင်နင့်စကားက အဓိပ္ပာယ်ရှိလိုက်တာ။ ညီမလေး၊ မင်း တကယ် အရွယ်ရောက်လာပြီပဲ။ မင်းအစ်ကိုတော့ ရင်ထဲထိလွန်းလို့ ငိုတောင်ငိုချင်လာပြီ။"

လုစစ်လင်လည်း ယနေ့ တန်ဖိုးကြီးပိုးသားဝတ်ရုံကို ဝတ်ဆင်ထား၏။ ရွှယ်နင်၏စကားကို ကြားသောအခါ သူ အလွန် ဝမ်းသာသွားသည်။

အတိတ်ကို ပြန်တွေးကြည့်မိလျှင် ဒီကောင်မလေးက စုမိသားစုမှ မျက်နှာတည်တည်နှင့် ရှီဇီကိုသာ စွဲလမ်းနေခဲ့ပြီး ဝမ်းကွဲအစ်ကိုဖြစ်သူ သူ့ကိုတောင် အနားမကပ်ခဲ့ပေ။ နှစ်သစ်ကူးချိန် မြို့တော်သို့ သူပြန်လာတိုင်း စုကျန်းအပေါ် သူမ မျက်နှာချိုသွေးနေတာကို သူ မကြည့်ရက်နိုင်အောင် ဖြစ်ခဲ့ရတယ်။

အခုတော့ ကောင်မလေး အရွယ်ရောက်ကာ အိမ်ထောင်ကျသွားပြီဖြစ်လို့ ဘယ်သူက ကိုယ့်အပေါ် တကယ်ဂရုစိုက်လဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီ။ ကွယ်လွန်သွားပြီဖြစ်တဲ့ သူတို့၏အဒေါ် (ရွှယ်နင့်မိခင်) ကောင်းကင်ဘုံကနေ ကြည့်ကာ ကျေနပ်နေလိမ့်မယ်လို့ သူ ယုံကြည်တယ်။

သူက နှုတ်ခမ်းထောင့်ကို တွန့်ရယ်လိုက်ပြီး သူမ၏ ခေါင်းလေးကို ပုတ်ပေးရန် လက်ကို မြှောက်လိုက်သည်။

သူ့လက်က မိန်းကလေး၏ ဆံပင်နှင့် မထိတွေ့မီမှာပင် အနီးတွင်ရပ်နေသော လီချန်ချဲ့က ကြားဖြတ် ဖမ်းဆုပ်လိုက်သည်။

ယန်ရှီက လူငယ်များ၏ နောက်ပြောင်နေမှုများကို ကြည့်ကာ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော ပျော်ရွှင်မှုများ ဖြစ်ပေါ်နေ၏။

လုစစ်လင် စိတ်တ်ိုသွားသည်။

"လီ၊ မင်း ဘာဖြစ်နေတာလဲ။"

လီချန်ချဲ့က လက်လှမ်းကာ ရွှယ်နင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ပုံမှန်အားဖြင့် အေးတိအေးစက်နိုင်သော ကျောက်စိမ်းကဲ့သို့ ချောမောသည့် သူ့မျက်နှာပေါ်တွင် ပျင်းရိပျင်းတွဲ အမူအရာတစ်ခု ပေါ်လွင်နေသည်။

"ဒါက တုန်းကျင်းမြို့တော်လေ၊ ယုံရွှယ်ဂိတ်တံခါး မဟုတ်ဘူး။ သူများ ဇနီးကို လာမထိနဲ့။ စစ်တပ်ထဲက အကျင့်ဆိုးတွေကို မင်း ဖျောက်ထားသင့်တာ ကြာပြီ။"

လုစစ်လင် အံကြိတ်လိုက်သည်။

"ငါက နင်နင်ရဲ့ ဝမ်းကွဲအစ်ကိုအရင်းကွ။ မင်း အခု ငါ့ကို ယောက်ဖလို့ ခေါ်သင့်တာ။"

လီချန်ချဲ့က အပြုံးဖျော့ဖျော့ပြုံးကာ ဘေးရှိမိန်းမငယ်ထံသို့ ကြင်နာယုယသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"ဝမ်းကွဲအစ်ကိုဆိုပေမယ့်လည်း ယောက်ျားတစ်ယောက်ပဲလေ။ ဒီကိုမလာခင် နင်နင်က ငါ့ကို ကတိပေးထားတယ်။ နောက်ဆို တခြားယောက်ျားတွေနဲ့ နီးနီးကပ်ကပ် မနေတော့ဘူးတဲ့—မင်းအပါအဝင်ပေါ့။"

ရွှယ်နင် မျက်တောင်ခတ်လိုက်မိသည်။ သူမ အဲ့ဒီလို ပြောခဲ့မိလို့လား။

သို့သော် အမျိုးသား၏ နက်နဲသော အကြည့်နှင့် ဆုံမိချိန်တွင် ဤနေရာသို့လာရာ လမ်းတစ်လျှောက် ရထားလုံးထဲ၌ သူ မှာကြားခဲ့တာများကို သတိရသွားသည်။

သူတို့အိမ်ထောင်ရေးက အကျိုးတူပူးပေါင်းမှုတစ်ခုသာ ဖြစ်ပေမယ့် မိသားစုရှေ့မှာ ချစ်ခင်ကြင်နာတဲ့ ဇနီးမောင်နှံအဖြစ် ဟန်ဆောင်ရမယ်။ မဟုတ်ပါက လီမိသားစုမှာ သူမ အဆင်ပြေပါ့မလားဆိုပြီး လုမိသားစုက စိုးရိမ်နေကြလိမ့်မယ်။

ထို့အပြင် သူတို့က မင်္ဂလာအခမ်းအနားကို ဖြတ်သန်းပြီး တရားဝင် လက်ထပ်ထားသူများ ဖြစ်ကြ၏။ အပြင်လူများရှေ့တွင် သူစိမ်းများကဲ့သို့ နေ၍မရပေ။ ထို့ကြောင့် သူမက ချစ်ချစ်ခင်ခင် ဇနီးမောင်နှံအဖြစ် အလိုက်သင့် သရုပ်ဆောင်ရန် လိုအပ်လေသည်။

ရွှယ်နင်ကလည်း သူမအပေါ် စုကျန်းက ခံစားချက်ကျန်နေသေးတယ်လို့ ထင်သွားမှာကို စိုးရိမ်သဖြင့် ပူးပေါင်းပါဝင်ရန် အလွန်ဆန္ဒရှိနေသည်။

ထို့ကြောင့် လုစစ်လင်ရှေ့မှာပင် လီချန်ချဲ့၏ တောင့်တင်းသော လက်မောင်းကို အလျင်အမြန် တင်းကျပ်စွာ ဖက်တွယ်လိုက်ပြီး သူမ၏ ခေါင်းလေးကို သူ့ပုခုံးပေါ် မှီချလိုက်သည်။

"အစ်ကိုလု၊ညီမ ဒီနေ့မှ လင်းယွင် ဆံထုံးလေး ထုံးထားတာ။ အစ်ကို့ရဲ့ ကြမ်းတမ်းတဲ့လက်ကြီးနဲ့ လာမဖျက်ဆီးပါနဲ့။"

လီချန်ချဲ့၏ ပုံမှန်အားဖြင့် အေးစက်နေတတ်သော မျက်ခုံးများကြားတွင် ပိုင်စိုးပိုင်နင်းဖြစ်မှုကို ကြေညာနေသည့်အလား နူးညံ့သော အပြုံးရိပ်တစ်ခု ဖြတ်သန်းသွားသည်။ သူ့လက်ဝါးကြီးဖြင့် ကောင်မလေး၏ ဆံထုံးပေါ်သို့ ဖွဖွလေး သပ်တင်ပေးလိုက်ပြီး၊ သွယ်လျကျော့ရှင်းသော လက်ချောင်းများဖြင့် နားထင်စွန်းမှ ဆံနွယ်လေးများကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။

ရွှယ်နင်က လုံးဝ ငြင်းဆန်ခြင်းမရှိပေ။ ထိုအစား ကျေနပ်နေသော ကြောင်ပေါက်လေးတစ်ကောင်လို မျက်စိမှိတ်ကာ သာယာနေလိုက်သော်လည်း၊ သူမ၏ နားရွက်ဖျားလေးများကတော့ နီရဲနေခဲ့ပြီဖြစ်၏။

မည်သို့ပင်ဆိုစေ သူတို့က ကြင်စဦးဇနီးမောင်နှံများဖြစ်တာကြောင့် သူတို့၏ ရင်းနှီးမှုက သဘာဝကျကျပင် ကွဲပြားခြားနားနေသည်။

လုစစ်လင်၏ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ထိုနှစ်ယောက်ကို စိတ်အနှောင့်အယှက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"ငါ့ညီမကို တစ်ယောက်ယောက်က အချစ်ဆေးတွေများ တိုက်လိုက်သလားပဲ။ ဒီလောက်တောင် ပြုစားခံထားရတာ။ 'အိမ်ထောင်ကျသွားတဲ့ သမီးမိန်းကလေးဆိုတာ သွန်ပစ်လိုက်တဲ့ ရေနဲ့တူတယ်' ဆိုတဲ့ စကားကို အခုမှ နားလည်တော့တယ်။ လီချန်ချဲ့၊ မင်းနဲ့ နင်နင် ရှေ့လျှောက် သမီးမိန်းကလေး မမွေးတာ ပိုကောင်းမယ်—ဒီလိုမှမဟုတ်ရင် မင်း ပူပန်ရမယ့်ကိစ္စတွေ အများကြီးဖြစ်လာလိမ့်မယ်။"

လီချန်ချဲ့က တိုးတိုးလေး ရယ်မောလိုက်သည်။

"ဒါက ငါ့ရဲ့ စစ်မှန်တဲ့ မေတ္တာကလွဲပြီး တခြားဘာမှမဟုတ်ပါဘူး။ သမီးဖြစ်ဖြစ်၊ သားဖြစ်ဖြစ် ငါ့ကို ပူပန်စေနိုင်တာ နင်နင် တစ်ယောက်တည်းပဲ ရှိတယ်။"

သူက မကြာခဏ ပြုံးလေ့ရှိသူမဟုတ်တာကြောင့် သူပြုံးလိုက်သည့်အခါတိုင်း အထူးပင် ဆွဲဆောင်မှုရှိသည်။

လုစစ်လင်နှင့် အပြန်အလှန်ပြောဆိုနေတာကို နားထောင်ရင်း ရွှယ်နင်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွား၏။

သူ့သရုပ်ဆောင်မှုက အရမ်းပီပြင်လွန်းသဖြင့်... သူမကိုယ်တိုင်ပင် ယုံကြည်သွားလုမတတ် ဖြစ်သွားတယ်။ သူ့စကားများက အလွန်ချိုမြိန်သည်—သူမ၏ မျက်ဝန်းများပင် အနည်းငယ် နွေးထွေးလာသည်အထိ ချိုမြိန်၏။

အရင်ဘဝက သူမက တစ်ဦးတည်းသော ကလေးလေးကို ဆုံးရှုံးခဲ့ရပြီး ယုံကျိုးမြို့တွင် အသက်ရှင်ရပ်တည်ရန် ပေါင်ချန်ကိုသာ အားထားခဲ့ရသည်။

သူမ၏ တွေးတောမှုအရ သူမက ဘဝ၏ အချိန်အများစုကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရပြီး၊ ကလေးရှိတာက ဘယ်လိုပုံစံရှိမယ်၊ သားနှင့်သမီး နှစ်ဦးစလုံးရှိခြင်း၏ ပျော်ရွှင်မှု သို့မဟုတ် ဇနီးမောင်နှံကြား သဟဇာတဖြစ်မှုဆိုဝာာကို ဘယ်လိုခံစားချက်မျိုးမှန်း သူမ မသိခဲ့ပေ။ အတိုချုပ်ပြောရလျှင် ထိုကဲ့သို့ လှပသောအရာများက သူမနှင့် အလွန်ဝေးကွာလွန်းပြီး၊ အိပ်မက်ပင် မမက်ရဲခဲ့ချေ။

စစ်တပ်ထဲတွင် နှစ်ပေါင်းများစွာ အထီးကျန်စွာ ဖြတ်သန်းခဲ့ရသော လုစစ်လင်သည် သူ့ရှေ့တွင် လူငယ်စုံတွဲများ ကြင်ကြင်နာနာနေပြနေတာကို မကြည့်နိုင်တော့ပေ။

"ကဲ... အချိုကျွေးနေတာတွေ တော်လောက်ပြီ။ ခဏနေ ဘာစားချင်လဲ။ ဇနီးမောင်နှံအသစ်လေးအတွက် မီးဖိုချောင်ကို တစ်ခုခု ပြင်ဆင်ခိုင်းလိုက်မယ်။"

လီချန်ချဲ့က ပြောလိုက်၏။

"မင်းတို့ စစ်သူကြီးအိမ်တော်မှာ အကောင်းဆုံးဆိုတာတွေ အကုန်ထုတ်ခဲ့။"

လုစစ်လင်က မျက်ခုံးပင့်လိုက်သည်။

"ကောင်းပြီလေ။ ငါ့အိမ်တော် မွဲသွားတဲ့အထိ မစားမချင်း ဒီနေ့ မင်းတို့ ပြန်မထွက်ရဘူး။”

All Chapters