← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀ - သူမကို ကောင်းကောင်းကျွေးမွေးခြင်း

"နောက်တာပါ။ ဒီတစ်ခေါက် မြို့တော်ကို ပြန်လာတော့ နင်နင် တော်တော်လေး ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။"

သူက ကိုယ့်ကိုကိုယ် လှောင်ပြောင်သလို ရယ်မောရင်း အနေခက်စွာဖြင့် လည်ချောင်းဟန့်လိုက်သည်။

"ထားပါတော့၊ မင်း နင်နင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်။ သူ(မ)ကို ဝမ်းနည်းကြေကွဲအောင် မလုပ်နဲ့။"

လီချန်ချဲ့က တိုးညှင်းစွာ "အင်း" ဟုသာ တုံ့ပြန်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

သူက စကားများများပြောလေ့ရှိသူ မဟုတ်ဘဲ၊ သဘာဝအရ အေးစက်စက်နေတတ်သူဖြစ်၏။

လုစစ်လင်က ဒီလိုပုံစံကို ကျင့်သားရနေပြီ။ လီချန်ချဲ့က မိန်းမတွေကို ဘယ်လို မြတ်နိုးယုယရမလဲဆိုတာ မသိဘူး၊ ဒီလိုနဲ့ ဘယ်သူမှ သူ့ကို လက်ထပ်ချင်မှာ မဟုတ်ဘူးလို့ သူက နောက်ပြောင်လေ့ရှိ၏။ အခုတော့ သူ့ညီမအရင်းက လီချန်ချဲ့၏ ဇနီးဖြစ်လာပြီဆိုတော့ မိန်းမများကို ဘယ်လိုဆက်ဆံရမလဲဆိုသည့် နည်းလမ်းအချို့ကို စကားဖြင့်ရော လုပ်ရပ်ဖြင့်ပါ အကောင်းဆုံး သင်ကြားပေးရန်သာ တတ်နိုင်တော့သည်။

"သူ(မ)အပေါ် အရမ်းမကြမ်းတမ်းနဲ့။ မိန်းမတွေက နုနယ်တယ်... ဂရုတစိုက် ကိုင်တွယ်ဖို့ လိုတယ်။"

"သင့်တော်တဲ့အချိန်မှာ ပါးနီမှုန့်နဲ့ မိတ်ကပ်တွေ ပို့ပေး။ တခြားမိန်းကလေးတွေမှာ ရှိတာမှန်သမျှ သူ(မ)မှာလည်း ရှိသင့်တယ်။"

စကားပြောရင်း သူက စာကြည့်ဆောင်တံခါးကို တွန်းဖွင့်လိုက်ချိန်တွင်၊ သူ့အနောက်မှ အမျိုးသားက ရုတ်တရက် စကားပြောလာတာကို ကြားလိုက်ရသည်။

"ဒါဆို သူ(မ)ကို ငါ့ဘေးမှာ အမြဲတမ်းထားနိုင်အောင် ငါ အတိအကျ ဘာလုပ်သင့်လဲ။"

လုစစ််လင်းက သူ့နှာခေါင်းကို အလွန်အကျွံ လက်ညှိုးထိုးပြလိုက်သည်။

"မင်း ငါ့ကို မေးနေတာလား။ စစ်တပ်ထဲမှာဆို ငါ့အနားမှာ ကြွက်မ တစ်ကောင်တောင် မရှိဘူး။ ဒီကိစ္စတွေကို ငါက ဘယ်လိုလုပ် နားလည်မှာလဲ။ ဒါပေမယ့်..."

သူက တွေဝေသွားပြီး သူ့မျက်ဝန်းများက တွေးတောနေဟန်ဖြင့် ရွေ့လျားသွားသည်။

လီချန်ချဲ့က ထင်းနေသော မျက်ခုံးများကို ပင့်လိုက်၏။ မွန်းလွဲပိုင်း နေရောင်အောက်ရှိ သူ၏ ခန့်ညားသော မျက်နှာဘေးတိုက်မြင်ကွင်းမှာ အနွေးဓာတ်မရှိသော ကျောက်စိမ်းတုံးတစ်တုံးကဲ့သို့ လှပပြီး အေးစက်စက် ဖြူလွှလွှအရောင်ကို ဆောင်နေသည်။ သို့သော် ထိုစကားများကို ပြောလိုက်ချိန်တွင် အမျိုးသား၏ မျက်နှာအမူအရာမှာ အချစ်သစ်နှင့် တွေ့နေသည့် လူပျိုပေါက်လေးတစ်ယောက်လို အလေးအနက်ဖြစ်နေပြီး၊ သူ၏ ပုံမှန် မြင့်မြတ်အေးစက်သော အငွေ့အသက်များမှာ သိသိသာသာ လျော့ကျသွားခဲ့သည်။

"ဘာလဲ။"

လုစစ်လင်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာပြီး ဆက်ပြောသည်။

"အိမ်ထောင်ကျပြီးတဲ့ ညီအစ်ကိုတွေ ပြောတာ ကြားဖူးတာတော့၊ မိန်းမတစ်ယောက်ကို ကိုယ့်အနားမှာ မြဲမြံအောင် ချည်နှောင်ထားချင်ရင်၊ သဘာဝကျကျပဲ သူ(မ)ကို အရင်ဆုံး ကောင်းကောင်း ကျွေးမွေးရမယ်တဲ့။"

"ကောင်းကောင်း ကျွေးမွေးရမယ် ဟုတ်လား။"

လီချန်ချဲ့က မော့ကြည့်လိုက်ရာ၊ သူ့အကြည့်များက အလွန်အမင်း တည်ကြည်လေးနက်နေသည်။

လုစစ်လင်က ဒီအရာကို လုံးဝ အဆန်းတကြယ်ဖြစ်နေတယ်လို့ ခံစားလိုက်ရသည်။

ဒီလူက စာပေရော သိုင်းပညာမှာပါ ရှားပါးတဲ့ အရည်အချင်းရှိသူဖြစ်ပြီး၊ ငယ်ငယ်ကတည်းက ပါရမီရှင်တစ်ယောက်အဖြစ် ဟယ်ကျန့် ပြည်နယ် ဆယ့်နှစ်ခုလုံးမှာ နာမည်ကြီးခဲ့သူပင်။ သူ့အတွက် အားစိုက်စရာမလိုဘဲ မတတ်မြောက်နိုင်တာ ဘာများ ရှိလို့လဲ။ ကျန့်ပေစစ်တပ်ကို ဝင်ရောက်ပြီး တစ်လအတွင်းမှာပင်၊ သူက ခန့်မှန်းရခက်တဲ့ စစ်ရေးဗျူဟာများကြောင့် နာမည်ကြီးလာခဲ့ပြီး၊ မင်းသားရီ၏ စစ်သူကြီး ကျူးကျန်း၏ သတိထားခြင်းကိုပင် ခံခဲ့ရသည်။ ကျူးကျန်းက သူ့ကို ထောင်ချောက်ဆင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း၊ လီချန်ချဲ့က အမြဲတမ်း အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့၏။

ဒီလောက် ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ စစ်ရေးဗျူဟာတွေ ရှိနေပါလျက်—

ဒီလူရဲ့ မျက်လုံးတွေထဲမှာ ဒီလောက်ပြင်းပြတဲ့ သိချင်စိတ်မျိုးကို လုစစ်လင် မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပင်။

"သေချာတာပေါ့..."

တကယ်တော့ သူကိုယ်တိုင်လည်း ဒါကို ရှင်းရှင်းလင်းလင်း မပြောပြတတ်ပေ။ စစ်တပ်ထဲမှာ ကြမ်းတမ်းတဲ့ ယောက်ျားတွေနဲ့ ပြည့်နေတာလေ၊ နားရက်တွေဆိုရင် ညီအစ်ကိုတွေက ဖျော်ဖြေရေးအတွက် မြို့ပေါ်က ပြည့်တန်ဆာအိမ်တွေကို အတူတူ သွားတတ်ကြသည်။ သို့သော် သူကတော့ ထိုသို့သော စုဝေးမှုမျိုးကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေ။

ယောက်ျားနှင့် မိန်းမကြားက ကိစ္စတွေကို တစ်စွန်းတစ်စလောက်သာ ကြားဖူးပြီး ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားတတ်၏။

ယောက်ျားတစ်ယောက်အနေဖြင့် မိန်းမတစ်ယောက်ကို ဘယ်လို ကောင်းကောင်းမွန်မွန် ဆက်ဆံရမလဲဆိုသည့် သူ့၏ အတွေ့အကြုံက ကန့်သတ်ချက်ရှိသည်။

ဒါပေမယ့် သူ့ကိုယ်ပိုင် အမြင်အရပြောရလျှင်၊ သူသာ တစ်ယောက်ယောက်ကို သဘောကျမိပြီဆိုပါက၊ သူမအတွက် ပိုက်ဆံတွေ သုံးချင်မှာ သေချာတယ်၊ လက်ဆောင်တွေ ပေးချင်မယ်၊ သူ့ကိုယ်သူတောင် ပေးအပ်လိုက်ချင်စိတ် ဖြစ်လာလိမ့်မယ်။

သေချာစဉ်းစားပြီးနောက် သူက လီချန်ချဲ့၏ ပခုံးကို ပြုံးဖြီးဖြီးဖြင့် ပုတ်လိုက်သည်။

"အဲဒါက သူ(မ)ရဲ့ အစာအိမ်ကနေတစ်ဆင့် သူ(မ)ကို သိမ်းပိုက်ဖို့ ပြောတာ"

လီချန်ချဲ့က မျက်မှောင်ကြုတ်လိုက်သည်။

"အစာအိမ်ကနေတစ်ဆင့် သိမ်းပိုက်ရမယ် ဟုတ်လား။"

ဤ "ကောင်းကောင်း ကျွေးမွေးရမယ်" ဆိုတာ သူနားလည်ထားသည့် အဓိပ္ပာယ်မျိုး မဟုတ်ဘူးလား။

(T/N-နင် နားလည်တာကို ငါတို့နားလည်တယ်နော်)

လုစစ်လင်က နှုတ်ခမ်းကို ကွေးညွတ်လိုက်သည်။

"မင်း ကြောင်တွေ ခွေးတွေ တစ်ခါမှ မမွေးဖူးဘူးလား"

လီချန်ချဲ့က ခေါင်းခါလိုက်သည်။

"မမွေးဖူးဘူး။"

ငယ်ငယ်က တစ်ကောင် မွေးဖူးခဲ့သော်လည်း၊ လမ်းဘေးမှ သူခေါ်လာသည့် ထိုလေလွင့်ခွေးလေးကို သခင်မဝမ်က သူ့ရှေ့မှာပင် သတ်ပစ်ခဲ့သည်။ ထိုအချိန်မှစ၍ သူက ကြောင်နှင့် ခွေးများကို လုံးဝ မထိတော့ပေ၊ ထိုသို့ ကူကယ်ရာမဲ့နေသော သတ္တဝါလေးများမှာ အလွန်နုနယ်လွန်းတယ်လို့ အမြဲခံစားခဲ့ရသည်။

သူတို့ကို ကာကွယ်ပေးနိုင်သည့် စွမ်းရည်မရှိမချင်း၊ သူ ထပ်မွေးတော့မည် မဟုတ်ပေ။

လီချန်ချဲ့က မျက်လုံးများကို မှေးလိုက်၏။

"အသေးစိတ် ရှင်းပြစမ်းပါ။"

လုစစ်လင်က ပြောသည်။

"ကြောင်တွေ ခွေးတွေက စကားမပြောတတ်ပေမယ့်၊ နေ့တိုင်း အစားအစာကောင်းကောင်း ကျွေးနေသရွေ့ အချိန်ကြာလာတာနဲ့အမျှ မင်းကို သခင်အဖြစ် သဘာဝကျကျ အသိအမှတ်ပြုလာပြီး၊ သေသည်အထိ မင်းနောက်ကို လိုက်လာကြလိမ့်မယ်။ ပြီးတော့ သူတို့က သူတို့ရဲ့ အကြိုက်ကို မပြောပြတတ်တဲ့အတွက်၊ သူတို့ ဘာကြိုက်သလဲဆိုတာကို မင်းက လေ့လာဖို့လိုတယ်။ တကယ်ချစ်တယ်ဆိုတာ ကြောင်တွေ ခွေးတွေကို ဂရုစိုက်သလိုမျိုးပဲ... သင်ယူလို့မရတဲ့ အချစ်ဆိုတာ မရှိဘူး။ မင်းဘက်က ကြိုးစားအားထုတ်ပြီး သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံနေသရွေ့ တစ်ဖက်လူက သဘာဝကျကျပဲ ခံစားမိလာလိမ့်မယ်။ သေချာတာပေါ့၊ နင်နင်ကို ကြောင်လေး ခွေးလေးလို ဆက်ဆံရမယ်လို့ ငါ ဆိုလိုနေတာ မဟုတ်ဘူးနော်။"

"အင်း။"

"အတိုချုပ်ပြောရရင်၊ သူ(မ)အပေါ် ကောင်းကောင်းဆက်ဆံတာက အကောင်းဆုံး ဗျူဟာပဲ။ စုကျန်းက သူ(မ)အပေါ် လျစ်လျူရှုသလိုမျိုးတော့ မသင်ယူနဲ့။"

လုစစ်လင် သက်ပြင်းချလိုက်သည်။

"အဲဒီကောင်မလေးက အရင်က ဒေါသကြီးတဲ့ စရိုက်ရှိပေမယ့်၊ စုကျန်းနောက်ကို နှစ်အနည်းငယ် လိုက်ပြီးတဲ့နောက်မှာတော့ လုံးဝကို ငြိမ်ကျသွားခဲ့တယ်။ ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး။ တကယ်ကို အလိုလိုက်ခံရပြီး ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်က ဝေ့ကျန့်ယန်လို လွတ်လပ်ပေါ့ပါးပြီး ဆိုးနွဲ့တဲ့ စရိုက်လေး ရှိသင့်တယ်။ ဒါပေမယ့် နင်နင်က... သူ(မ)က အရမ်းကို သိတတ်လွန်းနေတယ်။ သိတတ်ပြီး စကားနားထောင်တဲ့ လူတစ်ယောက်က မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ဖြတ်သန်းပြီးမှ ဖြစ်တည်လာတာ အမြဲတမ်းပဲ။ ရွှမ်းယီနယ်စားမင်းအိမ်တော်က အပေါ်ယံကြည့်ရင်သာ ကောင်းသလိုထင်ရပေမယ့် သူ(မ)ကို တကယ်တမ်း ကောင်းကောင်း ဆက်ဆံခဲ့ပုံ မပေါ်ဘူး။ နောင်တစ်ချိန် မင်းရဲ့ လီမိသားစုဆီ ဝင်လာတဲ့အခါ၊ သူ(မ)ကို ဘာနစ်နာမှုမှ ထပ်မခံစားရစေနဲ့တော့။"

လီချန်ချဲ့သည် သူ့ကုလားထိုင်ပေါ်တွင် ထိုင်နေရင်း၊ ပြတင်းပေါက်အပြင်ဘက်ရှိ ပန်းခန်းမဆောင်ဘက်သို့ အသာစောင်းငဲ့ကြည့်လိုက်ရာ၊ သူ့မျက်နှာအမူအရာမှာ ခပ်အေးအေးပင် ဖြစ်နေသည်။

သူပြောတာတွေကို လီချန်ချဲ့ ရင်ထဲရောက်မရောက် လုစစ်လင် မသေချာပေ။

အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးဆိုတာ အမြဲတမ်း ဒီလိုပါပဲ၊ ရေကို သောက်နေတဲ့သူသာ ရေက နွေးသလား အေးသလားဆိုတာကို သိနိုင်တာလေ။

သူမ၏ အစ်ကိုတစ်ယောက်အနေဖြင့် သူ ဘယ်လောက်ပဲ ဝင်ပါချင်ပါစေ လင်မယားနှစ်ယောက်ကြားက ကိစ္စများတွင်တော့ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။

သူတို့ဘဝက ဘယ်လိုဖြစ်လာမလဲဆိုတာက နင်နင်ကိုယ်တိုင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာနှင့် လီချန်ချဲ့က သူမအပေါ် ဘယ်လိုဆက်ဆံမလဲဆိုသည့်အပေါ်မှာသာ မူတည်နေတယ်။

..............

ရွှယ်နင်က ဝေ့ကျန့်ယန်ကို ဆွဲခေါ်ကာ လုအိမ်တော်၏ အနောက်ဘက် ဥယျာဉ်ထဲတွင် ခဏလမ်းလျှောက်ရင်း၊ နောက်ဆုံးတွင် အခွင့်အရေးကို ဖမ်းဆုပ်လိုက်သည်။

"ယန်ယန်၊ နင်နဲ့ စုယွီရဲ့ စေ့စပ်မှုကို နင်တို့ ငယ်ငယ်လေးကတည်းက မိဘတွေက စီစဉ်ပေးခဲ့တာဆိုပေမယ့် နင့်ဘက်ကရော။ စုယွီအပေါ် ဘယ်လို ခံစားချက်မျိုးရှိလဲ။"

လုအိမ်တော်က သိပ်မကျယ်ဝန်းသော်လည်း၊ အနောက်ဘက် ဥယျာဉ်ထဲတွင် မက်မွန်ပင်များစွာကို စိုက်ပျိုးထားသည်။ ယခုအခါ နွေဦးလေညင်းနှင့်အတူ သစ်ကိုင်းများပေါ်တွင် မရေမတွက်နိုင်သော ပန်းဖူးလေးများ ပွင့်လန်းနေပြီး အေးစက်သော လေပြေကြားတွင် နုနယ်လှပသော အရောင်အသွေးများကို ဖော်ပြနေ၏။

လမ်းလျှောက်ရသဖြင့် ပင်ပန်းသွားသော ဝေ့ကျန့်ယန်က အနားယူဆောင်တွင် ထိုင်လိုက်ပြီး၊ အလှဆင်လက်ရန်းကို မှီကာ ဖြေလိုက်သည်။

"ထူးထူးခြားခြား ခံစားချက်တော့ မရှိပါဘူး။ အစ်ကိုတစ်ယောက်လိုပဲလားလို့..."

သခင်မကျန်းနှင့် သခင်မလင်တို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြပြီး လုမျိုးနွယ်စုနှင့်လည်း ငယ်စဉ်ကတည်းက အတူကြီးပြင်းလာသော အပေါင်းအသင်းများ ဖြစ်ကြသည်။ ထိုစဉ်က ၎င်းတို့သုံးဦးသည် တုန်းကျင်းမြို့တွင် အလှပဆုံးသော အမျိုးသမီးများအနက်မှ အပါအဝင်ဖြစ်သည်။ သူတို့က တစ်ချိန်တည်းလောက်တွင် ကိုယ်ဝန်ရှိခဲ့ကြပြီး ကလေးဖွားမြင်ခဲ့ကြကာ၊ နောင်အခါတွင် အပြန်အလှန် ချွေးမတော်ကြရန် ကြိုတင်သဘောတူထားခဲ့ကြ၏။ စုယွီသည် ဝေ့ကျန့်ယန်နှင့် အသက်အရွယ် အနီးစပ်ဆုံးဖြစ်သဖြင့် မိသားစုနှစ်ဖက်မှ လူကြီးများက ဤအတိုင်း စီစဉ်ပေးခဲ့ကြခြင်းဖြစ်သည်။

ထိုမိသားစုများမှ ကလေးများသည် ပွဲတော်ရက်များနှင့် အားလပ်ရက်များတွင် မကြာခဏ တွေ့ဆုံလေ့ရှိကြ၏။

ငယ်စဉ်က ဝေ့ကျန့်ယန်သည် စုအိမ်တော်သို့ မကြာခဏ အလည်သွားလေ့ရှိပြီး စုယွီနှင့်အတူ မောင်နှမအရင်းများအတိုင်း၊ငယ်သူငယ်ချင်းများအဖြစ် ကြီးပြင်းလာခဲ့ကြသည်။

ရွှယ်နင်က သူမဘေးတွင် ထိုင်လိုက်ပြီး ညင်သာစွာ မေးလိုက်သည်။

"ဒါဆိုရင်... နင် စုယွီကို လက်ထပ်ဖို့ ဆန္ဒရှိလား။"

ဝေ့ကျန့်ယန် အနည်းငယ် အံ့အားသင့်သွားသည်။ သူမက ဒီမေးခွန်းကို တစ်ခါမှ မတွေးဖူးခဲ့ပေ။ အခု ရွှယ်နင်က တည်ကြည်လေးနက်စွာ မေးမြန်းလိုက်တဲ့အခါ သူမ၏ ဦးနှောက်ထဲသို့ ပထမဆုံး ပေါ်လာသောအရာမှာ သူမ၏ စေ့စပ်ထားသူ စုယွီမဟုတ်ဘဲ၊ ထိုနေ့က မြင်းလှည်းထဲတွင် သူမနှင့်အတူ 'လွတ်လပ်ပေါ့ပါးစွာ' ပြုမူခဲ့သော လုစစ်လင်သာ ဖြစ်နေသည်။

"ငါကတော့..."

ဝေ့ကျန့်ယန် တုံ့ဆိုင်းသွား၏။

ရွှယ်နင်က အလေးအနက် ပြောလိုက်သည်။

"ဒီနားမှာ တခြားလူမရှိပါဘူး၊ ငါတို့က ညီအစ်မတွေလိုပဲလေ။ နင့်ရဲ့ အမှန်တရားကို ပြောပြလို့ရပါတယ်။"

ရွှယ်နင်၏ စူးရှသော အကြည့်အောက်တွင် ဝေ့ကျန့်ယန်၏ မျက်နှာလေး နီရဲသွားသည်။

"ငါလည်း မသိဘူး။ အစ်ကိုစုယွီနဲ့ ငါ့ရဲ့ စေ့စပ်မှုက မိဘတွေ စီစဉ်ပေးထားတာလေ။ ဒီနှစ် နှစ်သစ်ကူးပွဲတော်မှာ အစ်ကိုစုယွီကိုယ်တိုင် ငါ့အိမ်ကိုလာပြီး ငါ့အဖေအတွက် လက်ဆောင်တွေ ပေးခဲ့တယ်။ သူက သူ့ရဲ့ ကိုယ်ပိုင်ကျောက်စိမ်းဆွဲသီးကိုလည်း ငါ့ကိုပေးပြီး သူလာပြီး လက်ထပ်ခွင့်တောင်းမယ့်အချိန်အထိ စိတ်အေးအေးထားဖို့ ပြောသွားသေးတယ်..."

ရွှယ်နင်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

"ဒါဆို အဲဒီ ကျောက်စိမ်းဆွဲသီးက အခု ဘယ်မှာလဲ။"

"ငါ... ငါ အိမ်မှာပဲ ထားခဲ့လိုက်တယ်လေ။"

ဝေ့ကျန့်ယန်က မျက်လွှာချလိုက်သည်။

ရွှယ်နင်က အောက်သို့ ငုံ့ကြည့်လိုက်ရာ ဝေ့ကျန့်ယန်၏ ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းဆွဲသီးကို တွေ့လိုက်ရသည်။ သူမက ခပ်ဖွဖွ ရယ်မောလိုက်၏။

"ဒါဆို... ဒါက ပြီးခဲ့တဲ့ နွေဦးသစ်တော ပွဲတော်တုန်းက ငါ့အစ်ကို နင့်အတွက် ဝယ်ပေးခဲ့တဲ့ ဆွဲသီး မဟုတ်ဘူးလား"

All Chapters