← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆) ဖန့်လိုစားသောက်ဆိုင်မှာ ဆုံတွေ့ခြင်း

လွန်ခဲ့သည့် နှစ်ရက်အတွင်း သူ့စိတ်ထဲ၌ အတွေးမျိုးစုံ ပွတ်တိုက်လွန်ဆွဲနေခဲ့သည်။

ထိုအတွေးများကြောင့် သူ စိတ်ပူပန်ကာ ဟိုဘက်ဒီဘက် လူးလှိမ့်နေမိပြီး ပို၍ပင် အိပ်မပျော်နိုင် ဖြစ်လာရသည်။

ဘယ်လိုပဲဖြစ်ဖြစ် စုမိသားစုမှာ သူ၏ယန်ယန်ကို တပ်မက်စွာ မျက်စိကျနေတဲ့ စုယွီ ရှိနေသေးတယ် မဟုတ်လား။

မနေ့ကပင် ထိုစုဆိုတဲ့ကောင်က လင်မိသားစုထံ အလည်အပတ်သွားရန် အကြောင်းပြချက်တစ်ခု ထပ်ရှာတွေ့သွားတယ်လို့ သူ ကြားခဲ့ရသည်။

ဝေ့ကျန့်ယန်က ယခုနှစ်ဆိုလျှင် ဆယ့်ခုနစ်နှစ်ရှိပြီဖြစ်ရာ အိမ်ထောင်ပြုရန် ဆွေးနွေးရမည့်အရွယ်သို့ ရောက်နေပြီ။

စုမိသားစုသည် လင်မိသားစုနှင့် စေ့စပ်ထားသည်မှာ ကြာပြီဖြစ်ပြီး စုယွီ၏ စိတ်အားထက်သန်နေပုံကို ကြည့်ရလျှင် ယခုနှစ် ဒုတိယနှစ်ဝက်လောက်တွင် မိသားစုနှစ်စုက မင်္ဂလာကိစ္စများ စတင်ဆွေးနွေးလာနိုင်ခြေရှိ၏။

ဝေ့ကျန့်ယန် စုယွီနှင့် လက်ထပ်သွားဝာာကို ထိုင်ကြည့်နေရမည့်အတွေးက သူ့ကို သေရတာထက်ပင် ပို၍ ခံစားရခက်စေပြီး ဖော်ပြ၍မရနိုင်သော စိတ်မတည်ငြိမ်မှုများ ပြည့်နှက်သွားစေသည်။

ရထားလုံး ဖန့်လိုစားသောက်ဆိုင်သို့ ရောက်သောအခါ မောင်နှမနှစ်ယောက် ဒုတိယထပ်တွင် ဝင်ထိုင်လိုက်ကြသည်။

ရွှယ်နင်က အံ့ဩသွားဟန်ဆောင်ကာ မေးလိုက်၏။

"ဒါဆို အစ်ကိုလုက ယန်ယန်ကို သဘောကျပြီး သူ(မ)ကို လက်ထပ်ချင်နေတာပေါ့လေ"

"ဘာဖြစ်လို့လဲ"

လုစစ်လင်က စစ်သားတစ်ယောက်ဖြစ်တာကြောင့် ရှုပ်ထွေးသော အတွေးများမရှိပေ။ လူတစ်ယောက်ကို သဘောကျကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခြင်းက မှားယွင်းသည့်ကိစ္စမဟုတ်ပေ။

"အဲဒါက ခွင့်မပြုထားလို့လား"

အစ်ကိုဖြစ်သူက ဒီလိုမျိုး တဲ့တိုး ဝန်ခံလိုက်တာကို မြင်တဲ့အခါ ရွှယ်နင်က ဝေ့ကျန့်ယန်အတွက် တကယ်ကို ဝမ်းသာသွားသည်။

တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲမှ သက်ပြင်းချမိလိုက်၏။ လူတစ်ယောက်ကို သဘောကျပါက ဒီလိုမျိုး ပွင့်လင်းရိုးသားစွာ ဖော်ပြသင့်တယ်။ ကံဆိုးစွာဖြင့် သူမကတော့ သတ္တိနည်းပြီး ကြောက်တတ်ကာ ဘာမှမစွမ်းဆောင်နိုင်သူတစ်ယောက် ဖြစ်နေခဲ့တယ်။

"ဒါပေမဲ့ အစ်ကိုလုက ဒီခံစားချက်တွေကို ယန်ယန့်ကို ပြောပြဖူးလို့လား"

"မပြောရသေးဘူး"

သူမကို လက်ထပ်နိုင်မယ်ဆိုတာ သေချာမသိရသေးခင်အထိ လုစစ်လင်က သူ့ခံစားချက်များကို ဝေ့ကျန့်ယန်အား ဖွင့်ပြောရန် ရည်ရွယ်မထားပေ။

"ဒါဆို ယန်ယန်နဲ့ စုယွီတို့က စေ့စပ်ထားတာ ကြာပြီဆိုတာကိုရော အစ်ကိုလု သိလား"

လုစစ်လင်၏ အကြည့်များ အနည်းငယ် မှေးမှိန်သွားသည်။ စုယွီ၏အမည်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် အောက်ထပ်သို့ ဝင်ရောက်လာသော လူတစ်စုကို သူ မြင်လိုက်ရ၏။

"တကယ်ပါပဲ၊ မကောင်းဆိုးဝါးအကြောင်းပြောနေတုန်းပဲရှိသေးတယ်"

လုစစ်လင်က အေးစက်စက် ပြုံးလိုက်ပြီး ဒုတိယထပ်ရှိ လက်ရန်းကို မှီလိုက်သည်။ သူ့အကြည့်များက အေးစက်ခက်ထန်သွား၏။

"ချောင်ချောင့်အကြောင်း ပြောနေတုန်း ချောင်ချောင် ရောက်လာတာပဲ"

ရွှယ်နင်လည်း အောက်ထပ်သို့ လှမ်းကြည့်လိုက်သည်။

ရောက်လာသူများထဲတွင် စုယွီအပြင်၊ သူမ မတွေ့ရတာ ရက်အနည်းငယ်ရှိပြီဖြစ်သော စုချင်းနှင့် မင်းသမီးရှို့နင်းတို့လည်း ပါဝင်သည်။

စုချင်းက ထုံးစံအတိုင်း မင်းသမီးရှို့နင်း၏ဘေးတွင် အစေခံတစ်ယောက်လို လိုက်ပါလာသည်။

မင်းသမီးရှို့နင်း၏ နှုတ်ခမ်းများကို နီရဲတောက်ပစွာ ဆိုးထားပြီး သူမ၏ နက်မှောင်သောဆံပင်ကို ကျော့ရှင်းစွာ ထုံးဖွဲ့ကာ တောက်ပနေသော ပုလဲများ၊ ကျောက်စိမ်းများဖြင့် ဆင်ယင်ထားသည်။ သူမ၏ ကိုယ်ဟန်က သွယ်လျကျော့ရှင်းပြီး မျက်နှာလေးမှာ မြူခိုးများရစ်သိုင်းနေသော မက်မွန်ပန်းလေးအတိုင်း နူးညံ့စိုပြည်နေသည်။ သူမ၏ တောက်ပသော အပြုံးတွင် ဆွဲဆောင်မှုအပြည့် ပါဝင်နေ၏။

တုန်းကျင်းမြို့တွင် နှစ်ဝက်ကျော်ခန့် အနားယူစောင့်ရှောက်ပြီးနောက် သူမ၏ အသားအရေကပင် ပိုမို ဖြူဝင်းနူးညံ့လာခဲ့သည်။

ရွှေချည်၊ ငွေချည်များဖြင့် ထိုးချယ်ထားသော မက်မွန်ရောင် ပိုးထည်ဝတ်ရုံက သူမ၏ ကျော့ရှင်းသော ကိုယ်ဟန်ကို ပိုမို ပေါ်လွင်စေသည်။

အစိမ်းနုရောင် အင်္ကျီနှင့် စကတ်ကို ဝတ်ဆင်ထားသော စုချင်းမှာ သူမဘေးတွင် များစွာ မှေးမှိန်နေ၏။ မြင့်မြတ်သော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း အလှဆင်ပစ္စည်းအသေးလေးတစ်ခုမျှသာ ထင်မှတ်ရသည်။

မကြာမီပင် သူတို့၏ အကြည့်များ ဆုံတွေ့သွားကြသည်။

စုယွီက လှောင်ပြောင်လိုသော အမူအရာဖြင့် အမျိုးသမီးနှစ်ဦးနှင့်အတူ ဒုတိယထပ်သို့ ယုံကြည်မှုရှိရှိ လျှောက်လှမ်းလာလေတော့သည်။

စားသောက်ဆိုင် ဝန်ထမ်းများက စုယွီနှင့် အလွန် ရင်းနှီးကျွမ်းဝင်ပုံရပြီး သူ့အဆင့်အတန်းကိုလည်း သိကြသည်။ သူတို့က သူ့ကို သီးသန့်ခန်းသို့ ရိုရိုသေသေ လမ်းပြရန် ရည်ရွယ်သော်လည်း စုယွီက လက်မြှောက်ကာ တားဆီးလိုက်သည်။

သူက အဓိပ္ပာယ်ပါပါနှင့် အထင်သေးသော အပြုံးတစ်ခုကို ဖော်ပြလိုက်ရင်း ပြောလာသည်။

"ဒီနေ့ ငါတို့ ဟိုမှာပဲ ထိုင်မယ်... စစ်သူကြီးလုရဲ့ ဘေးမှာ"

လုစစ်လင်၏ မျက်နှာအမူအရာက အေးစက်တည်ငြိမ်နေသည်။ သူက လက်ပိုက်ကာ ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး စစ်သည်တစ်ယောက်၏ ထူးခြားသော ခန့်ညားထည်ဝါသည့် အရှိန်အဝါကို ထုတ်ဖော်နေသည်။

တစ်ဖက်တွင်မူ ရွှယ်နင်က လက်ဖက်ရည်ခွက်ကို မကာ ခပ်ဖွဖွ တစ်ငုံ သောက်လိုက်၏။ သူမ၏ အကြည့်များက တည်ငြိမ်နေပြီး အမူအရာက နူးညံ့သိမ်မွေ့သည်။

စုယွီက ဘေးစားပွဲမှ ကုလားထိုင်တစ်လုံးကို ဆွဲထုတ်ကာ သူ၏မရီးဖြစ်သူ မင်းသမီးရှို့နင်းကို အရင် ထိုင်စေသည်။ ထို့နောက် စုချင်းက မင်းသမီးရှို့နင်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

စုရှီးနှင့် လုစစ်လင်တို့၏ စေ့စပ်ကြောင်းလမ်းမှု ပျက်သွားကတည်းက စုယွီသည် လုစစ်လင်ကို မျက်စိဆံပင်မွှေးဆူးနေခဲ့ခြင်း ဖြစ်သည်။ ဒီနေ့က လက်ထပ်ပြီးနောက် သူတို့အားလုံး ရွှယ်နင်ကို ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းလည်း ဖြစ်သည်။

လေထုက စကားလုံးဖြင့် ဖော်ပြ၍မရအောင် တင်းမာနေပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် အခြေအနေ ဖြစ်နေသည်။ သို့သော် လုစစ်လင်က နှုတ်ဆိတ်နေသလို ရွှယ်နင်ကလည်း ငြိမ်သက်နေသည်။ ဘေးတွင် စောင့်နေသော ပေါင်ချန်တစ်ယောက်သာ ဒေါသထွက်နေသော ခွေးလေးတစ်ကောင်လို အံကြိတ်နေမိ၏။

စုယွီက နှာခေါင်းရှုံ့လိုက်သော်လည်း စကားမပြောပေ။ တစ်ဖက်တွင်မူ စုချင်းက ရွှယ်နင်ကို စောင်းမြောင်းလှောင်ပြောင်ချင်နေသော်လည်း မင်းသမီးရှို့နင်း၏ သဘောထားကို အကဲခတ်နေရသေးသည်။

စားပွဲထိုးက ဟင်းပွဲအချို့ကို လာချပေးသည်။ ဘေးတစ်ဖက်တစ်ချက်စီရှိ စားပွဲနှစ်လုံးမှ ချောမောလှပသော အမျိုးသား၊ အမျိုးသမီးများကို လှမ်းကြည့်မိပြီးနောက် သူ၏ ကျောပြင်တစ်ခုလုံး စိမ့်တက်သွားကာ အမြန်ပင် နောက်ဆုတ်ပြေးတော့သည်။

လေထုက ထူးဆန်းစွာ မသက်မသာ ဖြစ်နေပြီး မဖော်ပြတတ်အောင် တင်းမာမှုများ လွှမ်းမိုးနေသည်။

ရွှယ်နင်က သူတို့ကို သူစိမ်းများကဲ့သို့ သဘောထားကာ စကားတစ်ခွန်းမှ မပြောဘဲ နေတာကို မြင်သောအခါ ရှဲနင်းထန် စိတ်ထဲတွင် အလွန် မသက်မသာ ဖြစ်သွား၏။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရွှမ်းယီနယ်စားမင်းအိမ်တော်သည် မှူးမတ်မျိုးနွယ်များကြားတွင် မျက်နှာပျက်စရာများနှင့် ကြုံတွေ့ခဲ့ရပြီး မင်္ဂလာဦးဇနီးသစ်ဖြစ်သည့် သူမမှာလည်း ပတ်သက်မိ၍ အရှက်ရခဲ့ရသည်။ မင်္ဂလာခန်းဝင်ပစ္စည်းကို ခဏငှားရမ်းခြင်းက သာမန်မိသားစုများပင် မလုပ်မည့်ကိစ္စဖြစ်သော်လည်း သခင်မကြီးရှဲ့ကတော့ အသက်ကြီးမှ သိက္ခာတရားတို့ကို ဆုံးရှုံးကာ ရွှယ်နင်အား နယ်စားမင်းအိမ်တော်ကို လုံးဝ အရှက်ခွဲခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်း အခြားအိမ်တော်များရှိ ပွဲလမ်းသဘင်များသို့ သူမ သွားရောက်သည့်အခါတိုင်း၊ သူမ၏ ကွယ်ရာတွင် လှောင်ပြောင် သရော်စကား ဆိုနေကြသူများ အမြဲရှိနေခဲ့သည်။

သူမ မကြားနိုင်ဘူးလို့ သူတို့က ထင်နေကြ၏။ သို့သော် သူတို့အားလုံးက ဂုဏ်သရေရှိသော မင်းသမီးတစ်ပါးဖြစ်သည့် သူမကို မိဘမဲ့မိန်းကလေးတစ်ယောက်၏ အရိပ်မိုးခြင်း ခံနေရသည်ဟု လှောင်ပြောင်နေကြခြင်းပင်။

သို့သော် ယခု ရွှယ်နင်က ကျန်းကော်နယ်စားမင်းအိမ်တော်သို့ လက်ထပ်ဝင်ရောက်သွားပြီဖြစ်ရာ လူတိုင်းက သူမကို ဖားရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ အချို့ကမူ သူမမှတစ်ဆင့် ရွှယ်နင်နှင့် မိတ်ဆွေဖွဲ့ရန်ပင် ကြိုးစားကြသေး၏။ ဒီအခြေအနေက သူမကို ဘယ်လိုလုပ် စိတ်ချမ်းသာစေနိုင်မှာလဲ။

ဒါပေမဲ့ ကိစ္စမရှိဘူး။ သူတို့နှစ်ယောက်လုံး တုန်းကျင်းမြို့မှာ ရှိနေကြပြီး သူမနှင့် ရွှယ်နင်တို့အတွက် ရှေ့ဆက်ရမည့် အချိန်တွေ အများကြီး ရှိပါသေးတယ်။

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှယ်နင်ကို ကြည့်ရင်း သူမ၏ နှုတ်ခမ်းဖျားတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်လာပြီး မျက်ဝန်းထဲ၌ အထင်သေးရိပ်တို့ ဖြတ်ပြေးသွားသည်။

"ညီမလေး ရွှယ်နင်... တို့တွေ မတွေ့ရတာ ရက်နည်းနည်းရှိပြီပဲ၊ နင့်ကိုကြည့်ရတာ ပိုပြီး ကျန်းမာရွှင်လန်းလာပုံရတယ်။ တို့တွေက မိသားစုတွေပဲဟာကို၊ ဒီဘက်ကိုလာပြီး အတူတူထိုင်ပါလား"

"ယောင်းမတော် မင်းသမီးကလည်း သူ(မ)ကို မြှောက်မပေးပါနဲ့"

စုချင်းက ပါးစပ်ကိုပိတ်ကာ ခပ်ဖွဖွ ရယ်မောလိုက်သည်။

"သူ(မ)က ဘယ်လိုလုပ်ပြီး မိသားစုဝင် ဖြစ်နိုင်မှာလဲ"

ရှဲနင်းထန်က စုချင်းနှင့်အတူ ရှိနေရတာကို သဘောကျသည်။ အဓိကအကြောင်းရင်းမှာ သူမ၏ အပြောအဆို စူးရှထက်မြက်တာကြောင့်ပင်။

ထိုစကားကို ကြားလိုက်ရသည်နှင့် ရှဲနင်းထန်က များစွာ စိတ်သက်သာရာ ရသွားသည်။

စုချင်းက လူဆိုးနေရာမှ သရုပ်ဆောင်မည်ဆိုလျှင် အခြားတစ်ယောက်ယောက်က လူကောင်းနေရာက ဝင်မပါဘဲ နေပါ့မလား။

"စတုတ္ထညီမလေး၊ အဲဒီလို မပြောပါနဲ့"

ရှဲနင်းထန်က မတ်တတ်ရပ်ကာ ရွှယ်နင်၏အနားသို့ လျှောက်သွားပြီး သူမ၏(ရွှယ်နင်) ကြွေထည်လေးသဖွယ် နူးညံ့လှပသော မျက်နှာလေးကို ပြင်းထန်သော မနာလိုစိတ်များဖြင့် အကဲခတ်ကြည့်ရှုလိုက်သည်။ ဒီလိုမျိုး လှပတဲ့ ရုပ်ဆင်းသွင်ပြင်ဖြင့် သူမ(ရှဲ့နင်းထန်) မွေးဖွားမလာခဲ့တာ နှမြောစရာပင်။ ဒါပေမဲ့ ဘာအရေးလုပ်စရာရှိလဲ။ ဘယ်လိုပဲဖြစ်ဖြစ် စုကျန်းက သူမကို(ရွှယ်နင်) သဘောမှမကျခဲ့ပဲ။

"ရွှယ်နင်က ဘာပဲဖြစ်ဖြစ် ရွှမ်းယီနယ်စားမင်းအိမ်တော်ရဲ့ မွေးစားသမီး၊ ရှီဇီရဲ့ မွေးစားညီမလေးလေ။ အမေကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာ။ သူ(မ)က နယ်စားမင်းအိမ်တော်နဲ့ ငါတို့မိသားစုဝင် မဟုတ်ဘူးလို့ ဘယ်လိုလုပ် ပြောလို့ရမှာလဲ"

ရွှယ်နင်၏ သွယ်လျဖြူဝင်းသော လက်ချောင်းလေးများက ကြွေပန်းကန်လုံးလေးကို ဖွဖွလေး ကိုင်ထားပြီး သူမ၏ အမူအရာက အနည်းငယ် အေးစက်ခပ်တန်းတန်း ဖြစ်နေသည်။

"ကျွန်မကတော့ ကျွန်မနဲ့ မင်းသမီးကို မိသားစုဝင်တွေလို့ မသတ်မှတ်ထားပါဘူး"

"ဒါဆို ညီမလေးက ရှီဇီကို အစ်ကိုတစ်ယောက်အနေနဲ့ အသိအမှတ်မပြုတော့ဘူးပေါ့လေ"

ရှဲနင်းထန်က အံ့သြသွားဟန်ဆောင်ရင်း ပြောလိုက်သည်။

"အို... ငါ မေ့သွားတယ်။ ရွှယ်နင်က နယ်စားမင်းအိမ်တော်ရဲ့ မွေးစားသမီး ဖြစ်ပေမဲ့ ရှီဇီ့ကို ငယ်ငယ်ကတည်းက သံယောဇဉ်ရှိပြီး လက်ထပ်ချင်နေခဲ့တာပဲလေ။ အခု ရှီဇီက ငါ့ကို လက်ထပ်လိုက်တော့ သူ(မ)က ငါတို့တစ်မိသားစုလုံးကို အရမ်းနာကြည်းနေလို့ အိမ်ပြန်လာရမယ့်နေ့မှာတောင် ရွှမ်းယီနယ်စားမင်းအိမ်တော်ကို ပြန်မလာတော့တာလား"

ဖန့်လိုစားသောက်ဆိုင်တွင် လူများစည်ကားနေပြီး ခန်းမဆောင်တစ်ခုလုံး ဧည့်သည်များနှင့် ပြည့်နှက်နေသည်။

ရှဲနင်းထန်၏ အသံကို ကြားလိုက်ရသောအခါ လူတိုင်းက ဒုတိယထပ်သို့ မော့ကြည့်လိုက်ကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရွှမ်းယီနယ်စားမင်းအိမ်တော်နှင့် ကျန်းကော်နယ်စားမင်းအိမ်တော်တို့ကြားရှိ ရန်ငြိုးရန်စများနှင့် ရှုပ်ထွေးမှုများက လမ်းတကာ၊ ရပ်ကွက်တကာသို့ ပျံ့နှံ့သွားခဲ့ပြီး တစ်မြို့လုံး၏ ပြောစမှတ်တွင်သည့် ကိစ္စတစ်ခု ဖြစ်နေခဲ့သည်။

ယခုအကြိမ်သည် သတို့သမီးအသစ်နှစ်ဦး တိုက်ရိုက် ရင်ဆိုင်တွေ့ဆုံကြသည့် ပထမဆုံးအကြိမ်ပင်။

ချက်ချင်းဆိုသလိုပင် အပြင်ဘက်မှ လမ်းသွားလမ်းလာများပင် အဝင်ဝ၌ စုရုံးလာကြပြီး အများအပြားက ဤပြဇာတ်ကို ကြည့်ရှုရန် နားစွင့်နေကြသည်။

လုစစ်လင်က မျက်မှောင်ကြုတ်ကာ လှောင်ပြုံးပြုံးလိုက်၏။

"ရှဲ့.. မင်း ပါးစပ်ကနေ အညစ်အကြေးတွေ လျှော့ပြောမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် ပိုကောင်းလိမ့်မယ်"

ရှဲနင်းထန်က မခံမရပ်နိုင်ဖြစ်သွားဟန် အမူအရာကို ဖန်တီးလိုက်သည်။

"စစ်သူကြီးလုက ကြမ်းတမ်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပေမဲ့ သူ့စကားတွေက အရမ်း ရိုင်းစိုင်းလွန်းပါတယ်။ ရှင်က ကျွန်မလို အားနည်းတဲ့ မိန်းမသားတစ်ယောက်ကို လူပုံအလယ်မှာ တကယ်ပဲ အနိုင်ကျင့်တော့မလို့လား"

လုစစ်လင်က နောက်ဆုတ်မည့်သူမျိုး မဟုတ်ပေ။

"မင်းသမီးရှို့နင်း... ငါ အပျော်ဆုံးအချိန်မှာ မင်းကို ပါးမချမိအောင် နေစမ်းပါ..."

"စစ်သူကြီးလုက ကျွန်မကို ရိုက်မှာတော့ မဟုတ်ပါဘူးနော်!"

ရှဲနင်းထန်၏ အကြည့်များက ရုတ်တရက် အေးစက်သွားပြီး သူမ၏ အသံကလည်း သိသိသာသာ ကျယ်လောင်သွားသည်။ သူမ၏ မျက်ဝန်းများက ဘယ်အချိန်ကတည်းက နီရဲနေခဲ့မှန်း မသိရဘဲ ရှိုက်သံပါပါဖြင့် ပြောလိုက်သည်။

"အားလုံးပဲ လာကြည့်ကြပါဦး! စစ်သူကြီးလုက သူ့ညီမအတွက်နဲ့ ကျွန်မကို တကယ်ကြီး ရိုက်နှက်နေပါတယ်!”

All Chapters