← Chapters

အခန်း (၂၈၇၇-၂၈၇၈)

Vol. 288 Ch. 2877-2878

အခန်း (၂၈၇၇-၂၈၇၈)

Vol. 288 Ch. 2877-2878

အခန်း (၂၈၇၇) - နတ်ဆိုးများ၏ စိန်ခေါ်ပွဲ

​ချူးဇီမူမှာ ရုတ်တရက် ရယ်မောလာပြီးနောက် စကားစလိုက်သည်။

​"မိတ်ဆွေတို့၊ ကျွန်တော်တို့ ဒီကို မရောက်ခင်ကတည်းက လီသခင်ကြီးရဲ့ အစွမ်းအကြောင်းကို သူတို့ကို သတိပေးခဲ့တာပါ။ ဒါပေမဲ့ သူကပဲ မရမက သွားချင်နေတာ၊ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ သူတို့ အသတ်ခံရပြီး ကျွန်တော်တို့ပါ အလကား အသက်မဆုံးရှုံးရအောင် လမ်းပြပေးလိုက်ရုံပေါ့။"

​"ကျွန်တော်တို့နဲ့ ဒီကိစ္စ ဘာမှ မဆိုင်ပါဘူး၊ ဒီကိစ္စပြီးရင် ကျွန်တော်တို့ကို လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ။"

​ချူးဇီမူနှင့်အတူ ပါလာသော သူတော်စင်က အနည်းငယ် တုန်လှုပ်သွားပြီးနောက် သူပြောသည့်စကားမှာ အမှန်ဖြစ်ကြောင်း ခေါင်းငြိမ့်ပြသည်။

​ဖန့်ချန်တို့ အုပ်စုမှာမူ သိပ်ပြီး ဒေါသထွက်ပုံမရ။ ဤကိစ္စမျိုး ဖြစ်လာမည်ကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ဟန်ဖြင့် တည်ငြိမ်စွာပင် ရှိနေကြသည်။

​"မင်းတို့လို ငတ်နေတဲ့ ခွေးတွေကတော့ သဘောပေါက်သားပဲ။ စိတ်ချပါ၊ ဒီကိစ္စပြီးရင် မင်းတို့ကို ဘေးကင်းကင်းနဲ့ လွှတ်ပေးလိုက်ပါ့မယ်။"

​"မင်းတို့သာ ငါတို့ တန်းရှန်းမြို့ကို အနှောင့်အယှက် မပေးသရွေ့၊ ငါတို့လည်း မင်းတို့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးက မူလအမြစ်ချင်း တူတဲ့သူတွေပဲလေ၊ ကိုယ့်လူကိုယ် ပြန်သတ်နေစရာ လိုပါ့မလား။"

​တန်းရှန်းမြို့မှ သူတော်စင်က ချူးဇီမူတို့ကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ အမူအရာမှာ မောက်မာပြီး လေသံမှာ အထင်သေးသည့် အရိပ်အယောင်များ ပါဝင်နေသော်လည်း ချူးဇီမူတို့ကို ဘေးကင်းစွာ လွှတ်ပေးမည်ဟု ကတိပေးလိုက်သည်။

​ချူးဇီမူမှာ စိတ်ထဲတွင် အလွန်ပင် ကျေးဇူးတင်သွားသဖြင့် လက်အုပ်ချီကာ အကြိမ်ကြိမ် အရိုအသေပြုလေသည်။

​ထို့နောက် သူက ဖန့်ချန်တို့၏ နောက်ကြောင်းကိုပါ ဆက်၍ ရှင်းပြလိုက်သည်။

​"မိတ်ဆွေတို့၊ ဒီလူတွေက ခုနကမှ အပို့ခံရတဲ့သူတွေ ဖြစ်ပုံရတယ်။ သူတို့ရဲ့ အတွင်းကမ္ဘာ ကြယ်တာရာတွေနဲ့ နတ်ဘုရားစွမ်းအားတွေက ဘာမှ အကူးမခံရသေးဘူးဗျ..."

​ထိုစကားထွက်ပေါ်လာသည်နှင့် တန်းရှန်းမြို့မှ သူတော်စင်များ၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ဖန့်ချန်တို့ကို စူးစိုက်ကြည့်လိုက်ကြသည်။ မျက်ဝန်းထဲတွင်လည်း လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။

​"မိတ်ဆွေတို့... တန်းရှန်းမြို့က ခင်ဗျားတို့လို အညစ်အကြေးကင်းစင်တဲ့သူတွေကို အနှစ်သက်ဆုံးပဲဗျ။"

​ချူးဇီမူက သူတစ်ပါး ဒုက္ခကို ကြည့်ပြီး ပျော်ရွှင်နေသလိုမျိုး ရယ်မောလိုက်သည်။

​သူ့စကားထဲတွင် တစ်မျိုးတစ်ဖုံ ရည်ရွယ်ချက်ရှိမှန်း သိသွား၍လားမသိ၊ တန်းရှန်းမြို့မှ သူတော်စင်က ချူးဇီမူကို အေးစက်စက် လှမ်းကြည့်လိုက်သည်။

​"ငါတို့ တန်းရှန်းမြို့က မင်းတို့လိုပဲ ကိုယ့်အပေါင်းအဖော်တွေရဲ့ အတွင်းကမ္ဘာ ကြယ်တာရာတွေကို အတင်း လုစားမယ်လို့ ထင်နေတာလား။"

​"ငတ်နေတဲ့ ခွေးကတော့ ငတ်နေတဲ့ ခွေးပါပဲ။ နွေရာသီ ပိုးကောင်တွေကို ရေခဲအကြောင်း ပြောပြလို့မှ မရတာ။"

​"အို..."

​ချူးဇီမူမှာ အံ့အားသင့်သွားသည်။

​သူနှင့်အတူ ပါလာသော သူတော်စင်များမှာလည်း ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။

​ရူးသွပ်နေသော နတ်ဆိုးကောင်ကြီးများ သိမ်းပိုက်ထားသည့် မြို့တော်များသည် ခုနကမှ အပို့ခံရသည့် သူတော်စင်များကို အလွန်နှစ်သက်ကြသည်ဟု သတင်းထွက်နေသည် မဟုတ်ပါလား။

​အပို့ခံရသည့် သူတော်စင်များမှာ သန့်စင်နေသဖြင့် စားရလျှင် အလွန်အားရှိသည်ဟု သူတို့ ထင်ထားခဲ့ကြသည်။

​အခုကျတော့လည်း မဟုတ်ပြန်ဘူးလား။

​တန်းရှန်းမြို့မှ သူတော်စင်ကမူ ယခုအခါတွင် ရင်းနှီးဖော်ရွေသော အပြုံးဖြင့် ဖန့်ချန်တို့ကို ကြိုဆိုလိုက်သည်။

​"ခင်ဗျားတို့ ဒီကို ရောက်ခါစမှာ တန်းရှန်းမြို့ကို ရောက်လာတာက ခင်ဗျားတို့အတွက်ရော၊ ငါတို့အတွက်ပါ ကံကောင်းခြင်းပဲ။"

​"လီသခင်ကြီးကို စိန်ခေါ်မယ်ဆိုတဲ့ စကားကိုတော့ ထပ်မပြောပါနဲ့တော့။"

​"ခင်ဗျားတို့ရဲ့ အတွင်းကမ္ဘာစွမ်းအားနဲ့ ဒီနေရာရဲ့ အရှိန်အဝါတွေကို ကာကွယ်ထားကြပါ။ ဒီနေရာရဲ့ အကူးမခံရအောင် သတိထားပါ။ ခင်ဗျားတို့ ရောက်လာတာက ငါတို့ တန်းရှန်းမြို့အတွက်တော့ အလွန်ကြီးကျယ်တဲ့ ဝမ်းသာစရာ ကိစ္စပဲ"

​ဖန့်ချန်မှာ ရုတ်တရက် ရောက်လာသည့် ထိုကြိုဆိုမှုမျိုးကို ကြုံရသဖြင့် ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။

​"ငါတို့ကို ရေချိုးသန့်စင်ပေးပြီး အိုးထဲထည့်ပေါင်းစားဖို့ စီစဉ်နေတာလား။"

​အကြီးအကဲငါးပါးတို့မှာလည်း မနေနိုင်ဘဲ ပြုံးလိုက်ကြသည်။

​တကယ်လို့သာ သူတို့က အဲဒီလို လုပ်ကြမယ်ဆိုရင်တော့ ဖန့်သူတော်စင်ဘိုးဘေးက သူတို့ကို သတ်ဖြတ်ပစ်တော့မှာ အသေအချာပါပဲ။

​"မိတ်ဆွေတို့ အထင်မလွဲပါနဲ့။ အဲဒါကတော့ ငတ်နေတဲ့ ခွေးတွေမှ လုပ်တတ်တာပါ။ သူတို့လုပ်သလို လုပ်တာက ကျင့်ဝတ်နဲ့ မညီသလို၊ သူတို့ကိုယ်သူတို့လည်း မကယ်တင်နိုင်ပါဘူး။"

​"ဒါပေမဲ့ ငါတို့ တန်းရှန်းမြို့က မတူဘူး။ ငါတို့က အကူးခံရရင်တောင်၊ နတ်ဘုရားနယ်မြေနဲ့ လုံးဝ ပေါင်းစပ်သွားတဲ့အချိန်အထိ ငါတို့ရဲ့ အသိစိတ်က ပျောက်ဆုံးသွားမှာ မဟုတ်ဘူး။"

​"ငါတို့က သူတို့လို တိရစ္ဆာန်တွေ ဖြစ်မလာဘူး။ အဲဒီလိုမှသာ ဒီတန်းရှန်းမြို့ကို ကာကွယ်ပေးနိုင်မှာဖြစ်ပြီး၊ နောက်မှ ရောက်လာမယ့်သူတွေကိုလည်း ဒီနယ်မြေကနေ လွတ်မြောက်သွားအောင် ကူညီပေးနိုင်မှာပါ။"

​သူက လေးလေးနက်နက်ဖြင့် ပြောသည်။ ခဏရပ်ပြီးနောက်

"ငါ့နာမည်က ဂျီပင်း ပါ။"

​ဖန့်ချန်တို့မှာ ဂျီပင်း၏ စကားကို အပြည့်အဝတော့ မယုံကြည်ကြသေးပေ။ တစ်ဖက်လူက ရိုးသားစွာ ပြောပြနေသော်လည်း၊ ဤနေရာမှာ နယ်မြေက တစ်မျိုးမို့ ထွက်ပေါက်မရှိလျှင် လူတိုင်း ရူးသွပ်သွားနိုင်သည် မဟုတ်ပါလား။

​ချူးဇီမူတို့လိုမျိုးပေါ့။

​ဂျီပင်းက ဖန့်ချန်တို့၏ သံသယရှိနေသော အကြည့်ကို မြင်သဖြင့် အနည်းငယ် ပြုံးကာ ပြောသည်။

​"ရိုးရိုးသားသား ပြောရရင် ငါတို့မှာ မကောင်းကြံထားတာ ရှိရင် ခင်ဗျားတို့ ဒီကို ရောက်ကတည်းက အသက်ရှင်နေမှာ မဟုတ်ဘူး။ အဲဒါတွေ ပြောနေစရာ မလိုပါဘူး။"

​"ငါနဲ့ လိုက်ခဲ့ပါ။ လီသခင်ကြီးက ဒီနေ့ 'ဝမ်ရှင်းမြို့' က တစ်ယောက်ကို ဧည့်ခံနေရတယ်။ ဒီပွဲပြီးရင် သူကိုယ်တိုင် ခင်ဗျားတို့ကို တွေ့ပါလိမ့်မယ်။"

​"ဘာ။ ဝမ်ရှင်းမြို့က နတ်ဆိုးကောင်လည်း ရောက်နေတာလား။"

​ဝမ်ရှင်းမြို့ ဟူသော စကားကို ကြားလိုက်သည်နှင့် ချူးဇီမူတို့မှာ အခြားအရာများကို မတွေးနိုင်တော့ဘဲ ကြောက်ရွံ့မှုများမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။

​"ငါတို့ အဲဒီကို သွားကြည့်ရအောင်၊ ဒီတန်းရှန်းမြို့က ငါတို့ထင်ထားသလိုမျိုး မဟုတ်ဘဲလည်း ဖြစ်နိုင်တယ်။"

​ဖန့်ချန်က စိတ်အာရုံဖြင့် လှမ်းပြောသည်။

​မကြာမီပင် ဂျီပင်း၏ လမ်းပြမှုဖြင့် ခမ်းနားလှသော ခန်းမကြီးတစ်ခုသို့ ရောက်သွားသည်။

​ခန်းမထဲတွင် သူတော်စင်များဖြင့် ပြည့်နှက်နေပြီး ဂျီပင်းတို့ အုပ်စုဝင်လာသည်ကို သိပ်ပြီး အာရုံမထားမိကြပေ။

​ယခုမူကား သူတော်စင်အားလုံး၏ အာရုံမှာ ခန်းမအလယ်ဗဟို၌သာ ရှိနေသည်။

​ထိုနေရာတွင် စားပွဲတစ်ခု ရှိပြီး လူနှစ်ယောက်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

​တစ်ဦးမှာ မျက်ခုံးထူထူနှင့် ရုပ်ရည်ချောမောလှပသူ ဖြစ်သည်။

​နောက်တစ်ဦးမှာမူ ခန္ဓာကိုယ် တောင့်တင်းပြီး ထိုင်နေသည့်ပုံစံမှာ တောင်ကုန်းတစ်ခုကဲ့သို့ပင်၊ ခန္ဓာကိုယ်တစ်လျှောက်လုံးတွင် အမည်းရောင် မြူငွေ့များ လွှမ်းခြုံထားသည်။

​"လီတန်းရှန်း၊ ငါ ဒီကို လာတာ မင်းနဲ့ စကားပြောဖို့ မဟုတ်ဘူး။ ဒီနေ့ တန်းရှန်းမြို့က သူတော်စင်တွေလည်း အကုန်ရှိနေတာဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြရအောင်။"

​ခန္ဓာကိုယ် တောင့်တင်းသူက အေးစက်စက်ဖြင့် ပြောလိုက်သည်။

​"မင်းတို့ တန်းရှန်းမြို့မှာ ဒီနယ်မြေရဲ့ အရှိန်အဝါ အကူးမခံရသေးတဲ့ သူတော်စင် (၃၂) ယောက် ကျန်သေးတယ်။ ၁၆ ယောက်ကို ငါ့ 'ဝမ်ရှင်းမြို့' ကို ပေးလိုက်၊ ငါချက်ချင်း ပြန်သွားမယ်။"

​"အဲဒီလိုမှ မဟုတ်ရင်တော့ ဒီနေ့ စစ်ဖြစ်ကြရုံပေါ့။"

​"ပြီးပြီ။ ဝမ်ရှင်းမြို့က တန်းရှန်းမြို့ကို စစ်ကြေညာတော့မှာလား။"

​ချူးဇီမူမှာ မျက်နှာပျက်သွားသည်။ ဒါကလည်း တိုက်ဆိုင်လွန်းမနေဘူးလား။

​တကယ်လို့များ ဒီနေ့ စစ်ဖြစ်သွားရင် သူတို့ပါ ဒုက္ခရောက်ကုန်တော့မှာ မဟုတ်ဘူးလား။

​ထိုအကြောင်းကို တွေးမိကာ ချူးဇီမူက ဂျီပင်းတို့ကို လှည့်ကြည့်လိုက်သည်။ ထိုသူတို့မှာ အလွန်တည်ငြိမ်နေပြီး ဘာမှ စိုးရိမ်နေပုံမပေါ်ပေ။

​သူက ဖန့်ချန်တို့ကိုလည်း ကြည့်လိုက်သည်။ သူတို့လည်း တည်ငြိမ်နေကြသည်။

​"တန်းရှန်းမြို့က သူတော်စင်တွေက လီတန်းရှန်းဆိုတဲ့ နတ်ဆိုးကို ယုံကြည်မှု ရှိလွန်းလို့ တည်ငြိမ်နေတာ။ မင်းတို့ကတော့ ဘာကို အားကိုးပြီး တည်ငြိမ်နေတာလဲ"

​ချူးဇီမူမှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။

​"ချူးဖေး၊ မင်း ဝမ်ရှင်းမြို့ကို ကောင်းကောင်း မထိန်းနိုင်ဘူး။ အကူးမခံရသေးတဲ့ သူတော်စင်တွေကို ကောင်းကောင်း မကာကွယ်နိုင်လို့ သူတို့တွေ အကူးခံလိုက်ရပြီး ငါတို့လို ဖြစ်ကုန်တာ။"

​လီတန်းရှန်းက ဖြည်းဖြည်းချင်း စကားစလိုက်သည်။

​"အရင်ကဆိုရင် အပို့ခံရတဲ့ သူတော်စင်သစ်တွေကို မြို့ (၁၀) မြို့က တရားမျှတစွာ ခွဲဝေကြတယ်။"

​"ကိုယ့်မြို့က သူတော်စင်တွေကို ကိုယ်ကာကွယ်နိုင်မှသာ၊ သူတို့ရဲ့ စွမ်းအားတွေကို သုံးပြီး ငါတို့ရဲ့ အသိစိတ်ကို ထိန်းထားနိုင်မှာ။"

​"ဒါပေမဲ့ မင်းကတော့ အဲဒါကို အလွန်ညံ့ဖျင်းစွာ လုပ်နေတာပဲ။"

​"ငါ့ တန်းရှန်းမြို့က သူတော်စင် ၃၂ ယောက်ကို မင်းကို ပေးမှာ မဟုတ်ဘူး။"

​"သူတို့က ငါတို့ ဒီနေရာကနေ လွတ်မြောက်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။"

​'မျိုးစေ့ သူတော်စင်' လား။

​ဖန့်ချန်တို့မှာ အံ့အားသင့်သွားသည်။

​ထိုစကားဝိုင်းအရ သူတို့ကဲ့သို့ အပို့ခံရသည့် သူတော်စင်သစ်များသည် ဒီနေရာမှာ အသက်ရှင်နိုင်ဖို့အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သိလိုက်ရသည်။

​"ငါတို့ရဲ့ စွမ်းအားက သူတို့ရဲ့ အသိစိတ်ကို ထိန်းထားပေးနိုင်တယ်ဆိုတော့၊ ငါတို့ကို စားဖို့ပဲ ကြံစည်နေတာ မဟုတ်ဘူးလား။"

​စီကုကျိမှာ စိုးရိမ်စိတ်ဖြင့် ပြောလိုက်သည်။

​အကြီးအကဲငါးပါးတို့မှာလည်း ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ ဖန့်ချန် ရှိနေတာဆိုတော့ သူတို့ သိပ်မစိုးရိမ်တော့ပါ။ တကယ်လို့ သေရမယ်ဆိုရင်တောင် ကြောက်စရာ မလိုပါ။

​"လီတန်းရှန်း၊ ဒါဆိုရင်တော့ ပြောစရာ မရှိတော့ဘူးပေါ့။"

​ချူးဖေးက ရယ်မောလိုက်သည်။

​"အပြင်က သူတော်စင်တွေက ငါတို့ နတ်ဆိုး (၁၀) ကောင်ကို ဘယ်လောက်တောင် အစွမ်းထက်တယ် ပြောကြလဲ။ ဒါပေမဲ့ ငါတို့အချင်းချင်း တိုက်ခိုက်တာကိုတော့ သိပ်မမြင်ဖူးကြဘူး။ ဒီလိုလုပ်မလား၊ ငါ တခြား (၈) ကောင်ကိုပါ ခေါ်လိုက်မယ်။ မင်းနဲ့ ငါနဲ့ တိုက်ခိုက်တာကို သူတို့လည်း ကြည့်ပါစေ။"

​"ဒီတစ်ခါတော့ မင်းနဲ့ ငါနဲ့ထဲက တစ်ယောက် သေရမယ်။"

​"မင်း အချိန်ပေးပါ။"

​လီတန်းရှန်းက ခေါင်းညိတ်လိုက်သည်။

"ငါ အမြဲတမ်း စောင့်နေပါတယ်။"

​"ကောင်းပြီ။"

​ချူးဖေးက တစ်ဖက်လူက လက်ခံလိုက်သည်ကို မြင်တော့ ဒေါသကို မြိုသိပ်ကာ ထရပ်ပြီး ထွက်သွားတော့သည်။

​သူထွက်သွားသည်နှင့် သူတော်စင်အုပ်စုတစ်စုကလည်း လိုက်ပါသွားကြသည်။

​သို့သော် သူတို့မှာ ဖန့်ချန်တို့ အုပ်စုနားသို့ ရောက်သောအခါ ရုတ်တရက် ခြေလှမ်းရပ်တန့်သွားကြသည်။

အခန်း (၂၈၇၈) - မင်းက ယဲ့ထျန်းဂူ မဟုတ်လား

​ချူးဖေး ခြေလှမ်းရပ်တန့်လိုက်သည်နှင့်အတူ ခမ်းနားလှသော ခန်းမကြီးထဲရှိ သူတော်စင်များသည်လည်း ဖန့်ချန်တို့ အုပ်စုထဲမှ အသားအရောင်စိုပြေပြီး ထူးခြားနေသော မျက်နှာသစ်များကို သတိပြုမိသွားကြသည်။

​"အံ့ဩစရာပဲ၊ သူတို့က ဘယ်သူတွေလဲ။"

​"တန်းရှန်းမြို့ထဲမှာ တစ်ခါမှ မမြင်ဖူးသလိုပဲ။"

​"သူတို့ ခန္ဓာကိုယ်ထဲက အရှိန်အဝါက အရမ်းသန့်စင်နေတာပဲနော် "

​ခန်းမထဲရှိ သူတော်စင်များသည် ဖန့်ချန်တို့ကို ချက်ချင်းပင် တစ်ကိုယ်လုံး အကဲခတ်ကြည့်ရှုလိုက်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် အံ့ဩမှုနှင့် စပ်စုမှုတို့ ရောထွေးနေသည်။

​"သန့်စင်တဲ့ အရသာပဲ။"

​ချူးဖေးက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရာ သူ၏ မျက်နှာတွင် မူးယစ်တက်ကြွသည့် အရိပ်အယောင်များ ပေါ်လာသည်။ ထို့နောက် မျက်လုံးများကို အနည်းငယ်မှေးကျဉ်းကာ ဖန့်ချန်တို့ကို တစ်ချက်ချင်း အကဲခတ်ရင်း -

​"မင်းတို့... အခုမှ ရောက်လာတာ မဟုတ်လား"

​အခုမှ ရောက်လာတာ ဟုတ်လား

​ခန်းမထဲတွင် ဆူညံသံများ ချက်ချင်း ထွက်ပေါ်လာသည်။ သူတော်စင်အများအပြားသည် ဂျီပင်းကို ဖန့်ချန်တို့၏ နောက်ကြောင်းအကြောင်း တန်းစီမေးမြန်းကြသည်။

​လီတန်းရှန်းလည်း ထရပ်လိုက်ပြီး ဖန့်ချန်တို့ကို စပ်စုလိုသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ သို့သော် သူသည် ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့ကို မြင်လိုက်ရသည့်အခါတွင်မူ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သည့် အရိပ်အယောင်များ ပေါ်လာကာ ထိုနေရာတွင်ပင် တောင့်ခဲသွားပြီး စကားပင် မဆိုနိုင်တော့ပေ။

​"ငါတို့ ရောက်လာတာ မကြာသေးပါဘူး။"

​ဖန့်ချန်က ပြုံး၍ ဖြေသည်။

​ချူးဖေး၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် ဖန့်ချန်တို့ကို လောဘတကြီးနှင့် ကြည့်ရှုရင်း အရေအတွက်ကို ရေတွက်လိုက်သည်။

​"တစ်၊ နှစ်၊ သုံး..."

​"ကိုးယောက်"

​ချူးဖေးက တဟားဟားတိုက်၍ ရယ်မောလိုက်သည်။

"ကိုးယောက်တောင် ထပ်ရောက်လာတာကို ငါတို့ကို အကြောင်းမကြားဘူးပေါ့၊ ဒါက မင်းတို့ တန်းရှန်းမြို့ရဲ့ လုပ်ရပ်လား။"

​"ဒီနှစ်တွေအတွင်းမှာ မင်းတို့က နယ်မြေသစ်က ရောက်လာတဲ့ သူတော်စင်တွေကို အများကြီး ဖွက်ထားတာပဲ။"

​သူသည် လီတန်းရှန်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

​"ဒီတစ်ခါ စိန်ခေါ်ပွဲမှာ မင်း သေရတော့မှာ အသေအချာပဲ။ ဒီအသုတ်က လူသစ်တွေကို ငါ့အတွက် ကောင်းကောင်း စောင့်ရှောက်ထားပေးပါ။ အဲဒီအချိန်ကျရင် သူတို့အားလုံး ငါ့ရဲ့ 'ဝမ်ရှင်းမြို့' ကို ရောက်လာကြလိမ့်မယ်။"

​စကားဆုံးသည်နှင့် သူသည် ဖန့်ချန်တို့ကို တစ်ချက် ရယ်မောပြပြီးနောက် ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားတော့သည်။

​ချူးဖေး ထွက်သွားသည်ကို မြင်မှ ချူးဇီမူတို့ သူတော်စင်အုပ်စုမှာ သက်ပြင်းချနိုင်တော့သည်။ အနည်းဆုံးတော့ အခုအချိန်မှာ စစ်မဖြစ်ခဲ့ကြသဖြင့် သူတို့ ဘေးကင်းစွာဖြင့် ထွက်ခွာနိုင်တော့မည် ဖြစ်သည်။

​"လီသခင်ကြီး..."

​ဂျီပင်းက ယခုအခါတွင် ဖန့်ချန်တို့၏ အခြေအနေကို လှမ်း၍ ပြောပြလိုက်သည်။ သို့သော် လီတန်းရှန်းမှာမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိဘဲ ထိုနေရာကို ငေးငိုင်စွာ ကြည့်နေဆဲပင်။ လီတန်းရှန်း ဤမျှအထိ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသည်ကို သူတို့ တစ်ခါမှ မမြင်ဖူးကြပေ။ ချူးဖေးကြောင့် ဖြစ်မည်ဟု ထင်မှတ်ကာ နေရာတွင်ရှိနေသော သူတော်စင်များ၏ အမူအရာများမှာ ထူးဆန်းလာသည်။

​"ဂိုဏ်းချုပ်.. မင်းတို့က ဘာလို့ ဒီနေရာကို ရောက်လာကြတာလဲ..."

​"ပြီးတော့ လက်‌ထောက််််််ဂိုဏ်းချုပ် ပါပါလာတာလား..."

​လီတန်းရှန်း၏ မျက်ဝန်းအိမ်များမှာ ရုတ်တရက် နီရဲလာသည်။

​"ငါတို့ရဲ့ ရှူရှန်းဓားဂိုဏ်း က လုံးဝ ရှုံးနိမ့်သွားပြီလား..."

​ဂိုဏ်းချုပ် ၊ လက်ထောက် ဂိုဏ်းချုပ်

​အကြီးအကဲငါးပါးတို့မှာ အချင်းချင်း ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။ ဒါ ဘာဖြစ်တာလဲ။ ဂျီပင်းတို့လည်း ကြောင်သွားသည်။ ချူးဇီမူမှာမူ ယခုအချိန်တွင် ဘာတွေဖြစ်နေမှန်း မသိသော်လည်း၊ နတ်ဆိုးကောင်ကြီး လီတန်းရှန်းတစ်ယောက် ငိုနေသည်ဟု ထင်လိုက်မိသည်။

​"ပြောရရင် ရှည်တယ်၊ ဒါပေမဲ့ မင်းထင်သလိုတော့ မဟုတ်ဘူး။"

​ရှဲ့အာမန်က တည်ငြိမ်စွာ ဆိုသည်။

"မင်း ဒီနှစ်တွေအတွင်းမှာ ဒီနေရာမှာ ပိတ်လှောင်ခံထားရမယ်လို့ မထင်ထားမိဘူး။ ဒီနယ်မြေမှာ ငါတို့ ရှူရှန်းဓားဂိုဏ်းက သူတော်စင်တွေ အများကြီး ပိတ်မိနေတာပဲ။"

​ထိုစကားထွက်ပေါ်လာသည်နှင့် ထိုနေရာရှိ သူတော်စင်များသည်လည်း အသိပြန်ဝင်လာကြသည်။

​"ဟူး..."

​ဂျီပင်းတို့မှာ အံ့အားသင့်စွာဖြင့် ရှဲ့အာမန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

​မျက်စိရှေ့က ဒီလူက တစ်ချိန်က ဒေသတစ်ခုလုံးကို ထိန်းချုပ်ခဲ့တဲ့ ရှူရှန်းဓားဂိုဏ်း ရဲ့ ဂိုဏ်းချုပ်လား။

​အာမန် သူတော်စင်ဧကရာဇ်

​လီတန်းရှန်း၏ စိတ်အခြေအနေမှာ အပိုင်းပိုင်း ပြတ်တောက်တော့မည့် ဆဲဆဲတွင် ရှဲ့အာမန်၏ စကားကြောင့် ချက်ချင်း ပြန်လည် တည်ငြိမ်သွားပြီး အသက်ရှူနှုန်းမှာလည်း အနည်းငယ် မြန်ဆန်လာသည်။

​"ဂိုဏ်းချုပ်၊ ငါတို့ ရှုံးသွားတာ မဟုတ်ဘူးလား။"

​"ဒါပေါ့၊ ငါတို့က ဘယ်တုန်းက ရှုံးခဲ့လို့လဲ။"

​ရှဲ့အာမန်က ပြုံး၍ ပြောသည်။

"ဒီတစ်ခါ ဒီနယ်မြေကို လာတာကလည်း အကြောင်းတရားကြောင့်ပါ။ 'သူတော်စင်ဧကရာဇ် နန်းတော်' က ထောင်ထိန်းတွေက ငါတို့ကို ဖမ်းခေါ်လာတာ မဟုတ်ဘူး၊ ငါတို့ကိုယ်တိုင် ဝင်လာတာ။"

​ကိုယ်တိုင် ဝင်လာတာ ဟုတ်လား

​ရုတ်တရက်ပင် ထိုနေရာရှိ သူတော်စင်အားလုံး၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာသည်။

​ကိုယ်တိုင် ဝင်လာတယ်ဆိုတာ ထွက်သွားနိုင်တဲ့ နည်းလမ်း ရှိနေလို့ပေါ့ ဒါဆိုရင် သူတို့လည်း ကယ်တင်ခံရတော့မှာပေါ့။

​လီတန်းရှန်းလည်း ထိုအချက်ကို တွေးမိပုံရကာ နှလုံးသားမှာ ဒိတ်ဒိတ်ခုန်လာသည်။

​အကြီးအကဲငါးပါးတို့မှာ စိတ်ရှုပ်ထွေးစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ရှဲ့အာမန်နှင့် ဝမ်ချုံစန်းတို့ဆီသို့ အကြည့်ရောက်သွားကြသည်။ နောက်ဆုံးတွင် ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်သည်။ အရင်က တွေးတောခဲ့ဖူးသော အချက်တစ်ခုမှာ ယခုအခါတွင် ပို၍ ထင်ရှားလာသည်။

​"ငါတို့ အရင်က ခန့်မှန်းခဲ့တာ မှန်သွားပြီ၊ သူတို့ကလည်း ရှေးဟောင်းပစ္စည်းတွေပဲ ဖြစ်လိမ့်မယ်"

​"အရည်အချင်းက ငါတို့ထက်တောင် ပိုပြီး ရင့်ကျက်နေနိုင်တယ် "

​ရှန်တုရှင်း၏ အမူအရာမှာ အလွန်လေးနက်သွားသည်။ သူတို့သည် 'သူတော်စင်ဧကရာဇ် နန်းတော်' စသည့် စကားလုံးများကို ကြားလိုက်ရသည်။ အဓိပ္ပာယ် အတိအကျကို မသိသော်လည်း၊ တစ်ဖက်လူတို့ ပြောနေသော အကြောင်းအရာမှာ အလွန်မြင့်မားသော အဆင့်ရှိသည့် တိုက်ပွဲတစ်ခုအကြောင်း ဖြစ်လိမ့်မည်ဟု သိလိုက်ရသည်။

​ချူးဇီမူတို့မှာမူ ယခုအချိန်တွင် အလွန်ပင် ကြောက်ရွံ့နေကြသည်။

​လူသစ်တွေထဲမှာ လီတန်းရှန်းရဲ့ ဂိုဏ်းချုပ်တောင် ပါလာတာလား သူ့ရဲ့ အကြီးအကဲဖြစ်နေတာလား။

​ချူးဇီမူသည် မြို့ထဲဝင်လာပြီးကတည်းက သူ၏ လုပ်ရပ်များကို ပြန်တွေးမိကာ တစ်ကိုယ်လုံး အေးစက်ပြီး ဦးခေါင်းတစ်ခုလုံး ကျိန်းစပ်လာသည်။ စိတ်ဓာတ်ကျစရာ အခြေအနေများက လှိုင်းလုံးကြီးများကဲ့သို့ ဝင်ရောက်လာပြီး သူ၏ ခွန်အားများကို ကုန်ဆုံးစေသည်။

​ထိုအချိန်တွင်ပင် အံ့ဩတုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။

​"ယဲ့ထျန်းဂူ မင်းက ယဲ့ထျန်းဂူ မဟုတ်လား "

​သူတော်စင်တစ်ဦးက ဖန့်ချန်ကို လက်ညှိုးထိုးပြရင်း မယုံကြည်နိုင်သည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

​"ဘာ သူက ယဲ့ထျန်းဂူ ဟုတ်လား"

​"ဟုတ်ပုံရတယ် "

​"သေစမ်း၊ တကယ်ပဲ သူပဲ၊ ငါ သူ့ပုံစံကို မှတ်မိတယ် "

​မကြာမီပင် အခြားသူတော်စင်အချို့ကလည်း ဝိုင်းအုံလာပြီး ဖန့်ချန်ကို လက်ညှိုးထိုး၍ အတည်ပြုကြသည်။

​အကြီးအကဲငါးပါးတို့မှာ အံ့အားသင့်ကာ ဖန့်ချန်ကိုသာ ငေးကြည့်နေမိသည်။

​ဒီဖန့်သူတော်စင်ဘိုးဘေးက ဘယ်တုန်းက ယဲ့ထျန်းဂူရဲ့ နာမည်ကို ဒီနယ်မြေအထိ ရောက်အောင် လုပ်လိုက်တာလဲ။

​သူတို့ မသိသေးတဲ့ အကြောင်းအရာတွေက ဘာတွေများ နောက်ထပ် ရှိသေးလဲ။

​"မင်းတို့... အော်၊ မင်းတို့က ဖုန်းယွန်းဝူတောက်တို့နဲ့ တစ်ခေတ်တည်းသားတွေ မဟုတ်လား၊ ဘာလို့ ဒီနယ်မြေရဲ့ နံပါတ် (၁) အကျဉ်းစခန်းမှာ ရောက်နေရတာလဲ၊ အဆင့်ကလည်း ကမ္ဘာတည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာလား "

​ဖန့်ချန်က ထိုလူအချို့ကို တစ်ချက်ကြည့်လိုက်သည်။ ကန့်သက်ချက်ကျော်လွန်ခြင်းတောင် မှာ တစ်ခါ တွေ့ခဲ့ဖူးသည်ကို သတိရသွားသည်။

​လီတန်းရှန်းကလည်း ယဲ့ထျန်းဂူ ဆိုသော နာမည်ကို ကြားဖူးပုံရသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီးနောက် အလျင်အမြန်ပင် ရှင်းပြသည်။

​"သူတို့က ငယ်ငယ်ကတည်းက ဒီနယ်မြေကို အပို့ခံလိုက်ရတာပါ၊ ဒီနယ်မြေမှာ နေလာတာ နှစ်ပေါင်း အတော်ကြာပြီ။"

​"...ဒါဆိုရင်တော့ နှစ်ပေါင်း အတော်ကြာပြီပဲ။"

​ဖန့်ချန်က ရှုပ်ထွေးသော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။

​ဒီလောက်ကြာအောင် ပိတ်လှောင်ခံထားရပြီး အကူးမခံရသေးဘူးဆိုတာ၊ သူတို့မှာလည်း နည်းလမ်းအချို့ ရှိနေလို့ပဲ ဖြစ်လိမ့်မည်။

​"သူတို့ 'ကရုဏာတောင်' မျိုးဆက်မှာ လျှို့ဝှက်ချက်တွေ အရမ်း များလွန်းတယ်..."

​အကြီးအကဲငါးပါးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စိတ်ထဲတွင် ပြောမပြတတ်သော ခံစားချက်များဖြင့် ရှုပ်ထွေးနေသည်။ သူတို့ကိုယ်သူတို့ ရှေးတုန်းက 'သူတော်စင်ဧကရာဇ် စီမံကိန်း' အတွက် ဂုဏ်ယူနေခဲ့သော်လည်း၊ တစ်ဖက်လူ၏ အတွေ့အကြုံမှာ သူတို့ထက်ပင် ပို၍ ရှုပ်ထွေးနေပုံရသည်။

​"ယဲ့ထျန်းဂူ၊ မင်း အရင်က လင်ယောင်ဂိုဏ်း ကလို့ ပြောခဲ့တာ၊ နောက်တော့မှ မင်း လိမ်နေတာ သိရတာ၊ မင်းက သံသရာမသေမျိုးဂိုဏ်းက မဟုတ်လား။"

​"ရှူရှန်းဓားဂိုဏ်းထက်တောင် ပိုအစွမ်းထက်တယ်၊ မင်း ဒီနေ့ ဒီကို လာတာ ငါတို့ကို ခေါ်သွားဖို့လား "

​သူတော်စင်တစ်ဦးက ဖန့်ချန်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။

​"ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံး ကို နားမလည်သေးသရွေ့တော့ ထွက်သွားနိုင်မှာ မဟုတ်သေးဘူး။"

​ဖန့်ချန်က တည်ငြိမ်စွာ ဆိုသည်။

​"..."

​"အော်... သူလည်း အဲဒါကို မနားလည်သေးဘူးပေါ့။"

​"ဒါဆိုရင် ငါတို့မှာ ထွက်သွားဖို့ အခွင့်အရေး မရှိတော့ဘူးပေါ့။"

​"ဘာလို့များ သူတော်စင်ဧကရာဇ် နန်းတော်က ငါတို့ကို အပို့ခံခိုင်းတာလဲ၊ ချေပခွင့်လေးတောင် မပေးဘူး..."

​"အဆင့်မြင့် အကြီးအကဲတွေရဲ့ ကိစ္စကို ဘယ်သူ နားလည်ပါ့မလဲ။"

​ဖန့်ချန်၏ အထောက်အထားကို သိသွားသော သူတော်စင်များမှာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားကြသည်။

​ဖန့်ချန်မှာမူ မအံ့ဩပေ။ အမှန်တရားကို သိသည့် သူတော်စင်များမှာ သေချာပေါက် နည်းပါးလိမ့်မည်။ ဤသူတော်စင်များမှာလည်း အများအားဖြင့် အပြစ်မရှိဘဲ အမှုပတ်ခံရ၍ အပို့ခံလိုက်ရခြင်း ဖြစ်သည်။ သူတို့၏ ဂိုဏ်းက ဘာလို့ သူတော်စင်ဧကရာဇ် နန်းတော်နဲ့ တိုက်ခိုက်ခဲ့သလဲ၊ ဘာလို့ သူတော်စင်ဧကရာဇ် နန်းတော်က သူတို့ကို အပို့ခံခိုင်းခဲ့သလဲ ဆိုတာကိုလည်း သူတို့ နားမလည်ကြပေ။

​"တန်းရှန်း၊ ယဲ့ထျန်းဂူက ဒီမှာ ပြောင်းလဲခြင်း နတ်ဘုရားမျက်လုံး ကို လေ့လာချင်နေတာ၊ မင်းရဲ့ နေရာကို ဖယ်ပေးလိုက်ပါ။"

​ရှဲ့အာမန်က ပြုံး၍ ပြောသည်။

​ထိုနေရာရှိ သူတော်စင်များမှာ ထူးဆန်းသော အမူအရာ ဖြစ်သွားကြသည်။ လီတန်းရှန်းကမူ ဘာမှ မမေးဘဲ ခေါင်းညိတ်လိုက်သည်။

​"ဂိုဏ်းချုပ် ပြောတဲ့အတိုင်း ပါပဲ။"

​အကြီးအကဲငါးပါးတို့မှာ ကိစ္စရပ်များ ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ တိုက်ခိုက်ရမည့် အဆင့်ပင် မလိုဘဲ တန်းရှန်းမြို့ကို တိုက်ရိုက် သိမ်းပိုက်လိုက်ခြင်းပင် ဖြစ်သည်။

​"ဒါပေမဲ့...နတ်ဘုရားမျက်လုံးက နားလည်ဖို့ အလွန်ခက်ခဲတယ်..."

​လီတန်းရှန်းက သက်ပြင်းချကာ ပြောသည်။

"ကျွန်တော် ဒီကို ရောက်နေတာ ကြာပြီ၊ ဘယ်သူမှ အောင်မြင်အောင် နားလည်နိုင်တာ မကြားဖူးဘူး၊ ဒီထဲမှာ ငါတို့ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေနိုင်တယ်။"

​"မဖြစ်ပါဘူး၊ စမ်းကြည့်ရတာ အကောင်းဆုံးပါပဲ။"

​ရှဲ့အာမန်က ဆိုသည်။

All Chapters