← Chapters

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း ၁၆၁

Vol. 17 Ch. 161

အခန်း (၁၆၁) သူသည် အလွန်တရာ ကျေနပ်အားရနေခဲ့ပြီ ဖြစ်လေသည်

မရီးဖြစ်သူ လျူရှာသည် အစိမ်းရောင်သေတ္တာလေးကို တင်းကျပ်စွာ ပွေ့ပိုက်ထားလျက် အလျင်စလို ခေါင်းညိတ်လိုက်လေ၏။

"အမေ ကျွန်မသိပါတယ် ကျွန်မအကုန်လုံးကို မှတ်ထားပါ့မယ်..."

"ရှောင်ယာက ကျွန်မတို့ကို နည်းလမ်းမျိုးစုံနဲ့ အမြဲကူညီပေးခဲ့တာပဲ ကျွန်မ နောက်ဆိုရင် အမေနဲ့ ရှောင်ယာ ပြောသမျှကို သေချာပေါက် နားထောင်ပါ့မယ်..."

သူမ၏ ယောင်းမဖြစ်သူမှာ ငယ်စဉ်ကတည်းက ကံကောင်းခြင်းများဖြင့် မွေးဖွားလာခဲ့ပြီး ကောင်းမွန် သော ဘဝကို ပိုင်ဆိုင်ခဲ့ရသူဖြစ်ကြောင်း၊ ထို့အပြင် နောက်ပိုင်းတွင်လည်း ဤမျှ အောင်မြင်သော အမျိုးသား တစ်ဦးနှင့် လက်ထပ်ခဲ့ရကြောင်းကို သူမ ကောင်းစွာ သိထားလေသည်။

နောင်တွင် ယောင်းမဖြစ်သူ၏ အရှိန်အဝါကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားရမည်ဟု သူမ စိတ်ထဲတွင် တိတ် တဆိတ် ဆုံးဖြတ်လိုက်မိလေ၏။

အခြားအရာများကို ဘေးဖယ်ထားလိုက်လျှင်ပင် ရှေ့တွင်ရှိနေသော ဤအဖိုးတန်ပစ္စည်းများကို ကြည့်ရုံ ဖြင့် ယောာင်းမဖြစ်သူ၏ နောက်သို့ လိုက်ပါခြင်းမှာ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း သူမ သိနိုင်ပေ သည်။

မိမိကိုယ်တိုင်အတွက် မစဉ်းစားလျှင်ပင် အနည်းဆုံးတော့ သူမ၏ ကလေးသုံးယောက်အတွက် စဉ်းစား ရမည် မဟုတ်ပါလော။ ယောင်းမ ဖြစ်သူက စောင့်ရှောက်ပေးမည်ဆိုပါက ကလေးများ၏ ရှေ့ရေးမှာ ပိုမိုကောင်းမွန်သော ရွေးချယ်စရာများ ရှိလာမည် ဖြစ်ပေသည်။

ထျန်ချင်းမုသည် သူ၏မိခင် စဉ်းစားနေသည်များကို ကောင်းစွာ နားလည်သော်လည်း သူ၏စိတ်ထဲတွင်မူ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ချေ။

သူ၏ ပင်ကိုယ်ဗီဇမှာ လောကအလယ်တွင် စွန့်စားသွားလာရန် မသင့်တော်ကြောင်း သူ သိလေ၏။ သူ၏ မိဘများ၊ ဇနီးနှင့် သားသမီးများနှင့်အတူ နေထိုင်ရသည်ကိုပင် သူသည် အလွန်တရာ ကျေနပ်အားရနေခဲ့ ပြီ ဖြစ်လေသည်။

ထို့ပြင် သူသည် သားအကြီးဆုံး ဖြစ်သဖြင့် မိဘများကို အိမ်တွင်နေ၍ ပြုစုစောင့်ရှောက်ရန်မှာ သဘာဝ ပင် ဖြစ်လေရာ မိခင်ဖြစ်သူက အထူးတလည် မှာကြားနေရန်ပင် မလိုခဲ့ချေ။

ထိုသို့ တွေးတောမိရင်း သူက တည်ကြည်စွာ ပြန်လည်ဖြေလိုက်လေသည်။

"အမေ စိတ်မပူပါနဲ့ ကျွန်တော်က သားကြီးဖြစ်လို့ ညီတွေနဲ့ ညီမလေးကို တစ်သက်လုံး သေချာပေါက် ကာကွယ်စောင့်ရှောက်သွားမှာပါ..."

အမေထျန်သည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့် လက်ယမ်းကာ ပြောလိုက်လေ၏။

"ကောင်းပါပြီ… မိုးလည်း ချုပ်နေပြီ အားလုံးပဲ သွားနားကြတော့...”

"ဟုတ်ကဲ့..."

သားအကြီးဆုံး ထျန်ချင်းမုက အမြန်ပြန်ဖြေလိုက်ပြီး ကလေးများကို အိမ်ထဲသို့ ပြန်ခေါ်သွားခဲ့လေ တော့သည်။

ချွေးမဖြစ်သူ လျူရှာသည်လည်း လှည့်ထွက်သွားပြီး မီးဖိုချောင်ထဲမှ ရေနွေးတစ်ဇလုံကို ယူဆောင်လာ ကာ အနားယူရန် ပြန်ဝင်သွားခဲ့လေတော့သည်။

အားလုံး ထွက်သွားကြပြီးနောက် အမေထျန်သည် အပူပေးအုတ်ကုတင်ပေါ်မှ အလျင်အမြန် ဆင်းလိုက် ပြီး ဖိနပ်ကို စီးကာ ရေနွေးဇလုံဖြင့် သူမ၏ လက်နှင့် မျက်နှာကို ဂရုတစိုက် ဆေးကြောလေ၏။

သူမ၏ စိတ်အားထက်သန်မှုမှာ အလွန်တရာ ပြင်းထန်လှသဖြင့် သူမ မကျေနပ်မချင်း အရေပြား တစ်လွှာကိုပင် ခွာထုတ်ပစ်တော့မည့်အလား ဖြစ်နေခဲ့ပေသည်။

အဖေထျန်က သူ၏ဇနီးဖြစ်သူ ပြင်ဆင်နေသည်ကို ကြည့်ပြီး နားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"မင်း အရင်က ဒီလောက်အထိ အပိုတွေလုပ်တာ တစ်ခါမှ မမြင်ဖူးပါဘူး..."

"ဟွန့်..."

အမေထျန်က ခေါင်းလှည့်ကာ သူ့အား ဒေါသတကြီး ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကာ ဘာမျှ ပြန်မပြောဘဲ ပျော်ရွှင်စွာ ဆက်လက်ဆေးကြောနေခဲ့လေသည်။

အဖေထျန်သည် ဇနီးဖြစ်သူ၏ အကြည့်ကို ရရှိခဲ့သော်လည်း စိတ်မဆိုးခဲ့ချေ။ သူသည် ခေါင်းကို ခါယမ်း ကာ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မိန်းမတွေရဲ့ စိတ်ထားဆိုတာ သမုဒ္ဒရာအောက်ခြေက အပ်တစ်စင်းလိုပဲ ခဏချင်းအတွင်းမှာပဲ ပြောင်းလဲသွားနိုင်တာပဲ..."

ထိုအချိန်တွင်ပင် အဓိကအခန်းထဲ၌လည်း ထိုအခြေအနေမျိုးပင် ဖြစ်ပွားနေခဲ့လေသည်။

သားကြီး ထျန်ချင်းမုသည် အပူပေးအုတ်ကုတင်ပေါ်တွင် ထိုင်နေလျက် သူ၏ဇနီးဖြစ်သူ မျက်နှာသစ်နေ သည်ကို ကြည့်နေခဲ့လေ၏။ သူမသည် အစိမ်းရောင်သေတ္တာလေးကို ဂရုတစိုက် ဖွင့်လိုက်ပြီး အတွင်းမှ ဖန်ပုလင်းလေးများကို တစ်လုံးချင်းစီ ကောက်ယူကာ စစ်ဆေးကြည့်နေခဲ့လေသည်။

ထို့နောက် သူမသည် ပုလင်းအဖုံးကို ညင်သာစွာ ဖွင့်လိုက်ပြီး သူမ၏ လက်ဖဝါးပေါ်သို့ အနည်းငယ် လောင်းထည့်ကာ မျက်နှာပေါ်၌ တန်ဖိုးထားစွာဖြင့် ဂရုတစိုက် လိမ်းကျံလိုက်လေ၏။

"မောင် ကျွန်မကို ကြည့်ပါဦး ကျွန်မမျက်နှာက ပိုပြီး နူးညံ့သွားတယ် မဟုတ်လား..."

လျူရှာက သူမ၏ မျက်နှာကို ထိတွေ့ရင်း ပြုံးကာ ထျန်ချင်းမု၏ အနားသို့ တိုးကပ်လာရင်း မေးလိုက် လေသည်။

ဇနီးဖြစ်သူက ရုတ်တရက် အနားသို့ တိုးကပ်လာကာ သူမ၏ နွေးထွေးသော အသက်ရှူသံကို သူ၏ မျက်နှာပေါ်တွင် ခံစားလိုက်ရသောအခါ ထျန်ချင်းမုမှာ မှင်တက်သွားခဲ့လေ၏။

ပါးလွှာသော ရနံ့လေးက သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသောအခါ သူ၏စိတ်မှာ ဗလာကျင်းသွားခဲ့ လေတော့သည်။

သူ၏လက်မှာလည်း အလိုအလျောက်ပင် ဇနီးဖြစ်သူ၏ ခါးကို ဖက်တွယ်လိုက်လေ၏။

တစ်ဖက်တွင်မူ ပီကင်းမြို့တွင်ရှိသော ကျိုးချန်ယဲ့သည် လီဝေကျွင်းထံမှ သူ၏ရင်သွေးငယ် တစ်လပြည့် အထိမ်းအမှတ် ပွဲတက်ရောက်ရန် ဖိတ်ကြားလွှာကို လက်ခံရရှိခဲ့လေသည်။

ကောင်းချွေ့ချွေ့၏ ကိစ္စဖြစ်ပွားပြီးကတည်းက လီဝေကျွင်းသည် ၎င်းတို့အား တမင်တကာ ရှောင်ဖယ်နေ ခဲ့သဖြင့် ၎င်းတို့၏ ဆက်ဆံရေးမှာ ယခင်ကကဲ့သို့ ရင်းနှီးမှု မရှိတော့ချေ။

သူ့အား ပေးဆောင်ရမည့် လစဉ်အိမ်ငှားခသာ မရှိခဲ့ပါက သူနှင့် စကားတစ်လုံးပင် ပြောဖြစ်လိမ့်မည် မဟုတ်ပေ။

သူ၏လက်ထဲရှိ ပါးလွှာသော ဖိတ်ကြားလွှာကို ကြည့်ကာ ကျိုးချန်ယဲ့မှာ အနည်းငယ် အံ့အားသင့်သွားခဲ့ လေသည်။

သူသည် ရင်သွေးငယ်၏ တစ်လပြည့် မွေးနေ့ပွဲဟူသော ပျော်ရွှင်ဖွယ်ရာ အခါသမယကို အသုံးပြု၍ ကာလရှည်ကြာ တင်းမာနေခဲ့သော အခြေအနေကို ပြေလျော့စေချင်ပုံ ရလေသည်။ သူ လှမ်းလိုက်သော ဤခြေလှမ်းသည် သူလိုချင်သော ရလဒ်ကို ရရှိနိုင်မည်လား ဆိုသည်ကိုမူ မသိနိုင်ခဲ့ချေ။

ကလေးတစ်လပြည့် မွေးနေ့ပွဲကျင်းပသည့်နေ့တွင်...၊

ကျိုးချန်ယဲ့နှင့် ကျောက်ခဲလေးတို့သည် ကုတင်ပေါ်တွင် ဘေးချင်းယှဉ်ထိုင်ကာ အဝတ်ဗီဒိုရှေ့တွင် အဝတ်အစား ရွေးချယ်နေသော ထျန်ရှောင်ယာကို ခေါင်းချင်းဆိုင်၍ ကြည့်နေကြလေသည်။

ထျန်ရှောင်ယာသည် အပြာနုရောင် ဂွမ်းထည်အင်္ကျီပါးလေးကို သူမ၏ ကိုယ်၌ ကပ်ကြည့်နေခဲ့လေ သည်။

ထို့နောက် သူမသည် အဖြူရောင် လည်သာဆွယ်တာအင်္ကျီသို့ ပြောင်းလဲဝတ်ဆင်လိုက်ပြီး ကုတင်ပေါ် ရှိ သားအဖနှစ်ဦးအား ညင်သာစွာ မေးလိုက်လေသည်။

"ဒါလေးက ကြည့်ကောင်းရဲ့လား ရိုးရှင်းလွန်းနေမလား..."

ကျောက်ခဲလေးက သူ၏ခေါင်းကို ချက်ချင်းမော့လိုက်ပြီး "လှတယ်..." ဟု ကြည်လင်သော အသံဖြင့် ပြောလိုက်လေ၏။

ဇနီးဖြစ်သူ၏ မျက်လုံးများထဲမှ နူးညံ့မှုကို ကြည့်ရင်း ကျိုးချန်ယဲ့၏ နှလုံးသားထဲတွင် နွေးထွေးမှုများ ပြန့်နှံ့သွားခဲ့လေသည်။ သူသည် လက်ကိုဆန့်ကာ ထျန်ရှောင်ယာကို အနားသို့ ဆွဲခေါ်လိုက်ပြီး နှုတ်ခမ်း ထောင့်တွင် အပြုံးတစ်ခု ဖော်ပြလိုက်လေသည်။

"ဒီဆွယ်တာရဲ့ အရောင်က မင်းနဲ့ လိုက်ဖက်ပြီး အသားအရေကို ပိုဝင်းစေတယ် ဒါပဲ ဝတ်လိုက်ပါ..."

ထျန်ရှောင်ယာ၏ မျက်နှာမှာ ၎င်းတို့၏ စကားများကြောင့် အနည်းငယ် နီမြန်းသွားခဲ့လေသည်။ သူမက ၎င်းတို့အား အပြစ်တင်သလို ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ သူမ၏ အင်္ကျီအနားများကို ပြန်လည် ပြင်ဆင်လိုက်လေသည်။

သူမ စိတ်ထဲတွင် မူ…၊

*ဒီနေ့ တစ်လပြည့်ပွဲအတွက် ငါ သပ်သပ်ရပ်ရပ် ဝတ်သင့်တယ် ဒါမှငါ့ကိုယ်ငါ ကြည့်ကောင်းရုံတင် မကဘဲ အာယဲ့ကိုလည်း အရှက်မရစေမှာ...* ဟု တွေးနေမိလေသည်။

ထျန်ရှောင်ယာက ခင်ပွန်းဖြစ်သူကို ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။

"ဪ ဒါနဲ့ ကျွန်မ ကောင်းချွေ့ချွေ့ရဲ့ ကလေးအတွက် အင်္ကျီလေးတစ်စုံလည်း ပြင်ထားတယ် နောက်ကျ ရင် ယူဖို့ မမေ့နဲ့ဦးနော်..."

"စိတ်မပူပါနဲ့ နို့မှုန့်ဘူးနဲ့အတူ အစောကြီးကတည်းက ထည့်ထားပြီးသားပါ..."

ကျိုးချန်ယဲ့က ပြုံးလျက် ပြန်ဖြေလိုက်လေ၏။

ယခုတစ်ကြိမ်တွင် ၎င်းတို့သည် နို့မှုန့်တစ်ဘူးကို ပြင်ဆင်ထားပြီး ကလေးအတွက် အဝတ်အစားအသစ် တစ်စုံကိုလည်း ဝယ်ယူထားခဲ့ခြင်းဖြစ်လေသည်။

ဤလက်ဆောင်မှာ ယနေ့ခေတ်ကာလ စံနှုန်းအရပင်လျှင် အတော်အတန် အဆင့်အတန်းရှိပြီး သေးငယ် သော ပမာဏ မဟုတ်ခဲ့ချေ။

"ကောင်းပြီ… ဒါဆို သွားကြရအောင်..."

ထျန်ရှောင်ယာက ပြောရင်း ကျောက်ခဲလေးကို ပွေ့ချီလိုက်လေသည်။

ကျိုးချန်ယဲ့သည် ပြင်ဆင်ထားသော လက်ဆောင်များကို ယူလိုက်ပြီး မိသားစု သုံးဦးလုံး ပြင်ဆင်ပြီး နောက် တံခါးကို သော့ခတ်ကာ လီဝေကျွင်း၏ အိမ်သို့ ဦးတည်သွားခဲ့ကြလေတော့သည်။

လီဝေကျွင်း၏ အိမ်သို့ မရောက်မီ လမ်းခုလတ်၌ လျူကျန့်ကော်နှင့် သူ၏ဇနီးဖြစ်သူတို့အား တွေ့ဆုံ ခဲ့လေသည်။

ကျိုးချန်ယဲ့ကို မြင်လိုက်ရသောအခါ လျူကျန့်ကော်သည် ချက်ချင်းပင် ပြုံးပြလိုက်ပြီး နှုတ်ဆက်ရန် ရှေ့သို့ တိုးလာခဲ့လေသည်။

"ချန်ယဲ့ မရီး..."

သူမ၏ အကြည့်မှာ ကျိုးချန်ယဲ့၏ လက်မောင်းထဲမှ ကလေးလေးပေါ်သို့ ကျရောက်သွားခဲ့ပြီး ပြုံးကာ ချီးကျူးလိုက်လေသည်။

"အို ဒီကလေးလေးက တော်တော်လေးကို သန်မာလာတာပဲ သူ့ရဲ့ ဖောင်းအိနေတဲ့ ပါးလေးကို ကြည့်ပါဦး အရမ်းချစ်ဖို့ကောင်းတာပဲ..."

ထျန်ရှောင်ယာက ခေါင်းလှည့်ကာ ခင်ပွန်းဖြစ်သူ၏ လက်မောင်းထဲ၌ ကပ်ပါးလုပ်နေသော ကလေးငယ် ကို ကြည့်လိုက်လေ၏။ သူမက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

"ဒီကလေးက အရမ်းဆိုးတယ် တစ်နေ့လုံး မငြိမ်ဘူး မျန်မျန်က ပိုပြီး လိမ်မာယဉ်ကျေးတယ် ဒါကြောင့် ကျွန်မတို့အတွက် ပိုလွယ်တာပေါ့..."

ထိုသို့ပြောရင်း သူမသည် အင်္ကျီအိတ်ကပ်ထဲမှ ပန်းရောင်နှင့် အဖြူရောင် ရောယှက်နေသော ချည်ထိုး ယုန်ရုပ်ကလေးတစ်ရုပ်ကို ထုတ်ယူကာ မျန်မျန်၏ လက်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်လေသည်။

သူမသည် ကလေး၏ နူးညံ့သော လက်ကလေးကို ညင်သာစွာ ပွတ်သပ်ပေးရင်း ညင်သာစွာ ပြောလိုက် လေသည်။

"ဒါက ဘာမှလုပ်စရာမရှိတုန်း ထိုးထားတာပါ တန်ဖိုးသိပ်မရှိပါဘူး ရှောင်မျန်မျန် ကစားဖို့ ပေးတာပါ..."

ဟျောင်ရှင်းရှင်းသည် သူမ၏သမီးလက်ထဲရှိ ယုန်ရုပ်ကလေးကို ကြည့်ကာ မျက်လုံးများမှာ ချက်ချင်းပင် ပိတ်သွားသည်အထိ ပြုံးရယ်နေခဲ့လေတော့သည်။ သူမသည် ကလေး၏ လက်ကလေးကို ကိုင်ကာ ဘယ်ပြန်ညာပြန် ကြည့်လျက် ချီးကျူးစကားများ ဆက်တိုက် ပြောနေခဲ့လေတော့သည်။

"ရှောင်ယာ မင်းက တကယ်ကို လက်ရာမြောက်တာပဲ ဒီယုန်ရုပ်ကလေး ထိုးထားတာ ကြည့်ပါဦး အသက်ဝင်နေသလိုပဲ..."

ထိုသို့ပြောရင်း သူမသည် လက်မောင်းထဲမှ သမီးဖြစ်သူကို ငုံ့ကြည့်ကာ ရေကဲ့သို့ နူးညံ့သော အသံဖြင့် ပြောလိုက်လေသည်။

"မျန်မျန် လာပါဦး အန်တီရှောင်ယာကို ကျေးဇူးတင်စကား ပြောပြီး ပြုံးပြလိုက်ပါဦး..."

နားလည်သည့်အလားပင် ရှောင်မျန်မျန်သည် ထျန်ရှောင်ယာကို ကြည့်ကာ ပြုံးပြလိုက်ပြီး သွားဖုံးလေး နှစ်ခုပေါ်အောင် တခစ်ခစ် ရယ်မောလိုက်လေ၏။ သူမသည် အလွန်တရာ ချစ်စရာကောင်းပြီး နှစ်လိုဖွယ် ရာ ကောင်းလှပေသည်။

ထျန်ရှောင်ယာမှာ ထိုအပြုံးလေးကြောင့် လုံးဝကို စွဲမက်သွားခဲ့လေတော့သည်။ သူမသည် အလိုအ လျောက်ပင် သူမ၏ ရင်ဘတ်ကို အုပ်လိုက်ပြီး ရယ်မောကာ အော်ဟစ်လိုက်လေတော့သည်။

"ဘုရားရေ ဘယ်သူကများ ဒါကို တောင့်ခံနိုင်မှာလဲ ချစ်ဖို့ကောင်းလွန်းလို့ ငါ့နှလုံးသားတောင် အရည် ပျော်သွားပြီ..."

All Chapters