အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း (၁၆၂) သမီးလေးတစ်ယောက် ဖြစ်ဖို့ မျှော်လင့်ခြင်း
ထျန်ရှောင်ယာ၏ ချဲ့ကားပြီး ပျော်ရွှင်နေသော အမူအရာကို မြင်လိုက်ရသောအခါ ဟျောင်ရှင်းရှင်းမှာ မရယ်ဘဲ မနေနိုင်တော့ဘဲ စနောက်လိုက်လေ၏။
"ဟားဟား... နင်က မိန်းကလေးတွေကို ဒီလောက်တောင် ကြိုက်နေတာ ကျောက်ခဲလေးအတွက် ညီမ လေးတစ်ယောက်လောက် ထပ်မွေးပေးလိုက်ပါလား..."
ထိုစကားကို ကြားသောအခါ ထျန်ရှောင်ယာ၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားခဲ့လေသည်။ သူမ သည် အလိုအလျောက်ပင် လက်ကို မြှောက်လိုက်ပြီး သူမ၏ ထင်ရှားနေပြီဖြစ်သော ဝမ်းဗိုက်ကို ညင် သာစွာ ထိတွေ့လိုက်လေ၏။ သူမ၏ မျက်လုံးများထဲတွင် နူးညံ့သောအကြည့်များ ပေါ်ထွက်လာပြီး တိုး တိုးလေး ပြောလိုက်လေသည်။
"ကျွန်မ ဝမ်းဗိုက်ထဲက ကလေးက ချိုသာပြီး လိမ်မာတဲ့ မိန်းကလေးလေးတစ်ယောက် ဖြစ်ဖို့ တကယ်ကို မျှော်လင့်မိတာပဲ..."
ထျန်ရှောင်ယာ၏ နူးညံ့သောအမူအရာကို ကြည့်ရင်း ကျိုးချန်ယဲ့၏ မျက်လုံးများထဲတွင် မြတ်နိုးတွယ် တာမှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။
သူ၏ ဇနီးဖြစ်သူတွင် အမြွှာကိုယ်ဝန်ရှိနေသည်ကို သူ သိရှိထားသည်မှာ ကြာပြီဖြစ်ရာ သူမ မျှော်လင့် သကဲ့သို့ပင် ချစ်စရာကောင်းသော သမီးလေးတစ်ယောက် ရရှိနိုင်ပေလိမ့်မည်။
ထိုသို့ တွေးတောမိသောအခါ ကျိုးချန်ယဲ့သည် ထျန်ရှောင်ယာအား ပိုမိုနူးညံ့စွာ ကြည့်လိုက်မိရာ သူ၏ အကြည့်များမှာ ချစ်ခင်စုံမက်မှုများ ယိုဖိတ်နေတော့မည့်အလားပင် ဖြစ်နေခဲ့လေသည်။
သားဖြစ်စေ သမီးဖြစ်စေ သူ၏ရင်သွေးများဖြစ်သရွေ့ သူသည် အားလုံးကို အလေးအနက် တန်ဖိုးထား မြတ်နိုးလေသည်။
————————————
၎င်းတို့အုပ်စုသည် တစ်လမ်းလုံး စကားပြောကာ ရယ်မောလာခဲ့ကြပြီး မကြာမီမှာပင် လီဝေကျွင်း၏ အိမ်ရှေ့ဂိတ်တံခါးသို့ ရောက်ရှိလာခဲ့ကြလေသည်။
၎င်းတို့အုပ်စု ခြံဝင်းထဲသို့ ဝင်လာသည်နှင့် ဧည့်သည်များကို ကြိုဆိုနေသော လီဝေကျွင်းက လှမ်းမြင် လိုက်လေသည်။
သူသည် ချက်ချင်းပင် အပြုံးဖြင့် ကြိုဆိုလိုက်ပြီး သူ၏လေသံမှာ နွေးထွေးသော်လည်း အနည်းငယ် အားနာနေပုံ ရလေသည်...။
"အစ်ကိုကြီးလျူ၊ ချန်ယဲ့၊ မင်းတို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ…. လာကြ... အထဲကို ဝင်ပြီး ထိုင်ကြပါဦး..."
"ဝေကျွင်း၊ ဂုဏ်ယူပါတယ်နော်… မင်းမှာ သားလေးရပြီပဲ..."
လျူကျန့်ကော်က ပထမဆုံး ဂုဏ်ပြုစကား ဆိုလိုက်လေသည်။
"ဂုဏ်ယူပါတယ်..."
ကျိုးချန်ယဲ့ကလည်း ပြုံးလျက် ထပ်တူပြောလိုက်လေ၏။
ထိုသို့ပြောရင်း ကျိုးချန်ယဲ့နှင့် လျူကျန့်ကော်တို့သည် ၎င်းတို့ ပြင်ဆင်လာသော လက်ဆောင်များကို ပေး အပ်လိုက်ကြလေသည်။
လီဝေကျွင်းသည် သူ၏ရှေ့မှ လက်ဆောင်များကို ကြည့်ကာ လက်နှစ်ဖက်ဖြင့် အလျင်အစလို လက်ခံ လိုက်ပြီး ပြောလိုက်လေ၏။
"မင်းတို့ ရောက်လာတာနဲ့တင် ငါ့ကို ကူညီရာရောက်နေပါပြီ… ဘာလို့ ဒီပစ္စည်းတွေအများကြီး ယူလာ ရတာလဲ... ဒါက အရမ်းကို အားနာစရာကောင်းနေပြီ..."
"ဒါက ကလေးတွေအတွက် ကျွန်တော့်ရဲ့ စေတနာ လက်ဆောင်လေးပါ..."
ကျိုးချန်ယဲ့က အပြုံးပါးပါးဖြင့် ပြောလိုက်လေသည်။
လျူကျန့်ကော်ကလည်း ဝင်ပြောလိုက်လေ၏။
"ဟုတ်တယ်လေ၊ ကလေးရဲ့ တစ်လပြည့်ပွဲကို လက်ဗလာနဲ့ လာစရာအကြောင်း မရှိပါဘူး… ဝေကျွင်း၊ မင်း အားမနာပါနဲ့..."
လီဝေကျွင်းသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး သူ၏အပြုံးမှာ ပို၍ စစ်မှန်သွားခဲ့ လေသည်။ သူသည် အမြန်ပင် ဘေးသို့ တိုးပေးလိုက်ပြီး ဖိတ်ခေါ်လိုက်လေသည်။
"ဒါဆိုရင်တော့ ငါ အားမနာဘဲ လက်ခံလိုက်ပါ့မယ်… အထဲကို ဝင်ပြီး ထိုင်ကြပါဦး..."
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ချက်ပြုတ်နေသော ရနံ့များက ၎င်းတို့အား ဆီးကြိုနေခဲ့လေ၏။
အိမ်ထဲရှိ စားပွဲပေါ်တွင် အနီရောင်အဝတ်တစ်စကို ခင်းထားပြီး မြေပဲနှင့် ဖရဲစေ့ ပန်းကန်ကြီး နှစ်လုံးကို တင်ထားခဲ့လေသည်။ ထို့ပြင် သကြားလုံးအချို့လည်း ရှိနေခဲ့လေ၏။ ၎င်းတို့၏ ဘေးတွင် အနီရောင် အမှတ်အသားများပါသော စီးကရက်ဘူး နှစ်ဘူးရှိနေပြီး ကြည့်ရသည်မှာ စည်ကားသိုက်မြိုက်ကာ ပွဲတော်တစ်ခုအလား ခံစားရစေခဲ့လေသည်။
စားပွဲတွင် အမျိုးသားနှစ်ဦး ထိုင်နေကြလေ၏။ ၎င်းတို့သည် ကောင်းချွေ့ချွေ့နှင့် အနည်းငယ် ဆင်တူ သဖြင့် လီဝေကျွင်း၏ ယောက္ခမနှင့် ခဲအိုဖြစ်သူတို့ ဖြစ်ကြောင်း အလွယ်တကူ သိနိုင်လေသည်။
တစ်စုံတစ်ဦး ဝင်လာသည်ကို မြင်သောအခါ ထိုသူနှစ်ဦးမှာ အမြန်ထရပ်လိုက်ပြီး ပြုံးလျက် နှုတ်ဆက် လိုက်ကြလေသည်။
"ကြိုဆိုပါတယ်… ထိုင်ကြပါဦး..."
"အဖေ၊ ဒါက ကျွန်တော် ပြောပြဖူးတဲ့ အဆောင်က သူငယ်ချင်းကောင်းတွေလေ… လျူကျန့်ကော်နဲ့ ကျိုးချန်ယဲ့တို့ပါ..."
ထို့နောက် လီဝေကျွင်းသည် လျူကျန့်ကော်နှင့် ကျိုးချန်ယဲ့ဘက်သို့ လှည့်ကာ ပြုံးလျက် နွေးထွေးစွာ မိတ်ဆက်ပေးလိုက်လေသည်။
"အစ်ကိုကြီးလျူ၊ ချန်ယဲ့၊ ဒါကတော့ ကျွန်တော့်ရဲ့ ယောက္ခမနဲ့ ယောက်ဖပါ၊ သူတို့က နေရပ်ကနေ အခု လေးတင် ရောက်လာကြတာ..."
"ဦးလေး..."
"ဒုတိယအစ်ကို..."
ကျိုးချန်ယဲ့နှင့် လျူကျန့်ကော်တို့သည် အပြုံးဖြင့် အလျင်အစလို နှုတ်ဆက်လိုက်ကြလေ၏။
ဦးလေးကောင်းသည် ကြင်နာသောအပြုံးကို ချက်ချင်းပင် ဖော်ပြလိုက်ပြီး လက်ကို အဖန်ဖန် ယမ်းကာ ပြောလိုက်လေသည်။
"အေးအေး... ထိုင်ကြ... ရေလေးဘာလေး သောက်ကြပါဦး၊ ဒီအတိုင်း ရပ်မနေကြပါနဲ့..."
ထို့နောက် သူသည် အတွင်းခန်းဘက်သို့ လှည့်ကာ အော်ခေါ်လိုက်လေ၏။
"ရှင်မရေ... အမြန်ထွက်ခဲ့ပါဦး၊ ဧည့်သည်တွေ ရောက်နေပြီ..."
အနားတွင် ရပ်နေသော ယောက်ဖဖြစ်သူကလည်း ၎င်းတို့အား ထိုင်ရန် နွေးထွေးစွာ ဖိတ်ခေါ်နေခဲ့လေ သည်။
"ဟေး... သူတို့ ရောက်လာကြပြီ..."
အတွင်းခန်းမှ လိုက်ကာကို လှန်လိုက်ပြီး အသက် (၅၀) ဝန်းကျင် အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေ၏။
သူမ၏ နောက်တွင် အသက် (၂၀) ကျော် အမျိုးသမီးငယ်တစ်ဦး ပါလာခဲ့လေရာ သူမ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ခြင်းဖြင့် ကောင်းချွေ့ချွေ့၏ မိခင်နှင့် ဒုတိယမရီးဖြစ်သူ လျူရှောက်ဟွာ ဖြစ်ကြောင်း အလွယ် တကူ သိနိုင်လေသည်။
အန်တီကောင်းသည် ဧည့်ခန်းထဲတွင် ရပ်နေသော ကျိုးချန်ယဲ့နှင့် အခြားသူများကို လှမ်းကြည့်လိုက် သောအခါ ၎င်းတို့မှာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ယဉ်ကျေးပျူငှာကြသည်ကို မြင်လိုက်ရ လေသည်။
သူမသည် လီဝေကျွင်း၏ လက်ထဲရှိ လေးလံသော လက်ဆောင်များကို ကြည့်ကာ ချက်ချင်းပင် နွေးထွေး စွာ ပြုံးလိုက်ပြီး ခြေလှမ်းများကို မြှင့်လိုက်လေ၏။
"အို... ဒါတွေက ဝေကျွင်းရဲ့ သူငယ်ချင်းတွေလား..."
သူမက ပြောရင်း ၎င်းတို့အတွက် ရေကို ကျွမ်းကျင်စွာ ငှဲ့ပေးလိုက်လေသည်။
သူမ စိတ်ထဲတွင်မူ…၊
*ဒီလူငယ်နှစ်ယောက်က ကြည့်ကောင်းပြီး လက်လည်း ဖွာကြတာပဲ၊ သူတို့က ဝေကျွင်းရဲ့ သူငယ်ချင်း ကောင်းတွေ ဖြစ်ရမယ်၊ ငါ သူတို့အပေါ် မယဉ်ကျေးလို့ မဖြစ်ဘူး...* ဟု တွေးနေမိလေသည်။
"အန်တီ... အားနာစရာကြီး… ကျွန်တော်တို့ဘာသာ လုပ်လို့ရပါတယ်..."
ကျိုးချန်ယဲ့က ပြုံးလျက် ယဉ်ကျေးစွာ ပြောလိုက်လေသည်။
သူမ၏ နောက်တွင် ရပ်နေသော လျူရှောက်ဟွာသည်လည်း အားရပါးရ ရယ်မောလိုက်ပြီး ထျန်ရှောင် ယာနှင့် ဟျောင်ရှင်းရှင်းတို့ထံသို့ အမြန်လျှောက်လာကာ နွေးထွေးစွာ နှုတ်ဆက်လိုက်လေသည်...။
"ဒီအမျိုးသမီးငယ် နှစ်ယောက်က တကယ်ကို ချောတာပဲ… လာ... အတွင်းခန်းထဲကို ဝင်ပြီး ခဏလောက် အနားယူကြပါဦး… အမျိုးသမီးတွေ အကုန်လုံးက အထဲမှာ စကားပြောနေကြတာ...”
ထျန်ရှောင်ယာက ပြုံးလျက် ခေါင်းညိတ်ပြပြီး ညင်သာစွာ ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ အားနာပါတယ် မရီး..."
ထိုသို့ပြောပြီးနောက် သူမသည် ကျောက်ခဲလေး၏ လက်ကို ဆွဲကာ သူမ၏ နောက်သို့ လိုက်ပါ၍ အတွင်းခန်းထဲသို့ ဝင်သွားခဲ့လေတော့သည်။
ဟျောင်ရှင်းရှင်းသည်လည်း မျန်မျန်ကို ပွေ့ချီထားလျက် လျူရှောက်ဟွာကို ယဉ်ကျေးစွာ ပြုံးပြ လိုက်လေသည်။
၎င်းတို့နှစ်ဦး အတွင်းခန်းသို့ ဝင်လိုက်သည်နှင့် ကောင်းချွေ့ချွေ့သည် ရိုးရှင်းသော အရောင်ရှိသည့် ခေါင်းစည်းပုဝါကို ပတ်ထားလျက် အပူပေးအုတ်ကုတင်ပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရလေသည်။ သူမသည် ခေါင်းငုံ့ကာ သူမ၏ ရင်ခွင်ထဲမှ ကလေးကို ညင်သာစွာ ချော့မြှူနေခဲ့လေ၏။
"ချွေ့ချွေ့..."
ထျန်ရှောင်ယာက တိုးတိုးလေး ခေါ်လိုက်လေသည်။
ကောင်းချွေ့ချွေ့သည် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ထျန်ရှောင်ယာကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာတွင် ပထမဆုံးအနေဖြင့် ပျော်ရွှင်မှုများ ပေါ်ပေါက်လာပြီးနောက် သိသိသာသာ မဟုတ် သော ရှက်ကိုးရှက်ကန်း ဖြစ်သည့် အမူအရာလေး တစ်ခု ပေါ်လာခဲ့လေသည်။
သူမသည် အပူပေးအုတ်ကုတင် အနားသို့ အမြန်တိုးလာပြီး နွေးထွေးစွာ ကြိုဆိုလိုက်လေသည်။
"ရှောင်ယာ၊ ရှင်းရှင်း၊ နင်တို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ… လာ... အပူပေးအုတ်ကုတင်ပေါ်မှာ လာထိုင်ကြ..."
သူမသည် စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်လေသည်။ ယခင်က ဖြစ်ပွားခဲ့သော စိတ်မချမ်းမြေ့ စရာ ကိစ္စများကြောင့် သူမသည် သူတို့နှင့် ထပ်မံတွေ့ဆုံရန် ရှက်ကိုးရှက်ကန်း ဖြစ်နေခဲ့မိလေသည်။
ထျန်ရှောင်ယာနှင့် အခြားသူများ၏ မျက်နှာတွင် ထူးခြားသော အမူအရာများ မရှိသည်ကို မြင်သောအခါ မှသာ သူမ၏ စိတ်ထဲရှိ စိုးရိမ်မှုများမှာ တဖြည်းဖြည်း ပြေလျော့သွားခဲ့လေတော့သည်။
"ညီလေး..."
ကျောက်ခဲလေးသည် အပူပေးအုတ်ကုတင် အနားကို ဆုပ်ကိုင်ထားလျက် သူ၏ မျက်နှာလေးကို မော့ ကာ ကလေးဆန်သော အသံဖြင့် ခေါ်လိုက်လေသည်။
ကောင်းချွေ့ချွေ့သည် အပူပေးအုတ်ကုတင်နှင့် ကွယ်နေသော ကျောက်ခဲလေးကို သတိပြုမိသွား ခဲ့ လေသည်။ သူမ၏ မျက်နှာအမူအရာမှာ နူးညံ့သွားခဲ့ပြီး သူမ၏ ရှက်ကိုးရှက်ကန်း ဖြစ်မှုမှာလည်း အတော်အတန် လျော့ပါးသွားခဲ့လေသည်။ သူမက ရယ်မောကာ စနောက်လိုက်လေ၏။
"အို... ကျောက်ခဲလေးလည်း ပါလာတာပဲ၊ သူက တော်တော်လေး သန်မာလာတာပဲ..."
"ကြည့်... ညီလေး... ညီလေး..."
ကျောက်ခဲလေးသည် ခြေဖျားထောက်လျက် သူ၏ ခြေထောက်တိုလေးများဖြင့် အပူပေးအုတ်ကုတင် အနားကို မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့လေသည်။ သူ၏ တောက်ပနေသော မျက်လုံးလေးများမှာ ကောင်း ချွေ့ချွေ့၏ ရင်ခွင်ထဲမှ ကလေးငယ်ပေါ်သို့ တည်ကြည်စွာ ကျရောက်နေခဲ့ပြီး ကြည့်ရသည်မှာ အလွန်ပင် ချစ်စရာကောင်းလှပေသည်။
ကောင်းချွေ့ချွေ့သည် အားရပါးရ ရယ်မောလိုက်ပြီး အလျင်စလို ပြောလိုက်လေသည်။
"ဖြည်းဖြည်း၊ ဖြည်းဖြည်းလုပ်ဦး၊ ချော်မကျစေနဲ့ဦး၊ အပေါ်ကို တက်လာပြီး သေသေချာချာ ကြည့်ပါ ဦး..."
ထျန်ရှောင်ယာသည် ဘေးမှကြည့်နေရင်း သူမ၏ နှလုံးသားမှာ နူးညံ့သွားခဲ့လေသည်။ သူမသည် လက်ကို ဆန့်ကာ သူမ၏ သားဖြစ်သူကို အပူပေးအုတ်ကုတင်ပေါ်သို့ တက်ရန် ကူညီပေးလိုက်ရင်း ကောင်းချွေ့ချွေ့ကို ပြုံးလျက် ပြောလိုက်လေသည်...။
"ဒီကလေးက အရုပ်လေးတွေကို အရမ်းချစ်တာ၊ အိမ်မှာဆိုရင်လည်း သူ့ရဲ့ ညီလေး ဒါမှမဟုတ် ညီမလေးအကြောင်းပဲ အမြဲပြောနေတာ..."
ကောင်းချွေ့ချွေ့သည် သူမ၏ ကလေးကို ပွေ့ချီထားလျက် သူမ၏ မျက်နှာတွင် မိခင်သစ်တစ်ဦး၏ နူးညံ့မှုများ ယိုဖိတ်နေခဲ့လေသည်။ ယခင်က ရှိခဲ့သော အဆင်မပြေမှုများမှာလည်း သိသိသာသာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ သူမက ညင်သာစွာ ရယ်မောလျက် ပြောလိုက်လေသည်။
"ကလေးတွေ အကုန်လုံးက ဒီလိုပါပဲ၊ သူတို့ထက် ငယ်တဲ့ ကလေးကို မြင်ရင် ချစ်ကြတာချည်းပါပဲ..."
ကျောက်ခဲလေးသည် သူ၏ ညီလေးကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ငြိမ်သက် သွားခဲ့လေသည်။ သို့သော် သူ၏ မျက်ခုံးလေးများမှာ အနည်းငယ် တွန့်ချိုးနေခဲ့ပြီး သူ ဘာကို တွေးနေ သည်ကိုမူ မည်သူမျှ မသိနိုင်ခဲ့ချေ။
ခဏအကြာတွင် သူသည် အိတ်ကပ်ထဲမှ သူ မစားဘဲ သိမ်းထားသော ကွတ်ကီးမုန့်လေးတစ်ချပ်ကို ရုတ်တရက် ထုတ်ယူလိုက်လေ၏။
သူသည် ထိုမုန့်ကို ကလေး၏ ပါးစပ်ထဲသို့ ထည့်ရန် ကြိုးစားရင်း "ညီလေး... စား..." ဟု ကလေးသံဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
ထိုအခြင်းအရာကို မြင်သောအခါ ထျန်ရှောင်ယာက အမြန်တားဆီးလိုက်ပြီး ညင်သာစွာ ဖျောင်းဖျလိုက်လေ၏။
"မရဘူးလေ၊ ညီလေးက ငယ်သေးတယ်၊ သူ ကွတ်ကီး မစားနိုင်သေးဘူး..."
ကောင်းချွေ့ချွေ့သည်လည်း အံ့အားသင့်သွားခဲ့ပြီး ကလေးကို သူမ၏ အနားသို့ အမြန်ဆွဲခေါ်လိုက်လေ သည်။ သို့သော် သူမက ပြုံးနေဆဲဖြစ်ပြီး အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားလိုက်လေ သည်...။
"အို... ညီလေးက ကွတ်ကီးစားဖို့ အရမ်းငယ်လွန်းသေးတယ်၊ သူ ကြီးလာတဲ့အခါကျမှ အတူတူ စားကြ မယ်နော်..."