← Chapters

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း ၁၆၇

Vol. 17 Ch. 167

အခန်း (၁၆၇) တကယ်ကို အချိန်ကိုက် အကူအညီပါပဲ

ကျိုးချန်ယဲ့သည် ထိုသတင်းကို ကြားသောအခါ ခေတ္တမျှ မှင်တက်သွားပြီးနောက် စိတ်ဝင်တစား ပြုံးလိုက်မိလေသည်။

စောစောက သူ ထင်ထားသည်မှာ ကျိုးချန်ယီ၏ ထိုင်းမှိုင်းသော ပင်ကိုယ်ဗီဇအရ သည်ကိစ္စမှာ အချိန်အတော်ကြာ ဆွဲနေလိမ့်မည်ဟူ၍ ဖြစ်လေသည်။

ဤမျှ မြန်ဆန်စွာ ပြီးမြောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ဒုတိယအန်တီဖြစ်သူမှာ အတော်ပင် ကြိုးစားအားထုတ်ခဲ့ရပုံ ရပေသည်။

ထိုသို့ တွေးတောမိရင်း သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ အရေး ကြီးသော ကိစ္စရပ်များကို စတင် စဉ်းစားလာခဲ့လေသည်။

ကျိုးချန်ယီအနေဖြင့် သူ၏ မိဘများထံသို့ ဖုန်းဆက်၍ သူ၏ လက်ထပ်ပွဲအကြောင်းကို အသိပေးရန် လိုအပ်သေးသည် မဟုတ်ပါလော။

သို့ရာတွင် ယခုအချိန်မှာ စက်ရုံ၌ အလုပ်အများဆုံး အချိန်ဖြစ်နေသဖြင့် ၎င်းတို့ လာရောက်ရန် အချိန် ပေးနိုင်မည်လား ဆိုသည်ကိုမူ မသိနိုင်ခဲ့ချေ။

နောက်တစ်နေ့တွင် ကျိုးချန်ယဲ့သည် အားလပ်ချိန်၌ အဖေကျိုး၏ ရုံးဖုန်းနံပါတ်သို့ ဆက်သွယ်လိုက်လေ သည်။

သူ၏တူဖြစ်သူ လက်ထပ်တော့မည်ဟူသော သတင်းကို ကြားလိုက်ရသည်နှင့် အဖေကျိုးသည် စက်ရုံ ကြီးကြပ်ရေးမှူးထံမှ ချက်ချင်း ခွင့်တောင်းလိုက်လေတော့သည်။

သက်ကြီးရွယ်အို ဇနီးမောင်နှံသည် အဝတ်အစားများကို အမြန်ပင် ထုပ်ပိုးလိုက်ကြပြီး ရထားပေါ်၌ တစ်နေ့နှင့် တစ်ည တိုးဝှေ့ စီးနင်းခဲ့ကြကာ နောက်ဆုံးတွင် မင်္ဂလာပွဲ မတိုင်မီ တစ်ရက်အလို၌ ပီကင်းသို့ ရောက်ရှိလာခဲ့ကြလေတော့သည်။

————————————

မင်္ဂလာဆောင်သည့်နေ့တွင် အဖေကျိုး၊ အမေကျိုးတို့နှင့်အတူ ကျိုးချန်ယဲ့ ဇနီးမောင်နှံသည် စက်ကိရိ ယာစက်ရုံ၏ ဝန်ထမ်းအိမ်ရာဝင်းအတွင်းသို့ မနက်စောစောစီးစီး ရောက်ရှိလာခဲ့ကြလေသည်။

ထိုအချိန်တွင် ဦးလေးကျိုး၏ အိမ်မှာ မီးပုံးများနှင့် ရောင်စုံအလှဆင်မှုများဖြင့် ထိန်လင်းနေခဲ့ပြီး ခြံဝင်း တစ်ခုလုံး၌လည်း အနီရောင် "နှစ်ထပ်ကွမ်းမင်္ဂလာ" စာလုံးကြီးများကို ကပ်ထားသဖြင့် ခြံဝင်းအတွင်း ရော အပြင်၌ပါ အလွန်တရာ စည်ကားသိုက်မြိုက်လျက်ရှိနေခဲ့ပေသည်။

၎င်းတို့အုပ်စု ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ဒုတိယအန်တီက ဝမ်းသာအားရ ပြုံးလျက် နှုတ်ဆက်လာခဲ့ လေသည်...။

"ချိုးဟုန်... မောင်လေး... တို့က ညည်းတို့နှစ်ယောက်ကို စောင့်နေတာ...”

"မရီး... ဂုဏ်ယူပါတယ်နော်..."

အမေကျိုးက ပြုံးလျက် ပြောရင်း ဒုတိယအန်တီ၏ လက်ကို ချိတ်လိုက်လေသည်။ ဒုတိယအန်တီ၏ မျက်နှာမှာလည်း ဂုဏ်ပြုစကားများကြောင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

"ဟားဟား... တို့လည်း ညည်းတို့အတွက် ဂုဏ်ယူပါတယ်နော်...”

ဒုတိယအန်တီ၏ မျက်နှာမှာ အပြုံးများဖြင့် ဝင်းပနေခဲ့ပြီး သူမ၏ မျက်လုံးထောင့်ရှိ အရေးအကြောင်း လေးများမှာလည်း ပျော်ရွှင်မှုများကြောင့် ထင်ရှားနေခဲ့ပေသည်။ ထိုစဉ် သူမသည် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမ၏ နဖူးကို လက်ဖြင့် ရိုက်လိုက်ပြီး အမေကျိုးအား အလျင်စလို ပြောလိုက် လေသည်။

"သတို့သား ကြိုဆိုတဲ့ အခမ်းအနား မစခင် အချိန်လေး ရတုန်းမှာ ညည်း မင်္ဂလာခန်းဆောင်ကို သွားကြည့်ပေးပါဦး... အပြင်အဆင်တွေက အဆင်ပြေရဲ့လား... တစ်ခုခုများ လိုနေသေးလားလို့...”

"တို့မှာ အလုပ်များလွန်းလို့ အသက်ရှူဖို့တောင် အချိန်မရဘူးလေ... တစ်ခုခုများ မေ့ကျန်ခဲ့မှာ စိုးလို့ တို့ စိတ်မအေးနိုင်ဘဲ ဖြစ်နေတာ...”

သူမသည် ခေတ္တမျှ ရပ်လိုက်ပြီးနောက် အတွင်းခန်းဘက်သို့ လှည့်ကာ သူမ၏ ချွေးမကြီးဖြစ်သူ ဖုန်းမင်ယွီအား လှမ်းခေါ်လိုက်လေသည်....။

"မင်ယွီ... ရှောင်ယာကို အခန်းထဲ ခေါ်သွားပြီး ခဏလောက် အနားယူခိုင်းလိုက်ပါဦးလေ... ဪ... ပြီး တော့ ညီမလေးရဲ့ ပါးစပ်လေး ချိုသွားအောင် သကြားလုံးလေးဘာလေးလည်း ယူပေးလိုက်ဦးနော်..."

"ဟုတ်ကဲ့ပါ အမေ... စိတ်မပူပါနဲ့... ကျွန်မ ရှောင်ယာကို သေချာပေါက် ဂရုစိုက်ပေးပါ့မယ်...”

ဖုန်းမင်ယွီက ပြုံးလျက် အလျင်အစလို ပြန်ထူးလိုက်လေသည်။

ဒုတိယအန်တီက ခေါင်းညိတ်လိုက်ပြီးနောက် ထျန်ရှောင်ယာအား ကြည့်ကာ ပြုံးလိုက်လေသည်...။

"ရှောင်ယာ... ညည်း မင်ယွီနဲ့အတူ အထဲမှာ ခဏသွားနားပါဦး... ရှောင်ယီက သူ့ဇနီးအသစ်ကို ခေါ်လာ ပြီးတာနဲ့ တို့တွေ အစိုးရပိုင် စားသောက်ဆိုင်ကို မင်္ဂလာညစာစားပွဲအတွက် အတူတူ သွားကြမယ်...”

"ဪ... အန်တီ... အန်တီ့အလုပ်တွေကိုသာ အေးအေးဆေးဆေး လုပ်ပါ... ကျွန်မတို့အတွက် စိတ်မပူ ပါနဲ့...”

ထျန်ရှောင်ယာက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူမ၏ အပြုအမူမှာ ယဉ်ကျေးသိမ်မွေ့ကာ သင့်တင့် လျောက်ပတ်လှပေသည်။

ဒုတိယအန်တီက ပြုံးလိုက်ပြီးနောက် အမေကျိုး၏ လက်မောင်းကို ဆွဲကာ အိမ်ထဲသို့ အလျင်စလို ဝင်သွားခဲ့လေတော့သည်။

သူမက တတွတ်တွတ် ရေရွတ်နေခဲ့လေ၏။

"ယောင်းမ... ညည်းက တို့ကို ကူညီပြီး စစ်ဆေးပေးရမယ်... အကြံဉာဏ်လေးလည်း ပေးပါဦး...”

ဒုတိယအန်တီ၏ တက်ကြွလှုပ်ရှားနေသော ပုံစံကို ကြည့်ကာ ကျိုးချန်ယဲ့မှာ မသိမသာ ပြုံးလိုက်မိပြီး စိတ်ထဲတွင် တွေးတောနေမိလေသည်။

*ဒုတိယအန်တီကတော့ အမြဲတမ်း သည်လိုပဲ ပြတ်သားနေတုန်းပါပဲလား...*

————————————

မင်္ဂလာခန်းဆောင်အတွင်း၌...၊

အမေကျိုးသည် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ပွဲလမ်းသဘင် အပြင်အဆင်များကို ကြည့်ကာ ခေါင်းကို တရစပ် ညိတ်လိုက်မိလေသည်။

သူမ၏ ယောင်းမဖြစ်သူသည် သည်လက်ထပ်ပွဲအတွက် အမှန်တကယ်ပင် အစွမ်းကုန် ကြိုးစားအား ထုတ်ခဲ့ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။

ပြတင်းပေါက်များကို ဝင်းလက်နေအောင် တိုက်ချွတ်ထားပြီး မှန်ပေါ်တွင် အနီရောင် "နှစ်ထပ်ကွမ်းမင်္ဂ လာ" စာလုံးကြီးများကို ကပ်ထားခဲ့လေသည်။ အခန်းထဲရှိ မှန်တင်ခုံနှင့် အဝတ်ဗီဒိုတို့မှာလည်း သစ်သား အစစ်ဖြင့် ပြုလုပ်ထားသော ပရိဘောဂအသစ်များ ဖြစ်ကြပြီး သေချာပေါက်ပင် အမှာဖြင့် ပြုလုပ်ထား ခြင်း ဖြစ်ရပေလိမ့်မည်။

နံရံဘက်တွင် သစ်သားနှစ်ယောက်အိပ်ကုတင် တစ်လုံးကို ထားရှိထားပြီး ကုတင်ခေါင်းရင်း၏ အပေါ် ဘက်၌ လက်ရာမြောက်သော မန်ဒါရင် ဘဲငန်းစုံ ပြတင်းပေါက် အလှဆင်စာရွက် တစ်စုံ ရှိနေခဲ့လေ သည်။

အမေကျိုးသည် လက်ကိုဆန့်ကာ ပရိဘောဂ၏ မျက်နှာပြင်ကို ညင်သာစွာ ထိတွေ့လိုက်ရင်း ပြုံးလျက် ပြောလိုက်လေသည်။

"ယောင်းမ... ညည်းရဲ့ မင်္ဂလာခန်းဆောင်က တကယ်ကို စနစ်တကျ ရှိတာပဲ... ပရိဘောဂတွေကလည်း တကယ်ကို သေသေသပ်သပ် ရှိပါတယ်... ညည်း ဘယ်လောက်တောင် စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ထားလဲဆိုတာ သိသာပါတယ်...”

ဒုတိယအန်တီသည် သူမ၏ စကားကို ကြားသောအခါ စိတ်သက်သာရာ ရသွားခဲ့ပြီးနောက် သူမ၏ မောင်လေးနှင့် ယောင်းမဖြစ်သူတို့အား ထိုအကြောင်းကို ပြောပြရန် မအောင့်နိုင်တော့ချေ။

"ဟူး... ညည်းတို့ မသိပါဘူး... တို့ကတော့ ဒီကောင်လေး တစ်သက်လုံး လူပျိုကြီးပဲ လုပ်နေတော့မယ်လို့ ထင်ထားတာလေ... ဒါပေမဲ့ မမျှော်လင့်ဘဲ အခြေအနေတွေက ကောင်းလာပြီး သူ တကယ်ပဲ မိန်းမရ သွားတယ်...”

သူမသည် ထိုသို့ပြောရင်း သူမ၏ သားအကြီးဆုံးကို သတိရသွားကာ ရယ်ရခက် ငိုရခက်သော မျက်နှာ ထားဖြင့် ခေါင်းကို ခါယမ်းလိုက်လေသည်...။

"ရှောင်ဟွမ်ကလည်း ဒီလိုပါပဲ... သူက စိတ်တိုလွယ်ပြီး ခေါင်းလည်း မာတယ်လေ... မင်ယွီက သူ့ကို သည်းခံပေးလို့သာ တော်တော့တယ်...”

အမေကျိုးက ဒုတိယအန်တီ၏ လက်ကို ညင်သာစွာ ပုတ်ပေးရင်း စနောက်သလို ပြောလိုက်လေသည်။

"ကျွန်မကတော့ ရှောင်ဟွမ်ရော ရှောင်ယီရော အတော်လေးကို တည်ငြိမ်ပြီး အလားအလာရှိကြတယ်လို့ မြင်ပါတယ်... ယောင်းမ ကတော့ စိတ်ထဲကနေ တိတ်တဆိတ် ပျော်နေရမှာပါ...”

၎င်းတို့နှစ်ဦးမှာ တစ်ဦး၏ သားသမီးများကို တစ်ဦးက အပြန်အလှန် ချီးကျူးပြောဆိုရင်း စကားလက်ဆုံ ကျနေခဲ့ကြလေ၏။

စကားပြောနေကြရင်း ဒုတိယအန်တီ၏ အကြည့်မှာ ကုတင်ပေါ်သို့ မတော်တဆ ရောက်ရှိသွားပြီး သူမ ၏ မျက်မှောင်များမှာလည်း မသိလိုက်ဘဲ အနည်းငယ် တွန့်ချိုးသွားခဲ့လေသည်။

အမေကျိုးသည် သူမ၏ မရီးဖြစ်သူ၏ အမူအရာ ပျက်သွားသည်ကို သတိပြုမိလိုက်သဖြင့် သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ကုတင်ပေါ်သို့၊ ပို၍ တိကျစွာ ပြောရလျှင် ကုတင်ခင်းပေါ်သို့ ကျရောက်သွားခဲ့လေသည်။

၎င်းပေါ်တွင် ပီယိုနီပန်းကြီးများကို ပန်းထိုးထားသဖြင့် ပွဲလမ်းသဘင်နှင့် လိုက်ဖက်သည်ဟု ထင်ရသော် လည်း အသစ်စက်စက် လက်ထပ်မည့် မင်္ဂလာပွဲအတွက် လိုအပ်သော မင်္ဂလာရှိမှုမျိုးတော့ အနည်းငယ် လိုအပ်နေပုံ ရလေသည်။

အမေကျိုးသည် ဖြစ်ပျက်နေသည်များကို ချက်ချင်းပင် နားလည်သွားခဲ့ပြီး ခေတ္တမျှ စဉ်းစားကာ ပြုံး လျက် မေးလိုက်လေသည်။

"ယောင်းမ... ဒါပေမဲ့ ဒီကုတင်ခင်းက... ညည်းရဲ့ စိတ်တိုင်းကျ မဖြစ်လို့လား...”

"သေချာပေါက်ပေါ့...”

ဒုတိယအန်တီသည် ချက်ချင်းပင် သက်ပြင်းချလိုက်ပြီး နောင်တရသော မျက်နှာထားဖြင့် ပြောလိုက်လေ သည်။

"တို့ ရှောင်ယီရဲ့ လက်ထပ်ပွဲကို စီစဉ်ကတည်းက မန်ဒါရင် ဘဲငန်းစုံ ပန်းထိုးထားတဲ့ ကုတင်ခင်းအစုံကို ရချင်နေတာလေ... အဲ့ဒါမှ မင်္ဂလာပွဲနဲ့ ပိုလိုက်ဖက်ပြီး စည်ကားသိုက်မြိုက်မှာ မဟုတ်လား...”

"ကုန်တိုက်ကြီးကို အကြိမ်ကြိမ် သွားကြည့်ပေမဲ့လည်း ရှာမတွေ့ခဲ့ဘူးလေ... ဒါကြောင့် ဒီပီယိုနီပန်း အစုံ ကိုပဲ လောလောဆယ် ဝယ်လိုက်ရတာပေါ့...”

ထိုစကားကို ကြားသောအခါ အမေကျိုးက ပြုံးလျက် ပြောလိုက်လေသည်။

"တိုက်ဆိုင်လိုက်တာ... ကျိုးချန်ယဲ့တို့ ဇနီးမောင်နှံက ရှောင်ယီအတွက် ပြင်ထားတဲ့ မင်္ဂလာလက်ဆောင် က ကုတင်ခင်းအစုံလေးပဲလေ... အဲ့ဒီမှာပါတဲ့ ပုံစံကလည်း မန်ဒါရင် ဘဲငန်းစုံပုံစံပဲ ဖြစ်နေတယ်...”

"အို... ဘုရားရေ..."

ဒုတိယအန်တီသည် အမေကျိုး၏ လက်ကို ချက်ချင်းပင် ဖမ်းဆုပ်လိုက်ပြီး ပါးစပ်မစိအောင် ပြုံးလိုက် လေသည်...။

"ဒါက တကယ်ကို အချိန်ကိုက် အကူအညီပါပဲ...”

ထိုသို့ ပြောဆိုနေစဉ်မှာပင် ၎င်းတို့နှစ်ဦးသည် ခြေလှမ်းများကို မြှင့်ကာ ဧည့်ခန်းဘက်သို့ ဦးတည်သွားခဲ့ ကြလေတော့သည်။

ထျန်ရှောင်ယာကို မြင်လိုက်ရသောအခါ ဒုတိယအန်တီ၏ မျက်မှောင်များမှာ ချက်ချင်းပင် ပြေလျော့ သွားပြီး ပြုံးလျက် သူမ၏ အနားသို့ တိုးကပ်လာခဲ့လေ၏။

ထျန်ရှောင်ယာသည် အန်တီ၏ ရည်ရွယ်ချက်ကို နားလည်သွားသောအခါ ပြုံးလျက် သေသေသပ်သပ် ခေါက်ထားသော အထုပ်လေးကို ထုတ်ပေးလိုက်လေသည်။

ဒုတိယအန်တီသည် အထုပ်ကို ပြုံးလျက် အမြန်ယူလိုက်ပြီး ဂရုတစိုက် ဖွင့်ကြည့်လိုက်လေ၏။

အတွင်းမှ အရာကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ပြီး နှလုံး သားထဲတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။

အတွင်း၌ ရှိနေသည်မှာ တောက်ပသော အနီရောင်ရှိသည့် ချည်သားစစ်စစ် ကုတင်ခင်းအစုံ ဖြစ်လေ သည်။ စောင်စွပ်ပေါ်တွင် ရေထဲ၌ ဆော့ကစားနေကြသော မန်ဒါရင် ဘဲငန်းစုံ တစ်စုံကို ပန်းထိုးထားခဲ့ လေ၏။ ပန်းထိုးချက်များမှာ ညီညာပြီး ခိုင်ခံ့လှသည်သာမက အရောင်အသွေးများမှာလည်း တောက်ပ သော်လည်း ကျော့ရှင်းနေသဖြင့် အလွန်ပင် အဆင့်အတန်း မြင့်မားလှပေသည်။

ခေါင်းအုံးစွပ်များနှင့် ကုတင်ခင်းတို့မှာလည်း တူညီသော ပုံစံများ ဖြစ်ကြသဖြင့် အလွန်ပင် မင်္ဂလာရှိလှ ပေသည်...။

သူမသည် လက်ကိုဆန့်ကာ အဝတ်သားကို ညင်သာစွာ ထိတွေ့လိုက်ပြီးနောက် အသက်ဝင်နေသော မန်ဒါရင် ဘဲငန်းစုံများကို ဂရုတစိုက် ကြည့်နေခဲ့လေသည်။ သူမသည် အလွန်တရာ ဝမ်းသာသွားခဲ့ပြီး ထိုကုတင်ခင်းအစုံကို သူမ၏ ရင်ဘတ်တွင် ထွေးပိုက်ထားလိုက်လေရာ ပျက်စီးသွားမှာ စိုးရိမ်နေသည့် အလားပင်။

ဒုတိယအန်တီ၏ ဝမ်းသာနေသော အမူအရာကို ကြည့်ကာ ထျန်ရှောင်ယာသည်လည်း စိတ်ထဲတွင် နွေးထွေးသွားခဲ့ပြီး ပြုံးလျက် ပြောလိုက်လေသည်...။

"အန်တီ... ဒါက အာယဲ့က အန်တီတို့အတွက် အထူးတလည် သူငယ်ချင်းတစ်ယောက်ဆီမှာ ရှာခိုင်း ထားတာပါ...”

"ဒီကုတင်ခင်းအစုံလေးကနေ ကောင်းမွန်တဲ့ ကံကောင်းခြင်းတွေ ရရှိပါစေလို့ ဆုတောင်းပေးပါ တယ်... ကျွန်မရဲ့ ဝမ်းကွဲမတ်လေးနဲ့ သူ့ဇနီးတို့ တစ်သက်လုံး ချိုမြိန်သာယာတဲ့ အချစ်တွေနဲ့ ပေါင်းသင်းသွား နိုင်ပါစေရှင်..."

"ဪ... တကယ်ကို လိမ်မာယဉ်ကျေးတဲ့ ကလေးလေးပဲ...”

ဒုတိယအန်တီသည် ထိုစကားကို ကြားသောအခါ အလွန်ပင် ဝမ်းသာသွားခဲ့လေတော့သည်။

ဘေးမှ ကြည့်နေသော အမေကျိုးကလည်း ပြုံးလျက် ဝင်ပြောလိုက်လေသည်။

"ယောင်းမ... အချိန်လေး ရတုန်းမှာ ဒါလေးကို အမြန်သွားလဲလိုက်ကြရအောင်လေ... အိမ်အသစ်လေး မှာ မင်္ဂလာရှိတဲ့ အငွေ့အသက်တွေ ရရှိသွားတာပေါ့...”

All Chapters