အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) ပင်လယ်စာ ပွဲတော်
ကျိုးချန်ဟွမ်သည် သူ၏တာဝန်များကို မမောမပန်း ထမ်းဆောင်ခဲ့ရာ ခြောက်လအတွင်းမှာပင် ဒုတိယ တပ်မမှူးအဆင့်သို့ တိုးမြှင့်ခြင်းခံခဲ့ရပြီး တပ်မတော်တစ်ခုလုံးတွင် အသက်အငယ်ဆုံး တပ်ရင်းမှူး ဖြစ်လာခဲ့လေသည်။
မည်သူမျှ မထင်မှတ်ထားသည်မှာ သူသည် ဤကဲ့သို့ အသည်းအသန် ရာထူးတက်ရန် ကြိုးစားခဲ့ရသည့် အကြောင်းရင်းမှာ အလွန်ပင် ရိုးရှင်းလွန်းလှသည်ဟူ၍ ဖြစ်လေသည်။ သူ၏ဝမ်းကွဲညီက သူ၏ စစ်သုံး ဂျစ်ကားမှာ လူမြင်သူမြင် ထင်သာမြင်သာရှိလွန်းသည်ဟု ပြောခဲ့သဖြင့် မသိသာဘဲ မောင်းရ လွယ်ကူ သည့် ကားတစ်စီးကို သူ၏ဝမ်းကွဲညီအတွက် ရယူပေးချင်ရုံ သက်သက်သာ ဖြစ်ပေတော့သည်။
ကျိုးချန်ယဲ့သည် စကားပြောပြီးနောက် မရီးကြီးဖြစ်သူ ဖုန်းမင်ယွီအား ကြည့်ကာ ပြုံးလျက် ပြောလိုက် လေသည်။
"မရီး... ခဏနေရင် ထမင်းတစ်အိုးလောက် ချက်ပေးပါဦးနော်..."
သူသည် ပုံမှန်အားဖြင့် ညစာကို သူကိုယ်တိုင်သာ ပြင်ဆင်လေ့ရှိသော်လည်း ဤနေ့မှာမူ ပင်လယ်စာများ သွားယူရမည်ဖြစ်ရာ ပြန်ရောက်လျှင် ထမင်းချက်ရန် အချိန်နှောင်းသွားမည်ကို စိုးရိမ်သဖြင့် မရီးဖြစ်သူ အား ကူညီရန် အကူအညီတောင်းလိုက်ခြင်း ဖြစ်ပေသည်။
ထိုစကားကို ကြားသောအခါ ဘေးတွင်ရပ်နေသော ဖုန်းမင်ယွီက ပြုံးလျက် ခေါင်းညိတ်လိုက်လေ၏။
"ရပါတယ်... ကျွန်မ လုပ်ပေးပါ့မယ်...”
————————————
ကျိုးချန်ယဲ့သည် အရာအားလုံးကို စီစဉ်ပြီးနောက် အပြင်သို့ ထွက်လာခဲ့လေ၏။ သူသည် ဖြည်းဖြည်း ချင်း လမ်းလျှောက်လာပြီးနောက် လူသူကင်းဝေးသော လမ်းကြားတစ်ခုထဲသို့ ဝင်ကာ စိတ်ထဲမှ "ချိုးချိုး ..." ဟု တိုးတိုးလေး ခေါ်လိုက်လေသည်။
"သခင်... ကျွန်မ ဒီမှာ ရှိပါတယ်... ရောက်ပါပြီ...”
ချိုသာပြီး ရွှင်ပျသော အသံလေးတစ်ခုသည် သူ၏နားထဲတွင် ချက်ချင်းပင် မြည်ဟည်းသွားခဲ့လေသည်။
"ပင်လယ်စာတွေ အဆင်သင့်ဖြစ်ပြီလား...” ဟု ကျိုးချန်ယဲ့က စိတ်ထဲမှ မေးမြန်းလိုက်လေ၏။
"အကုန်လုံး ထုပ်ပိုးပြီးပါပြီ...”
ချိုးချိုး၏ ဂုဏ်ယူဝင့်ကြွားသော အသံလေး ထွက်ပေါ်လာခဲ့လေသည်...။
"ကျွန်မ သခင်မအတွက် နို့လက်ဖက်ရည် အချို့နဲ့ ကိတ်မုန့်အသေးလေးတွေပါ အထူးတလည် ပြင်ဆင် ထားပါတယ်...”
ကျိုးချန်ယဲ့၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေသည်။ သူသည် သည်အချက်ကို အမှန်တကယ်ပင် မေ့လျော့နေခဲ့ခြင်း ဖြစ်လေသည်။ သူသည် ဝန်မလေးဘဲ ချက်ချင်းပင် ချီးကျူးလိုက်လေသည်...။
"တို့ရဲ့ ချိုးချိုးလေးက တကယ်ကို စဉ်းစားဉာဏ်ရှိပြီး ဂရုစိုက်တတ်တာပဲ...”
"ဪ... ပြီးတော့ ချိုးချိုးကို မောက်ထိုင်အရက် တစ်ပုဒ်လောက် ပြင်ခိုင်းရဦးမယ်... "
"ရပါတယ်...”
စက္ကန့် သုံးဆယ်ပင် မပြည့်မီမှာပင် ချိုးချိုး၏ အသံ ပြန်လည် ထွက်ပေါ်လာခဲ့လေသည်...။
"သခင်... ကျွန်မ ပြန်လာပါပြီ...”
ကျိုးချန်ယဲ့သည် မျက်ခုံးပင့်လိုက်မိပြီး ထိုကလေးငယ်၏ မြန်ဆန်မှုကို စိတ်ထဲမှ ချီးကျူးနေခဲ့မိလေ၏။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှ မရှိသည်ကို မြင်သောအခါ စိတ်ထဲမှ တွေးလိုက် လေရာ ခိုင်ခံ့သော သစ်သားပုံးတစ်ပုံးမှာ သူ၏ခြေရင်းသို့ ဘုန်းခနဲ ကျလာခဲ့လေသည်။ သစ်သားပုံးလေး ပေါ်လာသည်နှင့် လတ်ဆတ်သော ပင်လယ်စာနံ့များမှာ ပျံ့လွင့်လာခဲ့လေသည်။
သူသည် ထိုင်ချလိုက်ပြီး ပုံးအဖုံးကို လှန်ကာ အတွင်းသို့ ကြည့်လိုက်လေသည်။ အတွင်း၌ ငါး၊ ပုစွန်၊ ကဏန်းနှင့် ခရုများဖြင့် ပြည့်နှက်နေပြီး အားလုံးမှာ အသက်ရှင်လျက် လှုပ်ရှားနေကြလေ၏။
လက်ဖဝါးအရွယ် ကမာခရု ဆယ်ခုကျော်၊ ဝဖိုင့်သော ကဏန်း ငါးကောင် ခြောက်ကောင်၊ သုံးပေါင်ခန့်ရှိ သော ပင်လယ်ငါး နှစ်ကောင်၊ နူးညံ့သော ပြည်ကြီးငါး နှစ်ကောင်နှင့် သုံးပေါင်ခန့်ရှိသော ပုစွန်ထုပ်ကြီး များ ရှိနေခဲ့လေသည်။ အားလုံးမှာ ကြည်လင်ဝင်းပကာ ဝဖိုင့်နေကြပြီး အလွန်တရာ လတ်ဆတ်ပုံ ရလေ သည်။ သူပို၍ အံ့အားသင့်သွားရသည်မှာ အတွင်း၌ လိပ်ကြီးတစ်ကောင်ပင် ရှိနေခြင်း ဖြစ်လေသည်။
ကျိုးချန်ယဲ့သည် ပင်လယ်စာများထက် ပို၍ တန်ဖိုးရှိသော သည်အရာများကို ချိုးချိုးက တကယ်ကြီး ထုတ်ပေးရဲသည်ကို ကြည့်ကာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ ထို့အပြင် နို့လက်ဖက်ရည် အချို့၊ သေသေသပ်သပ် ထုပ်ပိုးထားသော ကိတ်မုန့်အသေးလေးများ၊ လတ်ဆတ်သော ကေလ်ပ်မှို ငါးပေါင် ခြောက်ပေါင်နှင့် ကြွေပုလင်းထဲမှ မောက်ထိုင်အရက် တစ်ပုလင်းတို့မှာလည်း ဘေးဘက်တွင် စနစ် တကျ ရှိနေခဲ့ကြလေသည်။
ကျိုးချန်ယဲ့သည် သစ်သားပုံးကို မကာ အိမ်သို့ ခပ်သွက်သွက် ပြန်လာခဲ့လေ၏။ သူသည် အိမ်တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် လတ်ဆတ်သော အစားအစာနံ့များမှာ ခြံဝင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေ တော့သည်။ သူ ယူဆောင်လာသည်များကို မြင်သောအခါ အားလုံးမှာ မှင်တက်သွားကြလေတော့သည်။
"ဘုရားရေ... ပင်လယ်စာတွေ ဒီလောက်တောင် အများကြီးလား... အားလုံးက အရှင်တွေချည်းပဲလား...”
"ဒီကဏန်းတွေက တော်တော်ဝတာပဲလေ... ပုစွန်တွေကလည်း ဒီလောက်တောင် ကြီးရသလား...”
"ဒှငါးက ကြည့်ရတာ ရှားပါးမယ့်ပုံပဲ... ပင်လယ်ငါးဆိုတော့လည်း မထူးဆန်းပါဘူး... စျေးထဲမှာတောင် ရှာလို့မရနိုင်ဘူး...”
ကျိုးချန်ယီသည် အနားသို့ တိုးကပ်လာကာ အံ့အားသင့်စွာ အော်ဟစ်လိုက်လေသည်...။
"ကျိုးချန်ယဲ့... မင်းသူငယ်ချင်းက ပင်လယ်စာ ရောင်းတဲ့သူလားလေ... အစုံအလင်ရှိရုံတင်မကဘဲ ဒီလောက်တောင် လတ်ဆတ်ရသလား...”
ကျိုးချန်ယဲ့က ပြုံးလိုက်ပြီး မရေမရာပင် ပြန်ပြောလိုက်လေသည်။
"ဒါတွေက အဆက်အသွယ် အချို့ကနေတစ်ဆင့် ရခဲ့တာပါ... အကုန်လုံး စုံတုန်းစုံခဲမို့လို့ ဒီနေ့တော့ စိတ်ကြိုက်သာ စားကြပါ...”
ထိုသို့ပြောရင်း သူသည် သစ်သားပုံးကို မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားခဲ့ပြီး အချိန်ဆွဲမနေတော့ဘဲ အလုပ်စတင်လိုက်လေတော့သည်။
ကမာခရုများကို အပေါ်ယံ သန့်ရှင်းအောင် တိုက်ချွတ်လိုက်ပြီး ကြက်သွန်ဖြူအနှစ်များကို အပေါ်မှ တင်ကာ အိုးထဲတွင် တိုက်ရိုက် ပေါင်းလိုက်လေ၏။ ကဏန်းများကိုမူ မူလအရသာနှင့် အချိုဓာတ် မပျောက်ပျက်စေရန် ကြိုးဖြင့်ချည်ကာ ရေနွေးငွေ့ဖြင့် ပေါင်းလိုက်လေသည်။
ပုစွန်ထုပ်ကြီးများကိုမူ အစာအိမ်ကြောများ ထုတ်လိုက်ပြီး တစ်ဝက်ကို ပြုတ်ကာ ကျန်တစ်ဝက်ကိုမူ ဆီဖြင့် ဆီပြန်ဟင်း ချက်လိုက်လေသည်။
ပင်လယ်ငါးများကို သေသေချာချာ သန့်ရှင်းစင်ကြယ်အောင် လုပ်ပြီးနောက် ကြက်သွန်မြိတ်နှင့် ဂျင်း တို့ဖြင့် ဆီပြန်ချက်လိုက်လေ၏။ ပြည်ကြီးငါးကိုမူ ဒယ်ပြားပေါ်တွင် ကင်ခြင်းက အကောင်းဆုံးဖြစ်သော် လည်း လက်ရှိတွင် ဒယ်ပြားမရှိသေးချေ။
ထို့ကြောင့် ကျိုးချန်ယဲ့သည် သံဒယ်အိုးကြီးထဲတွင် မီးပြင်းပြင်းဖြင့် ကြော်လိုက်ပြီး မထုတ်မီ ဇီရာမှုန့် အချို့ ဖြူးလိုက်ရာ ချက်ချင်းပင် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာခဲ့လေသည်။
နောက်ဆုံးတွင် ဥနှင့် ကေလ်ပ်မှို ဟင်းချိုတစ်အိုးကို ရိုးရှင်းစွာ ချက်လိုက်လေ၏။ များမကြာမီမှာပင် ခြံဝင်းတစ်ခုလုံး၌ ဆွဲဆောင်မှုရှိသော ရနံ့များဖြင့် ပြည့်နှက်သွားခဲ့လေတော့သည်။
ချိုးချိုး ထုတ်ပေးလိုက်သော လိပ်ကြီးကိုမူ ကျိုးချန်ယဲ့က အခက်တွေ့စွာ ကြည့်နေခဲ့မိလေသည်၊ သူ သည် ထိုအရာကို မည်သို့ချက်ရမည်ကို အမှန်တကယ်ပင် မသိခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် သူ၏ ဝမ်းကွဲအစ်ကိုကြီးတို့ အိမ်ပြန်သည့်အခါ ဒုတိယအန်တီအား ကိုယ့်ဘာသာ လေ့လာနိုင်ရန်အတွက် ပေး လိုက်ဖို့သာ ဆုံးဖြတ်လိုက်လေတော့သည်။
————————————
"ထမင်းအဆင်သင့်ဖြစ်ပါပြီ...”
ကျိုးချန်ယဲ့၏ အသံမှာ မီးဖိုချောင်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။
ထိုစကားကို ကြားသည်နှင့် ကျိုးညီအစ်ကိုများသည် ဟင်းပွဲများကို ကူညီသယ်ယူရန် မီးဖိုချောင်ထဲသို့ ပြေးဝင်သွားကြလေ၏။ သို့သော် အထဲသို့ ဝင်လိုက်သည်နှင့် ၎င်းတို့၏ မျက်လုံးများမှာ အံ့အားသင့်မှု ကြောင့် ပြူးကျယ်သွားခဲ့ကြလေတော့သည်။ ခြံဝင်းထဲမှ ရနံ့များကြောင့်ပင် သွားရည်ကျနေခဲ့ရသော် လည်း ဤည၏ ဟင်းပွဲများမှာ ကောင်းမွန်လိမ့်မည်ဟု ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး ဖြစ်လေ၏။
သို့သော် စားပွဲပေါ်ရှိ ဟင်းပွဲများကို တကယ်မြင်လိုက်ရသောအခါတွင်မူ ၎င်းတို့မှာ အတော်ပင် အံ့အား သင့်သွားခဲ့ကြရလေသည်။ ပြုတ်ထားသော ပုစွန်ထုပ်ကြီးများမှာ တောက်ပသော အနီရောင်ဖြင့် ဆွဲ ဆောင်နေလျက်ရှိပြီး ပေါင်းထားသော ကဏန်းများမှာလည်း ဝဖိုင့်လျက် အရည်ရွှမ်းနေပုံ ရလေသည်။
ကြက်သွန်ဖြူ ကမာခရုများမှာ မွှေးကြိုင်နေပြီး ဇီရာပြည်ကြီးငါးမှာလည်း ကြွပ်ရွကာ စားချင်စဖွယ် ရှိလှပေသည်။ ဆီပြန်ချက်ထားသော ပင်လယ်ငါးမှာလည်း ပြောင်လက်နေခဲ့ပြီး ထို့အပြင် အငွေ့တ ထောင်းထောင်း ထွက်နေသော ဥနှင့် ကေလ်ပ်မှို ဟင်းချိုတစ်အိုးလည်း ရှိနေခဲ့လေသည်။ ၎င်းမှာ အဆင်း၊ အနံ့၊ အရသာ အားလုံးနှင့် ပြည့်စုံလှပေသည်။
"ဟေး... ရှင်တို့ နှစ်ယောက်က ဘာလို့ အထဲကို မဝင်ကြတာလဲ... မီးဖိုချောင် တံခါးဝမှာ ဘာရပ်လုပ် နေကြတာလဲ...”
အတွင်းခန်း၌ စောင့်နေသော ဖုန်းမင်ယွီသည် ၎င်းတို့နှစ်ဦး ဟင်းပွဲများ သယ်မလာသည်မှာ ကြာပြီဖြစ်သ ဖြင့် ၎င်းတို့နှစ်ဦး သယ်မနိုင်၍ဟု ထင်မှတ်ကာ ကူညီရန် အမြန်ထွက်လာခဲ့လေသည်။ သူမ အိမ်ပြင်သို့ ထွက်လိုက်သောအခါ ၎င်းတို့နှစ်ဦး လှုပ်ရှားခြင်းမရှိဘဲ ရပ်နေသည်ကို မြင်ရသဖြင့် ပြုံးလျက် မေးလိုက် ခြင်း ဖြစ်လေသည်။
ညီအစ်ကိုနှစ်ဦးမှာ ဘာမျှမပြောဘဲ သူမ ဝင်ကြည့်နိုင်ရန် တံခါးဝမှ ဘေးသို့ တိုးပေးလိုက်ကြလေ၏။
ဖုန်းမင်ယွီသည် ဇဝေဇဝါဖြင့် မီးဖိုချောင်ထဲသို့ လှမ်းကြည့်လိုက်လေသည်။ သူမသည် ချက်ချင်းပင် မှင်တက်သွားခဲ့ပြီး ပါးစပ်မှာလည်း အလိုအလျောက်ပင် ဝိုင်းစက်သွားခဲ့လေတော့သည်။
"ဘုရားရေ..."
ဖုန်းမင်ယွီသည် တိုးတိုးလေး မအော်ဘဲ မနေနိုင်တော့ချေ...။
"ဒါက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်... ပီကင်း ဟိုတယ်ကြီးက စားပွဲထက်တောင် ပိုပြီး ခမ်းနားနေသလိုပဲ...”
ကျိုးချန်ယဲ့က ပြုံးလျက် လက်ယမ်းပြလိုက်လေသည်...။
"အားလုံး စုံတုန်းစုံခဲမို့လို့ စိတ်ကြိုက်သာ စားကြပါ...အဲ့မှာပဲ ရပ်မနေကြပါနဲ့ဦး... ဟင်းပွဲတွေကို စားပွဲ ပေါ် အမြန်သယ်ကြရအောင်...”
ထိုအခါမှ လူအုပ်ကြီးမှာ သတိပြန်ဝင်လာကြပြီး ဟင်းပွဲများကို အိမ်ထဲသို့ အလုပ်ရှုပ်စွာ သယ်ဆောင် သွားကြလေတော့သည်။ ခဏအတွင်းမှာပင် ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် ဟင်းပွဲများဖြင့် ပြည့်နှက်သွား ခဲ့ပြီး ရနံ့များနှင့် အပူရှိန်တို့ကြောင့် တစ်ခန်းလုံးမှာ နွေးထွေးသာယာသွားခဲ့လေသည်။
ကျိုးချန်ယဲ့သည် ဘေးရှိ နို့လက်ဖက်ရည်များကို ပေါ့ပေါ့ပါးပါးပင် ယူလိုက်ပြီး သူ၏မရီး နှစ်ဦးနှင့် သူ၏ဇနီးဖြစ်သူအား တစ်ခွက်စီ ချပေးလိုက်လေသည်။
"ဒါက ဘာလဲ...”
ဒုတိယမရီး လျူယွဲ့ထုံသည် ခွက်ကိုကိုင်ကာ စူးစမ်းစွာ အနီးကပ် ကြည့်လိုက်ပြီးနောက် သေသေချာချာ နမ်းကြည့်လိုက်လေသည်။ နို့ရနံ့ မွှေးမွှေးလေးနှင့် လက်ဖက်ရည်နံ့ ပါးပါးလေးမှာ ပျံ့လွင့်လာခဲ့ပြီး ချိုမြိန် ကာ မျက်စိပသာဒ ဖြစ်လှပေသည်။
"မြည်းကြည့်လိုက်ပါ... ဒါက နို့လက်ဖက်ရည်လေ... ချိုချိုလေးဆိုတော့ အမျိုးသမီးတွေအတွက် အတော်ပဲ...”
ကျိုးချန်ယဲ့က ပြုံးလျက် ရှင်းပြလိုက်လေသည်။
ထျန်ရှောင်ယာသည် နွေးထွေးနေသော ခွက်ကို ကိုင်ထားရင်း သူမ၏ ခင်ပွန်း၏ မျက်လုံးများထဲမှ အပြုံး ကို ကြည့်ကာ သူမ၏နှလုံးသားထဲတွင် ချိုမြိန်မှုများဖြင့် ပြည့်နှက်နေခဲ့လေတော့သည်။ မရီးနှစ်ဦးမှာမူ ပို၍ပင် ဝမ်းသာသွားကြပြီး တစ်ငုံချင်းစီ ညင်သာစွာ မြည်းစမ်းကြည့်လိုက်ရာ ၎င်းတို့၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားခဲ့ကြလေတော့သည်။